Friday, June 28, 2013
MiG-35သည် တပ်မတော်(လေ) ၏ မျိုးဆက်သစ် တိုက်လေယာဉ်ဖြစ်လာနိုင်မည်လော..
 (အခုတလော သတင်းကြီးနေသည့် တပ်မတော်(လေ)၏ မျိုးဆက်သစ် တိုက်လေယာဉ်ဖြစ်လာနိုင်မည်လော ဟူသော MiG-35 တိုက်လေယာဉ်အား ဆောင်းပါးရှင်မှ ကြိုတင် စိတ်ကူးရင်ခုန်ကြည့်ခြင်းဖြစ်ပါသည်...။ ဖော်ပြခွင့်ပြုသည့်အတွက် ကျွှန်တော်တို့အဖွဲ့မှ ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ....။ တပ်မတော်(လေ)အနေဖြင့် ဝယ်ယူမည်၊မဝယ်ယူမည်ကို မသိရသေးသော်လည်း ဗဟုသုတရရှိနိုင်စေမည့် ဆောင်းပါးဖြစ်ပါသည်...။)
ကျွန်တော်တို့ဆီက Mig တွေနဲ့ ပက်သက်လို့ ဝယ်ရခြင်းကို ဖေါပြီးတော့၊ ခု ပထမဝယ်တဲ့ မော်ဒယ် B စီးရီးတွေနဲ့ ဒုတိယဝယ်တဲ့ SE တွေကို သန်း ၅၀၀ နီးပါးနဲ့ တစ်ခါဝယ် ၁၀စင်းနီးပါးဝယ်ယူတာ ဖြစ်ပါတယ်။ Mig29 တွေဟာ တာတိုနဲ့ တာလတ်ပစ်တွေကို သယ်နိုင်ပြီး ဝေဟင်ချင်းမှာ လုံးထွေးတိုက်ခိုက်ဖို့ ကောင်းတဲ့ လေယာဉ်တွေပါ။SE တွေဟာ B တွေထက် ရေဒါတွေ၊ အီလက်ထောနစ်တွေ၊ တာဝေးပျံနိုင်တာတွေ ကောင်းပေမယ့် မြေပြင်နဲ့ရေပြင်ကိုတော့ ရော့ကတ်တွေသုံးပြီးသာ မျက်မြင်ပစ်ခတ်နိုင်တာမို့ ထူးခြားလာတဲ့ မျိုးဆက်တစ်ခု မဟုတ်ဘူးလို့ဆိုလို့ရမယ်ထင်ပါတယ်။ တစ်ပြိုင်တည်း ဝေဟင်ပစ်မှတ် ၁၀ခုကို ရှာနိုင်ပြီး တစ်ချိန်တည်း ၂ခုကို ချိန်ရွယ်တိုက်ခိုက်နိုင်ပါတယ်။ B တွေရဲ့ ကိုယ်ထည်ဟာ မော်ဒယ်နံပတ် ၉.၁၂ ဖြစ်ပြီး S တွေရဲ့ ကိုယ်ထည်က ၉.၁၃ ဖြစ်ပါတယ်။ hardpoints ၆ခု ဗိုက်အောက်တစ်ခု၊ ဆီတိုင်ကီကလွဲလို့ ထူးထူးခြားခြား ကွဲပြားတာ မဟုတ်တဲ့အတွက် SE တွေမှာ တပ်ဆင်သလို B တွေမှာ လိုက်တပ်ဆင်လို့ရပါတယ်။ SE တွေကို SM အဆင့်ဖြစ်တဲ့ လေဆာပဲ့ထိန်းဗုံးစနစ်တွေ တပ်ဆင် မြင့်တင်နိုင်ပါတယ်။ သို့မှသာ ဘက်စုံသုံးဆိုတဲ့ အဆင့်ရောက်မှာဖြစ်ပြီး၊ သည်မှာတင် အဆင့်မြင်တင်မှု ရပ်ဆိုင်းပီဖြစ်ပါတယ်။ သင်္ဘောပစ်ဒုံးတပ်ဆင်နိုင်တယ်လို့ မတွေ့ရပါဘူး။ ဒါပေမယ့် ဝေဟင် ကြားဖြတ်တိုက်ခိုက်တာမှာတော့ မြေပြင်နဲ့ ဝေဟင် အမိန့်ပေးယာဉ်တွေနဲ့ တွဲဖက်ပြီး စစ်ဗျူဟာ ခင်းနိုင်တဲ့ အနေထားကို ရရှိမှာဖြစ်ပါတယ်။ အကာကွယ် ကင်းမဲ့လုနီးနီး မြေပြင်ကိုလဲ စစ်ဆင်နိုင်စွမ်းရှိလာမှာဖြစ်ပါတယ်။ အီလက်ထောနစ် စစ်ဆင်ရေးနဲ့ ထိုးဖေါက်တိုက်ခိုက်ခြင်းကိုတော့ ဆောင်ရွက်နိုင်ချေ နဲပါတယ်။ ဒါအတွက် SMT လို့ အဆင့်မြင့်တင်ပေမယ့် ကိုယ်ထည်နဲ့ စနစ်တွေကြောင့် ဆင်ဖိုးထက် ချွန်းဖိုးကြီးပါတယ်။ လက်နှက်သယ်နိုင်မှုဟာ တောင်ပံအောက် ၆ခုသာ ပါတာမို့ ဘက်စုံဆိုတာထက် ဆိုင်ရာ စစ်ဆင်ရေးအလိုက် သီးခြားရွေးချယ် တပ်ဆင်ရမှာဖြစ်ပါတယ်။
MiG-35 တိုက်လေယာဉ်၏ အချက်လက်များ
 ကိုယ်ထည်မော်ဒယ်နံပတ် ၉.၁၅ နဲ့ Mig33 လို့ ထင်ခဲ့ကြတဲ့ hardpoints ၈ခုပါတဲ့ ကိုယ်ထည်နဲ့ အဆင်မြင့် အီလက်ထောနစ်စစ်ပွဲတွေနဲ့ မြေပြင်ညွန်ကြားချက်၊ ဂျိုတုလမ်းညွန်နဲ့ ပေါင်းစပ် စစ်ဆင်နိုင်ဖို့ အဆင့်မြင့်ထုတ်လုပ်တာကတော့ Mနဲ့ M2 ပါ။ M2 က ၂ယောက်မောင်းပါ။ လေဆာပဲ့ထိန်းတွေ၊ သင်္ဘောပစ်ဒုံးတွေသာမက၊ အဆင့်မြင့်ရေဒါတွေကိုပါ တပ်ဆင်တဲ့အတွက် ပဉ္စမမျိုးဆက် ကိုယ်ပျောက်တွေကိုပါ ရှာဖွေခြေမှုန်းနိုင်ပါတယ်။ မြင်ကွင်းအလွန် ပစ်မှတ်တွေကို ဝေဟင်ကွပ်ကဲမှုနဲ့သာမက မြေပြင်လမ်းညွန်ထိန်းချုပ်မှုနဲ့ပါ စစ်ဆင်နိုင်ပါတယ်။ အီလက်ထောနစ်နဲ့ ရေဒါခွင်းဒုံးတွေကို ပစ်ခတ်နိုင်တဲ့အတွက် ရန်သူကို ထိုးဖေါက်တိုက်ခိုက်စစ်ဆင်နိုင်ပါတယ်။ သို့သော် တာဝေးပျံသန်းနိုင်မှုအားနဲပါတယ်။ ကိုယ်ထည်က B နဲ့ဆင်တူပေမယ့် တပ်ဆင် စနစ်တွေများစွာကွာခြားပါတယ်။ တောင်ပံအောက် ၈ခုထိပါလာတာမို့ လက်နှက်ကို မြေပြင်ဝေဟင် စုံလင်အောင်သယ်နိုင်ပြီး လမ်းညွန်ကွပ်ကဲမှုနဲ့ ဘက်စုံစစ်ဆင်နိုင်ပါတယ်။
အဲဒီကနေ OVT၊ အဲကနေ Mig35 ရယ်လို့ ထုတ်လုပ်လိုက်တာကတော့ ပဉ္စမမျိုးဆက်တွေကို တိုက်ခိုက်ဖို့အပြင်၊ ကိုယ့်ရဲ့ ရေဒါမိနိုင်ချေ ထောင့်ချိုးတွေကိုပါ သိသိသာသာလျော့ချထားတာမို့ ပျံသန်းပုံ နည်းစနစ်ကိုလိုက်ပြီး ရန်သူကို လှည့်စားအကြောင်ရိုက်နိုင်ပါတယ်။ fly by wire စနစ်ကို အဆင့်မြင့်ထည့်သွင်းထားပြီး၊ ကိုယ်တိုင် ဝေဟင် မြေပြင်ကွပ်ကဲမှုနဲ့ ကင်းလွတ်ရာမှာ ဘက်စုံကို စစ်ဆင်နိုင်အောင် စီမံထားပါတယ်။ တာတို ရန်သူ့နောက်ပိုင်းနယ်မြေကို နက်နက်ရှိုင်း၂ထိုးဖေါက်နိုင်ပါတယ်။ M နဲ့ကွာခြားချက်က အဆင်မြင့် ဆက်သွယ်ရေးကွန်ယက်တွေနဲ့ အလွယ်တကူချိတ်ဆက်တိုက်ပွဲဝင်နိုင်ပြီး၊ ပဉ္စမျိုးဆက်တွေကို ရင်ဆိုင်ဖို့ သေချာပြင်ဆင်ထားပုံပါပဲ။
