Showing posts with label မြန်မာ သံချပ်ကာတပ်. Show all posts
Showing posts with label မြန်မာ သံချပ်ကာတပ်. Show all posts

Monday, July 8, 2019

BTR-3U သံချပ်ကာလူသယ်တိုက်ခိုက်ရေးယာဉ်

(၂၀၁၄ ခုနှစ်အတွင်း Facebook တွင် ဖော်ပြခဲ့ပြီးသော မိမိတို့ပိုစ့်အား ပြန်လှည်ဖော်ပြပေးခြင်း ဖြစ်ပါသည်)
          ယူကရိန်းနိုင်ငံမှထုတ်လုပ်တဲ့BTRမိသားစုဝင်တစ်မျိုးဖြစ်ပြီးသူ့ ရှေ့ ကBTRမျိုးဆက်တွေထက်ပိုမိုတဲ့ခေတ်မီစနစ်တွေအများကြီးတပ်ဆင်ထားတဲ့ တိုက်ယာဉ်တစ်မျိုးပဲဖြစ်ပါတယ်။ တစ်ခုသိထားရမှာက ဒီအမျိုးအစားဟာရုရှား BTR80တွေကိုအဆင့်မြှင့်တင်ထာတဲ့မျိုးကွဲမဟုတ်ဘဲ ယူကရိန်းကနေပြီး အသစ်ထုတ်လုပ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒီတိုက်ယာဉ်တွေကို ယူကရိန်းနဲ့ အကျိုးတူစာချုပ်ချုပ်ပြီး ပြည်တွင်းမှာထုတ်လုပ်နေတာ အတော်ကြာပြီလဲဖြစ်ပါတယ်။
           အစီးရေအားဖြင့် ခြောက်ရာကျော်ပိုင်ဆိုင်ထားပြီး ယာဉ်အချက်အလက်တွေအရတော့ တောတောင်ထူပြောပြီး တောတွင်းတောင်ပေါ်တိုက်ပွဲတွေပေါများတဲ့ ကျနော်တို့ နိုင်ငံအတွက်သင့်တော်တဲ့ ယာဉ်များဖြစ်ကြပါတယ်။ ရှစ်ဘီးယက်စနစ်ဖြစ်ပြီး ဘီးတွေဟာသာမာန်မိုင်းဒါဏ်ကို ခံနိုင်ပြီးရွံ့ နွံ လမ်းကြမ်းတွေ တောတွင်းတောင်ပေါ်လမ်းတွေမှာ ကောင်းကောင်းရုန်းနိုင့်မယ့် အမျိုးအစားတွေဖြစ်ပါတယ်။ထူထဲတဲ့သံချပ်ကာစနစ်ဟာလည်း တော်ရုံစက်သေနက်ကျည် စက်အမြောက်ကျည်တွေနဲ့ RPGဒါဏ်တွေကို ခံနိုင်မှာဖြစ်ပြီးတော့အတွင်းကတိုက်ယာဉ်အဖွဲ့ သားများနဲ့ ခြေလျှင်စစ်သည်တွေကို သာမာန်ထက်ပိုတဲ့ အကာအကွယ်ကိုပေးနိုင်မှာဖြစ်ပြီး ခြုံခိုတိုက်ခိုက်ခံရတဲ့အခါဖြစ်လေ့ရှိတဲ့ ကစဥ့်ကလျားဖြစ်သွားမှူ့ တွေအင်အားဆုံးရှုံးမှူ့ တွေရုတ်တရက်ကြောင်ပြီး အမိန့် ညွန်ကြားမှူ့မပေးနိုင်တာမျိုးတွေ အသင့်အတင့်လျှော့ကျစေနိုင်မှာပါ။

                  အတွင်းမှာကွန်ပြူတာထိမ်းချုပ်စနစ်ကိုအသုံးပြုထားပြီး GPSစနစ်များပါဝင်ပါသည်။ ညကြည့်စနစ်များလဲပါဝင်ပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် မိမိတိုက်ယာဉ်များ အချင်းချင်းဆက်သွယ်သောစနစ်များ ခြေလျှင်တပ်များဖြင့်ဆက်သွယ်သောစနစ်များ ပါဝင်ပါသည်။ သုံးထားတဲ့ဆုံလည်ပြောင်းစနစ်က အဆင့်မြင့်စနစ်တစ်ခုဖြစ်ပြီး ၃၆၀ဒီဂရီလွမ်းခြုံတိုက်ပွဲဝင်နိုင်မည်ဖြစ်ပြီး ပျဉ်းမျှအားဖြင့်၆၀ဒီဂရိလောက်အထိ အထက်ကိုဦးမော့ပစ်ခတ်နိုင်မှာဖြစ်လို့ လေကြောင်းပစ်ကူပေးလာမည့်ရန်သူ့ အနိမ့်ပျံတိုက်လေယာဉ်ရဟတ်ယာဉ်တွေကိုအကြီးအကျယ်ခြိမ်းခြောက်နိုင်တဲ့ စနစ်ဖြစ်ပြီး ၃၀မမစက်အမြောက်ကြီးတစ်လက်ကို အဓိကလက်နက်အဖြစ်အသုံးပြုထားပါတယ်။ ၇.၆၂စက်လက်ငယ်ကို အရန်လက်နက်ငယ်အဖြစ် တပ်ဆင်ထားပါတယ်။ ကျည်အရေအတွက်အားဖြင့်တော့ ၃၀မမစက်အမြောက်အတွက် ကျည်၃၅၀ပါဝင်ပြီး၇.၆၂စက်လက်အတွက် ကျည်ဆန်၂၅၀၀ အထိပါဝင်ပါတယ်။
            အဓိကလက်နက်နှစ်မျိုးစလုံးဟာ ရန်သူကို ပစ်အားဖြင့်ပင် ချေမှုန်းကာအထိနာစေမယ့် လက်နက်မျိုးတွေဖြစ်ပါသည်။ ထို့ အပြင်ဆုံလည်စနစ်မှာ RCS Remote Control System ဖြစ်ပြီး အတွင်းတွင်တပ်ဆင်ထားသည့် ကွန်ပြူတာထိမ်းချုပ်စနစ်များဖြင့်ဆက်သွယ်ထားသောကြောင့် တိုက်ယာဉ်အဖွဲ့ သားများသာ ကျွမ်းကျင်မည်ဆိုပါက ထိထိရောက်ရောက် အသုံးချနိုင်မည်ဖြစ်ပါသည်။
           ထို့ အပြင်BTR3Uတွင်မီးခိုးမှိုင်းကာစနစ်တစ်ခုလည်း တပ်ဆင်ထားပြီး Turretတစ်ဖက်တစ်ချက်စီတွင်ဗုံးသီးပစ်ခတ်ရမည့်ပြောင်းသုံးခုစီ ပါဝင်ပါသည်။ ယာဉ်၏ဆုံလည်စနစ်တွင်မတော့ ပဲ့ထိန်းဒုံးတပ်ဆင်နိုင်မည့်အထိုင်နေရာပါဝင်ပြီး ATGMနှစ်စင်းသို့ မဟုတ်လေကြောင်းရန်ကာကွယ်ရေးအတွက် IGLA တာတိုလေကာဒုံးနှစ်စင်းကို တပ်ဆင်နိုင်ပါသည်။ အခြားစစ်နည်းဗျူဟာမြောက် အစိတ်အပိုင်းများ( ဥပမာ တံခါးတည်ဆောက်ပုံ ) ရှိသေးသော်လည်း စာရှည်မှာစိုး၍မထည့်တော့ပါ (အခုကိုတော်တော်ရှည်နေပါပြီ)
ကျနော်တို့ မြန်မာ့တပ်တော်အနေဖြင့်နိုင်ငံအတွင်းတည်ဆောက်ထားသော ကာကွယ်ရေးပစ္စည်းစက်ရုံများမှ ထုတ်လုပ်လျက်ရှိပြီးပထမဆုံးစီးရေ အနည်းငယ်မှာ ယူကရိန်းမှတင်သွင်းခြင်းဖြစ်ပြီး ရာဂဏာန်းအနည်းငယ်ရှိသောBTRများကို တပ်ဆင်ထုတ်လုပ်ကာ နောက်ပိုင်းအစီးရေသုံးရာခန့် ကိုမိမိပြည်တွင်းမှာပင် ထုတ်လုပ်သွားခြင်းဖြစ်သည်။
                     အစီးရေတစ်ထောင်မှာကြားထားပြီး စီးရေလေးရာ့ငါးဆယ်ခန့် In Service ဖြစ်နေပြီး နောက်ပိုင်းထုတ်လုပ်သောBTRများတွင် အင်ဂျင်ပိုင်းဆိုင်ရာအားစိတ်ကြိုက်မတွေ့ ၍ သံချပ်ကာတပ်ဖွဲ့ ဆီသို့ မလွဲပြောင်းသေးပဲ ပြန်လည်သုတေသနပြုလုပ်နေသည်ဟုကြားသိရပါသည်။ ပြည်တွင်းတွင်ထုတ်လုပ်သောယာဉ်များတွင် မူမီးခိုးမှိုင်းကာလက်နက်စနစ်အား ဆုံလည်ရှေ့ တွင် တပ်ဆင်ထားပါသည်။
              မိမိတပ်တော်တစ်ခုလုံးအတွက် အရေအတွက်အားဖြင့်လုံလောက်မှူ့ မရှိသေးသော်လည်း ပြည်ပမှမှာယူသည့် အဆင့်မှသည်ပြန်လည်တပ်ဆင်သည့်အဆင့် ထိုမှသည်အလုံးစုံပြည်တွင်း၌ပင်ထုတ်လုပ်သောအဆင့်သို့ တိုးတက်ရောက်ရှိလာသော BTR-3Uသံချပ်ကာယာဉ်များအကြောင်း လေ့လာထားသ၍တင်ပြလိုက်ရပါသည်။

အချက်အလက်အမှားများပါပါက ကျနော် Arthrum ၏တာဝန်သာဖြစ်ပါသည်။
အားလုံးဆန္ဒနှင့်ဘဝတစ်ထပ်ထဲကျပါစေဗျာ
ADMIN Arthrum


