Thursday, March 20, 2014

မြန်မာ့တပ်မတော်၏ ခေတ်မီစစ်လက်နက်တချို့

ကျွှန်တော်တို့ စာမရေးဖြစ်တာ အတော်ကြာသွားပါပြီ..။ အလုပ်နည်းနည်းရှုပ်နေလို့ မရေးဖြစ်တာပါ ခွင့်လွှတ်ပေးကြပါခင်ဗျာ...။

နောင်ရိုးဂျစ် ( Naung Yoe Jeep )

မြန်မာ့တပ်မတော်နှင့် ပတ်သက်ပြီး ၂၀၁၄ခုနှစ်ဟာ ထူးခြားတဲ့ နှစ်လို့ဆိုရမလိုဖြစ်နေပါပြီ...။ ကျွှန်တော်တို့ အားလုံးမျှော်လင့်မထားတဲ့ တပ်မတော် (ကြည်း)၊(လေ) အမြောက်နှင့် သံချပ်ကာစစ်ဆင်ရေးမျိုး ခေတ်သစ်မဟာဗျူဟာတိုက်ပွဲဝင် လေ့ကျင့်ခန်းများကို ကျင်းပခဲ့သလို့ အခုအချိန်မှာလည်း တပ်မတော်(ရေ)အနေဖြင့် Sea Shield 2014 Naval Exercise ကျင်းပနေပြီး ရေတပ်၏ ဒုံးတပ် စစ်ရေယာဉ်များအပေါ်ကနေ တပ်ဆင် သဘောဖျက်ဒုံးများကို လေ့ကျင့်ပစ်ခတ်နေကြပြီဘဲဖြစ်ပါတယ်...။ အချိန်အားဖြင့် ၁၉ရက်နေ့မှ ၂၇ရက်နေ့အထိ ကျင်းပမယ့် ရေတပ်စစ်ရေးလေ့ကျင့်ခန်းကြီးရဲ့ လေ့ကျင့်ခန်းကျင်းပရာ နေရာကလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါတယ်....။

တပ်မတော် (ကြည်း)၊(လေ) အမြောက်နှင့် သံချပ်ကာစစ်ဆင်ရေးကာလအတွင်း အသုံးပြုတဲ့ စစ်လက်နက်များနှင့် ပတ်သက်ပြီး အတော်များများ စိတ်ဝင်တစားနှင့် မေးကြတဲ့ မေးခွန်းတစ်ချို့ရှိပါတယ်...။

အနော်ရထာ လေ့ကျင့်ခန်းအတွင်း လေ့ကျင့်ပစ်ခတ်ခဲ့တဲ့ အတွဲလိုက်ပစ်ဒုံးများအကြောင်းပါ...။
အဆိုပါ စစ်ရေးလေ့ကျင့်မှုမှ လက်တွေ့စမ်းသပ်ခဲ့တဲ့ အတွဲလိုက်ဒုံးတင်ယာဉ်များကို ပုံစံ-၈၁ ၁၂၂၅၅  အတွဲလိုက်ပစ် ဒုံးတင်ယာဉ်များလို့  သတ်မှတ်ထားကြပြီး ရုရှားတပ်မတော်ရဲ့ BM-21 122mm MRLS စနစ်ကို ပုံတူကူးယူထားတာဖြစ်ပါတယ်...။ မြန်မာ့တပ်မတော်အနေဖြင့် ၁၉၉၅ခုနှစ်များကတည်းက စတင်ပိုင်ဆိုင်လာခဲ့တယ်လို့ သိရပင်မယ့် ပိုပြီးတိကျတဲ့သတင်းတော့ မရသေးပါဘူး။ သေချာတာတစ်ခုကတော့ တပ်မတော်ရဲ့ ပထမဆုံးသော ၁၂၂မမ အတွဲလိုက် ဒုံးတင်ယာဉ်များပဲဖြစ်ပါတယ်...။ ဒုံး အစင်း(၄၀)လုံးအား တပြိုင်နက်တည်း ပစ်ခတ်နိုင်သလို ၁တောင့်ချင်းလည်း ပစ်ခတ်နိုင်ပါတယ်...။ အကွာအဝေးအားဖြင့် ၈-၂၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပါတယ်...။

