မြန်မာ့တပ်မတော် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ
လေကြောင်းချီစစ်ဆင်ရေး ရန်သူ့နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်စဉ် က မြန်မာ့တပ်မတော် အထူးချေမှုန်းရေတပ်ဖွဲ့ဝင်များ
အပေါ်ကစစ်သည်ရဲ့ နောက်ကျောမှာဆွဲထားတဲ့ အိတ်က ဆက်သွယ်ရေးစစ်လားဗျ..
စစ်သည်များသယ်ဆောင်ရာတွင် အသုံးပြုသော ဘဲယ်စစ်သုံးရဟတ်ယာဉ်၏ ရှေ့ခန်း
ပုံတွေကကြာနေပါပြီခင်ဗျာ... အခုပြန်တွေ့လို့တင်ပေးလိုက်တာပါ...။
ကျွန်တော်တို့နားလည်ပေးနိုင်ပါတယ်ကို mm၊ ဒါပေမယ့် မတင်တာကြာရင်တော့ တောင်းမှာပဲ၊ စိတ်မညစ်ပါနဲ့။
ReplyDeleteပုံတွေကဟောင်းပေမဲ့ တန်းဖိုးရှိပါတယ်။ အရင်ကရုပ်မြင်သံကြားညနေပိုင်းအစီအစဉ်အစ စစ်ချီသီချင်းများလွှင့်ရာမှာ ဒီတပ်ဖွဲ့မျိုးကိုမြင်ဖူးတယ်။ တပ်မတော်ထုတ်အူဇီကိုင်တယ်။ ပေါင်မှာပစ္စတိုတစ်လက်၊ တစ်ခြားပေါင်တစ်ဖက်မှာ ကျည်ကပ်ပါတယ်။ ခေါင်းဆောင်းကလေထီးတပ်တွေသုံးတဲ့ခေါင်းဆောင်းမျိုးဆောင်းတယ်။ ကျည်ကာမပါဘူးလို့တော့မှတ်မိတယ်။ ရဟတ်ယာဉ်ပေါ်ကနေကြိုးတွေနဲ့ဆင်းတာလည်းပြတယ်။ ရဟတ်ယာဉ်ဘေးမှာထိုင်တာလည်း blackhauk down မှာseals တွေထိုင်ကြသလိုပဲ၊ အလွန်ကြည့်ကောင်းပါတယ်။ ညီအစ်ကိုတော်တော်များများလည်းကြည့်ဘူးသူရှိကြမှာပါ။ လေထီးတပ်သားတွေရဲ့ စစ်ဝတ်စုံနဲ့လည်းအတူတူပဲလို့ထင်ပါတယ်။ မှတ်မိသူများပြောကြပါဦးခင်ဗျာ
ဒီတပ်တွေကျွန်တော်တို့နိုင်ငံမှန်တွင်တွင်ကျယ်ကျယ် ချဲ့ထွင်သင့်တယ်လို့ထင်ပါတယ်
ReplyDeleteBudget တော်တော်များများသုံးပြီး ပြန်ရွေးချယ်ဖွဲ့စည်းသင့်တယ်လို့ထင်တယ်ဗျာ
အမေရိကန်တပ်မတော် မှာဆို ကြည်းရေလေ အတွက် အထူးတပ်ဖွဲ့တွေရှိပါတယ်
ကြည်းတပ်မှာဆို Delta Forces
ရေတပ်မှာဆို Navy Seals
လေတပ်အတွက် Air Commando
ဒါ့အပြင် အခြား အထူးတပ်တွေဖြစ်တဲ့ Special Forces, Marine စသဖြင့် တပ်တွေအများကြီးဖွဲ့စည်းထားတာတွေ့ရပါတယ်
အမေရိကန်တပ်မတော်ဟာ ကမ္ဘာပေါ်မှာ စစ်သုံးစရိတ်အများဆုံးနိုင်ငံဖြစ်ပါတယ်
ကမ္ဘာ့စစ်အသုံးစရိတ်ရဲ့ တဝက်နီးပါးလောက်သုံးနေတာပါ
ဒါ့ကြောင့်သူတို့တပ်တွေလို မြန်မာ့တပ်မတော်က အများကြီးမဖွဲ့နိုင်ပါဘူး
သို့သော်အနဲဆုံးတော့ ခေတ်မှီပြီးစနစ်တကျလေ့ကျင့်ထားတဲ့ အထူးတပ်ဖွဲ့တခုရှိသင့်တယ်ထင်ပါတယ် ဒါမှရန်သူ့နယ်မြေကိုလျှပ်တပြက်ဝင်ရောက်စစ်ဆင်နိုင်မှာပါ
