Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, July 16, 2014

လေတပ်၏ မျိုးဆက်သစ် တိုက်လေယာဉ်များအား လေ့လာကြည့်ခြင်း



တပ်မတော်(လေ)ရဲ့ အနာဂါတ် မျိုးဆက်သစ် တိုက်လေယာဉ်အကြောင်း ပြောကြရင် မပါမဖြစ်တဲ့ တိုက်လေယာဉ်ကတော့ အားလုံးသိတဲ့အတိုင်း JF-17 လို့ခေါ်တဲ့ တရုပ်နဲ့ ပါကစ္စတန်လေတပ်မှ ပူးတွဲထုတ်လုပ်ခဲ့တဲ့ တိုက်လေယာဉ်ပဲဖြစ်ပါတယ်...။ JF-17 တိုက်လေယာဉ်ကို လက်ရှိမှာ ပါကစ္စတန်လေတပ်ကသာလျှင် အသုံးပြုလျှက်ရှိပြီး JF-17 Block.II အဆင့်ကို ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်...။ ဖော်ပြခဲ့ပြီးတဲ့ အချက်လက်များအရ အတော်များများလည်း JF-17 တိုက်လေယာဉ်အား အကြမ်းဖျင်းအားဖြင့် လေ့လာမိကြမယ်လို့ မျှော်လင့်ပါတယ်...။ဒါကြောင့် ဒီပိုစ့်မှာတော့ JF-17 အကြောင်းကိုချန်ပြီး အခြားသော စိတ်ဝင်စားစရာကောင်းတဲ့ လေယာဉ်အမျိုးစားများကို အဓိကဖော်ပြပေးသွားပါ့မယ်..။

လေတပ်အနေဖြင့် မကြာတော့သော ကာလများမှာ F-7 IIK တိုက်လေယာဉ်များ နဲ့ A-5CM ဗုံးကြဲလေယာဉ်များကို အနားပေးဖို့ ဆောင်ရွှက်နေပြီဖြစ်ပြီး လစ်ဟင်းလာမယ့် အဆိုပါ နေရာများအတွက် ခေတ်မီမျိုးဆက်သစ် တိုက်လေယာဉ်များ လေ့လာ၊သုံးသပ်လျှက်ရှိနေပါတယ်...။ A-5CM များဟာ ဗုံးကြဲလေယာဉ်အမျိုးစားဖြစ်ပြီး သူ့အချိန်အခါအရ အားထားရသည့် တိုက်လေယာဉ်အမျိုးအစားဖြစ်သော်လည်း အင်အားကြီးနိုင်ငံအချို့မှအပ ယနေ့ခေတ်ကာလများမှာတော့ ဗုံးကြဲလေယာဉ်သီးသန့်ထက် ဘက်စုံသုံးတိုက်လေယာဉ်များကို ပိုမိုအသုံးပြုလာကြပြီ ဖြစ်ပါတယ်...။

 JH-7A ဗုံးကြဲလေယာဉ်

သို့သော် လိုအပ်ချက်အရ အဆိုပါ A-5CM ဗုံးကြဲလေယာဉ်များနေရာတွင် အစားထိုးမည်ဆိုပါက လက်ရှိတပ်မတော်အတွက် အသင့်တော်ဆုံးမှာ JH-7A ဗုံးကြဲလေယာဉ်များဖြစ်ပါတယ်...။ JH-7A များသည် တရုပ်တပ်မတော်မှ တည်ဆောက်ခဲ့သော ဗုံးကြဲလေယာဉ်အမျိုးစားဖြစ်ပြီး အမေရိကန်လေတပ်၏  F-111 လေယာဉ်များကဲ့သို့ပင် အီလက်ထရောနစ် စစ်ဆင်ရေးများ ဆောင်ရွှက်နိုင်စွမ်းရှိပါတယ်..။ မြေပြင် ပစ်မှတ်များအပြင် ပင်လယ်ပြင် ပစ်မှတ်များကိုပါ တိုက်ခိုက်ချေမှုန်းနိုင်စွမ်းရှိတဲ့အတွက် ရေတပ်အတွက်လည်း အားတစ်ရပ်ဖြစ်လာစေမှာ မလွှဲပါဘူး။ လက်နက်သယ်ဆောင်နိုင်သည့်နေရာ ၉ခုအထိပါရှိပြီး C-802A သင်္ဘောဖျက် ပဲ့ထိန်းဒုံးများ တပ်ဆင်ထားနိုင်ပါသေးတယ်..။ ထိန်းသိမ်းမှုစရိတ်သက်သာခြင်း၊ စွမ်းရည်မြှင့် နည်းပညာများပါဝင်ခြင်းအပြင် တပ်မတော်ရဲ့ ကာကွယ်ရေးဘတ်ဂျက်အရ JH-7A ဗုံးကြဲလေယာဉ်များဟာ လေတပ်ရဲ့ မျိုးဆက်သစ် တိုက်လေယာဉ်တစ်စင်းဖြစ်လာနိုင်ချေများပါတယ်..။

MiG-29M ဘက်စုံသုံးတိုက်လေယာဉ်

နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ လေယာဉ်အမျိုးအစားကတော့ MiG-29M/M2 တိုက်လေယာဉ်များ ဖြစ်ပါတယ်..။ တပ်မတော်ခေါင်းဆောင်များရဲ့ ရုရှားခရီးစဉ်မှာ အဆိုပါ တိုက်လေယာဉ်အမျိုးစားဖြင့် လိုက်ပါလေ့လာခဲ့ဘူးတဲ့အတွက် စဉ်းစားစရာအချက်တစ်ခု ဖြစ်လာပြန်ပါတယ်...။ MiG-29M အမျိုးစားများဟာ ပုံပန်းအရ လေတပ်၏ MiG-29B များနဲ့ ခပ်ဆင်ဆင်လို့ မြင်နိုင်ပင်မယ့် လေယာဉ်ရဲ့ ကိုယ်ထည်တည်ဆောက်မှုအပိုင်းနဲ့ အတွင်းပိုင်းတပ်ဆင်ထားတဲ့ စနစ်များဟာ အလွန်ကွာခြားသွားပြီးဖြစ်ပါတယ်...။ Super Fulcrum လို့ တင်စားခေါ်ဝေါ်ကြတဲ့ အဆိုပါလေယာဉ်များမှာတော့ Zhuk-ME ရေဒါစနစ်တပ်ဆင်ထားပြီး အကွာအဝေး ကီလိုမီတာ ၁၂၀မှနေကာ ပစ်မှတ် ၁၀ခုအား ရှာဖွေပေးနိုင်ပြီး ပစ်မှတ် ၄ခုအား တပြိုင်နက်တည်း တိုက်ခိုက်ချေမှုန်းနိုင်စွမ်းရှိလာပါတယ်...။ ဝေဟင်ပစ်မှတ်များအပြင် ဝေဟင်မှ မြေပြင်၊ရေပြင်ပစ် ဒုံးများ တပ်ဆင်ထားနိုင်ကာ ရေပြင်ပစ်မှတ်များအတွက်လည်း အောင်ဇေယျ ဖရီဂိတ်စစ်ရေယာဉ်တွင် တပ်ဆင်ထားသည့် Kh-35P ၏ မျိုးကွဲ Kh-35E ဒုံးများကိုလည်း တပ်ဆင်ပေးနိုင်ပါတယ်..။ မြေပြင်ပစ်မှတ်များအတွက်လည်း Kh-29T, Kh-31A,Kh-31P နှင့် Kh-35E ပဲ့ထိန်းဒုံးစနစ်များကို အသုံးပြုနိုင်တဲ့အပြင် ပဲ့ထိန်းဗုံးများ၊ ပဲ့ထိန်းမဲ့ဗုံးများနဲ့ ပဲ့ထိန်းမဲ့ ရော့ကစ်များလည်း တပ်ဆင်ထားနိုင်ပါသေးတယ်..။ ဒါကြောင့် MiG-29M တိုက်လေယာဉ်များဟာ ဘက်စုံသုံးတိုက်လေယာဉ်အတန်းစားလို့ သတ်မှတ်ထားကြပြီး ကမ္ဘာ့နိုင်ငံအတော်များများကလည်း အထူးလေ့လာနေကြရတဲ့ တိုက်လေယာဉ်တစ်မျိုးဖြစ်ပါတယ်...။

 MiG-29SMT တိုက်လေယာဉ်

ဒီနေရာမှာ တစ်ချက် သတိထားရမယ့် အချက်ကတော့ လက်ရှိရှိရင်းစွဲ MiG-29SE များကို SMT အဆင့်မြှင့်တင်မပေးနိုင်ဘူးလားဆိုတဲ့ အချက်ပဲဖြစ်ပါတယ်...။ ဟုတ်ပါတယ်.. ကျွှန်တော်တို့အနေနဲ့ လေတပ်ရဲ့ အစီးရေ ၂၀ကျော်သော MiG-29SE များကို SMT အဆင့်ထိမြှင့်တင်ထားနိုင်သလို မြန်မာ့ပိုင်နက်ကို အမြဲကျုးကျော်ဖို့ ကြိုးပမ်းလျှက်ရှိတဲ့ ဘကုန်းလေတပ်ကလည်း ၄င်းတို့ရဲ့ ၆စီးသော MiG-29SE များကို SMT အဆင့်မြှင့်ဖို့ စတင်နေပြီဖြစ်ပါတယ်...။ လေ့လာမိသော အချက်များအရ အဆိုပါ SMT များအနေဖြင့်လည်း MiG-29M များနီးနီး စွမ်းဆောင်ရည်ရှိလာပြီးဖြစ်ရာ လေတပ်အနေဖြင့် M အဆင့် တိုက်လေယာဉ်များ ဝယ်ယူခြင်းထက် ရှိရင်းစွဲ B များအား SMT အဆင့်ထိ မြှင့်တင်ရင်း ပိုမို၍ စွမ်းဆောင်ရည်မြှင့်သည့် တိုက်လေယာဉ်တစ်မျိုး ဖြည့်တင်းရမှာဖြစ်ပါတယ်..။ လေတပ်အနေဖြင့် ဘကုန်းရဲ့ ဝေဟင်ထိုးစစ်ကို အထူးတလည် စိုးရိမ်စရာ မရှိပင်မယ့်လို့ ယိုးဒယားလေတပ်ရဲ့ Gripen ဆွီဒင်ထုတ် တိုက်လေယာဉ်များကိုလည်း သတိထားရမှာဖြစ်ပါတယ်...။

