Showing posts with label မြန်မာ့ အမြောက်တပ်များ. Show all posts
Showing posts with label မြန်မာ့ အမြောက်တပ်များ. Show all posts

Saturday, September 6, 2014

မော်တာနဲ့ တင့်ဖျက်လို့ ရနိုင်ပါ့မလား




သွယ်ဝိုက်ပစ်ခတ်ရလေ့ရှိပြီး ကျည်လမ်းကြောင်း မြင့်တဲ့ လက်နှက်တစ်ခု ဖြစ်တဲ့ မော်တာများကို အကာအကွယ်နောက်မှ ရန်သူများ၊ ခံစစ်ထဲမှ ရန်သူများကို ပစ်ခတ်ရန် အတွက် အသုံးပြုကြပြီး ကျွမ်းကျင်တဲ့ စစ်သည်များဖြင့် ပစ်ခတ်လျင်တောင် ပစ်မှတ်အသေကို တစ်ချက်တည်းနဲ့ ထိမှန်ရန် မလွယ်ကူတာကြောင့် ယေဘူယျအားဖြင့်တော့ မော်တာဖြင့် တင့်ဖျက်ရန် မဖြစ်နိုင်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 
 သို့သော်လည်း ၁၂၀မမ မော်တာကျည်မှာ ပါဝင်တဲ့ ယမ်းအားနဲ့ ပေါက်ကွဲအားဟာ သံချပ်ကာ လူသယ်ယာဉ် သို့မဟုတ် အပေါ့စားတင့်တစ်စင်းကို တိုက်ရိုက်ထိမှန်ပါက သေချာပေါက် ပျက်စီးစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်ကွယ်ကနေ ပစ်ခတ်နိုင်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ ကုန်ကျစားရိတ် နည်းတဲ့ မော်တာစနစ်များဆီကို နည်းပညာမြင့် လမ်းညွှန်စနစ်များဟာ တင့်များကို ရင်ဆိုင်နိုင်စေရန် ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ပေါင်းစပ်လာခဲ့ကြပါတယ်။ စစ်အေး ခေတ်ကာလကတည်းက ကြံစီခဲ့ကြတဲ့ သည်နည်းလမ်းဟာ ပစ်အားနဲ့ စစ်ကစားတဲ့ခေတ်ကို လွန်တဲ့ ၁၉၉၅ခုနှစ် နောက်ပိုင်းမှာမ ကျယ်ပြန့်လာခဲ့တာဖြစ်ပြီး တစ်ချက်တည်းနဲ့ တိတိကျကျ ပစ်ခတ်ပြီး ဘေးထွက်ထိခိုက်မှု အနည်းဆုံးနဲ့ အောင်ပွဲခံမယ်ဆိုတဲ့ အနောက်နိုင်ငံများရဲ့ အယူအဆကနေ ဆင်းသက်လာတဲ့ အသီးအပွင့်လဲ ဖြစ်ပါတယ်။


ပထမဆုံး လက်နှက်နဲ့ ပက်သက်ရင် ထိပ်တန်းနည်းပညာများကို ထုတ်လုပ်တတ်တဲ့ ဆွီဒင်နိုင်ငံက ထုတ်လုပ်ခဲ့တာဖြစ်ပြီး နာမည်ကျော် ကာကူးစတာဖ့် ထုတ်လုပ်တဲ့ ဘော်ဖါကုမ္မနီထုတ် STRIX ၁၂၀မမ လမ်းညွှန်စနစ်သုံး ကျည်ဖြစ်ပါတယ်။ (Strix မော်တာစနစ် မူဘီ) အနီအောက်ရောင်ခြည်သုံး ရှာဖွေရေး စနစ်ပါရှိပြီး တင့်ကားတွေကို ဖျက်ဖို့ အဓိက တည်ထွှင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ERA မပါရှိတဲ့ တင့်ကားတွေအပါအဝင် အပေါ့စားတင့်တွေ ရွေ့လျားပစ်မှတ်တွေကို လေဆာအကဲကြည့်ဖြင့်သော်လည်းကောင်း အကဲကြည့် မပါပဲသော်လည်းကောင်း ပစ်ခတ်နိုင်ပါတယ်။ သာမန် မော်တာများဖြင့် ပစ်ခတ်နိုင်ပါတယ်။ ၄.၅ ကီလိုမီတာထိ ပစ်ခတ်နိုင်ပါတယ်။ ညအချိန်မှာ အခြားမော်တာ စနစ်တွေနဲ့ ရောပြီး ပတ်ခတ်ဖို့ ကုမ္မနီက အကြံပြုပါတယ်။ သို့သော်လည်း မော်တာ ပစ်ခတ်ဖို့အတွက် ဗုံးသီးကို ကွန်ပြူတာစနစ် အသုံးပြုပြီး ချိန်ညိရမှာဖြစ်ပါတယ်။
STRIX


 Fire and Forget စနစ်ဖြစ်ပြီး တင့်ကားရဲ့ အင်ဂျင်ခန်းတွေ အမိုးနေရာတွေကို တိကျစွာ ထိမှန်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ၇.၅ ကီလိုမီတာထိ ပစ်ခတ်နိုင်ပြီး တင့်ဖျက်ကျည် အမျိုးအစားသီးသန့်ထွက်ရှိလာတာကြောင့် မည်သည့်တင့်ကို မဆိုဖျက်ဆီးနိုင်ပါတယ်။ သို့သော်လည်း ဈေးနုန်းကြီးမြင့်တာကြောင့် တင့်ကားတင် မော်တာစနစ်များမှာသာ အနည်းငယ် တွဲဖက် အသုံးပြုကြပါတယ်။ ယခုအခါမှာတော့ NEMO ကဲ့သို့ရေယာဉ်တင်နဲ့ သံချပ်ကာတင် အဆင့်မြင့် မော်တာစနစ်များမှာ တွဲဖက် အသုံးပြုကြပါတယ်။

