Saturday, September 29, 2012

မဟာဗန္ဓုလ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်ကြီး

















မြန်မာ့တပ်မတော် (ရေ)အတွက် အခုတလောတွင် စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ပုဒ်ကြားမိပါသည်...။ မြန်မာ့တပ်မတော် (ရေ)တွင် လက်ရှိအသုံးပြုနေသော စွမ်းရည်မြှင့်စစ်ရေယာဉ် အတော်များများမှာ မိမိတို့ပြည်တွင်းတွင်ပင် တပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ရှပ်ပြေးယာဉ်များမှသည် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများအထိပင် တပ်မတော် (ရေ) ရေတပ်သင်္ဘောကျင်းများမှ ဂုဏ်ယူဖွယ်တည်ဆောက်နိုင်ခဲ့ကြပြီဖြစ်ပါတယ်...။













လက်ရှိအချိန်တွင်မှု ရေချပြီးစစ်ရေယာဉ်များအနက် အောင်ဇေယျ ပဲ့ထိန်းဒုံးတပ်စစ်ရေယာဉ်ကြီးသည် ရေတပ်၏ အကြီးဆုံး စစ်ရေယာဉ်ကြီးတစ်စင်းဖြစ်ပြီး အောင်ဇေယျ စစ်ရေယာဉ်ကြီးထက်ပင် ပိုမို စွမ်းရည်ထက်မြက်သည့် ဖရီးဂိတ်စစ်ရေယာဉ်သစ်ကြီးသည်လည်း မကြာမှီတွင်ပင် ရေချနိုင်တော့မည်ဖြစ်ပါသည်။ အဆိုပါဖရီးဂိတ်ကြီး၏ စိတ်ဝင်စားဖွယ်အချက်များသည် စစ်ရေးစိတ်ဝင်စားသူများ ၊ ဒေသတွင်းနိုင်ငံများအကြားတွင်
 ပြောဆိုဆွေးနွေးစရာ အကြောင်းဖြစ်လာဦးမည်မှာ သေချာသည်။

















အိမ်နီးချင်းနိုင်ငံများအထူးသဖြင့် ဘင်္ဂလားဒေ့်ရေတပ်အနေဖြင့် အကြီးအကျယ်ရေတပ်အား တိုးချဲ့နေစဉ်အတွင်းတွင် မိမိတို့ တပ်မတော် (ရေ)ဘက်မှလည်း ပြည်တွင်းထုတ် ဖရီးဂိတ်အသစ်တစ်စင်းအား ရေချနိုင်တော့မည်ဖြစ်ရာ မကြာတော့သော ကာလတွင် တပ်မတော် (ရေ)သည် ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ် (၄)စင်းပိုင် ရေတပ်တစ်ခုဖြစ်လာတော့မည်ဖြစ်ပါသည်။ လက်ရှိတွင် တာဝန်ထမ်းဆောင်နေသည့် အောင်ဇေယျ (F11) ၊  မဟာဗန္ဓုလ (F21) ၊ မဟာသီဟသူရ (F23)
 အစရှိသည့် စစ်ရေယာဉ်ကြီးများအနက် တရုပ်ရေတပ်မှလွဲပြောင်းလက်ခံရရှိထားသည့် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများသည်လည်း ယခုအခါတွင် အပြည့်အဝနီးပါးပြန်လည် ပြုပြုင်မွမ်းမံထားပြီးဖြစ်ကာ တပ်မတော် (ရေ)၏ ရေပြင်ပိုင်နက်အားကာကွယ်ပေးနိုင်မှုအပေါ်များစွာ အကျိုးသက်ရောက်လျက်ရှိပါသည်။

ယခုပိုစ့်တွင်မူ တပ်မတော် (ရေ)၏ ဖရီးဂိတ်စစ်ရေယာဉ်၏ ဓါတ်ပုံများအား ဖော်ပြပေးနိုင်ခြင်းမရှိသေးပေ... သို့သော်များမကြာမှီတွင် တင်ပေးနိုင်မည်ဟု မျှော်လင့်ရပါသည်။ 

တပ်မတော် (ရေ) ၏ ဖရီးဂိတ်စစ်ရေယာဉ်အသစ်အား မူလက ပြောဆိုခဲ့ကြသည့် F21 မှ နောက်ထပ်ကြားရသော သတင်းများအရမူ အောင်ဇေယျ ဖရီးဂိတ်စစ်ရေယာဉ်ကြီးကဲ့သို့ပင်လိုက်ကာ F12 ဟူ၍ပြောင်းလဲလာမည်ဟု သိရပါသည်။ အမှန်တကယ်တွင်မူ မည်သို့ထွက်လာမည်ဆိုသည်မှာလည်း စိတ်လှုပ်ရှားစရာတစ်ခုပင်ဖြစ်ပါသည်။