Thursday, July 24, 2014

အကူလက်ရုံး စက်ယန္တရားများ ၃

ရိုးစင်းပြီး ထိရောက်လှတဲ့ အခြား တင့်အတားစီးတစ်ခုဟာ မြောင်းများဖြစ်ပါတယ်။ ခံစစ်ပုံစံ ထောက်ခြောက်များနှင့် ပြည့်နှက်နေတဲ့ တင့်အတားအစီး ကျုံးများမဟုတ်ပဲ သာမာန် တင့်တစ်စင်း ကျော်ဖြတ်နိုင်တဲ့ အတိုင်းအတာထက် အနည်းငယ် ပိုသော ကျုံးများနဲ့ ဖြတ်ကျော် တက်ရောက်နိုင်အောင် မဖြစ်နိုင်လောက်သော တူးမြောင်းများသည်ပင်လျင် တင့်တပ်ဖွဲ့များ အတွက် ခေါင်းခဲစရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ ထို့အတွက် တူးမြောင်းများနှင့် ချောင်းများကို ကျော်ဖြတ်နိုင်ရန် တံတားထိုး ယာဉ်များကို အသုံးပြုကြပါတယ်။

မြန်မာ့တပ်မတော်သုံး ပုံစံ-၈၄ တံတားခင်းတင့်
T-55 ကိုယ်ထည်ပေါ်မှာ တည်ဆောက်ထားတဲ့ ပထမဆုံးသော အမျိုးအစားဟာ MT-55A အမျိုးအစား ဖြစ်ပြီး ခေါက်ထားတဲ့ သံဘောင်တစ်ခုကို သယ်ဆောင်ကာ ၁၈မီတာ ရှည်ပြီး တန်၅၀ ဝန်ခံနိုင်တဲ့ ယာဉ်တွေ ဖြတ်ကျော်နိုင်တဲ့ လျောက်လမ်း ၂ခုပါ တံတားကို ခင်းပေးနိုင်ပါတယ်။ အလားတူအမျိုးအစားကို ပြည်ပတင်ပို့ရာမှာတော့ MTU-12 အဖြစ် ၁၂မီတာရှည်သော တစ်ဖြောင့်တည်း တံတားတစ်ခုကို သယ်ဆောင်ထားသည့် ယာဉ်အဖြစ်သာ ထားရှိပါတယ်။ နောက်ပိုင်းမှာ MTU-20 အဖြစ်နဲ့ မီတာ ၂၀အရှည်ထိ ဖြန့်နိုင်တဲ့ ၃ခေါက်ချိုး တံတားတစ်ခုကို သယ်ဆောင်နိုင်အောင် အဆင့်မြင့်တင်ခဲ့ပါတယ်။ MTU-20 မှာတော့ သံချပ်ကာ ထုထည်ပိုမိုထူထဲလာပြီး အဆင့်မြင့် ကွန်ပြူတာစနစ်များ၊ ဆက်သွယ်ရေးစနစ်များနဲ့ တတိယနိုင်ငံများကို တင်ပို့နိုင်ဖို့ အဓိက ဆွဲဆောင်ထုတ်လုပ်ထားပါတယ်။ အဆိုပါ တံတားခင်းယာဉ်တွေဟာ ယာဉ်အဖွဲ့သား ၂ဦးမှ ၃ဦးထိသာ လိုအပ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ သယ်ဆောင်လာတဲ့ တံတားကို ခင်းပေးနိုင်မှာဖြစ်ပြီး တပါတည်း ပြန်လည်ဖြုတ်ယူ သယ်ဆောင်သွားနိုင်ပါတယ်။

MT-55A တံတားခင်းတင့်
 MTU-20 တံတားခင်းတင့်

MTU-72 တံတားခင်းတင့်

T-72 ကိုယ်ထည်ပေါ်မှာ တည်ဆောက်ထားတဲ့ တံတားခင်းယာဉ်ကတော့ MTU-72 ဖြစ်ပြီး၊ ဇီဝ၊ဓါတု၊ ဓါတ်ရောင်ခြည်ဒဏ် ခံနိုင်တဲ့ သံချပ်ကာ ကိုယ်ထည်နဲ့တည်ဆောက်ထားပါတယ်။ အဆင့်မြင့်ထားတဲ့ သထ္ထုစပ်တွေကို အသုံးပြုထားလို့ ပိုမိုပေါ့ပါးတဲ့ MTU-20 ပုံစံ ၃ခေါက်ချိုး တံတားတစ်ခုကို သယ်ဆောင်နိုင်ပါတယ်။ ၂မိနစ်အတွင်းမှာ ၂၀မီတာ ရှည်တဲ့ တံတားတစ်ခုကို ခင်းနိုင်ပြီး ၁၀မိနစ်အတွင်းမှာ ပြန်ခေါက်သိမ်းနိုင်ပါတယ်။ 

TMM-6 တံတားခင်းယာဉ်



BTRများ၊ BMP များကဲ့သို့ အပေါ့စား တင့်များအနေနဲ့ တံတားထိုးယာဉ်အစား သစ်လုံးများ၊ သံပိုက်လုံး အသေးများကို စုစီးထားတဲ့ ပိုက်လုံးအစည်းများကို မြောင်းများတွင်း ချထားပြီး ကျော်ဖြတ်လေ့ရှိ
ကြပါသေးတယ်။ သို့သော်လည်း ပင်မတိုက်ပွဲဝင်တင့်များနဲ့ ရေစီးရှိတဲ့ နေရာများကို ကျော်ဖြတ်ရာမှာတော့ တံတားထိုးယာဉ်များကိုသာ အားကိုးရလေ့ရှိပါတယ်။လူလုပ်အတားအဆီး မြောင်းများ မဟုတ်ပဲ သဘာဝ အတားအဆီးများ ဖြစ်တဲ့ ချောင်းများ၊ မြစ်များကို ကျော်ဖြတ်ကြရမှာတော့ တံတားထိုးယာဉ် 
အကြီးစားများကို အသုံးပြုကြရပါတယ်။ TMM အမျိုးအစား စစ်မြေပြင် တံတားများဟာ ၇မီတာခန့်ထောက်တိုင်များ ပါရှိပြီး ရေအနက် ၅မီတာ အရှည် မီတာ ၄၀မှ မီတာ၁၀၀ထိ ကျော်ဖြတ်နိုင်အောင် ထောက်တိုင်ပါ တံတားများ ခင်းနိုင် ဖြုတ်သိမ်းနိုင်ကြပါတယ်။ ယာဉ်အဖွဲ့သား ၂ဦးမှ ၃ဦးထိသာ လိုအပ်ပြီး ကြာမြင့်ချိန် နာရီပိုင်းသာ ကြာမြင့်ပါတယ်။ မီတာ ၁၀၀ထက် ပိုတဲ့ အတားအဆီးကို ကျော်ဖြတ်ရာမှာတော့ ယာဉ်၂စင်းမှ ၃စင်းထိ ပူးပေါင်း ဆောင်ရွက်နိုင်ပါတယ်။ တန်ချိန် ၆၀ထိ ဖြတ်သန်းနိုင်ပြီး သယ်ဆောင်သည့် ယာဉ်များကို သာမာန် အကြီးစား သယ်ယူပို့ဆောင်ရေးယာဉ်များအစား စစ်မြေပြင်သုံး အကြီးစားယာဉ်များဖြင့် အသုံးပြုသည့် TMM-6 တံတားခင်းယာဉ်များဟာ ရန်သူ့ပစ်ခတ်မှုအောက်နှင့် ညအချိန်များပင်လျင် တံတားခင်းနိုင်အောင် စွမ်းဆောင်ရည် မြင့်မားကြပါတယ်။

 KMM တံတားခင်းယာဉ်
TMM အမျိုးအစားများနဲ့ ဆင်တူစွာ ပေါ့ပါးစွာ တည်ဆောက်ထားတာကတော့ KMM အမျိုးအစား တံထားထိုးယာဉ်တွေဖြစ်ပြီး  ရေစီးသိပ်မသန်တဲ့ ချောင်းများနဲ့ ရွံညွန်များကို ကျော်ဖြတ်နိုင်အောင် အဓိကထားတည်ဆောက်ပါတယ်။ ခံနိုင်ဝန် ၁၅တန်မှ တန်၃၀သာ ရှိတာမို့ ခြေလျင်သုံး အပေါ့စားယာဉ်များနှင့် သာမာန် ယာဉ်များကို ချီတက်ရာမှာ လွယ်လင့်တကူ တွဲဖက် အသုံးပြုကြပါတယ်။ သာမာန် ၆x၆ ဘီးတပ်ယာဉ်ပေါ်မှာ တင်ဆောင်သွားနိုင်ပြီး အင်ဂျင်နီယာ အဖွဲ့သား ၄-၅ဦးဖြင့် နာရီဝက် အတွင်း အရှည် ၂၅-၄၀မီတာ ၊ ရေအနက် ၅မီတာကို ကျော်ဖြတ်နိုင်တဲ့ တံတားတစ်ခုကို ခင်းနိုင်ပါတယ်။
မီတာများစွာ ကျယ်ပြောတဲ့ ရေပြင်ကို ဖြတ်ကျော်နိုင်ရန် အတွက်ကတော့ အခြားသော တံတားထိုးယာဉ် အကြီးစားများကို အသုံးပြုကြရပါတယ်။

 ရေပေါ် တံတားများ (Pontoon bridge) များ ထိုးနိုင်ရန်အတွက် ဗော်ရာများကို ထရက်ကားများနဲ့ သယ်ဆောင်လာပြီး တစ်ခုနဲ့တစ်ခုကို တံထားထိုး ပစ္စည်းများဖြင့် ချိတ်ဆက်ကာ ရေပေါ်တံတားကို ခင်းနိုင်ပါတယ်။ ဗော်ရာများမှာ ရေစီးကို ဆန့်ကျင် တည်ထားနိုင်ရန် အင်ဂျင်ပါသော ဗေါ်ရာများ အင်ဂျင်တပ်မထားသော ဗေါ်ရာများ စသည်ဖြင့် သက်ဆိုင်ရာ အလိုက် အသုံးပြုပါတယ်။ ဗေါ်ရာ တစ်ခုနှင့် တစ်ခုကြား ၇မီတာထိ အများဆုံး ခြားကာ အပေါ်က တံတားခင်းစနစ်များဖြင့် တံတားထိုးကြရပါတယ်။ တံထားကြမ်းနှင့် ဗေါ်ရာများကို လျင်မြန်စွာ ချိတ်ဆက်နိုင်အောင်နဲ့ ရန်သူတိုက်ခိုက်မှုရှိလာပါကာ လျင်မြန်စွာ အစားထိုးနိုင်အောင် ဆောင်ရွက်ထားရှိရာ လေ့ကျင့်ထားသည့် အင်ဂျင်နီယာ တပ်ဖွဲ့ဖြင့်ဆိုရင် တစ်မိနစ်ကို မီတာ ၆မီတာနုန်းဖြင့် တံတားခင်းနိုင် ပြင်နိုင်မှာဖြစ်ပါတယ်။