ပုံစံ-၈၁ ၁၂၂မမ အတွဲလိုက်ပစ် ဒုံးတင်ယာဉ် (Type-81 122mm MRLS)


ပုံစံ-၈၁ အတွဲလိုက်ပစ် ဒုံးတင်ယာဉ်များဟာ တရုပ်တပ်မတော်ထုတ် ဒုံးစနစ်ဖြစ်ပြီးတော့ တပ်မတော်အနေနှင့် အဆိုပါနည်းစနစ်များကို လေ့လာကာ ပြည်တွင်းမှာဘဲ ထုတ်လုပ်နိုင်ခဲ့ပါပြီ။ ဒုံးတင်ယာဉ်ရဲ့ အမည်သတ်မှတ်ချက်ကို မသိရသေးပင်မယ့် MA-122 လို့လည်း ပြောနေကြတာရှိပါတယ်...။ (အမည်အမှန်သိပါက ကော်မန့်တွင် ဖော်ပြပေးကြပါ)။ ပစ်ခတ်မှုစနစ်အပိုင်းမှာတော့ ပုံစံ-၈၁ စနစ်များထက် သာလွန်ပြီး ဒုံးကိုလည်း အဆင့်မြှင့်တင်ထားတာဖြစ်လို့ အကွာအဝေး ၈-၃၀အထိ ပစ်ခတ်လာနိုင်ပါတယ်...။ မြန်မာ့တပ်မတော်အနေနှင့် Type-81 , Type-90B, MA-122 စသည်ဖြင့် ၁၂၂မမ အတွဲလိုက်ပစ် ဒုံးတင်ယာဉ်များပိုင်ဆိုင်ထားပြီးတော့ အမ်၁၉၈၅ ၂၄၀မမ ၁၂ပြောင်းပါ အတွဲလိုက် ဒုံးတင်ယာဉ်များကိုလည်း ပိုင်ဆိုင်ထားပါတယ်...။

MA-122 အတွဲလိုက်ပစ် ဒုံးတင်ယာဉ် (MA- Myanmar Army)


နောက်တစ်မျိုးတင်ပြပေးမှကတော့ အားလုံးဘဲ စောင့်မျှော်နေကြတဲ့ MBT-2000 ပင်မတိုက်ပွဲဝင်တင့်ကားများဘဲ ဖြစ်ပါတယ်...။ MBT-2000 တင့်ကားများကို တရုပ်တပ်မတော်ကနေ ၂၀၀၉ခုနှစ်များကတည်းက စတင်ဝယ်ယူခဲ့တာဖြစ်ပြီးတော့ အစီးရေအတော်များများ ပိုင်ဆိုင်ထားပါတယ်...။ ပြီးခဲ့တဲ့ အနော်ရထာလေ့ကျင့်ခန်းကြီးမှာ ပါဝင်လေ့ကျင့်ခြင်း မရှိပင်မယ့် တင့်နှင့် သံချပ်ကာတပ်များတွေရဲ့ လေ့ကျင့်ခန်းတွေမှာ အမြဲပါဝင်ခဲ့ပြီးတော့ လုံးဝကို စိတ်ချရတဲ့ ပင်မတိုက်ပွဲဝင်တင့်တစ်မျိုး ဖြစ်ပါတယ်...။ တန်ချိန်အားဖြင့် ၄၆-၄၈ တန်ချိန်သာရှိတာမျိုး ကျွှန်တော်တို့ နိုင်ငံအတွက်တော့ မှန်ကန်တဲ့ ရွှေးချယ်မှုဆိုတာ မြင်နိုင်ပါတယ်...။ အဓိကအားဖြင့် နှိုင်းယှဉ်လေ့ရှိကြတဲ့ ဂျာမနီရဲ့ Leopard MBTများ ၊ အမေရိကန်ရဲ့ M1A1 MBTများနှင့် စာရင် စိတ်ချရမှုလျော့နည်းတယ်လို့ သိရပါတယ်...။ ဒါပင်မယ့် ကျွှန်တော်တို့အနေနှင့် သိထားရမယ့် အချက်ကတော့ ကျွှန်တော်တို့ရဲ့ အနာဂါတ်ရန်သူဖြစ်လာနိုင်တဲ့ နိုင်ငံတွေအနေနှင့် အဆိုပါ ဂျာမနီနှင့် အမေရိကန်တင့်တွေ မရှိကြသလို ရန်သူ့နိုင်ငံတွေအနေနှင့် အဆိုပါတင့်တွေရှိလာရင်တောင် ကျွှန်တော်တို့အနေနှင့် မျိုးဆက်သစ် T-90 ပင်မတိုက်ပွဲဝင်တင့်များနှင့် ခုခံကာကွယ်နိုင်စွမ်းရှိနေဦးမှာပဲ ဖြစ်ပါတယ်...။