မဟာဗန္ဓုလ ပဲ့ထိန်းဒုံးတပ်ဖရီးဂိတ်စစ်ရေယာဉ်ကြီးအား တွေ့ရစဉ် (C-802 ဒုံးများမတပ်ဆင်မှီက)













ဒီနေ့တော့ ပိုစ့်ကို အချက်လက်သိပ်မစုံသေးလို့ အနည်းငယ်ပြောင်းထားပါတယ်... :)

(မည်သူမဆို ပြောလိုသည်များ ၊ ဝေဖန်လိုသည်များအား ကော်မန့်ပေးခြင်းဖြင့် အားပေးနိုင်ပါသည်...။)

Saturday, September 22, 2012

မြန်မာ့တပ်မတော် (ရေ)၏ ရေတပ်စစ်ရေးလေ့ကျင့်မှု

တပ်မတော် (ရေ)၏ ပဲ့ထိန်းဒုံးတပ် F-21 ဖရီးဂိတ်စစ်ရေယာဉ်



မြန်မာ့တပ်မတော် (ရေ)သည် မိမိပြည်တွင်းထုတ် တိုက်ခိုက်ရေးအမြန်ယာဉ်များ ၊ ကော်ဗတ်စစ်ရေယာဉ်ကြီးများအပြင် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများကို အဆင့်အတန်းမြှင်းမားစွာ တပ်ဆင်ထုတ်လုပ်နိုင်နေပြီဖြစ်ပါသည်။ မိမိတို့ပြည်တွင်းထုတ် စစ်ရေယာဉ်များအပြင် နည်းပညာ၊ဒီဇိုင်းနှင့်  စွမ်းဆောင်ရည်စသည့် အချက်လက်များလေ့လာနိုင်စေရန် ရည်ရွှယ်၍လည်း ပြည်ပနိုင်ငံများမှ ဖရီးဂိတ်စစ်ရေယာဉ်များဝယ်ယူဖြည့်တင်းခဲ့ပါသည်။ ထိုကဲ့သို့သော ဝယ်ယူမှုများအနက် တရုပ်ရေတပ်သုံး ဖရီးဂိတ်စစ်ရေယာဉ်များသည် အထင်ရှားဆုံးဖြစ်သည်။


မြန်မာ့ပင်လယ်ပြင်အား ကာကွယ်မည့် တပ်မတော် (ရေ) ရေတပ်စစ်ရေးလေ့ကျင့်မှု



















စစ်ရေယာဉ် ၄၇၃ ၊ ၄၇၇ နှင့် အက်ဖ်-၁၁ ဖရီးဂိတ်စစ်ရေယာဉ်  (ပဲ့ထိန်းဒုံးတပ်စစ်ရေယာဉ်များ)
 




















  
 အောင်ဇေယျ ဖရီးဂိတ်စစ်ရေယာဉ်ကြီးပေါ်တွင် အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ် ဆင်းသက်နေစဉ်




















ဂုဏ်ယူဖွယ် တပ်မတော် (ရေ)၏ ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်ကြီး






Saturday, September 15, 2012

ASEAN Armies Rifle Meet



ASEAN Armies Rifle Meet

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြင့် ပေါင်းစပ်တည်ထောင်ထားသော အဖွဲ့ကြီးဖြစ်သည့် အာဆီယံ အသင်းကြီး၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်။ ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေး ၊ စီးပွားရေးဆိုင်ရာများကို နှစ်စဉ် အစည်းအဝေးများကျင်းပပြုလုပ်လျက်ရှိသည်။ ထို့အတူအာဆီယံနိုင်ငံများရှိ တပ်မတော်များအနေဖြင့် ပူးပေါင်းစစ်ရေးစွမ်းရည်ပြပွဲများကိုလည်း ပြုလုပ်ကျင်းပလျက်ရှိရာ ၂၀၁၂ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်မူ ၂၀၁၃ခုနှစ် အာဆီယံစစ်ရေးစွမ်းရည်ပြပွဲကို ဂုဏ်ယူဖွယ် ကျင်းပခွင့်ရခဲ့ပြီဖြစ်ပါတယ်...။ သတင်းများနှင့်ဂျာနယ်များမှာ မကြာမကြာမြင်တွေ့လာရတာကတော့ အာဆီယံစစ်ပစ်ကွင်းများ ဖေါက်လုပ်တည်ဆောက်နေမှုဘဲဖြစ်ပါတယ်...။ အရင်ခုနှစ်များကလည်း အာဆီယံစစ်စွမ်းရည်ပြပွဲ ၊ ပြိုင်ပွဲများရဲ့ ဓါတ်ပုံတွေကို တတ်နိုင်သလောက်တင်ပေးခဲ့ဘူးပါတယ်...။ အခုလည်း စုဆောင်းမိထားတဲ့ ပုံတွေနှင့် အချက်လက်တချို့ကို တင်ပေးပါဦးမယ်....။

