Friday, July 29, 2011

အောင်ဇေယျ ဖရီးဂိတ် တည်ဆောက်မှု အဆင့်ဆင့်










မြန်မာ့တပ်မတော်ရေ စစ်ရေယာဉ်များ တပ်ဆင်ထုတ်လုပ်မှု ပြုလုပ်ခြင်းမှတ်တမ်း ဖြစ်ပါသည် ခင်ဗျာ..။

Tuesday, July 26, 2011

မြန်မာ့ ရေတပ် ၅၁၀ ရန်နိုင် စစ်ရေယာဉ်

(မြန်မာ-ယိုးဒယား ရေပြင်ပိုင်နက်ဆိုင်ရာ ပြဿနာများကို မမေ့ကြစေရန် ပြန်လည် ဖော်ပြပေးခြင်းဖြစ်ပါသည်။)

ရန်ကုန်၊ ဇန်နဝါရီလ ၁၄ရက် - ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁၂ရက်၊ နံနက် ၁၁ နာရီ အချိန်တွင်၊ တပ်မတော် ကင်းလှည့်ရေယာဉ် ရန်နိုင်-၅၁၀ သည် ပုံမှန်ကင်းလှည့်တာဝန် ထမ်းဆောင်ရန် ကော့သောင်းဆိပ်ကမ်းမှ ထိုင်း ငါးဖမ်းလှေများ ကျက်စားလေ့ရှိရာနေရာသို့ ထွက်ခွာခဲ့ပါသည်။ မြောက် လတ္တီကျူ့ ၉ ဒီဂရီ ၅၇ မိနစ်နှင့်၊ အရှေ့လောင်ဂျီကျူ့ ၉၈ ဒီဂရီ ၂၇ မိနစ် ဆုံရာ၊ သူဋ္ဌေးကျွန်း၏ အနောက်ဘက်သို့ နက်နံ ၁၁ နာရီ ၃၀ မိနစ်တွင် ရောက်ရှိစဉ် ထိုင်းစစ်ရေယာဉ်တစ်စီးမှ ရန်နိုင်-၅၁၀ သို့ ၂၅ မီလီလီတာ အမြောက် ဖြင့်လည်းကောင်း၊ စက်သေနတ်များဖြင့် လည်းကောင်း စတင်ပစ်ခတ်ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားချိန်တွင် ထိုင်းစစ်ရေယာဉ်သည် မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း မြောက်လတ္တီကျူ့ ၉ ဒီဂရီ ၅၅ မိနစ် နှင့် အရှေ့လောင်ဂျီကျူ့ ၉၈ ဒီဂရီ ၂၅ မိနစ်ဆုံရာတွင် ရောက်ရှိနေပါသည်။
ယိုးဒယားရေတပ် စစ်သင်္ဘောမှ ပစ်ခတ်လိုက်သော ဘော်ဖာ အမြောက်ကျည်ဖြစ်ပါသည်။



အဆိုပါ မကြေငြာဘဲ ရုတ်တရက် တိုက်ခိုက်မှု၏ ရလဒ်အဖြစ် ရန်နိုင်-၅၁၀ သည်
အနည်းငယ်ထိခိုက် ပျက်ဆီးခဲ့သော်လည်း ကော့သောင်းသို့ လူအထိအခိုက် မရှိဘဲ ပြန်လာနိုင်ခဲ့ပါသည်။ ထို့ပြင် ဆလုံကျွန်းပေါ်ရှိ စေတီတော်၏ ခေါင်းလောင်းပုံ ဒုတိယဖေါင်းရစ်ကို အမြောက်ဆံ ထိမှန်ခဲ့ပြီး အလျား ၂၁ လက်မ၊ အနံ ၅ လက်မ၊ အနက် ၃ လက်မ ခန့် ထိခိုက်ပျက်စီး စေခဲ့ပါသည်။ အချို့သော အမြောက်ဆံများသည်လည်း ဆလုံကျွန်း၏ အနောက်ဘက် ကမ်းခြေပေါ်တွင် ပေါက်ကွဲခဲ့ပါသည်။

ထိုင်းနိုင်ငံမှ ပြုလုပ်သည့် အလျား ၇ လက်မ၊ လုံးပတ် ၁ လက်မခွဲ ရှိ၍ ”HET BPD dated 1-4-78 40/70 HEIT M2" ဟူသော စာတန်းပါရှိသည့် ၄၀ မီလီလီတာ ဘော်ဖာ အမြောက်ကျည်ဆံ တစ်ခုကိုလည်း ကျွန်း၏ ကမ်းခြေပေါ်တွင် တွေ့ရှိခဲ့ရပါသည်။


အဆိုပါ ဖြစ်စဉ်အတွင်းတွင်၊ ထိုင်းရေယာဉ်မှ မကြေငြာဘဲ ရုတ်တရက် စတ
င်ဖြစ်ခတ်ခဲ့သော်လည်း မြန်မာ ကင်းလှည့်ရေယာဉ်သည် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှု၍ လည်ကောင်း၊ အခြေအနေ ပိုမိုဆိုးဝါးလာခြင်းကို ရှောင်ရှားနိုင်ရန် အတွက်လည်ကောင်း တုံပြန်ပစ်ခတ်ခြင်း မပြုခဲ့ပါ။ သို့သော် ကော့သောင်းမြို့နယ် နယ်ခြားကော်မတီမှ အဆိုပါဖြစ်စဉ်နှင့် ပက်သတ်၍ ရနောင်းမြို့ နယ်ခြားကော်မတီသို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါသည်။