အမ္ဘီတီ-၂၀၀၀ ပင္မတိုက္ပြဲဝင္တင့္ကား ( MBT-2000 MBT )

ပင်မတိုက်ပွဲဝင်တင့်ကားအကြောင်းပြီးတော့ တင့်ဖျက်ယာဉ်အကြောင်းပေါ့...။ တပ်မတော်အနေနှင့် တင့်ဖျက်ဒုံး၊တင့်ဖျက်ယာဉ်များ ပိုင်ဆိုင်ထားပြီး ဖြစ်တယ်ဆိုတာ အားလုံးလည်း တင်ပြပေးပြီးဖြစ်လို့ ဖတ်မိကြမယ်ထင်ပါတယ်...။ ဒီပိုစ့်အနေနှင့်ကတော့ အချက်လက် အတိအကျ ဖော်ပြပေးတော့မှာ မဟုတ်ပါဘူး...။ ဒါပင်မယ့်လို့ ကျွှန်တော့်အနေနှင့် သိခွင့်ရတဲ့ အပိုင်းကနေပြောရမယ် ဆိုရင် တပ်မတော်ရဲ့ PTL-02 ၁၀၅မမ ယာဉ်တင်တင်ဖျက်စနစ်ဟာ အလွန်ကိုအဆင့်မြှင့်တယ်လို့ အာမခံနိုင်ပါတယ်...။ အတိကျဖော်ပြပေးဖို့ မဖြစ်နိုင်ပင်မယ့် အနည်းငယ်တင်ပြပေးရမယ်ဆိုရင် GPS စနစ်၊ ဘီးတွေအနေနှင့်လည်း ဗဟိုလေထိုးစနစ်၊ မီးခိုးဗုံးစသည်များပါဝင်ပြီးတော့ ပုံစံ-၈၈ ပင်မတိုက်ပွဲဝင်တင့်ရဲ့ ပစ်ခတ်မှုစနစ်အတော်များများ ပါဝင်တာဖြစ်လို့ လျင်မြန်စွာ စစ်ဆင်နိုင်မှု၊ နည်းပညာမြှင့်မားမှု နှင့် ကမ္ဘာတပ်မတော်အတ်ာများများမှာ အသုံးပြုလာကြတဲ့ တင့်ဖျက်ယာဉ်တွေ ဖြစ်လာတာမို့ တပ်မတော်ရဲ့ ခေတ်မီတပ်မတော် တည်ဆောက်ရေးဆိုတဲ့ ခြေလှမ်းတွေကို ပိုမိုမြန်ဆန်လာစေမယ်ဆိုတာလည်း သေချာနေပါတယ်...။

PTL-02 ( Export Version with 105mm Anti-Tank Gun )