ကွန်ပြူတာ စနစ်ဖြင့် ချိန်ညိစဉ်
ဒုတိယ အနေနဲ့ကတော့ M395 PGM အမျိုးအစား ၁၂၀မမ ကျည်တွေဖြစ်ပါတယ်။ BAE ကုမ္မနီမှ ထုတ်လုပ်ပြီး လော့ဟိမာတင် ကုမ္မနီက ဝယ်ယူထုတ်လုပ်ခဲ့ပါတယ်။ ရိုးရှင်းတဲ့ သာမာန် မော်တာကျည်အမျိုးစား ပုံစံရှိပြီး လမ်းညွှန်စနစ်ပါ ထိပ်ဖူးငယ်နှင့် တောင်ပံ၎ခု တပ်ဆင်ထားပါတယ်။ ၇ကီလိုမီတာထိ ပစ်ခတ်နိုင်ပါတယ်။ လေဆာလမ်းညွှန်စနစ်ဖြင့် ပစ်ခတ်နိုင်တဲ့ ကျည်များနဲ့ (Semi-Active Laser Seeker (DASALS)) ၊ GPS စနစ်ဖြင့် ပစ်ခတ်နိုင်တဲ့ စနစ်များလို့ ၂မျိုးထုတ်လုပ်ပါတယ်။ လေဆာလမ်းညွှန်ဖြင့် ပစ်ခတ်ဖို့ကတော့ ပစ်ခတ်သူအနေနဲ့ ပစ်ခတ်ပေးရုံသာဖြစ်ပြီး အကဲကြည့် ညွှန်ပြထားတဲ့ လေဆာ လမ်းညွှန်အတိုင်း ထိမှန်စေမှာ ဖြစ်ပါတယ်။ ထိကျမှု ၁မီတာပတ်လည် ရှိပါတယ်။ GPS စနစ်နဲ့ ပစ်ခတ်မယ်ဆိုရင်တော့ ကွန်ပြူတာ စနစ်သုံးပြီး လမ်းညွှန်စနစ်ကို အသက်သွင်းပေးရမှာ ဖြစ်ပါတယ်။ ၁၀မီတာ ပတ်လည် တိကျမှုရှိပါတယ်။ နောက်ပိုင်းမှာ ၃မီတာ ပတ်လည်ထိ ရောက်ရှိခဲ့ပေမယ့် သာမာန် မော်တာ တစ်လက်နဲ့ တိကျမှု မကွာဘူးလို့ စောဒက တက်ကြပါတယ်။ သို့သော်လည်း တိုက်ပွဲတွင်း ကျည်တွေ များစွာပစ်ခတ် မယ်ဆိုရင် လိုအပ်တဲ့ အဝန်းအဝိုင်း အပြင်ဖက်ကို များစွာ ပြန့်ကျဲမသွားစေဖို့နဲ့ ပစ်ခတ်စဉ် မော်တာပြောင်းကို မကြာခဏ ချိန်ညိနေစရာ မလိုတော့တာမို့ တိကျမှုအရရော မြန်ဆန်မှုအရရော သာလွန်တယ်လို့ ဆိုပါတယ်။ 
 
M395 မော်တာကျည်
သာမန် ၁၂၀မမ ဗုံးသီးတစ်လုံးထက် ၆ဆကနေ ၁၀ဆထိ တန်ဖိုးပိုကြီးပေမယ့် ပစ်မှတ်ကို ထိမှန်ချေမှာတော့ အဆ ၂၀ကျော် သာလွန်တယ်လို့ ဆိုပါတယ်။ အမေရိကန်၊ သြစတေးလျနဲ့ မဟာမိတ်တပ်ဖွဲ့တွေ အာဖကန်မှာ အများဆုံး အသုံးပြုကြပါတယ်။ သို့သော်လည်း အချို့တပ်ဖွဲ့တွေဟာ ရိုးရိုး မော်တာ တွေကိုသာ အကြံပြုတောင်းဆိုနေတာမို့ ၂၀၁၈မှာ အားလုံးကို အစားမထိုးနိုင်သေးပဲ ယာဉ်တင်မော်တာ တပ်ဖွဲ့တွေ အပါအဝင် ၂၀၂၀ထိ သာမန် မော်တာတွေကို အဓိကထား ဆက်လက်သုံးဆွဲနေရမယ်လို့ ဆိုပါတယ်။


