Tuesday, February 28, 2012

မြန်မာ့တပ်မတော်သုံး အမျိုးအစား-၉၂ သံချပ်ကာယာဉ်များ


မြန်မာ့တပ်မတော်သုံး တရုပ်နိုင်ငံထုတ် အမျိုးအစား-၉၂ သံချပ်ကာယာဉ်များ ဖြစ်ပါသည်။
မြန်မာ့တပ်မတော်တွင် ဘီတီအာ-၃ယူများ အသုံးမပြုမှီ ၁၉၉၇ခုနှစ်ဝန်းကျင်ကတည်းကပင် အသုံးပြုခဲ့သည်ဟု သိရပြီး Armoured Personnel Carriers (APC) နှင့် Infantry Fighting Vehicle (IFV) ၂မျိုးစလုံး အသုံးပြုသည်ဟု သိရပါသည်။

Type-92 IFV ယာဉ်
အမျိုးအစား-၉၂ IFV တွင် ၂၅မမစစ်အမြောက်အား ပင်မလက်နက်အဖြစ်တပ်ဆင်ပြီး ၇.၆၂မမ သေနတ်အား ပစ်ကူပေးလက်နက်အဖြစ် အသုံးပြုပါသည်။ယာဉ်မောင်းစစ်သည် ၃ဦးနှင့်အခြား စစ်သည် ၉ လိုက်ပါနိုင်သည်။ ၁၉၉၅ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး တန်ချိန် ၁၅.၃တန်ရှိသည်။တစ်နာရီတွင် ၉၀ကီလိုမီတာနှုန်းဖြင့် လမ်းပေါ်တွင် မောင်းနှင်နိုင်ပြီး စစ်ဆင်နိုင်မှုအကွာအဝေး ကီလိုမီတာ ၈၀၀ ရှိပါသည်။
မြန်မာ့တပ်မတော်သုံး Type-92 IFV

တရုပ်တပ်သုံး သံချပ်ကာယာဉ်

Type-92 APC သံချပ်ကာယာဉ်
အမျိုးအစား-၉၂ APC တွင် ၁၂.၇မမ စစ်သေနတ်ကြီးအား တပ်ဆင်ထားပြီး ယာဉ်မောင်းစစ်သည် ၂ဦးနှင့် အတူ အခြား စစ်သည် ၁၁ဦး စုစုပေါင်း ၁၃ဦး လိုက်ပါနိုင်သည်။ ၁၉၉၇ခုနှစ်အတွင်းတွင် စတင်ထုတ်လုပ်ခဲ့ပြီး တန်ချိန်မှာ ၁၅တန်ရှိပါသည်။ တစ်နာရီတွင် ၉၀ကီလိုမီတာနှုန်းဖြင့် လမ်းပေါ်တွင် မောင်းနှင်နိုင်ပြီး စစ်ဆင်နိုင်မှုအကွာအဝေး ကီလိုမီတာ ၈၀၀ ရှိပါသည်။ အမျိုးအစား-၉၂ လူစီးသံချပ်ကာယာဉ်တွေကို တာချီလိတ်မှာ တပ်ချထားပါတယ်...။ ယိုးဒယားဘက်ကလည်း မယ်ဆိုင်မှာ သံချပ်ကာတပ်ရင်းရှိပါတယ်...။

မြန်မာ့တပ်မတော်သုံး လူစီးသံချပ်ကာယာဉ်

မြန်မာ့တပ်မတော်မှ ပြန်လည်၍ အဆင့်မြှင့်တင်ထားသည်ဟု သိရပါသည်။
တရုပ်တပ်သုံး လူစီးသံချပ်ကာယာဉ်

သံချပ်ကာပုံတွေအခုလို့ ပို့ပေးကြတဲ့အတွက် ကျေးဇူးပါဘဲဗျာ နောက်လည်း အဆင်ပြေရင်ပို့ပေးကြပါဦးခင်ဗျာ...။
ပုံတွေပြန်တင်ပြီး...။