ထို့ပြင် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့်လည်း ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးကို ဆင့်ခေါ်၍ အဆိုပါ ဖြစ်စဉ်ကို ကန့်ကွက်ခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် အနာဂတ်တွင် နှစ်နိုင်ငံ နယ်စပ်၌ အလားတူဖြစ်စဉ်များ ဖြစ်ပွားမှုကို ရှောင်ရှားရန် အတွက် လိုအပ်သည့် အရေးယူ ကြီးကြပ်မှုများ ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။ အလားတူပင် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလည်း အဆိုပါဖြစ်စဉ်နှင့် ပက်သတ်၍ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ကန့်ကွက်ရန် ညွှန်ကြားခဲ့ပါသည်။ _MNA

regards
Comrade

(ကို နေမင်းသူ၏ Comment ကိုပြန်လည် ဖော်ပြထားခြင်းဖြစ်ပါသည်။)
ရန်နိုင် ၅၁၀ ကိစ္စက ၂၀၀၁ လို့ထင်တယ် ရဲဘော်လင်းယုန်ရ.. ကျနော်လည်း အဖြစ်အပျက်တွေလောက်ပဲ မှတ်မိတော့တာ.. အဲဒီတုန်းက ကြည်းတပ်က အုပ်ခွဲတပ်ကြပ်ကြီးတစ်ဦးက ထိုင်းသင်္ဘောကို လောင်ချာနဲ့လှမ်းပစ်တာ အရာရှိစားရိပ်သာထဲကိုကျည်ထိ​သွားတယ်။ အခင်းဖြစ်ချိန်မှာထိုင်းစစ်ရေယာဉ်မှူး ဘန်ကောက်ကိုရောက်နေလို့ ပြဿနာတက် တယ်ကြားမိတာပဲ... နောက်ပိုင်း ကျနော်တို့ဆီက သင်္ဘောတွေကိုလည်း ထိုင်းရေတပ်က အမြောက်နဲ့လိုက်ပစ်တာ ပစ်မှတ်လွဲပြီး အနီးနားကျွန်းပေါ်က ဘုရားဘေးမှာ ကျတယ်။ ရန်နိုင်ရေယာဉ်တွေက ပတ်ကားစစ်ရေယာဉ်တွေ မဟုတ်ဘူးဗျ။ ဖမ်းမိတဲ့ ထိုင်းငါးခိုးလှေ တွေထဲက သံဘော်ဒီနဲ့ဆောက်ထားတဲ့လှေေ​တွကို မြန်မာရေတပ်မှာ ပြန်သုံးရတာ.. စစ်တပ်ထောက်ပံ့မှုချင်းကတော့​ မိုးနဲ့မြေလိုကွာပါတယ်ဗျာ..​ ဒါပေမယ့် စွမ်းရည်နဲ့ စိတ်ဓာတ်အရတော့ မြန်မာစစ်သားက ထိုင်းစစ်သားကိုမမှုတာ အမှန်ပါပဲ.. ကြည်းတပ်ကလူတွေပိုသိမယ်ထင်ပါတယ်... ကျနော်တိုနိုင်ငံသားတွေသာ ညီညွှတ်ကြရင် ထိုင်းကို အချိန်မရွေး စိန်ခေါ်လို့ ရနိုင်ပါတယ်... အားလုံးကိုကျေးဇူးပါ..

J-18 V/STOL

F-35 တိုက်လေယာဉ်

J-18 V/STOL တည့်မတ်စွာပျံသန်းခြင်း သို့မဟုတ် ပြေးလမ်းတိုဖြင့် ပျံသက်ဆင်းသက်နိုင်သည့် လေယာဉ်စမ်းသပ်ပျံသန်းလျက်ရှိသည့် ကောလဟလများထွက်ပေါ်လာခဲ့သည်။ပထမတွင် တရုပ်နိုင်ငံက f-35 B joint Strike Fighter ပုံစံ V/STOL ဂျက်လေယာဉ်တည်ဆောက်လျက်ရှိကြောင်း သတင်းများထွက်လာသည်။
နောက်ပိုင်းတွင် တရုပ်နိုင်ငံနှင့် ဆက်စပ်သည့် သတင်းများက V/STOL လေယာဉ်စမ်းသပ်ပျံသန်းကြောင်း ဖော်ပြခဲ့သော်လည်း F-35 နှင့် ပတ်သက်သည့် ဖော်ပြမှုများမပါဝင်ပေ။ယင်းဂျက်လေယာဉ်မှာ ဝန်ပြည့်သယ်ဆောင်ချိန်တွင် ပေါင် ၆၀၀၀၀ အထက်တွင် ရှိသည့် ရုရှား၏ အက်စ်ယူ-၃၃ လေယာဉ်တင် သင်္ဘောအခြေပြုတိုက်လေယာဉ်နှင့် အလားတူဖြစ်သည်ဟုဆိုကြသည်။ ထိုကြီးမားသည့် ဂျက်လေယာဉ်ကြီးသည် စကီးနှင့် လျှောသီးခုံ ပုံစံဖြစ်သောပြေးလမ်းကို အသုံးပြု၍ သာမန်ပုံစံ အတိုင်းပျံတက်နိုင်သည်။ထို အက်စ်ယူ-၃၃ လေယာဉ်မှာ ကြီးမားသည့် တိုက်လေယာဉ်ဖြစ်၍ ၎င်းအား V/STOL ဂျက်လေယာဉ် အဖြစ် ပြောင်းလည်းရေးမှာ များစွားခက်ခဲပေမည်။

