Thursday, April 10, 2014

ဒဿမ၅ လက်ဖြောင့်ရိုင်ဖယ်များ




      ဒုတိယ ကမ္ဘာစစ် မတိုင်ခင်ကပင် တွင်တွင်ကျယ်ကျယ် စတင် အသုံးပြုခဲ့သော လက်ဖြောင့်ပစ်ခတ်ခြင်း(သို့) စနိုက်ပါ ရိုင်ဖယ်များသည် တိကျခြင်း၊ ရန်သူကို အချိန်နှင့်အမျှဖိအားပေး ချိန်းခြောက်ထားနိုင်ခြင်း၊ ဘေးထွက်ဆိုးကျိုးနဲပါးခြင်း ရန်သူ့နောက်ပိုင်းနယ်မြေထိ ဝင်ရောက်လှုပ်ရှားနိုင်ခြင်း၊  တန်ဖိုးကြီးပစ်မှတ်များကို ချေမှုန်းရန် သင့်တော်ခြင်းတို့ကြောင့် ယနေ့ခေတ်မီ စစ်ပွဲများတွင် မပါမဖြစ်သော စစ်အင်္ဂါတစ်ရပ်သဖွယ် ထည့်သွင်းအသုံးပြုလာကြပါသည်။ ဒဿမ ၃၀၃ ရိုင်ဖယ်များ၊ ၇.၆၂မမ ရိုင်ဖယ်များသည် လက်ဖြောင့် သေနှတ်သမားများ စိတ်ကြိုက် သေနှတ်များ ဖြစ်သော်လည်း ထို အစွမ်းထက်လှသော လက်ဖြောင့် သေနှတ်သမားများအတွက် ပိုမိုကွာဝေးသော ရန်သူ့လက်နှက်ကြီးငယ် တစ်ကမ်း၏ အလွန်မှ ချေမှုန်းနိုင်ရန်၊ လူသားပစ်မှတ်များသာမက ယာဉ်နှင့် အခြားသော ပစ္စည်းများကိုမှာ တိုက်ခိုက်နိုင်စွမ်းရှိစေရန် မြင့်မားသော နည်းပညာများ ပေါင်းစပ်ကာ အဆင့်မြင့်တင်ကြရာတွင် ဒဿမ၅ ကျည်သုံး လက်ဖြောင့် ရိုင်ဖယ်များပေါ်ထွက်လာခဲ့ကြသည်။

ဒဿမ၅ စက်သေနှတ်ကို တာဝေးပစ်ခတ်ခဲ့ပုံ

 ဒဿမ၅ ကျည်များကို ဗြိတိသျှတပ်မတော်က စတင်အသုံးပြုခဲ့ပြီး စက်သေနှတ်ကြီးများတွင် ထည့်သွင်းပစ်ခဲ့ခဲ့သည်။ သို့သော် ထိုကျည်အမျိုးအစား၏ တာဝေးပစ်ခတ်မှု ကောင်းခြင်းကို အသုံးချနိုင်ရန်အတွက် ဗီယက်နမ်စစ်ပွဲအတွင်းတွင် အမေရိကန်တပ်များက ဒဿမ၅ စက်သေနှတ်ကြီးများကို တာဝေးကြည့်တယ်လီစကုတ်များ တပ်ဆင်၍ ခံစစ်နေရာများတွင် အသုံးပြုခဲ့ကြသည်။ ၁၉၆၇ ခုနှစ် ဗီယက်နမ်တွင် အမေရိကန်၏ လက်ဖြောင့်သေနှတ်သမား Carlos Hathcock သည် တယ်လီစကုပ် တပ်ဆင်ထားသော M2 ဘရောင်နင် စက်သေနှတ်ဖြင့် အကွာအဝေး ၂၀၉၀ မီတာမှ ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ကာ အဝေးဆုံး လက်ဖြောင့်ပစ်ခတ်နိုင်သည့် မှတ်တမ်းဝင်ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် ဒုတိယကမ္ဘာစစ်တွင် စတင်ခဲ့ပြီး အသုံးပြုနေဆဲဖြစ်သော်လည်း ခေတ်ကုန်လုဖြစ်နေသည့် တင့်ကားပစ်ရိုင်ဖယ်များ၏ ကဏ္ဍသည် တစ်ဖန်ပြန်လည် ဆန်းသစ်လာခဲ့သည်။

ဒုတိယကမ္ဘာစစ် အတွင်းက ဒဿမ၅ တင့်ကားပစ်ရိုင်ဖယ် Boys နှင့် ဗြိတိသျှစစ်သား

ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် ဒုတိယကမ္ဘာစစ်အတွင်းမှာပင် ခြေလျင်တပ်ဖွဲ့များအတွက် တင့်ဖျက် လက်နှက်အမျိုးမျိုးကို တီထွှင်ခဲ့ကြရာ တင့်ကားပစ် ရိုင်ဖယ်များလဲ အပါအဝင်ဖြစ်သည်။ ဂျပန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဆိုဗီယက်တို့နှင့်အပြိုင် ဗြိတိသျှနှင့် အမေရိကန်တို့က ဒဿမ၅ တင့်ကားပစ်ရိုင်ဖယ်များကို အသုံးပြုခဲ့ကြသည်။ သို့သော် ပင်မ တိုက်ပွဲဝင် တင့်ကားတို့၏ သံချပ်ကာ အကာကွယ်တိုးတက်လာမှုကြောင့် ခေတ်ကုန်လု ဖြစ်နေသော ထိုရိုင်ဖယ်များသည် ဗီယက်နမ်စစ်ပွဲ အပြီးတွင် အသွင်သစ်တစ်မျိုးဖြင့် ခေတ်သစ်စစ်ပွဲများဆီသို့ ဝင်ရောက်လာခဲ့သည်။ ထိုလက်နှက်များသည် တာဝေးပစ် လက်ဖြောင့် ရိုင်ဖယ်များအဖြစ် ပေါ်ထွက်လာခဲ့ရာ တစ်မိုင်ဝန်းကျင် အကွာအဝေးမှ လူသားပစ်မှတ်များသာမက အပေါ့စားသံချပ်ကာကားအထိ ချေမှုန်းနိုင်သော လက်နှက်များအဖြစ် အစွမ်းထက်လျက်ရှိသည်။ 

Anti-materiel rifle Barrett M82

၁၉၉၀ ဝန်းကျင်များဆီက စတင်တပ်ဆင်ခဲ့ဟန် ရှိသော်လည်း အဆင့်ဆင့် ပြုပြင်တိုးတက်ခဲ့ရာ ၂၀၀၀ခုနှစ်နောက်ပိုင်း အီရတ်နှင့် အာဖကန်စစ်မြေပြင်များတွင် လက်စွမ်းအပြဆုံး လက်ဖြောင့်သေနှတ်များအဖြစ် မှတ်တမ်းဝင်ခဲ့သည်အထိ တိုးတက်လာခဲ့သည်။ အမေရိကန် အထူးတပ်ဖွဲ့သုံး Anti-materiel rifle ဖြစ်သည့် Barrett M82 သည် အီရတ်စစ်မြေပြင်နှင့် အာဖကန်စစ်မြေပြင်တွင် အစွမ်းပြဆုံး လက်နှက်တစ်ခုဖြစ်သည်။ အကွာအဝေး ၁မိုင် ခန့်ထိသာ ထိရောက်မှုရှိသည်ဟု သတ်မှတ်ခဲ့ကြသော်လည်း အဆင့်မြင့်လာသည့် တိုင်းတာရေး ကိရိယာများနှင့် ချိန်ဆိုဒ်များကြောင့် တစ်မိုင်အကျော် မီတာ ၂၀၀၀ခန့်ထိ ပစ်ခတ်နိုင်သည်။ သို့သော် ၂၀၀၄ခုနှစ် မတ်လ အတွင်းက အမေရိကန်ရိန်းဂျား တပ်ဖွဲ့ဝင်က အကွာအဝေး မီတာ ၂၃၀၀(တစ်မိုင်ခွဲခန့်) မှ ပစ်မှတ်ကို ပစ်ခတ်ပြီး စံချိန်ချိုးထားခဲ့သည်။ 