MiG-35 ဘက်စုံသုံးတိုက်လေယာဉ်များမှာတော့ နည်းပညာအသစ် Zhuk-AE ရေဒါစနစ်ပါဝင်လာပြီးဖြစ်ကာ ဝေဟင်ပစ်မှတ်များကို အကွာအဝေး ၁၆၀ ကီလိုမီတာ နှင့် ရေပြင်ပစ်မှတ်များကို အကွာအဝေး ၃၀၀ ကီလိုမီတာမှ ထောက်လှမ်းဖမ်းယူနိုင်ပါတယ်..။ Zhuk-AE ရေဒါစနစ်များဟာ ပစ်မှတ် ၃၀ကို ရှာဖွေဖမ်းယူနိုင်ပြီး ပစ်မှတ် ၆ခုကို တပြိုင်တည်း ပစ်ခတ်ချေမှုန်းနိုင်စွမ်းရှိပါတယ်...။ လက်နက်သယ်ဆောင်နိုင်သည့်နေရာ ၉ခုပါရှိလာကာ မြေပြင်၊ဝေဟင်နဲ့ ရေပြင်ပစ်မှတ်များကိုပါ တိုက်ခိုက်နိုင်စွမ်းရှိပါတယ်...။ ထို့အပြင် MiG စီးရီးတိုက်လေယာဉ်များရဲ့ Mikoyan Companyထုတ် နောက်ဆုံးပေါ်နည်းပညာများ တပ်ဆင်ပေးထားပြီး ကမ္ဘာ့လေတပ်များတွင် အသုံးပြုခြင်းမရှိသေးသည့် နည်းစနစ်များပါဝင်တယ်လို့ သိရပါတယ်...။ MiG-35D ဘက်စုံသုံး တိုက်လေယာဉ်များဟာ အမေရိကန်ရဲ့ ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်တဲ့ F-35 ကို ယှဉ်ပြိုင် နိုင်စွမ်းရှိတယ်လို့ သိရပါတယ်...။ ဒါကြောင့် အနာဂါတ်တိုက်လေယာဉ်အကြောင်း ပြောတော့မယ်ဆိုရင် MiG-35 တိုက်လေယာဉ်ဟာ အဓိက စဉ်းစားရမယ့် အချက်အဖြစ် အမြဲရှိနေတာလည်း ဖြစ်ပါတယ်...။

နောက်ဆုံးအနေနဲ့ အထက်ပါဖော်ပြခဲ့တဲ့ တိုက်လေယာဉ်များဟာ စစ်ဆင်နိုင်မှုအကျယ်အဝန်း ကန့်သတ်ချက်များပြီး ခရီးရှည်ထိုးဖောက်စစ်ဆင်နိုင်မယ့် လေတပ်တစ်ခုအဖြစ် တည်ဆောက်တော့မယ်ဆိုရင်တော့ Sukhoi မှ ထုတ်လုပ်သည့် SU စီးရီးတိုက်လေယာဉ်များကို စဉ်းစားရပါတော့မယ်...။ မိမိတို့လေတပ်အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် မည်သည့်ရန်သူကိုမဆို ရင်ဆိုင်ချေမှုန်းရမည်ဖြစ်ပြီး လိုအပ်ပါက ခရီးရှည်ထိုးဖောက်တိုက်ခိုက်ဖို့ လိုကောင်းလိုလာနိုင်ပါတယ်...။ ဒေသတွင်းလေတပ်များမှာတော့ SU စီးရီး တိုက်လေယာဉ်များကို အင်အားကြီးနိုင်ငံများဖြစ်သည့် တရုပ်၊အိန္ဒိယတို့အပြင် ဗီယက်နမ်၊မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံများမှလည်း ပိုင်ဆိုင်ထားပါတယ်...။ ထုတ်ပြန်ထားသည့် အချက်လက်များအရ မလေးရှားလေတပ်၏ SU-30MKM တိုက်လေယာဉ်များဟာ ရန်ကုန်မြို့အထိပင် ခရီးရှည်ပျံသန်း စစ်ဆင်နိုင်စွမ်းရှိပြီး ယိုးဒယားလေတပ်၏ Gripen တိုက်လေယာဉ်များထက်ပင် စွမ်းဆောင်ရည်မြှင့်မားကြောင်း တွေ့ရပါတယ်...။

မလေးရှားလေတပ်၏ Su-30MKM တိုက်လေယာဉ်


အင်ဒိုနီးရှားလေတပ်၏ Su-27 နှင့် Su-30 စီးရီးတိုက်လေယာဉ်များ


ဗီယက်နမ်လေတပ်၏ Su-30MKK နဲ့ Su-30MK2V တိုက်လေယာဉ်များ



တပ်မတော်(လေ)အနေဖြင့်လည်း Suစီးရီး တိုက်လေယာဉ်ကြီးများကို ဝယ်ယူဖို့ စဉ်းစားခဲ့မယ်ဆိုရင် နိုင်ငံရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးကတော့ ရုရှားလေတပ်ရဲ့ ကမ္ဘာကျော် Su-27 မျိုးကွဲများထဲကမှ Su-27SK ကို အဆင့်မြှင့်တင်ထားတဲ့ Su-27SKM ဟာ အသင့်သော်ဆုံးသော တိုက်လေယာဉ်တစ်စင်း ဖြစ်လာနိုင်ပါတယ်...။ Su-27SKM များဟာ တစ်ယောက်မောင်း ဘက်စုံသုံးတိုက်လေယာဉ်များဖြစ်ပြီး ပဲ့ထိန်းဒုံးများ၊ ပဲ့ထိန်းမဲ့ဒုံးများဖြင့် ရာသီဥတုမရွှေး၊ နေ့၊ည ပျံသန်းစစ်ဆင်နိုင်တဲ့ တိုက်လေယာဉ်များပဲဖြစ်ပါတယ်...။

လက်နက်တပ်ဆင်နိုင်မှု အပိုင်းကိုတော့- 
စက်သေနတ်-Gsh-301 ၃၀မမ စက်သေနတ်
လက်နက်ချိန်ဆွဲနိုင်သည့်နေရာ- ၁၀နေရာ
ဝေဟင်မှ ဝေဟင်ပစ်ဒုံး-R-27T1, R-27ET, R-27R1, R-27ER1ဒုံးများ
                             RVV-AE တာလတ်ပစ် ပဲ့ထိန်းဒုံး
                             R-73E တာတိုပစ် ပဲ့ထိန်းဒုံး
 ဝေဟင်မှ မြေပြင်ပစ်ဒုံး နှင့် ဗုံး-Kh-31A တာလတ် သင်္ဘောဖျက်ဒုံး
                                      Kh-31P တာလတ် ရေဒါဖျက်ဒုံး၊
                                      Kh-29L တာတို လေဆာပဲ့ထိန်းဒုံး
                                      KAB-500Kr, KAB-500-OD နှင့် KAB-1500Kr ပဲ့ထိန်းဗုံးများအပြင်
 အခြားသော ပဲ့ထိန်းမဲ့ဗုံးများကိုလည်း တပ်ဆင်ထားနိုင်ပါသည်။

Su-27SKM တိုက်လေယာဉ်၏ တပ်ဆင်နိုင်သည့် လက်နက်များပြပုံ
ဖော်ပြပါအချက်များအရ Su-27SKM တိုက်လေယာဉ်များဟာ လေတပ်ရဲ့ ခရီးရှည် ထိုးဖောက်ပျံသန်းစစ်ဆင်နိုင်သည့် တိုက်လေယာဉ်မျိုးဆက်အဖြစ် မျှော်လင့်ထားနိုင်ပြီး MiG-29M (သို့) MiG-35 တိုက်လေယာဉ်များဖြင့် တွဲကာ ပျံသန်းလာသည့် လေတပ်၏ Su-27SKM အုပ်အား မြင်တွေ့ရနိုင်ချေရှိပါသည်...။ အထက်ပါအကြောင်းအရာများသည် မိမိ တစ်ဦးတည်း၏ အမြင်များနှင့် လေ့လာထားချက်များသာလျှင်ဖြစ်ပြီး စာဖတ်သူ ညီ၊အစ်ကိုများအနေဖြင့် တထစ်ချက်မှတ်ယူခြင်း မပြုစေလိုပါ...။ အားနည်းချက်များ၊အချက်လက်အမှားများရှိပါက
 ဝေဖန်၊ထောက်ပြပေးနိုင်ပါတယ်...။

လေးစားလျှက်- ကိုMM

တပ်မတော်(လေ)၏ အဖြစ်လာနိုင်ဆုံးသော ဘက်စုံသုံးတိုက်လေယာဉ်များ
MiG-35 ဘက်စုံသုံးတိုက်လေယာဉ်

 Su-27SKM ဘက်စုံသုံးတိုက်လေယာဉ်

ကိုးကားချက်များ-
http://en.wikipedia.org/wiki/JH-7
http://en.wikipedia.org/wiki/Mikoyan_MiG-29M
http://en.wikipedia.org/wiki/Mig-35
 http://en.wikipedia.org/wiki/Saab_JAS_39_Gripen
 http://en.wikipedia.org/wiki/Su-30
http://en.wikipedia.org/wiki/Sukhoi_Su-30MKM
 http://www.knaapo.ru/eng/gallery/aircrafts/combat/su-27skm/index.wbp

Tuesday, June 17, 2014

မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း အပိုင်း-၂


 (ကိုရဲမိုး၏ တပ်မတော် စစ်လက်နက်ဖြည့်တင်းမှုဆိုင်ရာ ပိုစ့်အား ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ ဖော်ပြခွင့်ပေးသည့် ကိုရဲမိုးအား ကျေးဇူး အထူးတင်ရှိကြောင်းပါ..။)


