Friday, September 20, 2013

မြန်မာ့တပ်မတော် သံချပ်ကာနှင့်တင့်တပ်ဖွဲ့

ဒီနေ့တော့ မြန်မာ့တပ်မတော်ရဲ့ အများသိပြီးဖြစ်တဲ့ အချက်လက်တချို့ကို ဖော်ပြပေးချင်ပါတယ်...။

မြန်မာ့တပ်မတော်ဟာ ဒေသတွင်းအိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ရင် စွမ်းရည်နိမ့်ကျတယ်လို့ ပြောဆိုနေသံလေးတွေကြားနေရပါတယ်...။ ဆိုတော့ ကျွှန်တော်တို့အနေနှင့် မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးစွမ်းရည် အချို့ကို လေ့လာလိုက်ကြရအောင်လားခင်ဗျာ...။ ဒီနေရာမှာတော့ တပ်မတော်ရဲ့ သံချပ်ကာနှင့်တင့် တပ်ဖွဲ့၊အမြောက်တပ်ဖွဲ့အကြောင်း အနည်းငယ် ဖော်ပြပေးချင်ပါတယ်...။

သံချပ်ကာနှင့်တင့် တပ်ဖွဲ့

မြန်မာ့တပ်မတော်ရဲ့ သံချပ်ကာနှင့်အမြောက်တပ်ကို လွတ်လပ်ရေးရပြီး ၁၉၅၀ခုနှစ်များက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ ခေတ်အဆက်ဆက်တိုင်းပြည်ကို ကာကွယ်ပေးခဲ့တာလည်း အားလုံးအသိဘဲဖြစ်ပါတယ်...။ အရင် ဒုတိယကမ္ဘာစစ် လက်ကျန် တင့်များကို အသုံးပြု၇င်း တိုင်းပြည်ကာကွယ်လာခဲ့တယ့် သံချပ်ကာ၊တင့်တပ်ဖွဲ့များဟာဆိုရင်တော့ အခုခေတ်မှာ ကမ္ဘာ့ထိပ်တန်း စာရင်းဝင်တဲ့ သံချပ်ကာတင့်များကို အသုံးပြုကာ ဖွဲ့စည်းထားပြီဖြစ်ပြီးတော့.. ယူကရိန်းနိုင်ငံထုတ် တီ-၇၂အက်စ ပင်မတိုက်ပွဲဝင်တင့်များ နှင့် အမ်ဘီတိ-၂၀၀၀ ပင်မတိုက်ပွဲဝင်တင့်များကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်....။
ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်နှင့် တိုက်ယာဉ်အဖွဲ့သားများ
အဆိုပါ ပင်မတိုက်ပွဲဝင်တင့်များဟာဆိုရင်တော့ ဒေသတွင်းနိုင်ငံများရဲ့ ပင်မတိုက်ပွဲဝင်တင့်များကို အကောင်းဆုံး ခြိမ်းခြောက်နိုင်တဲ့ အဆင့်မှာရှိပါတယ်...။ ဒါ့အပြင် ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်များဟာဆိုရင်လည်း တရုပ်တပ်မတော်ရဲ့ အားထားရဆုံးတင့်အဖြစ် အခုထက်ထိ အသုံးပြုနေဆဲ ဖြစ်လို့ လျှော့တွက်လို့ မရနိုင်တဲ့ တင့်တွေဖြစ်ပါတယ်....။ပုံစံ-၆၉ အလတ်စား တိုက်ပွဲဝင်တင့်နှင့် တီ-၅၅ ကဲ့သို့သော တင့်များလည်း ရှိပါသေးတယ်...။
တင့်တပ်ဖွဲ့၏ လေ့ကျင့်မှုတစ်ခုအတွင်း
သံချပ်ကာတပ်ဖွဲ့အနေနှင့်လည်း ယူကရိန်းနည်းပညာနှင့် ထုတ်လုပ်ထားတဲ့ နာမည်ကျော် ဘီတီအာ-၃ယူ သံချပ်ကာယာဉ်တွေ၊အမ်တီ-အယ်လ်ဘီ ကဲ့သို့သော စွမ်းရည်မြှင့် သံချပ်ကာတွေအပြင် ပုံစံ-၉၂ သံချပ်ကာများလည်း ပိုင်ဆိုင်ထားပြီး ဖြစ်လို့ တပ်မတော်ရဲ့ သံချပ်ကာတပ်ဖွဲ့ဟာ အင်းအားကြီးတဲ့ တပ်ဖွဲ့ကြီးတစ်ခုဖြစ်တယ်ဆိုတာကို ယုံမှားဖွယ်ရာမရှိပါဘူး..။
ပြည်ပနိုင်ငံများကနေ ခေတ်မှီ သံချပ်ကာ၊တင့်တွေကို ဝယ်ယူဖြည့်တင်းနေသလိုဘဲ နည်းပညာများရယူကာ ပြည်တွင်းမှာလည်း ထုတ်လုပ်ခဲ့ပြန်ပါတယ်...။ အဆိုပါ သံချပ်ကာယာဉ်များကိုတော့ အမ်အေဗီ(MAV series)စီးရီးများအဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကင်းလှည့်ရေး အပေါ့စားသံချပ်ကာများနှင့် စွမ်းရည်မြှင့်သံချပ်ကာများကို ပြည်တွင်းမှာဘဲ အများအပြားထုတ်လုပ်နေပြီဖြစ်ပါတယ်...။