ဒီတပ်တွေအတွက်အခြားခေတ်မှီလက်နက်တွေ၊ ထောက်လှမ်းရေးကိရိယာတွေ၊ ဆက်သွယ်ရေးစက်တွေ၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေလိုအပ်တာတော့အထူးပြောစရာမလိုဘူးထင်ပါတယ်
မြန်မာပြည်မှာ အကြမ်းဖက်တိုက်ဖျက်မှုလေ့ကျင့်ရေးတပ်တွေ ရှိသော်လည်း အာဆီယံ စံညွန်းတောင်မမှီသေးပါဘူး
ဒီတပ်တွေကိုလည်းအထူးပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးအတွက်သာအသုံးပြုတာများပါတယ်
စစ်ပွဲတွေမှာသုံးတယ်လို့မကြားရပါဘူး သမရိုးကျတပ်တွေနဲ့သာ အကျအရှုံးများစွာ တိုက်ခိုက်နေတာတွေ့ရပါတယ်
ဒီတပ်တွေကိုစနစ်တကျဖွဲ့စည်းနိုင်ရင် ပြည်တွင်းစစ်ဆိုတာလည်းကွယ်ပျောက်သွားနိုင်ပါတယ်
အစိုးရရဲ့အုပ်ချုပ်မှူအာဏာတက်လာနိုင်ပါတယ်
ရည်ရွယ်ချက်သာမှန်ကန်ပါက ငြိမ်းချမ်းရေးအတွက်လည်း လမ်းပွင့်သွားနိုင်ပါတယ်
တပ်မတော်ရဲ့အင်အားကိုလည်းလျှော့ချနိုင်ပါတယ်
ကျွန်တော်ကတော့စစ်သုံးစရိတ်ကိုလူအင်အားလေးသိန်းအတွက် မလောက်မငသုံးနေမဲ့အစား အထူးတပ်တွေဖွဲ့ပြီး အင်အားနှစ်သိန်းကို စရိတ်နှဆသုံးစေချင်တယ်ဗျာ
စစ်သားဆိုတာကနိုင်ငံတိုင်းရဲ့အရွယ်ကောင်းအမျိုးသားတွေပါ
အလုပ်လုပ်နိုင်စွမ်းအများကြီးရှိပါတယ်
ဒီလိုသာလျှော့ချနိုင်ရင်နိုင်ငံအတွက်အခြား အကျိုးရှိမဲ့အလုပ်တွေ လုပ်ဆောင်နိုင်မဲ့လူအင်အား နှစ်သိန်းလောက်ပိုထွက်လာမှာပါ
ဒါတွေကကျွန်တော့ရဲ့အမြင်သက်သက်သာဖြစ်ပါတယ်
အခြားPoint of View ကနေဆွေးနွေးပေးကြပါဦး
ကျေးဇူးပါ :)
မှန်ပါတယ်ခင်ဗျာ။ ဒီလိုစစ်ဆင်ရေးတပ်ဖွဲ့တွေဟာမည်သည့်စစ်တပ်တွင်မဆိုလိုအပ်တဲ့ element တခုဖြစ်ပါတယ်။ ဒီလိုတပ်ဖွဲ့တွေကြောင့်ရရှိခဲ့တဲ့အောင်မြင်မှုတွေကိုကမ္ဘာနိုင်ငံအနှံ့အပြားမှာအလွယ်တကူတွေ့ရနိုင်ပါတယ်။ ဒါပေမယ့်မြန်မာနိုင်ငံမှာတော့ကျွန်တော်တို့ ရဲဘော်တွေရဲ့အသက်ဟာစက်သေနတ်တလက်လောက်တောင်တန်ဖိုးထားခြင်းမခံရတာကိုစိတ်မကောင်းစွာနဲ့တွေ့ရှိရပါတယ်။ ဒါကြောင့်ရဲဘော်တွေအကျအဆုံးဘယ်လောက်များများအထက်ကသိတ်ဂရုမစိုက်ကြပါဘူး။ ကျွန်တော်တို့ရဲ့အချိန်မှာအထူးစစ်တပ်တွေကိုစနစ်တကျအသုံးပြုတာကိုမြင်သွားရဖို့အထူးကိုမျှော်လင့်ပါတယ်ခင်ဗျာ။