နောက်တစ်မျိုးကတော့ အားလုံးသိပြီးသားဖြစ်နေမယ့် MADV ( Myanmar Air Defense Vehicle ) လို့ခေါ်တဲ့ နောင်ရိုးဂျစ်အခြေခံသော Igla-S ဒုံးတင်ယာဉ်တွေဘဲ ဖြစ်ပါတယ်...။ နောင်ရိုးဂျစ်တွေကို တပ်မတော်ကနေပဲ ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီးတော့ သံချပ်ကာ အပေါ့စားယာဉ်အဖြစ်လည်းကောင်း၊ အမိန့်ပေးယာဉ်အဖြစ် လည်းကောင်း စစ်ဆင်ရေးလိုအပ်ချက်အပေါ်မူတည်ကာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီးတော့ ယာဉ်၏ ပေါ့ပါးသော ဝန်နှင့် ထိရောက်သော လေကာစနစ်တပ်ဆင်ထားသာဖြစ်လို့ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များအတွက် အားကိုးရသော Mobile လေကာစနစ်တစ်မျိုးအဖြစ်လည်း သိရပါတယ်...။ တပ်ဆင်ထားတဲ့ လေကာစနစ်ဟာလည်း ပြည်တွင်းထုတ် တာတိုပစ် ဒုံးစနစ်ဖြစ်တာမို့ တပ်မတော် လေကာတပ်ဖွဲ့များကို အလုံအလောက် တပ်ဆင်ပေးထားနိုင်ပြီးလည်း ဖြစ်ပါတယ်...။

MADV ( Myanmar Air Defense Vehicle )

နောက်ဆုံး လေကာစနစ်တစ်မျိုးကတော့ ၂၅မမ လေယာဉ်ပစ် အမြောက်တပ်ဆင်ထားတဲ့ ၂၅မမယာဉ်တင်စနစ်များဘဲဖြစ်ပါတယ်...။ တပ်မတော်အနေနှင့် ပြည်တွင်းမှာ ထုတ်လုပ်ခဲ့တဲ့ အမျိုးစားဖြစ်ပြီးတော့ ပြည်ပနိုင်ငံအချို့ကိုလည်း ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်...။ အလားတူ စစ်လက်နက် အမျိုးစားအချို့ကို ပြန်လှည်ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ရာ တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံများရဲ့ အရည်အသွေးကိုလည်း ခန့်မှန်းနိုင်ကြမှာ ဖြစ်ပါတယ်...။

 ၂၅မမ ယာဉ်တင် လေယာဉ်ပစ် စက်အမြောက်များ

အထက်ပါဖော်ပြထားတဲ့ အချက်လက်တွေအနေနှင့် အမှားယွင်းရှိပါက ထောက်ပြပေးနိုင်ပါတယ်..။ တစ်စုံတစ်ရာ အမှားယွင်းရှိပါက ကျွှန်တော် ကိုmm အမှားသာလျင် ဖြစ်ပါတယ်ခင်ဗျာ...။

အားလုံးကိုလေးစားလျှက်-
KoMM

24 comments:

  1. သိပ်ကျေးဇူးတင်ပါတယ်။ မြန်မာတပ်မတော်ထုတ် စစ်လက်နက်ကို ရောင်းချနိုင်ပြီဆိုတာ ဒါပထမဦးဆုံးကြားဖူးတာပဲ။ တိုးတက်မှုကို ဂုဏ်ယူတယ်

    ReplyDelete
    Replies
    1. ကျွန်တော်ကြားဖူးသလောက်က အပေါ့စား သံချပ်ကာတွေကို ပြည်တွင်းထုပ်ပြီး အာဖရိက မငြိမ်သက်ဖြစ်နေတဲ. နိုင်ငံတွေဆီရောင်းပါတယ်လို. ဒီမိုဝေယံ ဆိုဒ်မှာ လွန်ခဲ.တဲ. သုံးနှစ်လောက်ကတည်းက ဖတ်ဘူးတယ်....

      Delete
  2. ကျွန်တော် တို့ဆီမှာ T- 90 တွေရှိနေပြီပေါ့..... ။ ကြားရမြင်ရတာ .... မင်္ဂလာ ရှိလှသဗျ။ မျက်လုံး နီကြီး တွေတပ်ထားတဲ့ တင့်ကား ပျံတွေကို မြန်မာ စစ်သည်တွေမောင်း နေတယ်လို့ ခဏခဏ စိတ်ကူးယဉ်နေရတာ အခု တော့... ကျေနပ်သွားပြီဗျာ...။ ဒီလို ဟာတွေရှိနေတယ်....၊ ပြည်တွင်းမှာ အများအပြား ထုတ်နေတယ်၊ ပြည်ပကို လည်း ရောင်းချနေတယ် လို့.... သိခွင့် ရတာ.. ကျေးဇူးတင်ပါတယ်..။ ဒီ MRLS တွေအတွက်ဒုံး တွေကို ရော.. ကျွန်တော် တို့ ၀ယ်နေရသေးလား ဗျ။။ ဒီဒုံး တွေပါ အမြောက် အများ ထုတ်နေပြီလို့ယုံ ကြည် လိုက်ပြီဗျာ..။
    ရေတပ်ရဲ့ Sea Shield Drill ကို လည်း သိခွင့်ရ သလောက် သိချင်ပါတယ်... ။ တင်ပေးပါဦးဗျာ..။ သတင်းကောင်းတွေကို စောင့် မျှော်လျက်...