 MAV-2 APC (Myanmar Army Vehicle)


ပုံများပြထားတဲ့ တိုက်ယာဉ်ကတော့ အမ်အေဗီ-၂ (MAV-2) လို့ခေါ်တဲ့ သံချပ်ကာတိုက်ယာဉ် ဖြစ်ပါတယ်...။အစီးရေ အတော်များများထုတ်လုပ်ပြီးဖြစ်လို့ မကြာခင်မှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်တော့မယ်လို့ ယူဆရပါတယ်...။

 ULARV-2

 နောက်အမျိုးအစားတစ်မျိုးကတော့ အပေါ့စား ကင်းထောက်သံချပ်ကာယာဉ် ULARV-2 (Utility Light Armoured Reconnaissance Vehicle) လို့ သတ်မှတ်လို့ရတဲ့ တိုက်ယာဉ်ဖြစ်ပါတယ်...။ ဒီတိုက်ယာဉ်အပေါ်မှာကတော့ ၁၂.၇မမ စက်သေနတ်ကြီးတပ်ဆင်ထားပြီးတော့ MAV-2 တိုက်ယာဉ်အပေါ်မှာကတော့ ၃၀မမ စက်အမြောက်ကို တပ်ဆင်ထားပါတယ်...။ ပုံမှာတွေ့ရတဲ့ အချက်လက်များအရဆိုရင်တော့ အဆိုပါ စက်သေနတ်ကြီးများနှင့် အမြာက်များကို သံချပ်ကာယာဉ်အတွင်းကနေကို ပစ်ခတ်လို့ရအောင် ထုတ်လုပ်ထားတာ တွေ့ရမှာဖြစ်ပါတယ်...။ ကျန်တဲ့ ပြည်တွင်းထုတ် တိုက်ယာဉ်အချို့ကိုတော့ နောက်ပိုင်းမှာ ဖော်ပြပေးပါဦးမယ်...။

အမြောက်တပ်ဖွဲ့အကြောင်း ရေးနေရင်းနှင့် တင်ပြချင်တဲ့ အချက်လက်မစုံသေးလို့ ခဏလောက်တော့ သည်းခံပြီး စောင့်ပေးကြပါဦးခင်ဗျာ....။ :)

Monday, September 2, 2013

Mil Mi-17 အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်မျိုးကွဲများ

ကျွှန်တော်တို့ အလွယ်နဲ့ Mi-17 လို ခေါ်လေ့ရှိတဲ့ အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အကြောင်းကို အစ်ကိုတစ်ယောက်ထံမှ စုဆောင်းထားတဲ့ အချက်လက်တချို့ကို အခြေခံကာဖော်ပြပေးခြင်းပါတယ်....။

Mil Mi-17 အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို ရုရှားနိုင်ငံမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ကမ္ဘာ့အရပ်ရပ်ရှိ စစ်တပ်များနှင့် အရပ်ဖက်များတွင်မကျန် ဘက်စုံသုံး ရဟတ်ယာဉ်အဖြစ် နာမည်ကျော်ကြားလျက်ရှိပါတယ်....။ မြန်မာ့တပ်မတော်(လေ)ဟာလည်း Mi-17 ရဟတ်ယာဉ်မျိုးကွဲများကို တပ်မတော်(လေ)၏ လိုအပ်ချက်အတိုင်း ၁၉၉၅ခုနှစ်များမှ စတင်ကာ
ဝယ်ယူဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်....။ အဓိကတာဝန်ဖြစ်သည့် သယ်ယူပို့ဆောင်ရေးတာဝန်များအပြင် စစ်ဆင်ရေးအရလိုအပ်ပါကလည်း အသုံးပြုနိုင်တဲ့ ရဟတ်ယာဉ်အမျိုးအစားဖြစ်ပါတယ်...။

မြန်မာ့တပ်မတော်(လေ) အနေဖြင့် အစီးရေ မည်မျှတာဝန်ထမ်းဆောင်နေသလည်းဆိုတာ မသိရပင်မဲ့ Mi-17 ရဟတ်ယာဉ်ရဲ့ မျိုးကွဲတချို့ကိုတော့ ကျွှန်တော်တို့အနေနှင့် အနီးစပ်ဆုံးဖြစ်စေရန် လေ့လာရင်း တင်ပြပေးသွားပါ့မယ်ခင်ဗျာ....။