Deleteအထူးတပ်ဖွဲ့အတွက် Glock G 17 (9×19 mm)(http://www.glock.com/english/pistols_models.htm) ပစ္စတိုကို ပုံစံတူထုတ်နေတယ်လို့ သိရပါတယ်။ ဦးထုတ်နဲ့ အင်္ကျီက ကျည်ကာပါ။ အမှန်တကယ်ကို ကာကွယ်ပေးနိုင်ပြီး ပိတ်လွှာတွေထပ်ပြီး ချုပ်တဲ့စနစ်သုံးထားတာပါ။ ပြည်တွင်းမှာပဲ ထုတ်တာပါ။ ပုံစံကတော့ အစ္စရေးပုံစံပါ။ ဒါပေမယ့် နည်းပညာကတော့ တရုတ်နဲ့ ရုရှားတစ်ခုခုဖြစ်မယ် ထင်ပါတယ်။
ReplyDeleteပါဝင်ဆွေးနွေးခွင့်ပြုပါခင်ဗျား။
ReplyDeleteရန်သူ့စခန်းကုန်းတစ်ခုကို တပ်မတော်တပ်ရင်း(၃)ရင်းပါဝင်တဲ့စစ်ဆင်ရေးတစ်ခုဆင်နွဲပြီး အပြီးတိုင်ချေမှုန်းစစ်ဆင်ပါမယ်။ တပ်ရင်းတွေရည်မှန်းချက်ကို ချီတက်ပါမယ်။ တပ်ရင်းနှစ်ရင်း-တစ်ရင်းကို စစ်ကြောင်း(၁)(၂)နှစ်ကြောင်းခွဲပြီးသွားပါမယ်။ တစ်ရင်းကနယ်မြေစိုးမိုးမှု၊ အရံ၊ ထောက်ပံ့ရေးလမ်းကြောင်း လုံခြုံရေးယူပါမယ်။ ကားလမ်း၊ ရထားလမ်း၊ တံတားနားကကို မခွာနိုင်တော့ပါ။ အမြှောက်တပ်က ကြိုတင်အကဲကြည့်မယ်။ ပစ်မှတ်မှတ်ပုံတင်မယ်၊ ကြိုတင်ပစ်ခတ်မယ်။ တစ်ရင်းကရှေ့သတ်ကွင်းကနေ ရောင်ပြတိုက်မယ်၊ တစ်ရင်းကအနောက်ကရန်သူမထင်တဲ့လမ်းရှည်ကနေပတ်တိုက်မယ်။ တစ်ရင်းနှစ်ကြောင်း၊ စစ်ကြောင်း(၁)မှာ ရင်းမှူးဦးစီး စစ်ကြောင်းရုံးနဲ့ နှစ်ခွဲ၊ စစ်ကြောင်း(၂)မှာ ဒုရင်းမှူးဦးစီးနှစ်ခွဲပါတယ်ပေါ့ဗျာ။ တက်တိုက်ရမယ့်နေရာကို စစ်ကြောင်းမှူးတွေကသတ်မှတ်ပြီ။ စစ်ကြောင်းမှူးနဲ့ ရုံးအဖွဲ့တစ်ခွဲချန်ခဲ့၊ နှစ်ခွဲ သို့မဟုတ် တစ်ခွဲ ဦးတည်စခန်းရဲ့ စစ်မျက်နှာတစ်ဖက်စီမှာပေါ့၊ ချေမှုန်းရေးတာဝန်ယူထားတဲ့တပ်ခွဲမှာလည်း ခွဲမှူးနဲ့တစ်စိတ်နောက်ရံ ကျန်နှစ်စုက အရာရှိတွေဦးစီးပြီးတက်တိုက်တော့---တိုက်ပွဲဖြစ်၊ လန်ကျ၊ ပြန်စုဖွဲ့၊ လက်နက်ကြီးနဲ့ပိုက်စိတ်တိုက်ပစ်(ဒါတောင်ကျည်သုံးနိုင်တဲ့ အဓိကတိုက်ပွဲစဉ်ကြီးများမှပါ)၊ ချေလျင်အကူလက်နက်ကြီးလောက်နဲ့ စခန်းသိမ်းရတာတွေအများကြီး။ ပြန်စုဖွဲ့၊ တက်တိုက်၊ အရာရှိငယ်တွေက သူတို့ကိုယ်တိုင်ဦးစီးပြီး ရဲဘော်တွေကိုတွန်းတင်၊ ထွေးလုံးရစ်ပတ်တိုက်ပွဲဖြစ်၊ စခန်းသိမ်းမိပြီ၊ အောင်ပြီ၊ အောင်မြင်သွားပြီ။ ပြန်သုံးသပ်ကြပါဦး။