မည်သို့ပင်ဖြစ်စေ သတင်းဖော်ပြမှုတွင် ဂျေ-၁၈ တွင် ဂျေ-၁၅ နှင့် အလားတူသော ခေါက်ထားနိုင်သည့် တောင်ပံများရှိကြောင်းသာ ဖော်ပြထားသည်။ဂျေ-၁၅သည် ရုရှား၏ အက်စ်ယူ-၃၃ ကို တရုပ်ပုံစံ တပ်ဆင်ထားခြင်းဖြစ်သည်။လေယာဉ်တင်သင်္ဘော အခြေပြုတိုက်လေယာဉ်များသည် အမြဲတမ်းနီးပါး ခေါက်ထားနိုင်သော အတောင်ပံများ တပ်ဆင်လေ့ရှိသည်။တရုပ်လေကြောင်းပျံသန်းရေး အရာရှိတို့ကမှု V/STOL တိုက်လေယာဉ်စီမံကိန်း ရှိသည်ကို ငြင်းပယ်ခဲ့ကြသည်။
ထိုသို့ဆိုလျှင် V/STOL တိုက်လေယာဉ်လုပ်ကိုင်ရာတွင် ပေးကျင်းက ထိုကိစ္စအပေါ်တိတ်ဆိတ်လျက်ရှိသည် ဟုဆိုနိုင်သည်။တရုပ်ရေတပ်မတော် သို့မဟုတ် လေတပ်တို့က ကိုယ်ပျောက်ပူးပေါင်းတိုက်ခိုက်ရေး တိုက်လေယာဉ် JSF ပုံစံရှိသော တိုက်လေယာဉ်ကို ဂျေ-၂၀ လေယာဉ်အား ဖြည့်စွက်ရန် လိုအပ်၍လည်းဖြစ်နိုင်သည်။ဂျေ-၂၀ တိုက်လေယာဉ်မှာ အမြန်နှုန်းမြင့်မားသည့် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်ဖြစ်ဖွယ်ရှိ၍ ထိုးစစ်ဆင်မှု စနစ်ထက်ပိုသော လေယာဉ်တင်သင်္ဘောဖျက် လေယာဉ်လည်းဖြစ်နိုင်သည်။သို့မဟုတ် သတင်းအစအနကလေးများကို ပေါင်းစပ်၍ F-35 ဂျက်တိုက်လေယာဉ်နှင့် တူ၍ တည့်မတ်စွာ ပျံတက်နိုင်စွမ်းရှိပြီး ဂျေ-၂၀ ဂျက်တိုက်လေယာဉ်ကဲ့သို့ ကိုယ်ပျောက်တိုက်လေယာဉ်လည်း ဖြစ်နိုင်သည်။

Sunday, July 24, 2011

Bell 212 Helicopter Crash





အခုနောက်ဆုံးကြားရတဲ့ သတင်းကတော့ ယိုးဒယားစစ်တပ် ရဟတ်ယာဉ်နောက်တစီးပျက်ကျသွားပြန် ပါပြီ ခင်ဗျာ အရင်ကကျခဲ့တဲ့ မြန်မာ-ယိုးဒယားနယ်စပ် အနီးမှာ ဖြစ်ပြီးတော့ ရဟတ်ယာဉ်ပေါ်ပါလာသူတွေထဲက ၁ ယောက်ဘဲ အသက်ရှင်ပြီ ၃ယောက်သေဆုံးသွားကြောင်းသိရပါတယ် ခင်ဗျ အခုအချိန်အထိဆိုရင်တော့ ယိုးဒယား-မြန်မာ နယ်စပ်မှာ ပျက်ကျတာ ၃စီးနှင့် သေဆုံးသူ ၁၇ ယောက်ရှိနေပြီ ဖြစ်ပါတယ် ခင်ဗျာ..။ခေတ်မှီ လေတပ်ကြီးရှိတဲ့ ယိုးဒယားလေတပ်ဆိုတာ တကယ်ရောဖြစ်နိုင်ပါ့မလားလို့ စဉ်းစားနေမိပါတယ် ခင်ဗျာ...။

ထိုင်း ရဟတ်ယာဉ်များ ခဏ ခဏ ပျက်ကျခြင်း (စဉ်းစားမိသလောက်ပါ)

ကို Hawk Hunter ရေးတဲ့ ယိုးဒယား ရဟတ်ယာဉ်များ ပျက်ကျနေရခြင်း အကြောင်းဖြစ်ပါတယ်။ထပ်ဆင့်ပေးပို့ ပေးတဲ့ ကိုComrade နှင့် ကို Hawk Hunter တို့ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ...။

