မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ)တပ်များ၊ တပ်ပေါင်းစုံများတွင် အသုံးပြုသောစစ်လက်နက်များအား ဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆိုဝင်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။ ကာကွယ်ရေးဆိုင်ရာ လက်နက်များကိုသာ ဖော်ပြသည်ဖြစ်၍ မည့်သည့် နိုင်ငံရေး၊မူဝါဒရေးရာစသည့် အချက်များနှင့် လုံးဝမသက်ဆိုင်ပါ..။ ကျေးဇူးတင်ပါသည်။ ဘလော့ဒ်ဂါ ကိုMM
Thursday, July 14, 2011
တရုပ်ရေတပ်၏ ငါးမန်းပျံ တိုက်ခိုက်ရေး လေယာဉ်
တရုပ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောအခြေပြုတိုက်လေယာဉ် J-15 ဂျက်တိုက်လေယာဉ်အား ရေတပ်အလံပုံဖြင့် မကြာသေးသောကာလက တွေ့ကြရမည်ဖြစ်သည်။၎င်းမှာ ရုရှားနိုင်ငံ၏ အက်စ်ယူ-၃၃အား တရုပ်ပုံစံထုတ်လုပ်ထားခြင်း ပင်ဖြစ်သည်။အက်စ်ယူ-၃၃မှာ ရေတပ်တိုက်လေယာဉ်ဖြစ်၍ တရုပ်တိုက်လေယာဉ် ဂျေ-၁၅သည်လည်း မကြာမှီတရုပ်နိုင်ငံက အသုံးပြုတော့မည့်အလားတူ လေယာဉ်တင်သင်္ဘောပေါ်မှပင် ပျံတက်နိုင်ရန် ပုံစံထုတ်ထားသည်။
တရုပ်ရေတပ် ဂျေ-၁၅ (ရုရှား၏ အက်စ်ယူ-၃၃ ကို ပုံစံယူထားသည်)
တရုပ်နိုင်ငံက မိမိကိုယ်ပိုင် လေယာဉ်တင်သင်္ဘော အခြေပြုတိုက်လေယာဉ်များကို ထုတ်လုပ်လျက်ရှိရာ ထိုလေယာဉ်များ အနေဖြင့် မကြာမီ ပင်လယ်ပြင်ထွက်၍ စမ်းသပ်မှုပြုလုပ်မည့် ဆိုဗီယက်လေယာဉ်တင်သင်္ဘော Varyag နှင့်အတူ ပူးပေါင်းပါဝင်မည်မဟုတ်ဟု ဆိုကြသည်။ထိုလေယာဉ်တင် သင်္ဘောကို ယခုအခါ Shi Lang ဟု အမည်ပေးထားသည်။
တရုပ်ရေတပ် လေယာဉ်တင် သင်္ဘောကြီး
ရုရှားရေတပ် အက်စ်ယူ-၃၃ တိုက်လေယာဉ်
ယင်းလေယာဉ်အစား ရုရှားနိုင်ငံလုပ် အက်စ်ယူ-၃၃ တိုက်လေယာဉ်သည် စမ်းသပ်မှုတွင် ပါဝင်မည်ဖြစ်သည်။အက်စ်ယူ-၃၃ မှာလည်း ဆူကိုင်း အက်စ်ယူ-၂၇မှ ထပ်ဆ့င်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ဂျေ-၁၅တိုက်လေယာဉ်ကို ၂၀၀၉ ခုနှစ်ကပင် စမ်းသပ်ပျံသန်းခဲ့သည်ဖြစ်သော်လည်း လေယာဉ်တင်သင်္ဘောပေါ်မှ လုပ်ငန်းများဆောင်ရွက်ရေးမှာမှု အချိန်ယူ၍ လေ့ကျင့်ပြုပြင်မှု ပြုလုပ်ရဦးမည်ဖြစ်သည်။
တရုပ်ရေတပ် ဂျေ-၁၅ ငါးမန်းပျံ တိုက်လေယာဉ်