တပ်ရင်းသုံးရင်း၊ လေကြောင်းအကဲကြည့်မပါ၊ airborne command မပါ။ ထောက်ပံ့ပို့ဆောင်ရေးမကောင်း၊ communication က ခဏခဏကြားဖြတ်ခံရ၊ radio silence လုပ်ပြီးတက်တိုက်ရတယ်။ medical assist အားနည်း၊ ကုသမှုအားနည်းလို့ မကျသင့်ဘဲကျရတယ်။ သုံးရင်းမှာ တစ်ကယ်တမ်း contact with enemy ကတပ်စိတ် လေးစိတ်၊ တပ်ဖြန့်ဖို့ မြေပြင်အနေအထားမကောင်းရင် တစ်စိတ်ချင်းဘဲ ထိတွေ့မှုဖြစ်တာကိုတွေ့ရပါတယ်။
ခေတ်မှီစစ်ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်လေ့ကျင့်သင့်ပါပြီ၊ ကျွန်တော်တို့တပ်မတော်ကြီးတိုးတက်လာတာမြင်ချင်လှပါပြီ။ ပြည်သူများကလည်း လေ့ကျင့်မှုတွေ၊ တည်ဆောက်မှုတွေကို နိုင်ငံကြီးသားများပီပီ နားလည်အားပေးကြဖို့သင့်ပါပြီ။ နိုင်ငံရဲ့တစ်ခုတည်းသော တပ်မတော်အဖြစ် ဒေသတွင်းနိုင်ငံများကပါ လေးစားရသော တပ်မတော်ဖြစ်လာပါစေကြောင်း ဆန္ဒပြုပါတယ်ခင်ဗျား။
ko maungzaw2034 ရေးတာဖတ်ရတာ၊ ကျေးဇူးတင်လိုက်တာအကိုရာ၊ ၀မ်းသာအားတက်စရာပါပဲခင်ဗျ၊ ကို mm ရေ၊ မြန်မာ့တပ်မတော်မှာ တိုးတက်ပြောင်းလဲမှုတွေ၊ တွေ့နေရတာအမှန်ပါပဲ၊ JH-7 တွေရောက်မယ်၊ MBT-2000 သေချာပြီင်္၊ Mi-35E Hind ၊ပြီးတော့ကိုယ်တိုင် ဒုံးလက်နက်တွေထုတ်ဖို့ကြိုးစားနေတယ်၊ Frigate, Corvette တင်မကပဲ အခု Stealth Stage ကိုပါတက်လှမ်းလိုက်ပြန်ပါပြီ၊ အခုကို မောင်ဇော်2034 ရေးတဲ့အထူးတပ်ဖွဲ့များအတွက် လက်နက်၊ ချပ်ဝတ်များအကြောင်း တွေကိုကြည့်ရင် ပြုပြင်ပြောင်းလဲတိုးတက်လိုတဲ့ ခေါင်းဆောင်များအောက်မှာ မြန်မာ့တပ်မတော်ဟာ ပုံမှန်တိုးတက်လျှက်ရှိကြောင်းသိနိုင်ပါတယ်ခင်ဗျ။ ဒီသတင်းလေးသေချာချင်ပါတယ်၊ စိတ်ချလက်ချ ၀မ်းသာချင်လို့ပါ။ ကျွန်တော်နဲ့စိတ်တူအစ်ကိုများလည်း ၀မ်းသာချင်မှာပါ။ အားနည်းချက်အနည်းငယ်ရှိစမြဲပေမယ့် တိုးတက်နေတာအမှန်ပါ။
ReplyDeleteပြဿနာက ဒီလက်နက်တွေမတပ်ဆင်နိုင်တာမဟုတ်ဘူးလို့ထင်ပါတယ်။ မြန်မာနိုင်ငံကနေရာတကာမှာ maintenance အလွန်အားနည်းခြင်းကိုကျွန်တော်သတိပြုမိပါတယ်။ အထက်က"လုပ်ကြဟေ့" ဆိုဟေးဟေးနဲ့လုပ်လိုက်ကြပြီးနောက်တော့ဒီအတိုင်းပစ်ထားခဲ့တတ်တာခဏခဏပါပဲ။ နေပြည်တော် zoo ကိုပဲကြည့်ပါ။ အဲတော့ကျွန်တော့အမြင်အတိုင်းဆိုရင်တပ်မတော်ဟာ funding ဘယ်လောက်ပဲသုံးသုံးဒီလိုအခြေခံကျလှတဲ့ maintenance အပိုင်းကိုသေချာမပြုပြင်ဘူးဆိုရင်နာမည်ကျော်ကြားလှတဲ့ Hind တိုက်ခိုက်ရေးရဟတ်ယာဉ်မကလို့နောက်ဆုံးပေါ် PAK FA Stealth Fighter ကိုဝယ်ယူနိုင်တယ်ဆိုလဲကျွန်တော်တို့တပ်မတော်ရဲ့အားနည်းချက်ဟာအမြဲကြီးမားနေမှာသေချာသလောက်ရှိပါတယ်ခင်ဗျာ။