 PMP ရေပေါ်တံတားထိုးယာဉ်များ

 ဗော်ရာအတွက် ယာဉ်အဖွဲ့သားတစ်ဦး၊ တံတားခင်းအတွက် ယာဉ်အဖွဲ့သား ၂ဦးလိုအပ်ပြီး မီတာ ၁၀၀တိုင်းအတွက် စစ်သည် ၃ယောက်မှ ၅ယောက်နုန်းနဲ့ တံတားခင်းနိုင်ပါတယ်။ LPP အမျိုးအစား တံတားများဟာ ၂၄တန်ထိ သာ ခံနိုင်ပြီး ခြေလျင်နှင့် အပေါ့စား သံချပ်ကာများသာ အသုံးပြုနိုင်ပါတယ်။ တင့်တပ်ဖွဲ့များအတွက် တန်၇၀ထိ ခံနိုင်သော TPP အမျိုးအစား တံတားခင်း စနစ်များကို အသုံးပြုကြရပါတယ်။ ဗေါ်ရာများ တံတားကြမ်းခင်းများ မလိုအပ်တော့ပဲ ထို၂မျိုးကို ပေါင်းစပ်ထားပြီး ဖြန့်ခင်း ချိတ်ဆက်လိုက်ရုံဖြင့် ရေပေါ်တံတား(ribbon bridge) အဖြစ် တည်ဆောက်နိုင်သော PMP အမျိုးအစား ရေပေါ်တံတားထိုး စနစ်များကို လက်ရှိအသုံးပြုကြပါတယ်။ သာမန် သယ်ယူပို့ဆောင်ရေး ယာဉ်ပေါ်တွင်သယ်ဆောင်နိုင်သော PMP စနစ်များဟာ ခေါက်ထားချိန်မှာ ၁မီတာ ၆ပေ ပတ်လည်သာရှိပေမယ့် ဖြန့်ချလိုက်ချိန်မှာတော့ ၆.၆မီတာ ရှည်လျားတဲ့ ရေပေါ် တံတား အစိတ်အပိုင်းတစ်ခုကို ရရှိမှာဖြစ်ပါတယ်။ အစိတ်အပိုင်းများကို ရေထဲမှာပင် လွယ်ကူစွာ ချိတ်ဆက်နိုင်ပြီး မီတာ ၄၀၀ထိ ဖြတ်သန်းနိုင်ပါတယ်။ ခံဝန်အား တန်၆၀ထိရှိပြီး ယာဉ်အဖွဲ့သား ၂၀ခန့်ဖြင့် ဆောင်ရွက်နိုင်ပါတယ်။

 PMP ရေပေါ်တံတားထိုးစနစ်ဖြင့် လေ့ကျင့်နေပုံ

 ရေစီးသန်ပြီး မီတာ ၄၀၀ထက် ပိုတဲ့ မြစ်များကိုတော့ TPP အမျိုးအစား ရေပေါ် တံတားစနစ်များနဲ့ တွဲဖက်ကာ အသုံးပြုနိုင်သလို မီတာ ၁၀၀ထက် ပိုတဲ့ ကျော်ဖြတ်မှုများ အတွက်ကတော့ မော်တော်ဘုတ်များနဲ့ စက်တပ်ဗော်ရာများ လိုအပ်ပါတယ်။ အဆိုပါ ribbon bridge အစိတ်အပိုင်းတစ်ခုချင်း သို့မဟုတ်  အတွဲများကို မော်တော်ဘုတ် သို့မဟုတ် TPP စနစ် စက်တပ်ဗော်ရာများနဲ့ တွဲဖက်ကာ မြစ်ကူးယာဉ်အဖြစ် အသုံးပြုနိုင်ကြပါသေးတယ်။ တစ်စိတ်တစ်ပိုင်း တံတားအဖြစ် ခင်းကာ မော်တော်ဘုတ်များ ဆွဲယာဉ်များ စက်တပ်ဗော်ရာများဖြင့် မီတာများစွာ ကျယ်ပြောပြီး ရေစီးသန်တဲ့ မြစ်များကို ဖြတ်ကူးရာမှာ အဓိက အသုံးပြုကြပါတယ်။ PMP စနစ်များရဲ့ လုံခြုံစိတ်ချရမှု အကြမ်းခံနိုင်မှုနဲ့ အသုံးပြုရလွယ်ကူမှုကြောင့် တင့်များနဲ့ တပ်ဖွဲ့များ ယာဉ်များကို လွယ်ကူစွာ မြစ်ကူးစစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

GSP-55 တံတားထိုးယာဉ်
အခြားသော တံတားထိုးယာဉ် တစ်မျိုးကတော့ PT-76 ကုန်းရေနှစ်သွယ်သွား ယာဉ်ပေါ် အခြေခံကာ တည်ဆောက်ထားသော GSP စနစ်ဖြစ်ပြီး ရေနက်သော ချောင်းငယ်များ၊ ရွံ့ညွံများနဲ့ မြစ်ဝကျွန်းပေါ်နှင့် ပင်လယ်ကမ်းစပ်ကဲ့သို့ ဒေသများတွင် အသုံးပြုနိုင်အောင် ထုတ်လုပ်ထားသော ယာဉ်များဖြစ်ပါတယ်။ GSP-55 တွင် ဗေါ်ရာတစ်ခုဆီ သယ်ဆောင်ပြီး ၂စင်းတွဲကာ တာဝန်ထမ်းဆောင်ပါတယ်။ ချောင်းလည်၊ မြစ်လည်မှာ ၂စင်းတွဲလျက် ရပ်တန့်တာ သယ်ဆောင်လာသော ဗောရာတစ်ခုဆီကို ဖြန့်ခင်းလိုက်ခြင်းဖြင့် အရှည် ၁၂၀မီတာရှိပြီး ခံဝန် ၅၂တန်ရှိသော ယာယီတံတားတစ်ခုကို ရရှိမှာဖြစ်ပါတယ်။ ရွှံညွံထူထပ်သော နေရာများနဲ့ မီတာ ၁၂၀ထက် ကျော်သော မြစ်ကူးစစ်ဆင်ရေးများ အတွက် တင့်ယာဉ်များကို သယ်ဆောင်ကာ ဖြတ်ကူးပေးနိုင်ပါတယ်။  မြစ်ကူးစစ်ဆင်ရေး အတွက် အသုံးပြုသော တံတားခင်း စနစ်များ အားလုံးဟာ ပင်လယ်ပြင် ကမ်းတက်စစ်ဆင်ရေး အတွက် ကမ်းထိုး တံတားများ၊ သယ်ပို့စနစ်များ အဖြစ်လဲ အသုံးပြုနိုင်သော စနစ်များဖြစ်ကြပြီး လေ့ကျင့်မှုများစွာလိုအပ်ပြီး
 မြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ကူးစစ်ဆင်ရေးများ ဆောင်ရွက်ရန်ရှိသော တပ်မတော်တိုင်းအတွက် မရှိမဖြစ် လေ့ကျင့်ပိုင်ဆိုင်ထားရမည့် စနစ်များဖြစ်ကြပါကြောင်း။  ကျန်းမာချမ်းသာကြပါစေ။  ။


Sunday, July 20, 2014

အကူလက်ရုံး စက်ယန္တရားများ ၂

အပိုင်း ၁မှာ မိုင်းအတားဆီး ဖြတ်ကျော်နိုင်ရန် အသုံးပြုတဲ့ ယန္တရားတွေကို ဖေါ်ပြခဲ့ပါတယ်။ ခုအပိုင်း၂မှာတော့ အခြား လူလုပ်အတားအဆီးဖြစ်တဲ့ ကျုံးများနဲ့ အတားအဆီးများအပါအဝင် သဘာဝမြေအနေအထား အတားအဆီးများကို ဖြတ်ကျော်ဖို့ အသုံးပြုတဲ့ စစ်မြေပြင် အင်ဂျင်နီယာသုံး ယန္တရားများကို လေ့လာမိသလောက် ဖေါ်ပြပေးမှာပါ။ စစ်မြေပြင် အင်ဂျင်နီယာသုံး ယန္တရားများဟာ သာမန်အရပ်သုံး ယန္တရားများရဲ့ စွမ်းရည်ကို ရန်သူ့ပစ်ခတ်မှု ဖိအားအောက်မှာ ပေးစွမ်းနိုင်အောင် ပြုပြင်ထားကြတာဖြစ်ပါတယ်။ ရန်သူ့ပစ်ခတ်မှု မရှိတဲ့ နေရာများမှာ သာမန်အရပ်ဖက်သုံး ယန္တရားများကိုသာ အများဆုံး အသုံးပြုကြပါတယ်။ ရန်သူပစ်ခတ်မှုရှိနေတဲ့နေရာနဲ့ (နူးကလိယျလက်နှက်၊ ဓါတု၊ဇီဝ လက်နှက်များ)အဆိပ်သင့်နေရာများမှာတော့ အထူးပြုလုပ်ထားတဲ့ စစ်မြေပြင် အင်ဂျင်နီယာသုံး ယန္တရားတွေကို အသုံးပြုကြရပါတယ်။ 