၁၉၉၀ ခုနှစ် မတိုင်မီက မြန်မာ့လေတပ်ဟာ ၁၉၆၂ ခုနှစ် နဲ့  ၁၉၇၀ ခုနှစ် ၀န်းကျင်က ၀ယ်ယူခဲ့တဲ့  ဟောင်းနွမ်းနေတဲ့  လေယာဉ် နဲ့  ရဟတ်ယာဉ် မျိုးစုံ ၁၃၁ စီးလောက်သာ ပိုင်ဆိုင်ပါတယ်။ လေတပ်ဟာ အရွယ်အစားသေးငယ်ဆင်းရဲ ပြီး သယ်ယူပို့ ဆောင်ရေး၊ထောက်ပံ့ ရေး နဲ့ 
ကြည်းတပ်ရဲ့ စစ်ဆင်ရေး တစ်ချို့ လောက်ကိုသာ အထောက်အကူပြုနိုင်တဲ့ အနေအထားလဲ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ လေတပ်ကို အဆင့်မြှင့်တင်ဖို့ ဘယ်လိုစာချုပ်တွေ ချုပ်ဆိုခဲ့တယ်ဆိုတာ
အတိအကျ မသိရပေမယ့် ၁၉၉၀ ဒီဇင်ဘာလ မှာပဲ တပ်မတော်လေဟာ F7 2k ကြားဖြတ်တိုက်ခိုက်ရေး
 လေယာဉ် ၁၀ စီး GAIC FT – 7 Trainers လေယာဉ် ၂စီး PT 6 အမောင်းသင်လေယာဉ် အစီး ၃၀ ကို စတင် ရရှိခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ယူဂိုဆလားဗီးယားနိုင်ငံက G4 Super Galab တိုက်လေယာဉ် တစ်အုပ် ထပ်မံ ရောက်ရှိလာပြီး ၁၉၉၃ ခုနှစ်မှာ F7 2K လေယာဉ် ၁၂ စီး ထပ်မံရောက်ရှိလာပါတယ်။
၁၉၉၅ , ၁၉၉၇ နဲ့  ၁၉၉၉ ခုနှစ်တွေမှာ တပ်မတော်လေ အနေနဲ့  ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေ အများအပြား ဖွဲ့ စည်းထားနှင့် ပြီးပါပြီ..။
F-7 တိုက်လေယာဉ်များ 
A-5 မြေပြင်တိုက်ခိုက်ရေး တိုက်လေယာဉ်များ
 ပြည်ပ စစ်ဖက် သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ တပ်မတော်လေ ရဲ့  ပထမဆုံး ဗုံးကြဲ တိုက်လေယာဉ် A5 တွေကို ၁၉၉၂ ခုနှစ်မှာ စတင် လက်ခံရရှိတယ်လို့  ဆိုပါတယ်...။ ၈ နှစ်အတွင်းမှာ
A5 ဗုံးကြဲ တိုက်လေယာဉ် ၃၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၈ နဲ့  ၁၉၉၉ ခုနှစ်တွေမှာတော့ K8 အမောင်းသင် ဂျက်တိုက်လေယာဉ်တွေ အများအပြား စတင်ရောက်ရှိလာပါတယ်...။ လေယာဉ်တွေ အများအပြား ရောက်ရှိလာပြီး ကျွမ်းကျင် လေသူရဲတွေ အများအပြား ရုတ်တရက်လိုအပ်လာတဲ့ 
 ပြသနာကို ဖြေရှင်းနိုင်ဖို့  တပ်မတော် အစိုးရဟာ ၁၉၉၅ ခုနှစ် စစ်တက္ကသိုလ် လက်ခံပတ် တစ်ခုတည်းမှာတင် လေသူရဲ ဗိုလ်လောင်း ၂၅၀ ကို သီးသန့်  စတင်ခေါ်ယူခဲ့ပါတယ်...။ ဒီဗိုလ်လောင်းတွေဟာ စစ်တက္ကသိုလ် ဒုတိယနှစ်မှာတင် လေယာဉ်မောင်း သင်တန်းကျောင်း အသီးသီးကို
သွားရောက် သင်ကြားရပြီး နောက်ဆုံးနှစ် ကျောင်းဆင်းခါနီး အချိန်မှသာ စစ်တက္ကသိုလ်ကို လာရောက်ပူးပေါင်း ကျောင်းဆင်းခဲ့ပါတယ်။ ကျောင်းဆင်းပြီးချိန်မှာတော့ ဒီအရာရှိတွေဟာ
တပ်မတော်လေ ရဲ့  အမာခံ လေသူရဲ အုပ်စုတွေ ဖြစ်နေ ပြီးပါပြီ..။ နောက်ထပ် စစ်တက္ကသိုလ် လက်ခံပတ်အချို့ မှာလဲ ဒီအစီအစဉ်အတိုင်း လေသူရဲ့ ဗိုလ်လောင်း အတော်များများကို သီးသန့် ခေါ်ယူလေ့ကျင့် မွေးထုတ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်အတွင်း တပ်မတော်လေ ရဲ့  ဟောင်းနွမ်းနေတဲ့ ဖော်ကာလေယာဉ်များ နေရာမှာ
အစားထိုးဖို့ စတင်ရောက်ရှိလာတာကတော့ SAC Y8D အမျိုးအစား သယ်ယူပို့ ဆောင်ရေး
 လေယာဉ်တွေ ဖြစ်ပါတယ်..။ ပိုလန်နိုင်ငံက ၀ယ်ယူလိုက်တဲ့  PZL W3 Sokol အမျိုးအစား ဘက်စုံသုံး ရဟတ်ယာဉ် ၁၃ စီး နဲ့  Mi 2 ရဟတ်ယာဉ် အစီး ၂၀ ကို လက်ခံရရှိပြီးတဲ့ နောက် ရုရှားနိုင်ငံလုပ် Mi 17 ရဟတ်ယာဉ် ၁၃ စီးလဲ ထပ်မံ အားဖြည့် ရောက်ရှိလာပါတော့တယ်..။ 
 Mi-2 အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်
Mi-17 အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်
၂၀၀၁ ခုနှစ် ယိုးဒယား နယ်စပ်ပြသနာ ဖြစ်ပြီးတဲ့ နောက် အလျှင်အမြန် ထပ်မံ ရောက်ရှိလာတာကတော့  
ခေတ်မီ MiG 29 B ဂျက်တိုက်လေယာဉ် ၁၂ စီး ပဲ ဖြစ်ပြီး ၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့  ရုရှား ခရီးစဉ်အပြီးမှာ MiG 29 ဂျက်လေယာဉ် အမြောက်အများ ထပ်မံရောက်ရှိလာခဲ့တယ်လို့ လဲ သိရပါတယ်..။
ဆယ်စုနှစ် တစ်စု အတွင်းမှာပဲ မကွေးလေယာဉ်ကွင်း ၊ ကော့သောင်း ၊ မြိတ် ၊ ထားဝယ် နဲ့  မော်လမြိုင်မှာရှိတဲ့  လေယာဉ်ကွင်းတွေကို အဆင့်မြှင့်တင် တိုးချဲ့ တည်ဆောက်မှု များ 
 တောက်လျှောက်ပြုလုပ်ခဲ့ကြတာကို တွေ့ ရပြီး လေယာဉ်တည်ဆောက်ရေး နည်းပညာလဲ စတင် ဖွံဖြိုးလာတာကို တွေ့ ရှိရပါတယ်..။ ပြည်ပ စစ်ဘက် နည်းပညာ သတင်းအရင်းအမြစ်တွေ ရဲ့ အဆိုအရ
၂၀၀၂ ခုနှစ် နဲ့  ၂၀၀၅ ခုနှစ်တွေမှာ တပ်မတော် လေ ဟာ အပေါ့စားလေယာဉ် တစ်စီးစီကို
အောင်မြင်စွာ စမ်းသပ်တပ်ဆင်နိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ STOL CH – 701 အမျိုးအစား
အပေါ့စားလေယာဉ် တစ်စီးကို အောင်မြင်စွာ တပ်ဆင် ပျံသန်းနိုင်ခဲ့တယ်လို့ သိရှိရပါတယ်...။

အခု ကျွန်တော် တင်ပြခဲ့တာတွေဟာ တပ်မတော်ကို လက်နက်တပ်ဆင် အဆင့်မြှင့်တင်မှု    
ပြုလုပ်ခဲ့တာတွေကို အကြမ်းဖျင်း ဖော်ပြထားတာ ဖြစ်ပါတယ် မဟာဗျူဟာ တပ်နေရာချထားမှု အစီအစဉ်တွေကို မဖော်ပြတော့ပေမယ့်  ၁၉၉၀ ခုနှစ်က ၂၀၀၀ ခုနှစ် အတွင်း မှာပဲ တစ်နိုင်ငံလုံးမှာ
တိုက်ခိုက်ရေး ခြေမြန်တပ်မ ၂၅ ခုလောက် အသစ် တိုးချဲ့ ဖွင့်လှစ်ခဲ့ တာကို ထောက်ရင်
တပ်ဖွဲ့ များ နေရာချထားမှု အစီအစဉ်ဟာ အတော်ကို ကြီးမားကျယ်ပြန့် တယ်လို့  ခန့် မှန်း သုံးသပ်နိုင်မှာ ဖြစ်ပါတယ်..။ ၁၉၈၈ ခုနှစ် မတိုင်ခင်က တပ်မတော် ရဲ့  အစွန်အဖျား အကျဆုံး တပ်ရင်းတွေဟာ ၂၀၀၀ ပြည့်နှစ် အရောက်မှာ သူ့ ထက် အစွန်အဖျားကျတဲ့  တပ်ရင်းပေါင်း ၅၀၀ လောက်
အသစ် တည်ဆောက်ထားတဲ့  အောက်မှာ ပျောက်ကွယ်လို့ နေ နေ ပါတယ်..။ပြောရရင်တော့
ဘယ် အစိုးရ အဆက်ဆက်ကမှ ခြေမချနိုင်ခဲ့တဲ့  နယ်စပ်ဒေသ အမည်းရောင်နယ်မြေတွေ အားလုံးမှာ
တပ်မတော် ရဲ့  အခိုင်အမာ တပ်ရင်းတွေ ရာနဲ့ ချီပြီး တည်ဆောက် တပ်စွဲ နေရာယူနှင့်ပြီး ဖြစ်နေပါပြီ...
၂၀၀၀ ပြည့်နှစ် ၀န်းကျင်က စခဲ့တဲ့ ဒီတပ်ရင်းတွေဟာ ၂၀၁၄ ခုနှစ်  ၁၄ နှစ်ကြာပြီးချိန်မှာ
အဲဒီဒေသတွေမှာ အသားကျနေတဲ့  တပ်ရင်းအဟောင်းတွေ ဖြစ်နေပြီလဲ ဖြစ်ပါတယ်...။ 

MiG-29 တိုက်လေယာဉ်များ
ဒီလောက်ဆိုရင်တော့ ၁၉၈၈ ခုနှစ်က တပ်မတော် နဲ့  ၂၀၁၀ ခုနှစ် နောက်ပိုင်း တပ်မတော်ကို
နိုင်းယှဉ်လို့ ရနိုင်ပြီ ဖြစ်ပြီး ၂၂ နှစ်တာ ကာလ အတွင်း တပ်မတော် ကို တကယ် တည်ဆောက်ခဲ့သလားဆိုတဲ့  အဖြေကို ကျွန်တော် ဖြေပြီး ဖြစ်မယ်လို့ ထင်ပါတယ်...။

