မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ)တပ်များ၊ တပ်ပေါင်းစုံများတွင် အသုံးပြုသောစစ်လက်နက်များအား ဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆိုဝင်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။ ကာကွယ်ရေးဆိုင်ရာ လက်နက်များကိုသာ ဖော်ပြသည်ဖြစ်၍ မည့်သည့် နိုင်ငံရေး၊မူဝါဒရေးရာစသည့် အချက်များနှင့် လုံးဝမသက်ဆိုင်ပါ..။ ကျေးဇူးတင်ပါသည်။ ဘလော့ဒ်ဂါ ကိုMM
Friday, December 2, 2011
တရုပ်တပ်မတော်၏ စစ်လက်နက်ကုမ္ပဏီများသို့...
ကာကွယ်ရေး ဦးစီးချုပ်ကြီး တရုပ်ကိုသွားတဲ့အချိန်မှာ စိတ်ဝင်စားစရာသတင်းအချို့ ကြားမိ၊ဖတ်မိပါတယ်..။ အဲဒါတွေကတော့ မြန်မာ့တပ်မတော်က အရာရှိကြီးတွေ သွားရောက်လေ့လာခဲ့တဲ့ ကုမ္ပဏီတွေကိုကြောင့်ပါဘဲ..။အသေးစိတ်ကို မသိရပင်မဲ့.. လေ့လာခဲ့တဲ့ ကုမ္ပဏီတချို့ကတော့-
(၁)Alit လက်နက်အရောင်းအဝယ် ကုမ္ပဏီလို့ပြောရမယ်
(၂)CPMIEC
(၃)Norinco
(၄)Poly စသည့် တရုပ်၏ အကြီးဆုံးလက်နက်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများဖြစ်ပါတယ်..။
Alit လက်နက်အရောင်းအဝယ် ကုမ္ပဏီက-
FN-6,FN-16...ပုခုံးထမ်း လေယာဉ်ပစ်ဒုံးလက်နက်
FB-6A,LY-60D... ယာဉ်တင် လေကြောင်းရန်ကာကွယ်ရေး ဒုံးစနစ်
FT-1,2,3,5,6.... လေယာဉ်ပေါ်မှ ပစ်ခတ်ရသော ပဲ့ထိန်းဗုံးမျိုးစုံ
WS-1,2,3.... အတွဲလိုက်ပစ် ဒုံးစနစ် (ယိုးဒယားက ws-1 ကိုထုတ်လုပ်နေပါပြီ)
A-100,200 အတွဲလိုက်ပစ် ဒုံးစနစ်
CH-1,2,3 မောင်းသူမဲ့လေယာဉ်များ (သူတို့ဆိုက်မှာတွေ့မိတာတွေပါ ဒီထက်များနိုင်ပါတယ်)
CPMIEC လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီက-
လေကြောင်းရန်ကာကွယ်ရေးစနစ်များမှာ-
ရေတပ်သုံး သင်္ဘောဖျက်ဒုံးများက-
မြန်မာ့ရေတပ်တွင် စီ-၈၀၁ နှင့် စီ-၈၀၂အေများ အသုံးပြုတပ်ဆင်ထားပါသည်။
ဗျုဟာမြောက် ဒုံးစနစ်များက-WS-2 ဗျုဟာမြောက် ပဲ့ထိန်းဒုံးစနစ်
အဲဒါတွေအပြင်ကို UAVs နှင့် ရေဒါတွေထုတ်လုပ်တာ ရှိပါသေးတယ် ရေဒါတွေက အနိမ့်ပျံယာဉ်ထောက်လှမ်းဖို့ အဓိကများပါတယ်..။
B611M ဗျုဟာမြောက် တာတိုပစ်ဒုံးလက်နက်စနစ်
Norinco ကတော့များလွန်လို့ မတင်တော့ပါဘူး.. တရုပ်စစ်တပ်ရဲ့ အဓိကမြေပြင်တပ်ဖွဲ့သုံး စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီလို့တောင် ပြောလို့ရပါတယ်..။ သူတို့ဆီကနေ ပင်မတိုက်ပွဲဝင်တင့်ကားကြီးတွေ ထုတ်လုပ်အသုံးပြုနေသလို နိုင်ငံတကာကိုလည်း ရောင်းချပါတယ် မြန်မာ့တပ်မတော်သုံး တာတိုပစ် အမျိုးအစား-၉၀ဘီတွေကို နော်ရင်ကိုက ထုတ်တာဖြစ်ပါတယ်..။
Poly ကုမ္ပဏီကနေတော့ ကျွှန်တော်အမြင်မှာ ရေတပ်စစ်သင်္ဘောထုတ်လုပ်နိုင်ရေး၊ ခေတ်မှီရေတပ် စစ်သင်္ဘောကြီးများထပ်မံ ဝယ်ယူနိုင်ရေးအတွက်ဖြစ်ဖို့များပါတယ်..။နော်ရင်ကိုနှင့်လည်း ဆက်စပ်မှုရှိပါတယ်..။
ဘေကျင်းကိုရောက်တိုင်း သံချပ်ကာတပ်မတွေကို အမြဲသွားရောက်ကြတာကို ကြည့်ခြင်းအားဖြင့် မြန်မာ့တပ်မတော်အတွက် ခေတ်မှီပင်မတိုက်ပွဲဝင် တင့်ကားတွေ ထပ်မံဖြည့်ဆည်းဖို့လိုအပ်နေသေးတယ်လို့ မြင်ပါတယ်..။ယိုးဒယား၊ဘင်္ဂလား နှစ်နိုင်ငံလုံးက ခေတ်မှီတင့်ကားတွေ မှာယူနေကြချိန်မို့ မြန်မာ့တပ်မတော် တင့်ကားတပ်များအတွက် လက်ရှိ အသုံးပြုနေတဲ့တင့်များအပြင် နောက်ဆုံးပေါ် အမျိုးအစား-၉၆၊၉၉ တွေ ရှိထားသင့်တယ်လို့ မြင်ပါတယ်ခင်ဗျာ...။
No comments:
Post a Comment