Tuesday, February 21, 2012

ဒေသတွင်းနိုင်ငံများ၏ စစ်ဝတ်စုံများ


မြင်ရတဲ့သူတိုင်းက အားကျလာစေရမယ့် ဝတ်စုံမျိုးအပြည့်အစုံထုတ်ပေးထားနိုင်ခဲ့ရင်တော့ စစ်သည်တွေရဲ့ စိတ်ဓါတ်သာမက မြင်ရတဲ့သူတိုင်းအတွက် အားကိုးချင်စရာဖြစ်လာမယ်လို့ ယူဆပါတယ်...။မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုနှင့်အတူ တပ်မတော်ရဲ့လက်ရှိအားနည်းနေသေးတဲ့ အချက်တွေကိုဖြည့်ဆည်းနိုင်ဖို့ မျှော်လင့်ရပါတယ်... အဲဒီထဲကတစ်ချက်ဖြစ်တဲ့ စစ်သည်တိုင်းစစ်ဝတ်စုံ၊အသုံးဆောင်ပစ္စည်းများ ပြည့်စုံစွာတပ်ဆင်ထားနိုင်ရေးဘဲဖြစ်ပါတယ်...။ တိုက်ပွဲတစ်ခုအတွင်းမှာ စစ်ဝတ်စုံဟာ အဓိကမဟုတ်သော်လည်း မိမိတို့စစ်သည်များ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာတွင် သိသိသာသာပြောင်းလဲစေမည်ဟု ယူဆပါသည်။
ခေတ်မှီတပ်မတော်ကြီးတစ်ရပ် ဖြစ်စေနိုင်ဖို့အတွက်လည်း စစ်သည်များရဲ့ စစ်ဝတ်စုံဟာ တခန်းတနေရာက ပါဝင်ပါတယ်....။ မိမိတို့နိုင်ငံရှိ တပ်မတော်သားများအားလုံးအား ဒေသတွင်းနိုင်ငံများထက် သာလွန်ကောင်းမွန်သော စစ်ဝတ်စုံများဖြင့် တွေ့မြင်လိုသော ဆန္ဒဖြစ်ပါသည်။

တပ်မတော်စစ်ဝတ်စုံ (မိမိတပ်ကို ပြန်နှိမ်နေချင်မဟုတ်ပါ)

ဘင်္ဂလားဒေ့်၏ စစ်ဝတ်စုံ

ယိုးဒယား၏ စစ်ဝတ်စုံ

ကမ်ဘေားဒီယား၏ စစ်ဝတ်စုံ

မလေးရှား၏ စစ်ဝတ်စုံ

စင်ကာပူ၏ စစ်ဝတ်စုံသစ်

တောင်ကိုးရီးယား၏ စစ်ဝတ်စုံ

အပေါ်ကတွေ့ရတဲ့ စစ်သည်များဟာ အနောက်နိုင်ငံတွေက မဟုတ်ကြပါဘူး မိမိတို့နည်းတူ အာရှသားတွေသာဖြစ်ကြပြီး မိမိတို့ အိမ်နီးချင်းနိုင်ငံများရဲ့ စစ်သည်များဖြစ်ပါတယ်...။ မကြာတော့သော အချိန်တစ်ခုအတွင်းမှာ မြန်မာ့တပ်မတော်မှ စစ်သည်များအားလည်း နိုင်ငံတကာအဆင့်မှီစစ်ဝတ်စုံများဖြင့်
တွေ့ရဖို့ မျှော်လင့်ရပါတယ်ခင်ဗျာ...။
(ဒီနေ့စိတ်ထဲပေါ်လာလို့ ရေးခြင်းဖြစ်ပါတယ်... မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုချင်မရှိပါခင်ဗျာ...)
ပုံများပြန်တင်ပြီး..။

Thursday, February 16, 2012

ဘင်္ဂလားဒေ့်ရေတပ် ဖရီးဂိတ်များ

ဘင်္ဂလားဒေ့်ရေတပ်၏ ဖရီးဂိတ်စစ်ရေယာဉ်များကို လေ့လာကြည့်ကြရအောင်ဗျာ....