ဒီနေရာမှာ တစ်ခု မေးစရာရှိတာက ဒါဆိုရင် တပ်မတော် က စစ်သည်တွေ ရဲ့ ချပ်ဝတ်တန်ဆာ ရိက္ခာ
စစ်အသုံးအဆောင်တွေရဲ့ အရည်အသွေးကို ဘာလို့ မမြှင့်တင်ရသလဲဆိုတဲ့ မေးခွန်းတစ်ခုပေါ်လာပါတယ်။
ဒီနေရာမှာ ရှင်းပြစရာ အချက် ၂ ခု ရှိပါတယ် ပထမ တစ်ခုက ဘယ်အရာကို အရင် ဦးစားပေးလုပ်မလဲ ဆိုတာပါ..။ ကျွန်တော် အပေါ်မှာ တင်ပြခဲ့တဲ့  စစ်လက်နက် ပစ္စည်း ၀ယ်ယူဖြည့်တင်း မှုတွေ
စစ်အင်အားတိုးချဲ့ မှုတွေဟာ အရပ်သား အစိုးရ တစ်ခုရဲ့ လက်ထက်မှာ လုံးဝ ခွင့်ပြုနိုင်ဖွယ် မရှိပါဘူး။ ရတဲ့ အချိန်လေး အတွင်း အမြန်ဆုံးဦးစားပေး အကောင်အထည်ဖော် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်..။ တပ် အသစ်တွေ တည်တာလဲ ထိုနည်း လည်းကောင်းပါပဲ ဒီိနေရာမှာ တပ်တည်ထား လူ ၂၀၀ လောက် ပို့ ထား
နောက် ၁၀ နှစ် ဆို အခြေကျသွားလိမ့်မယ် လိုတဲ့  လူအင်အား စစ်ဝတ်တန်ဆာ ရိက္ခာ နောက်ပိုင်း ဖြည်းဖြည်းချင်း အဆင့်မြှင့်တင်လို့ ရတယ်။ အရပ်သား အစိုးရ လက်ထက်
ဒါတွေ လုပ်လို့ မရနိုင်တော့ဘူး အရေးကြီးတာ အရင်လုပ် ဒီ သဘော ဖြစ်ပါတယ်..။ 
 တပ်မတော်ထုတ် စစ်အသုံးအဆောင်များ
နာက်တစ်ချက် ကတော့  လက်ရှိ တပ်မတော် မှာ စစ်သည် ငါးသိန်း ဆိုပါစို့  ရိက္ခာ တစ်ယူနစ်  (ရဲဘော်တစ်ယောက် တစ်ရက်စာ ) ဟာ ငွေ ၅၀၀ ကျတယ် ဆိုပါစို့  တပ်မတော် ရဲ့ တစ်ရက် ကုန်ကျစားရိတ်ဟာ ၅၀၀,၀၀၀ ယူနစ် × ၅၀၀ ကျပ် = ၂၅၀,၀၀၀,၀၀၀ ကျပ် ( သိန်း ၂၅၀၀ ကျပ် )
 ဖြစ်ပါတယ်…။ ရိက္ခာ အရည်အသွေးကို တစ်ရက်ကို ၁၀၀၀ ကျပ် အထိ အဆင့်မြှင့်တင် ပေးရင်
တစ်ရက်ကို သိန်း ၅၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်..။ စစ်ဝတ်တွေလဲ ထိုနည်းလည်းကောင်းပါပဲ
တောစီး စစ်ဖိနပ် တစ်ရံ ရဲ့ သက်တမ်းဟာ ၁၂ လ သတ်မှတ်ထားပါတယ် ၁၂ လပြည့်တိုင်း အသစ် ထပ်မံထုတ်ယူဖို့  လုပ်ရပါတယ်။ တောစီးဖိနပ်တစ်ရံ ရဲ့ တန်ဖိုးဟာ ၃၀၀၀ ကျပ်ရှိတယ် ဆိုကြပါစို့ .။
ဒီဖိနပ်ကို အဆင့်မြှင့်တင်လိုက်လို့  ၅၀၀၀ ကျပ် ကျသင့်လျှင် အင်အား ၅၀၀၀၀၀ × ၅၀၀၀ 
ကျပ် = ၂,၅၀၀,၀၀၀,၀၀၀ကျပ် ( သိန်း ၂၅၀၀၀ ကျပ် ) ဖြစ်ပါတယ်။ ဆိုလိုတာကတော့ တစ်နှစ်ပြည့်တိုင်း
တပ်မတော် တစ်ခုလုံးအတွက် တောစီး ဖိနပ် ဖိုး သိန်း၂၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်..။ ကျန်တဲ့  စစ်ဝတ် ပစ္စည်း ၂၂ မျိုးလုံးလဲ သူ့ သက်တမ်း အတိုင်း လဲလှယ်ကုန်ကျသွားမှာ ဖြစ်ပါတယ်။ အဆင့်မြှင့်ပေးပြီးမှတော့ ပြန်လျော့လို့ မရပါဘူး.. တပ်မတော်ကြီး တည်ရှိ နေသရွေ့  တောက်လျှောက် ကုန်ကျနေမှာ ဖြစ်ပါတယ်...။

ဒီပစ္စည်းတွေဟာ နိုင်ငံခြား နည်းပညာ မလို ပြည်ပ ပိတ်ဆို့ မှု ဂရုစိုက်စရာ မလို ဘတ်ဂျက် အင်အားတောင့်တာ နဲ့  ချက်ချင်းထုတ်ပေးလို့ ရတဲ့  ပစ္စည်းတွေ ဖြစ်ပါတယ်..။ ဒါကြောင့် အရင် စစ်အစိုးရ လက်ထက်မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှုတွေနဲ့  စစ်အင်အား တိုးချဲ့ ခြင်းကို ဖိဖိစီးစီး ဦးစားပေးလုပ်ခဲ့ပြီး
စစ်သည်တွေ ရဲ့ ချပ်ဝတ် တန်ဆာပလာ ရိက္ခာတွေကို ဦးစားပေး မဆောင်ရွက်ခဲ့တာ ဖြစ်မယ်လို့ 
ယူဆရကြောင်းပါ ခင်ဗျား …။  

နောက်ဆက်တွဲ ။ ။ ၂၀၁၂ ခုနှစ်မှာ တပ်မတော် တစ်ခုလုံးကို အရည်အသွေးမြှင့် စစ်ဖိနပ်များ စတင်လဲလှယ် ထုတ်ပေးခဲ့ပြီး အအေးပိုင်းဒေသ တပ်များအတွက် အရည်အသွေးမြင့် စစ်ဂျာကင်တွေ
စတင် ပြောင်းလဲ ထုတ်ပေးခဲ့ပါတယ်..။ ရိက္ခာယူနစ် မှာလဲ တီးမစ်များ ၊ ဘီယာဘူးများ အာမီရမ် ပုံစံသစ်များ စတင် ပါရှိလာခဲ့ပါတယ်..။ ၂၀၁၅ မတိုင်မီ တပ်မတော် တစ်ခုလုံး ကျည်ကာ နဲ့  ဟဲလမက်များ
လူစေ့ တပ်ဆင်သွားမည်ဟု သိရကာ လက်ရှိ ထုတ်ပေးထားသော ကျည်ကာအင်္ကျီတစ်ထည်၏ တန်ဖိုးမှာ
၂ သိန်းကျပ် တိတိ ဖြစ်ကြောင်း သိရှိရပါတယ်....။ သတင်းကောင်း တစ်ခုကတော့ ပုံစံသစ် Equiment များ
မကြာခင် စတင်ထုတ်လုပ် လဲလှယ် တပ်ဆင်တော့မည်ဟု သိရှိရကြောင်းပါ ခင်ဗျား ..... ။

( သတင်း အချက်အလက်များအား စင်ကာင်္ပူ နိုင်ငံ INSTITUTE OF SOUTHEAST ASIAN STUDIES မှ
ပုံနှိပ်ထုတ်ဝေသည့် Building the Tatmadaw Myanmar Armed forces Since 1948 By MAUNG AUNG MYOE ၏ ကျမ်းပြု စာတမ်း နှင့် ပြည်ပ ကာကွယ်ရေး websites များမှ ရယူပါသည် ....)

Thursday, June 12, 2014

မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း အပိုင်း-၁

(ကိုရဲမိုး၏ တပ်မတော် စစ်လက်နက်ဖြည့်တင်းမှုဆိုင်ရာ ပိုစ့်အား ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ ဖော်ပြခွင့်ပေးသည့် ကိုရဲမိုးအား ကျေးဇူး အထူးတင်ရှိကြောင်းပါ..။) 

၂၂ နှစ်တာ ကာလအတွင်း တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား…


 ဒီမေးခွန်းမှာ ပထမဆုံးစပြီးရှင်းပြရမယ့် အချက်ကတော့ ၁၉၈၈ ခုနှစ် မတိုင်မီ တပ်မတော်ရဲ့ အခြေအနေနဲ့ 
၂၀၁၀ နောက်ပိုင်း တပ်မတော်ရဲ့ အခြေအနေပဲ ဖြစ်ပါတယ်…

၁၉၈၈ ခုနှစ် မတိုင်မီက တပ်မတော် ရဲ့ အင်အားဟာ တိုက်ခိုက်ရေး တပ်မ ၈ခု နဲ့  တပ်ဖွဲ့ ဝင် ၂သိန်း မပြည့်တပြည့်သာ ရှိခဲ့ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင်တော့ ကြည်းတပ်မှာ ၁၈၄,၀၂၉ ယောက်၊
ရတပ်မှာ ၈,၀၆၅ ယောက် နဲ့  လေတပ်မှာ ၆, ၅၈၇ ယောက် တို့ ဖြစ်ပါတယ်..။တပ်ဆင်ထားတဲ့ လက်နက်၊ စစ်ယာဉ်တွေဟာလဲ ဒုတိယ ကမ္ဘာစစ် က သုံးခဲ့တဲ့  လက်နက်အမျိုးအစား အများစု နဲ့  ၁၉၆၀ နှစ်ဦးပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ လက်နက်အမျိုးအစား တစ်ချို့ သာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး စနစ် နဲ့ ထောက်ပံ့ ပို့ ဆောင်မှု စနစ်တွေဟာ အရွယ်အစားသေးငယ်တဲ့  စစ်ဆင်ရေး မျိုးတွေကိုသာ

 ထောက်ပံ့ နိုင်စွမ်းရှိပြီး ရေတပ်ဟာ မြစ်တွင်း နဲ့ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင် ပါတယ်...။ လေတပ်ဟာ လဲ မြေပြင်တပ်ဖွဲ့ များကို သာ အထောက်အပံ့ ပေးနိုင်စွမ်းရှိပြီး အင်အားနည်းပါးလွန်းလှပါတယ်...။