မြန်မာ့တပ်မတော် (လေ)ရှိ မစ်-၂၉ အက်စ်အီး တိုက်လေယာဉ်
B တစ်စင်းဟာ ဒေါ်လာ ၁၅-၁၉သန်းလောက်ရှိပြီး တစ်ပတ်ရစ်တွေ ဝယ်ခဲ့တာကြောင့် ကုန်ကျစား၇ိတ်နဲပေမယ့် အဆင့်မြင့်တင်စားရိတ်ကြီးပါတယ်။ SE တစ်စင်းက ခန့်မှုန်း ၂၀ဝန်းကျင်ရှိနိုင်ပါတယ်။ M တစ်စင်းဟာ ဒေါ်လာသန်း ၃၀-၃၅ ခန့်ရှိပါတယ်။ 35 ကတော့ ၃၅ကနေ ၄၀ဝန်းကျင်ဖြစ်နိုင်ပါတယ်။ အပိုပစ္စည်းနဲ့ အခြားအရာတွေကို ထည့်တွက်လိုက်ရင် လေတပ်ဘတ်ဂျက် သန်း ၂၀၀ အတွက် M သို့မဟုတ် 35 ၄စင်းခန့်ဝယ်ယူနိုင်ပါတယ်။ ဈေးချိုသလို လက်ရှိ SE တွေကိုလဲ SM အဆင့်မြင့်ဖို့ သဘောတူခဲ့နိုင်ပါတယ်။ အဟောင်းကို အဆင့်မြင့်တာ မြန်ဆန်သက်သာသော်လည်း ယခုအချိန်ဟာ မျိုးဆက်တစ်ဆင့် တက်ဖို့ လိုအပ်နေပါပြီ။
မစ်-၃၅ တိုက်လေယာဉ်တစ်စီးအား တွေ့ရစဉ်
 တပ်မတော်(လေ)မှ စမ်းသပ်မောင်းနှင်စဉ်
 လေယာဉ်တွေဟာ ပင်လယ်ကို ပျံသန်းတဲ့အခါ တည်ဆောက်ထားတဲ့ ကိုယ်ထည်ရဲ့ ဆားငွေ့ဒဏ်ခံနိုင်ခြင်း မခံနိုင်ခြင်းကို မူတည်ပြီး ပျံသန်းချိန် နာရီတွေကုန်ကျပါတယ်။ မူလဝယ်တဲ့ B တွေဟာ ကုန်းတွင်းပိတ် နိုင်ငံက ဝယ်တာဖြစ်လို့ ပင်လယ်ပြင် ဆားငွေ့နဲ့ မကိုက်ဘူးဆိုကြပါတယ်။ မည်သို့ဆိုပါစေ။ ရေဒါဆက်ကြောင်းတွေအရ၊ ရေဒီယိုကြားဖြတ်တွေအရ၊ မြန်မာ့အခြေစိုက် လေတပ်မှ Mig တစ်စစင်းတက်သွားတယ်ဆိုခဲ့လျင် ဘေးနား နိုင်ငံတွေ အတွက် SE အဆင့်သာ အမြင့်ဆုံးဖြစ်လို့ ပဲ့ထိန်းဗုံးနဲ့ တိကျပစ်မှတ်ချေမှုန်းတာနဲ့ ရေပြင် သင်္ဘောတွေကို တိုက်တာမျိုးအတွက် စိုးရိမ်စရာမရှိတော့ပေ။ စစ်ဖြစ်ရန် တာဆူနေချိန် ရေဒါထဲတွင် ဖြတ်ပိုင်းပုံဖြတ်ခန့်မှန်းချက်အရ Mig29 ဟုသိလျင်ပင် မြေပြင်ပစ်မှတ်များနှင့် ရေပြင်ပစ်မှတ်များ ထူးထူးခြားခြား စိုးရိမ်စရာမရှိပေ။ M သို့မဟုတ် 35 တစ်စင်းနှင့် အထက်သာ ရှိနေပါက။ တက်သည့်လေယာဉ်သည် Mig 29 ဆိုသည်နှင့် ဘင်္ဂလားနှင့် ထိုင်းအဖို့ လိုလိုပိုပို ပြင်ဆင်သင့်သည်များမှာ အဆင့်တစ်ခု တိုးသွားပြီး၊ ထိုက်တန်သော အသာစီးရ ချိန်းခြောက်မှုမျိုးကို ပိုင်ဆိုင်ထားမှာ ဖြစ်ပါတယ်။ ထိုင်းက ဂရစ်ဖင်တွေနဲ့ F16 တွေဟာ ပဲ့ထိန်းဒုံးသယ်ဆောင်နိုင်ပါတယ်။ 
တပ်မတော်(လေ)ရှိ မစ်-၂၉ တိုက်လေယာဉ်
များ
 M နှင့် 35 သည် ထူးခြားကွဲပြားစွာ ကွာခြားချက် မရှိသောကြောင့် ငွေကြေးအခြေနေကိုသာ ကြည့်ပြီးရွေးချယ်ဖို့ များပါလိမ့်မယ်။ SU တွေကို လမ်းသစ်ဖေါက် ဝယ်ယူမည့်အစား Mig ကို ဝယ်လိုက်ခြင်းဖြင့် ရှိပြီးသား Mig များရဲ့ ချိန်းခြောက်နိုင်မှုစွမ်းအားကိုလဲ ရရှိလာမှာဖြစ်ပါတယ်။ မြေပြင်သာမက ရေပြင်ကိုပါ တိုက်ခိုက်နိုင်စွမ်း ရေဒါစခန်းများကိုပါ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိလာရာ Mig များဝေဟင်ရှိနေသမျှ တစ်ဘတ် ဝေဟင်၊ ရေပြင်၊ မြေပြင်မှ ပစ်မှတ်များအား ချိန်းခြောက်ခေါင်းခဲစေနိုင်တော့မှာဖြစ်ပါတယ်။ ဧလာက တက်သည့် Mig သည် Bလား M လား မသေချာသ၍ ဘင်္ဂလားရေတပ် သင်္ဘောများလဲ စိတ်အေးနိုင်မည်မဟုတ်ပါ။ ရေဒါဖြတ်ပိုင်းပုံအရ SU လား Mig လား ခွဲခြားကာ ရင်ဆိုင်ဖို့ ပြင်ဆင်ချိန်အစား Mig ဟာ Bလား SE လား M/35 လား အချိန်တိုင်း ရင်ခုန်နေစေခြင်းဖြင့် မြန်မာ့ Mig29 များ ဝေဟင်တက်တိုင်းတွင် ရန်သူ ရေဒါကင်းသမားများအား ရင်ခုန်စဖွယ် အချိန်လေးများကို ပေးစွမ်းနိုင်မှာဖြစ်နေတော့မှာဖြစ်ပါကြောင်း ထင်ရာဖော်ပြပေးလိုက်ရပါတယ်။
Thursday, June 20, 2013
တပ်မတော် ဘာလဲ.... ဘယ်လဲ.... ၁၆
 မြန်မာ့မြေပေါ် ကျူးကျော်ဝင်ရောက်လိုသည့် ယိုးဒယားစစ်တပ်အား တိုက်ခိုက်ချေမှုန်း၍ အမိမြန်မာမြေအား ကာကွယ်ပေးခဲ့သည့် တပ်မတော်သားများ၏ စွမ်းဆောင်ရည်များနှင့် မေ့လို့မရသည့် သမိုင်းမှတ်တမ်းများအား ပြန်လှည်ဖော်ပြခွင့်ပြုသည့် ဆောင်းပါးရှင် ကိုရဲမိုးအား အထူးကျေးဇူးတင်ရှိပါသည်...။
၂၀၀၂ ခုနှစ် မေလ ၄ ရက်နေ့ မှာ ကျိုင်းတုံ အခြေစိုက် အမှတ်(၃) တပ်မတော်ထောက်လှမ်းရေးတပ်ရင်း
 တပ်ရင်းမှူးဟာ အမှတ် (၂၂) တပ်မတော်ထောက်လှမ်းေ၇းတပ် (ကျိုင်းတုံ) နဲ့  အမှတ် (၂၄) တပ်မတော်ထောက်လှမ်းရေးတပ် (တာချီလိတ်) တို့ က ချက်ချင်း ပေးပို့ လိုက်တဲ့ 
ထိပ်တန်းလျှို့ ဝှက် ကြေးနန်းစာ ၂စောင်ကို အလျင်အမြန်ဖတ်ရှုနေပါတယ်…..
