၇၇၁ ကော်ဗတ်တိုက်ရေယာဉ်ကဲ့သို့ ကော်ဗတ်စစ်ရေယာဉ်ကြီးများကို ရေချကာ စစ်ဆင်ေ၇းတာဝန်များတွင် အသုံးပြုခဲ့ကြသည်။အောင်ဇေယျ ဖရီးဂိတ်ကြီးများကို ၂၀၁၀ခုနှစ်တွင် ရေချကာ ယခုအခါတွင် စစ်ရေးတာဝန်များအတွက် အပြည့်အဝ အသုံးပြုနိုင်ပြီဖြစ်သည်။မြန်မာ့တပ်မတော်ရေ နှင့် ရန်သူဘင်္ဂလားဒေ့်ရေတပ် ပင်လယ်ပြင် စစ်ရေးတင်းမာမှုများတွင် မြန်မာ့ရေတပ်မှ အောင်ဇေယျ ဖရီးဂိတ်၊၇၇၂ အနော်ရထာ ကော်ဗတ် နှင့် စစ်ရေယာဉ်ပေါင်းများစွာ ပါဝင်နိုင်ခဲ့သည် ဖြစ်သည်။မြန်မာ့ တပ်မတော်ရေ ရှိ စစ်ရေယာဉ်များတွင် စီ-၈၀၁၊၈၀၂ သင်္ဘောဖျက် ဒုံးများတပ်ဆင်ထားကြကာ ဟောင်ဇင် စစ်ရေယာဉ်များပေါ်တွင် HY-2 သင်္ဘောဖျက်ဒုံးများ
တပ်ဆင်ထားကြသည်။စီ-၈၀၁၊၈၀၂ ဒုံးများသည် တာဝေး ကီလိုမီတာ ၁၂၀၊၁၈၀ အထိရှိ ပစ်မှတ်ကို ပစ်ခတ်ချေမှုန်းနိုင်သည်။HY-2 သင်္ဘောဖျက်ဒုံးများသည် ကီလိုမီတာ ၈၀-၉၀ အထိပစ်ခတ်နိုင်သည်။ဘင်္ဂလားဒေ့်ရေတပ်ရှိ စစ်ရေယာဉ်များတွင် သင်္ဘောဖျက် ခေတ်မှီ ဒုံးပျံများတပ်ဆင်ထားသော စစ်ရေယာဉ်များမှာ တောင်ကိုးရီးယားမှ ဝယ်ယူထားသော ဖရီးဂိတ် နှင့် တရုပ်ထုပ် ဖရီးဂိတ်တို့တွင်သာ တပ်ဆင်ထားနိုင်သည်။ကျန်စစ်ရေယာဉ်များပေါ်တွင်မှု စစ်သေနတ်များသာ ပင်မလက်နက်အဖြစ် တပ်ဆင်ထားကြသည်။
မြန်မာ့ ရေတပ်မတော် လက်နက်ငယ် သင်တန်းလေ့ကျင့်နေပုံဖြစ်ပါသည်။ဘီအေ-၆၄ (ဂျီ-၃) လက်နက်ငယ်များဖြစ်ပြီး မြန်မာ့တပ်မတော် ရေတပ်သားတိုင်း ကိုင်ဆောင်ထားကြသည်။ယခုအခါတွင် အမ်အေ-၁ လက်နက်ငယ်များနှင့် အချို့ကို ပြောင်းလဲတပ်ဆင်ထားပြီဖြစ်သည်။မြန်မာ့ ရေတပ်မတော် စစ်ရေယာဉ်များ စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်ပြုလုပ်ခဲ့ရာ ယခုအခါတွင် ဖရီးဂိတ် စစ်သဘောင်္ကြီးများဖြင့် စစ်ရေးလေ့ကျင့်နေကြပြီးဖြစ်သည်။မြန်မာ့ ရေတပ်မတော်တွင် စစ်ရေယာဉ်ကြီးများကို ဆက်လက်ထုတ်လုပ်နေရာ ၁၀၈မီတာရှိ စစ်ရေယာဉ် ပုံစံအသစ်များကို ဆက်လက်ထုတ်လုပ်နေပြီ ဖြစ်ပြီး စစ်ရေယာဉ်အတွက် တပ်ဆင်မည့် စစ်လက်နက်များကို တရုပ်နိုင်ငံမှ ဝယ်ယူပြီး ဖြစ်သည်။လေကြောင်းရန်ကာကွယ်ရေးအတွက်
လေကြောင်းရန်ကာကွယ်ရေးဒုံပျံများကို ဝယ်ယူထားပြီး လက်တွေ့ ပစ်ခတ်စမ်းသပ်မှုကို အောင်ဇေယျ ဖရီးဂိတ် တိုက်ရေယာဉ်ပေါ်မှ စမ်းသပ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
မြန်မာ့ ရေတပ်မတော် စစ်လက်နက်များအကြောင်းကို ဆက်လက်ဖော်ပြပါဦးမည်..။