T-55 MARRS

 ယျေဘူယျတာဝန်များအနေဖြင့် လူလုပ်အတားဆီးများအဖြစ် သာမာန် တင့်များတက်နိုင်သော ၄၅ဒီကရီထက် မက်စောက်သော လျောစောက်များကို ဖြိုချရန်၊ ကွန်ကရိအတားအစီးများကို တွန်းဖယ်လမ်းဖေါက်ရန်နှင့် တင့်များဖြတ်ကျော်နိုင်သော အကျယ်ထက် ပိုကာ တင့်တစ်စင်းလှုပ်ရှားနိုင်သော အကျယ်ထိ မရောက်အောင် စကောစက တူးထားသော မြောင်းများကို ကျော်လွှားနိုင်ဖြစ်ပါတယ်။ ထိုအတားဆီးများဟာ တန်ဖိုး အနည်းဆုံးနဲ့ အလွယ်ကူဆုံး အသုံးပြုနိုင်သော တင့်အတားဆီးများဖြစ်ပါတယ်။
အပိုင်း၁မှာ ပြောခဲ့သလိုပဲ ရုရှားလုပ် ယန္တရားများကို အဓိကထား ဖေါ်ပြပေးမှာပါ။ 
T-55 MARRS သည် T-55 တင့်ကားပေါ်တွင် အခြေခံတည်ဆောက်ထားသော ဆယ်တင်ရေးယာဉ်ဖြစ်ပါတယ်။ ပျက်ဆီးသွားသော တင့်များကို ဆွဲယူရန်နှင့် လမ်းကြောင်းပေါ်မှ ဖယ်ရှားရန် ထို့အပြင် လမ်းမြေညှိခြင်းနှင့် လူသတ်မိုင်းများကို ထိုးခွဲရှင်းလင်းရန်အပြင် တင့်များ ပုံဖျက်ဖုံးကွယ်ခြင်းနှင့် အကာအကွယ်အတွက် ကတုတ်ကျင်းများကို တူးပေးရန်အသုံးပြုပါတယ်။ ALT55 အမျိုးအစားနဲ့ အတူ ထွက်ရှိခဲ့ပြီး ရေဒီယိုသတ္တိကြွနှင့် ဓါတုလက်နှက်များ ဒဏ်ခံနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့ကြောင့် တိုးတက်လာတဲ့ သံချပ်ကာ တည်ဆောက်မှုကိုယ်ထည် ပုံစံများကို အခြေခံကာ BTS-1,2,3,4,5 စတဲ့ ယာဉ်များ ဆက်တိုက်ထုတ်လုပ်ခဲ့ကြပါတယ်။ 

 BTS-2
BTS-4 


BTS-5

BTS ယာဉ်များဟာ သံချပ်ကာ ထုထည်ထူထဲလာခြင်း၊ လက်နှက်ငယ်များ တပ်ဆင်ထားနိုင်ခြင်း၊ မိုင်းဒဏ်ခံနိုင်ခြင်းတို့အပါအဝင် ဟိုက်ဒေါလစ်စနစ်သုံး မချီ စနစ်များတပ်ဆင်လာနိုင်ပြီး ရေပြင်ဖြတ်ကျော်နိုင်စွမ်းပါ ရှိလာခဲ့ပါတယ်။ ယနေ့တိုင် အသုံးပြုနေဆဲ T55 မျိုးဆက် ကတော့ IMR ဖြစ်ပြီး ဒိုဇာသွားကို အတည့်သော်လည်းကောင်း “V” ပုံစံသော်လည်းကောင်း ၂မျိုးသုံးနိုင်သည့်အပြင် ကရိန်းလက်တံဖြင့်ပင် အကူမလိုပဲ မချီခြင်း၊ ချိတ်ဆက်ခြင်း၊ ရွှေ့ပြောင်းဆွဲယူခြင်း စသည်တို့ ပြုလုပ်နိုင်ပါတယ်။ 

IMR-2 နှင့် IMR-72 အင်ဂျင်နီယာသုံး ယန္တရားများ 
IMR-2 ကတော့ T-72 ကိုယ်ထည်ပေါ်မှာ တည်ဆောက်ထားပြီး ရေဒီယိုသတ္တိကြွနေရာများနဲ့ ညစ်ညမ်းနေရာများမှာ အထူးအသုံးတည့်အောင် ပြင်ဆင်ထားပါတယ်။ V ပုံစံသော်လည်းကောင်း ရိုးရိုး မြေထိုးပုံစံသော်လည်းကောင်း ပြုပြင်နိုင်တဲ့ ဒိုဇာအပြင် ၅-၁၁ တန်အထိ မချီနိုင်တဲ့ ကရိန်းအမျိုးမျိုးနဲ့ မြေသယ် မြေတူးစက် အမျိုးမျိုးကို စစ်ဆင်ရေးကိုလိုက်လို့ ပြောင်းလဲ တပ်ဆင်ပေးနိုင်ပါတယ်။ ဒါ့အပြင် မိုင်းရှင်းစနစ်များကိုလဲ တပ်ဆင်ပေးနိုင်ပါသေးတယ်။ ဖေါ်ပြပါ ယာဉ်တွေဟာ IRM လို တိုင်းတာရေးယာဉ်တွေနဲ့ တွဲဖက်တာဝန် ထမ်းဆောင်ကြရတာဖြစ်ပြီး၊ လက်နှက်ငယ်တပ်ဆင်လာနိုင်မှု၊ မီးခိုးမိုင်းကာစနစ်များ တပ်ဆင်နိုင်မှု၊ ရေဒီယိုဆက်သွယ်ရေးစက်များ တပ်ဆင်ထားနိုင်မှုပေါ် အခြေခံကာ ရန်သူချိန်းခြောက်ထားနိုင်သည့် အခြေအနေတစ်ခု အထိ တာဝန်းထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ 


 BTR-3 အခြေခံ အင်ဂျင်နီယာသုံးယာဉ်
BTR ကဲ့သို့ သံချပ်ကာ ယာဉ်များတွင်လည်း အင်ဂျင်နီယာသုံး ယာဉ်များရှိပြီး BTR-60 ကို အခြေခံသော MTR-2 ယာဉ်၊ BTR-70နှင့် 80 တို့ကို အခြေခံသော ယာဉ်များလဲ ထုတ်လုပ် အသုံးပြုကြပါတယ်။ BTR3 ကို အခြေခံသော စစ်မြေပြင် ဆယ်တင်ရေးယာဉ်အဖြစ် BTR-3E ARV ကို အသုံးပြုကြပါတယ်။ BTR-4 တွင် BTR-4K အဖြစ် ထုတ်လုပ်အသုံးပြုကြပါတယ်။ BMP ကဲ့သို့ အပေါ့စား တင့်အမျိုးစားများတွင်လဲ BREM-2 ကဲ့သို့ အမျိုးအစားများ ထုတ်လုပ်ထားရှိပြီး လမ်းရှင်းခြင်း၊ မိုင်းရှာခြင်း၊ ဆွဲယူခြင်း၊ ဆယ်တင်ခြင်း အပါအဝင် ကတုတ်များတူးခြင်း၊ အတားအဆီးများချထားခြင်းများ ပြုလုပ်ပေးနိုင်ရန် လေကြောင်းချီ၊ ကြည်းကြောင်းချီ သံချပ်ကာ တပ်များနှင့် တပါတည်း ပူးတွဲကာ ချီတက်လေ့ရှိကြပါသေးတယ်။ 

BTR-4 အခြေခံ အင်ဂျင်နီယာသုံးယာဉ်
 BREM-2 အင်ဂျင်နီယာသုံးယာဉ်

ဥရောပနိုင်ငံများတွင် ဆယ်တင်ရေးနှင့် တည်ဆောက်ရေး ယန္တရားများကို သည်းခြားဆီ တည်ဆောက်လေ့ရှိသော်လည်း ဆိုဗီယက်ခေတ် နှင့် အရှေ့အာရှ တည်ဆောက်ပုံများတွင် ဆောက်လုပ်ရေး ယန္တရားများကို ဆယ်တင်ရေး ယာဉ်များတွင်သာ တွဲဖက် တပ်ဆင်လေ့ရှိတာကို တွေ့ရပါတယ်။ အခြား ဆောက်လုပ်ရေး ယန္တရားများကိုတော့ သာမာန် အရပ်ဘက်သုံး ယန္တရားများကဲ့သို့သာ တည်ဆောက်လေ့ရှိပြီး အကာကွယ်နှင့် ရန်သူ့လက်လှမ်းမမှီရာတွင်သာ အသုံးပြုကြလေ့ရှိတယ်။ ကျန်းမာချမ်းသာကြပါစေခင်ဗျား။   ။

မြန်မာ့တပ်မတော်သုံး ဆယ်တင်ရေးတင့် ပုံစံငယ်များ

Thursday, July 10, 2014

အကူလက်ရုံး စက်ယန္တရားများ ၁



BMR-3
ယန္တရားတပ်များရဲ့ တိုက်ခိုက်ရေး ယာဉ်များဖြစ်ကြတဲ့ ပင်မတိုက်ပွဲဝင်တင့်ကားများ၊ အပေါ့စားတင့်ကားများ၊ သံချပ်ကာ တိုက်ခိုက်ရေးယာဉ်များ၊ သံချပ်ကာ လူသယ်ယာဉ်များ၊ အမြောက်ပစ်ကူပေးယာဉ်တွေ၊ ဒုံးတင်ယာဉ်တွေ၊ လေကြောင်းရန်ကာကွယ်ရေးယာဉ်တွေ၊ ရေဒါတွေ စတာတွေကို ရည်မှန်းချက်ကို ချီတိုက် တိုက်ခိုက်နိုင်အောင် အကူအညီပေးရတဲ့ စစ်ယာဉ်တွေ အကြောင်းကို ဖေါ်ပြပေးမှာဖြစ်ပါတယ်။ သည်ထဲမှာ တံတားခင်းယာဉ်တွေ၊ မြစ်ကူးယာဉ်တွေ၊ ရေဒါကာကွယ်ရေးတွေစနစ်တွေ၊ ပြင်ဆင်ဆယ်တင်ရေးယာဉ်တွေနဲ့ မှိုင်းရှင်းယာဉ်တွေပါဝင်ပါတယ်။ 