ဒီကြေးနန်းမှာ ဖော်ပြထားတဲ့ သတင်းတွေဟာ မကြာမီ နာရီပိုင်း အတွင်းမှာပဲ  ရန်ကုန်မြို့ မှာရှိတဲ့  တပ်မတော်ထောက်လှမ်းရေးဌာနချုပ်ရုံး၊ပြည်တွင်းထောက်လှမ်းရေးဌာန တိုက်ပွဲထောက်လှမ်းရေးဌာနခွဲ နဲ့  ပြည်ပထောက်လှမ်းရေးဌာန နိုင်ငံခြားထောက်လှမ်းရေးဌာနခွဲတို့ ကို
အထူးဆက်သားနဲ
့ပေးပို့ ခြင်းခံရတော့မှာလည်း ဖြစ်ပါတယ်….။
၂၀၀၂ ခုနှစ် ဧပြီလကုန်ပိုင်းမှာ ယိုးဒယားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့  အမှတ် ၃ စစ်တိုင်းမှာ SURASI 143 လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို
ပြုလုပ်သွားမယ်လို့ ရုတ်တရက်ကြေငြာခဲ့ ပါတယ်…။
အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ ယိုးဒယားဘတ်ငွေ သန်း ၂၀၀ကျော် ကုန်ကျပြီး စစ်သည် အင်အား ၂၀၀၀၀ ကျော်နဲ့ သံချပ်ကာကား တင့်ကား အမြောက်အများပါဝင်မှာလဲ ဖြစ်ပါတယ်...။
လေ့ကျင့်မှု ပြုလုပ်မယ့် နယ်မြေဟာ မြန်မာနယ်နိမိတ် နဲ့  အလွန်အမင်းနီးကပ်နေတဲ့ အပြင် ယိုးဒယားတပ်စခန်း ၂၆ ခုနဲ့  တပ်မတော်က ရှေ့တန်းစခန်းတွေချင်း ထိပ်တိုက်ရင်ဆိုင်ထားတဲ
အပြင်းအထန် ကန့် ကွက်ခဲ့ ပေမယ့် ယိုးဒယား အစိုးရကတော့ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မပြုခဲ့ပါဘူး…..။
ရန်ကုန်မြို့ ၈မိုင်မှာရှိတဲ့ တပ်မတော်ထောက်လှမ်းရေးဌာနချုပ်ရုံး တိုက်ပွဲ ထောက်လှမ်းရေးဌာနခွဲ အဖို့ ကတော့ ဒီရက်ပိုင်း နယ်မြေခံ ထောက်လှမ်းရေးတပ် အချို့ ကတင်ပြလာတဲ့သတင်းတွေဟာ
အတော့်ကို ရှုပ်ထွေး စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေပါတယ်...။ ယိုးဒယား နိုင်ငံ မယ်ဟောင်ဆောင် မြို့ က
ထိပ်တန်းလျှို့ ဝှက် အဆင့်ရှိ သတင်းပေးတစ်ဦး ပေးပို့ လာတဲ့ သတင်းအရ SURA တပ်မှူးများ အစည်းအဝေးကို ဇန်န၀ါရီလ ပထမပတ်အတွင်းက မယ်ဟောင်ဆောင်မြို့ မှာ ပြုလုပ်ခဲ့ ပြီး
စစ်ဆင်ရေးများတိုးမြှင့်လုပ်ဆောင်ရန်နှင့် အောင်မြင်ပါက လက်နက်မျိုးစုံ အလက် ၂၀၀၀ နှင့်
ခဲယမ်း သန်း၂၀ခန့်  ယိုးဒယားထံမှ ရနိုင်ဖွယ်ရှိတယ်ဆိုတဲ့ အချက်နဲ့  ယိုးဒယား တပ်မတော် အရာရှိကြီးတစ်ဦးမှ မယ်ဆိုင်မြို့ ရှိ ဆွေမျိုးများထံ ဖုန်းဆက်ပြီး မယ်ဆိုင်မှ  အမြန်ဆုံးထွက်သွားဖို့ ပြောတဲ့အတွက် မိသားစုလိုက် အဆောတလျင် ထွက်ခွာသွားတယ်ဆိုတဲ
အောင်ဇေယျ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်မှုအတွင်းတွေ့ရသည့် တပ်မတော်သားများ
၂၀၀၂ ခုနှစ် မေလ ၄ ရက်နေ့ ၁၄း၃၀ ချိန်မှာတော့ အမှတ်၃၂၈ ယိုးဒယားသံချပ်ကာတပ်က
တင့်ကား ၁၀စီး၊ဘီးတပ်အမြောက် ၄လက်၊အင်အား၅၀၀ ခန့် ပါဝင်တဲ့ စစ်ယာဉ် အစီး ၅၀ခန့် ဟာ
မယ်ဖားလုံခရိုင်ရှိ နယ်စပ် စခန်းတွေမှာ တပ်ဖြန့် ချလာပြီး ၂၀း၀၀ ချိန်မှာတော့ စစ်သည်အင်အား ၅၀၀ ခန့် ဟာ ချိန်းတပ် အမြောက်တင် သံချပ်ကာ အစီး ၂၀ ဆယ်ဘီးယာဉ်ဖြင့် တင်လာတဲ့ ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက် ၂လက်၊ဂျစ်ကား ၃စီးနဲ့ အတူ မဟိန်တက် ၀န်းကျင်မှာ ၀င်ရောက်နေရာယူခဲ့ ပါတယ်...။မေလ ၁၀ ရက်နေ့ မှာတော့ ရွက်ဆစ်ဦးစီး SURA အင်အား ၁၀၀ခန့် ဟာ
မိုးကာအုပ်ထားတဲ့ လက်နက်ကြီး ၃လက်နဲ့ အတူ လွယ်တိုင်းလျံမှ မိုင်းနသို့ ရောက်ရှိလာပြီး
မေ ၁၈ ရက်နေ့ မှာ ချိန်းတောင်းမြို့ နယ် နားဝိုင် တစ်ဝိုက် မှာ သံချပ်ကာယာဉ် ရွေ့ ပြောင်းမှုများ အများအပြားရှိခဲ့ ပါတယ်...။မေ ၁၉ ရက်နေ့ မှာတော့ ယိုးဒယားတပ်ဖြန့် ချထားမှုဟာ သံချပ်ကာယာဉ် ၁၇၀၊တင့်ကား ၉၆ စီး၊စစ်သည် ၂၆၀၀၀ ကျော်နဲ့  SURA အင်အား ၇၀၀ ကျော်တို့ ကို
နယ်စပ်တစ်လျောက် တပ်ဖြန့်  နေရာယူပြီးဖြစ်နေပါပြီ …….။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနေနဲ့ တော့ တပ်မတော်ထောက်လှမ်းရေးက ပေးပို့ လာတဲ့ 
ဒီတပ်ရွေ့ ပြောင်း နေရာချထားမှု သတင်းတွေဟာ စစ်ရေးလေ့ကျင့်မှု သက်သက်လား အခြားရည်ရွယ်ချက် တစ်စုံတစ်ရာကြောင့်လား ဆိုတာ ဝေခွဲရခက်ခဲပေမယ့် ချက်ချင်းဆိုသလိုပဲ
နယ်စပ်ဒေသ ခံစစ်စခန်းများ အားလုံးကို အသင့်ပြင်စေခဲ့ ပြီး အမှတ် ၆၅ ခြေလျင်တပ်ရင်းကို နားတောင်းမူ
အမှတ် ၂၂၆ ခြေလျင်တပ်ရင်းကို တာချီလိတ် နဲ့  အမှတ် ၃၀၄ ခြေမြန်တပ်ရင်းကို ပန်မိုင်ဆွန် ဒေသ တို့ ကို အသီးသီး ချီတက်စေခဲ့ ကာ အမှတ် ၃၃ ခြေမြန်တပ်မ ကို စတင် တပ်လှန့် ခဲ့ ပါတယ်...။