အဖြစ်နိုင်ဆုံးကတော့ ရာသီဥတုပါ။ တနင်္သာရီ ကမ်းရိုးတန်းဒေသဟာ မိုးများပြီး စိုစွတ်တဲ့ ဒေသ၊ တောင်းကုန်းတောင်တန်း ထူထပ်ပြီး မိုးမရွာတဲ့ အချိန်တောင် အခါမလပ် မြူဆိုင်းနေတတ်လို့ ရဟတ်ယာဉ်တွေ လေယာဉ်တွေ အတွက် ကန့်သတ်ချက် အများဆုံး ဒေသတစ်ခုလည်း ဖြစ်တယ်။ Bell 212 လို ရဟတ်ယာဉ်မျိုးက ခေတ်မမှီတော့ဘဲ တချို့နိုင်ငံတွေမှာ အရပ်သုံး အနေနဲ့ပဲ သုံးပါတော့တယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံက Bell 212 တွေက ဗီယက်နမ်စစ်ပွဲကာလတုန်းက သုံးခဲ့တဲ့ လက်ကျန်တွေပါ၊ သက်တမ်း ကြာမြင့်ပီ ဖြစ်သလို သူတို့ရဲ့ flying hours လည်း အရမ်းမြင့်နေပါပြီ။ maintenance ကြောင့်သာ operational ဖြစ်နေသေးတဲ့ သဘောပဲ။

Bell 212 ရဟတ်ယာဉ်

Black hawk ကတော့ ခေတ်မှီရဟတ်ယာဉ်လို့ ဆိုနိုင်တယ်၊ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရှိတဲ့ ယာဉ်တွေက upgraded version တွေတော့မဟုတ်ဘူး၊ အဟောင်းတွေပေါ့။ ဒါပေမယ့် ဘယ်လောက်ပဲ ခေတ်မှီတဲ့ ရဟတ်ယာဉ်ဖြစ်ဖြစ် ရသီဥတု ကိုတော့ မလွန်ဆန်နိုင်သေးပါဘူး၊ Black hawk ပျက်ကျနေတဲ့နေ့က မိုးလည်း သည်းထန်စွာ ရွာနေသလို လေပြင်းတွေလည်း တိုက်နေတယ်လို့ ဆိုတယ်။ ဒီလို ရာသီဥတုမျိုးနဲ့ ဆိုရင် ဘယ်ရဟတ်ယာဉ်မှ မပျံသန်းသင့်တဲ့ ရာသီဥတုပါ။ All- weather operational stealth attack helicopter ဆိုတာ တကယ်တော့ ကြိုးပမ်းဆဲ စမ်းသပ်ဆဲ အဆင့်ပါ။ ရဟတ်ယာဉ်တွေအတွက် ရန်သူ့ရေဒါကို ရှောင်ကွင်းဖို့ထက် ရာသီဥတုဆိုးကို ကျော်လွှားဖို့က ပိုခက်ခဲတာပါ။

Black Hawk ရဟတ်ယာဉ်

နောက်တစ်ချက် အနေနဲ့ မြန်မာနိုင်ငံက ပစ်ချတာ မဖြစ်နိုင်ဘူးလား ??

မြန်မာနိုင်ငံက လေကြောင်းရန် ကာကွယ်ရေး အခြေအနေကို အကြမ်းမျဉ်း ပြောပြရရင် အဲဒီ့ တနင်္သာရီ ကမ်းရိုးတန်းဒေသမှာ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း အချို့ရှိပါတယ်။ ကွပ်ကဲမှုဌာန တစ်ခုလည်း ရှိပြီး လေကြောင်းရန် ကာကွယ်ရေး သတင်းပေးတပ်ရင်း (အလွယ်ပြောရရင်တော့ ရေဒါ တပ်ရင်းပေါ့) လည်း ရှိတယ်။ ဒါပေမယ့် အဲဒီ့ ဒေသတစ်ခုလုံးကို လွှမ်းခြုံထားနိုင်တဲ့ ပီးပြည့်စုံတဲ့ စနစ်တစ်ခု မဖြစ်သေးဘူး။ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း လို့ သိကြတဲ့ တပ်ရင်းတွေကို အကြမ်းမျဉ်းနားလည်အောင် ရှင်းပြရရင် သုံးမျိုး သုံးစား ရှိတယ်။ Long range, high attitude air defence battalion (အဝေးကြီးက အမြင့်ကြီးပျံလာတဲ့ လေကြောင်းပစ်မှတ်တွေကို ပစ်ချနိုင်တယ်၊ SAM ဒုံးပျံတွေ သုံးတယ်)၊ median range, median attitude air defence battalion (အလယ်အလတ် အကွာအဝေးနဲ့ အလယ်အလတ် အမြင့်က ပစ်မှတ်တွေကို ပစ်ချနိုင်တယ်၊ SAM တွေသုံးတယ်) short range, low attitude air defence battalion ( အနီးကပ် အကွာဝေးနဲ့ အနိမ့်ပျံ ပစ်မှတ်တွေကို ပစ်ချနိုင်တယ်၊ ပခုံးထမ်း ဒုံးကျည်တွေ၊ လေယဉ်ပစ် စက်အမြောက်တွေ သုံးတယ်)။ အဲဒီ့ စနစ် သုံးမျိုးလုံးကို ချထားနိုင်မှ ပြည့်စုံတဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်ဖြစ်တာပါ။ ကမ်းရိုးတန်း ဒေသမှာ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတွေ ချထားပေမယ့် median နဲ့ long range surface-to-air missile တွေ မချထားနိုင်သေးဘူး။ ပခုံးထမ်း ဒုံးကျည်သုံးတဲ့ တပ်ရင်းတွေနဲ့ လေယာဉ်ပစ် စက်အမြောက်တွေ တပ်ဆင်ထားတဲ့ တပ်ရင်းတွေ ပဲ ထားနိုင်ပါသေးတယ်။ တပ်တည်တွေကို ကျွန်တော် အတိအကျ ပြောခွင့် မရှိပမယ့် မြို့တွေ အနီးအနားမှာပဲ အခြေစိုက်ထားပါတယ်။ (ဆိုလိုတာ ထိုင်း-မြန်မာ နယ်စပ်မျဉ်း အနီးမှာ မရှိပါဘူး)။ အဲဒီ့တော့ နယ်စပ်မျဉ်း အနီးမှာ ပျံသန်းနေတဲ့ ထိုင်းရဟတ်ယာဉ်ကို မြန်မာ့ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတွေက လှမ်းပစ်လို့ မရပါဘူး။ ထိုင်း-မြန်မာနယ်စပ်က ရှေ့တန်းစခန်းတွေမှာ ရှိမယ်ဆိုရင်တော့ ပစ်ချနိုင်မှာ ဖြစ်ပေမယ့် အဲဒီ့ လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေကို ရှေ့တန်း စခန်းတွေမှာ deploy လုပ်ထားခြင်း မရှိပါဘူး၊ အခြေစိုက် တပ်ရင်းတွေမှာပဲ ရှိနေတယ်။ ဆိုတော့ လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေနဲ့ ပစ်ချတာလုံးဝ မဖြစ်နိုင်ဘူး၊ အဝေးကနေ Long range missile နဲ့ လှမ်းပစ်မယ်ဆိုရင်တော့ အင်မတန် သိသာတဲ့ ကိစ္စပါ။ အခုလို ဘာကြောင့်မှန်း မသိဘဲ ပျက်ကျတာမျိုး မဖြစ်ပါဘူး။