၂၀၀၇ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (ယိုးဒယား)

၂၀၀၈ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (ဖိလစ်ပိုင်)


၂၀၀၉ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (စင်ကာပူ)



၂၀၁၀ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (မလေးရှား)
ဓါတ်ပုံကောင်းကောင်းမတွေ့မိပါဘူး..။

၂၀၁၁ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (အင်ဒိုနီးရှား)

အမ်အေ-၂ စက်ကလေးအား ဒင်ပုံစံသစ်ဖြင့် စတင်တွေ့မြင်ရစဉ်

၂၀၁၂ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (မြန်မာနိုင်ငံ)

မြန်မာနိုင်ငံတွင်ကျင်းပမည့် အာဆီယံ သေနတ်ပစ်ပြိုင်ပွဲအတွက် အောက်ပါသေနတ်ပစ်ကွင်းများ ဖောက်လုပ်ထားသည်ဟု သတင်းများအရသိရပါသည်။

၁.မီတာ ၁၀၀ ပစ္စတိုစက်ပစ်ကွင်း
၂.မီတာ ၂၀၀ ကာဘိုင်စစ်ပစ်ကွင်း
၃.မီတာ ၆၀၀ ရိုင်ဖယ်စစ်ပစ်ကွင်း စသည်တို့ဖြစ်ပါသည်။

မြန်မာ့တပ်မတော်မှ စစ်သည်များကိုင်ဆောင်ခဲ့ကြသည့် MA စီးရီး ချေမှုန်းရေးရိုင်ဖယ်သေနတ်များ

အမ်အေ-၁ ချေမှုန်းရေးရိုင်ဖယ် (MA-1 Assault Rifle)

အမ်အေ-၂ စက်ကလေးသေနတ် (MA-2 Light Machine Gun)


၂၀၁၂ခုနှစ်အတွင်းတွင် တွေ့နေရသည့် သတင်းဓါတ်ပုံများအနက် စိတ်ဝင်စားဖွယ်ရာ သေနတ်များအနက် အမ်အေ-၂ စက်ကလေးအား မွမ်းမံထားသော ဒီဇိုင်းသစ် နှင့် ယခင် အာဆီယံသေနတ်ပစ်ပြိုင်ပွဲဝင် စစ်သည်များသာ ကိုင်ဆောင်ခဲ့သော အမ်အေ-၁ ဒီဇိုင်းသစ် (သေနတ်ဒင်)အား ရခိုင်ပြည်နယ်တွင် အသုံးပြုလာခဲ့ခြင်းဖြစ်ပါသည်။ေ

အမ်အေ-၂ စက်ကလေး (MA-2 Light Machine Gun)

တပ်မတော်မှ စစ်လက်နက်ကျွှမ်းကျင်သူများ၏ ပြောစကားအရ-

(မြန်မာ့တပ်မတော်ထုတ် အမ်အေ ၂ ချေမှုန်းရေးစက်သေနတ်ကလေးအား ကျည်အိမ် ပုံအသစ် ဒင်ပုံစံအသစ် ပြောင်းပုံစံအသစ်.ဖြင့် တွေ့ရစဉ်. AR 3-9x40mm scope ပါတွဲဆင်လိုက်လျှင် မီတာ ၅၀၀-၆၀၀ ကောင်းကောင်းထိန်းလို့ရတဲ့ စနိုက်ပါရိုင်ဖယ်အနေနဲ့ သုံးလို့ရလိမ့်မယ်...။)လို့ဆိုထားပါတယ်...။

အာဆီယံစစ်ပစ်ကွင်းအား တပ်မတော်ခေါင်းဆောင်ကြီးများမှ ကြည့်ရှုစစ်ဆေးနေကြစဉ်



မြန်မာနိုင်ငံ၏ စစ်ကျောင်းကြီးများရှိရာ ပြင်ဦးလွင်မြို့တွင် ကျင်းပမည့် အာဆီယံသေနတ်ပစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေမှုများ ၊ တည်ဆောက်ပြီးဆီးမှုများအား လေ့လာမိသလောက်ထပ်ပြီး တင်ပေးပါဦးမယ်ခင်ဗျာ...။ လိုင်းမကောင်းသေးလို့ လောလောဆယ်ဒီလောက်ပါဘဲခင်ဗျာ... :)