ဒါပေမယ့် အခု အချိန်ထိတော့ ဒီလှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ဟာ မှန်းဆရ ခက်ခဲတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်….။
၂၀၀၂ ခုနှစ် မေလ ၂၀ရက်နေ့ နံနက် ၉ နာရီ မှာ ရန်ကုန်မြို့ အမှတ် ၂၀ အင်းယားလမ်း တပ်မတော် ဧည့်ဂေဟာထဲကို ဒုတိယ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ဗိုလ်ချုပ်ကျော်ဝင်းနဲ့  ပြည်တွင်းထောက်လှမ်းရေးဌာန ဒုတိယဌာနကြီးမှူး ဗိုလ်မှူးကြီးစန်းပွင့် တို့ ဟာ
မျက်နှာထား ခပ်တင်းတင်းနဲ့ ဝင်ရောက်လာပါတယ်...။ခန်းမထဲမှာတော့ ပြည်တွင်း ပြည်ပ သတင်းစာဆရာတွေနဲ့ ပြည့်နှက်နေပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်ကျော်ဝင်းဟာ ဒီကနေ့ မနက် ၄ နာရီ ၁၅ မိနစ်မှာ နယ်စပ်တစ်လျောက်မှာ ရှိနေတဲ့ တပ်မတော် ရှေ့ တန်းစခန်း အများအပြားကို SURA နဲ့  ယိုးဒယားစစ်တပ် ပူးပေါင်းပြီး ၀င်ရောက်စီးနင်း တိုက်ခိုက်နေပြီ ဖြစ်ကြောင်းနဲ့ လူ လက်နက် အင်အားမမျှပေမယ့် တပ်မတော် စခန်းငယ်တွေဟာ အခုလက်ရှိအချိန်အထိ အပြင်းအထန်
ကာကွယ်ခုခံနေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်……။
ဒါပေမယ့်လဲ အခြေအနေဟာ တစ်ဖက်က အသာစီးရနေခဲ့ ပါပြီ...။ ၂၁.၅.၂၀၀၂ ရက်နေ့  နံနက် ၃ နာရီ ၃၀ ချိန်မှာ နယ်စပ် ခံစစ် ဘီပီ-၅ စခန်းအပါအ၀င် ပန်မိုင်ဆွန် ၊ ပန်ကန့် ကော်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ စခန်းများ အားလုံးနီးပါး ကျဆုံးသွားခဲ့ပြီး အဲဒေသက ရွာတွေ အားလုံးလဲ မီးရှို့ ဖျက်ဆီးခံခဲ့ ရပါတယ်..။
ဒေသခံတွေလည်း အများအပြား ထိခိုက်သေဆုံးခဲ့ ရပြီး ပညာရေးနဲ့ ကျန်းမာရေး ၀န်ထမ်း ဆရာမ အချို့ ကိုလဲ SURA က သုံ့ ပန်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ ရပါတယ်..။
ဒါဟာ ၂၀၀၁ ခုနှစ်က နာကျည်းချက် ဒဏ်ရာအကင်းမသေသေးတဲ့  တပ်မတော်အစိုးရအပေါ် သွားပြီး
စနက်တံ မီးရှို့ လိုက်သလို ဖြစ်သွားစေနိုင်တဲ့ အချက်လဲ ဖြစ်ပါတယ် အခြေအနေကတော့ တပ်မတော် အစိုးရဟာ တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်ပြီး ဖြစ်ပုံရပါပြီ ……။
မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့
နောက်ထပ် နာရီ အနည်းငယ် အတွင်းမှာတော့ အမှတ် ၃၃ ခြေမြန်တပ်မ လက်အောက်ခံ တိုက်ခိုက်ရေး တပ်ရင်းတွေဟာ တိုက်ပွဲ ဖြစ်ပွားရာ နယ်မြေအတွင်းကို ဒေါသတကြီးနဲ့  တဟုန်ထိုးချီတက်လျက် ရှိသလို
တြိဂံဒေသတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေ ဟာလည်း အမြန်ဆုံး စစ်ကူလိုက်လာနေပါပြီ...။
ရန်ကုန် အမှတ်၃ အမြန်လမ်းမကြီးတစ်လျောက်မှာတော့ တပ်ရွေ့ ပြောင်းမှု အများအပြားကို တွေ့ မြင်ရပြီး
အမြောက်တပ်မ တစ်ခုဟာ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တင် စစ်ယာဉ် အများအပြားနဲ့ 
တလကြမ်းချီတက်သွားတာကိုလဲ မြင်တွေ့ လိုက်ရမှာ ဖြစ်ပါတယ်...။
တပ်မတော်(ရေ) ရဲ့  ဒုံးပျံတင် ကော်ဗက် စစ်ရေယာဉ် ၃စီး အပါအ၀င် စစ်သင်္ဘော ၈ စီး ဟာလဲ
မြန်မာ့ ရေပိုင်နက် နယ်နိမိတ်ဆီကို မိုင်ကုန်တင် ခုတ်မောင်းနေသလို နမ့်စန် လေတပ်စခန်းက
တိုက်ခိုက်ရေး
လေယာဉ်အုပ်များအားလုံးလဲ တိုက်ပွဲဝင်ရန် အသင့် အနေအထား တပ်လှန့် အမိန့် ၀င်လာပါတယ်...။ ယိုးဒယား နိုင်ငံအနေနဲ့ တော့ အခြေအနေဟာ
ယခင်အကြိမ်ပေါင်းများစွာလိုပဲ နယ်စပ်ဒေသ ကန့် သတ်စစ်ပွဲ အဆင့်ကို ရည်မှန်း ရန်စလို့ မရနိုင် လောက်တော့ပါဘူး…....။
အမြောက်တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးမြင်ကွင်းတစ်ခု
၂၁.၅.၂၀၀၂ ရက်နေ့ မှာပဲ ယိုးဒယား တီဗွီ ချာနယ် 7 ဟာ တပ်မတော်စခန်းတွေ နဲ့ ဒေသတွင်း ၀ တပ်ဖွဲ့ စခန်းတွေ ကို SURA က၀င်ရောက်သိမ်းပိုက်ရာမှာ မူးယစ်ဆေးဝါး အများအပြား ဖမ်းမိခဲ့ တယ်လို့ ကြေငြာကာ စစ်ပွဲကို ပုံဖော်ခဲ့ ပြီး ဒီဖြစ်စဉ်မှာ ယိုးဒယား စစ်တပ်က လုံးဝပါဝင်ခဲ့ ခြင်းမရှိကြောင်းအမှတ် (၃) တပ်တော်မှူး ဒုတိယဗိုလ်ချုပ်ကြီးဝပ်တနာချိုင်းက
 ငြင်းဆိုခဲ့ ပါတယ်...။ တစ်ချိန်တည်းမှာပဲ ယိုးဒယား တပ်မတော် ကြည်းတပ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ က မြန်မာနိုင်ငံ အနေနဲ့ ယိုးဒယားကို ထိပါးလာရင် အင်အားသုံးပြီး ဖြေရှင်းမယ်လို့ တိတိလင်းလင်း ထုတ်ပြောခဲ့ ပါတယ်…..။