ဒါပေမယ့် ၁၉၉၀ ခုနှစ် နှစ်ဦးမှာတော့ ခေတ်သစ် တပ်မတော် တစ်ခုရဲ့  အနာဂတ်ဟာ စတင် ပုံလောင်း သွန်းဆစ်လို့  ခံရပြီ ဖြစ်ပါတယ်..။ တပ်မတော် အနေနဲ့  ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာကတော့ ကာကွယ်ရေး သိပံ္ပ နဲ့  နည်းပညာ ဆိုင်ရာ အဆောက်အအုံတွေ ဖြစ်ပါတယ်..။


တပ်မတော်ထုတ် လက်နက်ငယ်များ
၁၉၉၀ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသအချို့ က တပ်မတော် ကာကွယ်ရေးပစ္စည်း စက်ရုံတွေဟာ တပ်မတော်ရဲ့ လက်ရှိ အသုံးပြုနေတဲ့ အနောက်ဂျာမဏီ ဖက်စပ် ၇.၆၂ မီလီမီတာ ကျည်သုံး
G3 မောင်းပြန်ရိုင်ဖယ်တွေ ကို အစား ထိုး နိုင်ဖို့ အတွက် ၅.၅၆ မီလီမီတာ ကျည်သုံး မောင်းပြန်ရိုင်ဖယ် အသစ်တစ်မျိုး နဲ့ ခြေလျှင်တပ်သုံး လက်နက်မျိုးစုံတို့ ကို အကြီးအကျယ် စတင် စမ်းသပ်နေကြပါတယ်..။
လက်နက်ပုံစံ အသစ်တွေဟာ ၁၉၉၅ နှစ်ဦးမှာ စတင် ထုတ်လုပ်တဲ့ အဆင့်ကို ရောက်ရှိလာပြီး
၁၉၉၈ ခုနှစ် ၀န်းကျင်မှာတော့ တပ်မတော် တစ်ခုလုံးက တိုက်ခိုက်ရေးတပ်မတွေကို စတင် လှဲလှယ်တပ်ဆင် ပါတော့တယ်..။ အဲဒီ လက်နက်တွေကတော့ တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ 
MA series မောင်းပြန်ရိုင်ဖယ်များ၊ စက်သေနတ်များ ၊ မော်တာများ ၊လောင်ချာများ ၊ မိုင်းများ အစရှိတဲ့ လက်နက်တွေပဲ ဖြစ်ပါတယ်...။


တပ်မတော်ထုတ် ပုခုံးထမ်းလောင်ချာ
 
တင့်နှင့် သံချပ်ကာတပ်ဆိုင်ရာ
အလားတူ ၁၉၉၀ ခုနှစ် နှစ်ဦးပိုင်းမှာပဲ တပ်မတော် ရဲ့  သံချပ်ကာတပ်ဖွဲ့ တွေဟာ ခေတ်မီတိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို စတင် လက်ခံရရှိပါတယ်။ ပြည်ပ ကာကွယ်ရေးဆိုင်ရာ ၀က်ဘ်ဆိုဒ်တွေရဲ့ အဆိုအရ ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ မြန်မာ့တပ်မတော် ဟာ-

T-72S ပင်မ တိုက်ပွဲဝင် တင့် ၁၃၉ စီး …. ( ယူကရိန်း ၊ ရုရှား )
Type-59D ပင်မ တိုက်ပွဲဝင် တင့် ၂၈၀ စီး + …. ( တရုတ် )
Type-69 II ပင်မ တိုက်ပွဲဝင် တင့် ၁၉၀ စီး + … ( တရုတ် )
Type-80 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
Type-85 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
T-55 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( အိန္ဒိယ )
Type-63 အပေါ့စား တင့် ၁၅၀ စီး + ….. ( တရုတ် )
BTR-3U IFV သံချပ်ကာ တိုက်ယာဉ် ၁၀၀၀ စီး + ….
( ယူကရိန်း နှင့် ဖက်စပ် ပြည်တွင်းတွင် ထုတ်လုပ်သည် )



T-72S ပင်မတိုက်ပွဲဝင်တင့်ကား

 Type-63 အပေါ့စားတင့်ကား


Type-85 APC သံချပ်ကာ လူသယ်ယာဉ် ၂၅၀ စီး …. ( တရုတ် )
Type-90 APC သံချပ်ကာ လူသယ်ယာဉ် ၂၄၀ စီး …. ( တရုတ် )
EE-9 Cascavel AFV သံချပ်ကာတိုက်ယာဉ် ၁၄၀ စီး … ( ဘရာဇီး )
AML-90 Armoured Cars ( ×× ) စီး … ( တောင်အာဖရိက )
72 MAV -1 IFV သံချပ်ကာ တိုက်ယာဉ် ( ×× ) ( ပြည်တွင်းထုတ် ) ...
တို့ ကို လက်ခံ ရရှိခဲ့ တယ်လို့  ဆိုပါတယ်...။


အမြောက်နှင့် ဒုံးတပ်ဖွဲ့ဆိုင်ရာ
ဒါပေမယ့် အကြီးမားဆုံး ပြောင်းလဲသွားတာကတော့ အမြောက်တပ်ဖွဲ့  ပဲဖြစ်ပါတယ်။ အမြောက်တပ်ဖွဲ့ ဟာ
၁၉၉၀ နှစ်ဦးပိုင်းက စတင်ပြီး ၁၅၅ မမ နဲ့  ၁၂၂ မမ ဟောင်ဝဇ်ဇာ အမြောက်များ အပါအ၀င် MLRS အတွဲလိုက် ဒုံးပစ် စနစ်များ၊ ရာပေါင်းများစွာ ရှိတဲ့  အမြောက် ၊ စိန်ပြောင်းများကို စတင် တပ်ဆင် အဆင့်မြှင့်တင် လာပါတယ်..။ အဲဒီထဲမှာ အစ္စရေး ၊ တရုတ် ၊ ရုရှား နဲ့  မြောက်ကိုရီးယား နိုင်ငံထုတ် လက်နက်တွေ အဓိက ပါဝင်တယ်လို့ လဲ ဆိုပါတယ်...။


၁၅၅မမ ဟောင်ဝစ်ဇာအမြောက်ကြီး
 
၁၂၂မမ အတွဲလိုက် ဒုံးပစ်ယာဉ်

အမြောက်တပ်ဖွဲ့  ရဲ့ အောက်မှာ ဒုံးတပ်ရင်းများ စတင်ဖွဲ့ စည်းလာပြီး ပြည်ပ စစ်လက်နက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ချို့ ရဲ့ အဆိုအရ ယိုးဒယား-မြန်မာ နယ်စပ်တင်းမာမှု ပြသနာအပြီး ၂၀၀၃ နဲ့  ၂၀၀၄ ခုနှစ် ၀န်းကျင်လောက်မှာ ဒီ ဒုံးတပ်ရင်းတွေဟာ တရုတ်နိုင်ငံ လုပ် M11 တာတိုပစ် ဒုံးပျံ တွေနဲ့ မြောက်ကိုရီးယားလုပ် Hwasong အမျိုးအစား စကဒ်ဒုံးပျံတွေကို အများအပြား စတင် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား သတင်းဌာန ရဲ့ ၂၀၀၆ ခုနှစ် သတင်းထုတ်ပြန်ချက်အရ 
တပ်မတော်အစိုးရဟာ ၂၀၀၂ ခုနှစ် မေလမှာ Daewoo ကော်ပရေးရှင်း နဲ့  အမေရိကန်ဒေါ်လာ ၁၃၃.၈ သန်းတန် ဒုံးပျံ နည်းပညာဆိုင်ရာ စစ်လက်နက် ကန်ထရိုက်တစ်ခု ကို လက်မှတ် ရေးထိုးခဲ့တယ်လို့ လဲ သိရပါတယ်..။

၂၀၀၄ခုနှစ် နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ( CPMIEC ) ကနေ အဆင့်မြှင့်တင်ထားတဲ့  တာတိုပစ် ဒုံးပျံ
M11 ( DF 11 A ) နဲ့  M9 ( DF 15 ) ( အရေအတွက် မသိရ ) တို့ ကို လက်ခံရရှိခဲ့ပြီး
DF 11 A ဟာ 500kg ဒုံးထိပ်ဖူးတစ်ခု နဲ့ ကီလိုမီတာ ၅၀၀ - ၇၀၀ အကွာအဝေးကို ပစ်ခတ်နိုင်ကာ
DF 15 ဟာ ကီလိုမီတာ ၆၀၀ အကွာကို ပစ်ခတ်နိုင်စွမ်း ရှိပါတယ်..။ ဒီ ဒုံးပျံတွေအားလုံးဟာ ယာဉ်တင် အမျိုးအစားတွေဖြစ်ပြီး လွယ်ကူစွာ ရွှေ့ ပြောင်း သယ်ယူနိုင်တာမို့  အချိန်တို အတွင်း တစ်နိုင်ငံလုံးမှာ
တပ်ဖြန့်  နေရာချထားနိုင်တယ်လို့  ဆိုပါတယ်...။



လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ
၁၉၈၈ ခုနှစ် ၀န်းကျင်က မြန်မာ့တပ်မတော် ဟာ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ ဆိုလို့  မင်္ဂလာဒုံ လေဆိပ် အနီးမှာ ထားရှိတဲ့  တပ်ခွဲတစ်ခွဲ သာ ပိုင်ဆိုင်ပါတယ်။ ဒီ တပ်ခွဲဟာလဲ ၄၀ မမ ဘိုဖာ အမြောက်၊ ၃.၇ မမ MK3A ယာဉ်ဆွဲ လေယာဉ်ပစ် အမြောက် နဲ့ ၂၀ မမ M 38 လေယာဉ်ပစ်အမြောက်
အနည်းငယ်ကိုသာ ပိုင်ဆိုင်ပြီး အနိမ့်ပျံလာတဲ့  လေယာဉ်တစ်ချို့ ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်..။
လက်ရှိအချိန်မှာ ပြန်ပြောရင်တော့ မြန်မာ့ တပ်မတော်ရဲ့ ၁၉၈၈ ခုနှစ်က လေကြောင်းရန်ကာကွယ်ရေး တပ်ခွဲလေးဟာ စစ်သမိုင်း ပြတိုက်ကို ရောက်ရှိနေခဲ့ပါပြီ..။


