Varyag အမည်ရတဲ့ လေယာဉ်တင်စစ်သင်္ဘောကြီးကို ပင်လယ်နက်ဒေသရှိ Mykolaiv လွန်းကျင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုခေတ်က နောက်ဆုံးတပ်တော်ဝင်လုပ်ခဲ့တဲ့ စစ်ရေယာဉ်တွေ ထဲမှာ တစ်စီးအပါအ၀င်ဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ၁၉၉၂ မှာ အသုံးမပြုဘဲ ချောင်ထိုးထားခဲ့ပါတယ်။ ၁၉၉၈ မှာ တရုတ်ရေတပ်မတော်နဲ့ ဆက်နွယ်မှုရှိတဲ့ Macau အခြေစိုက် တရုတ်ကုမ္ပဏီ တစ်ခုက အဲဒီပြုပြင်ဆဲရေယာဉ်ကြီးကို ယူကရိန်းအစိုးရထံမှ ၀ယ်ယူလိုက်ပါတယ်။ သူတို့သတင်းလွှင့်ထားတာ ကတော့ အဲဒီရေယာဉ်ကြီးကို
ပြန်လည်ပြုပြင်မွမ်းမံပြီး လောင်းကစားရုံတွေပါဝင်တဲ့ ရေပေါ်အပျော်စီး သင်္ဘောကြီးအဖြစ် အသုံးပြုဖို့ပါတဲ့။
တူရကီအာဏာပိုင်တွေက မီတာ ၃၀၀ ရှည်လျားပြီး သံချေးအထပ်ထပ်တက်နေတဲ့ စက်မပါ၊ လက်နက်ဗလာ၊ ရေကြောင်းပြကိရယာတွေလည်းမရှိ အဲဒီသင်္ဘောအိုအခွံကြီးကို Bosphorus ရေလက်ကြား ကနေ ဖြတ်ဆွဲသွားရ မှာကို စိုးရိမ်ကြောင့်ကြဖြစ်နေပါတယ်။ ဒါကြောင့်လည်း ခရီးစဉ်ကို ၃ နှစ်နောက် ဆုတ်လိုက်ကာ ၂၀၀၁ ခုနှစ် အတွင်း ရေလက်ကြားမှာ ရေကြောင်းအသွားအလာပါးချိန်ကိုေ
Macau မှာရှိတဲ့ဆိပ်ကမ်းက Varyag ဆိုက်ကပ်နိုင်တဲ့ရေအနက်မရှိတာမု
လေယာဉ်တင်သင်္ဘောကြီးအား ယူကရိန်းနိုင်ငံမှ သယ်ဆောင်လာစဉ်
တရုတ်ရေတပ်ခေတ်မီရေး လုပ်ဆောင်နေချိန်၊ ၂၀၀၀ ပြည့်နှစ်ကပြီး ကာကွယ်ရေးအသုံးစရိတ်ကို နှစ်စဉ် ၁၅ ရာခိုင်နှုန်း မှန်မှန်တိုးမြှင့် သုံးစွဲနေချိန်၊ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ ရေပြင်အငြင်းပွားမှုမှာ ဆယ်စုနှစ် ၁ ခု ကြာ တရုတ်တို့အသာစီးအနေအထား ရှိနေပြီးနောက် ပိုမိုရန်လိုတဲ့ သဘောထားနဲ့ ရပ်တည်လာချိန်၊ တရုတ်ရေတပ် အင်အားချဲ့ထွင်မှုနဲ့ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွေ
လေယာဉ်တင်သင်္ဘောကြီးအား ပြည်တွင်းတွင် တည်ဆောက်နေစဉ်
အငြင်းပွားရေပိုင်နက်ကိစ္စမှာ အောင်မြင်မှုရရင် အဖိုးတန်စွမ်းအင်တွေ ပိုင်ဆိုင်မှုရနိုင်တာရယ်၊ ဒေသ တွင်းမှာ အမေရိကန်သြဇာလွှမ်းလာတာကို အန်တုချင်တာရယ်၊ တရုတ်တို့ရဲ့ ရှိနေမြဲ အမျိုးသားရေး မာန်မာန ကြောင့်ရယ်၊ နောင်နှစ်မှာပြုလုပ်တော့မယ့် တရုတ်ခေါင်းဆောင်မှု အပြောင်းအလဲအပေါ် ရတက်မအေးတာရယ် စတာတွေက တရုတ်အစိုးရအနေနဲ့ ခပ်ကြမ်းကြမ်းနည်းဗျူဟာသုံးဖို့ တွန်းအားတွေဖြစ်ပါတယ်။
“တရုတ်တွေရဲ့သဘောထားဟာ ကိုယ့်ကိုယ်ကိုယ်အလွန်အမင်း ယုံကြည်တဲ့ စရိုက်သဘာဝအရ အခြေတည်လာတာ ဖြစ်ပုံရတယ်” လို့ Wollogong တက္ကသိုလ်ရဲ့ Australian National Centre for Ocean Resources and Security လေ့လာရေးဌာန ညွှန်ကြားရေးမှူး Clive Schofieid က ဆိုပါတယ်။
ရေပိုင်နက်အငြင်းပွားမှုနဲ့ပတ်
အခုနှစ်စောစောပိုင်းမှာ တရုတ်ရေတပ်သင်္ဘောတွေ နိုင်ငံတကာရေပိုင်နက်ထဲကနေ Okinawa ကျွန်းနားကပ်ပြီး ဖြတ်မောင်းသွားတော့လည်း ဂျပန်တွေ မခံချိမခံသာ ဖြစ်ခဲ့ရပါတယ်။ ခုနောက်ဆုံး ဂျပန်အစိုးရ ထုတ်ပြန်လိုက်တဲ့ အမျိုးသားကာကွယ်ရေးကြေငြာစာတမ်း
ပင်လယ်ပြင်သို့ စမ်းသပ်မောင်းနှင်နေစဉ်
တောင်တရုတ်ပင်လယ်ဟာ စတုရန်းကီလိုမီတာ ၃ သန်းရှိပြီး၊ ကျွန်းငယ်လေးတွေ မှိုလိုပေါက် ယှက်နွယ်တည်ရှိနေတာပါ။ အဲဒီဒေသ ရေပြင်နေရာ အများစုမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေ ရှိတယ်ဆိုတာ ကြောင့် ရေပြင်ဧရိယာအများစုကို သူပိုင်တယ်လို့ ပြောတဲ့တရုတ်နိုင်ငံနဲ့ ရေပိုင်နက်အရအခိုင်အမာ သက်သေ ထူနေတဲ့ အာရှနိုင်ငံအချို့အကြား ရေပြင်ပိုင်စိုးရေး အငြင်းပွားမှုတွေ ပိုမိုများပြားလာတာပါ။
ပြီးခဲ့တဲ့ ဆောင်းဦးကာလမှစပြီး တရုတ်ရေတပ်က ဖိလစ်ပိုင်ဆာဗေးရေယာဉ်တွေနဲ့ ငါးဖမ်း ရေယာဉ်တွေကို ၆ကြိမ်လောက် အနှောက်အယှက်ပြုခဲ့တာကြောင့် ဖိလစ်ပိုင်က အဲဒီဒေသကို သူပိုင်အနောက် ပိုင်းရေပိုင်နက်အဖြစ်မှတ်ရလိမ်
အာရှရေပြင်တင်းမာမှုမှာ အမေရိကန်လည်း တစ်နွယ်ငင်တစ်စင်ပါ ဖြစ်လာတယ်။ မနှစ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကနေ အမေရိကန်အမျိုးသားအကျိုးစီးပွား
No comments:
Post a Comment