တတိယကတော့ အစ္စရေးတပ်မတော်သုံး GMM ၁၂၀မမ မော်တာကျည်ဖြစ်ပါတယ်။ M395 လိုပဲ ရိုးရှင်းစွာ ပစ်ခတ်နိုင်တဲ့ စနစ်ဖြစ်ပြီး လေဆာ လမ်းညွှန် ဒါမှမဟုတ် GPS လမ်းညွှန်နဲ့ ပစ်ခတ်နိုင်ပါတယ်။ ၇.၂ကီလိုမီတာထိ ပစ်ခတ်နိုင်ပြီး လေဆာအကဲကြည့်နဲ့ ပစ်ခတ်မယ်ဆိုရင် ၁.၅မီတာ ပတ်လည် တိကျမှု ရှိပါတယ်။ M395 ရော GMM ၂ခုစလုံးဟာ ရွေ့လျားပစ်မှတ်တွေကို ပစ်ခတ်နိုင်ပေမယ့် တင့်ဖျက်ကဲ့သို့ ပြင်းထန်တဲ့ ဖေါက်ကျည်များ ယမ်းအားပြင်းများပါဝင်တဲ့ ကျည်များမဟုတ်ကြပဲ အရပ်သားတွေနဲ့ ရောထွေးနေတဲ့ ပစ်မှတ်များကို တိတိကျကျ ပစ်ခတ်ရန် ဖြစ်တဲ့ အတွက် သာမန်၁၂၀မမ ကျည်များထက်ပင် ပြင်းအားလျော့ထားတယ်လို့ ဆိုကြပါတယ်။ သို့သော်လည်း ဘန်ကာဖျက်ရန်အတွက် သာမန်၁၂၀မမ ကျည်များလိုပဲ စွမ်းဆောင်နိုင်မယ် ဆိုပြန်ပါတယ်။
 
နည်းပညာမြင့် ချိန်ရွယ်ခြင်း စနစ်များဖြင့် မော်တာစနစ်တစ်ခု
အစ္စရေးတပ်မတော် အနေနဲ့ ဈေးနုန်းချိုသာတဲ့ နောက်ထပ် လမ်းညွှန်စနစ်သုံး စနစ်ကိုလဲ ထုတ်လုပ်ခဲ့ပြီး သာမန် မော်တာကျည်တွေရဲ့ ထိပ်ဖုးမှာ တပ်ဆင်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ လေဆာစနစ်သုံး လမ်းကြောင်း ထိမ်းပေးတဲ့ စနစ်ဖြစ်ပြီး ဧရိယာ ပစ်မှတ်များကို ပစ်ခတ်ဖို့ အသုံးပြုပါတယ်။ ပစ်မှတ်ဧရိယာ အတွင်းကို ထိမှန်မယ့် နောက်ဆုံး အချိန်မှာမှ အသက်ဝင်မှာဖြစ်ပြီး လမ်းညွှန်ပြသထားတဲ့ မီတာ ၁၀၀ ပတ်လည်အတွင်း မော်တာကျည် အများအပြားကို ကျရောက်ပေါက်ကွဲစေနိုင်ပါတယ်။ Mor လို့ နာမည်ပြောင်ခေါ်ဝေါ်တဲ့ M-150/151 ကျည်ထိပ်ဖူးများဖြစ်ပါတယ်။ M-150ဟာ ၇.၂ကီလိုမီတာထိ ပစ်ခတ်နိုင်ပြီး M151 ကတော့ ၉ကီလိုမီတာကျော်ထိ ပစ်ခတ်နိုင်တဲ့အပြင် တစ်တောင့်ချင်း တိကျမှု မီတာ ၃၀ရှိပါတယ်။ 
GRAN
 စတုထ္ထတစ်ခုကတော့ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ GRAN ၁၂၀မမ လေဆာလမ်းညွှန် ကျည်တွေဖြစ်ပါတယ်။(GRAND မော်တာစနစ် မူဘီ ) မော်တာကျည်လို့ ခေါ်ဆိုပေမယ့် မော်တာကျည်နဲ့ သိပ်မတူနဲ့ အမျိုးအစားဖြစ်ပါတယ်။ ပြောင်းကနေ စတင်ထွက်ရှိဖို့နဲ့ ကျည်လမ်းကြောင်းအမြင့်ဆုံးရောက်ဖို့ထိသာ ပို့ယမ်းနဲ့ မော်တာကျည်အဖြစ် ထွက်ရှိပြီး ကျန် အပိုင်းများကို စမတ်ဗုံးတစ်လုံးလို လုပ်ဆောင်တာဖြစ်ပါတယ်။ လေဆာ အကဲကြည့်စနစ် တစ်ခု နဲ့ ပြင်ပခလုပ်ဖြင့် အလုပ်လုပ်သည့် Trigger ပါရှိသော မော်တာ စနစ်တစ်ခုလိုအပ်ပါတယ်။ သာမန် ၁၂၀မမ ဗုံးသီးများထက် ပြင်းထန်သည့် HE, Fragmentation ကျည်ဖူးများ အသုံးပြုပါတယ်။ ရွေ့လျားနေသည့် သံချပ်ကာများ အပေါ့စား တင့်များကို ပစ်ခတ်နိုင်ပါတယ်။ သံချပ်ကာ ဖေါက်ကျည်များကို အသုံးပြုပြီး ဘန်ကာများနဲ့ ပင်မတိုက်ပွဲဝင် တင့်များကိုလဲ ဖျက်ဆီးနိုင်ပါတယ်။

