Showing posts with label မြန်မာ့ လေကြောင်းရန်ကာကွယ်ရေးစနစ်. Show all posts
Showing posts with label မြန်မာ့ လေကြောင်းရန်ကာကွယ်ရေးစနစ်. Show all posts

Thursday, February 11, 2016

MZKT6922 ယာဉ်များအကြောင်း



MZKT6992 ယာဉ်တွေဟာ off-road လေကြောင်းရန် ကာကွယ်ရေးသုံး ယာဉ်တွေအဖြစ် ဘီလာရုစ်ကုမ္မနီ ဖြစ်တဲ့ MZKT (Minskiy Zavod Kolyosnikh Tyagachev / Minsk Wheeled Tractor Factory - formerly MAZ) ကထုတ်လုပ်တာဖြစ်ပါတယ်။ ရုရှားလက်နက် ထုတ်လုပ်ရေး ကုမ္မနီ Almaz-Antey ကထုတ်လုပ်တဲ့ SA15 အမျိုးစားတွေကို ဘီးတပ်ယာဉ်ပေါ် တင်ထားနိုင်တဲ့ အမျိုးစားတွေဖြစ်တဲ့ Tor M2/M2E နဲ့ SA17 အမျိုးအစားတွေကို ဘီးတပ်ယာဉ်ပေါ် တင်ထားနိုင်တဲ့ အမျိုးအစားတွေ ဖြစ်တဲ့ BukM1/ M2 တွေအတွက် အဓိက ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ 
TorM1 on MZKT6992 prototype

MZKT6922 ယာဉ်တွေဟာ လမ်းကြမ်းသုံး စနစ်တွေ ဖြစ်ပြီး ၆x၆ ယာဉ်တွေပါ။ ရေဒါဖျက်ဗုံးတွေ ဒုံးကျည်တွေ၊ ကလက်စတာလို ဗုံးတွဲတွေနဲ့ လက်နက်ကြီးကျည်စ၊ လက်နက်ငယ်ဒဏ်တွေကို ကာကွယ်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ အပူအအေးလွန်ကဲတဲ့ အခြေအနေကို ခံနိုင်အောင် တည်ဆောက်ထားတာမို့ အပေါ်က လေကြောင်းရန် စနစ်တွေရဲ့ အဓိက ယာဉ်တွေဖြစ်ပြီး အခြား သော စနစ်တွေရဲ့ ဆက်သွယ်ရေးယာဉ်တွေ၊ အမိန့်ပေးယာဉ်တွေ အဖြစ်လဲ အသုံးပြုကြပါတယ်။
central tyre inflation systems (CTIS) ကို အသုံးပြုထားတာမို့ ဘီးတွေဟာ ထိခိုက်မှုဒဏ်ခံနိုင်လို့ တိုက်ရိုက်ကျည်ထိမှန် ပြီးရင်တောင် ကီလိုမီတာ၂၀ကျော် ကနေ ၄၀ထိ အမျိုးအစားလိုက် မောင်းနှင်နေနိုင်ပါတယ်။ 

ကနဦးပုံစံ

   ကနဦး ပုံစံတွေမှာ အရှေ့လေကာမှန်၂ချပ်နဲ့ ခေါင်းတိုတိုပုံစံကို ထုတ်လုပ်ခဲ့ပေမယ့် အော်တိုဂီယာစနစ်တွေနဲ့ ခေတ်မီဒစ်ဂျစ်တယ် စနစ်တွေပါဝင်တဲ့ ပုံစံတွေမှာတော့ ရှေ့လေကာမှန် ၃ချပ်အပြင် ချိတ်ဆွဲနိုင်တဲ့ သံမဏိကြိုးစနစ်တွေနဲ့ ဖြစ်ပါတယ်။
6922 ရဲ့ ကနဦးပုံစံဟာ Tor စနစ်တပ်ဆင်ဖို့ ဖြစ်တာမို့ လက်နက်စနစ် လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ ယာဉ်ရဲ့ အပေါ်ပိုင်းမှာ ဘာအဖုအထစ်မှ မရှိစေတဲ့ မျက်နှာပြင်ကို ရယူထားပါတယ်။ ဒါ့အပြင် လက်နက်ရဲ့ တွန်းကန်မှုကို ခံနိုင်ရည်ရှိစေဖို့ စနစ်ဟောင်းဖြစ်တဲ့ ဟိုက်ဒရောလစ်စနစ်သုံး အပိုဒေါက်တိုင်တွေကို ထည့်သွင်းထားတာမို့ ရှေ့ဘီးရဲ့ နောက်ဘက်ကပ်ရပ်နဲ့ နောက်ဘီး၂လုံးရဲ့ နောက်ဘက်မှာ တွေ့မြင်နိုင် ပါတယ်။ ယာဉ်မောင်းခန်းကို အပူအအေးထိန်းညှိပေးတဲ့ အဲယားကွန်းစနစ် တွေကို ယာဉ်မောင်းခန်းရဲ့ နောက်ဘက်ဘေး တစ်ဖက်စီမှာ တွေ့နိုင်ပါတယ်။ 
69221 for BukM1/2