TAC-50

သို့သော် လက်ဖြောင့်ရိုင်ဖယ် သီးသန့်ဖြစ်သည့် TAC-50 ဒဿမ၅ကျည်သုံး ရိုင်ဖယ်၏ ၂၀၀၂ခုနှစ် အာဖကန်စစ်မြေပြင်မှ ကနေဒါတပ်ဖွဲ့များ၏ စံချိန် မီတာ ၂၄၃၀ ကို မကျော်ဖြတ်နိုင်သေးပေ။ TAC-50 ဒဿမ၅ကျည်သုံး လက်ဖြောင့်ရိုင်ဖယ်သည် ၂၀၀၀ခုနှစ်တွင် အမေရိကန် McMillan Firearms Manufacturing မှ အမြောက်အများ ထုတ်လုပ်ပြီး အမေရိကန်မဟုတ်သော အခြားတပ်ဖွဲ့များတွင် အများဆုံး အသုံးပြုသည်။ ကနေဒါ တပ်ဖွဲ့များကပင် ၂၀၀၂ခုနှစ်အတွင်း မီတာ ၂၃၁၀ဖြင့်တစ်ကြိမ်၊ မီတာ ၂၄၃၀ဖြင့် တစ်ကြိမ် စံချိန်ချိုးထားခဲ့သည်။ သို့သော် ၂၀၀၉ခုနှစ် နိုဝင်ဘာတွင် ဗြိတိသျှလက်ဖြောင့် သေနှတ်သမားက ဒဿမ၃၃၈ ကျည်သုံးကာ အကွာအဝေး ၂၄၇၅ မီတာဖြင့် စံချိန် ချိုးခဲ့သည်။ သို့သော် ၂၀၁၂ခုနှစ်တွင် သြစတေးလျ တပ်ဖွဲ့ဝင်မှ M82 ရိုင်ဖယ်ဖြင့် အကွာအဝေး ၂၈၁၅ မီတာမှ ပစ်မှတ်ကို ချေမှုန်းကာ စံချိန်သစ်ယူသွားခဲ့သည်။ ဒဿမ၅ မီလီမီတာ ကျည်ဆံများကို လက်ဖြောင့်တပ်ဖွဲ့သုံးအတွက် အဆင့်မြင့်ပေးလာနိုင်ခြင်း၊ ချိန်ဆိုဒ်များ တာဝေး အတိုင်းအတာနှင့် အကူပစ္စည်းများ တိုးတက်လာခြင်းကြောင့် မူလသတ်မှတ်ထားသည့် ထိရောက်အကွာအဝေးထက် ပိုမိုထိရောက်စွာ ပစ်ခတ်လာနိုင်သည်။ 


KIA တပ်ဖွဲ့သုံး တာဝေးပစ် ဒဿမ၅ စက်သေနှတ်ပစ်ခတ်နေစဉ်

ထို့အပြင် အခြား ကျည်များနှင့်မတူပဲ ဒဿမ၅ ကျည်များ၏ အဖျက်စွမ်းသည် လူသားပစ်မှတ်များအပေါ် လုံလောက်သည်ထက် သာလွန်သည့် အတိုင်းအတာတွင် ရှိသဖြင့် နိုင်ငံတကာ တပ်မတော်များက သဘောကျကြသည်။ ဒဿမ၅ ရိုင်ဖယ်များသည် အဆင့်မြင့်ရှာဖွေရေး ကိရိယာများနှင့်တွဲဖက်ကာ သံချပ်ကာ အပေါ့စားများနှင့် ကွန်ကရိအကာအကွယ်များကို ဖေါက်ထွှင်းချေမှုန်းနိုင်သော်လည်း  ပိုမိုထူထဲသော တင့်ကဲ့သို့သံချပ်ကာ အကာအကွယ်နှင့် အခိုင်အမာဘန်ကာများ အကာအကွယ်များ နောက်မှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အနည်းငယ် လိုအပ်ချက် ရှိနေဆဲဖြစ်သောကြောင့် ၁၄.၅ မမနှင့် ၂၀မမ ကျည်များကို အသုံးပြု ပစ်ခတ်နိုင်ရန်အထိ ရည်ရွယ်ခဲ့ကြသည်။ သို့သော် ခြေလျင်နှင့် အထူးတပ်ဖွဲ့များအတွက် ကြီးမားလေးလံသဖြင့် ဒဿမ၅ ရိုင်ဖယ်များကသာ ဖျက်အားပြင်းတာဝေး လက်ဖြောင့် ရိုင်ဖယ်များ အဖြစ် ယနေ့တိုင် နိုင်ငံတကာ တပ်မတော်များတွင် အသုံးပြုကြသည်။

M-82 With remote control

ထို ဒဿမ၅ ရိုင်ဖယ်များကိုပင် လူဖြင့် ပစ်ခတ်ရန် မလိုပဲ အဝေးထိန်းစနစ်ဖြင့် တွက်ချက်ပစ်ခတ်နိုင်ရန် စီစဉ်ခဲ့ကြရာ အမေရိကန်၏ M82 ရိုင်ဖယ်များသည် အသင့်တော်ဆုံးအဖြစ် ရွေးခြယ်ခဲ့ကြသည်။ သို့သော် နည်းပညာလိုအပ်ချက်နှင့် ကုန်ကျစားရိတ်ကြောင့် အသုံးပြုမှု နည်းပါးသည်။ 

ဆီးရီးယားစစ်ပွဲတွင်းသုံး လက်ဖြစ် အဝေးထိန်း ဒဿမ၅  စနိုက်ပါစနစ်

သို့သော် ပေါများစွာ ဝယ်ယူရရှိနိုင်သော အီလက်ထောနစ်ပစ္စည်းများနှင့် နည်းပညာများကြောင့် ဒဿမ၅ ရိုင်ဖယ်များကိုပင် လက်လုပ် ရီမုစနစ်များ ကင်မရာများ တပ်ဆင်ကာ မြို့တွင်းတိုက်ပွဲများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေသည်ကို ဆီးရီးယားကဲ့သို့ စစ်ပွဲများတွင် တွေ့ရှိလာရသည်။ အမေရိကန်နှင့် မဟာမိတ်တို့၏ ထိုအောင်မြင်သော စနစ်ကို တုပကာ တရုတ်နှင့် အခြား လက်နှက်ထုတ်လုပ်သည့် နိုင်ငံများကလဲ တီထွှင်ထုတ်လုပ်ခဲ့ကြသည်။ 

ဝတပ်ဖွဲ့သုံး QUB-10
ဝ တပ်မတော်သုံး

 

 

 

 

KIA တပ်မတော်သုံး

 

 

 

 

 

 

 

အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတို့တွင်လဲ ဒဿမ၅ စနိုက်ပါရိုင်ဖယ်များကိုအသုံးပြုပြီး မြန်မာပြည်တွင်းရှိ KIA တပ်ဖွဲ့များနှင့် ဝ တပ်ဖွဲ့များတွင် တရုတ်လုပ် QUB-10 ကဲ့သလို့ အဆင့်မြင့် ဒဿမ၅ ကျည်သုံး စနိုက်ပါရိုင်ဖယ်များ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။
ကျန်းမာချမ်းသာကြပါစေ။   


Wednesday, April 9, 2014

ကမ္ဘာကျော် တင့်ကားပျံများ အကြောင်း

(ဆောင်းပါးရှင် ကို Sky Hunter၏ ကမ္ဘာကျော် တင့်ကားပျံများအကြောင်း ဆောင်းပါးအား
 ဖော်ပြပေးလိုက်ပါသည်။ မိမိတို့ လေတပ်၏ အဓိက တိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးစားဖြစ်သော Mi-35PN ရဟတ်ယာဉ်များအကြောင်းပါဝင် တင်ဆက်ပေးထားသဖြင့် စိတ်ဝင်စားသူ ညီ၊အစ်ကိုများအတွက် တန်ဖိုးရှိသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။)



ဆိုဗီယက်တို့၏ Mi-24ရဟတ်ယာဉ်များကို ၁၉၆၉ခုနှစ်မှ စတင်အသုံးပြုခဲ့ရာ ယနေ့ထိတိုင်ပင်ဖြစ်သည်။ကမ္ဘာတိုက်ခိုက်ရေး ရဟတ်ယာဉ် သမိုင်းကြောင်းတွင် အရှည်လျားဆုံးနဲ့ ထုပ်လုပ်မူနှင့် သုံးစွဲသောနိုင်ငံ အရေအတွက် အများဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်လည်း ဖြစ်သည်။

ဗီယက်နမ်စစ်ပွဲအစက အမေရိကန်တပ်ဖွဲ့များသည် ခြေလျှင်တပ်ဖွဲ့များကို အနီးကပ် ပစ်ကူပေးရာတွင် တိုက်လေယာဉ်များ အသုံးပြုရာ ဖျက်စွမ်းအားကြီးမားသော်လည်း လုံးထွေးတိုက်ခိုက်နေသော ရင်ဆိုက် တိုက်ပွဲများတွင် ထိရောက်စွာ ပစ်ကူပေးနိုင်မူ အားနည်းသည်။ထို့ကြောင့် ရဟတ်ယာဉ်ချီစစ်ဆင်ရေးများတွင် အသုံးပြုနေသော UH-1(Bell-205)ရဟတ်ယာဉ်များကို လက်နက်တပ်ဆင်စေခြင်းဖြင့် ထိရောက်သော ပြစ်ကူ ပြစ်အား ပေးစွမ်းနိုင်ခဲ့သည်။ထိုသည်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၏ သမိုင်းအစပင်ဖြစ်သည်။

သို့သော် UH-1ရဟတ်ယာဉ်များသည် တိုက်ခိုက်ရေးသီးသန့်မဟုတ်ပဲ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်သာ ဖြစ်ခြင်းကြောင့် တိုက်ခိုက်ရေးသီးသန့်ဖြစ်ပြီး ရန်သူ၏ တန်ပြန်ပစ်ခတ်မူကို အကာအကွယ်ပေးနိုင်သော ကျဉ်ကာ စနစ်တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို စတင်တည်ဆောက်ခဲ့ရာ Bell AH-1 Cobra ရဟတ်ယာဉ် စတင်ပေါ်ပေါက်လာခဲ့သည်။

