TWS-312
ဆိုတာကတော့ တရုပ်နိုင်ငံထုတ် အနိမ့်ပျံ လေကြောင်းရန်ကာကွယ်ရေးသုံး တာတိုပစ် ပုခုံးထမ်းတွေကို
စွမ်းဆောင်ရည် ပိုမိုမြင့်မားစေတဲ့ သတင်းအချက်လက်နဲ့ အမိန့်ပေးစနစ်ပဲဖြစ်ပါတယ်…
မြန်မာ့တပ်မတော်အနေနဲ့ ဘယ်အချိန်ကတည်းက စတင်အသုံးပြုသည်ဆိုတာ
မသိရပေမယ့် သတင်းတွေအရ ပြည်တွင်းမှာပဲ တပ်ဆင်ထုတ်လုပ်နိုင်နေပြီလို့သိရပါတယ်…
ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ကောင်းမွန်တဲ့ ကြိုတင်သတင်းထောက်လှမ်းရေး
ရေဒါစနစ်တွေလိုအပ်လာပါပြီ… သဘောကတော့ ကျနော်တို့အနေနဲ့ မိမိရေဒါတွေကတဆင့် ရန်သူ့လုပ်ရှားမှုကို
ကြိုတင်သိရှိခဲ့မယ်ဆိုရင် ပုခုံးထမ်းဒုံးနဲ့ သတင်းချိတ်ဆက်ပြီး ပစ်မှတ်ရဲ့ အလျှင် အမြင့်
စတဲ့ အကွာအဝေးတွေနဲ့အတူ ဘယ်အချိန်မှာ စတင်တိုက်ခိုက်မယ်ဆိုတာ ဆုံးဖြတ်နိုင်စွမ်းရှိလာမှာ
ဖြစ်ပါတယ်…
ဒါကြောင့် ပုခုံးထမ်းဒုံး လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေအတွက်
TWS-312 လို အထောက်ကူပြုစနစ်တွေက အရေးပါနေရတာဖြစ်ပါတယ်…
TWS-312 စနစ်တစ်ခုလုံးလည်ပတ်ဖို့အချိန်အားဖြင့် ၁၀မိနစ်အောက်သာ
လိုအပ်သလို သတင်းအချက်လက်ဖြန့်ဝေဖို့ ၅မိနစ်အောက်သာလိုအပ်ပါတယ်… TWS-312 စနစ်ဟာ ပစ်မှတ်
၂၂ ခုအထိ ထောက်လှမ်းနိုင်ပြီး ပခုံးထမ်းဒုံး ၁၂ လက်ကို တပြိုင်နက်တည်း ပစ်မိန့်ပေးနိုင်ပါတယ်…
ထောက်လှမ်းနိုင်တဲ့အကွာအဝေးအနေနဲ့ RCS (ရေဒါဖြတ်ပိုင်း) အစားစားကို ၃၅ ကီလိုမီတာကနေ
၂၀ ကီလိုမီတာအတွင်း ရှာဖွေထောက်လှမ်းနိုင်ပါတယ်…
ပခုံးထမ်းဒုံး
TWS-312 စနစ်တစ်ခုအနေနဲ့ MANPAD ၁၂လက် လေယာဉ်ပစ်အမြောက်
၁၂ လက်ကို အုပ်ချုပ်ကွပ်ကဲနိုင်စွမ်းရှိပါတယ်… ရေဒါယာဉ်တစ်စီး ဒုံး ၁၂ လက် လေယာဉ်ပစ်အမြောက်
၁၂လက်ဆိုတာ အားကောင်းတဲ့ စနစ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်…
ဒီ TWS-312စနစ်တွေကို ထပ်ဆင့်ထိန်းချုပ်ဖို့ကိုတော့
Smart COM ဆိုတဲ့စနစ်ကြီးက တာဝန်ယူထားပါတယ်… Smart COM စနစ်ကြီးမှာတော့ TWS-312 ရေဒါယာဉ်
၎ စီးအထိကွပ်ကဲတာဝန်ယူတာမို့ အကြမ်းဖျင်းတွက်ကြည့်မယ်ဆိုရင် ပခုံးထမ်း လေကြောင်းရန်ကာကွယ်ရေးဒုံး
၄၈ လက် နဲ့အတူ လေယာဉ်ပစ်အမြောက် ၄၈ လက်ကို တပြိုင်နက်တည်း ပစ်မိန့်ပေးနိုင်ပါတယ်….
မိမိတို့ တပ်မတော်လို တည်ဆောက်ဆဲ တပ်မတော်တွေအတွက် နဲနဲ နဲ့ကျဲကျဲ တပ်ဖြန့်ချထားပြီး ရန်သူ့ မြန်နှုန်းနည်းပြီး အနိမ့်ပျံလာတဲ့ မောင်းသူမဲ့လေယာဉ်များ ရဟတ်ယာဉ်များ ပစ်ကူပေးအနိမ့်ဆင်းဗုံးကြဲလေယာဉ်များကို တိုက်ခိုက်ချေမှုန်းနိုင်စွမ်း တိုးတက်စေမှာလည်း ဖြစ်ပါတယ်… လက်ရှိမြန်မာ့တပ်မတော်အနေနဲ့ တာတို တာလတ် တာဝေး စသည့် အလွှာလိုက် လေကြောင်းရန်ကာကွယ်ရေးစနစ်ကြီးတွေကို တပ်ဖြန့်ထားနိုင်ပြီဆိုတာ ကျင်းပခဲ့သော တပ်မတော်နေ့အခမ်းနားများပါ မြင်တွေ့ရသည့် လေကြောင်းရန်ကာကွယ်ရေးဒုံးများ အမြောက်များကို ကြည့်ခြင်းအားဖြင့် တွေ့ရပါတယ်…
ပုံများအား မြ၀တီရုပ်သံမှ ကူးယူဖော်ပြပါသည်။
KoMM