နောက်ရက်မှာတွေမှာတော့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ သံအမတ် နှစ်ဦးလုံးကို ခေါ်ယူပြီး
ပြင်းပြင်းထန်ထန် ကန့် ကွက်သတိပေးခဲ့ ကြ သလို ဗန်ကောက် ပို့ စ် နေရှင်း စတဲ့ ယိုးဒယား သတင်းစာတွေနဲ့ မြန်မာ့အလင်း ကြေးမုံ သတင်းစာတို့ ရဲ မီဒီယာ တိုက်ပွဲကြီးလည်းစတင်ပါပြီ...။
လတ်တလော ထုတ်ဝေနေတဲ့  ယိုးဒယား သတင်းစာများမှာ 
မြန်မာမုန်းတီးရေး ဆောင်းပါးများနဲ
ပည့်နှက်နေသလို မြန်မာ့သတင်းစာများက ဖော်ပြနေတဲ့ ဒေါက်တာ မတင်ဝင်းရဲ့  " ဗြနရာဇ် လူမဖြစ်ပါ " ဆိုတဲ့ အခန်းဆက်ဆောင်းပါးတွေဟာ ဘုရင်ကို အထွတ်အမြတ် ထားလှတဲ့ ယိုးဒယားတို့ ကိုတော့
အတော့်ကို ယမ်းပုံမီးကျ ဖြစ်စေခဲ့ ပါတယ်....။ မကြာခင်ပဲ ယိုးဒယားရဲတပ်ဖွဲ့ ဟာ ဒေါက်တာမတင်ဝင်း ၊ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာအယ်ဒီတာတွေကို Black List စာရင်းသွင်းကာ ပြည်ဝင်ခွင့်ပိတ်ခဲ့ ပြီး
မြန်မာနိုင်ငံကလဲ ဘန်ကောက်ပို့ စ် နဲ့ နေရှင်း သတင်းစာ အယ်ဒီတာများအပါအ၀င် ယိုးဒယားဆောင်းပါးရှင် ၁၇ ဦးကို ပြန်လည်ပြီး Black List သွင်းကာ ပြည်ဝင်ခွင့် ပိတ်ခဲ့ ပါတယ်…..။
၂၀၀၂ခုနှစ် ဇွန်လ ၁ ရက်နေ့ မှာ တပ်မတော် အစိုးရဟာ ပြည်တွင်း ပြည်ပ သတင်းစာဆရာများနဲ့ 
သံရုံး အသီးသီးမှ သံတမန်များ စစ်သံမှူးများ အားလုံးကိုဖိတ်ခေါ်ပြီး သမိုင်းတစ်လျောက် သဘောထား တင်းမာလွန်းတဲ့  ထုတ်ပြန်ချက်တစ်ခုကို တိတိလင်းလင်း ထုတ်ပြန်ခဲ့ပါတယ်...။
ဒီ ထုတ်ပြန်ချက်ကတော့ တပ်မတော် အနေနဲ့ ကျဆုံးသွားတဲ့ ပန်မိုင်ဆွန်ဒေသ စခန်းအားလုံးတို့ ကို
ပြန်လည်တိုက်ခိုက်တော့မှာဖြစ်ပြီး အကယ်လို့ ယိုးဒယားတပ် တွေအနေနဲ့ မိမိတို့ ကို ပစ်ခတ်လာမယ်ဆိုရင် ချက်ချင်း ပြန်လည် တုံ့ ပြန်ပစ်ခတ် တိုက်ခိုက်ဖို့ တပ်တွေကို အမိန့် ပေးလိုက်ပြီ ဖြစ်တဲ့ အကြောင်းပါ …...။
ဒီထုတ်ပြန်ချက်ဟာ ယိုးဒယားအပေါ်တိတိလင်းလင်း စိန်ခေါ်လိုက်တာဖြစ်သလို လိုအပ်ရင် စစ်ဖြစ်ဖို့ အသင့်ရှိတယ်ဆိုတဲ့ သဘောလဲ သက်ရောက်တဲ့ အတွက် သံတမန် များရဲ့ အာမေဋိတ်သံဟာ ခန်းမထဲမှာ တော့ အတော်ပဲ ကျယ်လောင်သွားခဲ့ပါတယ် ယိုးဒယား စစ်သံမှူး အနေနဲ့ တော့
သတင်းထောက်များ ၀ိုင်းဝန်းမေးမြန်းမှုတွေကို မျက်နှာမကောင်းစွာနဲ့ ပဲ ပြောစရာ မရှိကြောင်း ပြောကြားခဲ့ ပြီး သံရုံးကိုအလျင်အမြန် ထွက်ခွာသွားပါတယ်...။သူဟာ ဒီ ရာဇသံကို
သူ့ နိုင်ငံ အစိုးရဆီ အမြန်ဆုံး သတင်းပို့ ရမှာဖြစ်သလို မြန်မာလူထုရဲ့ ဒီပြသနာအပေါ် သဘောထားကိုလဲ ထောက်လှမ်းရေး အစီရင်ခံစာ အများအပြားရရှိပြီးဖြစ်တဲ့ အတွက် မျက်နှာမကောင်းတာလဲ ဖြစ်နိုင်ပါတယ်….။
၁၀၅မမ အမြောက်လက်နက်
ပြီးခဲ့ တဲ့  ၃ ၄ ရက်ကစလို့ ရန်ကုန် မှာရှိတဲ့ ယိုးဒယား သံရုံးကို လုံခြုံရေး တိုးမြှင့်ပေးထားရပြီး
နိုင်ငံအနှံအပြားက ယိုးဒယား ပစည်းများရဲ့ ရောင်းအားဟာလဲ ဒလဟော ထိုးကျလို့ နေ နေပါပြီ...။
မြန်မာပြည်အနှံ့ က အလံတွေလွှင့်ထူထားလို့ ရဲရဲတောက်နေတဲ့ အိမ်တွေရဲ့ မျက်နှာစာကို တိုင်းမ် မဂဇင်း က မျက်နှာဖုံး သတင်း အဖြစ်ဖော်ပြခဲ့သလို ရွှေရောင်ပစ်မှတ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲရဲ 
့ဇာတ်ဝင်ခန်းထဲက " ကျွန်တော့်ကို အချိန် ၃ရက်သာပေးပါ... ဘန်ကောက်မြို့ ပေါ်လမ်းလျောက်ပြပါမယ် ဗိုလ်မှူး " ဆိုတဲ့  စကားဟာ တစ်ပြည်လုံး အနှံ့ က လူငယ်တွေ တဖွဖွ ရေရွတ်လို့ နေ နေပါပြီ....။
ဒါဟာ ယိုးဒယားအဖို့ တော့ သူတို့ မျှော်လင့်မထားတဲ့ တုန့် ပြန်မှု ဖြစ်ပြီးဒီနောက်ပိုင်းမှာတော့ ယိုးဒယားအနေနဲ့ ဒီလို အပြုအမှုမျိုးဟာ နောက်ထပ်လုပ်ရင် မြန်မာနဲ့ စစ်ဖြစ်ပွားတဲ့ ထိ
ဖြစ်နိုင်တယ်ဆိုတဲ့ အနေအထားကို သဘောပေါက် သွားပုံလဲရပါတယ်…….။
၂၀၀၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ မှာပဲ တပ်မတော် ရဲ့ တန်ပြန်ထိုးစစ်ဟာ အပြင်းအထန် စတင်လာပါတယ်...။
ရန်သူများနဲ့ ရင်ဆိုင်ထိန်းချုပ်ထားတဲ့ တပ်တွေ အပြင် နည်းဗျူဟာ ၅ခု တပ်ရင်း ၁၃ ရင်း ဟာ
လက်နက်ကြီးပစ်ကူ အမြောက်အများနဲ့ စခန်းတွေကို ၀င်ရောက်လုံးထွေးကုန်သလို နှစ်နိုင်ငံ အမြောက်တပ်တွေကတော့ နယ်စပ်ဖြတ်ကျော်ပြီး မီးကုန်ယမ်းကုန်ပစ်ခတ်နေပါပြီ....။
ဒီတိုက်ပွဲစဉ်တွေမှာတော့