တပ်မတော်ထုတ် ပုခုံးထမ်း ဒုံးပစ်လောင်ချာများ
လက်ရှိ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ဟာ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး ရဲ့ ကွပ်ကဲမှုအောက်မှာ လေကြောင်းရန် ကာကွယ်ရေးဇုန်ကြီး ၆ခု လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပေါင်း ၃၀ ကျော် နဲ့ ဖွဲ့ စည်းထားပြီး ဖြစ်နေပါပြီ..။ တပ်မတော် အစိုးရ တက်လာပြီးတဲ့  နောက်ပိုင်း ပထမဆုံး စတင်ဝယ်ယူခဲ့တဲ့ လက်နက်ဟာ စကာင်္ပူနိုင်ငံမှ တစ်ဆင့်  ၀ယ်ယူခဲ့တဲ့  ယူကေ နိုင်ငံထုတ် Blood Hound MK 2 မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေဖြစ်ပါတယ်။
အဲဒီနောက် အမြောက်အများ ထပ်မံဝယ်ယူခဲ့တာကတော့ တရုတ်နိုင်ငံလုပ် HN 5A အနီအောက်ရောင်ခြည်သုံး ပုခုံးထမ်း ဒုံးပျံတွေ ဖြစ်ပါတယ်..။ ဒီ ဒုံးပျံတွေဟာ အနီအောက်ရောင်ခြည်သုံး ပစ်မှတ်ရှာဖွေ စနစ် ပါဝင်ပြီး အမြင့်မီတာ ၃၀၀၀ ၊ အကွာအဝေး မီတာ ၃၀၀၀ အကွာကို လူ နှစ်ဦးတည်းနဲ့  ပစ်ခတ်နိုင်စွမ်းရှိပါတယ်..။


Tunguska SPAAG (Self-Propelled Anit-Aircraft Gun)
၂၀၀၁ ခုနှစ် Janes ကာကွယ်ရေး စာစောင်ရဲ့ ဖော်ပြချက်အရ တပ်မတော်ဟာ ဘူလ်ဂေးရီးယား နိုင်ငံကနေ
SA-16 Gimlet ( Igla - 1E ) ပုခုံးထမ်း လေယာဉ်ပစ်ဒုံးတွေ အများအပြား ၀ယ်ယူခဲ့ပါတယ်..။ 

ဒီ ဒုံးပျံတွေဟာ အမေရိကန် နိုင်ငံလုပ် Stinger ပုခုံးထမ်း ဒုံးပျံတွေ နဲ့  အလားသဏ္ဍန်တူပြီး အမြင့်မီတာ ၃၅၀၀ က ပျံသန်းလာတဲ့  လေယာဉ်ကို မီတာ ၅၂၀၀ အကွာအဝေးကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။
၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ထပ်မံဖြည့်တင်းလာတာကတော့ ရုရှား နဲ့  အရှေ့ ဥရောပ နိုင်ငံတွေက လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေပဲ ဖြစ်ပါတယ်..။ ဒီလက်နက်တွေထဲမှာ ရေဒါနဲ့  ပစ်ခတ်နိုင်တဲ့  Tunguska ( SA – 19 ) လို လက်နက်တွေပါဝင်လာပြီး လက်ရှိ ရုရှား နဲ့  အရှေ့ ဥပရောပ နိုင်ငံတွေမှာ ဖြန့် ချထားတဲ့  လေကြောင်းရန် ကာကွယ်ရေးလက်နက် အမျိုးအစားတွေ ဖြစ်ပါတယ်...။
တစ်ခါ ၂၀၀၀ ခုနှစ်အတွင်းမှာပဲ ယူကရိန်း နိုင်ငံက 36D6 လေကြောင်းရန်ကာကွယ်ရေး ရေဒါ စနစ်တွေ ရောက်ရှိလာခဲ့ပြီး တစ်ချို့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ မြန်မာနိုင်ငံမှာ ရုရှားလုပ် P37 နဲ့ 
1L – 117 ရေဒါ အမျိုးအစားတွေကို တပ်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်..။



Pechora 2M တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေးဒုံးတင်ယာဉ်

၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့  ရုရှား ချစ်ကြည်ရေး ခရီးစဉ်အပြီးမှာတော့ တပ်မတော် ဟာ
ရုရှား ရဲ့ လက်ရှိ အသုံးပြုနေတဲ့  SA – 15 ( Tor M1 ) နဲ့ SA – 17 ( BUK M1 – 2 ) လို လက်နက်မျိုးတွေ စတင်ရရှိလာပါတယ်...။ ဒီလက်နက်တွေဟာ ခေတ်မီတာဝေးပစ် အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေးလက်နက် တွေ ဖြစ်ပြီး SA – 17 ဟာ အမြင့်မီတာ ၁၅၀၀၀ ကနေ ပျံသန်းလာတဲ့  ပစ်မှတ်ကို
၄၅ ကီလိုမီတာ အကွာကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။ လက်ရှိ အခြေအနေမှာတော့ မြန်မာ့ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ ခေတ်မီ SAM ဒုံးပျံ တွေဖြစ်တဲ့ 
SA 2 ,SA-5,SA 6 ,SA 15 ,SA 17 ,SA 18 , SA 19 နှင့် Pechora 2M လို လက်နက်မျိုးတွေ အများအပြား ပိုင်ဆိုင်ထားပြီလို့ သိရပါတယ်..။ ဒါဟာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့တဲ့  ၁.၁၀.၁၉၆၆ ကနေ 

၃၁ ၃.၁၉၆၉ အတွင်း မြန်မာ့ လေပိုင်နက်ထဲကို အမျိုးအမည်မသိ လေယာဉ် ၁၀၀ ကျော် ဖြတ်သန်းဝင်ရောက်ခဲ့မှုကို လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ့  သမိုင်းကို ပြည်ဖုံးကား ချလိုက်တာလဲ ဖြစ်ပါတယ်...။


ရေတပ်ဆိုင်ရာ

 ၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ့ ရေတပ်ဟာ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင်တဲ့ 
အင်အားသေးငယ်တဲ့ ရေတပ်တစ်ခု ဖြစ်ပါတယ် ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့
အခြေအနေဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားပါပြီ..။ ၁၉၉၀ ခုနှစ်မှာ တပ်မတော် ရေ ကို ပထမဆုံး ရောက်ရှိလာတာကတော့ ရေမိုင် ၃၀ အထိ မောင်းနှင်နိုင်တဲ့  PB 90 အမျိုးအစား ကမ်းခြေစောင့် စစ်ရေယာဉ် ( UMS 424 ,UMS 425, UMS 426 ) တွေ ဖြစ်ပါတယ်...။

ဒုတိယထပ် ရောက်လာတာကတော့ ၅၉ မီတာအရှည် Hainan အမျိုးအစား Type 037

 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ဆယ်စီး ပါ။ ၁၉၉၁ ဇန်န၀ါရီလမှာ ပထမ အသုတ် စစ်ရေယာဉ် ၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၃ မေလ မှာ တော့ ဒုတိယအသုတ် စစ်ရေယာဉ် ၄ စီး ( UMS 441 – UMS 450 ) တို့ ကိုလက်ခံ ရရှိခဲ့ပါတယ်....။ ၁၉၉၄ ခုနှစ် မတ်လမှာ တပ်မတော် အစိုးရဟာ 
၆၃ မီတာအရှည်ရှိတဲ့  Houxin အမျိုးအစား ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် ၆ စီး ( UMS 471 – UMS 476 ) ကို ၀ယ်ယူဖို့  တရုတ်နိုင်ငံ နဲ့  စာချုပ်ချုပ်ဆိုခဲ့ပါတယ်..။ဒီ သင်္ဘောတွေကို ၁၉၉၅ , ၁၉၉၆ နဲ့  ၁၉၉၇ ခုနှစ်တွေမှာ တပ်မတော်ရေ က လက်ခံရရှိခဲ့ ပြီး တပ်မတော်ရေ ရဲ့ ပထမဆုံး YJ -1 ( C 801 ) သင်္ဘောဖျက် ပဲ့ထိန်း ခရုစ် ဒုံးပျံတပ်ဆင်ထားတဲ့  စစ်သင်္ဘောတွေ ဖြစ်လာပါတယ်...။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ်

ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်
 ၁၉၉၅ ခုနှစ်မှာတော့ တပ်မတော် ရေတပ်သဘောင်္ကျင်း နဲ့ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွေဟာ
တရုတ် နည်းပညာ အထောက်အပံ့ တွေကို အမြောက်အများ ရရှိလို့ နေခဲ့ပါပြီ...။ အဲဒီ ၁၉၉၀ ကနေ
၂၀၀၆ ခုနှစ် ကာလအတွင်း မှာတော့ တပ်မတော်ရေတပ် သင်္ဘောကျင်းဟာ ၅၀မီတာ အရှည်ရှိတဲ့ အမြန်ကင်းလှည့်ရေယာဉ် ၆စီး ( UMS 551 – UMS 556 ) ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး ရေယာဉ် ၄စီး ( UMS 557 – UMS 560 ) ၂၇ ပေ အရှည်ရှိတဲ့ မြစ်တွင်း ကင်းလှည့်ရေယာဉ် ၁၄စီး ( ငမန်း ၁ - ငမန်း ၁၄ ) နဲ့  အခြားအထောက်အကူပြု စစ်ရေယာဉ် အများအပြားကို တည်ဆောက် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်...။


တပ်မတော်ထုတ် ၅စီးရီး ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်

 ရေတပ်သင်္ဘောကျင်း ရဲ့  အကြီးစား သင်္ဘောတည်ဆောက်ရေး ပရိုဂရမ်တွေဟာ ၂၀၀၀ ပြည့်နှစ်မှာ
အင်ပြည့်အားပြည့် စတင်ပါတယ်...။ ၇၇ မီတာ အရှည်ရှိတဲ့  ကော်ဗက် စစ်ရေယာဉ် ( UMS 771 – UMS 772 ) နှစ်စီးကို တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ဖရီးဂိတ် စစ်သင်္ဘောတွေကို
စတင်ထုတ်လုပ်နိုင်တဲ့  အဆင့်ကို ရောက်ရှိလာပါတယ်..။


 ကော်ဗတ်အဆင့်မှ အပေါ့စား ဖရီဂိတ်သို့ အဆင့်မြှင့်တင်ထားသည့် စစ်ရေယာဉ်
လက်ရှိအနေအထားမှာတော့ တပ်မတော် ရေ ဟာ ဒုံးပျံတင် ဖရီးဂိတ် နဲ့ ကောဗက် စစ်ရေယာဉ်များ
အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ကမ်းခြေစောင့် ကင်းလှည့် စစ်ရေယာဉ်များ ကမ်းတက်ရေယာဉ်များ
မိုင်းရှင်း ရေယာဉ်များနဲ့  သယ်ယူပို့ ဆောင်ရေး ရေယာဉ် အမြောက်အများကို ပိုင်ဆိုင်တဲ့  ခေတ်မီ ရေတပ် တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်...။