DeleteComments တွေမှာ အစ်ကိုတွေ၊ညီတွေ ဆွေးနွေးထားလိုက်ကြတာ အားရစရာပါဘဲ။ စစ်ဘက်ရေးရာ ကျွမ်းကျင်ပညာရှင်တွေမှန်း သိသာပါတယ်။ ဒါပေမဲ့ ဘယ်စစ်တပ်မှာမဆို Will to fight က အရေးကြီးဆုံးဘဲ၊ လက်ရှိတို့တပ်မတော် မှာ အဲဒါကြီးရှိသေးကြရဲ့လား။
ReplyDeleteစိတ်မကောင်းစွာနဲ့ပြောပါရစေ။ Will to Fight ဆိုတာကျွန်တော်တို့တပ်မတော်ထဲမှာမရှိတော့တာကြာခဲ့ပါပြီ။ ရဲဘော်တွေဟာမိမိတို့ဘာကြောင့်တိုက်ပွဲဝင်နေရတာလဲကိုသေချာဂဃနဏသိခြင်းထက် အရာရှိက "ဒီဟာရန်သူ" လို့ဆိုလိုက်ရင်သတ်ပစ်ရမယ်ဆိုတာလို Brainwash အလုပ်ခံထားရတာပဲများပါတယ်။ အဲတော့ကျဆုံးသွားကျတဲ့ရဲဘော်တွေရဲ့အသက်ဟာအလဟသဖြစ်သွားကြတာကိုရင်နာစွာနဲ့တွေ့ရှိရပါတယ်။ ဒါကိုပြင်ချင်ရင်တော့ပထမဉီးစွာရဲဘော်တွေကို objective and subjective thinking ကိုချင့်ချိန်သုံးသပ်နိုင်ရန်ပညာသင်ကြားပေးရပါမယ်။ ဒါကျွန်တော့စိတ်ထင်ကိုပြောတာပါခင်ဗျာ။ မှားရင်ပြင်ပေးကြပါ။ မြန်မာလိုဘာသာမပြန်တတ်တဲ့စကားလုံးတွေအတွက် English လိုပဲရေးထားတာကိုခွင့်လွှတ်ပေးကြပါခင်ဗျာ။
Deleteကျွန်တော်ထက်ပြီ ရေးပေးထာတာပါ ပိုနာလည်အောင်လိုပါ :P “စိတ်မကောင်းစွားနဲပြောပါ၇စေ။ Will to Fight်ဆိုတာကျွန်တော်တို့ တပ်မတော်ထဲမှာမ၇ှိတော့တာ ကြာခဲ့ပါပြီ။ ၇ဲဘော်တွေ ဟာမိမိတို့ ဘာောကာင့်တိုက်ပွဲ-၀င်နေရတာလဲကို သေချာ ဂဃ နဏ သိချင်ထက် အရာရှိက “ ဒီဟာရန်သူ လိုဆိုလိုက်ရင် သတ်ပစ်ရမယ်ဆိုတာလို Brainwash အလုပ်ခံတားရတာပဲများပါတယ်။ အဲတော့ ကျဆုံးသွားကျတဲ့ ရဲဘော်တွေ ရဲ့  အသက်ဟာ အလဟသ ဖြစ်သွားကြတာကို ရင်နာစွာနဲ တွေရှိရပါတယ်။ ဒါကိုပြင်ချင်ရင်တော ပထမဦးစွား၇ဲဘော်တွေကို Objective and subjective thinking ကိုချင်ချိန်သုံးသပ်နိုင်ရန် ပညသင်ကြားပေးရပါမယ်။ ဒါ ကျွန်တော်စိတ်ထင်ကိုပြောတာပါ ခင်ဗျာ.။ မှားရင်ပြင်ပေးကြပါ။ မြန်မာလိုဘာာမပြန်တက်တဲ့ စကားလုံးတွေအတွက် English လိုပဲ ရေးထာတာကို ခွင့်လွတ်ပေးကြပါ ခင်ဗျာ“
Deleteကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