    ReplyDelete
  3. ဟိုး အရင် ကတည်းက ရောင်းနေတာဘာ အရင်က ဘကုန်းတို့  Indo တို့ ကမြန်မာစီကနေ၀ယ်တယ်လို့ ကြားဘူးပါတယ် ဘကုန်းကိုဆို မသုံးတော့ တဲ့ လက်နက်စက်ရုံလိုက်တောင်ရောင်းလိုက်ဘူးတယ်လို့ ကြားဘူးပါတယ်
    သေသေချာချာတော့ မသိဘာ တပ်ထဲက အသ်တစ်ယောက်ပြောဘူးလို့ ပါ မှားရင်လဲမှားနိုင်ပါတယ်...

    ReplyDelete
  4. မြန်မာတပ်မ တော်ခေတ်မီလက်နက်တွေ့ရှိတယ်လိုသိရတဲ့အတွက်ကျေးဇူးတင် ပါတယ်

    ReplyDelete
  5. ခောတ်မီဖွံ့ဖြိုးတိုးတက်ပြီး အရည်အချင်းရှိတဲ့တပ်မတော်တစ်ရပ် ဖြစ်ပေါ်လာအောင်စွမ်းဆောင်နိုင်တာ ဂုဏ်ယူပါတယ်။

    ReplyDelete
  6. စိတ်အ၀င်စားဆုံးမေးခွန်းတစ်ခုမေးချင်တယ်ဗျ။ မြန်မာနိုင်ငံလုပ်တွေကို ရောင်းချပေးနိုင်ခဲ့ပြီး တဲ့ ပြည်ပနိုင်ငံအချို့ကို သိချင်ပါတယ်။

    ReplyDelete
  7. MBT2000 ကို တရုတ် ဝဘ်ဆိုဒ်မှာ ယှဉ်ပြထားတာကတော့ အမေရိကန် M-1A1 တင့်တွေထက်မပိုတောင် မလျော့ဘူးဆိုပြောတာကြည့်ဖူးတယ်...ထုထည်သူတို့လောက်မကြီးပေမယ့် ပိုမြန်တယ်..တကယ်လို့ ရန်သူက ကိုယ့်နောက်မှာ ရှိနေမယ်ဆိုရင် အမေရိကန်တင့်တွေလို နေရာယူပြီး ကွေ့စရာမလိုဘဲ ရပ်နေတဲ့နေရာက မရွေ့ပဲ လှည့်တဲ့စနစ်ပါတယ်လို့ ယှဉ်ပြထားတယ်...မြန်မာပြည်ကဟာတော့ ပါမပါတော့ မသိပါ

    ReplyDelete
  8. အားတက်စရာပဲပေါ့ဗျာ

    ReplyDelete
  9. သိပ်ကိုကောင်းပါတယ်

    ReplyDelete
  10. အမှန်တကယ်တော့ မြန်မာတပ်မတော်မှာ ဒီထက်ကောင်းတဲ့လက်နက်တွေအများကြီးရှိမယ်လို့ယူဆပါတယ်။
    ဒုံးယာဉ်တွေဆို WW2 ကသုံးတဲ့လက်နက်တွေပါ။call of duty modern warfare လို game မျိုးမှာတောင်မပါတော့ပါဘူး။ နိုင်ငံတကာနဲ့ ရှင်ရင်ယခုဖော်ပြထားတဲ့လက်နက်တွေက အရမ်းခေတ်နောက်ကျနေပါသေးတယ်။