SURA နဲ့ ယိုးဒယား စစ်သည်တွေအဖို့  အတော်သွေးပျက်ဖွယ် အခြေအနေတစ်ခုကိုလဲ စကြုံလာရပါပြီ...။အဲဒါကတော့ တလစပ် ပစ်ခတ်နေတဲ့ ကြားက
မိုက်မိုက်ကန်းကန်း လှံစွပ်တက်ထိုးတဲ့  မြန်မာစစ်သည်တွေ နဲ့ အတူ ခေါင်းကြောမာလှတဲ့ 
အသေခံ ၀ တပ်ဖွဲ့ ဝင်တွေပါ ပါဝင်လာခြင်းပါ …...။
၁၂၀ မမ MA6 စိန်ပြောင်းကြီး
တာချီလိတ်နဲ့ မယ်ဆိုင်မြို့ တွင်းကို လည်း အမြောက်ကျည်များ မကြာခဏ ကျရောက်နေသလို
မယ်ဆိုင်မြို့ တွင်း နေရာယူထားတဲ့  ယိုးဒယားတင့်ကားတစ်စီးဟာ မြန်မာ အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ ဗုံးသီးတစ်လုံးကို ၃၅ ပေါင်လေးတဲ့  ၁၂၀ မီလီမီတာ MA6 စိန်ပြောင်းကြီး
တိုက်ရိုက်ထိမှန်သွားတဲ့ အတွက် စကူစုတ် တစ်ခုလို ရှုံ့ တွ မီးလောင် သွားပြီး ယာဉ်ပေါ်ပါ စစ်သည်အားလုံး သေဆုံးသွားပါတယ်...။ဒီ ထိမှန်ပေါက်ကွဲ မှုဟာ ယိုးဒယားစစ်တပ်ကို အတော် တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီး ပဲ့ ထိန်းစနစ်တပ် ဒုံးလက်နက် တစ်မျိုးနဲ့ 
ပစ်ခတ်ခံရတယ်လို့  ယူဆတဲ့ အတွက် ယိုးဒယား တင့်ကား အားလုံးကို နောက်ဘက် ကိုက် ၄၀၀ လောက်ထိ ဆုတ်ခွာသွားစေခဲ့ ပါတယ်…..။မကြာမီ ရက်ပိုင်း အတွင်းမှာတော့ SURA နဲ့ ယိုးဒယား တပ်ဖွဲ့ ဝင်တွေဟာ စတင်ဆုတ်ခွာလို့ နေရပါပြီ…...။
၂၀၀၂ ခုနှစ် ဇွန်လလယ်ရဲ့ သာမန် ည တစ်ညမှာ ညတိုက်ပွဲဝင် ၀တ်စုံ အပြည့်နဲ့
အမှတ် (၁၇၁) စစ်ဒေသက ၀ တပ်ဖွဲ့ ဝင် (၃၀၀) ခန့် ဟာ တဂျိမ်းဂျိမ်း ပစ်ခတ်နေတဲ့ ယိုးဒယား အမြောက်စခန်းတွေရဲ့ ရှေ့ ကာတပ် စခန်းများဆီကို နယ်စပ်ဖြတ်ကျော်ပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ
စိမ့်ဝင် ချီတက်သွားပါတယ်….။ အဲဒီည မှာပဲ နယ်စပ်မျဉ်းက ၂ ကီလိုမီတာ အကွာမှာရှိတဲ့ 
ယိုးဒယား ကာကင်း အတော်များများ ချေမှုန်းခံရပြီး ယိုးဒယား နယ်ခြားစောင့်တပ်စခန်း အတော်များများဟာ တိုက်ခိုက်ဖျက်ဆီး မီးရှို့ ခံခဲ့ရပါတယ်….။ဒါဟာ ယိုးဒယား အမြောက်များနဲ့
မြန်မာချေလျင်တပ်ဖွဲ့ များ အကြား တပ်အင်အား အတော်နည်းသွားတဲ့ သဘောဖြစ်ပြီး
ယိုးဒယားအမြောက်စခန်းများဟာ အကြီးအကျယ် ခြိမ်းခြောက်ခံနေရပြီဆိုတဲ့ အဓိပာယ်လဲ ဖြစ်ပါတယ်….။
ဒါပေမယ့်လဲ စစ်ပွဲဟာ အဖြေပေါ်နေခဲ့ပါပြီ နောက် ၂ရက်အကြာမှာတော့ မြန်မာပြည်ကို အင်အားသုံးမယ်ဆိုတဲ့ ယိုးဒယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ ဟာရာထူးမှ အနားပေးခံရပြီး နယ်စပ်မျဉ်းက ယိုးဒယားတပ်ဖွဲ့ ဝင်အမြောက်အမြားဟာ
ပြန်လည် ဆုတ်ခွာရပါတော့တယ် …...။
ဒါအပြင် အသစ်တက်လာတဲ့ ယိုးဒယား စစ်ဦးစီးချုပ်ဟာ
SURA အပေါ် ထောက်ပံ့ ပေးနေမှုကို ရပ်စဲလိုက်တဲ့အတွက် ယိုးဒယားနယ်မြေထဲမှာ အခြေစိုက်နေရတဲ့ SURA အဖို့ တော့ အနာဂတ်ကာလတွေမှာ အခက်အခဲ အတော်တွေ့ ရတော့မှာလည်း ဖြစ်ပါတယ်…..။
တပ်မတော်အနေနဲ့ ကတော့ ဒီတိုက်ပွဲစဉ်တွေ အပြီးမှာ ပြန်လည်သိမ်းပိုက်ခဲ့ တဲ့  နယ်စပ်ခံစစ် စခန်းများကို စစ်ကြောင်းအဆင့် ထိုင်တဲ့  မဆုတ်တန်း ခံစစ်စခန်းတွေ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ ပြီး ဒီနေ့အထိ အခိုင်အမာ ခံစစ်ပြင်ထားတော့တာကို တွေ့ရတော့မှာလဲ ဖြစ်ပါတယ်…….။
Thursday, June 13, 2013
တပ်မတော် ဘာလဲ...ဘယ်လဲ....၁၅
မြန်မာ့မြေပေါ် ကျူးကျော်ဝင်ရောက်လိုသည့် ယိုးဒယားစစ်တပ်အား တိုက်ခိုက်ချေမှုန်း၍ အမိမြန်မာမြေအား ကာကွယ်ပေးခဲ့သည့် တပ်မတော်သားများ၏ စွမ်းဆောင်ရည်များနှင့် မေ့လို့မရသည့် သမိုင်းမှတ်တမ်းများအား ပြန်လှည်ဖော်ပြခွင့်ပြုသည့် ဆောင်းပါးရှင် ကိုရဲမိုးအား အထူးကျေးဇူးတင်ရှိပါသည်...။
၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့  ညနေ ၃နာရီ လောက်မှာ နမ့်စန် လေတပ်စခန်းရဲ့ 
ပြေးလမ်းထိပ်မှာ အသင့်ဖြစ်နေတဲ့ တပ်မတော်(လေ)ရဲ့ Super Galeb G4 အမျိုးအစား တိုက်လေယာဉ် အုပ်စုဟာ လက်နက်အပြည့်အစုံနဲ့  လေထဲကို တဟုန်ထိုးပျံတက်သွားပါတယ်…..။
မြန်မာ့တပ်မတော်(လေ)မှ လေသူရဲများ
ဒီ တိုက်လေယာဉ်အုပ်စုဟာ လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ ကက(ကြည်း)ရဲ့  တိုက်ပွဲဝင် အသင့် အမိန့် ကို လက်ခံရရှိခဲ့ပြီး ထပ်ဆင့်ဆိုသလို ကက(လေ)ရဲ့ စစ်ဆင်ရေးအမိန့် ကိုပါ ရရှိခဲ့ပါတယ်။ လေသူရဲအားလုံးဟာ မြေပုံခန်းက အထွက်မှာတော့ သူတို့ တိုက်ခိုက်ရမယ့် ပစ်မှတ်ကို …..