နောက်ဆုံးတစ်ချက်ပါ ...

လေကြောင်းရန် ကာကွယ်ရေး စနစ်ကနေ ပစ်ချတာ မဟုတ်ပေမယ့်၊ ဖြစ်နိုင်ချေလည်း ရှိပါသေးတယ်၊ အဲဒါကတော့ ခြေလျင်တပ်တွေရဲ့ ရှေ့တန်းစခန်းတွေကနေ ပစ်ချနိုင်စွမ်းတော့ ရှိနေတယ်။ ရှေ့တန်းစခန်းတွေမှာ နာမည်ကျော် RPG-7 လို လက်နက်တွေ ရှိပါတယ် (မြန်မာ့ တပ်မတော် ထုတ်လက်နက်ကတော့ MA-10 လို့ ခေါ်တယ်၊ ဆိုမာလီယာမှာ အမေရိကန် black hawk နှစ်စီးကို ပစ်ချခဲ့တဲ့ ဟာမျိုးပေါ့)။ လက်နက် တန်ဖိုးက နည်းပေမယ့် ရဟတ်ယာဉ်တွေကို အင်မတန် ဒုက္ခပေးနိုင်တယ်၊ ကမ္ဘာအရပ်ရပ်က စစ်ပွဲတွေမှာ RPG-7 နဲ့ ပစ်ချခံခဲ့ရတဲ့ ရဟတ်ယဉ်တွေ မနည်းပါဘူး။ ဖြစ်နိုင်ချေ ဆိုပေမယ့် ဖြစ်ဖို့တော့ အင်မတန် ခဲယဉ်းပါတယ် အမိန့်မရဘဲ တဖက်နိုင်ငံက ရဟတ်ယာဉ်ကို ပစ်ချလို့မရဘူး။ ထိုင်းနယ်စပ်မှာ ထိုင်းစစ်တပ်က ရဟတ်ယာဉ်တွေ လာနေတာဟာ အထူးအဆန်း မဟုတ်လို့ပါ၊ မြန်မာဘက်က ရှေ့တန်းစခန်းက ရဲဘော်တွေ အားလုံး ကောင်းကောင်းရင်းနှီးတဲ့ အရာပါ၊ ထိုင်းစခန်းတွေကို လူအချိန်းအပြောင်းလုပ်ရင် ၊ ရိက္ခာချရင် သူတို့က ရဟတ်ယာဉ်နဲ့ ပဲ လုပ်ပါတယ်။ တပတ်ကို အနည်းဆုံး ၂ စီးလောက် ပုံမှန် လာတာကို မြန်မာဘက်က စခန်းတွေကနေ လှမ်းမြင်နေကျပါ။ ဒီတော့ပစ်ချမယ်လို့ မထင်ပါဘူး။

မြန်မာ့တပ်မတော်ထုတ် အမ်အေ-၁၀ ပခုံးထမ်းလောင်ချာ RPG-7

ဒီ Note ကို ဖတ်မိတဲ့ မိတ်ဆွေတွေလည်း ကိုယ့်အမြင်လေးတွေ ရေးသွားပေးကြပါဦး

လေးစားလျက်

Saturday, July 23, 2011

Myanmar Army MG-3



မြန်မာ့တပ်မတော်ထုတ် အမ်ဂျီ-၂၃ စက်သေနတ်များ ဖြစ်ပါသည်။

DongFeng Military Trucks

ကျွှန်တော့်ပြန်ရောက်ပါပြီ ခင်ဗျာ....။ ခရီးကသိပ်မဝေးလို့ မြန်မြန်ပြန်ရောက်တာဖြစ်ပါတယ်...။အားလုံးဘဲနေကောင်းကြမယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ...။