6922 ရဲ့ နောက်ထပ် ပုံစံတမျိုး ဖြစ်တဲ့ 69221 ကို Tor M2 စနစ်တွေနဲ့ Buk M2 စနစ်တွေ အတွက် ထုတ်လုပ်ခဲ့တာပါ။ လက်နက်ရဲ့ တွန်းကန်မှု ခံနိုင်စေဖို့ ဟိုက်ဒရောလစ် ဒေါက်တိုင် စနစ်တွေ အပြင် ယာဉ်ရဲ့ ဘီးတွေကို လိုသလို နိမ့်နိုင်မြင့်နိုင်တဲ့ (hydropneumatic suspension) စနစ်ထည့်သွင်းထားတာမို့ လမ်းအခြေအနေကို လိုက်ပြီး ၁ပေခန့် အနိမ့်အမြင့်ပြုလုပ်နိုင်ပါတယ်။

BukM2E system

Buk M1 တွေ အတွက် ထုတ်လုပ်တဲ့ စနစ်မှာတော့ လေကာမှန်တွေ အပြင်က နောက်ထပ် သံမဏိ အကာတစ်ထပ် ထပ်မံ ဖုံးအုပ်ထားလို့ ရအောင် ထည့်သွင်းထားပါတယ်။ Buk M1 စနစ်တစ်ခုလုံးစာ အတွက် အမိန့်ပေးယာဉ်အမျိုးအစား၊ ခဲယမ်းထောက်ပံရေးယာဉ် အမျိုးအစား၊ ဒုံးပစ်ယာဉ်အမျိုးအစား၊ ရေဒါယာဉ်အမျိုးအစား၊ ပစ်မှတ်ရှာယာဉ် အမျိုးအစား စသဖြင့် ထုတ်လုပ်ထားပြီး အားလုံးဟာ 69221 မျိုးခွဲတွေ ဖြစ်ကြပါတယ်။
69222

နောက်ထပ် 6922ရဲ့ မျိုးခွဲတစ်ခုကတော့ 69222 ဖြစ်ပြီး 9K33 Osa 1T / SA-8 Gecko တွေရဲ့ BAZ5937 တွေကို အစားထိုးနိုင်ဖို့ ထုတ်လုပ်ခဲ့ပါတယ်။ 
BAZ5937
ထူးခြားစွာ ကွဲလွဲချက်ကတော့ ယာဉ်ရဲ့ နောက်ဘက်ညာခြမ်းမှာ ယခင်မျိုးခွဲတွေကို အိတ်ဇောပေါက်ကို တွေ့ရှာ မဟုတ်ပဲ အပေါ်ဘက်ကို ဒေါက်လိုက်ထွက်နေတဲ့ အအေးပေးစနစ်တစ်ခုကို မြင်ရနိုင်ပါတယ်။ 
ယာဉ်မောင်းခန်းရဲ့ လေအေးပေး စနစ်တွေဟာလဲ ယာဉ်မောင်းခန်း အပေါ်မှာ ရှိနေတာမို့ မျက်နာပြင်အညီ ယူထားတဲ့ ယခင်မျိုးခွဲတွေနဲ့ သိသာစွာ ကွဲပြားပါတယ်။ လေကာ မှန်၂ချပ်သုံး အမျိုးအစားဟောင်းတွေနဲ့ လေကာမှန်၃ချပ်တပ်ထားတဲ့ အမျိုးအစား တချို့မှာ ဟိုက်ဒရောလစ်စနစ်သုံး ပြင်ပဒေါက်တိုင် နေရာ အချို့ မြင်တွေ့ရပေမယ့် ၂၀၁၀ နောက်ပိုင်း အမျိုးအစားတွေမှာ ဘီးတွေကို နိမ့်နိုင်မြင့်နိုင်တဲ့ စနစ်ကိုသာ အသုံးပြုထားတာကို မြင်တွေ့ရပါတယ်။
2010 နောက်ပိုင်းပုံစံ