 တင့်ဖျက် မိုင်း အမျိုးအစားပေါင်းများစွာရှိပြီး မိုင်းတစ်လုံးဟာ တင့်ကားတစ်စင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ဒေါ်လာသန်းချီတန်တဲ့ တင့်နဲ့စစ်ယာဉ်တစ်စင်းစာ တန်ဖိုးဟာ မိုင်းကွင်း ၂ကွင်း ၃ကွင်းစာ ခင်းထားနိုင်ပါတယ်။ မိုင်း အမျိုးအစားပေါ်လိုက်လို့ အဆ၂၀၀ကနေ အဆ တစ်ထောင်လောက်ထိကွာတတ်တာမို့ မိုင်း အလုံးရာချီခင်းထားလို့ ရန်သူ့တင့်တစ်စင်း ထိခိုက်သွားရင် အရင်းကျေတယ်လို့ ဆိုနိုင်မှာပါ။ တန်ဖိုးနဲသလောက် အဖျက်စွမ်းအားနဲ့ ချိန်းခြောက်အားကောင်းလှတဲ့ တင့်ဖျက် မိုင်းတွေနဲ့ မိုင်းကွင်းတွေဟာ တင့်နဲ့သံချပ်ကာအပါအဝင် ယန္တရားတင်တပ်တွေအတွက် အဓိက အဟန့်အတားဖြစ်ပါတယ်။ ရန်သူ့ပစ်ကွင်းအောက် မဟုတ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းပေါ်က မိုင်းအတားအဆီးတွေ၊ ရန်သူခြုံခိုတိုက်ခိုက်ဖို့ ဒါမှမဟုတ် အခြားရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖို့ ထားတဲ့မိုင်းတွေ အပါအဝင် အခိုင်အမာ ခံစစ်မှာထားရှိတဲ့ ရန်သူ့ပစ်ကွင်းအောက်က မိုင်းကွင်းတွေကို ဖြတ်ကျော်နိုင်ဖို့ တင့်နဲ့ သံချပ်ကာတပ်တွေ အတွက် မိုင်းရှာ၊ မိုင်းရှင်းယာဉ်တွေ တွဲဖက် အသုံးပြုဖို့လိုအပ်ပါတယ်။ မြန်မာ့တပ်မတော်သုံး စစ်ယာဉ်တွေဟာ ရုရှားနဲ့ တရုတ်လုပ် သံချပ်ကာတွေ ဖြစ်လို့ ရုရှားလုပ် အဆိုပါ ယာဉ်တွေကို လက်လှမ်းမီသလောက် လေ့လာတင်ပြလိုက်ပါတယ်ခင်ဗျား။ 
DIM မိုင်းရှာစနစ်
မိုင်းတွေရဲ့ ပထမဦးဆုံးသော ခြိန်းခြောက်ထားနိုင်မှုဟာ မမြင်နိုင် မသိနိုင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံစံ အမျိုးမျိုး၊ နေရာအမျိုးမျိုးမှာ ပုန်းကွယ်စောင့်နေမယ့် မိုင်းတွေကို ရှာဖို့ မှိုင်းရှာစက်တွေလိုပါတယ်။ မိုင်းရှာခွေးတွေ၊ လက်ကိုင်မိုင်းရှာစက်တွေနဲ့ ရအသေးစိတ် ပိုက်စိတ်တိုက်ရှာဖွေတာဟာ အသေချာဆုံးဖြစ်ပေမယ့် ချီတက်နေတဲ့ အဟုန်ကို အဓိက ထားရတဲ့ ယန္တရားတပ်ဖွဲ့တွေ အဖို့ အခြားမိုင်းရှာစနစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် မိုင်းရှာစနစ်တွေကို ယန္တယားတွေနဲ့ တွဲဖက် အသုံးပြုလာပါတယ်။ ရှေ့ပြေးယာဉ်တွေ၊ ကင်းထောက်ယာဉ်တွေရှေ့မှာ အလွယ်တစ်ကူ တပ်ဆင်နိုင်တဲ့ မိုင်းရှာ စက်တွေရှိသလို၊ သီးသန့်ထုတ်လုပ်ထားတဲ့ မိုင်းရှာအထောက်ကူအပြု ယာဉ်တွေလဲရှိပါတယ်။
Husky DIM
 DIM လို့ အလွယ်တကူခေါ်ဆိုတဲ့ မိုင်းရှာစက်ဟာ တင့်ဖျက်တွေသာမက လူသတ်မိုင်းတွေကိုပါ ရှာဖွေပေးနိုင်တဲ့ ကိရိယာပါ။ သံချပ်ကာကားငယ်တွေ၊ စစ်သုံးယာဉ်တွေ၊ ဂျစ်ကားတွေရှေ့မှာ အလွယ်တကူတပ်ဆင်နိုင်ပြီး တစ်မီတာ အတွင်းက လူသတ်မိုင်းနဲ့ သာမန် တင့်ဖျက်မိုင်းတွေကို ရှာဖွေပေးနိုင်ပါတယ်။ လမ်းဘေးထောင် ဗုံးတွေနဲ့ လေဆာစနစ်သုံး တင့်တွေကိုတော့ ၂မီတာခွဲလောက်ကတည်းက ရှာပေးနိုင်ပါတယ်။ မီတာဝက် အတွင်းမှာတော့ မြေအောက် ၁၀လက်မကနေ တစ်ပေအတွင်း မြုပ်ထားမဲ့ လျပ်စစ်သံလိုက် မိုင်းတွေကို ထောက်လှမ်းနိုင်ပါတယ်။ ပြင်ဆင်ချိန် ၇မိနစ်သာလိုအပ်ပြီး များသောအားဖြင့် အပေါ့စား ယာဉ်ငယ်တွေနဲ့ တွဲဖက် အသုံးပြုပါတယ်။ တောက်လျောက် မိုင်းရှာပေးနိုင်ချိန် နာရီဝက်သာရှိတာမို့ အားနည်းချက်ရှိနေဆဲပါ။
 
