မြန်မာ့တပ်မတော် (ရေ) အကြောင်းနှင့် စစ်လက်နက်များ ဆိုင်ရာလေ့လာလိုသူများအတွက်
စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ရေတပ် သင်္ဘောကျင်းထုတ် ၅ စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များဘဲ ဖြစ်ပါတယ်....။ ၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များကို ၅၅၁ မှစတင်ကာတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခင်သိရှိထားသည့်သတင်းများအရ ၅၇၀ အထိအစီးရေ (၂၀)အား တပ်မတော် (ရေ)မှ ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။
ယခုနောက်ဆုံးသိရသော သတင်းများနှင့် အချက်လက်များ ဓါတ်ပုံများအရဆိုပါက တပ်မတော် (ရေ)သည့် မြန်မာ့ရေပြင်ပိုင်နက်အား ကျုးကျော်လာသည့် မည်သည့်ရန်သူမျိုးကိုမဆို တုန့်ပြန်တိုက်ခိုက်ချေမှုန်းနိုင်စေရန် ရည်ရွယ်၍ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်ကြီးများ ၊ ကော်ဗတ်စစ်ရေယာဉ်များအပြင် ၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်သစ်များအား ရေတပ် သင်္ဘောကျင်းများအပြင် ဆင်မလိုက်သင်္ဘောကျင်းတွင်လည်း တည်ဆောက်နေဆဲဖြစ်သည်ဟု သိရပါသည်။
ဖရီးဂိတ် စစ်ရေယာဉ်များမြန်မာ့တပ်မတော် (ရေ) တွင် ပြည်တွင်းထုတ် (F21) အောင်ဇေယျ စစ်ရေယာဉ်အပြင် တရုပ်ဆီမှဝယ်ယူ၍ အဆင့်မြှင့်တင်မှု ပြုလုပ်ထားသော F-21 နှင့် F-23 ဖရီးဂိတ်စစ်ရေယာဉ်များဖြင့် လက်ရှိအချိန်တွင် (၃)စင်းရှိပြီး
နောက်ထပ်လည်း ရေပြင်ပိုင်နက်အားအပြည့်အဝကာကွယ်နိုင်စေရန်ရည်ရွှယ်၍ ဖရီးဂိတ်စစ်ရေယာဉ်သစ်များတည်ဆောက်လျက်ရှိပါသည်။
ကျန်စစ်သား ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်သစ်ကြီး
အသစ်တည်ဆောက်သော ဖရီးဂိတ်စစ်ရေယာဉ်သည်လည်း အောင်ဇေယျ ဖရီးဂိတ်ကြီးကဲ့သို့ပင် ၁၀၈မီတာအရှည်ရှိမည်ဖြစ်ကာ ထူးခြားချက်အနေဖြင့် ရဟတ်ယာဉ်များထားရှိရန် Hanger ပါဝင်လာမည်ဖြစ်ပါသည်။ ထို့ပြင် အသစ်တည်ဆောက်လျက်ရှိသော ဖရီးဂိတ်ကို ကျန်စစ်သား (F22) ဟု အမည်ပေးဖွယ်ရှိပြီး လက်နက်ပိုင်းဆိုင်ရာများတွင်လည်း ခေတ်မှီနည်းပညာများပါဝင်သည်ဟု သိရပါသည်။
အောင်ဇေယျ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်ပေါ်တွင်
တရုပ်ရေတပ်မှ လက်ခံရရှိထားသည့် ဖရီးဂိတ်စစ်ရေယာဉ်များအား မြန်မာ့တပ်မတော် (ရေ)တွင်ပင် အဆင့်မြှင့်တင်မှုပြုလုပ်ပြီး တပ်တော်ဝင်အခမ်းအနားပြုလုပ်ခဲ့ပါသည်။
F21 (မဟာဗန္ဓုလ ဖရီးဂိတ်စစ်ရေယာဉ်)
၈ × စီ-၈၀၂ ဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်များ
ကော်ဗတ် စစ်ရေယာဉ်များ မြန်မာ့တပ်မတော် (ရေ)တွင် ၇၇မီတာအရှည်ရှိ ကော်ဗတ်စစ်ရေယာဉ်များအား ပြည်တွင်းတွင်ပင် တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်တွင် ၇၇၁ နှင့် ၇၇၂ ဟူ၍ စစ်ရေယာဉ် (၂)စီး တာဝန်ထမ်းဆောင်နေပါသည်။ အဆိုပါ ကော်ဗတ်စစ်ရေယာဉ်များအပေါ်တွင်လည်း စီ-၈၀၁ ပဲ့ထိန်းဒုံးများတပ်ဆင်ထားရာ လေကြောင်းရန်အတွက်လည်း ခေတ်မှီ ဒုံးလက်နက်စနစ်များထပ်မံပေါင်းစပ်ထားသည်ဟု သိရပါသည်။ လက်ရှိအချိန်တွင်လည်း ၇၇၃ စစ်ရေယာဉ်အား တည်ဆောက်နေဆဲ (သို့) တည်ဆောက်ရန် စီမံကိန်းရှိနေသည်ဟု သိရပါသည်။
ပဲ့ထိန်းဒုံးတပ် အမြန်တိုက်ခိုက်ရေးယာဉ်များ
၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များကို တပ်မတော် (ရေ)ရှိ ရေတပ်သင်္ဘောကျင်းများအပြင် ဆင်မလိုက်သင်္ဘောကျင်းမှလည်း ထုတ်လုပ်လျက်ရှိပြီး လက်ရှိအချိန်တွင် ၅၅၁-၅၇၀ အထိ အစီးရေ (၂၀) ပိုင်ဆိုင်ထားရာ နောက်ထပ်လည်း အစီးရေ အနည်းဆုံး (၅)စင်းထပ်မံတည်ဆောက်နေဆဲဖြစ်သည်ဟု သိရပါသည်။ တည်ဆောက်နေဆဲ ၅စီးရီး စစ်ရေယာဉ်များအား ဆင်မလိုက်သင်္ဘောကျင်းတွင် တွေ့ရစဉ်ဖြစ်ပါသည်။
တပ်မတော် (ရေ)၏ ဂုဏ်ယူဖွယ် ၅စီးရီး ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်များ
ရေယာဉ်များတွင် ၅၇၀ နှင့် အထက် အမှတ်စဉ်ရေးထိုးထားသည်ကို တွေ့ရမည်ဖြစ်ပါသည်... ထို့ကြောင့် ၅စီးရီးစစ်ရေယာဉ်များအနေဖြင့် လက်ရှိအခြေနေထက် သိသိသာသာ တိုးပွှားလာမည်ဖြစ်ပြီး မြန်မာ့ရေပြင်အားကာကွယ်ရန်အတွက်လည်း ပိုမို၍အားရှိလာမည်ဖြစ်ပါသည်။ ၄၅မီတာရှိ ၅စီးရီးများအပြင်လည်း ကိုယ်ပျောက်တိုက်ရေယာဉ်သစ်များ တည်ဆောက်နေဆဲပင်ဖြစ်ရာ တပ်မတော် (ရေ)သည် ဒေသတွင်းနိုင်ငံများကြားတွင် စစ်ရေယာဉ်တည်ဆောက်နိုင်မှုနှုန်းမြှင့်မှားသော နိုင်ငံတစ်ခုဖြစ်လာပြီးဖြစ်သည်။
၅စီးရီး အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်အသစ်များ
အချက်လက်မှားများရှိပါက ပါဝင်ဆွေးနွေးထောက်ပြနိုင်ပါသည်။ဆက်လက်ဖော်ပြပေးပါဦးမည်.... :)