 အောက်ခံ ယာဉ်အမျိုးအစား အနေနဲ့ 69222 ကို 9K33 Osa နဲ့ အဆင့်မြင့်တင်ထားတဲ့ T38 Stilet ၂ခုစလုံးမှာ အသုံးပြုထားပေမယ့် ၂၀၁၀ ရှေ့ပိုင်းထုတ်ပုံစံလား ၂၀၁၀နောက်ပိုင်းထုတ် ပုံစံလားဆိုတာ ပြင်ပဟိုက်ဒရောလစ် စနစ်ကိုသာ ကြည့်ပြီး ခွဲခြားနိုင်ပါတယ်။ 69222 အားလုံးဟာ ဒီဇယ်သုံးစနစ်တွေဖြစ်ပြီး မြင်းကောင်ရေ ၄၂၀ရှိ ၈လုံးထိုး YaMZ-7513.10-04 အင်ဂျင်ကို အသုံးပြုထားပါတယ်။ လက်နက်ကုမ္မနီရဲ့ သုတေသနဆိုင်ရာ ပြောကြားချက်တေါအရ သည်ဒီဇယ်အင်ဂျင်တွေဟာ Gas စနစ်တွေထက် ဆီစားရော အင်ဂျင်အပူထုတ်လွှတ်မှုပါ အများကြီးသက်သာတာမို့ ဝေဟင်ကနေ အပူရှာစနစ်သုံး ရှာဖွေချေမှုန်းမယ့် လေယာဉ်တွေအထွက် ရှာဖွေဖို့ ခက်ခဲစေမယ် ဆိုပါတယ်။ ဒါ့အပြင် အင်ဂျင်ခန်းအတွက် အအေးပေးစက် သပ်သပ်ပါရှိတာမို့ အပူရှာစနစ်ကို လျင်မြန်စွာ ပုန်းကွယ်နိုင်ပါတယ်။
မတူညီသော ပုံစံအသစ်တမျိုး

Wednesday, September 10, 2014

နာမည် ကျော် Buk ဒုံးပျံများ၏ ရေတပ်သုံးမျက်နှာစာ




3S90 "Uragan"
Buk ဒုံးပျံများ၏ အစ SA-6 ဒုံးပျံများကို ရေတပ်သုံးရန် အတွက် ထုတ်လုပ်ထားသော စနစ်ဖြစ်ပါတယ်။ ၁၉၇၀ ဝန်းကျင်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး၊ SA-N-7 ဒါမှမဟုတ် Gadfly အဖြစ် နေတိုးတို့ကို ခေါ်ဆိုပါတယ်။ အမေရိကန်တို့ကတော့ M2 လို့ ခေါ်ပါတယ်။ SA-6 ရဲ့ ဒုံးပျံ 3M9 ဒါမှမဟုတ် Buk စနစ်ရဲ့ ဒုံးပျံ 9M38 ကို အသုံးပြုပါတယ်။ အသံထက် ၂ဆကျော် အမြန်နုန်းနဲ့ ၃၀ကီလိုမီတာ အမြင့်ပေ၄သောင်းထိ ပစ်ခတ်နိုင်ပြီး အနိမ့်ပျံ ပစ်မှတ်များကို ကောင်းစွာ ပစ်ခတ်နိုင်ပါတယ်။ MR-750 D/E band ပစ်မှတ်ရှာ ရေဒါနဲ့ 3R90 Front Dome H/I band ပစ်ခတ်မှု ထိမ်းသိမ်းရေး ရေဒါတို့ကို တွဲဖက် အသုံးပြုပါတယ်။ ၃၀၀ကီလိုမီတာ ဝန်းကျင်မှာ ရှိတဲ့ ပစ်မှတ် ၁၂ခုကို စောင့်ကြည့်ထားနိုင်ပါတယ်။ ဒုံးပစ်စင်ဟာ ဒုံးကျည်တစ်တောင့်ချင်းဆီကို သင်္ဘောအတွင်းကနေ ယူပြီး ပစ်ခတ်ရတဲ့ စနစ်ဖြစ်ပြီး ပစ်ခတ်ရန် အသင့်ဖြစ်ချိန် ၁၂စက္ကန့်ကြပါတယ်။ ဒုံးကျည် ၂၄လုံးထိ သယ်ဆောင်နိုင်ပါတယ်။ ပြင်ပ တင်ပို့တဲ့ နာမည်ကတော့ Shtil ဖြစ်ပြီး 9M38 ဒါမှမဟုတ် 9M38M1 ဒုံးကျည်များနဲ့ တွဲဖက် ရောင်းချပါတယ်။ ခရုစ်ဒုံးပျံများနဲ့ သဘောဖျက်ဒုံးပျံများကို ၅ကီလိုမီတာ အကွာမှာ ဖျက်စီးနိုင်စွမ်းရှိပါတယ်။ 