၁၉၆၀ပြည့်နှစ်တွင် ဆိုဗီယက်ကြည်းတပ်မှ ခြေလျှင်တပ်ဖွဲ့များကို သယ်ဆောင်နိုင်ပြီး အနီးကပ်ပြစ်ကူပေးနိုင်သော ရဟတ်ယာဉ် တစ်မျိုးကို ထုပ်လုပ်ရန် အလိုရှိခဲ့သည်။စစ်မြေပြင်တွင် တိုက်ပွဲဝင် စစ်သည်များအတွက် လိုအပ်သော ပစ်ကူ အကာအကွယ်နှင့် တင့်ကားရန်မှ ကာကွယ်ရန် ရဟတ်ယာဉ် တစ်မျိုးကို Mil Moscow Helicopter Plantကို တာဝန်ပေးအပ်ခဲ့သည်။Mil ရဟတ်ယာဉ် ထုပ်လုပ်ရေး ဒီဇိုင်းနာများက တိုက်ခိုက်ရေးရဟတ်ယာဉ်အတွက် အလတ်စားကိုယ်ထည်ရှိသော အရပ်ဖက်သုံး V-22ရဟတ်ယာဉ်ကို အခြေခံကာ တည်ဆောက်ရန် ရွေးချယ်ခဲ့ကျသည်။ထိုတိုက်ခိုက်ရေး ရဟတ်ယာဉ်တွင် အနီးကပ် ပစ်ကူပေးရန် စက်အမြောက်နှင့် ရော့ကတ်ဒုံးများ တင့်ဖျက်လက်နက်များ တပ်ဆင်ထားပြီး စစ်သည်ငါးဦးနှင့်အထက် သယ်ဆောင်နိုင်ရန် တင်ဒါခေါ်ပေးခဲ့သည်။ပထမဦးဆုံးသော စမ်းသပ်ပုံစံ ရဟတ်ယာဉ်မှာ စစ်သည် ၈ဦး တင်ဆောင်နိုင်ပြီး 9M 17 Phalanga တင့်ဖျက်ဒုံး နှစ်လုံးသယ်ဆောင်နိုင်သော Yellow 24ဟု အမည်ရသော ရဟတ်ယာဉ်ကို ၁၉၆၈ မေလ ၆ရက်နေ့တွင် စတင်ပျံသန်းခဲ့သည်။ထို့နောက် ၁၈လအကြာ ၁၉၇၀ခုနှစ်တွင် Mi-24ဖြစ်လာမည့် ဒီဇိုင်းကို အောင်မြင်စွာ ထုပ်လုပ်နိုင်ခဲ့သည်။ထိုရဟတ်ယာဉ်တွင် အောက်သို့ ၁၂ဒီဂရီနှိမ့်ချထားသော တောင်ပံငယ် တစ်ခု တပ်ဆင်ထားပြီး ရော့ကတ်ဒုံးများကို တပ်ဆင်နိုင်သော နေရာနှစ်ခုနှင့် မူလ ကိုယ်ထည်တွင် တပ်ဆင်ခဲ့သော တင့်ဖျက်ဒုံးကို တောင်ပံထိပ်တွင် နှစ်လုံးတွဲ အဖြစ် ပြောင်းလဲ ချိတ်ဆွဲခဲ့သည်။အနောက် ပန်ကာအား ညာမှ ဘယ်သို့ ပြောင်းလဲ တပ်ဆင်ခဲ့သည်။ဘီးခေါက်သိမ်းနိုင်သောကြောင့် မူလသာမန်ပျံနှုန်း 185km/hrမှ 200km/hr အထိ တိုးတက် ပျံသန်းလာနိုင်ခဲ့သည်။၁၂.၇မမ စက်အမြောက်အား ကိုယ်ထည်နဘေးမှ အရှေသို့ ပြောင်းလဲတပ်ဆင်ခဲ့သည်။မူလ အင်ဂျင်တစ်လုံးမှ TV-3 117 တာဘိုရှက်ဖ် အင်ဂျင်နှစ်လုံးကို ပြောင်းလဲ တပ်ဆင်ခဲ့သည်။


 Mi-24၏ ပထမဆုံးသော စစ်ဆင်ရေးမှာ အီသီယိုးပီးယားတပ်မတော်မှ ဆိုမာလီယာတပ်ဖွဲ့များ ကျုးကျော်မူကို ဟန့်တားသော Ogardenစစ်ပွဲဖြစ်သည်။အရှေတောင်အာရှတွင်လည်း ဗီယက်နမ်လေတပ်မှ ကမ္ဘဒီးယားမှ ပိုပေါ့၏ ခမာနီတပ်ဖွဲ့များ ကျုးကျော်မူကို တိုက်ခိုက်ခဲ့သော စစ်ပွဲဖြစ်သည်။ထိုစစ်ပွဲတွင် ခမာနီများကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။


Mi-24၏ အထင်ရှားဆုံးသော စစ်ဆင်ရေးမှာ မူဂျာဟစ်သူပုန်များကို နှိမ်နင်းသော ဆိုဗီယက်-အာဖဂန်စစ်ပွဲဖြစ်သည်။ထိုစစ်ပွဲတွင် Mi-8နှင့် Mi-24ရဟတ်ယာဉ်တို့သည် ဆိုဗီယက် ခြေလျှင် တပ်ဖွဲ့များကို ရွှေ့ပြောင်းကာ စစ်ဆင်စေနိုင်ခဲ့ပြီး Mi-24ရဟတ်ယာဉ်များဖြင့် ထိထိရောက်ရောက် ပစ်ကူပေးနိုင်ခဲ့သည်။မူဂျာဟစ်များ၏ ပင်မစခန်းများကို ရဟတ်ယာဉ်မှ ပေါင်၅၅၀ဗုံးများသယ်ဆောင်ကာ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့သည်။မူဂျာဟစ် သူပုန်များသည် အမေရိကန်အတွက် ဘိန်းဖြန့်ဖြူးပေးရာတွင် အကောင်းဆုံးသော သူပုန်များဖြစ်ရာ CIAမှ မူဂျာဟစ်သူပုနိများကို ပခုံးထမ်း တာတိုပစ် လေကြောင်းရန်ကာကွယ်ရေး Stingerဒုံးများ ထောက်ပံပေးအပ်ခဲ့သည်။Mi-24ရဟတ်ယာဉ်၏ ပင်မကိုယ်ထည်သည် ၁၂.၇လေယာဉ်ပြစ် စက်သေနတ်များဖြင့် ပစ်ခတ်လျှင်တောင် ကျဉ်ဆံဖောက်ထွင်းနိုင်မူ မရှိပေ။ထို့ကြောင့် အပူငွေ့ရှာ ပခုံးထမ်းဒုံးများကို မူဂျာဟစ် သူပုန်များအားပေးအပ်ခဲ့သည်။Mi-24၏ အာဖဂန်စစ်ပွဲအတွင်းပထမဆုံးသော ပစ်ချခံရမူမှာ ၁၉၇၉ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့တွင် ပခုံးထမ်းဒုံးဖြင့် ပစ်ချခံခဲ့ရသည်။သို့သော် နောက်ပိုင်းတွင် ရဟတ်ယာဉ်အား အပူငွေ့ရှာ လက်နက်များ အန္တရယ်မှ ကင်းဝေးစေရန် Radar Warning Receiver(RWR) ဒုံးအချက်ပေးစနစ်နှင့် မီးကျဉ်ပစ်လွှတ်ပြီး ဒုံးအား လမ်းလွှဲသော စနစ် Flaresများ တပ်ဆင်လာခဲ့သလို အင်ဂျင်မှ ထွက်သော အပူကို လျော့ချပေးသော Heat Reduce Shield(HRS)များ တပ်ဆင်ခဲ့သောအခါ Stingerဒုံးများ အသက်မဲ့ခဲ့ရပါသည်။

Mi-24ရဟတ်ယာဉ်ကို နေတိုးမှ လျို့ဝှက်အခေါ် Hindဟု နာမည်ပေးထားပါသည်။ဆိုဗီယက်လေသူရဲများမှ ၁၂.၇စက်အမြောက်ကျဉ်များပါ ကာကွယ်နိုင်ပြီး ပစ်အားမှာ ခြေလျှင်တပ်ရင်း သုံးရင်းစာနီးပါးရှိသော ထိုရဟတ်ယာဉ်ကို တင့်ကားပျံများ(Flying Tank)ဟု ခေါ်ဝေါ်ခဲ့ကျသည်။မတွင်ကျယ်သော ချစ်စနိုးအမည်မှာ ရဟတ်ယာဉ်၏ဦးပိုင်းသည် မိခေါင်း၏ ခေါင်းကဲ့သို့ ရှိသောကြောင့် မိချောင်း(Crocodile)ဟု ခေါ်ဆိုခဲ့သည်။