မြန်မာ-တရုပ်နယ်စပ်ကိုရောက်လာတဲ့ စစ်ကားတွေပါ ပုံကတော့ကြာနေပါပြီ ဆိုက်မှာ မရှိသေးလို့တင်လိုက်ပါခင်ဗျာ..။အမြောက်တပ်တွေမှ အသုံးပြုမယ့် စစ်ယာဉ်တွေပါ။

Thursday, July 14, 2011

မြန်မာ့ ရေတပ် တိုက်ခိုက်ရေးအမြန်ယာဉ် ရေဒါစနစ်

မြန်မာ့တပ်မတော်ရေ တိုက်ခိုက်ရေ အမြန်ယာဉ်သုံး ရေဒါစနစ်


အမျိုးအစား-၆၃ ကမ်းတက် တင့်ကားများ


မြန်မာ့တပ်မတော် တင့်ကားများ သယ်ဆောင်ထားသော ကမ်းထိုးစစ်ရေယာဉ်ကြီးပေါ်တွင် တွေ့ရစဉ်။

တရုပ်ရေတပ်၏ ငါးမန်းပျံ တိုက်ခိုက်ရေး လေယာဉ်


တရုပ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောအခြေပြုတိုက်လေယာဉ် J-15 ဂျက်တိုက်လေယာဉ်အား ရေတပ်အလံပုံဖြင့် မကြာသေးသောကာလက တွေ့ကြရမည်ဖြစ်သည်။၎င်းမှာ ရုရှားနိုင်ငံ၏ အက်စ်ယူ-၃၃အား တရုပ်ပုံစံထုတ်လုပ်ထားခြင်း ပင်ဖြစ်သည်။အက်စ်ယူ-၃၃မှာ ရေတပ်တိုက်လေယာဉ်ဖြစ်၍ တရုပ်တိုက်လေယာဉ် ဂျေ-၁၅သည်လည်း မကြာမှီတရုပ်နိုင်ငံက အသုံးပြုတော့မည့်အလားတူ လေယာဉ်တင်သင်္ဘောပေါ်မှပင် ပျံတက်နိုင်ရန် ပုံစံထုတ်ထားသည်။

တရုပ်ရေတပ် ဂျေ-၁၅ (ရုရှား၏ အက်စ်ယူ-၃၃ ကို ပုံစံယူထားသည်)

တရုပ်နိုင်ငံက မိမိကိုယ်ပိုင် လေယာဉ်တင်သင်္ဘော အခြေပြုတိုက်လေယာဉ်များကို ထုတ်လုပ်လျက်ရှိရာ ထိုလေယာဉ်များ အနေဖြင့် မကြာမီ ပင်လယ်ပြင်ထွက်၍ စမ်းသပ်မှုပြုလုပ်မည့် ဆိုဗီယက်လေယာဉ်တင်သင်္ဘော Varyag နှင့်အတူ ပူးပေါင်းပါဝင်မည်မဟုတ်ဟု ဆိုကြသည်။ထိုလေယာဉ်တင် သင်္ဘောကို ယခုအခါ Shi Lang ဟု အမည်ပေးထားသည်။
တရုပ်ရေတပ် လေယာဉ်တင် သင်္ဘောကြီး

ရုရှားရေတပ် အက်စ်ယူ-၃၃ တိုက်လေယာဉ်

ယင်းလေယာဉ်အစား ရုရှားနိုင်ငံလုပ် အက်စ်ယူ-၃၃ တိုက်လေယာဉ်သည် စမ်းသပ်မှုတွင် ပါဝင်မည်ဖြစ်သည်။အက်စ်ယူ-၃၃ မှာလည်း ဆူကိုင်း အက်စ်ယူ-၂၇မှ ထပ်ဆ့င်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ဂျေ-၁၅တိုက်လေယာဉ်ကို ၂၀၀၉ ခုနှစ်ကပင် စမ်းသပ်ပျံသန်းခဲ့သည်ဖြစ်သော်လည်း လေယာဉ်တင်သင်္ဘောပေါ်မှ လုပ်ငန်းများဆောင်ရွက်ရေးမှာမှု အချိန်ယူ၍ လေ့ကျင့်ပြုပြင်မှု ပြုလုပ်ရဦးမည်ဖြစ်သည်။
တရုပ်ရေတပ် ဂျေ-၁၅ ငါးမန်းပျံ တိုက်လေယာဉ်

ဓါတ်ပုံပါ ဂျေ-၁၅၏ ခေါင်းပိုင်းတွင် နှစ်လုံးတွဲဘီးတပ်ဆင်ထားမှုက အဆင်းကိရီယာမှာ လေယာဉ်တင်သင်္ဘောအတွက် ရည်ရွယ်သည်ကို ပြလျက်ရှိသည်။လေယာဉ်တွင် အတောင်မှာ မြေပြင်အခြေဆိုက် အက်စ်ယူ-၂၇ ပုံစံလေယာဉ်ထက်ကြီး၍ တရုပ်နိုင်ငံ၏ ပျံသန်းရေး အီလက်ထရွန်နစ် နည်းပညာများ၊အာရုံခံကိရိယာများနှင့် လက်နက်များတပ်ဆင်ထားသည်။

