မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ)တပ်များ၊ တပ်ပေါင်းစုံများတွင် အသုံးပြုသောစစ်လက်နက်များအား ဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆိုဝင်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။ ကာကွယ်ရေးဆိုင်ရာ လက်နက်များကိုသာ ဖော်ပြသည်ဖြစ်၍ မည့်သည့် နိုင်ငံရေး၊မူဝါဒရေးရာစသည့် အချက်များနှင့် လုံးဝမသက်ဆိုင်ပါ..။ ကျေးဇူးတင်ပါသည်။ ဘလော့ဒ်ဂါ ကိုMM
Wednesday, April 4, 2012
လေတပ်ရှိ အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ်များ
မြန်မာ့တပ်မတော် (လေ)ရှိ အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ်များ
လက်နက်စနစ်များ တပ်ဆင်ထားသော အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ်
မြန်မာ့တပ်မတော် (လေ)အတွက် ရုရှားနိုင်ငံမှ ဝယ်ယူထားသော အမ်အိုင်-၃၅ပီ အမျိုးအစားတိုက်ခိုက်ရေးရဟတ်ယာဉ်များ ဖြစ်ပါသည်။
အစီးရေဘယ်နှစင်းဝယ်ပြီး ဘယ်လောက်ရောက်ပြီလည်းဆိုတာ မသိရပင်မဲ့ အမှတ်စဉ်တွေအရ အနည်းဆုံး (၁၀)စင်းဆိုတာကတော့ သေချာပါတယ်....။မြန်မာ့တပ်မတော် ခြေလျင်တပ်များနှင့် ပူးတွဲ၍ စစ်ဆင်ရေးဝင်ရောက်ပါက ထိုးစစ်အရှိန်မှာသိသိသာသာ ကောင်းမွန်စေနိုင်မည်ဖြစ်ပြီး နိုင်ငံတကာတပ်များကဲ့သို့ပင် ကြည်းတပ်၏ ဝေဟင်ပစ်ကူပေးယာဉ်အဖြစ် သီးသန့်ထားရှိ နိုင်ပါက ပို၍ပင် ကောင်းမွန်မည်ဟု ယူဆမိပါသည်။
ဘန်ကာနှင့် တင့် အထူးတိုက်ခိုက်ရေးယာဉ်ဖြစ်သော အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ်များ မြန်မာနိုင်ငံသို့ ပို့ဆောင်ရန် ရုရှားနိုင်ငံလေဆိပ်တစ်ခုတွင်တွေ့ရစဉ်..။
အမှတ်စဉ်-၆၈၀၃
အမှတ်စဉ်-၆၈၀၉
ပုံတွေအဆင်မပြေရင် ပြန်ပြောပေးကြပါခင်ဗျာ....။
Next generation Fighter Bomber for Myanmar Air Force http://www.youtube.com/watch?v=9qZHjfQjqLg
ReplyDelete