အေပိုင်း-၂ ဆက်ရန်

Tuesday, June 3, 2014

Club-K ဒုံးပျံ စနစ်များ


၂၀၁၀ခုနှစ်တွင် လက်နှက်ပြပွဲများသို့ ထုတ်ပြခဲ့ပြီး၊ ၂၀၁၃ခုနှစ်တွင် အရှေ့တောင်အာရှရှိ နိုင်ငံများမှ စိတ်ဝင်စားမှု အများဆုံးရရှိခဲ့သော လက်နှက်စနစ်ဖြစ်သည်။ ပုံဖျက်ဖုံးကွယ်နိုင်မှု မြင့်မားပြီး၊ ပြုပြင်ထိမ်းသိမ်းခြင်း၊ အသုံးပြုရန်လွယ်ကူခြင်း၊ ရာသီမရွေး၊ နေ့ညမရွေး၊ လမ်းညွှန်စနစ်မရွေး၊ ပစ်ခတ်ရန်လိုအပ်သော ဒုံးပစ်စဉ်မရွေး အသုံးပြုနိုင်သော ကုန်ကျစားရိတ်သက်သာသော ဒုံးစနစ်တစ်ခုဖြစ်သည်။ ခေတ်သစ်စစ်ပွဲ အသွင်သဏ္ဍန်မျိုးစုံအတွက် အသုံးတော်ခံနိုင်သော ကြောက်မက်ဖွယ် ကောင်းလောက်အောင် လွယ်ကူထိရောက်သော ခရုစ်ဒုံးပျံစနစ်တစ်ခုလဲ ဖြစ်သည်။ ရုရှားနိုင်ငံမှ ထုတ်လုပ်သည်။

 Club-K ပဲ့ထိန်းဒုံးများ၏ စွမ်းဆောင်ရည်ပြပုံ

အဓိကအားဖြင့် သင်္ဘောဖျက်ဒုံးစနစ်များ ဖြစ်ကြပြီး ပိုမို အဆင့်မြင့်သော ဒုံးကျည်များတွင် မြေပြင်ပစ်မှတ်များနှင့် ရွေ့လျားပစ်မှတ်များကိုပါ ချေမှုန်းနိုင်စွမ်းရှိသည်။ သင်္ဘောဖျက်ဒုံးများအတွက် ကီလိုမီတာ ၂၀၀ကျော်အထိပစ်ခတ်နိုင်ပြီး မြေပြင်ပစ်မှတ်များအတွက် ကီလို၅၀မှ ကီလိုမီတာ ၃၀၀ကျော် နီးပါးအထိ အသုံးပြုသည့် ဒုံးကျည် အမျိုးအစားပေါ်တွင် မူတည်ပစ်ခတ်နိုင်သည်။ ကီလိုဂရမ် ၄၀၀ကျော် ပေါင်၈၀၀ကျော် ဒုံးကျည်ထိပ်ဖူုးကို သယ်ဆောင်နိုင်ပြီး ပေါက်ကွဲမှု စနစ်အမျိုးမျိုး ပြောင်းလဲ တပ်ဆင်နိုင်သည်။
ဒုံးကျည်ထိပ်ဖူးအတွင်းတွင် သီးခြားရေဒါပါရှိပြီး၊ နောက်ဆုံး စက္ကန့်အနည်းငယ်ထိ ထိမ်းချုပ်လမ်းညွှန်မှု ပေးနိုင်သည်။ ရေဒါလမ်းညွှန်မှုသော်လည်းကောင်း၊ ဒုံးကျည်တွင်ပါဝင်သော ရေဒါဖြင့်သော်လည်းကောင်း၊ အခြား ပစ်မှတ်လမ်းညွှန်ပေးမှုဖြင့် လည်းကောင်း၊ ဂျိုလ်တုလမ်းညွှန်ဖြင့်လည်းကောင်း လမ်းညွှန် ပစ်ခတ်နိုင်သည်။ 



ဒုံးကျည်စနစ် တစ်စုံစီတွင် အနည်းဆုံးပါဝင်သော စနစ်များအဖြစ်၊ ပစ်ခတ်မှု ထိမ်းချုပ်စနစ်တစ်ခု၊ ဒုံးကျည် ၁ခုမှ ၄ခုထိပါဝင်သော ပစ်စင်တစ်ခု၊ အမိန့်ပေးနှင့် ညှိနိုင်းကွပ်ကဲမှု အခန်းတစ်ခု နှင့် ထိုစနစ်များအတွက် လိုအပ်သော လျပ်စပ်ထောက်ပံ့ရေးနှင့် အကာကွယ်ပေး အဖွဲ့စနစ်တစ်ခု လိုအပ်သည်။
အများဆုံး စစ်ဆင်ရေး အသွင်အဖွဲ့အစည်းအတွက် ဂျိုလ်တုစနစ်များ၊ ရေဒါကွန်ယက်များ၊
 မောင်းသူမဲ့ယာဉ်များ၊ အကဲကြည့်အဖွဲ့များ၊ ဘေးနံတပ်များ၊ ရေတပ်၊ လေတပ်စစ်ယာဉ်များဖြင့် တွဲဖက် တိုက်ပွဲဝင်နိုင်သည်။ 

3M-54E1 Anti-Ship Missile
 
 အသုံးပြုသည့် ဒုံးကျည်များအနေဖြင့် သင်္ဘောများနှင့် ရေပြင်ပစ်မှတ်များအတွက် -3M-54KE, 3М-54KE1, Kh-35UE anti-ship missiles များ ဖြင့် ပစ်ခတ်နိုင်သည်။ Kh-35UE အတွက် တစ်စောင်း ပစ်စင်လိုအပ်သည်။ မြေပြင်ပစ်မှတ်များအတွက်  3M-14KE, Kh-35UE land-attack missiles များဖြင့် ပစ်ခတ်နိုင်သည်။ ထိုမစ်ဇိုင်းများသည် သယ်ယူပို့ဆောင်ရေး ကွန်တိန်နာပုံစံများထဲတွင် ပုံဖျက်ထည့်သွားထားမည်ဖြစ်ပြီး လိုအပ်ပါက ထိုဒုံးပျံများသည် လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများရှိ ဒုံးပစ်စဉ်များတွင်လဲ ပြောင်းလဲ ထည့်သွင်းပစ်ခတ်နိုင်မည်။ 

 3M-14E Land Attack Missile
လွယ်ကူရှင်းလင်းလှသော ထိုကွန်တိန်နာများကို ရထားတွဲများတွင်လည်းကောင်း၊ အရပ်ဘက်သုံး ကုန်တင်ယာဉ် အကြီးစားများတွင်လည်းကောင်း၊ ကုန်တင်သင်္ဘောများတွင်လည်းကောင်း၊ သာမာန်ဆိပ်ကမ်းများ၊ တိုက်ခန်းများမှသော်လည်းကောင်း၊ သာမာန် ကတို့ရေယာဉ်များမှသော်လည်းကောင်း ရွှေ့ပြောင်းသယ်ယူ ပစ်ခတ်နိုင်သည်။ ထို့ကြောင့် ထောက်လှမ်းရန် ခက်ခဲပြီး အရပ်သားပစ်မှတ်များဖြင့် ရောနှောပုံဖျက်ထားနိုင်သဖြင့် ချေမှုန်းရန် အလွန်ခက်သော လက်နှက်စနစ်များဖြစ်ကြသည်။ အရှေ့တောင်အာရှနိုင်ငံများထဲမှ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ စိတ်ဝင်စားမှုနှင့် အမှာစာများရရှိထားသော စနစ်များဖြစ်သည်။ ကျန်းမာချမ်းသာကြပါစေ။

Monday, June 2, 2014

CN-235-Gunship လေယာဉ်





၂၀၀၅ခုနှစ် နောက်ပိုင်းတွင် မြန်မာ့လေတပ်၏ တစ်စင်းထဲသော ပင်လယ်ပြင်ကင်းထောက်လေယာဉ် F-227 ကို အနားပေးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသော BN-2 Islander လေယာဉ်ငယ်များဖြင့် ပင်လယ်ပြင် လုံခြုံရေးကို ဆောင်ရွက်လျက်ရှိသည်။ 

ကာကွယ်ရေးဦးစီချုပ် Indonesian Aerospace PT Dirgantara သို့ ခရီးစဉ်
သို့သော် လေယာဉ်ငယ်များ ဖြစ်သည့်အတွက် လေထဲတွင် ကြာရှည်စွာ မနေနိုင်ခြင်း၊ ထောက်လှမ်းနိုင်မှုအကွာအဝေး နဲပါးခြင်း၊ ခေတ်မီပစ္စည်းကိရိယာများ တပ်ဆင်နိုင်ရန် လိုအပ်ခြင်းကြောင့် တပ်မတော်၏ အဆင့်မြင့်တင်ခြင်း အခန်းဂဏ္ဍအတွက် လေယာဉ် အမျိုးအစားသစ်များ ဖြည့်တင်းနိုင်ရန် ကြိုးစားခဲ့ကြရသည်။ လေတပ်အတွက် အဆင့်မြင့် ဝေဟင်ထောက်လှမ်းရေးနှင့် အမိန့်ပေးကွပ်ကဲ လေယာဉ် (AEW&C) လေယာဉ်အမျိုးအစားနှင့် ပင်လယ်ပြင် ကင်းလှည့်နှင့် ရေငုပ်သင်္ဘော ရှာဖွေရေး (ASW&MPA) လေယာဉ် အမျိုးအစားများ အတွက် အင်ဒိုနီးရှားနိုင်ငံ၏ လေယာဉ်ထုတ်လုပ်ရေး ကုမ္ဗနီ Indonesian Aerospace PT Dirgantara နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ပင်လယ်ပြင်ကင်းထောက် အတွက် CN-235 (MPA) အမျိုးအစား ၂စင်း၊ CN-295 AEW&C တစ်စင်း၊ အရေးကြီးပုဂ္ဂိုလ်သယ်ယူ ပို့ဆောင်ရေး အတွက် CN-295W တစ်စင်းတို့ ဝယ်ယူရန် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ 
CN-295-AEW&C
 CN-235-220(MPA) အမျိုးအစားများသည် လက်နှက်ချိတ်ဆွဲရန် နေရာ ၆ခုအထိပါဝင်ပြီး သင်္ဘောဖျက်ဒုံးအငယ်စားများနှင့် အပေါ့စားတော်ပီတိုများ သယ်ဆောင်ပစ်ခတ်နိုင်သည်။ ထို့အပြင် အနောက်နိုင်ငံ နည်းပညာများ ဖြစ်သည့်အတွက် အီလက်ထောနစ်စနစ်များနှင့် လေယာဉ်ကိုယ်ထည်(သက်တမ်း) များသည် အားရစရာဖြစ်ပြီး ပင်လယ်ပြင်ကင်းထောက်သာမက ရှာဖွေကယ်ဆယ်ရေးများကိုပါ တပါတည်း ပူးတွဲ တာဝန်ထမ်းဆောင်နိုင်သည့် လေယာဉ်များဖြစ်ကြသည်။ 
CN-295 MPA with antiship missile