Thursday, September 6, 2012

အမေရိကန်၏ အီရတ်အပေါ်လေကြောင်းထိုးစစ်



လေကြောင်းစစ်ဆင်ရေးဆိုင်ရာများထဲမှ ဒီတပတ်ဖတ်ဖြစ်သည့် စာပိုဒ်လေးပါ သဘောကျလို့ တင်ပေးထားပါတယ်...။ အဖြစ်အပျက်က အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များမှ အီရတ်အား လေကြောင်းမှထိုးစစ်ဆင်ခဲ့စဉ်က အကြောင်းများဖြစ်ပါတယ်....။ အီရတ်လေတပ်ကို သာလွန်သည့်စစ်အင်အားနှင့် ချေမှုန်းခဲ့သည့် သမိုင်းကြောင်းပါ...။ ၂၀၀၃ ခုနှစ်တွင် ယခုထက်ပိုမိုပြည့်စုံသည့် စနစ်များအသုံးပြုခဲ့ကြပါသေးသည်။

လေကြောင်းကနေ ချေမှုန်းတိုက်ခိုက်မှုစစ်ဆင်ရေးမှာ အသုံးပြုခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေဟာ နည်းပညာအနိမ့်အမြင့်ပါရောစပ် ပုံဖော်ပါဝင်တိုက်ခိုက်စေခဲ့တာ ဖြစ်ပါတယ်....။ F-117A ညဘက်တိတ်တခိုးတိုက်ခိုက်ရေးလေယာဉ်များ၊ F-4G wild weasel အမျိုးအစား ရန်သူ့ရေဒါဖိဖျက်ရေးလေယာဉ်များ၊ F-15E မြေပြင်တိုက်ခိုက်ရေးလေယာဉ်များ၊ လေယာဉ်တင်သင်္ဘောကြီး (၆)စုက F-14 Tomcats များ၊ FA-18 Hornets တိုက်လေယာဉ်များ၊ A-6E Intruders နှင့် A-7E Corsairs များအပြင် ကုန်းပေါ်ရှိ မရိန်းတပ်ဖွဲ့များမှ AV-8B လေယာဉ်များ ၊ A-10A Thunderbolt ၊ F-16 နှင့် B52-G ဗုံးကြဲလေယာဉ်များ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

F-117A Stealth မြေပြင်တိုက်ခိုက်ရေးလေယာဉ်များ


F-15E Eagle တိုက်လေယာဉ်


နေ့စဉ် လေကြောင်းဆိုင်ရာပစ်မှတ်နဲ့ ထိန်းချုပ်မှုအမိန့်တာဝန် အသေးစိတ်ကို E-3 Sentry AWACS လေယာဉ်တွေနှင့် အမှန်ကန်ဆုံးဆောင်ရွှက်ပေးနိုင်ခဲ့ပြီး ထိုမှတဆင့် EC-130E လေကြောင်းချီစစ်ဆင်ရေးကွပ်ကဲမှု နှင့် ထိန်းချုပ်ရေးဗဟိုကနေ ရန်သူ့တင့်နှင့်သံချပ်ကာယာဉ် စသည့် အခရာကျသော အချက်အလက်များကို ညွှန်းပြပေးနိုင်ခဲ့သည်။

F-14 Tomcat တိုက်လေယာဉ်


E-3 Sentry AWACS နှင့် F-16 တိုက်လေယာဉ်များ


EC-130E လေကြောင်းချီစစ်ဆင်ရေးကွပ်ကဲမှု နှင့် ထိန်းချုပ်ရေးလေယာဉ်


၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့တွင် စစ်ဆင်ရေးပထမအသုတ်ဖြစ်သည့် F-117A ဗုံးကြဲတိုက်လေယာဉ်များမှ ဘက်ဂဒက်၏ အရေးကြီးသည့် ကာကွယ်ရေးဆိုင်ရာအချက်အလက်နေရာများကို လေဆာပဲ့ထိန်းဗုံးများဖြင့် စတင်ချေမှုန်းတိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် MH-53 ရဟတ်ယာဉ်များမှ စီးနင်လိုက်ပါလာသည့် အမေရိကန်အထူးတပ်ဖွဲ့များက ရန်သူ့လေကြောင်းကြိုတင်သတိပေးရေဒါတွေကို ရှာဖွေမှတ်သားပြီး လက်နက်အပြည့်တပ်ဆင်ထားသည့် AH-65A Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ A-10A Thunderbolt လေယာဉ်များမှ ပစ်ခတ်ချေမှုန်းနိုင်အောင် စွမ်းဆောင်ပေးခဲ့ကြသည်။