3S90 "Ezh" ဟာ ဒုတိယ မျိုးဆက်ဖြစ်ပြီး ပစ်ခတ်မှုစနစ်များ မပြောင်းလဲပဲ ဒုံးကျည်များကို အဆင့်မြင့်တင်ထားတာ ဖြစ်ပါတယ်။ သင်္ဘောဖျက်ဒုံးတွေ ပျံသန်းလာမယ့် အမြန်နုန်းနဲ့ အနိမ့်ကို ကောင်းစွာ လုံခြုံစေဖို့နဲ့ တိုက်ချင်းပစ် ဒုံးပျံ ဟန့်တားရေးကိုပါ ဆောင်ရွက်နိုင်စေဖို့ 9M317 များနဲ့ အစားထိုးခဲ့ပါတယ်။ တစ်စိတ်တစ်ပိုင်း ရေဒါလမ်းညွှန်စနစ်ကနေ ဒုံးပျံပါရေဒါ စနစ်ကို ပြောင်းလဲတပ်ဆင်ပေးခဲ့ပါတယ်။ အကွာအဝေး ကီလိုမီတာ ၅၀၊ အမြင့် ပေ၈သောင်းခွဲထိ ပစ်ခတ်နိုင်ပါတယ်။ Shtil SA-N-12 Grizzly အဖြစ် ပြင်ပကို တင်ပို့ ရောင်းချပါတယ်။ 9M317ဟာ အသံထက် ၃ဆမြန်ပြီး Semi radar active homing ဖြစ်ပြီး 9M317M, ကတော့ အသံထက် ၄ဆမြန်ပါတယ်။ M1-M-2 ဟာ Active radar စနစ်ဖြစ်ပါတယ်။ ပြင်ပရောင်းချတဲ့ စနစ်ကတော့ 9M317E ဖြစ်ပြီး အသံထက် ၄ဆ အမြန်နုန်း နဲ့ semi radar active homing စနစ်ပါဝင်ကာ အကွာအဝေးကတော့ ၄၅ကီလိုမီတာထိသာ ပစ်ခတ်နိုင်ပါတယ်။ 


၂၀၀၇ ခုနှစ်မှာတော့ 3S90M Smerch အဖြစ် ဒေါင်လိုက်ပစ်ခတ်နိုင်တဲ့တဲ့ ပစ်စင်ပါ စနစ်သို့ ပြောင်းလဲခဲ့ပါတယ်။ ဒေါင်လိုက်ပစ်စင်နဲ့ ပစ်ခတ်နိုင်တာကြောင့် ၂စက္ကန့်လျင် တစ်လုံးကျ ပစ်ခတ်နိုင်ပြီး ပစ်မှတ် ၄ခုကို တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။ ရန်သူမိတ်ဆွေ ခွဲခြားပေးနိုင်တဲ့ စနစ်ပါ ရေဒါစနစ်အပြင် ပစ်ခတ်သူက ဖေါက်ခွဲနိုင်တဲ့ စနစ်ကိုပါ ထည့်သွင်းခဲ့ပါတယ်။ အသံထက် ၄ဆကျော် မြန်တဲ့ နုန်းနဲ့ ပျံသန်းပြီး သင်္ဘောဖျက်လို မြန်နုန်းမြင့် အနိမ့်ပျံ ဒုံးပျံတွေကိုတောင် ၁၅ကီလိုမီတာ အကွာအဝေးထိ ပစ်ခတ် ဖျက်ဆီးနိုင်ပါတယ်။


