Friday, March 8, 2013

D-20 ၁၅၂မမ အမြောက်လက်နက်အကြောင်း

မြန်မာ့တပ်မတော် အမြောက်များအကြောင်းကို လေ့လာမိရင်း သိချင်တာလေးတွေကို သူငယ်ချင်း၊ မိတ်ဆွေများကို လိုက်မေးဖြစ်ပါတယ်... အတော်များများ သိခွင့်ရခဲ့လို့လည်း ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ....။

၁၅၂ မမ D-20 အမြောက်- ဆိုဗီယက် လက်ထိုးကျည် အမြောက်


 ဥရောပ နိုင်ငံတွေမှာ ၁၉၅၅ ကတည်းက ထင်ရှားခဲ့ပြီးတော့၊ နေတိုးကတော့ M1955 ဆိုပြီးတော့ ခေါ်ဆိုခဲ့တယ်..

အမြောက်ကို ဒုတိယကမ္ဘာစစ်ပြီးကတည်းက ပစ်သရော့ဖ်ကနေပြီး 1937 နှစ်က 152 မမ ML-20 ကို အခြေခံပြီးတော့ တီထွင်ခဲ့ပါတယ်... ဗီယက်နမ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲနဲ့ အခြားစစ်ပွဲတွေမှာလဲ အသုံးပြုခဲ့ပါတယ်...
ပြောင်းအရှည် -၂၅ မီတာ ရှိပြီးတော့ ပထမဦးဆုံး ၁၅၂ မမ အမြောက်တွေထဲမှာ ကျဉ်ပိတ် ထောင်လိုက်ကို အော်တိုစနစ်နဲ့ လက်ထိုးစနစ်ပုံစံနဲ့ ထုတ်လုပ်ထားပါတယ်..(ဆိုလိုတာက ကျည်ကို လက်နဲ့ထိုးလိုက်ရင် အော်တိုပိတ်ပြီးတော့.. ပစ်ပြီးသွားတဲ့ ကျည်ခွံကိုလဲ အော်တိုထုတ်တဲ့ system ကိုပြောတာပါ)

ပုံစံ-၆၆ ၁၅၂မမ အမြောက်လက်နက်

D-20 ကိုအခြေံပြီး ထုတ်ထားတဲ့ D-22 ကိုတော့ 2S3 မှာအသုံးပြုထားပါတယ်... 2S3 ဆိုတာက တင့်ကားအခြေခံပြီးတော့ အမြောက်စနစ်တပ်ဆင်ထားတာဖြစ်ပါတယ်... အဲဒါကြောင့် တင့်ကားနဲ့ အမြောက်ကားတွေကိုတော့ ကွဲကွဲပြားပြားသိမယ် ထင်ပါတယ်...

တရုပ်တပ်မတော်သုံး D20 ပုံတူ ပုံစံ-၆၆ ၁၅၂မမ အမြောက်


အလေးချိန် ၅၇၀၀ ကီလိုဂရမ်
လူ ၈ ယောက်
ပြောင်းဝ ၁၅၂ မမ
ထောင်လိုက် ထောင့် −5° +45°
အလျားလိုက် ထောင့် 58°
တစ်မိနစ် ပစ်အား ၅-၆ တောင့်
အလျားလိုက်ပစ် အဝေး 17,4 ကီလိုမီတာ
အဝေးဆုံး 24 ကီလိုမီတာ အထိပစ်နိုင်ပါတယ်...
D-20 နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ ရှိပါတယ်... ရုရှားကတော့ မသုံးတော့ပါဘူး D-20 ကို..ရုရှားနိုင်ငံမှာတော့ ကားဆွဲအမြောက်တွေ နောက်ပိုင်းမှာ မသုံးတော့ပါဘူး... အဲဒီအမြောက်တွေ နေရာအစား.. အမြောက်ကားတွေ ထည့်သွင်းအသုံးပြုနေပါတယ်.. ဒါကတော့ ဗဟုသုတ အနေနဲ့ ပြောတာပါ..

ယာဉ်တင်စနစ်ပြောင်းလဲထားသည့် ပုံစံ-၈၃ စနစ်
(အချက်လက်များ ပြန်လည်ဝေမျှပေးတဲ့အတွက် ကိုတိုးတီကို ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ..။)

No comments:

Post a Comment