ရှင်းရှင်းလင်းလင်းသိခဲ့ပြီးပါပြီ..။
သူတိုဟာ…ယိုးဒယား မြန်မာ နယ်စပ် အို 7 တောင်ကုန်း တစ်ဝိုက်မှာ …..ရှေ့ တန်းအမှတ် ၃၅၉ ခြေလျင်တပ်ရင်း နဲ့ …..တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့  …… ယိုးဒယား တင့်ကားတွေ ကို
လေကြောင်းပစ်ကူနဲ့ ဝင်ရောက်တိုက်ခိုက်ရတော့မှာပါ …ဒါဟာ …၂၀၀၁ ဖေဖော်ဝါရီ ၇ ရက်နေ့ မှာစ ခဲ့တဲ့ ….ယိုးဒယား မြန်မာ နယ်စပ်တင်းမာမှုအရေး …..ပေါက်ကွဲသွားတာလည်းဖြစ်ပါတယ်….....။
ဘီပီ-၁ ဒေသမြေပုံ
အို7 တောင်ကုန်းဟာ တာချီလိတ်မြို့  ပုန်းထွန်ရပ် ရဲ့ အရှေ့ တောင်ဘက် ….ယိုးဒယားနိုင်ငံ မယ်ဆိုင်မြို့ နဲ့ ကိုက် ၂၅၀၀ အကွာလောက်မှာ တည်ရှိတဲ့ တောင်ကုန်းဖြစ်ပြီး ၁၉၉၅ မှာ MTA အဖွဲ့ တွေက
တောင်ကုန်းပေါ်ကနေ လက်နက်ကြီးနဲ့  တာချီလိတ်မြို့ ကိုလှမ်းပစ်ပြီးကတည်းက တပ်မတော်က တပ်စုတစ်စုဟာ တောင်ကုန်းပေါ်မှာ အမြဲတန်း တပ်စွဲနေခဲ့ ပါတယ်….။
အဲဒီတပ်စုရဲ့ ငြိမ်းချမ်းမှုဟာတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မှာပျောက်ဆုံးသွားခဲ့ရပါပြီ ……။
ခလရ ၃၅၉ က တပ်စုမှူး ဒုအရာခံဗိုလ်ကျော်ဌေးဟာ ကွပ်ကဲမှု စစ်ကြောင်းထံ ဆက်သွယ်ရေးစက်နဲ့  အခြေအနေအားလုံး သတင်းပို့ နေပါတယ်။ ယိုးဒယား နယ်ခြားစောင့် တပ်ဖွဲ့ ဝင် ၂၀ လောက်ဟာ စခန်းနဲ့ ကိုက်၂၀၀ အကွာမှာနေရာယူထားပြီး ယိုးဒယားစစ်တပ်က ဗိုလ်ကြီး ယိုးထင် ခေါင်းဆောင်တဲ့ 
အင်အား ၄၀ လောက်က သူတို့ ကို စခန်းက ဆင်းသွားဖို့ အမိန့် ပေးတဲ့ အကြောင်းပါ…..။
မြန်မာ-ယိုးဒယားတပ်စခန်းများ
တပ်စုမှူး က ငြင်းဆန်ခဲ့ ပြီး တစ်နာရီလောက် အကြာမှာတော့ ယိုးဒယားတပ် ဖွဲ့ ဝင် ၁၀၀ လောက်ဟာ v-150 သံချပ်ကာယာဉ် ၂စီး၊ M60 တင့်ကား လေးစီး၊ ၁၂၀မမ အမြောက်တင် သံချပ်ကာ ၂စီးတို့ နဲ့ ဆိုက်ရောက်လာခဲ့ ပြီး တစ်ချိန်တည်းမှာပဲ တပ်မတော်ဘက်ကလည်း ခလရ ၃၅၉ က တပ်ခွဲ ၂ ဟာ ရင်ဆိုင်တပ်ဖြန့် နေရာယူနေပါပြီ….။
ဖေဖော်ဝါရီလ ၈ ရက်နေ့ မှာတော့ ယိုးဒယားတပ်ဖွဲ့ ဝင် သုံးရာခန့် ဟာ အတွဲလိုက်ဒုံးပစ်စင် MLRS စနစ်တင် သံချပ်ကာကား ၃ စီး၊ တင့်ကားများနဲ့ အတူထပ်မံအင်အားဖြည့်တင်းခဲ့ပြီးတပ်မတော်ဘက်ကလည်း ခလရ၃၅၉ က စစ်ကြောင်း၂ တစ်ကြောင်းလုံး ၀င်ရောက်နေရာယူခဲ့ ပါတယ်…..။
ယိုးဒယားလေတပ်မှ ဗုံးကြဲခဲ့သည့် နေရာ
 နှစ်ဖက် အပြိုင်တင်းမာနေတဲ့ အခြေအနေဟာ ဖေဖော်ဝါရီ ၁၁ရက်နေ့ မှာတော့ နှစ်ဖက် ပစ်ခတ်မှုတွေနဲ့ အတူ ပေါက်ကွဲသွားခဲ့ပါပြီ။နှစ်စဉ်ပြုလုပ်နေကြ Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ဒီနှစ် ချင်းရိုင်းဒေသမှာ ပြုလုပ်ခဲ့ တာဖြစ်လို့ နယ်စပ်တစ်ဝိုက် အသင့်ရှိနေတဲ့ ယိုးဒယားသံချပ်ကာတပ်များဟာ
တိုက်ပွဲဖြစ်ပွားရာဒေသကို အမြန်ဆုံး မောင်းနှင်လာနေသလို တြိဂံဒေသတိုင်းထဲက တပ်မတော် ခြေလျင် တပ်ရင်းတွေဟာလဲ စစ်ကူချီတက် လာနေပြီဖြစ်ပါတယ်....။
တိုက်ပွဲအဟုန်ကို မြင့်တက်သွားစေတာကတော့
ဖေဖေ၀ါရီ ၂၁ ရက်နေ့ မှာ လွယ်တော်ခန်းစခန်း၊
ဧပြီ ၂၂ ရက်နေ့ မှာ ပါချီးစခန်းနှင့် ၂၃ ရက်နေ့ မှာ နယ်စပ် ဘီပီ 1 စခန်းတို့ ကို ယိုးဒယား နိုင်ငံအခြေစိုက် SURA ရွက်ဆစ်အဖွဲ့  နဲ့ ယိုးဒယားစစ်တပ် ပူးပေါင်းပြီး ၀င်ရောက်တိုက်ခိုက်လိုက်တာပါပဲ......။
သာလွန်အင်အားသုံးပြီး တပ်စုအဆင့် စခန်းလေးများကို ၀င်ရောက်တိုက်ခိုက်တဲ့  အတွက်စခန်းများကျဆုံးသွားချိန်မှာတော့ နှစ်နိုင်ငံ အမြောက်တပ်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး အပြင်းအထန်ပစ်ခတ်နေကြပါပြီ....။
အို-၇ ဒေသမြေပုံ
 ဖော်ဖေ၀ါရီလ ၁၁ရက်နေ့  ယိုးဒယား ရဟတ်ယာဉ်တစ်စီး ပစ်ချခံလိုက်ရတဲ့ နောက်မှာ ယိုးဒယားဖက်က F5 E အမျိုးအစား , F 16 အမျိုးအစား ဂျက်တိုက်လေယာဉ်တွေကို စတင်အသုံးပြုလာပြီး တပ်မတော်ဘက်ကတော့ G 4 အမျိုးအစား Ground Attack တိုက်လေယာဉ်တွေကိုသုံးစွဲခဲ့ ပါတယ်…..
ဝေဟင် တိုက်ပွဲတွေ မဖြစ်ပွားခဲ့ ပေမယ်လည်း နှစ်ဖက်လုံးက
 လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ ကြပြီး  ယိုးဒယား လေတပ် ကတော့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ခန့် ပြုလုပ်ခဲ့ ကြောင်း သတင်းထုတ်ပြန်ခဲ့ ပါတယ်………။
တိုက်ပွဲကာလ နောက်ပိုင်းတွေမှာ တာချီလိတ်နဲ့ မယ်ဆိုင်မြို့ များအတွင်းကို နှစ်ဖက် အမြောက်များ အပြန်အလှန်ပစ်ခတ်ခဲ့ ကြပြီး အရပ်သားသေဆုံးမှုဖြစ်စဉ်တွေပါ ဖြစ်ပေါ်ခဲ့ ပါတယ်။ဖေဖော်ဝါရီ ၂၄ မှာတော့ O7 ကုန်းကို ၀ိုင်း တိုက်ခိုက်နေတဲ့ ယိုးဒယားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်နွှဲ ခဲ့ကာ မောင်းထုတ်နိုင်ခဲ့ ပေမယ့် ကျထိန ၊ပါချီး ၊လွယ်တော်ခန်း ၊လွယ်မဆုတ် ၊ လွယ်ခန်းရှိုး စတဲ့ စခန်းအတော်များများကတော့ ဇွန်လ ထဲမှပဲ ပြန်လည် သိမ်းပိုက်နိုင်ပါတော့တယ်…….။
တပ်မတော်မှ ဝယ်ယူခဲ့သည့် မစ်-၂၉ တိုက်လေယာဉ်များ
 ဒါဟာ တပ်မတော်အဖို့ တော့ သူအမြဲ သတိထားစောင့်ကြည့်ရမယ့် အိမ်နီးချင်းတစ်ယောက်
 ရှိနေတယ်ဆိုတာ သတိပေးလိုက်သလို ဖြစ်သွားခဲ့ပြီး နောက်တစ်နှစ်မှာပဲ ယိုးဒယားလေတပ်ရဲ့ F 16 တိုက်လေယာဉ်များကို ယှဉ်ပြိုင်နိုင်ဖို့ MIG 29 ခေတ်မီ တိုက်လေယာဉ် နှစ်အုပ်ကို ရုရှားနိုင်ငံက ၀ယ်ယူခဲ့ ပါတယ်……။တကယ်လဲ သူထင်သလိုပဲ နယ်စပ်ပြသနာဟာမပြီးသေးပါဘူး နောက်ထပ် ၁၀လ အကြာမှာ ပန်မိုင်ဆွန်ဒေသ ခြေကုပ်စခန်းများအားလုံးကို ယိုးဒယားစစ်တပ်ရဲ့ ပစ်ကူနဲ့  SURA အဖွဲ့ က ထိုးစစ်ဆင်တော့မှာဖြစ်သလို အခုတိုက်ပွဲစဉ်တွေထက် ကျယ်ပြန့် တဲ့ တိုက်ပွဲတွေကိုလဲ အချိန်အတော်ကြာ ဆင်နွှဲရတော့မှာဖြစ်ပါတယ်…..