Mi-24၏အစောပိုင်းမျိုးကွဲများသည် ရဟတ်ယာဉ်၏ ရှေပိုင်းတွင် ၁၂.၇စက်အမြောက် တစ်လက်တပ်ဆင်ထားပြီး ကျဉ်တောင့်ရေ ၁၄၇၀တောင့် သယ်ဆောင်နိုင်သည်။Mi-24 VPနှင့် Mi-24VMတို့တွင် အသေတပ်ဆင်ထားသော GSh-23L ၁၂.၇မမ စက်အမြောက်နှစ်လက်တပ်ဆင်ကာ ကျဉ်၄၅၀တောင့် သယ်ဆောင်နိုင်သည်။တောင်ပံအတွင်း လက်နက်တပ်ဆင်နိုင်သော နေရာတွင် 500kg အလေးချိန်ရှိသော လက်နက်ကို သယ်ဆောင်နိုင်ပြီး တောင်ပံ၏ အပြင်လက်နက်တပ်ဆင်နိုင်သော နေရာတွင် 250kg အလေးချိန်ရှိ လက်နက်များ တပ်ဆင်နိုင်သည်။တောင်ပံအဖျားတွင် 9M-17 Phalanga တင့်ဖျက်ဒုံး တပ်ဆင်နိုင်သည်။



ပထမမျိုးဆက် Hind-A/B/C/D

Mi-24 ရဟတ်ယာဉ်ကို အကြမ်းဖျင်း မျိုးဆက် သုံးခု ခွဲခြားနိုင်ပါသည်။ပထမမျိုးကွဲမှာ Mi-24Aမှ Mi-24Dအထိ သတ်မှတ်ထားပါသည်။ပထမမျိုးဆက် Mi-24AမှMi-24 HindCအထိ V-24ရဟတ်ယာဉ်ပုံဟောင်း အတိုင်းသာဖြစ်သည်။Mi-24Dမှ စတင်ကာ ရှေနောက် တစ်ခုစီ ကွဲပြားသွားသော လေယာဉ် ပေါင်းမိုး(Canopy)နှင့် ပုံစံ အသစ်ဖြစ်ပေါ်လာသည်။Flareများ ရန်သူမိတ်ဆွေ ခွဲခြားသော IFFစနစ်များ အင်ဂျင်လေဝင်ပေါက် ဖုန်ကာစနစ် Dust Shieldများ ပါဝင်လာသည်။ပြောင်းလေးပေါက်ပါဝင်သော GSh-23 ၁၂.၇မမ စက်အမြောက်နှင့် ကျဉ် ၁၄၇၀တောင့် သယ်ဆောင်နိုင်သည်။၅၇မမ S-5ရော့ကတ်နှင့် ၂၄၀မမ C-24အကြီးစား ရော့ကတ်များ သယ်ဆောင်နိုင်ပါသည်။ပေါင် ၂၅၀ဗုံးများနှင့် ပေါင် ၅၅၀ဗုံးများကိုလည်း သယ်ဆောင်နိုင်ပါသည်။တင့်ဖျက်ဒုံးအဖြစ် 9M-17 Phalagan ဒုံး လေးလုံးသယ်ဆောင်နိုင်ပါတယ်။ဒေသတွင်း Mi-24Dများကို အိန္နိယ ဗီယက်နမ် အင်ဒိုနီးရှားတို့မှ အသုံးပြုလျှက်ရှိပါတယ်။

ဒုတိယမျိုးဆက် Mi-24V Hind-Eနှင့် Mi-24P Hind-F

ဒုတိယမျိုးဆက်တွင် ရဟတ်ယာဉ်၏ ကိုယ်ထည်တည်ဆောက်မူမှာ ပေါ့ပါးသော သတ္ထုစပ်ကိုယ်ထည်ကို အသုံးပြုထားသော်လည်း ကျဉ်ကာစနစ်ကို လျော့ချထားခြင်းမရှိပေ။ပန်ကာ၏ သတ္တုစပ်စနစ်ကို ပြောင်းလဲထားသောကြောင့် လှုပ်ရှားစစ်ကစားမူ ပိုကောင်းမွန်လာပါသည်။Mi-24Vတွင် GSh-23L ၁၂.၇မမ စက်အမြောက် နှစ်လက်ပူး အသုံးပြု၍ ကျဉ် ၄၅၀တောင့် ထည့်သွင်းထားပါတယ်။Mi-24Vရဟတ်ယာဉ်ရဲ့ စက်အမြောက်များဟာ လေသူရဲမှ ထိန်းချုပ် ရွေ့လျားနိုင်ခြင်းမရှိပဲ အသေတပ်ဆင်ထားသည်။Mi-24Pရဟတ်ယာဉ်တွင် GSh-30 ၃၀မမ အကြီးစားစက်အမြောက် နှစ်လက်တွဲကို လေယာဉ်၏ကိုယ်ထည်နံဘေးတွင် တပ်ဆင်ထားသည်။၁၂.၇မမ စက်အမြောက်သည် သံချပ်ကာကားမိားနှင့် မြေပြင်တပ်ဖွဲ့များသာ ထိရောက်ပြီး တင့်ကားများကို ထိရောက်စွာ ပစ်ခတ်နိုင်မူမရှိပေ။ထို့အပြင် အခိုင်အမာခံကတုတ်များကို ၃၀မမ စက်အမြောက်ကသာ ဖောက်ထွင်းနိုင်သောကြောင့် ယခုကဲ့သို့ပြောင်းလဲ တပ်ဆင်ခဲ့ခြင်းဖြစ်သည်။Mi-24Pသည် ရုရှားကြည်းတပ်တပ်ဖွဲ့၏ အမာခံတိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်သည်။
လက်နက်တပ်ဆင်မူ အနေဖြင့် Mi-24V/Pများတွင် 57mm C-5ရော့ကတ်များ 80mm S-8ရော့ကတ်များ ပေါင် ၂၅၀နှင့် ၅၅၀ဗုံးများ နှင့် 9K114 Shturm တင့်ဖျက်ဒုံး လေးလုံးသယ်ဆောင်နိုင်ပြီး ၃၀မမကျဉ် ၇၅၀တောင့် သယ်ဆောင်နိုင်သည်။


တတိယမျိုးဆက် Mi-35Mနှင့် Mi-24PN

Mi-24ထဲတွင် အဆင့်အမြင့်ဆုံးသော Mi-24ဖြစ်သည့် Mi-24PNများကို ရုရှားလေတပ်သုံးအဖြစ် အသုံးပြုလျှက်ရှိသည်။အပူငွေ့ရှာ ဒုံးအန္တရယ်မှ ကာကွယ်ပေးသော Heat Reduce Shieldများ တပ်ဆင်ထားသည်။Mi-24Pကဲ့သို့ ၃၀မမ စက်အမြောက်များ တပ်ဆင်ထားသည်။ယခင် Mi-24များမှာ ညစစ်ဆင်နိုင်မူ မရှိပဲ ယခု တတိယမျိုးဆက်များတွင် ညစစ်ဆင်နိုင်စွမ်းရှိလာသည်။Mi-24PNတွင် TVလမ်းညွန်စနစ်များ FLIRဟုခေါ်သော အနီအောက်ရောင်ခြည်ရှာဖွေရေး စနစ်များ ပါဝင်ပါသည်။Mi-35Mသည် ညစစ်ဆင်ရေးအတွက် ပိုမိုကောင်းမွန်စေရန် ရုရှားတိုက်လေယာဉ်များတွင် အသုံးပြုလေ့ရှိသော အလင်းသံလိုက်စက်ကွင်းနည်းပညာ Electro Optical Location System(OLS)များပြောင်းလဲ တပ်ဆင်ခြင်း စစ်သည် ၈ယောက်အစား ၃ယောက်ကိုသာ တင်ဆောင်ပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်စစ်စစ်ဖြစ်လာစေခြင်း ယခင် ၃၀မမ စက်မြောက်အစား ၁၂.၇မမ စက်အမြောက် တစ်လက်ထဲတပ်ဆင်ကာ လှုပ်ရှားစစ်ကစားမူနှင့် ရဟတ်ယာဉ်၏ အလေးချိန်ကို လျော့ချပေးခြင်း လက်နက်တပ်ဆင်နိုင်သောနေရာ ၆ခုအစား အပါချီကဲ့သို့ လက်နက်တပ်ဆင်နိုင်သော နေရာ ၄ခုသာထားရှိပြီး Unguided လက်နက်များထက် တိကျလမ်းညွန် လက်နက်များကို ပိုမို အသုံးပြုကာ ရဟတ်ယာဉ်အား multirole ဘက်စုံသုံးစနစ်ပိုမိုဆန်လာစေခြင်း ဘီအတင်အချမပြုလုပ်နိုင်သော အသေတပ်ဘီးများ ထားရှိခြင်းကြောင့် ဘီးချမရသည့် ပြသာနာအား လျော့ပါးစေခြင်း တို့ကို အဆင့်မြင့်တင်ထားသည်။Mi-35M၏ လေယာဉ်မောင်းခန်းကို ဖန်သားပြင် လေယာဉ်မောင်းခန်းစနစ်(Glass Cockpit)ကို မြင့် တင်ထားသည်။ အချို့သော Mi-24PNများသည် OLSစနစ်များ ပါဝင်ပါသည်။Mi-35Mနှင့် Mi-24PNအချို့တွင် Igla ဝေဟင်ပစ် တာတိုဒုံးများ တပိဆင်နိုင်ပါသည်။Mi-24PNတွင် ၃၀မမ စက်အမြောက်နှစ်လက်နှင့် ကျဉ်အတောင့် ၇၅၀,၅၇မမ S-5ရောကတ်ဒုံး,၈၀မမ S-8ရောကတ်ဒုံး,ပေါင်၂၅၀နှင့် ပေါင်၅၅၀ဗုံးများ,9K114 Shturm တင့်ဖျက်ဒုံး လေးလုံးသယ်ဆောင်နိုင်ပါတယ်။Mi-35Mတွင် တန်ပြန်အီလက်ထရောနစ်စနစ် (jumming system) GPS/INS လေကြောင်းလမ်းညွန်စနစ်များပါဝင်ပါသည်။