အင်္ဂလန်၏ အမျိုးအစား-၄၁ (Lynx စစ်ရေယာဉ်ဟောင်း) ဒုံးမဲ့ဖရီးဂိတ်

အခြေဆိုက်ရေတပ်စခန်း.........စစ်တကောင်းရေတပ်
မီတာ.................................၁၀၁မီတာ
အမြန်နှုန်း............................၁၈ နှော့စ်
တပ်ဆင်သည့် စစ်လက်နက်.....စက်သေနတ်ကြီးများဖြစ်သည်။

အင်္ဂလန်၏ အမျိုးအစား-၆၁ (Llandaff စစ်ရေယာဉ်ဟောင်း) ဒုံးမဲ့ဖရီးဂိတ်

အခြေဆိုက်ရေတပ်စခန်း......... စစ်တကောင်း
မီတာ..................................၁၀၃မီတာ
အမြန်နှုန်း...........................၂၄ နှောစ့် (၁နာရီ/၄၄ကီလိုမီတာ)
တပ်ဆင်သည့် စစ်လက်နက်.....စစ်သေနတ်ကြီးများဖြစ်သည်။

အင်္ဂလန်၏ အမျိုးအစား-၄၁ (Jaguar စစ်ရေယာဉ်ဟောင်း) ဒုံးမဲ့ဖရီးဂိတ်

အခြေဆိုက်ရေတပ်စခန်း.......စစ်တကောင်းရေတပ်စခန်း
မီတာ...........၁၀၁
အမြန်နှုန်း..........၁၈ နှောစ့်
တပ်ဆင်သည့် စစ်လက်နက်......စစ်သေနတ်ကြီးများဖြစ်သည်။
(လက်ရှိအချိန်တွင် အနားပေးပြီးဖြစ်သည်ဟု သိရပါသည်။)

တရုပ်ရေတပ်၏ အမျိုးအစား-၀၅၃h ဒုံးတပ်ဖရီးဂိတ်
(အစပိုင်းဝယ်ယူစဉ်က SY-1 ဒုံး ၄စင်းတပ်ဆင်ထားသည်။)

အဆင့်မြင့်တင်မှု ပြုလုပ်ပြီးနောက် စီ-၈၀၂ ဒုံး ၈လက်တပ်ဆင်ထားပြီး တွေ့ရစဉ်


ဘင်္ဂလားဒေ့်ရေတပ်၏ ခေတ်အမှီဆုံး ဒုံးတပ်ဖရီးဂိတ်


အက်ဖ်-၂၅ ဖရီးဂိတ်ကြီးဟာ တောင်ကိုးရီးယားနိုင်ငံထုတ်ဖြစ်ပြီး ခေတ်မှီစစ်လက်နက်တွေ တပ်ဆင်ထားပါတယ်... ကျန်တဲ့ဖရီးဂိတ်တွေနှင့် ယှဉ်ရင်အတော်ကောင်းတယ်လို့ပြောရပါမယ်...။အခြေဆိုက်ရေတပ်စခန်းကတော့ စစ်တကောင်းဘဲဖြစ်ပြီး တန်ချိန် ၂၃၅၀ရှိပြီး ၁၀၃မီတာ ရှည်တဲ့ ဒီစစ်ရေယာဉ် အမြန်နှုန်း ၂၅နှောစ့် (၁နာရီ ၄၆ကီလိုမီတာ) နှုန်းနှင့်မောင်းနှင်နိုင်ပါတယ်...။တပ်ဆင်ထားတဲ့ ဒုံးစနစ်ပိုင်းမှာတော့ အီတလီထုတ် ရေပြင်မှရေပြင်ပစ်ဒုံး (၁၈၀+ ကီလိုမီတာ)ထိ ပစ်ခတ်နိုင်တဲ့ဒုံး ၄လက်တပ်ဆင်ထားပါတယ်...။ လေကြောင်းရန်ကာကွယ်ရေးအတွက်ကတော့ တရုပ်ရဲ့ FM-90N စနစ်တပ်ဆင်ထားပါတယ်....။ AW ၁၀၉ ရှာဖွေရေး ရဟတ်ယာဉ် တစ်စင်း သယ်ဆောင်နိုင်ပါတယ်...။