ရေတပ်နှင့်လေတပ်တို့မှ S/VTOL ပြေးလမ်းတိုနှင့်တည့်မတ်စွာပျံသန်းဆင်းသက်နိုင်သည့် လေယာဉ်များကို အတွင်းမွန်းဂိုးလီးယား၏ လူသူမနီးသော ဒေသများတွင် စမ်းသပ်ပျံသန်းလျက်ရှိသည် ဆိုသည့် အချက်ကိုမှု တရုပ်အရာရှိများက ငြင်းဆိုခဲ့ကြဆဲဖြစ်သည်။
ရုရှား၏ အက်စ်ယူ-၃၃ တိုက်လေယာဉ်

တရုပ်နိုင်ငံ ခုန်တက်ပျံသန်းရေးဂျက် S/VTOL လေယာဉ်မှာ အက်စ်ယူ-၃၃ လေယာဉ်တွင် အခြေခံထားကြောင်း ကောလဟလများ ဖြစ်လျက်ရှိသည်။အက်စ်ယူ-၃၃ သည် ကြီးမားသည့် လေယာဉ်ဖြစ်၍ ယုံကြည်ရန်ခက်ခဲသည်။သို့ရာတွင် ယင်းတိုက်လေယာဉ်သည် စတီးခုန်စင်တပ်ဆင်ထားသည့် လေယာဉ်တင် သင်္ဘောပေါ်မှ လောက်လွှဲတွန်းအားပေးစနစ်မပါဘဲ ပျံတက်နိုင်ပါသည်။VTOL စွမ်းရည် ရရှိရေးမှာမှု လုပ်ဆောင်ရန် လိုအပ်ဦးမည့် ပုံစံဖြစ်ပါသည် ခင်ဗျာ...။

Tuesday, July 12, 2011

YLC-18 Radar

မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်များသို့ ရောက်ရှိလာသည့် ရေဒါစနစ် အသစ်ဖြစ်ပါသည်။

တရုပ်-မြန်မာ နယ်စပ်သို့ ရောက်ရှိလာစဉ်က တွေ့ရပုံဖြစ်သည်။



YLC-18 ရေဒါစနစ်၏ ဘက်ထရီယာဉ်

တရုပ်တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်စဉ်က

မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်များ အတွက် တရုပ်တပ်မတော်မှ မကြာသေးသော ကာလက ဝယ်ယူခဲ့သော လေကြောင်းရန်ကာကွယ်ရေးစနစ် မှာ YLC-18 ဟုခေါ်သော လေကြောင်းရန်ကာကွယ်ရေး ရေဒါစနစ်ဖြစ်ပါသည်။ယင်းရေဒါစနစ်သည် ကိုယ်ပျောက်တိုက်လေယာဉ်များကို တိုက်ဖျက်ရန်အတွက် အထူးရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ပထမဆုံး ဝယ်ယူသောနိုင်ငံဖြစ်လာသည်။
ရေဒါ၏ အချက်အလက်တချို့
ရေဒါထောက်လှမ်းနိုင်မှု.....၂၈၀ကီလိုမီတာ
အမြင့်....၁၂၀၀၀ မီတာ
ရေဒါအဆင့်....၃ဘက်မြင် စသည်တို့ဖြစ်ပါသည်။

C-602 SSM


မြန်မာ့ ရေတပ်မတော်ထုတ် အောင်ဇေယျ ဖရီးဂိတ်ကြီးဖြစ်ပါသည်။စီ-၆၀၂ ရေပြင်မှရေပြင်ပစ်ဒုံးပျံ ၄စင်း တပ်ဆင်ထားပါသည်။စီ-၆၀၂ ဒုံးပျံသည် ရေပြင်မှရေပြင် အပြင်၊ရေပြင်မှ မြေပြင် ပစ်မှတ်များအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။အသစ်ထုတ်လုပ်နေဆဲဖြစ်သော ဖရီးဂိတ်ကြီး အတွက်မှု သတင်းများ ထပ်မံ၍ ကြားသိရခြင်းမရှိသေးပါခင်ဗျာ...။ဆက်လက်အားပေးကြပါခင်ဗျာ...။Comment တွေရှိမှ ပိုစ့်တင်ရတာ ကောင်းတယ်ဗျာ ကော်မန့်လေးတွေရေးပေးကြပါဦးခင်ဗျာ...။၂၀ရက်နေ့နှောင်းပိုင်းတွင် ပိုစ့်များတင်ဦးမည် မဟုတ်ပါခင်ဗျာ...။နောက်လတွင်မှ ပြန်လည်တင်နိုင်ပါမည်ခင်ဗျ... ခရီးသွားဖို့ရှိလို့ပါ...။အားလုံးကိုကျေးဇူးတင်ပါသည် ခင်ဗျာ....။

Monday, July 11, 2011

အောင်ဇေယျ ဖရီးဂိတ်

အောင်ဇေယျ ဖရီးဂိတ်စစ် သင်္ဘောကြီးပေါ်တွင် အေကေ-၆၃၀ ၄လက်၊၇၆မမ စက်အမြောက် ၁လက်၊စီ-၆၀၂ သင်္ဘောဖျက် တာဝေးပစ် ဒုံးပျံ ၄စင်းတို့တပ်ဆင်ထားပြီး လေယာဉ်ပစ်ဒုံးပျံ ၂စင်းတပ်ဆင်ထားသည်ဟု သိရသည် ထို့ပြင် ဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေး HQ-7 စနစ်ကို ထပ်မံတပ်ဆင်မည်ဟု မျှော်လင့်ရသည်။အောင်ဇေယျ ဖရီးဂိတ်ကြီးကတော့ စစ်ဆင်ရေး တာဝန်တွေ ထမ်းဆောင်နေပါပြီ ခင်ဗျာ...။