ဆိုဗီယက်(ရုရှား)နိုင်ငံသည် ပြည်ပသို့ တင်ပို့သော Mi-24Dများကို Mi-25အဖြစ်လည်းကောင်း Mi-24V/Pများကို Mi-35V/Pများအဖြစ်လည်းကောင်း နာမည်ပြောင်းပြီး တင်ပို့လေ့ရှိသည်။



တပ်မတော်လေ နှင့် Mi-35PN

  တပ်မတော်လေသည် အနီးကပ်ပစ်ကူပေးတာဝန်များ ယာဉ်တန်းအစောင့်လိုက် တာဝန်များ တင့်ဖျက်စစ်ဆင်ရေးများ ဆင်နွဲနိုင်ရန် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးကို ဝယ်ယူရန် ကြိုးပမ်းခဲ့သည်။ယခင် Mi-2အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် လက်နက်တပ်ဆင်ပစ်ခတ်နိုင်သော Mi-171V ရဟတ်ယာဉ်များရှိသော်လည်း Mi-2ရဟတ်ယာဉ်သည် လက်နက်တပ်ဆင်နိုင်မူ နည်းပါးခြင်း တင့်ဖျက်စစ်ဆင်ရေးများတွင် အသုံးမပြုနိုင်ခြင်းများ ရှိသလို Mi-171Vသည်လည်း တိုက်ခိုက်ရေးရဟတ်ယာဉ် စစ်စစ်မဟုတ်ပေ။ထို့ကြောင့် တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်မျိုးကို ဝယ်ယူရန် ရှာဖွေခဲ့ရာ Mi-24ရဟတ်ယာဉ်များသည် စိတ်ချယုံကြည်ရခြင်း စစ်ဆင်ရေးများစွာတွင် အသုံးချဖူးခြင်း နိုင်ငံပေါင်း၆၃နိုင်ငံတွင် အသုံးပြုနေခြင်းတို့ကြောင့် Mi-24ရဟတ်ယာဉ်ကို ရွေးချယ်ခဲ့သည်။Mi-35PN ရဟတ်ယာဉ် ၁၁စီးကို ဝယ်ယူခဲ့ပြီး အတည်မပြုနိုင်သော သတင်းအရ Mi-35PN အစီး၅၀အထိ ဝယ်ယူရန် သဘောတူညီထားသည်ဟု သိရှိရပါသည်။Mi-35PN တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို KIA အကြမ်းဖက် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးတွင် အသုံးပြုခဲ့ပါသည်။နယ်ခြားစောင့်တပ် အမှတ်(၁၀၀၂)အား KIA အကြမ်းဖက်သောင်းကျန်းသူ အင်အား၄၀၀ခန့်မှ ဝင်ရောက်တိုက်ခိုက်ရာတွင် Mi-35PNတိုက်ခိုက်ရေး ရဟတ်ယာဉ်မှ ညနေ ၆နာရီခွဲမှ ၇နာရီခွဲ အချိန်ထိ ညစစ်ဆင်ရေးပြုလုပ်ကာ တိုက်ခိုက်ခဲ့သည်။ထို့အပြင် ကြည်း/လေ/သံချပ်ကာ/အမြောက်/လေကြောင်းရန် ပူးပေါင်းစစ်ဆင်ရေး (အနော်ရထာ)တွင် Mi-35PN တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၏ တိကျထိရောက်စွာ အနီးကပ် ပြစ်ကူပေးနိုင် ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။Mi-35PNသည် ဒေသတွင်း တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ကြားထဲတွင် စင်ကာပူ၏ AH-64 Apache Longbow ပြီးလျှင် အကောင်းဆုံးဖြစ်သည်။ယခုအခါ Mi-35PNရဟတ်ယာဉ်များကို ရုရှားလေတပ်မှ ဆက်လက်အသုံးပြုနေသော်လည်း ၂၀၁၅မှ စတင်ကာ တဖြည်းဖြည်းချင်း Mi-28တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် အစားထိုးရန် ကြိုးပမ်းနေရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှာ Mi-35PNထက် နောက်ဆုံးပေါ် Apache Longbowတိုက်ခိုက်ရေး ရဟတ်ယာဉ်၏ ပြိုင်ဖက် Mi-28 NEတိုက်ခိုက်ရေး ရဟတ်ယာဉ် ဘက်ကို အာရုံစိုက်နေသည်ဟု သိရှိရပါသည်။သို့သော်ငြားလည်း Mi-35တိုက်ခိုက်ရေး ရဟတ်ယာဉ်၏ စိတ်ချယုံကြည်ရမူ စစ်ဆင်နိုင်စွမ်းကောင်းမွန်မူသည် တပ်မတော်လေအတွက် အထောက်အပံကောင်းများကို ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။အားလုံး ကျန်းမာချမ်းသာကျပါစေ။

 Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ်၏ အချက်လက်အချို့

ဆောင်းပါးရှင် ကို Sky Hunter အား မိမိတို့ ညီ၊အစ်ကိုများမှ ကျေးဇူးအထူးတင်ရှိကြောင်း ဒီနေရာလေးကနေ ပြောကြားလိုပါတယ်...)

Saturday, April 5, 2014

MIG-29SMT တိုက်လေယာဉ်များအကြောင်း

MIG-29SMT သည် ဝေဟင်စိုးမိုးရေးတိုက်လေယာဉ်များဖြစ်သည့် MIG-29B / SE (4 Generations) များကို open architecture avionic system များနှင့် တိကျလမ်းညွှန်ပဲ့ထိန်းလက်နက်များ တပ်ဆင်ပစ်ခတ်နိုင်သည့် ဘက်စုံသုံးတိုက်လေယာဉ်များ (4+ Generations) များအဖြစ် အဆင့်မြှင့်တင်ထားသည့် အမျိုးအစားဖြစ်သည်။ MIG-29 SMT တိုက်လေယာဉ်များကို ၂၀၀၄-ခုနှစ်မှ စတင်၍ ထုတ်လုပ်ခဲ့ပါသည်။

SMT နှင့် သယ်ဆောင်ပစ်ခတ်နိုင်သော လက်နှက်များ
MIG-29 SMT ရဲ့အဓိကအချက်အလက်များကတော့--
 
(၁) တိကျလမ်းညွှန်ပဲ့ထိန်းလက်နက်များ တပ်ဆင်ပစ်ခတ်လာနိုင်ခြင်း။

(၂) multifunction multi-mode pulse-doppler Zhuk-ME ရေဒါတပ်ဆင်ထားခြင်း။

(၃) Open architecture avionic system များကိုအခြေခံထားသည့် data exchange
multiplex channel (bus of MIL STD 1553B standard) များပါဝင်သည့် စစ်ဆင်ရေးကွန်ပြူတာများ တပ်ဆင်ထားသဖြင့် ဝယ်ယူသည့်နိုင်ငံမှ တောင်း
ဆိုမှုအလိုက် ရုရှား (သို့မဟုတ်) အခြားတိုင်းပြည်များမှ avionic system အသစ်များကို လွယ်ကူစွာ ပြောင်းလဲတပ်ဆင် ပေးနိုင်ခြင်း။

(၄) လေယာဉ်မောင်းခန်းအတွင်းကို ယခင်သာမန်ဒိုင်ခွက်များအစား wide-screen MFI-10-6 MFD (10" x 6") Screen (၂)-ခု တပ်ဆင်ထားပြီး၊ HOTAS စနစ်ဖြင့် ချိတ်ဆက်ထားခြင်း။

(၅) INS-GPS လမ်းညွှန်စနစ်များ လမ်းညွှန်ထိန်းကျောင်းစနစ်မှာ ပါဝင်လာခြင်း။

(၆) လေထဲတွင် ဝေဟင်ဆီဖြည့်လေယာဉ်မှ ဆီဖြည့်တင်းနိုင်သည့်စနစ် Inflight Refueling System ပါဝင်လာခြင်း။