IRM "Zhuk"
IRM "Zhuk" လို့ခေါ်တဲ့ မိုင်းရှာစနစ်ကတော့ မိုင်းရှာစနစ်သီးသန့်မဟုတ်ပါဘူး။ BMP-1 အပေါ်မှာအခြေခံထားတဲ့ ကုန်းရေ၂သွယ်သွား အင်္ဂျင်နီယာသုံး စစ်ယာဉ်ဖြစ်ပြီး တိုင်းတာမှု အမျိုးမျိုးနဲ့အတူ မိုင်းရှာခြင်းကိုပါ ဆောင်ရွက်နိုင်တာပါ။ ယာဉ်ရဲ့ရှေ့မှာ သာမန်မိုင်းရှာစက်ဖြစ်တဲ့ IMP-2 စနစ်ကို အလွယ်တကူတပ်ဆင်နိုင်သလို၊ RVM-2M တို့လို အဆင့်မြင့် ရေဒီယိုလှိုင်းသုံး စနစ်တွေနဲ့ မြစ်တွင်းနဲ့ သောင်စပ်တွေမှာ ထောင်ခြောက်ဆင်ထားတဲ့ ရန်သူ့မိုင်းတွေကို ရှာဖွေနိုင်မယ့် RshM2 မြစ်တွင်းမိုင်းရှာဖွေရေး စက်တွေကိုပဲ လိုသလို ပြောင်းလဲ တပ်ဆင်နိုင်ပါတယ်။ ဒါ့အပြင် တံတားခင်းတာ၊ မြေအပျော့အမာသုံးသပ်တာ၊ ရေအတိမ်အနက် ထောက်လှမ်းတာ အပါအဝင် အင်ဂျင်နီယာသုံး တိုင်းတာနည်းစနစ်များကို များစွာ အထောက်အကူပေးနိုင်ပါတယ်။
ပုံမှန်အားဖြင့် ဆိုရင်တော့ မိုင်းကို ရှာဖွေတွေ့ရှိတာနဲ့ မိုင်းရှင်းလင်းရေး အဖွဲ့တွေနဲ့ ရှင်းလင်းတာ၊ ဖေါက်ခွဲဖျက်ဆီးလိုက်တာ ချီတက်နိုင်ပါတယ်။ သို့သော်လည်း စနစ်တကျ မိုင်းကွင်း၊ ဒါမှမဟုတ် မိုင်းအမျိုးအစားတွေကို ရေနှောထားတဲ့ သတ်ကွင်းမိုင်းကွင်း၊ ဒါမှမဟုတ် အမြောက်၊ လေယာဉ် စတာတွေနဲ့ ကျဲချ ခင်းထားတဲ့ မိုင်းကွင်းတွေကို ချီစစ်အဟုန် မရပ်တန့်စေပဲ သို့မဟုတ် ကြာမြင့်ချိန် နဲနိုင်သမျှနဲနဲနဲ့ ကျော်ဖြတ်နိုင်ဖို့ မိုင်းရှင်းလင်းရေး  မိုင်းကွင်းဖျက်ဆီးရေး လက်နှက်တွေ လိုအပ်လာပါတယ်။ 
UR-3
UR-83 လို့ခေါ်တဲ့ မိုင်းကွင်းရှင်းလင်းရေး ရော့ကတ်စနစ်ဟာ အလေးချိန် ၁၈၀၀ကီလိုဂရမ် ယမ်းကြိုးကို မီတာ၁၂၀-၄၀၀ထိ ပစ်ခတ်ပြီး ဖေါက်ခွဲစေတဲ့ စနစ်ပါ။ အဲသည်စနစ်ကနေ အလျား မီတာ ၁၀၀ အကျယ် ၆မီတာ ရှိတဲ့ မိုင်းရှင်းပြီးသား လမ်းကို ရရှိစေမှာဖြစ်ပါတယ်။ သို့သော်လည်း ပြင်ဆင်ချိန် တစ်နာရီခွဲလောက်ထိ လူအင်အား ၅၀ကျော်လောက်က ပြင်ဆင်ကြရတာဖြစ်ပါတယ်။ UR83P(УР-83П); UZ3(УЗ-3);UZ3R(УЗ-3Р);ZRP2 (ЗРП-2) စသည်ဖြင့် မျိုးခွဲတွေရှိပါတယ်။
UR-77
အဲဒီစနစ်ကို ယာဉ်တင်အနေနဲ့ ပြုပြင်ထားတဲ့ စနစ်တွေကတော့ BMP-1 သံချပ်ကာယာဉ်ကို အသုံးပြုထားတဲ့ UR-77 နဲ့ UR-07 တို့ဖြစ်ပါတယ်။ UR-77 မှာ အဆင်သင့် ပြင်ပြီးသား ယမ်းကြိုးရော့ကတ် ၂ခုကို တစ်ပါတည်း သယ်ဆောင်နိုင်ပြီး PSM67 ဒါမှမဟုတ် PSM77 မိုင်းရှင်းစနစ်ကို သယ်ဆောင်နိုင်ပါတယ်။ မီတာ ၂၀၀ကနေ ၃၅၀ အကွာထိ ပစ်ခတ်နိုင်ပြီး အရှည် မီတာ ၉၀၊ အကျယ် ၆မီတာရှိတဲ့ မိုင်းရှင်းလမ်းကို ရရှိမှာဖြစ်ပါတယ်။ ပြင်ဆင်ချိန် ၃မိနစ်သာလိုအပ်ပြီး ပြန်လည်ဖြည့်တင်းဖို့ မိနစ်၃၀လောက် လိုအပ်ပါတယ်။ ယာဉ်အဖွဲ့သား ၃ဦးနဲ့ မိုင်းရှင်းလင်းရေး ဆောင်၇ွက်နိုင်ပါတယ်။
UR-07
 UR-07 ကတော့ ခေတ်မီ စနစ်တွေ တပ်ဆင်ထားတဲ့ BMP-3သံချပ်ကာ မျိုးကွဲတစ်ခုဖြစ်ပြီး ယာဉ်အဖွဲ့သား ၂ဦးတည်းနဲ့ ဆောင်ရွက်နိုင်ပါတယ်။ PSM06 စနစ်သုံး မိုင်းရှင်းစနစ်ဟာ မီတာ ၃၄၀အရှည် ရှိတဲ့ မိုင်းရှင်းလမ်းကို ရရှိနိုင်ပါတယ်။ PSM07 ကတော့ မီတာ ၇၀၀ကနေ ၁၀၀၀ထိ ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၀၉ခုနှစ်မှ စတင်ထုတ်လုပ်ထားတဲ့ အဆင့်မြင့် စနစ်တစ်မျိုးလဲ ဖြစ်ပါတယ်။ သည် မိုင်း၇ှင်းလမ်း ရပြီဆိုတာနဲ့ အင်ဂျင်နီယာသုံး(armored engineer tractor) တွေ ဘူဒိုဇာတပ်ထားတဲ့ သံချပ်ကာယာဉ်တွေ ဦးဆောင်ပြီး မိုင်းရှင်းလမ်းကနေ ဖြတ်သန်းနိုင်ကြပါတယ်။
engineer tractor
ရန်သူ့တိုက်ရိုက်ပစ်ကင်းလွတ်ရာ ဒါမှမဟုတ် ရန်သူကို ပစ်အားနဲ့ ဖိနိပ်ထားနိုင်တဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုကြတဲ့ အထက်ပါ မိုင်းရှင်းစနစ်တွေဟာ မိုင်းကွင်းနေရာ အတိအကျသိထားမှသာ အဆင်ပြေမှာဖြစ်ပြီး ရန်သူ့ကို အရှိန်အဟုန်နဲ့ အလစ်အငိုက်စစ်ဆင်ဖို့ အတွက်ကိုတော့ မလွယ်ကူလှပါဘူး။ ဒါ့ကြောင့် သံချပ်ကာ တိုက်ယာဉ်တွေရဲ့ ရှေ့ကနေ ဖြုတ်နိုင်တပ်နိုင်တဲ့ မိုင်းရှင်းစက်တွေကို တပ်ဆင်ကာ စစ်ဆင်နိုင်သလို၊ မိုင်းရှင်းဖေါက်ခွဲရေး ယာဉ်တွေ အကူအညီနဲ့လဲ စစ်ဆင်နိုင်ပါသေးတယ်။ 
KMT-7 on T-72
KTM-6, KTM-7, KTM-8 စတဲ့ တင့်ကားရှေ့မှာ အလွယ်တကူ ဖြုတ်နိုင်တပ်နိုင်တဲ့ မှိုင်းရှင်း ဒလိမ့်တွေကို အသုံးပြုကြပါတယ်။ KTM -6ဟာ ကနဦး ထွက်ရှိတဲ့စနစ်ဖြစ်ပြီး KTM-7 ကတော့ အသုံးအများဆုံးဖြစ်ပါတယ်။ KTM-8 ကတော့ ထူးခြားတဲ့ မြေမျက်နှာပြင်နဲ့ မြေသားထုကိုလိုက်ပြီး စူးတွေ ကော်တွေ တပ်ဆင်နိုင်တဲ့စနစ်ဖြစ်ပါတယ်။ TMS-S ကတော့ မြေပြင်ကို အပြည့်ဘီးလှိမ့်တဲ့စနစ်ဖြစ်ပြီး အသုံးပြုမှုနဲပါးတဲ့ ဖွံဖြိုးဆဲ စနစ်တစ်ခုဖြစ်ပါတယ်။ မှိုင်းရှင်း ဒလိမ့်တွေဟာ T-55, T-62 လိုတင့်ကားတွေကနေစလို့ T-72, T90လို တင့်ကားတွေ၊ BMP-1, BMP-3 စတဲ့အပေါ့စားယာဉ်တွေနဲ့ပါ တွဲဖက် အသုံးပြုနိုင်ပါတယ်။ သည်ဒလိမ့်တွေဟာ ဒလိမ့်တွေချည်း သက်သက်တော့မဟုတ်ပါဘူး။ တင့်ကားရဲ့ရှေ့ တစ်မီတာလောက်ကနေ တင့်ကားရဲ့ တုန်ခါမှုနဲ့ တင့်ကားဆီကနဲ့အလားတူစွာ ရေဒီယိုသံလိုက်လှိုင်းတွေ ထုတ်ပေးတဲ့သည်စနစ်ဟာ ဒလိမ့်တုံးတွေ မိုင်းပေါ်မရောက်ခင် မီတာဝက်လောက်မှာ ပေါက်ကွဲစေတာပါ။ လေဆာရောင်ခြည်သုံး နဲ့အဝေးထိမ်း မိုင်းတွေ မပါဝင်တဲ့ မိုင်းကွင်းတွေကို အရှိန်အဟုန်နဲ့ ဖြတ်ကျော်ရာမှာ အင်မတန် အသုံးဝင်တဲ့ စနစ်တွေဖြစ်ပါတယ်။ တင့်ယာဉ်ရဲ့ ဘေးတစ်ဘက် ၃မီတာလောက်ထိ ထိရောက်တာမို့ ယာဉ်ဖြတ်သွားလာရာမှာ အကျယ် ၁၂မီတာခန့် မှိုင်းရှင်းလမ်းကို ရရှိစေမှာဖြစ်ပြီး ရန်သူ့ပစ်အားအောက်ကနေ တိုက်ရိုက်ဖေါက်ဝင်နိုင်မယ့် စနစ်လဲဖြစ်ပါတယ်။ သို့သော်လည်း မိုင်းအလုံးရေ ဆယ်ဂဏန်းထက် ပိုလာခဲ့ရင်တော့ စနစ်ကို လဲပေးဖို့ လိုအပ်ပြီး အချိန် နာရီဝက်လောက်သာ လိုမှာဖြစ်ပါတယ်။
BMR-3M with TMS
အဆိုပါစနစ်ကို ယာဉ်အနေနဲ့ သီးသန့်ထုတ်လုပ်တာကတော့ BMR-3 (T-72) နဲ့ BMR-3M (T-90) တို့ဖြစ်ပါတယ်။ T-62, T-55 နဲ့ BMP တွေမှာလဲ ၎င်းစနစ်သုံး ယာဉ်အမျိုးအစားတွေ ရှိကြပါတယ်။ သို့သော်လည်း ခေတ်မီလာတဲ့ မိုင်းခင်းစနစ်တွေနဲ့ အဝေးထိမ်းစနစ်တွေ ထွန်းကားလာတဲ့ အတွက် မိုင်းကွင်းနဲ့ မိုင်းအတားအဆီးတွေကို ဖြတ်ကျော်ရာမှာ မိုင်းကိုသာ အဓိကထားမနေတော့ပဲ ရေဒီယိုလှိုင်းနုန်းတွေ၊ အဆင့်မြင့် တုန်ခါနုန်းထုတ်လွှင့်စက်တွေ သုံးပြီး မိုင်းတွေကို တပြိုင်တည်းရှင်းလင်းနိုင်ဖို့ မိုင်းရဲ့ စနက်တံမှာ တပ်ဆင်ထားတဲ့ တုန်ခါနုန်းတိုင်းတာစနစ်၊ လျပ်စစ်သံလိုက်စနစ်၊ ရေဒီယိုလှိုင်းစနစ်စတာတွေကို ဖိဖျက်နိုင်ဖို့ Jamming စနစ်တွေကိုပါ စမ်းသပ်လျက်ရှိနေကြပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

Thursday, June 12, 2014

မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း အပိုင်း-၁

(ကိုရဲမိုး၏ တပ်မတော် စစ်လက်နက်ဖြည့်တင်းမှုဆိုင်ရာ ပိုစ့်အား ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ ဖော်ပြခွင့်ပေးသည့် ကိုရဲမိုးအား ကျေးဇူး အထူးတင်ရှိကြောင်းပါ..။) 

၂၂ နှစ်တာ ကာလအတွင်း တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား…


 ဒီမေးခွန်းမှာ ပထမဆုံးစပြီးရှင်းပြရမယ့် အချက်ကတော့ ၁၉၈၈ ခုနှစ် မတိုင်မီ တပ်မတော်ရဲ့ အခြေအနေနဲ့ 
၂၀၁၀ နောက်ပိုင်း တပ်မတော်ရဲ့ အခြေအနေပဲ ဖြစ်ပါတယ်…

၁၉၈၈ ခုနှစ် မတိုင်မီက တပ်မတော် ရဲ့ အင်အားဟာ တိုက်ခိုက်ရေး တပ်မ ၈ခု နဲ့  တပ်ဖွဲ့ ဝင် ၂သိန်း မပြည့်တပြည့်သာ ရှိခဲ့ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင်တော့ ကြည်းတပ်မှာ ၁၈၄,၀၂၉ ယောက်၊
ရတပ်မှာ ၈,၀၆၅ ယောက် နဲ့  လေတပ်မှာ ၆, ၅၈၇ ယောက် တို့ ဖြစ်ပါတယ်..။တပ်ဆင်ထားတဲ့ လက်နက်၊ စစ်ယာဉ်တွေဟာလဲ ဒုတိယ ကမ္ဘာစစ် က သုံးခဲ့တဲ့  လက်နက်အမျိုးအစား အများစု နဲ့  ၁၉၆၀ နှစ်ဦးပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ လက်နက်အမျိုးအစား တစ်ချို့ သာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး စနစ် နဲ့ ထောက်ပံ့ ပို့ ဆောင်မှု စနစ်တွေဟာ အရွယ်အစားသေးငယ်တဲ့  စစ်ဆင်ရေး မျိုးတွေကိုသာ

 ထောက်ပံ့ နိုင်စွမ်းရှိပြီး ရေတပ်ဟာ မြစ်တွင်း နဲ့ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင် ပါတယ်...။ လေတပ်ဟာ လဲ မြေပြင်တပ်ဖွဲ့ များကို သာ အထောက်အပံ့ ပေးနိုင်စွမ်းရှိပြီး အင်အားနည်းပါးလွန်းလှပါတယ်...။

ဒါပေမယ့် ၁၉၉၀ ခုနှစ် နှစ်ဦးမှာတော့ ခေတ်သစ် တပ်မတော် တစ်ခုရဲ့  အနာဂတ်ဟာ စတင် ပုံလောင်း သွန်းဆစ်လို့  ခံရပြီ ဖြစ်ပါတယ်..။ တပ်မတော် အနေနဲ့  ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာကတော့ ကာကွယ်ရေး သိပံ္ပ နဲ့  နည်းပညာ ဆိုင်ရာ အဆောက်အအုံတွေ ဖြစ်ပါတယ်..။