    ReplyDelete
    Replies
    1. ခောတ် နောက်ကျနေ ပေမယ့် နိုင် ငံ
      ကိုကာကွယ်ပေးနိုင် ပါတယ်BA51
      နေဝင်း စက်တင်း သေနတ်လို ပေါ့
      ဖားပစ်သေနတ်လည်း လူသေတယ်

      Delete
    2. ဟုတ်တယ်ဟေ့... တကယ်တော့ ဂျင်ကလိလဲ ထိချက်မှန်ရင်လူသေတယ်.. ယုံယုံကြည်ကြည်နဲ့ ထူးထူးချွန်ချွန် သုံးတတ်ဘို့ပဲ....။

      Delete
  11. call of duty ဂိမ်းက ကမ္ဘာကြော်ဂိမ်းဆိုတာရော သိရဲ့လား....အဲထဲမှာ ပါတဲ့လက်နက်တွေက အပြင်မှာ အမေရိကန်တောင် သုံးဖို့ယာနေတုန်းရှိသေးတယ်...ကိုယ်ပြောချင်တာတွေပဲ လျှောက်ပြောနေတယ်...စစ်သားဆိုတာ ကိုယ့်ရဲ့လက်နက်ကို အကြွင်းမရှိ ယုံကြည်ဖို့ပဲ။ ကိုယ့်နိုင်ငံရဲ့ဘေးက နိုင်ငံတွေလည်း လေ့လာကြည့်ဦး၊ နိုင်ငံရဲ့ဘက်ဂျက်ကိုလည်း လေ့လာကြည့်ဦး....ဘေးမှာ သဘာဝလွန်လက်နက်နဲ့တိုက်နိုင်တာဆိုလို့ တရုတ်နဲ့၊ အိန္ဒိယပဲ ရှိသေးတယ်...ကျန်တဲ့နိုင်ငံတွေက သူမသာ ကိုယ်မသာပဲ...တိုက်ကြည့်မှပဲ သိမှာ....ရမ်းပြီး လျှောက်ပြောနေတယ်...

    ReplyDelete
  12. ကျွန်တော်ပြောချင်တာ ဒုံးယာဉ်တွေက WW2 ထဲကသုံးခဲ့တဲ့ စစ်လက်နက်တွေပါ။ မကောင်းဘူးလို့မပြောပါဘူး။
    ယခုခေတ်နည်း ပညာတွေနဲ့ယှဉ်ရင် ခေတ်နောက်ကျနေတာကိုပြောတာပါ။ ကျွန်တော်ကနည်းပညာပိုင်း ကိုပြောချင်တာပါ။ တရုတ်နဲ့၊ အိန္ဒိယလိုအင်အားကြီး နှစ်နိုင်ငံကြားမှာရှိတဲ့အတွက် ဒီလောက်လက်နက်နဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးနေလို့မရပါဘူး။

    ReplyDelete
    Replies
    1. ခင်ဗျားတို့က အဲ့လိုပဲပြောနေ...ပြီးရင် လမ်းပေါ်ထွက်၃၀၀၀ယူပြီး မြို့ပတ်ဦးမယ်...အခုရှိနေတဲ့လက်နက်တောင် နိုင်ငံရဲ့ ဘတ်ဂျတ်တော်တော်များများသုံးထားရတာ..နောက်ကျရင် ပြောဦးမယ် ...ပညာရေးစရိတ်၊ကျန်းမာရေးစရိတ်တို့ အဲဒါတွေဘယ်မှာလည်းတို့ ဘာတို့

