
မြန်မာ့တပ်မတော် (ရေ)ရှိ စစ်ရေယာဉ်များ အဆင့်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းများအရ တရုပ်နိုင်ငံမှ ဝယ်ယူထားသော ဖရီးဂိတ်စစ်ရေယာဉ်များအား စစ်ရေယာဉ်ချင်းပစ်ခတ်မှုတွင် အကဲသာစေရန်အတွက် ရည်ရွှယ်၍ မူလတပ်ဆင်ထားသည့် ဒုံးလက်နက်ထက်ပို၍ ခေတ်မှီ၊ထိရောက်သော စီ-၈၀၂ ရေပြင်မှရေပြင်ပစ်ဒုံးလက်နက်များဖြင့် ပြောင်းလဲတပ်ဆင်ထားပြီးဖြစ်ပါသည်။ ယခုထက်ပို၍ အဆင့်မြှင့်တင်မှု ပြုလုပ်လိုပါက အရှေ့တွင်တပ်ဆင်ထားသော လေယာဉ်ပစ်စက်အမြောက်များအစား FM-90N (သို့) IGLA×၆-ဂ ပူးတွဲများဖြင့် ပြောင်းလဲတပ်ဆင်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ပြောင်းလဲတပ်ဆင်နိုင်ပါက စစ်ရေယာဉ်အတွက် လေကြောင်းရန်ကာကွယ်မှုတွင် လက်ရှိအခြေအနေထက် သိသိသာသာ တိုးတက်လာနိုင်မည်ဟု ယူဆရပါသည်။
Igla × ၆ ပြောင်း တာတိုလေယာဉ်ပစ်ဒုံး
တပ်မတော် (ရေ)၏ မဟာသီဟသူရ ဖရီးဂိတ်စစ်ရေယာဉ်ကြီး

စစ်ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသော စစ်လက်နက်များအသေးစိတ်

အထက်ကမူရင်းပုံကို အနည်းငယ် ပြန်ပြုင်ထားပါတယ်။

မြန်မာ့တပ်မတော် (ရေ)တွင် လက်ရှိ ဖရီးဂိတ် (၃) စင်း တာဝန်ထမ်းဆောင်နေပြီး မကြာမှီကာလတွင်ပင် ဖရီးဂိတ် စစ်ရေယာဉ်အသစ်များ ရရှိလာမည်ဖြစ်ရာ တပ်မတော် (ရေ)၏ ဖရီးဂိတ်စစ်ရေယာဉ် (ဂ)စင်း ပိုင်ဆိုင်ရန် ရည်မှန်းချက်မှာ အကောင်အထည်ပေါ်လာတော့မည်ဟု မျှော်လင့်ရပါသည်။ နောက်ပိုင်းတွင် ထုတ်လုပ်သော ဖရီးဂိတ်စစ်ရေယာဉ်များအနေဖြင့် ဒီဇိုင်းပုံစံသစ်များ ခေတ်မှီနည်းပညာများ အများအပြားပါဝင်လာမည်ဟု သိရပါသည်။
(ရေးထားတဲ့ အချက်လက်တွေထဲက အမှားတွေပါခဲ့ရင် ဝေဖန်ပေးကြပါဦးခင်ဗျာ...)