တပ်မတော်ခေါင်းဆောင်ပိုင်းအနေနှင့်ဘာတွေ လေ့လာခဲ့ကြပြီး ၊ ဘာတွေဆက်ဖြစ်မယ်ဆိုတာ မိမိရဲ့ မမှီတဲ့ဥာဏ်လေးနှင့်တင်ပြပေးချင်ပါတယ်ခင်ဗျာ.... ;)
".....ဖွင့်ပွဲအခမ်းအနားတွင် ခင်းကျင်း ပြသထားသော လေကြောင်းနှင့် အာကာသနည်းပညာ ဆိုင်ရာ ပြခန်းများအား ကြည့်ရှုခဲ့ပါသည်။ ပြခန်းများအနက် C4ISR စနစ်၊ မောင်းသူမဲ့ လေယာဉ် (UAV) ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်၊ သံချပ်ကာ လူသယ်ယာဉ်၊ မြန်နှုန်းမြင့် စက်သေနတ်ကြီး၊ အာကာသသိပ္ပံပြခန်း၊ ရဟတ်ယာဉ် ပျံသန်းမှုပုံစံတူ လေ့ကျင့်ခြင်း Simulator များကို လေ့လာ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်..."
မောင်းသူမဲ့လေယာဉ်နှင့် အတူ
လေကြောင်းနှင့် အာကာသနည်းပညာဆိုင်ရာပြခန်း အကြောင်းမှာကတော့ လက်ရှိသတင်းထွက်နေတဲ့ ကိုယ်ပိုင်ဂြိုလ်တုလွှတ်တင်ရေးကိစ္စနှင့်ရောပြီးလည်း စိတ်ဝင်စားမိပါတယ်....။
လေကြောင်းနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းတွင်
မောင်းသူမဲ့ လေယာဉ်များကို လေ့လာခဲ့တာကြည့်ခြင်းအားဖြင့် တပ်မတော် (လေ)တွင် ယခုလက်ရှိ စမ်းသပ်တည်ဆောက်နေဆဲ မောင်းသူမဲ့လေယာဉ်များအပေါ်တွင် အကျိုးသက်ရောက်လာမည်လောဟု မျှော်လင့်မိပါသည်... တရုပ်နိုင်ငံ၏ လက်ရှိမောင်းသူမဲ့လေယာဉ်များသည် စွမ်းဆောင်ရည်အတော်မြှင့်မားလာသည်ကို တွေ့ရှိရပါသည်။ ယခင်ကကဲ့သို့ ကင်းထောက်အဆင့်မှသည် တိုက်ပွဲဝင်အဆင့်သို့တက်လှမ်းလာသည်ကို တွေ့ရမည်ဖြစ်သည်....။
HQ-9 တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးစနစ်
လေကြောင်းရန်ကာကွယ်ရေးစနစ်များအနေဖြင့် တပ်မတော်သည် အထူးစိတ်ဝင်စားလျက်ရှိသည်ကို တွေ့ရပါသည်... မြန်မာ့တပ်မတော်သည် ယခင်ကလည်း တရုပ်နိုင်ငံထုတ် HN-5B အမျိုးအစား ပုခုံးထမ်း တာတိုပစ်လေယာဉ်ပစ်ဒုံးများ နမူနာယူကာ တပ်မတော်တွင် အသုံးပြုခဲ့ဘူးသည်ဖြစ်ရာ ယခုအခေါက်တွင်လည်း မည်သို့ အကျိုးသက်ရောက်နိုင်သနည်းဟု တွေးနေမိပါသည်....