A-10A Thunderbolt မြေပြင်ပစ်ကူပေးတိုက်လေယာဉ်

အဲဒီနောက်မကြာမှီအတွင်းမှာပင် အီရတ်ရေဒါများ၏ အလှမ်းမမှီနိုင်သည့်နေရာတွင် စုဖွဲ့ထားခဲ့ပြီးဖြစ်သည့် မဟာမိတ်လေကြောင်းဗုံးကြဲတိုက်ခိုက်ရေးတပ်ဖွဲ့ကြီးသည် F-15/16/18 စသည့်လေယာဉ်များဖြင့် အနီးကပ်လေကြောင်းအကာကွယ်ပေးမှုနှင့်အတူ ဘက်ဂဒက်၏ ကောင်းကင်းယံပေါ်ကို ရောက်ရှိခဲ့ကြသည်။ ထိုအချိန်တွင် F-4G လေယာဉ်များက HARM ဒုံးကျည်များဖြင့် မြေပြင်မှဝေဟင်ပစ်ဒုံးစနစ်သုံး ရေဒါများကို တိုက်ဖျက်ပြီး EF-111 Aardvark လေယာဉ်များကလည်း အီရတ်ရေဒါတွေကို ဖိဖျက်နှောင့်ယှက်မှုတွေလုပ်ပေးပြီး မဟာမိတ်လေကြောင်းဗုံးကြဲတိုက်ခိုက်ရေးတပ်ဖွဲ့ကြီး ထိရောက်စွာတိုက်ခိုက်နိုင်ရေးအတွက် ရှင်းလင်ပေးခဲ့ပါသည်။ မဟာမိတ်လေကြောင်းဗုံးကြဲတိုက်ခိုက်ရေးတပ်ဖွဲ့ကြီးမှာ F-15 တိုက်လေယာဉ်တွေပါဝင်သလို တစ်ခါတစ်ရံတွင် ဗြိတိသျှဘုရင့်လေတပ်၏ Tornadoes တိုက်လေယာဉ်များ ပါဝင်တတ်ကာ F-4G နှင့် EF-111 လေယာဉ်များက အလျင်ဦးဆုံးရှေ့ကနေ တိုက်ခိုက်ခဲ့ကြပါသည်။

F-18 Hornet တိုက်လေယာဉ်


EF-111 Aardvark တိုက်လေယာဉ်


B-52G ဗုံးကြဲလေယာဉ်ကြီး


မြန်မာ့တပ်မတော် (လေ)အနေဖြင့် လက်ရှိအချိန်တွင်မူ မြန်မာ့ဝေဟင်ပိုင်နက်အား ကာကွယ်နိုင်စေရန်ရည်ရွှယ်၍ တိုက်လေယာဉ်သစ်များ ဗုံးကြဲလေယာဉ်သစ်များ ပိုင်ဆိုင်ထားပြီးဖြစ်ပြီး နောက်ပိုင်းတွင်လည်း ပိုမို၍ စွမ်းဆောင်ရည်မြင့်မှားသော တိုက်လေယာဉ်များ ၊ ရေဒါဖျက်စနစ်ပါတိုက်လေယာဉ်များလည်း ပိုင်ဆိုင်လာမည်ဟု မျှော်လင့်ရပါသည်ခင်ဗျာ....။

Saturday, September 1, 2012

စွန့်လွှတ်ခြင်းဆိုတာဘာကိုခေါ်ပါသလဲ



ကျွန်တော် ဒီကပြန်ရင် ရွာကိုခွင့်ပြန်မယ် ကျွန်တော့်အမေက မမာဘူးဗိုလ်ကြီးရဲ့ ညီမလေးကလည်း ကျောင်းပညာတပိုင်းတစနဲ့ အိမ်ပြန်ပီးကျွန်တော်စုထားတဲ့ လစာလေးနဲ့ အမေနဲ့ညီမလေးကိုထောက်ပံ့ခြင်တယ်

အချိန်ကား ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ အတွင်း နေရာကား ရှမ်းပြည်နယ် အရှေ့ပိုင်း ယိုးဒယားနယ်စပ် အို-၇ မြန်မာ့တပ်မတော်၏ မဆုတ်တမ်းခံစစ်ကုန်း ခမရ( ) တပ်ခွဲ (၁) တပ်စု(၂) မှ ရဲဘော်လေး ဇေယျမောင်မှ တပ်စုမှုးဖြစ်သူ ဗိုလ် ဝေလင်းအား မှတ်မှတ်ရရပြောကြားမိသော စကားစုလေးပင်

ဇေယျမောင်တို့တပ်စု အို-ရ ကုန်းတွင်မဆုတ်တမ်းခံစစ်ယူ ခဲ့ တာ ၁နှစ်တိုင်ခဲ့ပီ စစ်သည် ၃၀ခန့်တွင် ဗိုလ်ဝေလင်း အပါအ၀င် လူပျို အရာရှိစစ်သည် ကား ၇ဦးသာရှိပီး ကျန်စစ်သည်များကား အိမ်ထောင်သည်များဖြစ်ကြသည်။

