မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ)တပ်များ၊ တပ်ပေါင်းစုံများတွင် အသုံးပြုသောစစ်လက်နက်များအား ဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆိုဝင်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။ ကာကွယ်ရေးဆိုင်ရာ လက်နက်များကိုသာ ဖော်ပြသည်ဖြစ်၍ မည့်သည့် နိုင်ငံရေး၊မူဝါဒရေးရာစသည့် အချက်များနှင့် လုံးဝမသက်ဆိုင်ပါ..။ ကျေးဇူးတင်ပါသည်။ ဘလော့ဒ်ဂါ ကိုMM
Tuesday, October 11, 2011
ဘင်္ဂလားဒေ့် လေတပ် အေ-၅ ဂျက် ပျက်ကျ
ဒီအပတ်တနလာင်္နေ့ က စစ်တကောင်း နိုင်ငံလေဆိပ်မှာ ဘင်္ဂလားဒေ့်လေတပ် အေ-၅ တစင်းပျက်ကျခဲ့ပါတယ်..။ ပိုင်းလော့တ်အနေနှင့်ကတော့ အထိအခိုက်မရှိဘဲ လေထီးဖြင့် အရေးပေါ်ခုန်ဆင်းနိုင်ခဲ့တယ်လို့သိရပါတယ်..။ ဒါပင်မဲ့ ကုသမှု တချို့ အတွက် လေတပ်ဆေးရုံတွင် ဆေးကုသမှုခံနေတယ်လို့လည်း သိရပါတယ်..။
အခင်းဖြစ်ပွားချိန်ဟာ နေ့လည် ၁၂း၂၀ အချိန်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး လေ့ကျင့်ပျံသန်းပြီး အဆင်းတွင် လမ်းချော်ကာ တိမ်းမှောက်ခြင်းဖြစ်ပါတယ်..။လောင်ကျွှမ်းမှုအနည်းငယ် ဖြစ်ပျက်ခဲ့ပင်မဲ့ ချက်ချင်း ငြိမ်းသတ်နိုင်ခဲ့တယ် လို့သိရပါတယ်ခင်ဗျာ..။
No comments:
Post a Comment