(၇) ECM Pod များသယ်ဆောင် အသုံးပြုလာနိုင်ခြင်း။

(၈) လေယာဉ်ကိုယ်ထည်အတွင်း လောင်စာဆီပိုမိုသယ်ဆောင်လာနိုင်သဖြင့် စစ်ဆင်ရေးအကွာအဝေးအား ပိုမိုချဲ့ထွင်လာနိုင်ခြင်း

(၉) ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ရန်လိုအပ်မှု နည်းပါးလာခြင်း။ - စသည်တို့ဖြစ်ပါတယ်။

  
MiG-29SMT တိုက်လေယာဉ်


 MIG-29SMT ကို လိုအပ်ချက်အရ အသစ်တည်ဆောက်နိုင်သလို၊ မူလ MIG-29B, S, SE စသည်တို့မှလည်း အဆင့်မြှင့်တင်နိုင်ပါတယ်။ MIG-29 SMT သို့ အဆင့်မြှင့်တင်ရာတွင် အောက်ပါအချက်အလက်များအတိုင်း အဆင့်မြှင့်တင်နိုင်ပါတယ်။

SMT ၏ လေယာဉ်မောင်းခန်း
(၁) လေယာဉ်ကိုယ်ထည်ကို အင်အားဖြည့်ပြုပြင်၍ ပျံသန်းချိန်နာရီနှင့် တာဝန်ထမ်းဆောင်မှုသက်တမ်း ပိုမိုလာစေပါတယ်။

(၂) RD-33 Series-3 အင်ဂျင်အသစ်ကိုတပ်ဆင်ပေးထားခြင်းကြောင့် ပြင်ထိန်းသိမ်းစားရိတ်နှင့် အသုံးပြုမှုစားရိတ် ပိုမိုသက်သာပါတယ်။

(၃) လေယာဉ်ကိုယ်ထည်ကို ပြောင်းလည်းကာ နောက်ကျောအား ခုံးလိုက်ပြီး အပိုဆီတိုင်ကီများ တပ်ဆင်ခြင်းစသည်တို့ကိုလုပ်ဆောင်လိုက်သဖြင့် လေယာဉ်ကိုယ်တွင်း လောင်စာဆီသယ်ဆောင်နိုင်မှုကို ပိုမိုမြှင့်တင်ပေးပါတယ်။

(၄) သုံးစွဲသူ၏ တောင်းဆိုမှုအရ ဝေဟင်ဆီဖြည့်စနစ်ကို ထည့်သွင်းပေးပါတယ်။

(၅) Avionic System များ အဆင့်မြှင့်တင်တပ်ဆင်ပါတယ်။

(၆) Weapon System အသစ်များ အဆင့်မြှင့်တင်၍ Precision Weapon များတပ်ဆင် ပစ်ခတ်လာနိုင်စေပါတယ်။




 ကုန်ကျစားရိတ်သက်သာမှု
---------------------------
ေေေေေေေေေေ်ေေ

လေယာဉ်ကိုယ်ထည် ပြန်လည်ကြံ့ခိုင်မှုပြုလုပ်ခြင်းနှင့် RD-33 Series-3 အင်ဂျင်သစ်ကို တပ်ဆင်ခြင်းအားဖြင့် မူလ MIG-29B / SE များ၏ ပျံသန်းမှုနာရီ (၂၅၀၀)နာရီ နှင့် တာဝန်ထမ်းဆောင်မှုသက်တမ်း (၂၀)နှစ် မှ ပျံသန်းမှုနာရီ (၄၀၀၀)နာရီ နှင့် တာဝန်ထမ်းဆောင်မှုသက်တမ်း (၄၀)နှစ်သို့ တိုးမြှင့်သွားစေပါသည်။ preflight နှင့် between-flights service များကို (၂၅)မိနစ်အတွင်း လုပ်ဆောင်နိုင်ပြီး၊ postflight servicing ကို (၄၅)မိနစ်အတွင်း ပြုလုပ်နိုင်သဖြင့် combat readiness ပိုမိုကောင်းမွန်ပြီး၊ အကြိမ်များစွာ ပျံသန်းတိုက်ပွဲဝင်နိုင်ပါသည်။ မူလ MIG-29B / SE များသည် ပျံသန်းချိန် (၁၀၀)နာရီ (သို့) ၁၂-လ ပြည့်တိုင်း periodic maintenance ပြုလုပ်ပေးရန်လိုပြီး၊ ပျံသန်းချိန် (၈၀၀)နာရီနှင့် (၁၅၀၀)နာရီ (သို့မဟုတ်) ၉-နှစ် နှင့် ၁၂-နှစ်လျှင် တစ်ကြိမ် Overhaul ပြုလုပ်ပေးရန်လိုအပ်သော်လည်း၊ MIG-29SMT သည် ပျံသန်းချိန် (၂၀၀)နာရီ (သို့) ၂၄-လ ပြည့်တိုင်း periodic maintenance ပြုလုပ်ပေးရန် နှင့် ပျံသန်းချိန် (၁၀၀၀)နာရီ (သို့) (၁၀)နှစ် ရောက်မှ overhaul ပြုလုပ်ပေးရန် လိုအပ်ပါတယ်။



 Zuk-ME ရေဒါ၏ စွမ်းဆောင်ရည်
---------------------------------
Zhuk-ME ရေဒါဟာ ပစ်မှတ် (၂၄)ခုကို တစ်ပြိုက်နက် Detect နိုင်ပြီး၊ ပစ်မှတ် (၁၀)ခုကို တစ်ပြိုင်နက် Track လုပ်နိုင်ပါတယ်။ Zuk-ME ရေဒါ၏ ပစ်မှတ် ထောက်လှမ်းနိုင်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

For 20m2 - detection range - 170km
For 15m2 - detection range - 158km
For 12.5m2 - detection range - 151km
For 10m2 - detection range - 143km
For 8.5m2 - detection range - 137km
For 3m2 - detection range - 106km
For 1m2 - detection range - 80km

   

 Zhuk-ME ရေဒါဟာ Su-30MKI အရွယ်အစားရှိ ဝေဟင်ပစ်မှတ်ကို ၁၅၈-ကီလိုမီတာ အကွာအဝေးတွင်လည်းကောင်း၊ F-16 Block-52 / MIG-29 / Gripen / JF-17 အရွယ်အစားရှိ ဝေဟင်ပစ်မှတ်ကို ၁၂၀-ကီလိုမီတာ အကွာအဝေးတွင်လည်းကောင်း အသီးသီး ထောက်လှမ်း နိုင်ပြီး၊ ၎င်းတို့အထဲမှ ပစ်မှတ် (၄)ခုကို တစ်ပြိုက်နက်တည်း R-77 RVVAE ဒုံးပျံဖြင့် ၁၀၀-ကီလိုမီတာ အကွာအဝေးထိလည်းကောင်း၊ AEW&C အကူအညီဖြင့် ၁၆၀-ကီလိုမီတာအကွာအဝေးအထိလည်းကောင်း ပစ်ခတ်ချေမှုန်းနိုင်ပါတယ်။ R-27ER1/ET1 ဒုံးပျံဖြင့်လည်း ၁၀၀-ကီလိုမီတာ အကွာအဝေးထိ AEW&C အကူအညီဖြင့် ၁၃၀-ကီလိုမီတာ အကွာအဝေးအထိ၎င်း ပစ်ခတ်ချေမှုန်းနိုင်ပါတယ်။

 
 Destroyer အရွယ်အစားရှိ ရေပြင်ပစ်မှတ်ကိုလည်း ၃၀၀-ကီလိုမီတာအကွာအဝေးမှ ထောက်လှမ်းနိုင်ပြီး Kh-31AD သင်္ဘောဖျက်ဒုံးပျံဖြင့် (၁၆၀)ကီလိုမီတာအကွာအဝေးထိလည်းကောင်း၊ Kh-31A သင်္ဘောဖျက်ဒုံးပျံဖြင့် (၅၀/၇၀)ကီလိုမီတာအကွာအဝေးထိလည်းကောင်း၊ Kh-35E သင်္ဘောဖျက်ဒုံးပျံဖြင့် (၁၃၀)ကီလိုမီတာအကွာအဝေးထိလည်းကောင်း၊ Kh-35UE သင်္ဘောဖျက်ဒုံးပျံဖြင့် (၂၆၀)ကီလိုမီတာအကွာအဝေးထိလည်းကောင်း ပစ်ခတ်ချေမှုန်းနိုင်ပါသည်။


ရေဒါစခန်းများအား Kh-31P ရေဒါဖျက်ဒုံးပျံဖြင့် (၁၈၅)ကီလိုမီတာအကွာအဝေးထိ ပစ်ခတ်ချေမှုန်းနိုင်ပါသည်။