တပ်မတော်ထုတ် လက်နက်ငယ်များ
၁၉၉၀ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသအချို့ က တပ်မတော် ကာကွယ်ရေးပစ္စည်း စက်ရုံတွေဟာ တပ်မတော်ရဲ့ လက်ရှိ အသုံးပြုနေတဲ့ အနောက်ဂျာမဏီ ဖက်စပ် ၇.၆၂ မီလီမီတာ ကျည်သုံး
G3 မောင်းပြန်ရိုင်ဖယ်တွေ ကို အစား ထိုး နိုင်ဖို့ အတွက် ၅.၅၆ မီလီမီတာ ကျည်သုံး မောင်းပြန်ရိုင်ဖယ် အသစ်တစ်မျိုး နဲ့ ခြေလျှင်တပ်သုံး လက်နက်မျိုးစုံတို့ ကို အကြီးအကျယ် စတင် စမ်းသပ်နေကြပါတယ်..။
လက်နက်ပုံစံ အသစ်တွေဟာ ၁၉၉၅ နှစ်ဦးမှာ စတင် ထုတ်လုပ်တဲ့ အဆင့်ကို ရောက်ရှိလာပြီး
၁၉၉၈ ခုနှစ် ၀န်းကျင်မှာတော့ တပ်မတော် တစ်ခုလုံးက တိုက်ခိုက်ရေးတပ်မတွေကို စတင် လှဲလှယ်တပ်ဆင် ပါတော့တယ်..။ အဲဒီ လက်နက်တွေကတော့ တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ 
MA series မောင်းပြန်ရိုင်ဖယ်များ၊ စက်သေနတ်များ ၊ မော်တာများ ၊လောင်ချာများ ၊ မိုင်းများ အစရှိတဲ့ လက်နက်တွေပဲ ဖြစ်ပါတယ်...။


တပ်မတော်ထုတ် ပုခုံးထမ်းလောင်ချာ
 
တင့်နှင့် သံချပ်ကာတပ်ဆိုင်ရာ
အလားတူ ၁၉၉၀ ခုနှစ် နှစ်ဦးပိုင်းမှာပဲ တပ်မတော် ရဲ့  သံချပ်ကာတပ်ဖွဲ့ တွေဟာ ခေတ်မီတိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို စတင် လက်ခံရရှိပါတယ်။ ပြည်ပ ကာကွယ်ရေးဆိုင်ရာ ၀က်ဘ်ဆိုဒ်တွေရဲ့ အဆိုအရ ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ မြန်မာ့တပ်မတော် ဟာ-

T-72S ပင်မ တိုက်ပွဲဝင် တင့် ၁၃၉ စီး …. ( ယူကရိန်း ၊ ရုရှား )
Type-59D ပင်မ တိုက်ပွဲဝင် တင့် ၂၈၀ စီး + …. ( တရုတ် )
Type-69 II ပင်မ တိုက်ပွဲဝင် တင့် ၁၉၀ စီး + … ( တရုတ် )
Type-80 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
Type-85 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
T-55 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( အိန္ဒိယ )
Type-63 အပေါ့စား တင့် ၁၅၀ စီး + ….. ( တရုတ် )
BTR-3U IFV သံချပ်ကာ တိုက်ယာဉ် ၁၀၀၀ စီး + ….
( ယူကရိန်း နှင့် ဖက်စပ် ပြည်တွင်းတွင် ထုတ်လုပ်သည် )



T-72S ပင်မတိုက်ပွဲဝင်တင့်ကား

 Type-63 အပေါ့စားတင့်ကား


Type-85 APC သံချပ်ကာ လူသယ်ယာဉ် ၂၅၀ စီး …. ( တရုတ် )
Type-90 APC သံချပ်ကာ လူသယ်ယာဉ် ၂၄၀ စီး …. ( တရုတ် )
EE-9 Cascavel AFV သံချပ်ကာတိုက်ယာဉ် ၁၄၀ စီး … ( ဘရာဇီး )
AML-90 Armoured Cars ( ×× ) စီး … ( တောင်အာဖရိက )
72 MAV -1 IFV သံချပ်ကာ တိုက်ယာဉ် ( ×× ) ( ပြည်တွင်းထုတ် ) ...
တို့ ကို လက်ခံ ရရှိခဲ့ တယ်လို့  ဆိုပါတယ်...။


အမြောက်နှင့် ဒုံးတပ်ဖွဲ့ဆိုင်ရာ
ဒါပေမယ့် အကြီးမားဆုံး ပြောင်းလဲသွားတာကတော့ အမြောက်တပ်ဖွဲ့  ပဲဖြစ်ပါတယ်။ အမြောက်တပ်ဖွဲ့ ဟာ
၁၉၉၀ နှစ်ဦးပိုင်းက စတင်ပြီး ၁၅၅ မမ နဲ့  ၁၂၂ မမ ဟောင်ဝဇ်ဇာ အမြောက်များ အပါအ၀င် MLRS အတွဲလိုက် ဒုံးပစ် စနစ်များ၊ ရာပေါင်းများစွာ ရှိတဲ့  အမြောက် ၊ စိန်ပြောင်းများကို စတင် တပ်ဆင် အဆင့်မြှင့်တင် လာပါတယ်..။ အဲဒီထဲမှာ အစ္စရေး ၊ တရုတ် ၊ ရုရှား နဲ့  မြောက်ကိုရီးယား နိုင်ငံထုတ် လက်နက်တွေ အဓိက ပါဝင်တယ်လို့ လဲ ဆိုပါတယ်...။


၁၅၅မမ ဟောင်ဝစ်ဇာအမြောက်ကြီး
 
၁၂၂မမ အတွဲလိုက် ဒုံးပစ်ယာဉ်

အမြောက်တပ်ဖွဲ့  ရဲ့ အောက်မှာ ဒုံးတပ်ရင်းများ စတင်ဖွဲ့ စည်းလာပြီး ပြည်ပ စစ်လက်နက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ချို့ ရဲ့ အဆိုအရ ယိုးဒယား-မြန်မာ နယ်စပ်တင်းမာမှု ပြသနာအပြီး ၂၀၀၃ နဲ့  ၂၀၀၄ ခုနှစ် ၀န်းကျင်လောက်မှာ ဒီ ဒုံးတပ်ရင်းတွေဟာ တရုတ်နိုင်ငံ လုပ် M11 တာတိုပစ် ဒုံးပျံ တွေနဲ့ မြောက်ကိုရီးယားလုပ် Hwasong အမျိုးအစား စကဒ်ဒုံးပျံတွေကို အများအပြား စတင် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား သတင်းဌာန ရဲ့ ၂၀၀၆ ခုနှစ် သတင်းထုတ်ပြန်ချက်အရ 
တပ်မတော်အစိုးရဟာ ၂၀၀၂ ခုနှစ် မေလမှာ Daewoo ကော်ပရေးရှင်း နဲ့  အမေရိကန်ဒေါ်လာ ၁၃၃.၈ သန်းတန် ဒုံးပျံ နည်းပညာဆိုင်ရာ စစ်လက်နက် ကန်ထရိုက်တစ်ခု ကို လက်မှတ် ရေးထိုးခဲ့တယ်လို့ လဲ သိရပါတယ်..။

၂၀၀၄ခုနှစ် နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ( CPMIEC ) ကနေ အဆင့်မြှင့်တင်ထားတဲ့  တာတိုပစ် ဒုံးပျံ
M11 ( DF 11 A ) နဲ့  M9 ( DF 15 ) ( အရေအတွက် မသိရ ) တို့ ကို လက်ခံရရှိခဲ့ပြီး
DF 11 A ဟာ 500kg ဒုံးထိပ်ဖူးတစ်ခု နဲ့ ကီလိုမီတာ ၅၀၀ - ၇၀၀ အကွာအဝေးကို ပစ်ခတ်နိုင်ကာ
DF 15 ဟာ ကီလိုမီတာ ၆၀၀ အကွာကို ပစ်ခတ်နိုင်စွမ်း ရှိပါတယ်..။ ဒီ ဒုံးပျံတွေအားလုံးဟာ ယာဉ်တင် အမျိုးအစားတွေဖြစ်ပြီး လွယ်ကူစွာ ရွှေ့ ပြောင်း သယ်ယူနိုင်တာမို့  အချိန်တို အတွင်း တစ်နိုင်ငံလုံးမှာ
တပ်ဖြန့်  နေရာချထားနိုင်တယ်လို့  ဆိုပါတယ်...။



လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ
၁၉၈၈ ခုနှစ် ၀န်းကျင်က မြန်မာ့တပ်မတော် ဟာ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ ဆိုလို့  မင်္ဂလာဒုံ လေဆိပ် အနီးမှာ ထားရှိတဲ့  တပ်ခွဲတစ်ခွဲ သာ ပိုင်ဆိုင်ပါတယ်။ ဒီ တပ်ခွဲဟာလဲ ၄၀ မမ ဘိုဖာ အမြောက်၊ ၃.၇ မမ MK3A ယာဉ်ဆွဲ လေယာဉ်ပစ် အမြောက် နဲ့ ၂၀ မမ M 38 လေယာဉ်ပစ်အမြောက်
အနည်းငယ်ကိုသာ ပိုင်ဆိုင်ပြီး အနိမ့်ပျံလာတဲ့  လေယာဉ်တစ်ချို့ ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်..။
လက်ရှိအချိန်မှာ ပြန်ပြောရင်တော့ မြန်မာ့ တပ်မတော်ရဲ့ ၁၉၈၈ ခုနှစ်က လေကြောင်းရန်ကာကွယ်ရေး တပ်ခွဲလေးဟာ စစ်သမိုင်း ပြတိုက်ကို ရောက်ရှိနေခဲ့ပါပြီ..။