      Delete
  13. အီရတ်ကိုသိလား မြန်မာနိုင်ငံထက် အများကြီးပိုချမ်းသာတယ် ။ လက်နက်တွေပို ခေတ်မှီတယ် ။ ရှုံးသွားတာဘဲ ။ လုပ်စရာ ၁ခုဘဲ ရှိတယ် သူများထက်ကောင်းတာ ခေတ်မှီတာကို သုတေသနလုပ်ပြီး ထုတ်နိုင်အောင်ကြိုးစား။ ဘယ်နိုင်ငံမှလက်နက်စက်ရုံ ရောင်းတယ်ဆိုရင် အပြည့်မပေးဘူး ။ သွားဝယ်တဲ့ လူကလဲ black money ပိုရတာကိုဘဲ ရွေးမယ်ဆိုရင် အမြင်ဘဲ လှမယ် သုံးလို့ မကောင်းနိုင်ဘူး ။ အစ္စရေးဆို နည်းပညာမှာ အမေရိကန်ထက် ပိုကောင်း ပိုသာတဲ့ လက်နက်တွေ ရှိတယ် ။ အဲလိုမျိုးလုပ်ပေါ့ ။ လူကြီးဆဲမှာဘဲ ကြောက်နေရတဲ့ ကပစ ကဘယ်လို တိုးတတ်နိုင်မှာလဲ ။ လူကြီးတွေလဲ ပြောင်းလဲဖို့သင်ပြီ ။ နိုင်ငံက ပြောင်းလဲနေပြီး တပ်မတော်က မပြောင်းလဲဘူး ။ ခိုင်းတာလုပ် ပိုတတ်ရင် ဂျောင်ထိုးခံ ရတဲ့လူတွေ မနည်းတော့ဘူး ။ စေတနာနဲ့ပါ ။

    ReplyDelete
  14. လက်နက်အသစ်အဆန်း တီထွင်နိုင် မှ
    မြန်မာနိုင် ငံကို လေးစားမှာပေါ့ နောက်ပြီး
    nuclear ကိုပိုင် ဆိုင်နိုင်အောင် ကြိုးစား
    စေချင် ပါတယ် အနာဂတ် ကာလ ကို
    ရင်လေးရလွန်းလို့ပါ ကြိုးစားပေး ကျပါ

    ReplyDelete
  15. ဒုံးယာဥိတွေက WW2 က လက်နက်တွေဟုတ်လား ဘယ်သူပြောတာတုန်း။ လုပ်ပါအုံး။ သေသေခြာခြာလေ့လာပါအုန်းဗျ။ ဘယ်လက်နက်ပဲဖြစ်ဖြစ် WW2 က စနစ်တွေကို အခြေခံထားတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် စစ်ကျန်လက်နက်ကို သုံးတဲ့နိုင်ငံ ဘယ်နိုင်ငံတွေများ ကျန်သေးတုန်း။ ဒုံးယာဉ်တွေအသုံးပြုပုံနဲ့ ထုတ်လုပ်တဲ့ ခုနှစ်တွေ သေချာလေ့လာပါအုန်း

    ReplyDelete
  16. မြန်မာ့တပ်မတော်ကို အာရှမှာ စွမ်းရည်အထက်ဆုံးတပ်မတော်ဖြစ်သေချင်တယ်

    ReplyDelete
  17. T-90 ဟုတ်လာ ကိုMM မနောက်နဲ့နော်

    ReplyDelete
  18. မြန်မာ့ တပ်မတော်ခြေလျင်တပ်တွေကိုသူပုန်တွေကအဝေးကခြုံခိုတိုက်နေတာကို ခြေလျင်စစ်ဆင်ေ၇း(တောင်ပေါ် တောထဲ)သွားနေတဲ့ တပ်တွေအတွက်လည်းဆွေးနွေးပေးကြပါ။ကျွန်တော်ကတော့ ၇ု၇ှားနိုင်ငံထုတ် 30MMစနိုက်ပါနဲ့ ပြစ်တဲ့ လောင်ချာမျိုးနဲ့ ပြန်ပစ်စေချင်တယ်။မီတာ2000 ထိပစ်နိုင်တယ်လို့ ဖတ်ဖူးတယ်။လက်နက်တွေဝယ်ရင်လည်းရမ်းပစ်မှန်းပစ်တွေမ၀ယ်ပဲ စနိုက်ပါတို့  GPS တို့ အနီအောက်ရောင်ခြည်တို့ နဲ့ တိတိကျကျပစ်တာတွေဝယ်စေချင်တယ်။ချောင်ပြစ်တဲ့ ကိစ္စကိုအရင်ဖြေရှင်းစေချင်တယ်။ကျွန်တော်ထက်သိယင်လည်းဆွေးနွေးပေးကြပါ။

    ReplyDelete