Mil Mi-17S (သို့) Mi-172 VIP Version

Mi-17S (သို့) Mi-172 VIP Version ရဟတ်ယာဉ်များကို အထူးမွမ်းမံထားသည့် အတွင်းခန်းအပြင်အဆင်များအပြင် ခေတ်မှီနည်းစနစ်များ တပ်ဆင်ထားသည်ဟု သိရပါတယ်...။ လက်ရှိအချိန်မှာတော့ တပ်မတော်(လေ) အနေနှင့် VIP ရဟတ်ယာဉ် (၂)စင်း ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု ယူဆရပါတယ်....။

 
 အထက်က ပုံမှာမြင်တွေ့ရတဲ့ VIP ရဟတ်ယာဉ်ကတော့ မကြာသေးခင်ကဘဲ တပ်တော်ဝင်ထားတဲ့ ရဟတ်ယာဉ်တစ်စင်းဖြစ်ပါတယ်....။

Mi-17-S (သို့) Mi-17 MD 1995 VIP Version


 Mi-17-1V Gunship Version
 နောက်ထပ်ဖော်ပြပေးမယ့် ရဟတ်ယာဉ်အမျိုးစားကတော့ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး နှင့် လက်နက်တပ်ဆင်ထားနိုင်တဲ့ Mi-17-1V ရဟတ်ယာဉ်ဘဲဖြစ်ပါတယ်...။ အင်ဂျင်ပိုင်းအနေဖြင့် Klimov TV3-117VM အင်ဂျင်ကို အသုံးပြုထားပြီး Mi-8MTV-1 အမျိုးစားရဲ့ Export Version ဖြစ်ပါတယ်...။

  
  
Mi-171Sh (သို့) Mi-17-1V အဆင့်မြှင့်တင်ထားခြင်းလော..
 အထက်ပါပုံမှာတွေ့ရတဲ့ အချက်လက်များအရ Mi-17-1V လို့ သတ်မှတ်ထားပင်မဲ့ ထူးခြားတဲ့ အချက်လက်တချို့ကြောင့် အဆင့်မြှင့်တင်ထားသည့် Mi-17-1V ဘဲလား.. Mi-171Sh လားဆိုတာကတော့ မသိရသေးပါဘူး...။ ကျွှန်တော်တို့ရဲ့ အားနည်းချက်သာလျှင်ဖြစ်ပါလိမ့်မယ်ခင်ဗျာ....။

MI-17 MD Versions
နောက်အမျိုးစားကတော့ Mi-17 MD အုပ်စုထဲက (၂)မျိုးဖြစ်ပါတယ်....။ Mi-17 MD မျိုးကွဲများအနက် တပ်မတော်(လေ)တွင် အသုံးပြုသည့် အမျိုးစားများကတော့ Mi-17 MD 1995 နှင့် Mi-17 MD 1996 တို့ဘဲဖြစ်ပါတယ်....။


Mi-17 MD 1995 အနေဖြင့် ပုံကောင်းကောင်းမရှိသေးပါသဖြင့် အနည်းငယ်မှုန်ဝါးနေပါသည်...။ နာဂစ်ကာလအတွင်းတွင် တွေ့ရသော Mi-17 MD 1995 အမျိုးအစား ရဟတ်ယာဉ်တစ်စင်း ဖြစ်ပါသည်...။
 Mi-17 MD 1995 နှင့် 1996 အမျိုးစားတို့အကြား ကွဲပြားမှုကို တွေ့နိုင်ပါသည်...။
Mi-17 MD 1996 အမျိုးအစား ရဟတ်ယာဉ်တစ်စင်းအား တွေ့ရစဉ်



မြန်မာ့တပ်မတော်(လေ)ရှိ Mi-17 ရဟတ်ယာဉ် မျိုးကွဲများသည် အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်နေကြလျှက်ရှိပြီး လေထီးစစ်သည်များ၏ လေ့ကျင့်ခြင်း၊ အမြောက်ချိတ်ဆွဲပျံသန်းခြင်းများအပြင် ရှေ့တန်းစစ်ဆင်ရေး တာဝန်များကိုလည်း ကျေပြွန်စွာ ထမ်းဆောင်လျက်ရှိကြောင်းကို မိမိတို့ အဖွဲ့အနေဖြင့် တင်ဆက်ပေးလိုက်ရပါသည်ခင်ဗျာ...။

အမြောက်ချိတ်ဆွဲပျံသန်းခြင်း လေ့ကျင့်ခန်း ဆောက်ရွှက်နေစဉ်

 မြန်မာ့တပ်မတော်၏ အထူးတပ်ဖွဲ့ (သို့) လေထီးတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ခန်းတစ်ခု


ပုံကိုးကား- တပ်မတော်(လေ) အစီအစဉ်များ