သို့သော် ပိတ်ဆို့များ သက်တမ်းတိုးခဲ့ပြီးသည့်နောက်တွင် မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံနှင့် ချိတ်ဆက်ကာ ဝယ်ယူမည့် အဆိုပါလေယာဉ်များအပေါ် ဖိအားများ ရောက်ရှိလာခဲ့သည်။ အင်ဒိုနီးယားနိုင်ငံ လေယာဉ်ထုတ်လုပ်ရေး ကုမ္ဗနီသည် စပိန်အခြေစိုက် CASA (Construcciones Aeronáuticas SA) ကုမ္ဗနီဖြင့် ပူးတွဲလုပ်ဆောင်တာဖြစ်ပြီး CASA ကုမ္ဗနီသည် Airbus ကုမ္ဗနီလက်အောက်သို့ ၂၀၀၉ခုနှစ်တွင် ရောက်ရှိခဲ့သည်။ Airbus ကုမ္ဗနီသည် သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ စစ်သုံးရဟတ်ယာဉ်များ ထုတ်လုပ်ရာတွင် နာမည်ကျော်ကြားပြီး ယူယိုကော်ပတာ အမျိုးအစား ရဟတ်ယာဉ်များဖြင့် လူသိများထင်ရှားသည်။ ပုံမှန်အားဖြင့် ဆိုလျင် ထိုကုမ္ဗနီသည် မြန်မာ-တရုတ် စသည့်နိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေးရှိခဲ့သော်လည်း ထူးခြားစွာဖြင့် မြန်မာမှ ဝယ်ယူမည့် ပင်လယ်ပြင်ကင်းထောက်နှင့် AEW&C လေယာဉ်များအပေါ်တွင် နည်းပညာများ လွှဲပြောင်းပေးရန် ငြင်းဆိုလာခဲ့သည်။ 
မြန်မာ့တပ်မတော်သုံး ယူရိုက်ာပတာ
အကျေအလည် ညှိနိုင်းမှုများဖြင့် မအောင်မမြင် ဖြစ်ခဲ့ကြပြီးနောက်တွင် စာချုပ်များ ဖျက်သိမ်းရန် စီစဉ်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်င PT Dirgantara မှ ထုတ်လုပ်ထားပြီး ဖြစ်သည့် CN-235 လေယာဉ်၂စင်းအပေါ် ကမ်းလှမ်းမှု ထပ်မံပြုလုပ်လာခဲ့သည်။ သို့သော် Airbus ကုမ္ဗနီမှ ငြင်းဆိုမှုကြောင့် ရေကြောင်းကင်းထောက်ဆိုင်ရာ နည်းပညာများ တပ်ဆင်ပေးနိုင်တော့မည်မဟုတ်ပဲ VIP ခရီးစဉ်သုံး CN-295 တစ်စင်းနှင့် သယ်ယူပို့ဆောင်ရေး သုံး CN-235 ၂စင်းသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ ထိုမူလက အဆင့်မြင့် နည်းပညာများ တပ်ဆင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သော CN-235 ၂စင်းအတွက် သယ်ယူပို့ဆောင်ရေး မဟုတ်ပဲ အခြားအသုံးဝင်သော စိတ်ဝင်စားဖွယ် ကမ်းလှမ်းလာမှုသည် Gunship အမျိုးအစားအဖြစ် အသွင်ပြောင်းရန်ဖြစ်သည်။
CN-235 gunship

 PT Dirgantara ကုမ္ဗနီမှ သာမာန်သယ်ယူပို့ဆောင်ရေး လေယာဉ်အဖြစ် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး အင်ဒိုနီရှားနိုင်ငံ လေတပ်မတော် အလုပ်ရုံများမှ Gunship အဖြစ်သို့ အသွင်ပြောင်းမည့် လိုအပ်သော ပစ္စည်းကိရိယာများ တပ်ဆင်ပေးရန်ဖြစ်သည်။
ဂျော်ဒန်နိုင်ငံ၏ CN-235 gunship တွင် ၂၀မမ အမြောက်တပ်ဆင်ထားပုံ
CN-235 Gunship စနစ်ကို လတ်တလော အနေဖြင့် ဂျော်ဒန်နိုင်ငံအတွက် CASA မှ တည်ဆောက်ပေးနေပြီး အင်ဒိုနီးရှားလေတပ်အတွက်လဲ ၂၀မမ စက်အမြောက် ၂လက်ဖြင့် စမ်းသပ်အောင်မြင်ထားသော စနစ်ဖြစ်သည်။ သို့သော် ဆက်လက်စမ်းသပ်မှုများ ပြုလုပ်နေပြီး အင်ဒိုနီးရှားလေတပ်မှ ၂၀မမ စက်အမြောက်နှင့် ၅၀မမ အမြောက်တစ်လက်တပ်ဆင်နိုင်ရန် ဆောင်ရွက်နေဆဲ လုပ်ငန်းများရှိနေသည်။ 
အင်ဒို၏ ၂၀မမ ဆုံလည်အမြောက်တပ် Gunship
 Gunship အဖြစ် အသွင်ပြောင်းနိုင်ရန် လေယာဉ်ကိုယ်ထည် တည်ဆောက်ပုံသည် အဆင့်မြင့် အီလက်ထောနစ်စနစ်များ ထည့်သွင်းနိုင်ရန် လိုအပ်သည်။ မူလက MPA အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့ပြီး ဖြစ်၍ အဆင်သင့်နေသည့် အခြေအနေဖြစ်သည်။ နေ့ညမရွေး စောင့်ကြည့်နိုင်သော အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်များ၊ ကင်မရာများ၊ GPS များ၊ ရေဒါများ၊ လေဆာလမ်းညွှန်အသုံးပြု ချိန်ဆိုဒ်များနှင့် လက်နှက်ထိမ်းချုပ်စနစ်များ ပါဝင်တပ်ဆင်ရသည်။ ဂျော်ဒန်နိုင်ငံအတွက် အပေါ့အစား မြေပြင်ပစ်ကူပေး လေယာဉ်အဖြစ် သတ်မှတ်ပြီး ၂၀မမ/၃၀မမ စက်အမြောက် တစ်လက်(သို့) ၂လက်၊ Hellfire ဒုံးကျည်များ သယ်ဆောင်ပစ်ခတ်နိုင်ရန် စီစဉ်ထားရှိသည်။ 
ထုတ်လုပ်မည့် Gunship ပုံစံ
 အင်ဒိုနီးရှားလေတပ်မှ ၂၀မမ ဆုံလည်စက်အမြောက် ၂လက်ဖြင့် စမ်းသပ်အောင်မြင်ထားပြီး ထုတ်လုပ်ဆဲ အမျိုးအစားများတွင် ၂၀မမ စက်အမြောက် ၁လက်၊ ၅၀မမ စက်အမြောက် တစ်လက် တပ်ဆင်သည်။ မြန်မာ့အတွက်မူ ၄၀မမ စက်အမြောက်တစ်လက်နှင့် ၃၀မမ စက်အမြောက် ၁လက် တပ်ဆင်နိုင်ရန် ယာထားဆောင်ရွက်သည်။
Gunship များသည် ဒုတိယကမ္ဘာစစ်က ဗုံးကျဲလေယာဉ်ကြီးများတွင် ရန်သူ့တိုက်လေယာဉ်များရန်က ကာကွယ်ရန် စက်သေနှတ်များတပ်ဆင်ရာမှ အစပြုကာ ပင်လယ်ပြင် သင်္ဘောဖျက်ရန်အတွက် အမြောက်လက်နှက်များ တပ်ဆင်ခဲ့ရာမှ စတင်ပေါ်ပေါက်ခဲ့သည်။ 

အမေရိကန် ဗီယက်နမ်စစ်ပွဲများအတွင်း AC-47, AC119 သယ်ပို့လေယာဉ်များကို ၇.၆၂နှင့် ဒဿမ၅ စက်သေနှတ်များ၊၂၀မမ စက်အမြောက်များ တပ်ဆင်ကာ မြေပြင်အနီးကပ်ပစ်ကူပေးခဲ့ကြသည်။ ထို့နောက် ယခုတိုင်အောင် လူသိများ ထင်ရှားသော AC-130 ဟာကျူလီလေယာဉ်ကြီးများတွင် တပ်ဆင်ကာ ခေတ်သစ်စစ်ပွဲများတွင် ကြောက်စရာ အကောင်းဆုံး မြေပြင်ပစ်ကူပေး လက်နှက်အဖြစ် အသုံးပြုကြသည်။ အမေရိကန်က အသုံးပြုသော AC-130 Gunship များသည် ညအချိန်ပိုမိုအသုံးပြုကြပြီး ၇.၆၂မမ ၊၂၀မမ၊ ၂၅မမ၊ ၃၀မမ စက်အမြောက်ငယ်များသာမက ၄၀မမ ဘော်ဖါ အော်တိုအမြောက်ငယ်များနှင့် ၁၀၅မမ အမြောက်ကြီးများအထိ သယ်ဆောင်ပစ်ခတ်နိုင်သည်။ သို့သော် ထို Gunship များသည အဆင့်မြင့် ဒုံးပျံကာကွယ်ရေး စနစ်များ တပ်ဆင်ထားသော်လည်း ကြီးမားလေးလံပြီး လှုပ်ရှားမှု အားနဲသောကြောင့် ရန်သူ့လေကြောင်းစစ်ဆင်နိုင်မှုကို အဆုံးသတ်ပြီးမှသာ အသုံးပြုနိုင်သော(သို့) လေတပ်မရှိသော လေကြောင်းရန်ကာကွယ်မှု အားနည်းသော ရန်သူပစ်မှတ်များကိုသာ ချေမှုန်းရန် သင့်တော်သည့် စနစ်များဖြစ်ကြသည်။

 သို့သော် ထို Gunship များဖြင့် ရင်ဆိုင်ရသော မြေပြင်ရန်သူများ အနေဖြင့်တော့ ပြေးရန် ပုန်းရန် ဘယ်လိုမှ မလွတ်နိုင်သော ကြောက်မက်ဖွယ်ရာ ကောင်းသည့် စနစ်တစ်ခု အဖြစ် ယခုတိုင်အောင် ခေတ်မီတပ်မတော်များတွင် အသုံးပြုနေကြသော စနစ်တစ်ခုလဲ ဖြစ်ပါသည်။ ကျန်းမာချမ်းသာကြပါစေ။