တပ်ရင်းအခြေစိုက်ရာဒေသကား မအေးချမ်းသော ဒေသဖြစ်သဖြင့် နောက်ပိုင်း မှမိသားစုများအတွက် နောက်ကြောင်းမအေး ကြရှာ။

အိမ်ထောင်သည်များက ထိုသို့နောက်ကြောင်း မအေးကြသလို လူပျိုများကလည်း တွယ်မိတွယ်ရာသံယောဇဉ်များအတွက် နောက်တန်းသို့ပြန်ဝင်ချင်ကြပီ

ဖေဖော်ဝါရီ လကုန်ပိုင်းတွင် နောက်တန်းပြန်ဝင်ရမည် ဆိုသောသတင်းများ သဲ့သဲ့ ကြားလာရ ပီ ရဲဘော်တွေကလည်း ကိုယ့်အတွေးတွေ ကိုယ့်မျှော်လင့်ချက်လေးတွေ ကိုယ်စီနဲ့ ပျော်နေကြပီပေါ့

ဒီအချိန်မှာ ရဲဘော်လေး ကသူ့ တပ်စုမှုးကို သူနောက်တန်းပြန်ရင် အမေနဲ့ ညီမလေးဆီ ပြန်ချင်တဲ့ အကြောင်းအထက်ပါအတိုင်း သတင်းပို့ လာရှာပါသည်

ဗိုလ်ဝေလင်းကိုယ်တိုင်ကလည်း အမေတစ်ခု သားတစ်ခုမို့ ကိုယ်ချင်းစာ နားလည်စွာနဲ့ ပဲ နောက်တန်း ပြန်ဝင်လျင်ခွင့် ရ အောင်ဆောင်ရွက် ပေးမည်ဟု ကတိပြု လိုက်ပါသည်။

ရဲဘော်လေးလည်း မျှော်လင့် ချက်အပြည့်နဲ့ ပျော်ရွှင်စွာနဲ့ပဲ တပ်စုမှုးအနားက အလေးပြုကာဖယ်ခွာသွားပါတော့သည်။

တပ်စုမှုးလည်းကိုယ့်ရဲဘော်များနောက်တန်းပြန်ရောက်ရင် ဘယ်လောက်များ ၀မ်းသာကြမှာပါလိမ့် ဆိုသောအတွေကို တွေးမိရင်းသူတို့အတွက်ရောကိုယ့်အတွက်ပါ ကြည်နူး ရပြန်သည် ကိုယ်ကိုယ်တိုင်လည်း နောက်တန်းပြန်ရင် ချစ်ရသူနဲ့ လက်ထပ်ပွဲဆင်နွှဲရမည်မဟုတ်ပါလား

ယိုးဒယားစစ်တပ်၏ ပင်မတိုက်ပွဲဝင်တင့်ကား M60

ထိုနေ့ကား ၂၀၀၁ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်....................................

ထိုနေ့ ည ၁၂၀၀နာရီတွင် တပ်စူမှုး ရုတ်တရက်လန့်နိုးလာသည် စိတ်ထဲ မသန့်ဖြစ်လာသဖြင့် ချပ်ဝတ်တန်ဆာဝတ် သေနတ်ဆွဲပီး ကင်းများကိုစစ်ဆေးရန်ထွက်လာခဲ့သည် ၁၂၀၀နာရီမှ ၀၂၀၀နာရီကင်းက တပ်သားဇေယျမောင် စစ်သည်မှာအတွေ့အကြုံနည်းသေးသည်။ ကျောင်းဆင်းသည်မှာ မကြာသေး.. ထို့ကြောင့် တပ်စုမှုးမှစိတ်မချစွာ မှာကြားရင်း ကင်းတဲမှအထွက် တဖက်ကမ်း တိုင်း တပါးတပ်စခန်းဆီမှ မီးမောင်း များ ၀င်းခနဲလင်းလာပီး ၇၅ မမနောက်ပွင့် ကျဉ်များ အဆက်မပြတ် ကျလာပါတော့သည်။

ရုတ်တရက်အငိုက်မိသွားသော တပ်မတော်ခံစစ်စခန်းသည် တပ်စုမှုး၏ စစ်မိန့် သံနှင့်အတူ ရုတ်ခြည်း တိုက်ပွဲဝင်အသင့်အနေအထားသို့ရောက်ရှိလာခဲ့ပါသည်------------။

လက်နက်ကြီး ကျည်များကြားထဲမှပင် ခံစစ်စခန်းသည် အသက်ဝင်လာခဲ့ပီ----------

စစ်သည်များ ခံစစ်ကျင်းအတွင်း အသင့်နေရာယူပီးပီ---------

တပ်စုမှုး ဆက်သွယ်ရေးစက်ဖြင့် ဆက်သွယ်သော်လည်း ရန်သူ့ကျည်ကြောင့် XDD 6 M1 ဆက်သွယ်ရေးစက်မှာပျက်စီးခဲ့ရပီ....။