Deleteကျွန်တော်နားမလည်တဲ့အချက်လေးတချက်ကိုတင်ပြပါရစေ။ UZI ဟာ Sub-machine gun class ဖြစ်ပြီး 9mm ကျည်ကိုအသုံးပြုပါတယ်။ မြန်မာ့စစ်မြေပြင်တွေရဲ့ထုံးစံအတိုင်းတိုက်ပွဲအများစုဟာတောတောင်တွေထဲမှာတိုက်ရတာများပါတယ်။ UZI ရဲ့ Effective Range ဟာ 200 မီတာပဲရှိပြီး 9mm ပဲရှိတဲ့အတွက် Stopping power ဟာလည်းမြန်မာ့ရေမြေအရ အလွန်ကိုနည်းလွန်းပါတယ်။ အနည်းဆုံးတော့ AK74u လောက်တော့သုံးသင့်တယ်ထင်ပါတယ်။ သူ့ရဲ့ဖခင် AK47 လိုပဲအလွန်ကိုအကြမ်းခံတဲ့အတွက်မိုးနဲ့စိုစွတ်မှုများတဲ့ရိုးမတောကြီးတွေနဲ့ကိုက်လိမ့်မယ်လို့ယုံကြည်ပါတယ်။ 1960-70 တုန်းက ကရင်ပြည်နယ်မှာအမေရိကန်တပ်တွေနဲ့လှုပ်ရှားခဲ့တဲ့ Australia ကအငြိမ်းစားကွန်မင်ဒိုတဉီးနဲ့ကျွန်တော်စကားပြောခဲ့တဲ့အခါမှာသူကဆိုပါတယ်။ သူကိုင်ခဲ့ရတဲ့ M4 Carbine ရိုင်ဖယ်ထက်စာရင် AK47 ကိုပိုသုံးချင်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့နုနယ်လှတဲ့အမေရိကန်လုပ် M Series ရိုင်ဖယ်တွေဟာမြန်မာ့ရာသီဉတုရဲ့ဒုက္ခပေးမှုကိုအကြီးအကျယ်ခံရလို့ပါတဲ့။ AK47 ဟာဘယ်အချိန်ပဲပစ်ပစ်ဘယ်လောက်ပဲ neglect လုပ်ထားပါစေကျည်အမြဲထွက်ပါတယ်တဲ့။
ReplyDeleteကျွန်တော်ထက်ပြီ ရေးပေးထာတာပါ ပိုနာလည်အောင်လိုပါ :P “ကျွန်တော်နာမလည်တဲ့အချက်လေးတစ်ချက်ကိုတင်ပြပါရစေ။ UZI ဟာ Sub-machine gun class ဖြစ်ပြီး 9 mm ကျည်ကိုအသုံးပြူပါတယ်။ မြန်မာ့စစ်မြေပြင်တွေရဲ့  ထုံးစံအတိုင်းတိုက်ပွဲအများစုဟာ တောင်တွေထဲမှာတိုက်ရတာများပါတယ်။ UZI ရဲ့ Effective range ဟာ 200 မီးတာပဲရှိပြီး 9mm ပဲရှိတဲ့ အတွက် Stopping power ဟာလဲ မြန်မာရေမြေအရ အလွန်ကို နည်းလွန်းပါတယ်။ အနည်းဆုံးတော့ AK74u လော်ကတော့သုံးသင်တယ်ထင်ပါတယ်။ သူရဲ့ ဖခင် AK 47 လိုပဲ အလွန်ကိုအကြမ်းခံတဲ့ အတွက် မိုးနဲစိုစွတ်မူများတယ်ရိုးမ တောကြီးတွေနဲကိုက်ကလိမ့်မယ်လို ယုံကြည်ပါတယ်။ 1960-70 တုန်းက ကရင်ပြည်နယ်မှ အမေရိကန်တပ်တွေနဲ လှုပ်ရှားခဲတဲ့ Australia က အငြိမ်စားကွန်မန်ဒို တဦးနဲ့ ကျွန်တော်စကားပြောခဲတယ်အခါမှာ သူကဆိုပါတယ်။ သူကိုင်ခဲတယ် M4 Carbine ရိုင်ဖယ်ထက်စာရင် AK 47 ကိုပိုသုံးချင်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတောနုနယ်လှတဲ့ အမေရိကန်လုပ် M Series ၇ိုင်ဖယ်တွေဟာ မြန်မာရသီဥတုရဲ ဒုက္ခပေးမူကို အကြီးအကျယ်ခံရလိုပါတဲ့။ AK 47 ဟာ ဘယ်အချိန်ပဲပစ်ပစ် ဘယ်လောက်ပဲ neglect လုပ်ထားပါ စေကျဉ်အမြဲထွက်ပါတယ်။ “
