Showing posts with label မြန်မာ့ျေရတပ်. Show all posts
Showing posts with label မြန်မာ့ျေရတပ်. Show all posts

Wednesday, September 10, 2014

နာမည် ကျော် Buk ဒုံးပျံများ၏ ရေတပ်သုံးမျက်နှာစာ




3S90 "Uragan"
Buk ဒုံးပျံများ၏ အစ SA-6 ဒုံးပျံများကို ရေတပ်သုံးရန် အတွက် ထုတ်လုပ်ထားသော စနစ်ဖြစ်ပါတယ်။ ၁၉၇၀ ဝန်းကျင်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး၊ SA-N-7 ဒါမှမဟုတ် Gadfly အဖြစ် နေတိုးတို့ကို ခေါ်ဆိုပါတယ်။ အမေရိကန်တို့ကတော့ M2 လို့ ခေါ်ပါတယ်။ SA-6 ရဲ့ ဒုံးပျံ 3M9 ဒါမှမဟုတ် Buk စနစ်ရဲ့ ဒုံးပျံ 9M38 ကို အသုံးပြုပါတယ်။ အသံထက် ၂ဆကျော် အမြန်နုန်းနဲ့ ၃၀ကီလိုမီတာ အမြင့်ပေ၄သောင်းထိ ပစ်ခတ်နိုင်ပြီး အနိမ့်ပျံ ပစ်မှတ်များကို ကောင်းစွာ ပစ်ခတ်နိုင်ပါတယ်။ MR-750 D/E band ပစ်မှတ်ရှာ ရေဒါနဲ့ 3R90 Front Dome H/I band ပစ်ခတ်မှု ထိမ်းသိမ်းရေး ရေဒါတို့ကို တွဲဖက် အသုံးပြုပါတယ်။ ၃၀၀ကီလိုမီတာ ဝန်းကျင်မှာ ရှိတဲ့ ပစ်မှတ် ၁၂ခုကို စောင့်ကြည့်ထားနိုင်ပါတယ်။ ဒုံးပစ်စင်ဟာ ဒုံးကျည်တစ်တောင့်ချင်းဆီကို သင်္ဘောအတွင်းကနေ ယူပြီး ပစ်ခတ်ရတဲ့ စနစ်ဖြစ်ပြီး ပစ်ခတ်ရန် အသင့်ဖြစ်ချိန် ၁၂စက္ကန့်ကြပါတယ်။ ဒုံးကျည် ၂၄လုံးထိ သယ်ဆောင်နိုင်ပါတယ်။ ပြင်ပ တင်ပို့တဲ့ နာမည်ကတော့ Shtil ဖြစ်ပြီး 9M38 ဒါမှမဟုတ် 9M38M1 ဒုံးကျည်များနဲ့ တွဲဖက် ရောင်းချပါတယ်။ ခရုစ်ဒုံးပျံများနဲ့ သဘောဖျက်ဒုံးပျံများကို ၅ကီလိုမီတာ အကွာမှာ ဖျက်စီးနိုင်စွမ်းရှိပါတယ်။ 

3S90 "Ezh" ဟာ ဒုတိယ မျိုးဆက်ဖြစ်ပြီး ပစ်ခတ်မှုစနစ်များ မပြောင်းလဲပဲ ဒုံးကျည်များကို အဆင့်မြင့်တင်ထားတာ ဖြစ်ပါတယ်။ သင်္ဘောဖျက်ဒုံးတွေ ပျံသန်းလာမယ့် အမြန်နုန်းနဲ့ အနိမ့်ကို ကောင်းစွာ လုံခြုံစေဖို့နဲ့ တိုက်ချင်းပစ် ဒုံးပျံ ဟန့်တားရေးကိုပါ ဆောင်ရွက်နိုင်စေဖို့ 9M317 များနဲ့ အစားထိုးခဲ့ပါတယ်။ တစ်စိတ်တစ်ပိုင်း ရေဒါလမ်းညွှန်စနစ်ကနေ ဒုံးပျံပါရေဒါ စနစ်ကို ပြောင်းလဲတပ်ဆင်ပေးခဲ့ပါတယ်။ အကွာအဝေး ကီလိုမီတာ ၅၀၊ အမြင့် ပေ၈သောင်းခွဲထိ ပစ်ခတ်နိုင်ပါတယ်။ Shtil SA-N-12 Grizzly အဖြစ် ပြင်ပကို တင်ပို့ ရောင်းချပါတယ်။ 9M317ဟာ အသံထက် ၃ဆမြန်ပြီး Semi radar active homing ဖြစ်ပြီး 9M317M, ကတော့ အသံထက် ၄ဆမြန်ပါတယ်။ M1-M-2 ဟာ Active radar စနစ်ဖြစ်ပါတယ်။ ပြင်ပရောင်းချတဲ့ စနစ်ကတော့ 9M317E ဖြစ်ပြီး အသံထက် ၄ဆ အမြန်နုန်း နဲ့ semi radar active homing စနစ်ပါဝင်ကာ အကွာအဝေးကတော့ ၄၅ကီလိုမီတာထိသာ ပစ်ခတ်နိုင်ပါတယ်။ 