  လေဆာ လမ်းညွှန် စနစ်နဲ့ တင့်ရဲ့အမိုးပေါ်မှ ဝင်ပေါက် ဒါမှမဟုတ် ကျည်ဖူးပါ အနီအောက်ရောင်ခြည်စနစ်နဲ့ တင့်ရဲ့ အင်ဂျင်ကို ထိမှန်စေနိုင်ပါတယ်။ ထူးခြားတဲ့ အချက်ကတော့ အမိန့်ပေး စနစ်များတွင်ပါဝင်တဲ့ GPS စနစ်များကဲ့သို့ နေရာပြ စနစ်များကို အသုံးပြုကာ မတူညီတဲ့ နေရာ၊ မတူညီတဲ့ လားရာများမှနေပြီး ပစ်မှတ်တစ်ခုရဲ့ ၃၀၀ မီတာ ပတ်လည်အတွင်းကို ပစ်ခတ်နိုင်ပါတယ်။ လေဆာလမ်းညွှန် အကဲကြည့်စနစ်ကို အသုံးပြုခဲ့ရင်တော့ မီတာ ၃၀ပတ်လည်ထိ တိတိကျကျ ပစ်ခတ်နိုင်ပါတယ်။ ဘန်ကာဖျက် သံချက်ကာ ဖေါက်ကျည်များနဲ့ တကွ လေကွဲကျည်များကိုပါ အသုံးပြုနိုင်တယ် ဆိုပါတယ်။ ဒါ့ကြောင့် မြေအောက်ဘန်ကာများနဲ့ တင့်ကားတပ်များကို ချိန်းခြောက် နိုင်စွမ်းရှိတယ် ဆိုပါတယ်။ အကွာအဝေး ၉ကီလိုမီတာကျော် အထိ ပစ်ခတ်နိုင်ပါတယ်။ သာမန် ၁၂၀မမကျည်တွေထက် ၆ဆခန့်ပိုတဲ့ တန်ကြေးရှိပြီး လေဆာ လမ်းညွှန်စနစ်များနဲ့ အမိန့်ပေးစနစ်များလိုအပ်ပါတယ်။ 
PLL05
 တရုတ်နိုင်ငံ အနေနဲ့ ခြေလျင်သုံး လေဆာလမ်းညွှန် ၁၂၀မမ စနစ်များကို စမ်းသပ်ခဲ့ပေမယ့် ယာဉ်တင် မော်တာ စနစ်များအဖြစ်နဲ့သာ အသုံးပြုပါတယ်။ PLL05 ကဲ့သို့ ပြောင်းချော အမြောက်သုံး သံချပ်ကာ ယာဉ်များထဲမှာ ထည့်သွင်း အသုံးပြုတာဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံ အနေနဲ့ အစ္စရေးတပ်မတော်သုံးကဲ့သို့ ဈေးနုန်းချိုသာသော လမ်းညွှန်စနစ်ပါ မော်တာကျည်များ ထုတ်လုပ်ရန် ၂၀၁၁ခုနှစ်မှာ ကြိုးပမ်းခဲ့ပြီး ၂၀၁၃ခုနှစ်မှ စတင်က ထုတ်လုပ်နေပြီဆိုပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ တောင်ပေါ်ဒေသအတွက် အသုံးဝင်လှတဲ့ ၁၂၀မမ မော်တာများကို တိတိကျကျပစ်ခတ်နိုင်ဖို့ တောင်ပေါ် တိုက်ပွဲများကို ရင်ဆိုင်ရဖွယ်ရှိတဲ့ တပ်မတော်များက လိုလားနေကြတာလဲ ဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။  




Tuesday, May 27, 2014

၁၆၀မမ စိန်ပြောင်းကြီးများ







၁၆၀မမ ခြေလျင်သုံး စိန်ပြောင်းကြီးများကို ဒုတိယကမ္ဘာစစ် ဆိုဗီယက်ရုရှားတပ်မတော်က စတင်အသုံးပြုခဲ့သည်။ ခြေလျင်သုံး စိန်ပြောင်းကြီး(လက်နှက်ကြီး) တွင် အကြီးဆုံးဖြစ်သည်။
M-1943 ဟုခေါ်ဆိုသော ထိုစိန်ပြောင်းကြီးကို ၁၂၀မမ စိန်ပြောင်းများထက် ပိုမိုပြင်းထန်သော ကြောက်စရာ လက်နှက်တစ်ခု အဖြစ် အသုံးပြုခဲ့ကြသည်။ 
M-1943
၈၈ပေါင်ကျော် (၄၀ကီလိုဂရမ်) လေးသော ဗုံးသီးကို ပစ်ခတ်နိုင်ရန် အတွက် ပြောင်းအရှည် ၃မီတာထိ ထားရှိရပြီး ၃ချောင်းထောက်ဖြင့် ပစ်ခတ်ရသည်။
ထောင့်မြင့် ၈၀*၊ ထောင့်နိမ့် ၄၅* ဘေးဘယ်ညာ ၂၅* ပစ်ခတ်နိုင်သည်။ အကွာအဝေး ၅.၂ ကီလိုမီတာ (၃မိုင်) ထိ တစ်မိနစ်လျင် ၃ထောင့်မှ ၁၀တောင့်ထိ ပစ်ခတ်နိုင်သည်။ ဆိုဗီယက်၏ ထို၁၆၀မမ စိန်ပြောင်းစနစ်ကို ဆီးရီးယား၊ အီရန်၊ ပိုလန်စသည့် နိုင်ငံများက အသုံးပြုပြီး တရုတ်က ပုံစံ၅၆ စံလွန်စိန်ပြောင်း အဖြစ် ပြင်ဆင် ထုတ်လုပ်သည်။
ပုံစံ၅၆