မြန်မာ့တပ်မတော်ထုတ် ၆၀မမ ကိုယ်မန်ဒို စိန်ပြောင်း

မိမိတို့တပ်စု ပြင်ပ နှင့် အဆက်အသွယ် ပြတ်ခဲ့ရပီကို တပ်စုမှုး သုံးသပ်မိ ပီ ကိုယ့်အားကိုယ်သာကိုးမှရမည် စစ်သည်များစိတ်ဓာတ်မကျစေရ NEVER SURRENDER ကျောင်းတော်ကြီးရဲ့ ဆောင်ပုဒ် ကိုနှလုံးသွင်းလိုက်သည်။

ရန်သူ့လက်နက်ကြီးများက ၁၂၀၀ နာရီမှ ၀၄၀၀နာရီ ထိ ဆက်မပြတ် မိမိအားကြိုတင်ချေမှုန်းလျက်ရှိသည်။ မိမိ စစ်သည် ၄ဦး ကျဆုံးခဲ့ပီ ၆ဦး ဒဏ်ရာရနေပီ မိမိလက်နက်များကရန်သူကိုလက်မှမ်းမမီ တပ်စု အဆင့် လက်နက်များသာရှိသည် ရန်သူက နည်းဗျူဟာ အဆင့် လက်နက်ကြီးများဖြင့်အဆက်မပြတ်ချေမှုန်းနေသည်...။

မြန်မာ့တပ်မတော်ထုတ် MA-10 ပုခုံးထမ်းလောင်ချာ (ပဲ့ထိန်းမဲ့ တင့်ဖျက်လက်နက်)

အာရုံတက်တော့မည် ရန်သူ့လက်နက်ကြီးသံ ဆဲ သွားပီ ရန်သူ DAWN ATTACK လုပ်တော့မည် နံနက်ခင်း အလင်းရေင်နှင့်အတူ ကြည့်မိတော့ ရန်သူ၏့် အဆမတန်အင်အားကိုတွေ့ မိသည်။ အချို့ စစ်သည်များမျက်နှာတွင် အားငယ်သောအရိပ်အရောင်များ ကိုတပ်စုမှုး တွေ့ နေရပီ အလားအလာမကောင်း ၇န်သူတို့ ၏ M-60 တင့် ၄စီး နှင့် COMMANDO သံချပ်ကာယာဉ်များက အတွေ့ အကြုံနုနယ်သူစစ်သည်များအတွက်ချောက်ချားစရာ...။

တပ်စုမှုးကိုယ်တိုင်လည်း ရန်သူ့ သံချပ်ကာများကို တွေ့ရသဖြင့် ရုတ်တရက်တုန်လှုပ်မိသည်။ သို့သော် တွေဝေနေချိန်မရ စစ်သည်များ၏ စိတ်ဓာတ်ကို မြင့်တင်ရမည်စိတ်ဓာတ်သာ အားကိုးစရာရှိသည်။ ၆၀မမ စိန်ပြောင်း နဲ့ အမ်အေ-၁၀ တင့်ဖျက်ကို ကိုယ်တိုင်ကွပ်ကဲမှုယူကာ ၇န်သူ့ တင့်များကိုပစ်ခတ်စေသည်။ တပ်စုလက်နက်များကို စုပြုံပစ်ခတ်စေသည်။

ကိုယ်တိုင် တင့် ဖျက်ကို ပစ်ခတ်ရင်း ၇န်သူ့တင့် (၂)စီးကိုဖျက်ဆီးရင်း တပ်စုမှုး ကျည်သင့် ကျဆုံးခဲ့သည်။ ရန်သူ့တင့်(၂)စီးနှင့် သံချပ်ကာ(၁)စီးဖျက်ဆီးနိုင်ခဲ့သည်။

ယိုဒယားစစ်တပ်၏ ဗီ-၁၅၀ ကိုယ်မန်ဒို သံချပ်ကာယာဉ်

ပြင်းထန်စွာဖြစ်ပွားနေသောတိုက်ပွဲသည် ၂၅ ရက်နေ့ ၁၀၀၀နာရီတိုင်ခဲ့ပီ ရန်သူသည် (၂)ကြိမ်တက်လာပီး ကတည်းကဆက်မတက်ရဲ လက်နက်ကြီးများဖြင့်သာ အဆက်မပြတ်ပစ်ခတ်နေသည်