Deleteကို mm , ဒီပို့စ်မှာ whispering shadow ဆွေးနွေးထားတာတွေကို ကျွန်တော်မမြင်ရဘူးဗျ။ Font တွေပျောက်နေတယ်။ ဘာFont သုံးသလဲဗျာ။ ကူညီပါဦး။
ReplyDeleteHi, I'm using default Myanmar fonts that come with Macbook. If you cannot see, I can type everything again in English. It's even better because it is sooooo hard for me to type in Burmese and takes me a long time. Have to use English to Myanmar dictionary too.
DeleteWhat I said in the last post was "Please allow me to present a point that I don't fully understand. UZI is Sub-machine gun class and uses 9mm rounds. As in typical Myanmar terrain, most of the skirmishes occur in jungles. Because UZI's effective range is merely 200m, stopping power is very little in Myanmar terrain. At least the AK74u should be used. Like its father the AK47, it is very durable so it will be suitable for the Yoma jungles which have high levels of rain and moisture. When I spoke to an retired Australian Commando who operated in Karen state with the Americans during 1960-70 told me. 'I prefer the AK47 than the M4 Carbine rifle. Because fragile M Series rifles suffer from Myanmar weather. No matter when you shoot, no matter how much it has been neglected, the AK47 WILL always fire.' "
ReplyDeleteကို sanaytharေ၇း whispering shadow ရေးတာ Myanmar 3 font ပါ အဲဒီဖောင့်လေးကိုတော computer မှာ install လုပ်ထားသင်ပါတယ် font လေတစ်ခုတည်ပါ ဘာမှမခက်ပါဘူး လိုအပ်ရင် zawgyi မသုံပဲ အဲဒီဖောင့်လေပြောင်းနှိပ်လိုက်ရင် စာတွေဖတ်လိုရပါတယ် microsoft window office မှာလဲ
ReplyDeleteသုံးလိုရပါတယ် အဆင်ပြေပါစေ :P