 ပိုမိုလွယ်ကွယ်ရိုးရှင်းသော ပုံစံဖြင့် ထုတ်လုပ်ထားပြီး အကွာအဝေး ၈ကီလိုမီတာ ၄မိုင်ကျော် ထိ ပစ်ခတ်နိုင်လာသည်။ ထို စိန်ပြောင်းကို ပစ်ခတ်နိုင်စေရန် အတွက် စစ်သည် ၆ဦးမှ ၁၀ဦးထိ လိုအပ်သည်။
M66

 ၁၆၀မမ စိန်ပြောင်းစနစ် ကို အမေရိကန်မှ စမ်းသပ်ထုတ်လုပ်ပြီး သုံးဆွဲခဲ့သည်။ ထို့နောက် ဗီယက်နမ်စစ်ပွဲနှင့် အာရပ်အစ္စရေး စစ်ပွဲများတွင် အသုံးပြုပြီး အစ္စရေးက M66 အမည်ဖြင့် ထုတ်လုပ်သုံးဆွဲသည်။ ၃၈ကီလိုဂရမ် ဗုံးသီးကို အသုံးပြုသည်။ ပြောင်းအလျား အနည်းငယ်တိုပြီး ခြေလျင်သာမက ယာဉ်တင်အဖြစ်ပါ Makmat 160 mm အဖြစ် ရှားမင်းတင့်ပုံပြောင်းပေါ်တွင် အသုံးပြုသည်။ 
Makmat 160 mm
အကွာအဝေး ၉ကီလိုမီတာကျော် (၅မိုင်) ထိပစ်ခတ်နိုင်ပြီး ထောင့်မြင့် ၈၀* ထောင့်နိမ့် ၃၀* ဘေးဘယ်ညာ ၂၅* ထိပစ်ခတ်နိုင်သည်။
KIA စက်ရုံထုတ် ၁၆၀မမ ဗုံးသီးများ

၁၆၀မမ စိန်ပြောင်းဖြင့်
ခွင်းကျည်များ၊ မီးစုန်းဖြူသုံး လင်းကျည်များအပြင်၊ ဓါတု လက်နှက်များအထိ ပစ်ခတ်နိုင်သည်။ တရုတ်နှင့် အခြားနိုင်ငံအချို့တွင် မီးရှူးမီးပန်း ပစ်ဖေါက်ရန် အတွက် အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင်KIA, SSA နှင့် UWSA ဝ စသည့် လက်နှက်ကိုင်တပ်များတွင် အသုံးပြုလျက်ရှိသည်။
UWSA အမြောက်တပ်
KIA သုံး ၁၆၀မမစိန်ပြောင်း
 
၁၆၀မမ စိန်ပြောင်းအား သယ်ဆောင်လာစဉ်
တိုင်းရင်းသား လက်နှက်ကိုင် တပ်ဖွဲ့များ၏ ဓါတ်ပုံများသည် ဖေ့စဘွတ်ပေါ်ရှိ တိုင်းရင်းသားတို့၏ စာမျက်နှာများမှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။ ကျန်းမာချမ်းသာကြပါစေ။   ။

Thursday, February 27, 2014

တပ်မတော် (ကြည်း)၊(လေ) အမြောက်နှင့် သံချပ်ကာတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်း

မြန်မာ့တပ်မတော်သည် မြန်မာပြည်၏ အချုပ်အချာ အာဏာကိုအပြည့်အဝ ကာကွယ်ပေးနေသော အင်အားစုကြီးတစ်ခုဖြစ်သည်နှင့်အညီ ပြောင်းလဲလာသည့် ခေတ်သစ်စစ်ရေးအတွေးအခေါ်များ၊ နည်းပညာများအား အမြဲအစဉ်မပြတ် လေ့လာကာ လေ့ကျင့်နေကြရမှာဖြစ်ပါတယ်...။
 

တပ်မတော်အနေနှင့် ကျွှန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲများနောက်ပိုင်းမှာ သိသိသာသာ ပြောင်းလဲမှုတွေအနေဖြင့် ရေတပ်စစ်ရေယာဉ်များ၊လေတပ်လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်အနားများကို ပုံများနှင့်တကွ အများပြည်သူတို့ လေ့လာနိုင်စေရန်နှင့် အသိပေးရန်ထုတ်ဖော်ပြသခဲ့ကြပါတယ်...။ ဒါဟာ တပ်မတော်ကိုပြည်သူနှင့် ပိုမိုထိတွေ့စေပြီး ပြည်သူများရဲ့ အားကိုးယုံကြည်မှုကို ပိုမိုရရှိစေမှာဘဲဖြစ်ပါတယ်...။

အခုတလော မြဝတီသတင်းမှာပါလာတဲ့ မြန်မာ့တပ်မတော် (ကြည်း)၊(လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်း၊ လေ့ကျင့်ခန်း (အနော်ရထာ)အကြောင်း လူပြောများနေတာတွေ့ရပါတယ်...။ မိမိတို့ တပ်မတော်အပေါ် အမှန်တကယ်လည်း လေးစားဂုဏ်ယူမိပါတယ်...။ ထူးထူးခြားခြား သတိထားမိလိုက်တာကတော့ ၁၅၅မမ Soltam M71 ဟောင်ဝစ်ဇာအမြောက်ကြီးများ၊ ၁၂၂မမ အတွဲလိုက်ပစ် ဒုံးများ နှင့် လေတပ်မှာ MIG-29SE, Mi-35P ရဟတ်ယာဉ်များဘဲဖြစ်ပါတယ်...။ နောက်ထပ်လည်း စိတ်ဝင်စားဖွယ်ရာ စစ်လက်နက်အတော်များများပါဝင်ပင်မယ့်လို့ ပိုစ့်ခွဲပြီး တင်ပေးလိုက်ပါ့မယ်...။

ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်တဲ့စစ်လက်နက်များအကြောင်းကို ပုံများနှင့်တကွ ဖော်ပြပေးပါ့မယ်..