နိုင်ငံခြားကိုတော့ Shtil-1 အဖြစ် တင်ပို့ရောင်းချပြီး ဈေးနုန်းချိုသာစွာနဲ့ ထိုးဖေါက်နိုင်စေဖို့၊ 9M317ME ဒုံးပျံများကို အသုံးပြုထားပါတယ်။ ဒုံးပျံများဟာ အရွယ်အစားအားဖြင့် သေးငယ်သွားပြီး အမြင့်ပေ ၄သောင်း၊ အကွာအဝေး ၃၂ကီိလိုမီတာထိသာ ပစ်ခတ်နိုင်ပါတယ်။ သို့သော်လဲ သင်္ဘောဖျက်ဒုံးများကို ဟန့်တားနိုင်ခြေဟာ ၁၂ကီလိုမီတာအတွင်းမှာ ၉၀% ကျော်ရှိပြီး ရေဒါဟာ ကီလိုမီတာ ၃၀၀ထိ ထောက်လှမ်းနိုင်ပါတယ်။ အမြန်နုန်း အသံထက်၎ဆနဲ့ ၃၆၀ဒီကရီက ပစ်မှတ် ၄ခုကို ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ အပြင်၊ အနီးကပ် ကာကွယ်ရေးအတွက် နောက်ထပ် ဒုံးပျံ ၂စင်းကို ပစ်ခတ်မှုရေဒါ အကူအညီနဲ့ ပစ်ခတ်နိုင်ပါသေးတယ်။ CIWS စနစ်များနဲ့ ချိတ်ဆက်နိုင်တဲ့ အပြင် ရန်သူမိတ်ဆွေ ခွဲခြားပေးနိုင်တဲ့ စနစ်များပါဝင်ပြီး ပစ်ခတ်သူက ဒုံးပျံကို ဖေါက်ခွဲနိုင်တဲ့ စနစ်ပါဝင်ပါတယ်။ ၁၂ခုပါ ဒေါင်လိုက် ပစ်စင် သို့မဟုတ် ၃၆ခုပါ ဒေါင်လိုက်ပစ်စင်များနဲ့ အလွယ်တကူ တပ်ဆင်နိုင်ပြီး၊ ဒုံးကျည်သက်တမ်း ၁၅နှစ်ထိ ရရှိမှာ ဖြစ်ပါတယ်။ 


တရုတ်နိုင်ငံမှ HQ-16A (LY-80) အမျိုးအစားများဟာ Buk အမျိုးအစား ဒုံးပျံများဖြစ်ပြီး 9M317 အမျိုးအစားကို ပုံစံတူတည်ဆောက်ကာ တရုတ်နည်းပညာများဖြင့် အဆင့်မြင့်ထားတဲ့ စနစ်များဖြစ်ပါတယ်။ အမြင့် ပေ၄သောင်းခွဲ၊ အကွာအဝေး ၄၀ကီလိုမီတာထိ ပစ်ခတ်နိုင်ပြီး အမြန်နုန်း အသံထက်၃ဆရှိပါတယ်။ ဒေါင်လိုက်ပစ်ခတ်စင် ၆ခုပါ စနစ်တစ်ခုမှ ၄ခု အထိ သင်္ဘောအရွယ် အစားလိုက် တပ်ဆင်နိုင်ပါတယ်။ သင်္ဘောဖျက်ဒုံးများကို ၁၀ကီလိုမီတာ အကွာအတွင်းမှာ ဖျက်ဆီးနိုင်ပြီး ထိမှန်နိုင်ခြေ ၆၀%ကျော်ရှိပါတယ်။ သာမန် လေယာဉ်များကိုတော့ ကီလိုမီတာ ၄၀ထိ ပစ်ခတ်နိုင်ပြီး ၈၅%ကျော် တိကျမှုရှိပါတယ်။ ရန်သူမိတ်ဆွေ ခွဲခြားတဲ့ စနစ်ပါဝင်ပြီး ရေဒါရှောင်ကွင်းနိုင်တဲ့ လေယာဉ်များကိုပါ ကီလိုမီတာ ၁၂၀ထိ ထောက်လှမ်းသိရှိ နိုင်တဲ့ ရေဒါစနစ်သစ်များကို တွဲဖက် တပ်ဆင်ရပါတယ်။ ၈၅ကီလိုမီတာ အတွင်းမှာ ပစ်မှတ် ၁၂ခုကို စောင့်ကြည့်နိုင်ပြီး ဒုံးပျံ၆စင်းဖြင့် ပစ်မှတ်၆ခု ဒါမှမဟုတ် ၃ခုကို တပြိုင်တည်း တိုက်ခိုက်နိုင်ပါတယ်။ 