ဘင်္ဂလားဒေ့်၏ Aw109 ရဟတ်ယာဉ်

တလောက တရုပ်ဆီကနေ ခေတ်မှီဖရီးဂိတ် အက်ဖ်-၂၂ တွေဝယ်ယူဖို့ အသံထွက်ခဲ့ပင်မဲ့ နောက်ဆုံးတော့ အရင်ကရှိပြီးသား အမျိုးအစား-၀၅၃h SY-1 ဒုံးတပ် ဖရီးဂိတ်၂စင်း ဝယ်ယူဖို့ လက်မှတ်ထိုးလိုက်ကြပြီလို့ ကြားရပါတယ်ခင်ဗျာ...။အချက်လက်အစုံကို သိချင်ရင်တော့ ဆက်လေ့လာကြပါခင်ဗျာ....။ ဒီအချက်တွေကို ကြည့်ချင်အားဖြင့် မြန်မာ့ရေတပ်ကို နောက်ပြန်လည့်စေနိုင်လောက်တဲ့ အင်အားမရှိဘူးလို့ဆိုရပါမယ်... ဒုံးတပ်အမြန်တိုက်ခိုက်ရေးယာဉ်တွေအကြောင်း အချိန်ရရင်စုတင်ပေးပါဦးမယ်...။

တပ်မတော်ရေ၏ စစ်ရေယာဉ်ဖြည့်တင်းမှုများ

၅၅၄ အမြန်တိုက်ခိုက်ရေးယာဉ်

















အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ် ၅၅၄ နှင့် ၅၆၅ စစ်ရေယာဉ်များ
 











(အရင်က ကျွှန်တော်ပေါ့ဆမှုကြောင့် ၅၅၅ စစ်ရေယာဉ်ထင်ခဲ့တာပါခင်ဗျာ... ကိုဗညားပြန်ပြောလို့ သိရတာက ၅၆၅ စစ်ရေယာဉ်ပါ အသစ်တွေထဲကလို့ သိရပါတယ်....)

အမြန်တိုက်ခိုက်ရေးယာဉ်များမှာလည်း တာတိုပစ်ပုခုံးထမ်းဒုံး SA-16/18 ဒုံးတွေကို ၄လက် (၁ဖက် ၂လုံးဆီ)တပ်ဆင်ထားမယ်ဆိုရင် အခုလက်ရှိအသုံးပြုနေတဲ့ လေယာဉ်ပစ်စစ်အမြောက်များရဲ့ ထိရောက်မှုထက် သိသိသာသာစွမ်းရည်ထက်မြက်လာမှာ ဖြစ်ပါတယ်...။