ပူးပေါင်းတပ်ဖွဲ့ဝင်များ
တပ်မတော်ထုတ် ကျည်ကာဝတ်စုံများ၊ဖိုင်ဘာဦးထုပ်များဖြင့် တွေ့ရသည့် ပူးပေါင်းလေ့ကျင့်ခန်းအတွင်းက တပ်မတော်သားများဖြစ်ပါသည်။

အကြမ်းဖက်တပ်ဖွဲ့များ (SOTF)
အထူးတပ်ဖွဲ့(SOTF)များမှ ရန်သူ့အမြောက်စခန်းအား သိမ်းပိုက်ခြင်း စစ်ရေးလေ့ကျင့်ခန်းအတွင်း
 ဖြစ်ပါသည်။


၆၀မမ စိန်ပြောင်းဖြင့် ပစ်ခတ်လေ့ကျင့်နေစဉ်

၁၂၀မမ စိန်ပြောင်းများဖြင့် ပစ်ခတ်လေ့ကျင့်နေမှု (120mm Heavy Mortar)

၁၀၅မမ အမြောက် (105mm Howitzer)


၁၅၅မမ အမြောက် (Soltam M71)
Soltam M71 ခေါ် ၁၅၅မမ ဟောင်ဝစ်ဇာအမြောက်ကြီးများကို အစ္စရေးနိုင်ငံမှထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်၏ ပထမဆုံးသော ၁၅၅မမလက်နက်ကြီးများဖြစ်ပါသည်။ ယခုအခါတွင် ပဲ့ထိန်းကျည်စနစ်များပင် ပစ်ခတ်နိုင်စေရန် အဆင့်မြှင့်တင်ထားပြီး ဖြစ်ပါသည်။

၁၂၂မမ အတွဲလိုက်ပစ်ဒုံး (122mm MRLS)
 ပုံတွင်မြင်တွေ့ရသော အတွဲလိုက်ပစ်ဒုံးများကို Type-81 122mm MRLS စနစ်များဟု သိရပြီး ၁၉၉၀ခုနှစ်များကတည်းကပင် တရုပ်နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ရာ မြန်မ-ယိုးဒယား နယ်စပ်တင်းမာချိန်က လူသိများ၊လူပြောများခဲ့သော ဒုံးလက်နက်ဖြစ်ပါသည်။ ယခုအချိန်တွင်မူ အဆိုပါ ၁၂၂မမဒုံးများအား တပ်မတော်မှထုတ်လုပ်နိုင်နေပြီဖြစ်ပြီး အင်အားတောင့်တင်းသည့် ဒုံးတပ်ဖွဲ့ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။

BAAC-87 သံချပ်ကာယာဉ်
တပ်မတော်ထုတ် သံချပ်ကာယာဉ်အမျိုးစားဖြစ်ပြီး မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားသည့် SEA Games ပြိုင်ပွဲကာလတလျှောက် လုံခြုံရေးယူပေးခဲ့သည့် သံချပ်ကာယာဉ်များလည်း ဖြစ်ပါသည်။

Type-91 IFV (ခြေလျင်သုံး တိုက်ယာဉ်)
 
 

ပုံစံ-၅၉ဒီ/အမ် ပင်မတိုက်ပွဲဝင်တင့်ကား (Type-59D/M MBT)
  
ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားများကို တရုပ်တပ်မတော်မှထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင်မှု အလုံးစုံအဆင့်မြှင့်တင် မွမ်းမံခြင်း( Fully Upgraded ) ပြုလုပ်ခဲ့ပြီးဖြစ်ရာ တပ်မတော်၏ တင့်နှင့်သံချပ်ကာတပ်ဆိုင်ရာ စစ်ရေးစွမ်းရည်ကို တိုးတက်စေခဲ့ပြန်ပါသည်။
  
  တင့်နှင့် သံချပ်ကာယာဉ်များ တပ်ဖြန့်ထားစဉ်

ပုံတွေနှင့်တကွ ဖော်ပြပေးချင်တာမို့လို့ ပိုစ့်အရမ်းရှည်လွန်းသွားပါတယ်...။ ထို့ကြောင့်လေတပ်နှင့်လေကာတပ်အကြောင်း သီးသန့်ပိုစ့်အဖြစ် ဖော်ပြပေးသွားပါဦးမယ်ခင်ဗျာ...။ :)

Saturday, November 30, 2013

ကလက်စတာဗုံး (သို့) ဗုံးပဒေသာများ၏ မူလဇာစ်မြစ်

(ကမ္ဘာ့ပေါ်ရှိ လေတပ်အတော်များများတွင် ပုံစံအမျိုးမျိုး၊ အခေါ်အဝေါ် အမျိုးမျိုးဖြင့် ပိုင်ဆိုင်ထားကြသည့် ဗုံးပဒေသာများ၏ မူလအစသမိုင်းကြောင်းအား မိမိလေ့လာထားသည့် အချက်လက်များဖြင့် ကျွှန်တော်တို့ ဘလော့ဒ်တွင် ပြန်လည်ဖော်ပြခွင့်ပေးသည့်အတွက် စာရေးသူအား ကျေးဇူးအထူးတင်ရှိကြောင်း အားလုံးကိုယ်စား ပြောပါရစေခင်ဗျာ...။)