အိန္ဒိယ ရေတပ်ဟာ Buk ရေတပ်သုံး ဒုံးပျံများကို အမျိုးအစား အားလုံးနီးပါး အသုံးပြုတဲ့ ရေတပ်တစ်ခုဖြစ်ပြီး အစ္စရေးနည်းပညာများနဲ့ ပူးပေါင်းကာ Barak8 ဒုံးပျံများကို ထုတ်လုပ်လျက်ရှိပါတယ်။ ၈ခုဆီပါဝင်တဲ့ ဒေါင်လိုက်ပစ်စင်နဲ့ ပစ်ခတ်နိုင်ပါတယ်။ အသံထက် ၂ဆမြန်ပြီး အကွာအဝေး ၇၀ကီလိုမီတာထိ တပြိုင်တည်း တိုက်ခိုက်လာမယ့် ပစ်မှတ်ငယ် အများအပြားကို ကာကွယ်နိုင်ဖို့ အဓိက ထားပြီး သင်္ဘောကြီးတွေနဲ့ လေယာဉ်တင်သင်္ဘောတွေမှာ ဦးစားပေး တပ်ဆင်မှာ ဖြစ်ပြီး လက်ရှိ အသုံးပြုနေတဲ့ ဒေါင်လိုက်ပစ် စနစ်မဟုတ်တဲ့ buk စနစ်တွေနဲ့ Barak-1 စနစ်တွေကို အစားထိုးလှဲလှယ်သွားမယ်လို့ သတင်းတွေက ဆိုကြပါတယ်။ ကျန်းမာချမ်းသာကြပါစေ။  

Thursday, August 28, 2014

ရေယာဉ်တင် တာတိုပစ် ဒုံးပျံများ




စစ်ရေယာဉ်များ အတွက် တိုက်ခိုက်လာနိုင်သည့် လေကြောင်းရန် အန္တရာယ်မှ ကာကွယ်ပေးနိုင်မည့် တာတိုဒုံးစနစ် ၃ခုကို ဖေါ်ပြပေးပါ့မယ်။ မြန်မာ့တပ်မတော် စစ်ရေယာဉ် အသစ်များအတွက် လက်ရှိအသုံးပြုနေသည့် IgLa ဒုံးစနစ်များထက် ပိုမို ထိရောက်သည့် လက်နှက်များကို တပ်ဆင်မည်ဆိုပါက ဖြစ်နိုင်ချေ အလားအလာ များစွာ ရှိသော အမျိုးအစားများ ဖြစ်ပါတယ်။ မြန်နုန်းမြင့် တိုက်လေယာဉ်များ၊ မြန်နုန်းနိမ့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ မောင်းသူမဲ့ အမျိုးမျိုးနဲ့ ဒုံးပျံများကိုပါ ကြားဖြတ်တိုက်ခိုက်နိုင်ဖို့ အတွက်ဆိုရင်တော့ လက်ရှိ အသုံးပြုနေတဲ့ Igla တွေထက် ပိုမို ထိရောက်တဲ့ ဒုံးလက်နှက်များ လိုအပ်မှာဖြစ်ပါတယ်။ 