၂၀၀၇ ခုနှစ်မှာတော့ 3S90M Smerch အဖြစ် ဒေါင်လိုက်ပစ်ခတ်နိုင်တဲ့တဲ့ ပစ်စင်ပါ စနစ်သို့ ပြောင်းလဲခဲ့ပါတယ်။ ဒေါင်လိုက်ပစ်စင်နဲ့ ပစ်ခတ်နိုင်တာကြောင့် ၂စက္ကန့်လျင် တစ်လုံးကျ ပစ်ခတ်နိုင်ပြီး ပစ်မှတ် ၄ခုကို တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။ ရန်သူမိတ်ဆွေ ခွဲခြားပေးနိုင်တဲ့ စနစ်ပါ ရေဒါစနစ်အပြင် ပစ်ခတ်သူက ဖေါက်ခွဲနိုင်တဲ့ စနစ်ကိုပါ ထည့်သွင်းခဲ့ပါတယ်။ အသံထက် ၄ဆကျော် မြန်တဲ့ နုန်းနဲ့ ပျံသန်းပြီး သင်္ဘောဖျက်လို မြန်နုန်းမြင့် အနိမ့်ပျံ ဒုံးပျံတွေကိုတောင် ၁၅ကီလိုမီတာ အကွာအဝေးထိ ပစ်ခတ် ဖျက်ဆီးနိုင်ပါတယ်။


နိုင်ငံခြားကိုတော့ Shtil-1 အဖြစ် တင်ပို့ရောင်းချပြီး ဈေးနုန်းချိုသာစွာနဲ့ ထိုးဖေါက်နိုင်စေဖို့၊ 9M317ME ဒုံးပျံများကို အသုံးပြုထားပါတယ်။ ဒုံးပျံများဟာ အရွယ်အစားအားဖြင့် သေးငယ်သွားပြီး အမြင့်ပေ ၄သောင်း၊ အကွာအဝေး ၃၂ကီိလိုမီတာထိသာ ပစ်ခတ်နိုင်ပါတယ်။ သို့သော်လဲ သင်္ဘောဖျက်ဒုံးများကို ဟန့်တားနိုင်ခြေဟာ ၁၂ကီလိုမီတာအတွင်းမှာ ၉၀% ကျော်ရှိပြီး ရေဒါဟာ ကီလိုမီတာ ၃၀၀ထိ ထောက်လှမ်းနိုင်ပါတယ်။ အမြန်နုန်း အသံထက်၎ဆနဲ့ ၃၆၀ဒီကရီက ပစ်မှတ် ၄ခုကို ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ အပြင်၊ အနီးကပ် ကာကွယ်ရေးအတွက် နောက်ထပ် ဒုံးပျံ ၂စင်းကို ပစ်ခတ်မှုရေဒါ အကူအညီနဲ့ ပစ်ခတ်နိုင်ပါသေးတယ်။ CIWS စနစ်များနဲ့ ချိတ်ဆက်နိုင်တဲ့ အပြင် ရန်သူမိတ်ဆွေ ခွဲခြားပေးနိုင်တဲ့ စနစ်များပါဝင်ပြီး ပစ်ခတ်သူက ဒုံးပျံကို ဖေါက်ခွဲနိုင်တဲ့ စနစ်ပါဝင်ပါတယ်။ ၁၂ခုပါ ဒေါင်လိုက် ပစ်စင် သို့မဟုတ် ၃၆ခုပါ ဒေါင်လိုက်ပစ်စင်များနဲ့ အလွယ်တကူ တပ်ဆင်နိုင်ပြီး၊ ဒုံးကျည်သက်တမ်း ၁၅နှစ်ထိ ရရှိမှာ ဖြစ်ပါတယ်။ 