ဗုံးပဒေသာ သို့မဟုတ် ကလက်စတာဗုံး တွေကို ဒုတိယကမ္ဘာစစ်က စတင်အသုံးပြုခဲ့ကြပါတယ်။ ခေတ်အမှီဆုံးနဲ့ ပထမဆုံး အသုံးပြုခဲ့တာကတော့ ဂျာမနီဖြစ်ပြီး သူ့ရဲ့ SD-2 လို့ခေါ်တဲ့ လိပ်ပြာပုံစံ တောင်ပံ၂ခုဆီပါတဲ့ ဗုံးအငယ်စားလေးတွေ မြောက်များစွာပါတဲ့ ကလက်စတာဗုံးဟာ နာမည်ကြီးပါတယ်။ အခြား ဆိုဗီယက်နဲ့ အမေရိကန် ဗြိတိန်တို့မှာလဲ ကိုယ်ပိုင်ပုံစံတွေနဲ့ တီထွှင်ခဲ့ကြပြီး အမေရိကန်တို့ကတော့ M41 ဆိုတဲ့ ပေါင်၂၀ လူသတ်ဗုံးတွဲကို တီထွှင်ခဲ့ကြပါတယ်။
ဂျာမနီ လေတပ်သုံး SD-2 ဗုံး
 အမေရိကန်လေတပ်သုံး M-41 ဗုံးတွဲ
 ထူးခြားဆန်းပြားလှတဲ့ စနစ်တွေ မပါရှိပဲ၊ သာမာန်ဗုံးအငယ်စားလေးတွေကို ဗုံးတွဲကျောရိုးစနစ်တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ ၆လုံးတွဲ ဒါမှမဟုတ် ၂၅လုံးတွဲ သည်ဗုံးတွဲလေးတွေဟာ ကလက်စတာဗုံးလို့ ဆိုပေမယ့် တကယ့် ကလက်စတာဗုံးတွေနဲ့ ပုံစံ နည်းစနစ်ရော ထိရောက်မှုမှာပါ ကွာခြားလွန်းပါတယ်။ ကလက်စတာဗုံးလို့ ဆိုလိုက်ရင် လေယာဉ်ကဖြစ်ဖြစ်၊ မြေပြင်ပစ် ဒုံးလက်နှက် ဒါမှမဟုတ် အမြောက်ကျည်ကနေ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းလေးတွေ ထပ်ဆင့် ပြန့်ကွဲလာပြီး လေပေါ်မှာဖြစ်စေ၊ မြေပြင်နဲ့ထိတွေ့တဲ့အခါဖြစ်စေ၊ အချိန်စနစ်နဲ့ဖြစ်စေ၊ ပေါက်ကွဲစေတာပါ။ လေယာဉ်ပြေးလမ်းတွေ၊ ရထားလမ်းတွေ၊ လျပ်စစ်ဓါတ်အားပေးလိုင်းတွေကို ဖျက်ဆီးဖို့ကနေ ဧရိယာကျယ်ကျယ်မှာ နေရာယူထားတဲ့ အကာကွယ်မဲ့ လူသားပစ်မှတ်တွေကို တိုက်ခိုက်ဖို့၊ မိုင်းခင်းဖို့၊ ဓါတု ဇီဝလက်နှက်တွေ ကျဲချဖို့နဲ့ နောက်ပိုင်း နည်းစနစ်တွေ ဖွံ့ဖြိုးလာတဲ့အခါ တင့်ကားတွေ၊ သံချပ်ကာတွေ အမြောက်စခန်းတွေကိုပါ ချေမှုန်းနိုင်ဖို့ ပြင်ဆင်ပေးလာနိုင်တာကြောင့် ၁၉၇၀နောက်ပိုင်းမှာ ဝေဟင်ကဗုံးကျဲဖို့ဆိုရင် ကလက်စတာဆိုတဲ့ ဗုံးအမျိုးအစားဟာ ပထမဦးစားပေး ဖြစ်လာခဲ့ပါတယ်။

နေပြည်တော် စစ်သမိုင်းပြတိုက်အတွင်းတွေ့ရသည့် ဗုံးတွဲ
 သို့သော်လည်း ဒီကလက်စာဗုံးတွဲတွေရဲ့ ကြောက်မက်ဖွယ်ရာ ကောင်းမှုကြောင့် ဝေဟင်ကကျတဲ့ ငရဲလို့ တင်စားခေါ်ဝေါ်ပြီး၊ ဒီဗုံးအမျိုးအစားတွေ ဆန့်ကျင်ရေး လှုပ်ရှားရာမှာ နိုင်ငံပေါင်း ၁၀၈နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးခဲ့ပေမယ့် အဓိကအင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အင်္ဂလန်၊ ပြင်သစ် စတဲ့ နိုင်ငံတွေက ပါဝင်လက်မှတ်ရေးထိုး မထားကြပါဘူး။ ဒါ့အပြင် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေထဲမှာပင်လျင် ရပ်တန့်ဖို့ မဆိုထားနဲ့ ထုတ်လုပ်မှု ရပ်ဆိုင်းသွားတဲ့ နိုင်ငံရယ်လို့ ပြစရာမရှိလောက်အောင် သုံးစွဲသူအကြိုက် လက်နှက်အမျိုးအစားဖြစ်ပါတယ်။ သို့သော်လည်း ချိန်ကိုက်စနစ်ပါ ဗုံးတွဲတွေနဲ့ ရွက်ကြွေအဆိပ်အပါအဝင် ဓါတု၊ ဇီဝ လက်နှက်များ အသုံးပြုတိုက်ခိုက်ခြင်းကိုတော့ ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ထားပါတယ်။