။ အဆိုပါပြပွဲတွင်လည်း တရုပ်နိုင်ငံ၏ အကောင်းဆုံး လေကြောင်းရန်ကာကွယ်ရေးစနစ် HQ-9 ရုရှား၏ (S-300) စနစ်အား လေ့လာခဲ့ကြသည်ကို တွေ့ရပါသည်....။ အဆိုပါစနစ်ကို အာရှနိုင်ငံအတော်များများတွင်ပင် တပ်ဆင်ထားနိုင်ခြင်းမရှိသေးပါ....။ ဒေသတွင်းနိုင်ငံများအနေဖြင့် တရုပ် နှင့် ဗီယက်နမ် နိုင်ငံများသည် ရှိဦးမည်ဖြစ်ပါသည်....။ အိန္ဒိယတပ်မတော်တွင်လည်း ရှိနိုင်ပါသည်...။
ထို့ပြင် လေကြောင်းရန်ကာကွယ်ရေးတပ်များ၏ အသက်သမျှ အရေးကြီးသော ရေဒါစနစ်များအားလည်း လေ့လာခဲ့ကြပါသေးသည်....။ မြန်မာ့တပ်မတော်သုံး သုံးဘက်မြင် (3D Radar) အကြောင်းအားဖော်ပြပေးဘူးပါသည်....။
ရေဒါစနစ်များအား လေ့လာနေစဉ်
မြန်နှုန်းမြင့် စက်သေနတ်ကြီး အနေနှင့်ကတော့ တပ်မတော်တွင် လက်ရှိအသုံးပြုနေသော အေကေ-၂၃၀ ၊အေကေ၃၆၀ များအပြင် ဒုံးစနစ်ပူးတွဲသုံးလက်နက်များလည်း တပ်ဆင်ထားပြီးဖြစ်ပါသည်....။ ပုံတွင်တွေ့ရသည့် စနစ်သည် တရုပ်တပ်မတော်၏ နည်းပညာအသစ်ဖြစ်ပြီး စစ်ရေယာဉ်များပေါ်တွင် တပ်ဆင်ထားသော (CIWS) လက်နက်စနစ်ဖြစ်ပါသည်....။
စီ-၈၀၂အေ သင်္ဘောဖျက်ဒုံးလောက်တော့ လှည့်ကိုမကြည့်တော့တာဗျ ဟီးဟီး
မြန်နှုန်းမြင့် စက်သေနတ်ကြီး ယာဉ်တင်စနစ်
တပ်မတော်ခေါင်းဆောင်များ ဆက်လက်လေ့လာခဲ့သည့် အထူးတပ်ဖွဲ့အကြောင်းဆက်ကြည့်ရအောင်.....
တင့်ဖျက်ဒုံးများအား လေ့လာနေစဉ်
အနီးကပ်ချေမှုန်းရေ ရိုင်ဖယ်များ လေ့လာနေစဉ်
အမ်အေ-၂ စီးရီး အသစ်တွေနှင့် အတော်တူပါသည်
တပ်မတော်တွင်လည်း ယခုမြင်တွေ့ရသည့် သေနတ်များနှင့် ပုံစံတူ သေနတ်များ ထုတ်လုပ်ထားပြီးဖြစ်ပါသည်....။
ညကြည့်မှန်ပြောင်းများအား လေ့လာနေစဉ်
အထူးတပ်ဖွဲ့ဝင်တစ်ဦးအား လေ့လာနေစဉ်
မြန်မာ့တပ်မတော်၏ စစ်လက်နက်များ အဆင့်မြှင့်တင်မှုသတင်းများအား ဖတ်ရင်း၊လေ့လာရင်းဖြင့် တရုပ်တပ်မတော်၏ နည်းပညာများအား လေ့လာခဲ့ကြသော တပ်မတော် ခေါင်းဆောင်များအကြောင်း လေ့လာခွင့်ရသဖြင့် ယခုတလောအတွေးနယ်ချဲ့နေမိပါတော့သည်ခင်ဗျာ.....။












+(15)e.jpg)
+(21)e.jpg)


a.jpg)





.jpg)
.jpg)
.jpg)
.jpg)


.jpg)

















.jpg)


.jpg)
.jpg)