ဓါတ်ပုံပါ ဂျေ-၁၅၏ ခေါင်းပိုင်းတွင် နှစ်လုံးတွဲဘီးတပ်ဆင်ထားမှုက အဆင်းကိရီယာမှာ လေယာဉ်တင်သင်္ဘောအတွက် ရည်ရွယ်သည်ကို ပြလျက်ရှိသည်။လေယာဉ်တွင် အတောင်မှာ မြေပြင်အခြေဆိုက် အက်စ်ယူ-၂၇ ပုံစံလေယာဉ်ထက်ကြီး၍ တရုပ်နိုင်ငံ၏ ပျံသန်းရေး အီလက်ထရွန်နစ် နည်းပညာများ၊အာရုံခံကိရိယာများနှင့် လက်နက်များတပ်ဆင်ထားသည်။
ရေတပ်နှင့်လေတပ်တို့မှ S/VTOL ပြေးလမ်းတိုနှင့်တည့်မတ်စွာပျံသန်းဆင်းသက်နိုင်သည့် လေယာဉ်များကို အတွင်းမွန်းဂိုးလီးယား၏ လူသူမနီးသော ဒေသများတွင် စမ်းသပ်ပျံသန်းလျက်ရှိသည် ဆိုသည့် အချက်ကိုမှု တရုပ်အရာရှိများက ငြင်းဆိုခဲ့ကြဆဲဖြစ်သည်။
ရုရှား၏ အက်စ်ယူ-၃၃ တိုက်လေယာဉ်
တရုပ်နိုင်ငံ ခုန်တက်ပျံသန်းရေးဂျက် S/VTOL လေယာဉ်မှာ အက်စ်ယူ-၃၃ လေယာဉ်တွင် အခြေခံထားကြောင်း ကောလဟလများ ဖြစ်လျက်ရှိသည်။အက်စ်ယူ-၃၃ သည် ကြီးမားသည့် လေယာဉ်ဖြစ်၍ ယုံကြည်ရန်ခက်ခဲသည်။သို့ရာတွင် ယင်းတိုက်လေယာဉ်သည် စတီးခုန်စင်တပ်ဆင်ထားသည့် လေယာဉ်တင် သင်္ဘောပေါ်မှ လောက်လွှဲတွန်းအားပေးစနစ်မပါဘဲ ပျံတက်နိုင်ပါသည်။VTOL စွမ်းရည် ရရှိရေးမှာမှု လုပ်ဆောင်ရန် လိုအပ်ဦးမည့် ပုံစံဖြစ်ပါသည် ခင်ဗျာ...။
Subscribe to:
Post Comments (Atom)
ဒီတရုတ်တွေကတခြားနိုင်တွေရှီကနည်းပညာတွေခိုးတယ်ပုံတူကူးချတယ်သူတို့ရှီကနည်းပညာနဲနဲပါးပါးကိုမဖွံ့ဖြိုးသေးတဲ့ကျွန်တော်တို့လိုနိုင်ငံငယ်လေးတွေကူယယူမှာတော့တော်တော်ကြောက်တယ်၊ကျွန်တော်တို့လိုအပ်တဲ့အတော်အတန်အလယ်အလတ်လောက်သာရှိတဲ့နည်းပညာကိုတောင်မပေးပါ။ပေးပြန်ရင်လည်း၁၉၆၀-၇၀လောက်ကနည်းပညာတွေဘဲပေးပါတယ်။စိတ်ဓါတ်ရေးရာတကယ်အောက်တန်းကျတဲ့နိုင်ငံဗျာ။
ReplyDeleteဂျေ-၁၅ဟာဘယ်လိုဘဲပြောပြောကလုံးဖြစ်တဲ့အတွက်အော်ရီဂျင်နယ်အက်စ်ယူ-၃၃ကိုဘယ်လိုမှမှီနိင်မယ်မထင်ပါ၊အင်ဂျင်ကိုတရုတ်တွေပုံတူကူချထုတ်လုပ်ဖို့မအောင်မြင်သေးအဆင့်မရှိသေးတာကြောင့်ရှရုားရှီမှဝယ်ယူရတုန်းပါ။
ကျွန်တော်တို့နိုင်ငံလက်နက်ဝယ်ယူရေးမှာဆုံးဖြတ်ချက်တွေမှားနေတယ်ထင်ပါတယ်MIG-29Bနဲ့ MIG-29s ဝယ်ယူမှုဟာမှားတယ်လို့ထင်ပါတယ်ထိုအမျိုးအစားအစီး၂၀ ဝယ်မဲ့အစားMIG-29SMTဒါမှမဟုတ်MIG-29M1/M2 ၁၀စီးလောက်, SU-30, SU-35 or SU-37basic ၆စီးရစီးလောက်ဆိုပိုကောင်းမယ်ထင်ပါတယ်။
၅၅၆