စစ်ရေယာဉ်များအနေနှင့် ကိုယ်ထည်ကြီးတွေထက် သေးသေးနှင့်ထက်ထက် (သင်္ဘောဖျက်ဒုံး ၄စင်း) ဖြစ်တဲ့စစ်ရေယာဉ်တွေ တိုးချဲ့မယ်လို့ မျှော်လင့်ရပါတယ်...။ ဒီ့ပြင်မကြာခင်မှာ ထွက်ပေါ်လာတော့မယ် ရေဒါဖျောက် ဖျက်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းကိစ္စကလည်း မြန်မာ့ရေတပ်အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်...။ နိုင်ငံခြားကနည်းပညာယူပြီး တည်ဆောက်နေတဲ့စစ်ရေယာဉ်သစ်ကြီးတွေကလည်း အကောင်အထည်ပေါ်လာတော့မယ်လို့ သိရပါတယ်....။ မြန်မာ့တပ်မတော်ရေတွင် ယခုလက်ရှိအချိန်၌ ဖရီးဂိတ် အောင်ဇေယျ၁စင်းတည်းသာရှိသော်လည်း မကြာတော့သော ကာလတွင် ဖရီးဂိတ် ၄စင်း-၅စင်း (တရုပ်မှ ၂စင်း) ရှိလာတော့မယ်ဖြစ်ပါသည်။ မြန်မာ့ရေတပ်အတွက် ဖရီးဂိတ်ပိုင်ဆိုင်ရေးစီမံချက်မှာ ၈စင်း ပိုင်ဆိုင်ရေးဖြစ်ပြီး ပြည်တွင်းဒီဇိုင်း ၆စင်း (အောင်ဇေယျ အပါအဝင်) တရုပ်မှ (၂စင်း) ဖြစ်သည်ဟုသိရပါသည်။ ပြည်တွင်းတွင်ထုတ်လုပ်သော စစ်ရေယာဉ်များပေါ်တွင်မူ အိန္ဒိယထုတ်၊ရုရှားထုတ် စစ်လက်နက်များ ပိုမိုပါဝင်လာမည်ဟု သိရပါသည်။

တရုပ်ရေတပ်၏ အမျိုးအစား-၀၅၃h ဖရီးဂိတ်စစ်ရေယာဉ်
 










မြန်မာ့ရေတပ်အတွက် ဝယ်ယူမည်လို့သိရတဲ့ ဒီပုံစံစစ်ရေယာဉ်တွေမှာ မူလတပ်ဆင်ထားတဲ့ သင်္ဘောဖျက်ဒုံးအစား စီ-၈၀၃ ရေပြင်မှရေပြင်ပစ်ဒုံး ၈စင်း အရှေ့အနောက် ၄လက်ဆီ တပ်ဆင်နိုင်ခဲ့မယ်ဆိုရင် ဒီစစ်ရေယာဉ်တွေရဲ့ အစွမ်းဟာ ဘင်္ဂလားရေတပ်ရဲ့ ဖရီးဂိတ်ထက် ပိုမိုအစွမ်းထက်လာမှာဖြစ်ပါတယ်...။
(ပုံတွေကို ပြန်ပြုင်ထားပါပြီခင်ဗျာ...)

Monday, February 13, 2012

Myanmar Armed Forces

အမျိုးအစား-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားများ


မြန်မာ့တပ်မတော်ရှိ ပင်မတိုက်ပွဲဝင်တင့်ကားများ အမျိုးအစား-၅၉ဒီ နှင့် ၆၉ တင့်ကားများအား ခြေလျင်-တင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခုအတွင်းတွင် တွေ့ရစဉ်ဖြစ်ပါသည်။အမျိုးအစား-၅၉ဒီ ပင်မတိုက်ပွဲဝင်တွေကို ရုရှားရဲ့ တီ-၅၄ တင့်ကားအား ပုံတူယူထားသည့် တရုပ်တပ်မတော်၏ အမျိုးအစား-၅၉ တင့်ကားအား အဆင့်မြင့်တင်ထားသည့် ပင်မတိုက်ပွဲဝင်တင့်ကားကြီးများ ဖြစ်ပါသည်။လက်ရှိအချိန်ထိ တရုပ်တပ်မတော်တွင် အားထားရသော ၅၉ဒီများဖြစ်ပါသည်။

တရုပ်တပ်မတော်သုံး အမျိုးအစား-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကား


သံချပ်ကာ/ခြေလျင်ပူးတွဲ စစ်ဆင်ရေးဝင် တပ်မတော်မှစစ်သည်များ


တပ်မတော် အမြောက်တပ်ရှိ ဗျုဟာမြောက် ၁၅၅မမ Soltam အမြောက်ကြီး

အစ္စရေးတပ်မတော်ထုတ် ဗျုဟာမြောက် ၁၅၅မမ အမြောက်ကြီးတစ်လက်အား တပ်မတော်မှ စစ်သည်များ စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်းတွင် လက်တွေ့ပစ်ခတ်လေ့ကျင့်မှု ဆောင်ရွက်နေစဉ်တွေ့ရစဉ် ဖြစ်ပါသည်။