FM-90
 FM-90 ဒါမှမဟုတ် HQ-7A ဒုံးစနစ်ဟာ တရုတ်နိုင်ငံထုတ် တာတိုလေကာ စနစ်တစ်ခုဖြစ်ပြီး၊ ၁၈၀ဒီကရီ လှည့်နိုင်ပြီး ပြွန်ထဲမှာ သိမ်းထားနိုင်တဲ့ ဒုံးကျည် ၈လုံးပါ ပစ်စင်တစ်ခုကို သင်္ဘော ကုန်းပတ်နေရာမှာ တပ်ဆင်ရမှာဖြစ်ပြီး တွဲလျက်ပါ ရှာဖွေပစ်ခတ်ရေး ပုံစံ၃၆၀အက်စ် E/F ရေဒါတစ်ခုပါ တပ်ဆင်ရပါမယ်။ ရေဒါဟာ ကီလိုမီတာ ၂၀ထိ ထောက်လှမ်းနိုင်ပြီး ဒုံးကျည်ဟာ အသံထက် ၂ဆကျော် အမြန်နုန်းနဲ့ ၁၅ကီလိုမီတာအတွင်းရှိ ပစ်မှတ်မျိုးစုံကို ဖျက်ဆီးနိုင်ပါတယ်။ အနီအောက်ရောင်ခြည်သုံး ခြေရာခံစနစ်နဲ့ တယ်လီဗေးရှင်း စနစ်ကို ထည့်သွင်းထားပါတယ်။ အသံထက် ၁ဆ အောက် အမြန်နုန်းရှိတဲ့ ဘယ်ပစ်မှတ်မဆို တစ်ချက်တည်းနဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ပြီး ရေယာဉ်ဖျက် ဒုံးများကို ဒုံးကျည် ၃လုံးကနေ ၄လုံးထိ အသုံးပြုဖျက်ဆီးနိုင်ပါတယ်။ အဆင့်မြင့်ထားတဲ့ စနစ်တွေမှာ ဒုံးကျည် ပြန်လည်ဖြည့်တင်းတဲ့ စနစ်ကို ပစ်စင်အောက် ရေယာဉ်ထဲမှာ တပ်ဆင်လာနိုင်ပြီး ဒုံးကျည်ကိုလဲ လမ်းတစ်ဝက်မှာ ပစ်ခတ်သူက ဖျက်ဆီးနိုင်ပါတယ်။ ပြင်ပကိုရောင်းချတာကတော့ FM-80 ပုံစံ အဟောင်းကိုသာ ရောင်းချတာဖြစ်ပြီး၊ သင်္ဘော ကိုယ်ထည်ထဲက နေရာပေးစရာမလိုပဲ ကုန်းပတ်ပေါ်မှာ တပ်ဆင်နိုင်ပြီး သင်္ဘောမှာပါဝင်တဲ့ CIWS တွေနဲ့ ချိတ်ဆက်နိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

SA-N-4 Gecko
OSA-M ဒါမှမဟုတ် SA-N-4 Gecko ဒုံးစနစ်ဟာ ရုရှားတပ်မတော်သုံး တာတိုပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်တစ်ခုဖြစ်ပါတယ်။ အနိမ့်ပျံပစ်မှတ်များနဲ့ သင်္ဘောဖျက်ဒုံးများရန်ကို ကာကွယ်ဖို့ အဓိက အသုံးပြုတာမို့ လှိုင်းတွေအပေါ် ၅မီတာ အမြင့်က ပျံသန်းလာမယ့် မြန်နုန်းမြင့် ပစ်မှတ်တွေကို အဓိကထားပါတယ်။ ဒါပေမယ့် ၃၆၀ဒီဂရီလှည့်နိုင်ပြီး ဒုံးကျည်၂စင်းချိတ်ဆွဲနိုင်တဲ့ ဒုံးပစ်စင်အပါအဝင် ကျည်ထိုးစနစ်အားလုံးဟာ သင်္ဘောအတွင်းမှာ တပ်ဆင်ထားရမှာဖြစ်ပြီး ပစ်ခတ်ချိန်မှသာ ပစ်စင်ဟာ သင်္ဘောကုန်းပတ်ပေါ် ထိုးထွက်လာပြီး ပစ်ခတ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင်္ဘော အတွင်းမှာ သီးသန့်နေရာပေးဖို့ လိုအပ်ပါတယ်။ ကျည်ထားထားရင် ပထမ တစ်စက္ကန့်အတွင်းမှာ ဒုံးကျည် ၂လုံးပစ်နိုင်မှာ ဖြစ်ပေမယ့် ကျည်ထိုးမထားရင်တော့ အဆင်သင့်ဖြစ်လို့ ၁၂စက္ကန့်လိုအပ်ပါတယ်။ ကျည်ပြန်ဖြည့်ချိန် ၁၆-၁၈စက္ကန့်ထိ လိုအပ်ပါတယ်။ 