M41 ဗုံးတွဲ နာမူနာပုံ
M41 (သို့) M1 ပေါင်၂၀ ဗုံးတွဲစနစ် အမေရိကန်ရဲ့ ဒုတိယကမ္ဘာစစ်တုန်းက သုံးတဲ့ စနစ်ဖြစ်ပြီး၊ ရထားလမ်းတွေကို ဖျက်ဆီးဖို့နဲ့ လူသတ်ဗုံးတွေအဖြစ် သုံးပါတယ်။ ရထားလမ်းတွေကို ဖျက်တဲ့ စနစ်မှာတော့ ဗုံးဟာ မြေကြီးထဲကို ဝင်သွားပြီးမှ ပေါက်ကွဲအောင် ဆောင်ရွက်ထားပါတယ်။ သာမာန် ပေါင်၂၀ လူသတ်ဗုံးကတော့ လေထဲမှာ ဒါမှမဟုတ် မြေပြင်ပေါ်မှာ ပေါက်ကွဲအောင် ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဗုံးတွဲကို ပုံမှန်အားဖြင့် သုံလုံးတစ်တွဲ တွဲလေ့ရှိပါတယ်။ ဗုံးသုံးလုံးကို ပင်မဝင်ရိုးတစ်ခုနဲ့ ထိန်းထားပါတယ်။ ဗုံးတပ်ဆင်ပုံကတော့ pylon တစ်ခုကို ချိတ်ဆွဲဖို့ ဗုံးတွဲနှစ်ခုချိတ်ဆွဲလို့ရတယ်။ ဗုံးကျဲလေယာဉ်များမှာ ၂၅လုံးတွဲများ ချိတ်ဆွဲနိုင်ပါတယ်။ ဗုံးတွဲနှစ်ခုကို
pylonနဲ့တွဲဖို့ သူ့ကိုတပ်ဆင်ဖို့ သီးသန့်ထပ်ပိုးpylon ဒါမှမဟုတ် ထိုpylonမရှိလျှင် သံချောင်းတစ်ခုတွင်ရှေနောက်တွဲချည်ရပါတယ်။ cluster release tension ကြိုးကို ဗုံးဖြုတ်ချသည့်အခါ ဗုံး၏ပင်မမဏ္ဍိုင်ကနေ bomb များတစ်လုံးစီခွဲထွက်စေဖို့နဲ့ အသက်ဝင်ပြီးသားဖြစ်စေဖို့  ကြိုးကိုတွဲစပ်ချိတ်ဆွဲထားတာပါ။ ဗုံးရဲ့ စနက်တံဟာ ဒလက်တွေဖြစ်ပြီး လေထဲကနေ ချလိုက်တဲ့အခါ လေအားနဲ့ ဒလက်ကလည်ပြီး စနက်တံကိုပေါက်စေပြီး လေထဲမှာကွဲစေတာဖြစ်ပါတယ်။
ဗုံးကွဲ ဖြုတ်ချတာနဲ့ ဗုံးအတွဲဟာ အတွဲလိုက်ပြုတ်ကျပြီး ကြိုးရဲ့အဆုံးရောက်သောလို့ မဏ္ဍိုင်ကို ဆွဲဖြုတ်တဲ့အခါ တစ်လုံးစီကွဲပြီး ပြန့်ကြဲသွားပါတယ်။ ဗုံးဒလက်က အပတ်ရေပြည့်တဲ့အခါ ဗုံးက လေထဲမှာတင်ကွဲပါတယ်။ ဒီဗုံးကို မြေစိုက်ဗုံးကျဲ ဒါမှမဟုတ် အနိမ့်ပျံဗုံးကျဲလို့ပဲရပါတယ်။ လေသူရဲဟာ ဒီဗုံးကို ပေ၄၅၀၀မှ၂၅၀၀ကြားအတွင်းဖြုတ်ချရပါတယ်။ ပန်ကာတပ် လေယာဉ်ငယ်တွေနဲ့ တိုက်လေယာဉ်ငယ်တွေမှာ အများဆုံးအသုံးပြုသော်လည်း ခေတ်မမှီတော့တဲ့ စနစ်တစ်ခုဖြစ်လို့ ယခုခေတ်မှာတော့ အသုံးနဲပါတယ်။ ကလက်စတာဗုံးတို့ရဲ့ ရှေးဦးစနစ်တစ်ခုဖြစ်ပြီး ကလက်စတာဗုံးတွေနဲ့ အလွန်အမင်းကွာခြားတာကြောင့် ကလက်စတာလို့ ခေါ်တွင်သင့်သလား မတွင်သင့်သလား၊ ကလက်စတာ စာရင်းဝင်သလား မဝင်သလား သေချာမသိတဲ့ စနစ်တစ်ခုလဲဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေခင်ဗျာ..။