မြန်မာ့တပ်မတော်လေရှိ အဆင့်မြင့်တင်ထားသော အမ်အိုင်-၁၇ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကြီးတစ်စင်း


တပ်မတော်လေရှိ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တစ်စင်း

တပ်မတော်လေ လေတပ်စစ်သည်များ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်အား ဒုံးလက်နက်များ တပ်ဆင်နေသည်ကို တွေ့ရစဉ်ဖြစ်ပါသည်။(ပုံ-ဖိုးတရုပ်)

လေတပ် စစ်သည်များစွမ်းရည်ပြပွဲဆိုင်ရာ အချက်အလက်များ၊ဓါတ်ပုံများရှိပါက ပို့ပေးကြပါဦးဗျာ...။

Saturday, February 11, 2012

မြန်မာ့ဝေဟင် ပိုင်နက်အား ကာကွယ်ပေးမည့် မစ်-၂၉


မြန်မာ့တပ်မတော်လေရှိ ကြားဖြတ်တိုက်ခိုက်ရေး အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များအား တွေ့ရစဉ်ဖြစ်ပါတယ်... အခုလိုပုံတွေကို အသုံးပြုခွင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...။


အခုတလော ကျွှန်တော်ဆိုက်မှာဘာမှ မတင်ဖြစ်ပင်မဲ့ မေးလ်ထဲနှင့် cboxမှာချိတ်ပေးပို့ပေးတဲ့ သူငယ်ချင်းတွေအတော်များလာပါတယ်... အခုလိုဝင်ရောက်ဆွေးနွေးပေးတဲ့ သူငယ်ချင်းတွေ ညီအစ်ကိုတွေအားလုံးကို အထူးဘဲကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ...။ ဒီဆိုက်မှာ လွတ်လွတ်လပ်လပ် ဝင်ရောက်ဆွေးနွေး ဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျာ....။

ရေးလာခဲ့တဲ့ ၂နှစ်ကျော်အတွင်းမှာလည်း ဆဲတဲ့သူမရှိသလောက်ကိုဖြတ်သန်းနိုင်ခဲ့တာ တွေ့ရပါတယ်...။ မြန်မာနိုင်ငံသားတစ်ယောက်အနေနှင့် မိမိနိုင်ငံကို ကာကွယ်ပေးနေသော ကြည်း၊ရေ၊လေ တပ်ဖွဲ့များ၏ ကာကွယ်ရေးလက်နက်များကို သိချင်ကြမှာအမှန်ပါဘဲ ဒါကြောင့်လည်းအခုထိ မိမိလေ့လာမိသမျှ မှတ်သားမိသမျှ ဖော်ပြပေးနေတာဖြစ်ပါတယ်... သိလို့တတ်လို့မဟုတ်တဲ့အတွက် အမှားတွေပါပါနေပါတယ်...။

နောက်လည်းဆက်လက် ဖော်ပြပေးနိုင်ဖို့အတွက် ဝင်ရောက်ဆွေးနွေးပေးကြပါလို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ...။

(ပုံတွေ၊ အချက်လက်တွေပို့ပေးတဲ့ ညီအစ်ကိုတွေအားလုံးကို အထူးကျေးဇူးပါခင်ဗျာ....။)

Friday, February 10, 2012

လေတပ် အမောင်းသင်စစ်လေယာဉ်



မြန်မာ့လေတပ် လေတပ်အမောင်းသင်စစ်လေယာဉ်များ ဖြစ်ပါတယ်...။ အမျိုးအစားလေး ရေးခဲ့ပေးကြပါဦးခင်ဗျာ...။