တွဲဖက် တပ်ဆင်ထားတဲ့ ရေဒါစနစ်ဟာ အနိမ့်ပျံ ပစ်မှတ်တွေကို ၃၀ကီလိုမီတာထိ ထောက်လှမ်းနိုင်ပြီး မီတာ ၂၀၀၀ကျော်တဲ့ အမြင့်ပျံ ပစ်မှတ်တွေကို ၅၀ကီလိုမီတာနဲ့ အထက်ထောက်လှမ်း စောင့်ကြည့်နိုင်ပါတယ်။ ဒုံးကျည်တွေဟာ အသံထက် ၂ဆခွဲအမြန်နုန်းနဲ့ ပျံသန်းနိုင်ပြီး လေယာဉ်လိုပစ်မှတ်တွေကို ၁၅ကီလိုမီတာထိ၊ ဒုံးကျည်တွေကိုတော့ ၄-၉ကီလိုမီတာထိ ပစ်ခတ်နိုင်ပြီး ဒုံးကျည်တစ်လုံးတည်းနဲ့ ထိမှန်နိုင်ချေ ၈၅%ကျော် ရှိပါတယ်။ စနစ်တစ်ခုတည်းမှာ ပေးနိုင်တဲ့ သင်္ဘောနေရာကိုလိုက်လို့ ဒုံးကျည် အလုံး၄၀ သယ်ဆောင်နိုင်ပါတယ်။ 
 
Barak-1 ဒုံးပျံပစ်စင် ၄ခု

Barak-1 ဒုံးပျံစနစ်ဟာ အိန္ဒိယတပ်မတော်သုံး စနစ်ဖြစ်ပြီး အစ္စရေးထုတ်ဖြစ်ပါတယ်။ VLS (Vertical launching system) သုံးတဲ့ စနစ်ဖြစ်ပြီး ပြုပြင်ထိမ်းသိမ်းစရာ မလိုသလောက် နဲပါးပါတယ်။ ထူးခြားချက်ကတော့ မူလရည်ရွယ်ချက်ဟာ CIWS တွေကို အထောက်ကူပြုဖို့ ဖြစ်တာမို့ သီးခြားရေဒါ စနစ်တပ်ဆင်စရာ မလိုပဲ CIWS ဒါမှမဟုတ် ရေယာဉ်ပါ ပစ်ခတ်မှု ထိမ်းသိမ်းရေး စနစ်တွေနဲ့ တွဲဖက်နိုင်ပါတယ်။ ဒုံးကျည် ၈လုံးစီ ပါဝင်ပြီး ကျစ်လစ်သိပ်သည်းတဲ့ ဒေါင်လိုက်ပစ်စင်တွေကို သင်္ဘောရဲ့ နေရာလွတ် တစ်ခုခုမှာ တပ်ဆင်နိုင်ပြီး ၃၆၀ဒီကရီ လုံခြုံမှု ပေးနိုင်ပါတယ်။ အနိမ့်ပျံပစ်မှတ်တွေနဲ့ ဒုံးပျံကာကွယ်ရေးအတွက် အသုံးပြုနိုင်ပါတယ်။ အသံထက် ၂ဆအမြန်နုန်းရှိပြီး သာမန် ပစ်မှတ်တွေကို ၁၀ကီလိုမီတာ၊ ဒုံးပျံတွေကိုတော့ ၅ကီလိုမီတာ အတွင်းမှာ ပစ်ခတ်နိုင်ပါတယ်။ ဒေါင်လိုက်ပစ်စင် ၁ခုမှ ၆ခုထိ သင်္ဘော အရွယ်အစားပေါ် လိုက်လို့ တပ်ဆင်ကြပါတယ်။ ကျနော်တို့ရေတပ်ရဲ့ တိုက်သင်္ဘောများမှာ Igla ထက်ပိုကောင်းတဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးအသစ်များ မြင်တွေ့ရပါလိမ့်မည်ဟု မျှော်လင့်ရပါတယ်။ ကျန်းမာချမ်းသာကြပါစေ။