တပ်စုမှုးလည်းကျဆုံးခဲ့ပီ ကျည်လည်းကုန်လုပီ ထမင်းဆိုတာမစဉ်းစားနိုင်သေး ရန်သူသည် မိမိအားအဲပီးတိုင်ချေမှုန်းတော့မည် ရဲဘော်များစိတ်ဓာတ် ပြီုကွဲတော့မည် ရန်သူများနောက်ဆုံးအကြိမ်အ ပီးသတ် ချေမှုန်းရေးလုပ်တော့မည်

သို့သော်------------------------

တောင်အရပ်ဆီမှ ငှက်မည်း(၄)ကောင်အလား G-4 တိုက်လေယာဉ် (၄)စီးဆင်းသက်လာပီး ရန်သူ့ တင့်နှင့် ခြေလျင်ဆီသို့ တဟုန်ထိုး--------------------------------------------

မြန်မာ့တပ်မတော် (လေ)ရှိ ဂျီ-၄ တိုက်လေယာဉ်

စစ်သည်များစစ်ကြွေးသံနှင့် အတူ လင်းယုန်ငှက်များ၏ အောင်ပွဲသည်စစ်မြေပြင်ကိုလွှမ်းခြုံခဲ့ပီ------------------

တပ်စုမှုး၏ အင်ကျီဘယ်ဘက် အိတ်ကပ်မှ ချစ်သူ၏သွေးစွန်းနေသောဓာတ်ပုံနှင့် တပ်သားသစ်လေးဇေယျမောင်၏ လက်တွင်စည်းထားသော မိခင်အထက်ဆင်လေး သည် ခက်ထန်သောစစ်မြေတွင် အမှတ်တရမျာုးအဖြစ်သာကျန်ခဲ့လေပီ--------------

ဂျီ-၄ တိုက်လေယာဉ်ပေါ်မှ မြေပြင်ပစ်မှတ်အား ချေမှုန်းနေစဉ် (နမူနာပုံသာဖြစ်ပါသည်။)

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမြန်မာ့တပ်မတော်နှင့် ယိုးဒယားတပ်မတော်တို့ကြားဖြစ်ပွားခဲ့သော အို-၇တောင်ကုန်းတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ အရာရှိ(၁)ဦးအပါအ၀င် စစ်သည် (၁၅)ဦးကျဆုံးခဲ့ပီး ကျူးကျော်သူ ယိုဒယား တပ်မတော်မှ တင့်(၂)စီး သံချပ်ကာ (၁)စီးပျက်စီးခဲ့ပီး ဗိုလ်ကြီး အဆင့် ရှိသူ(၁)ဦး အပါအ၀င် (၆၀)ခန့် ကျဆုံးခဲ့သည်။

မေ့ပျောက်ခံ အို-၇ သူရဲကောင်း အမိမြေကို ကာကွယ်ရင်းကျဆုံးခဲ့သော အာဇာနည်များအားဂုဏ်ပြုလျက်-------

MYANMAR ARMOURED CORPS

(အထက်ပါ ဆောင်းပါးအား ဖော့ဘုတ် ပေါ်မှ ပြန်လည်ရယူထားခြင်းဖြစ်ပါသည်။ မြန်မာ့ပိုင်နက်အား ကျုးကျော်လာသည့် မည်သည့်ရန်သူမဆို တိုက်ထုတ်ချေမှုန်းရမည်မှာ တပ်မတော်၏ တာဝန်ပင်ဖြစ်ပါသည်။)

စွမ်းရည်ထက်မြက်သည့် စစ်သုံးခွေးများ



နိုင်ငံတကာတွင် စစ်ပွဲများအတွင်းတွင် အသုံးပြုနိုင်စေရန် ရည်ရွှယ်ကာ စစ်သုံးခွေးများအား သင်တန်းပေးခြင်းများရှိပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဆိုဗီယက်နိုင်ငံသည် လေ့ကျင့်ပေးထားသည့် ခွေးများအား တင့်များနှင့် သံချပ်ကာယာဉ်များ ဖောက်ခွဲနိုင်ရန် လေ့ကျင့်ပေးထားခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သော အသုံးပြုမူများမဟုတ်စေကာမူ ဖောက်ခွဲပစ္စည်းများ ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးနှိမ်နင်းရာတွင် လေ့ကျင့်ထားသော စစ်သုံးခွေးများအသုံးပြုလျက်ရှိပါသည်။



မြန်မာပြည်တွင်းတွင် လေ့ကျင့်ပေးနေသော စစ်သုံးခွေးများ
(အဆိုပါခွေးများအား လေ့ကျင့်သင်တန်းပေးမည့်သူများအား အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်စေခဲ့ကြောင်း သိရပါသည်။)


လေ့ကျင့်သင်တန်းပေးထားသည့် ခွေးများဖြင့် ဖောက်ခွဲရေးပစ္စည်းများအား ရှင်းလင်းနေစဉ်