Thursday, June 6, 2013
မြန်မာ့တပ်မတော် (လေ)၏ လေယာဉ်၊ရဟတ်ယာဉ်များ တပ်တော်ဝင်
မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတကာစစ်တပ်များနည်းတူ ခေတ်မှီတပ်မတော်တစ်ရပ် ဖြစ်ပေါ်စေရန်
ဆောင်ရွှက်လျက်ရှိသည်ကို အားလုံးအသိဖြစ်ပါသည်....။
မြန်မာ့တပ်မတော် (လေ) MiG-29 ဘက်စုံသုံးတိုက်လေယာဉ်များ
ခေတ်မှီတပ်မတော်တစ်ရပ် ဖြစ်နေစေရန်အတွက်လည်း လိုအပ်ချက်များအရ ခေတ်မှီလက်နက်စနစ်များ တပ်ဆင်လျက်ရှိပါသည်...။ ထိုသို့အင်းအားဖြည့် တပ်ဆင်မှုများအရ အခုနောက်ဆုံးကြားသိရသည့် သတင်းများအရ တပ်မတော် (လေ)သည် စစ်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ်များ၊အမောင်းသင်ရဟတ်ယာဉ်များနှင့် VIP ခရီးစဉ်များတွင် အသုံးပြုရန်အတွက် ရဟတ်ယာဉ်တစ်စီးအား ဝယ်ယူထားပြီဖြစ်ပါသည်....။
မြန်မာ့တပ်မတော် (လေ)၏ လေယာဉ်၊ရဟတ်ယာဉ်များ တပ်တော်ဝင်သည့်သတင်းကို အားလုံးဘဲသိပြီးဖြစ်ပါလိမ့်မယ်.... ဒါပင်မဲ့ ကျွှန်တော်ဆိုက်မှာမတင်ရသေးလို့ တင်ပေးလိုက်တဲ့သဘောဖြစ်ပါတယ်...။ အခုလ ၄ရက်နေ့မှာ ကျင်းပတဲ့ လေယာဉ်၊ရဟတ်ယာဉ်များ တပ်တော်ဝင်တဲ့ သတင်းကို ရုပ်မြင်သံကြားသတင်းတွေကနေ မြင်တွေ့ခွင့်ရလိုက်တော့ ကျွှန်တော်နည်းတူ အားလုံးဘဲ မည်သည့်အမျိုးအစား၊မည်သည့်စွမ်းဆောင်ရည်များပါဝင်မယ်ဆိုတာ စိတ်ဝင်စားမည်လို့ ယူဆရပါတယ်....။
Harbin Y-12 စစ်ဘက်သုံးအပေါ့စား သယ်ယူပို့ဆောင်ရေးလေယာဉ်
ပထမဆုံးကတော့ အပေါ့စားသယ်ပို့ယာဉ်ဖြစ်တဲ့ Harbin Y-12 အမည်ရှိ သယ်ပို့လေယာဉ်တွေဘဲဖြစ်ပါတယ်...။ Harbin Y-12 လေယာဉ်များကို တရုပ်နိုင်ငံမှာ လက်ခံရရှိခဲ့ပြီး အဆိုပါလေယာဉ်များပိုင်ဆိုင်လာမှုသည် တပ်မတော် (လေ)၏ လေကြောင်းချီတပ်(လေထီးတပ်ဖွဲ့) များအတွက်လည်း စွမ်းဆောင်ရည်တိုးတက်လာစေမည်ဟု ယူဆရပါသည်....။ အရပ်ဘက်သုံးနှင့် စစ်ဘက်သုံးလေယာဉ်များအဖြစ် ခွဲခြားသတ်မှတ်ထားပြီး လေတပ်ရှိ ဝိုင်-၁၂လေယာဉ်များသည် နည်းပညာမြှင့်စနစ်သစ်များအား ထပ်မံပေါင်းစပ်ထားပြီးဖြစ်သည်ဟု သိရပြီး အသေးစိတ်အချက်လက်များကိုမှု မသိရသေးပေ...။
မြန်မာ့တပ်မတော် (လေ) အပေါ့စား အမောင်းသင်ရဟတ်ယာဉ်များ
ထို့နောက်တွင်တော့ အပေါ့စားအမောင်းသင်ရဟတ်ယာဉ်များပင် ဖြစ်ပါသည်...။ ဘီလ်-၂၀၆ ရဟတ်ယာဉ်များကို တပ်မတော်အနေနှင့် ၁၉၇၈များက စတင်လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အပိုပစ္စည်းများရရှိမှု အခက်အခဲများကြောင့်ပျံသန်းမှုများ ရပ်ဆိုင်းခဲ့သည်ဟု သိရပြီး တပ်မတော်(လေ)မှ အင်ဂျင်နီယာများ၏ စွမ်းဆောင်ချက်များအရ ပြန်လည်ပြုပြင်နိုင်ခဲ့ပြီးဖြစ်ရာ တပ်မတော်(လေ)အနေဖြင့်သာမက မြန်မာနိုင်ငံအတွက်ပင် ဂုဏ်ယူဖွယ်ရာအဖြစ်မြင်တွေ့ရနိုင်ပါသည်....။ တပ်မတော် အင်ဂျင်နီယာနည်းပညာရှင်များ၏ အောင်မြင်မှုတစ်ရပ်ပင်ဖြစ်ပါတော့သည်....။ မကြာမှီအချိန်များတွင်လည်း တပ်မတော်၏ လိုအပ်ချက်များကို ပြည်တွင်းတွင်ပင် ထုတ်လုပ်အောင်မြင်မှုများ ရရှိလာတော့မည်ဆိုသည်မှာ ယုံမှားဖွယ်ရာမရှိတော့ပါ....။
တပ်မတော် (လေ)ရှိ VIP ခရီးစဉ်သုံးရဟတ်ယာဉ်
VIP ခရီးစဉ်သုံး ရဟတ်ယာဉ်အတွင်းပိုင်း (နမူနာပုံ)
နောက်ဆုံးအနေနှင့်ကတော့ VIP ခရီးစဉ်သုံး ရဟတ်ယာဉ်ဘဲဖြစ်ပါတယ်....။ အဆိုပါရဟတ်ယာဉ်ကို ရုရှားနိုင်ငံမှ လက်ခံရရှိထားသည်ဟု ယူဆရပြီး VIP ခရီးစဉ်သုံး ရဟတ်ယာဉ်ဆိုသည့်အတိုင်းပင် အထူးမွမ်းမံထုတ်လုပ်ထားသည်ကို တွေ့ရပါသည်...။ ယခုတပ်တော်ဝင်သော အစီးနှင့်ဆိုပါက တပ်မတော်တွင် VIP ခရီစဉ်သုံးရဟတ်ယာဉ် ၂စင်းမှ၃စင်းအထိ ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု ခန့်မှန်းရပါသည်...။ Mi-17-2 အမျိုးအစားဟု သိရသောအဆိုပါရဟတ်ယာဉ်များကို ခေတ်မှီလေကြောင်းရန်ကာကွယ်ရေးစနစ်များပင် တပ်ဆင်ထားနိုင်သည်ဟု သိရပါသည်...။
တပ်မတော်၏ VIP ခရီးစဉ်သုံး ရဟတ်ယာဉ်များ
မြန်မာ့တပ်မတော် (လေ)၏ လေယာဉ်၊ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် တွေ့ရသည့် တပ်မတော် (လေ)မှ လေယာဉ်၊ရဟတ်ယာဉ်များ
MiG-29 ဘက်စုံသုံး တိုက်လေယာဉ်များ
Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဉ်မှ စွမ်းဆောင်ရည်ပြသနေစဉ်
K-8 အမောင်းသင်လေယာဉ်များ၏ စွမ်းရည်ပြကွက်တစ်ခု
မြန်မာ့တပ်မတော် (လေ)နည်းတူ မကြာမှီအချိန်များတွင်လည်း တပ်မတော် (ရေ)မှ ကိုယ်ပျောက်နည်းပညာသုံး ပြည်တွင်းထုတ် ဒုံးတပ်ဖရီးဂိတ်စစ်ရေယာဉ် ကျန်စစ်သားသည်လည်းသည် တပ်တော်ဝင်အခမ်းအနားကျင်းပဦးမည်ဖြစ်ရာ ကျွှန်တော်နည်းတူ အားလုံးလည်း စိတ်ဝင်စားကြမည်ဟု ယူဆပါသည်....။ ကျန်စစ်သားစစ်ရေယာဉ်နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ်ရာများလည်း ဖော်ပြပေးပါဦးမည်ခင်ဗျာ....။
ပုံများအား မြဝတီသတင်းဌါနမှ ရယူထားပါသည်...။