တရုတ်နိုင်ငံမှ HQ-16A (LY-80) အမျိုးအစားများဟာ Buk အမျိုးအစား ဒုံးပျံများဖြစ်ပြီး 9M317 အမျိုးအစားကို ပုံစံတူတည်ဆောက်ကာ တရုတ်နည်းပညာများဖြင့် အဆင့်မြင့်ထားတဲ့ စနစ်များဖြစ်ပါတယ်။ အမြင့် ပေ၄သောင်းခွဲ၊ အကွာအဝေး ၄၀ကီလိုမီတာထိ ပစ်ခတ်နိုင်ပြီး အမြန်နုန်း အသံထက်၃ဆရှိပါတယ်။ ဒေါင်လိုက်ပစ်ခတ်စင် ၆ခုပါ စနစ်တစ်ခုမှ ၄ခု အထိ သင်္ဘောအရွယ် အစားလိုက် တပ်ဆင်နိုင်ပါတယ်။ သင်္ဘောဖျက်ဒုံးများကို ၁၀ကီလိုမီတာ အကွာအတွင်းမှာ ဖျက်ဆီးနိုင်ပြီး ထိမှန်နိုင်ခြေ ၆၀%ကျော်ရှိပါတယ်။ သာမန် လေယာဉ်များကိုတော့ ကီလိုမီတာ ၄၀ထိ ပစ်ခတ်နိုင်ပြီး ၈၅%ကျော် တိကျမှုရှိပါတယ်။ ရန်သူမိတ်ဆွေ ခွဲခြားတဲ့ စနစ်ပါဝင်ပြီး ရေဒါရှောင်ကွင်းနိုင်တဲ့ လေယာဉ်များကိုပါ ကီလိုမီတာ ၁၂၀ထိ ထောက်လှမ်းသိရှိ နိုင်တဲ့ ရေဒါစနစ်သစ်များကို တွဲဖက် တပ်ဆင်ရပါတယ်။ ၈၅ကီလိုမီတာ အတွင်းမှာ ပစ်မှတ် ၁၂ခုကို စောင့်ကြည့်နိုင်ပြီး ဒုံးပျံ၆စင်းဖြင့် ပစ်မှတ်၆ခု ဒါမှမဟုတ် ၃ခုကို တပြိုင်တည်း တိုက်ခိုက်နိုင်ပါတယ်။ 


အိန္ဒိယ ရေတပ်ဟာ Buk ရေတပ်သုံး ဒုံးပျံများကို အမျိုးအစား အားလုံးနီးပါး အသုံးပြုတဲ့ ရေတပ်တစ်ခုဖြစ်ပြီး အစ္စရေးနည်းပညာများနဲ့ ပူးပေါင်းကာ Barak8 ဒုံးပျံများကို ထုတ်လုပ်လျက်ရှိပါတယ်။ ၈ခုဆီပါဝင်တဲ့ ဒေါင်လိုက်ပစ်စင်နဲ့ ပစ်ခတ်နိုင်ပါတယ်။ အသံထက် ၂ဆမြန်ပြီး အကွာအဝေး ၇၀ကီလိုမီတာထိ တပြိုင်တည်း တိုက်ခိုက်လာမယ့် ပစ်မှတ်ငယ် အများအပြားကို ကာကွယ်နိုင်ဖို့ အဓိက ထားပြီး သင်္ဘောကြီးတွေနဲ့ လေယာဉ်တင်သင်္ဘောတွေမှာ ဦးစားပေး တပ်ဆင်မှာ ဖြစ်ပြီး လက်ရှိ အသုံးပြုနေတဲ့ ဒေါင်လိုက်ပစ် စနစ်မဟုတ်တဲ့ buk စနစ်တွေနဲ့ Barak-1 စနစ်တွေကို အစားထိုးလှဲလှယ်သွားမယ်လို့ သတင်းတွေက ဆိုကြပါတယ်။ ကျန်းမာချမ်းသာကြပါစေ။   ။