ရေပြင်/မြေပြင်ပစ်မှတ်များအား Kh-29TE မြေပြင်ပစ် TV ပဲ့ထိန်းဒုံးပျံဖြင့် (၃၀)ကီလိုမီတာအကွာအဝေးထိလည်းကောင်း၊ Kh-29L လေဆာပဲ့ထိန်းဒုံးပျံဖြင့် (၁၀)ကီလိုမီတာ အကွာအဝေးထိ ပစ်ခတ်ချေမှုန်းနိုင်ပါသည်။ Kh-25MLE/MSE မြေပြင်ပစ်ဒုံးပျံဖြင့် (၄၀)ကီလိုမီတာအကွာအဝေးထိ ပစ်ခတ်နိုင်ပါသည်။ မြေပြင်တွင် လှုပ်ရှားနေသည့်တင့်ကားအုပ်စုကို ၂၅-ကီလိုမီတာ အကွာအဝေးမှ ထောက်လှမ်းသိရှိနိုင်ပြီး ချေမှုန်းနိုင်ပါသည်။

#Zhuk-ME ရေဒါအကြောင်းကို Post တစ်ခုအနေဖြင့် သီးသန့်ဖော်ပြပါဦးမည်။


 Laser Range-Finding- Infra-Red Search and Track System
-------------------------------------------------------------------
၎င်းစနစ်သည် လေယာဉ်အရှေ့ပိုင်းတွင်တပ်ဆင်ထားပြီး လေယာဉ်၊ သင်္ဘော၊ တင့်ကား၊ လူ၊ အဆောက်အဦးများမှ ထွက်ရှိသည့်အပူလှိုင်းများကို ထောက်လှမ်းပြီး၊ Laser Range Finder ဖြင့် (၁၉၂)ကီလိုမီတာအကွာအဝေးရှိပစ်မှတ်များကို တစ်ပြိုက်နက်တည်း (၂၄)ခုအထိ ထောက်လှမ်းနိုင်ပါသည်။ BVR Combat အတွက် ၎င်းစနစ်ကို MIG-29SMT တွင် R-27ET1 ဖြင့်တွဲဖက်ပြီး၊ ၁၀၀-ကီလိုမီတာ အကွာအဝေးထိပစ်ခတ် ချေမှုန်းနိုင်ပါသည်။ အဆိုပါစနစ်သည် ရန်သူ့တန်ပြန်နှောင့်ယှက်မှုလှိုင်းများ ပြင်းထန်စွာထုတ်လွှင့်ထားသည့် ပတ်ဝန်းကျင်တွင်လည်းကောင်း၊ ရန်သူ့ stealth နည်းပညာသုံး ရေယာဉ်/လေယာဉ်များအား ထောက်လှမ်းရှာဖွေရာတွင်လည်းကောင်း များစွာအသုံးဝင်ပြီး၊ ရုရှားတိုက်လေယာဉ်များ၏ အဓိက အားသာချက်တစ်ခုပင်ဖြစ်ပါသည်




ရေဒါနှင့် အီလက်ထရွန်နစ်တန်ပြန်နှောက်ယှက်မှုစနစ်များ
---------------------------------------------------------
MIG-29 တွင်တပ်ဆင်ထားသည့် ရေဒါနှင့် အီလက်ထရွန်နစ်တန်ပြန်နှောက်ယှက်မှုစနစ်သည် အချင်း ၃၂-ကီလိုမီတာအကွာအဝေးအတွင်းရှိ လေယာဉ်၊ ဒုံးပျံများအား တန်ပြန်နှောင့်ယှက်နိုင်ပါသည်။ အီလက်ထရွန်နစ်တန်ပြန်နှောက်ယှက်မှုလှိုင်းများ ထုတ်လွှင့်လိုက်သည်နှင့် ရန်သူ့တန်ုပြန်နှောင့်ယှက်မှုလှိုင်းများ ထုတ်လွှင့်နေသည့် လေယာဉ်ကို တွေ့ရှိနိုင်ချေ ၁၀% ပိုများလာပြီး၊ ရန်သူ့ လက်နက်စနစ်မှ မိမိကို lock လုပ်နိုင်ချေ ၂၀% လျော့ကျစေပြီး၊ ရန်သူ့ဒုံးပျံမှ စတင်တိုက်ခိုက်နိုင်ခြင်းမရှိစေရန် ၆% လျော့ချပေးပါတယ်။

 

                MSP-418K ၏ အလုပ်လုပ်ပုံ ဗီဒီယို

 ပျံတက်နိုင်မှုအလေးချိန်, (ကီလိုဂရမ်) : ပုံမှန် - ၁၇၀၀၀ ၊ အများဆုံး - ၂၂၀၀၀
ကိုယ်ထည်တွင်းလောင်စာဆီ သယ်ဆောင်နိုင်မှု (ကီလိုဂရမ်) : ၄၂၀၀
အပိုဆီတိုင်ကီများ (ကီလိုဂရမ်) : ၁ x ၁၅၀၀, ၂ x ၁၁၅၀
အများဆုံးလက်နက်သယ်ဆောင်နိုင်မှုအလေးချိန် (ကီလိုဂရမ်) : ၅၀၀၀
အမြန်နှုန်း (မိုင်/နာရီ) : အနိမ့်ပျံ - ၁၅၀၀၊ အမြင့်ပျံ - ၂၄၀၀ (2.25 Mach)
အမြင့်ဆုံးတက်နိုင်သည့် အမြင့်ပေ (မီတာ) : ၁၇၅၀၀
အဝေးဆုံးပျံသန်းနိုင်မှု (ကီလိုမီတာ) : အပိုဆီတိုင်ကီမပါ - ၁၈၀၀
အပိုဆီတိုင်ကီ (၁)လုံး - ၂၄၀၀
အပိုဆီတိုင်ကီ (၃)လုံး - ၃၀၀၀ /
+ ဝေဟင်ဆီဖြည့်စနစ် - ၆၀၀၀
အင်ဂျင် : RD-33 Series-3 (၂)လုံး
လက်နက်တပ်ဆင်နိုင်ရန်နေရာ : ပုံမှန် - တောင်ပံနှစ်ဖက်အောက်
(၆) နေရာ + ဝမ်းဗိုက်အောက် (၁)နေရာ
: တိုးချဲ့ - စုစုပေါင်း (၁၁)နေရာ
(ထပ်တိုး (၂)စင်းတွဲ လက်နက်ပစ်စင် -၄ ခု)
ဝေဟင်မှ ဝေဟင်ပစ်လက်နက်များ : မြင်ကွင်းလွန်ဝေဟင်ပစ်ဒုံးပျံ - R-77 RVVAE - (၆) စင်း
- R-27ER1/ET1 - (၂) စင်း
: တာလတ်ဝေဟင်ပစ်ဒုံးပျံ - R-27R1/T1 - (၂) စင်း
: တာတိုဝေဟင်ပစ်ဒုံးပျံ - R-73E - (၆) စင်း
မြေပြင်/ရေပြင်ပစ်ပဲ့ထိန်းဒုံးပျံများ : မြေပြင်ပစ်အပူလှိုင်းရှာဒုံးပျံ - Kh-29T/ET - (၂) စင်း
: မြေပြင်ပစ်လေဆာပဲ့ထိန်းဒုံးပျံ - Kh-29L - (၂) စင်း
- Kh-25ML/MSE/MLE- (၂) စင်း
: သင်္ဘောဖျက်ဒုံးပျံ - Kh-31A - (၂) စင်း
- Kh-35E - (၂) စင်း
: ရေဒါဖျက်ဒုံးပျံ - Kh-31P - (၂) စင်း
ဗုံးများ : TV ပဲ့ထိန်းဗုံး - KAB-500Kr - (၄) လုံး
: လေဆာပဲ့ထိန်းဗုံး - KAB-500L - (၄) လုံး

ပဲ့ထိန်းမဲ့လက်နက်များ : ရော့ကတ်လောင်ချာ - ဒုံး(၂၀) ပါ S-8 Pod - (၄) ခု
- S-24 Rocket - (၄) လုံး
: သာမန်ဗုံး - 500kg ဗုံး - (၈) လုံး /
ဗုံးမျိုးစုံ (၄၀၀၀-ကီလိုဂရမ်)


၎င်းဆောင်းပါးကို Myanmar Airpower FB  မှ ကူးယူဖေါ်ပြပါသည်။ ကူးယူဖေါ်ပြခွင့်ပေးသော Admin ကိုလဲ အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။ ကျန်းမာချမ်းသာကြပါ။   ။

Wednesday, April 2, 2014

ဟန်သာဖြစ်၍ အဆံမရှိသည့် သင်္ကြန်အမြောက်များ

ဘင်္ဂလားဒေ့်ရေတပ်သည် ဒေသတွင်းနိုင်ငံများ အထူးသဖြင့် မြန်မာ့ရေတပ်၏ အင်အားတိုးချဲ့မှုများအား အထူးအလေးထား စောင့်ကြည့်ကာ ဘင်္ဂလားရေတပ်အား တိုးချဲု့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ အကြီးအကျယ်ပြုလုပ်ခဲ့ပါသည်။ ယခုပိုစ့်တွင် ဘင်္ဂလားရေတပ်၏ တရုပ်ရေတပ်မှ ဝယ်ယူထားသည့် ဖရီဂိတ်များအကြောင်းအား ဖော်ပြပေးပါမည်။

