tag:blogger.com,1999:blog-7134639509652475301.post7381184929511142034..comments2024-01-27T00:19:03.937-08:00Comments on Myanmar Defence Weapons: Royal Cambodian ArmyUnknownnoreply@blogger.comBlogger1125tag:blogger.com,1999:blog-7134639509652475301.post-71992428635551104552011-04-25T04:07:36.602-07:002011-04-25T04:07:36.602-07:00ကျုပ်ကတော့ ကမ်ဘောဒီးယားကို အားပေးတယ်ဗျာ။ဘာလို့လည်း...ကျုပ်ကတော့ ကမ်ဘောဒီးယားကို အားပေးတယ်ဗျာ။ဘာလို့လည်းဆိုတော့ တရားဝင် ဒီဘုရားကျောင်းက ကမ်ဘောဒီးယားက ပိုင်ဆိုင်တယ်ဆိုတာ ကုလသမ္မဂက ဖြေရှင်းအတည်ပြုပြီးပါပြီ။ဒီတော့ ကမ်ဘောဒီးယားကလည်း တရားဝင်အသိမှတ်ပြုထားတဲ့သူအနေနဲ့ဆိုတော့ ဘယ်တော့မှ နောက်ဆုတ်လိမ့်မယ်မထင်ဘူး။

တပ်မတော်ခေတ်မှီမှုကတော့ ထိုင်းက သာမယ်ထင်ပါတယ်။ဒါပေမယ့် စိတ်ဓာတ်ရေးရာတို့ကတော့ ထိုင်းစိတ်ဓာတ်က အဲဒီလောက်မပြင်းထန်ပါဘူး။ထိုင်းရဲ့ တစ်ပင်တိုင် မင်းသားကြီးဖြစ်တဲ့ F16 တွေရဲ့ရန်က ကာကွယ်ဖို့လိုတယ် ဒီ့အတွက်ပြင်ဆင်ထားဖို့လိုတယ်။ကမ်ဘောဒီးယားရဲ့ BM21 ပြောင်းကြီးတွေကတော့ ပစ်လိုက်ရရင်တော့ ထိုင်းတော့ တော်တော်အီသွားမယ်ထင်တယ်။

ဒီ BM21 တွေကို ထိုင်းလေကြောင်းက မဖျက်ဆီးနိုင်အောင်လည်း ကြိုတင်ကာကွယ်ဖို့လိုတယ်။ထိုင်းကတော့ သူ့နောက်မှ အမေရိကန်ကြီးရှိနေတော့ သူကတော့ လေကြောင်းကိုပဲ အားကိုးမှာပါ။ထိုင်းက ကြည်းတပ်ကို သိပ်ပြီးအားမကိုးဘူး။ကမ်ဘောဒီးယားအနေနဲ့ နယ်စပ်မှာ လေကြောင်းရံကာကွယ်ရေးတပ်တွေ တိုးမြှင့်ချထားသင့်တယ်။

ပွဲစဉ်လေးတွေကတော့ ကြည့်လို့တော့ကောင်းနေပြီ။သူများပွဲံစဉ်တွေကြည့်ကောင်းနေချိန်မှာ ကျုပ်တို့ကလည်း ကုလားနဲ့ပွဲစဉ်တွေရှိသေးတယ်။လောလောဆယ် ဗိုလ်မြတ်ဟိန်းကတော့ ကုလားဆီကိုသွားပြီး ဘာတွေ ဆွေးနွေးနေလည်းမသိဘူး။ကုလားဘက်ကလည်း မြန်မာနယ်စပ်မှာ လေတပ်စခန်းတိုးချဲ့ထားသလို မြန်မာဘက်ကလည်း လေတပ်စခန်းအပြင် ဒုံးကျည်စခန်းတွေပါ တိုးချဲ့ပြီး လုပ်နေကြတယ်။

အရင်တစ်ခေါက်က ကိုယ့်ဘက်ကစပြီး လက်လျော့ပေးလိုက်ပြီး ပြန်ဆုတ်ပေးလိုက်တာဟာ အများမြင်အတွက်တော့ လှောင်စရာ ရယ်စရာဖြစ်သွားလိမ့်မယ်။ဒါကလည်းပြန်ကြည့်မယ်ဆိုရင် မြန်မာရေတပ်က စတင်ပြီးချီတတ်လာလို့ ကုလားဘက်က ပြန်လာတာဖြစ်တယ်။ဒီတော့တင်းမာမှုဖြစ်ရင် အရင်ဆုံးလာတဲ့သူကပဲ နောက်ဆုတ်ပေးရတာ ထုံးစံပါပဲ။ဒီတော့ ပြီးခဲ့တဲ့ဖြစ်စဉ်မှာ နှစ်ဦးနှစ်ဖက် ဘယ်သူမှ မရှုံးပါဘူး။

နောက်တစ်ခါ ဒါမျိုးပြသနာတွေမဖြစ်အောင်တော့ အတတ်နိုင်ဆုံးကြိုးစားရမှာပေါ့ဗျာ။ထိုင်း တို့ ကမ်ဘောဒီးယားတို့လိုမျိုး ဖြေရှင်းလို့မရနိုင်တဲ့အဆုံးတစ်နေ့ကျရင်တော့ ကျုပ်တို့တွေက အတတ်နိုင်ဆုံး safe ဖြစ်အောင်တော့ အသင့်လုပ်ထားရမယ်ဗျို့။ ပြသနာတစ်ခုကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရင်တော့ နှစ်ဦးနှစ်ဖက်လုံးက တိုင်းပြည်နဲ့လူမျိုးအတွက် အကောင်းဆုံးပေါ့ဗျာ။ကုလားနဲ့မြန်မာဆိုတာကလည်း သူမသာ ကိုယ်မသာ။နှစ်ယောက်လုံးက ခပ်နဲ့နဲ့ယို့တို့တို့ ဆင်းရဲတဲ့တိုင်းပြည်တွေပါ။

ဒီတော့ စစ်ဖြစ်လာရင်တော့ ဖြစ်လာမယ့် အကျိုးပြစ်တွေကတော့ များမှာပဲ။ဒါတွေကို ပြန်လည်တည်ဆောက်ဖို့ဆိုရင် နှစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကတော့ ဖွတ်တတ်ပြီးရင်တတ်ပြီး တိုင်းပြည်က ဆင်းရဲတွင်းက ရုန်းထွက်နိုင်မှာကိုမဟုတ်ဘူး။စစ်ဆိုတာကတော့ ရုပ်ရှင်ထဲပဲကြည့်ကောင်းတာပါ။အပြင်မှာတော့ မဖြစ်သင့် မရှိသင့်တဲ့အရာပါပဲ။mghttps://www.blogger.com/profile/10312611681799867761noreply@blogger.com