Sunday, July 10, 2011

မြန်မာ့တပ်မတော် ရေ နှင့် လေ သမိုင်းဓါတ်ပုံများ

မြန်မာ့တပ်မတော်လေ ဘဲလ်-၂၀၆ အမျိုးအစား ရဟတ်ယာဉ်ဖြစ်သည်။

ဆိုကို W-3 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဗျုဟာမြောက် အမြောက်ရွှေ့ ပြောင်းခြင်း လေ့ကျင့်ခန်း

မြန်မာ့တပ်မတော်ရေ အင်းတော စစ်ရေယာဉ် နှင့် အမ်အိုင်-၂ တိုက်ခိုက်ရေး ရဟတ်ယာဉ်

ဘဲ အမျိုးအစား သင်္ဘောဖျက် တော်ပီဒို စစ်ရေယာဉ်

မြန်မာ့တပ်မတော်ရေတွင် တော်ပီဒို စစ်ရေယာဉ် ၁၀စီးကို အင်္ဂလန်နိုင်ငံမှ လက်ဆောင်ရရှိသည်ဟု သိရပါသည်။

မြန်မာ့ ရေတပ် လေကြောင်းရန်ကာကွယ်ရေး



စစ်သင်္ဘောပေါ်တွင် တပ်ဆင်ထားသော ဘော်ဖာ ၄၀မမ စက်အမြောက်

မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်သုံး ဘော်ဖာ ၄၀မမ လေယာဉ်ပစ် စက်အမြောက်ကြီး ဖြစ်ပါသည်။မြန်မာ့တပ်မတော်ရေ ရေကြောင်းပစ်ကူပေးရသော ကမ်းရိုးတန်း ဒေသ စစ်ဆင်ရေးများတွင် အလွန် အစွမ်းထက်ခဲ့သော အမျိုးအစားဖြစ်ပါသည်။မြန်မာ့တပ်မတော်တွင် တံမြက်စည်းဟု လူသိများပြီး ပါဝင်သော တိုက်ပွဲတိုင်းတွင် အလွန်အသုံးတည့်သော စက်အမြောက်ဖြစ်သည်။

Saturday, July 9, 2011

မြန်မာ့ရေတပ် လေယာဉ်ပစ် စက်သေနတ်များ အကြောင်း

၎။အမျိုးအစား-၀၂ ၁၄.၅မမ လေယာဉ်ပစ် စက်သေနတ် စနစ်
မြန်မာ့ရေတပ်သုံး


တရုပ်ရေတပ်သုံး

ထုတ်လုပ်သည့်နိုင်ငံ...တရုပ် (ရုရှားထုတ် ဇက်ပီယူ-၁ ကို ပုံတူယူထားသည်။)
သေနတ်ပြောင်း....၁၄.၅မမ
ပစ်ခတ်နှုန်း.... ၁မိနစ်တွင် ကျည်၆၀၀
ထိရောက်မှု အကွာအဝေး.... မီတာ ၂၀၀၀
မြန်မာ့ရေတပ်ထုတ် ၅၅စီးရီးများတွင် တပ်ဆင်ထားပါသည်။
၅။ အမျိုးအစား-၅၈ ၁၄.၅မမ လေယာဉ်ပစ် စက်သေနတ် စနစ်
မြန်မာ့ရေတပ်သုံး

ထုတ်လုပ်သည့်နိုင်ငံ..တရုပ် (ရုရှားထုတ် ဇက်ပီယူ-၂ ကို ပုံတူယူထားသည်။)
သေနတ်ပြောင်း....၁၄.၅မမ ၂လက်
ပစ်ခတ်နှုန်း... ၁မိနစ်တွင် ကျည် ၁၁၀၀ မှ ၁၂၀၀
ထိရောက်မှု အကွာအဝေး.... မီတာ ၂၀၀၀
မြန်မာ့ရေတပ်ထုတ် ၅၅စီးရီးများတွင် တပ်ဆင်ထားပါသည်။

၆။ အမျိုးအစား-၅၆ လေယာဉ်ပစ် စက်သေနတ် စနစ်
မြန်မာ့ရေတပ်သုံး
၅၅၆ တိုက်ခိုက်ရေးအမြန်ယာဉ်

၅၅၇ တိုက်ခိုက်ရေး အမြန်ယာဉ်

ထုတ်လုပ်သည့်နိုင်ငံ...တရုပ် (ရုရှားထုတ် ဇက်ပီယူ-၄ ကို ပုံတူယူထားသည်။)
သေနတ်ပြောင်း...၁၄.၅မမ ၄လက်
ပစ်ခတ်နှုန်း...၁မိနစ်တွင် ကျည် ၂၄၀၀
ထိရောက်မှု အကွာအဝေး...မီတာ၂၀၀၀
မြန်မာ့ရေတပ်ထုတ် ၅၅စီးရီးများတွင် တပ်ဆင်ထားပါသည်။