ဘင်္ဂလားရေတပ်ရှိ စစ်ရေယာဉ်များသည် သက်တမ်းလွန်ရေယာဉ်အများစုဖြစ်ပြီး ပြည်တွင်းထုတ် တိုက်ရေယာဉ်ဟူ၍ မရှိပဲ ပြည်ပနိုင်ငံများမှ အသုံးပြုလိုခြင်းမရှိသည့် ရေယာဉ်များအား ဝယ်ယူစုဆောင်းခြင်းနှင့် မွမ်းမံခြင်းများပြုလုပ်ကာ ရေတပ်အား တိုးချဲ့နေကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဘင်္ဂလားရေတပ်၏ ဖရီဂိတ် လက်ရှိပိုင်ဆိုင်မှုများအနက် F22 (တောင်ကိုးရီးယားထုတ်) နှင့် F18 Type-053H1 (တရုပ်ထုတ်) ဖရီဂိတ်စစ်ရေယာဉ် (၂)စင်းမှအပကျန် ဖရီဂိတ်စစ်ရေယာဉ်များမှ အဆင့်မြှင့်တင်ထားမှုမရှိသည့် F15, F16 နှင့် F17 ဖရီဂိတ်အဟောင်းများဖြစ်သည်။

အဆိုပါ ရေယာဉ်အဟောင်းများဖြင့် အနာဂါတ်တွင် ဆက်လက်ရပ်တည်၍မရသည်ကို လက်ခံလာကြပြီး မကြာသေးမှီကမှ တရုပ်ရေတပ်သုံး Type-053H2 ဖရီဂိတ်စစ်ရေယာဉ်(၂)စင်းအား ဝယ်ယူခဲ့ပါသည်။ နောက်ဆုံးရရှိသော သတင်းများအရ မူလတပ်ဆင်ထားသည့် HY-2 သင်္ဘောဖျက်ဒုံးများအစား စီ-၈၀၂ သင်္ဘောဖျက်ဒုံး (၈)စင်း တပ်ဆင်ထားကာ စစ်ဆင်ရေးစွမ်းရည်အား မြှင့်တင်ခဲ့ပါသည်။

Wikipedia တွင် ဖော်ပြထားချက်များအရ လက်နက်စနစ်များမှာ-
စီ-၈၀၂ သင်္ဘောဖျက်ဒုံးအပါဝင်
2 x Type 79A dual-100 mm gun
4 x Type 76 dual-37 mm AA guns
2 x 5-tube Type 81 ASW rocket launcher (30 rounds)
4 x Type 64 DC projectors
2 x DC racks
2 x Mk-36RBOC 6-barrel decoy rocket launchers ဟုဖော်ပြထားပြီး HQ-7 တာတိုပစ် လေကာဒုံးအား ဆက်လက်တပ်ဆင်သွားမည်ဟု သိရသော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိသေးပါ။ ထို့အပြင် တရုပ်ရေတပ်သုံး ပုံစံ-၇၃၀ မြန်နှုန်းမြင့် စက်အမြောက်ကြီးများအား တပ်ဆင်မည်ဟု ဖော်ပြထားစေကာမှု အမှန်တကယ်တပ်ဆင်မှု ပြုလုပ်ထားခြင်း မရှိသေးပါ။ လက်ရှိအသုံးပြုနေသည့် F18 ဖရီဂိတ်တွင်ပင် တပ်ဆင်ထားနိုင်ခြင်း မရှိသေးကြောင်းတွေ့ရပါသည်။

ရေဒါစနစ်များနှင့် ဆိုနာခေါ် ရေအောက်ရှာဖွေရေး (ရေငုပ်သင်္ဘောအစရှိသည့်) စနစ်များမှာလည်း ထူးထူးခြားခြား ပြောင်းလဲထားခြင်းမရှိဟု သိရကာ ဘင်္ဂလားဒေ့်၏ ရေတပ်အဖို့ အနာဂါတ်တွင် ခေါင်းရှုပ်ဖွယ်ရာ ရေယာဉ်များဖြစ်လာနိုင်ပါသည်။ ရေငုပ်သင်္ဘောရှာဖွေချေမှုန်းရေး ရဟတ်ယာဉ်များကို သယ်ဆောင်နိုင်စွမ်းမရှိပဲ ဘင်္ဂလားသတင်းများတွင် ဖော်ပြထားသကဲ့သို့ ရဟတ်ယာဉ် ဆင်းသက်ကွင်းများ တည်ဆောက်သွားမည်ဆိုပါက ရေယာဉ်၏ အနောက်ဘက်တွင် အားဖြည့်ထားသော ၁၀၀မမ ရေတပ်သုံးအမြောက်ကြီးများအား ဖြုတ်ချရမည်ဖြစ်ပြီး ရေယာဉ်၏ ပစ်ခတ်မှုစွမ်းဆောင်ရည်ကို လျော့ချလိုက်သကဲ့သို ဖြစ်စေပါမည်။

ယနေ့ခေတ် ရေတပ်သင်္ဘောများသည် ရေယာဉ်ခြင်း ထိပ်တိုက်ထိတွေ့မှုများအပြင် ပင်လယ်ပြင် ကင်းထောက်လေယာဉ်များ၊ ရေတပ်သုံး သင်္ဘောဖျက်ဒုံးတပ် တိုက်လေယာဉ်များ၏ ရန်ကိုထည့်သွင်း တွက်ချက်လာကြကာ လက်ရှိ ဝယ်ယူထားသည့် အဆိုပါဖရီဂိတ် (၂)စင်း၏ ဝေဟင်ကင်းထောက်စနစ်သည် ထိုအချက်ကို လုံးဝနီးပါးထည့်သွင်း တွက်ချက်မထားခြင်းလောဟု သုံးသပ်မိပါသည်။ ထို့အပြင် ရရှိထားသော အချက်လက်များအရ အဆိုပါ ရေယာဉ်များအနက် F15 ရေယာဉ်သည် တရုပ်ရေတပ်တွင် တာဝန်ထမ်းဆောင်စဉ်က ဆိုးရွှားသော ထိခိုက်မှုများရှိခဲ့သည်ဟု သိရပါသည်။

အဆင့်မြှင့်တင်ထားပြီးဖြစ်သည့် တပ်မတော်(ရေ)မှ ဖရီဂိတ်စစ်ရေယာဉ်

(တပ်မတော်(ရေ)၏ တရုပ်ရေတပ်မှ လက်ခံရရှိခဲ့သော Type-053H1 ဖရီဂိတ် F21 နှင့် F23 ဖရီဂိတ်များအပေါ်တွင်မှု Type-517 ဝေဟင် လေကြောင်းကင်းထောက် အဆင့်မြှင့်ရေဒါများ တပ်ဆင်ထားပြီး ရေတပ်၏ အခြားရေယာဉ်များနှင့်အတူ ဆက်သွယ်သတိပေးခြင်းများ ဆောင်ရွှက်နိုင်ကာ ရေတပ်၏ လေကြောင်းကင်းထောက်ဖရီဂိတ်များအဖြစ် လူသိများပါသည်။)

စီ-၈၀၂ သင်္ဘောဖျက်ဒုံးများ
 ဘင်္ဂလားရေတပ်မှ ဖရီဂိတ် စစ်ရေယာဉ်များ
အထက်ပါဖော်ပြထားချက်များအား လေ့လာကြည့်ပါက ဘင်္ဂလားဒေ့်ရေတပ်သည် အရေအသွေးမှ အရေအတွက်ကိုသာ အဓိကထားကာ တက်လှမ်းနေသည်ဟု သုံးသပ်နိုင်ပြီး အနာဂါတ်တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်လာနိုင်သော်လည်း အဆိုပါရေယာဉ်များ၏ သက်တမ်းနှင့် ထိန်းသိမ်းမှုအားနည်းချက်များအကြောင့် ဟန်သာဖြစ်၍ အဆံမရှိသည့် သင်္ကြန်အမြောက်များဟု လူပြောများနေရခြင်းဖြစ်ပါသည်။ အဘယ်သို့ဆိုစေ စီ-၈၀၂ ကဲ့သို့သော် ရေပြင်မှရေပြင်ပစ်ဒုံးများ တပ်ဆင်ထားခြင်း၊ အခြားဖရီဂိတ်များ ဝယ်ယူရန် ကြိုးပမ်းနေခြင်းသည် မိမိတို့နိုင်ငံအတွက် အထူးသတိထားစောင့်ကြည့်ရမည် ရေတပ်တစ်ခုဖြစ်လာစေပြီး မကြာမှီတွင် မြန်မာ့ပင်လယ်အား ခြိမ်းခြောက်လာနိုင်မည့် မည်သည့် ရေတပ်ကိုမဆို ချေမှုန်းနိုင်သည့် အင်အားကြီး ရေတပ်ကြီးတစ်ခုကို မိမိတို့အနေဖြင့် တည်ဆောက်ထားရမည်ဖြစ်ပါတော့သည်...။

တပ်မတော်(ရေ)၏ အနာဂါတ် ရေတပ်အင်အားတိုးချဲ့မှု စီမံကိန်းများနှင့် တည်ဆောက်ဆဲ ရေယာဉ်များအကြောင်း ဆက်လက်ဖော်ပြပေးပါဦးမည်။