တပ်မတော်ထုတ် ပုခုံးထမ်း ဒုံးပစ်လောင်ချာများ
လက်ရှိ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ဟာ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး ရဲ့ ကွပ်ကဲမှုအောက်မှာ လေကြောင်းရန် ကာကွယ်ရေးဇုန်ကြီး ၆ခု လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပေါင်း ၃၀ ကျော် နဲ့ ဖွဲ့ စည်းထားပြီး ဖြစ်နေပါပြီ..။ တပ်မတော် အစိုးရ တက်လာပြီးတဲ့  နောက်ပိုင်း ပထမဆုံး စတင်ဝယ်ယူခဲ့တဲ့ လက်နက်ဟာ စကာင်္ပူနိုင်ငံမှ တစ်ဆင့်  ၀ယ်ယူခဲ့တဲ့  ယူကေ နိုင်ငံထုတ် Blood Hound MK 2 မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေဖြစ်ပါတယ်။
အဲဒီနောက် အမြောက်အများ ထပ်မံဝယ်ယူခဲ့တာကတော့ တရုတ်နိုင်ငံလုပ် HN 5A အနီအောက်ရောင်ခြည်သုံး ပုခုံးထမ်း ဒုံးပျံတွေ ဖြစ်ပါတယ်..။ ဒီ ဒုံးပျံတွေဟာ အနီအောက်ရောင်ခြည်သုံး ပစ်မှတ်ရှာဖွေ စနစ် ပါဝင်ပြီး အမြင့်မီတာ ၃၀၀၀ ၊ အကွာအဝေး မီတာ ၃၀၀၀ အကွာကို လူ နှစ်ဦးတည်းနဲ့  ပစ်ခတ်နိုင်စွမ်းရှိပါတယ်..။


Tunguska SPAAG (Self-Propelled Anit-Aircraft Gun)
၂၀၀၁ ခုနှစ် Janes ကာကွယ်ရေး စာစောင်ရဲ့ ဖော်ပြချက်အရ တပ်မတော်ဟာ ဘူလ်ဂေးရီးယား နိုင်ငံကနေ
SA-16 Gimlet ( Igla - 1E ) ပုခုံးထမ်း လေယာဉ်ပစ်ဒုံးတွေ အများအပြား ၀ယ်ယူခဲ့ပါတယ်..။ 

ဒီ ဒုံးပျံတွေဟာ အမေရိကန် နိုင်ငံလုပ် Stinger ပုခုံးထမ်း ဒုံးပျံတွေ နဲ့  အလားသဏ္ဍန်တူပြီး အမြင့်မီတာ ၃၅၀၀ က ပျံသန်းလာတဲ့  လေယာဉ်ကို မီတာ ၅၂၀၀ အကွာအဝေးကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။
၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ထပ်မံဖြည့်တင်းလာတာကတော့ ရုရှား နဲ့  အရှေ့ ဥရောပ နိုင်ငံတွေက လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေပဲ ဖြစ်ပါတယ်..။ ဒီလက်နက်တွေထဲမှာ ရေဒါနဲ့  ပစ်ခတ်နိုင်တဲ့  Tunguska ( SA – 19 ) လို လက်နက်တွေပါဝင်လာပြီး လက်ရှိ ရုရှား နဲ့  အရှေ့ ဥပရောပ နိုင်ငံတွေမှာ ဖြန့် ချထားတဲ့  လေကြောင်းရန် ကာကွယ်ရေးလက်နက် အမျိုးအစားတွေ ဖြစ်ပါတယ်...။
တစ်ခါ ၂၀၀၀ ခုနှစ်အတွင်းမှာပဲ ယူကရိန်း နိုင်ငံက 36D6 လေကြောင်းရန်ကာကွယ်ရေး ရေဒါ စနစ်တွေ ရောက်ရှိလာခဲ့ပြီး တစ်ချို့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ မြန်မာနိုင်ငံမှာ ရုရှားလုပ် P37 နဲ့ 
1L – 117 ရေဒါ အမျိုးအစားတွေကို တပ်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်..။



Pechora 2M တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေးဒုံးတင်ယာဉ်

၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့  ရုရှား ချစ်ကြည်ရေး ခရီးစဉ်အပြီးမှာတော့ တပ်မတော် ဟာ
ရုရှား ရဲ့ လက်ရှိ အသုံးပြုနေတဲ့  SA – 15 ( Tor M1 ) နဲ့ SA – 17 ( BUK M1 – 2 ) လို လက်နက်မျိုးတွေ စတင်ရရှိလာပါတယ်...။ ဒီလက်နက်တွေဟာ ခေတ်မီတာဝေးပစ် အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေးလက်နက် တွေ ဖြစ်ပြီး SA – 17 ဟာ အမြင့်မီတာ ၁၅၀၀၀ ကနေ ပျံသန်းလာတဲ့  ပစ်မှတ်ကို
၄၅ ကီလိုမီတာ အကွာကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။ လက်ရှိ အခြေအနေမှာတော့ မြန်မာ့ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ ခေတ်မီ SAM ဒုံးပျံ တွေဖြစ်တဲ့ 
SA 2 ,SA-5,SA 6 ,SA 15 ,SA 17 ,SA 18 , SA 19 နှင့် Pechora 2M လို လက်နက်မျိုးတွေ အများအပြား ပိုင်ဆိုင်ထားပြီလို့ သိရပါတယ်..။ ဒါဟာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့တဲ့  ၁.၁၀.၁၉၆၆ ကနေ 

၃၁ ၃.၁၉၆၉ အတွင်း မြန်မာ့ လေပိုင်နက်ထဲကို အမျိုးအမည်မသိ လေယာဉ် ၁၀၀ ကျော် ဖြတ်သန်းဝင်ရောက်ခဲ့မှုကို လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ့  သမိုင်းကို ပြည်ဖုံးကား ချလိုက်တာလဲ ဖြစ်ပါတယ်...။


ရေတပ်ဆိုင်ရာ

 ၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ့ ရေတပ်ဟာ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင်တဲ့ 
အင်အားသေးငယ်တဲ့ ရေတပ်တစ်ခု ဖြစ်ပါတယ် ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့
အခြေအနေဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားပါပြီ..။ ၁၉၉၀ ခုနှစ်မှာ တပ်မတော် ရေ ကို ပထမဆုံး ရောက်ရှိလာတာကတော့ ရေမိုင် ၃၀ အထိ မောင်းနှင်နိုင်တဲ့  PB 90 အမျိုးအစား ကမ်းခြေစောင့် စစ်ရေယာဉ် ( UMS 424 ,UMS 425, UMS 426 ) တွေ ဖြစ်ပါတယ်...။

ဒုတိယထပ် ရောက်လာတာကတော့ ၅၉ မီတာအရှည် Hainan အမျိုးအစား Type 037

 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ဆယ်စီး ပါ။ ၁၉၉၁ ဇန်န၀ါရီလမှာ ပထမ အသုတ် စစ်ရေယာဉ် ၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၃ မေလ မှာ တော့ ဒုတိယအသုတ် စစ်ရေယာဉ် ၄ စီး ( UMS 441 – UMS 450 ) တို့ ကိုလက်ခံ ရရှိခဲ့ပါတယ်....။ ၁၉၉၄ ခုနှစ် မတ်လမှာ တပ်မတော် အစိုးရဟာ 
၆၃ မီတာအရှည်ရှိတဲ့  Houxin အမျိုးအစား ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် ၆ စီး ( UMS 471 – UMS 476 ) ကို ၀ယ်ယူဖို့  တရုတ်နိုင်ငံ နဲ့  စာချုပ်ချုပ်ဆိုခဲ့ပါတယ်..။ဒီ သင်္ဘောတွေကို ၁၉၉၅ , ၁၉၉၆ နဲ့  ၁၉၉၇ ခုနှစ်တွေမှာ တပ်မတော်ရေ က လက်ခံရရှိခဲ့ ပြီး တပ်မတော်ရေ ရဲ့ ပထမဆုံး YJ -1 ( C 801 ) သင်္ဘောဖျက် ပဲ့ထိန်း ခရုစ် ဒုံးပျံတပ်ဆင်ထားတဲ့  စစ်သင်္ဘောတွေ ဖြစ်လာပါတယ်...။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ်

ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်
 ၁၉၉၅ ခုနှစ်မှာတော့ တပ်မတော် ရေတပ်သဘောင်္ကျင်း နဲ့ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွေဟာ
တရုတ် နည်းပညာ အထောက်အပံ့ တွေကို အမြောက်အများ ရရှိလို့ နေခဲ့ပါပြီ...။ အဲဒီ ၁၉၉၀ ကနေ
၂၀၀၆ ခုနှစ် ကာလအတွင်း မှာတော့ တပ်မတော်ရေတပ် သင်္ဘောကျင်းဟာ ၅၀မီတာ အရှည်ရှိတဲ့ အမြန်ကင်းလှည့်ရေယာဉ် ၆စီး ( UMS 551 – UMS 556 ) ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး ရေယာဉ် ၄စီး ( UMS 557 – UMS 560 ) ၂၇ ပေ အရှည်ရှိတဲ့ မြစ်တွင်း ကင်းလှည့်ရေယာဉ် ၁၄စီး ( ငမန်း ၁ - ငမန်း ၁၄ ) နဲ့  အခြားအထောက်အကူပြု စစ်ရေယာဉ် အများအပြားကို တည်ဆောက် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်...။


တပ်မတော်ထုတ် ၅စီးရီး ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်

 ရေတပ်သင်္ဘောကျင်း ရဲ့  အကြီးစား သင်္ဘောတည်ဆောက်ရေး ပရိုဂရမ်တွေဟာ ၂၀၀၀ ပြည့်နှစ်မှာ
အင်ပြည့်အားပြည့် စတင်ပါတယ်...။ ၇၇ မီတာ အရှည်ရှိတဲ့  ကော်ဗက် စစ်ရေယာဉ် ( UMS 771 – UMS 772 ) နှစ်စီးကို တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ဖရီးဂိတ် စစ်သင်္ဘောတွေကို
စတင်ထုတ်လုပ်နိုင်တဲ့  အဆင့်ကို ရောက်ရှိလာပါတယ်..။


 ကော်ဗတ်အဆင့်မှ အပေါ့စား ဖရီဂိတ်သို့ အဆင့်မြှင့်တင်ထားသည့် စစ်ရေယာဉ်
လက်ရှိအနေအထားမှာတော့ တပ်မတော် ရေ ဟာ ဒုံးပျံတင် ဖရီးဂိတ် နဲ့ ကောဗက် စစ်ရေယာဉ်များ
အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ကမ်းခြေစောင့် ကင်းလှည့် စစ်ရေယာဉ်များ ကမ်းတက်ရေယာဉ်များ
မိုင်းရှင်း ရေယာဉ်များနဲ့  သယ်ယူပို့ ဆောင်ရေး ရေယာဉ် အမြောက်အများကို ပိုင်ဆိုင်တဲ့  ခေတ်မီ ရေတပ် တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်...။

အေပိုင်း-၂ ဆက်ရန်