Tuesday, June 5, 2012

လေတပ်၏ MiG-29 UB အမောင်းသင်တိုက်လေယာဉ်


မြန်မာ့တပ်မတော် (လေ)အနေနှင့် အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်သစ်များ ဝယ်ယူထားမှုကို အားလုံးလည်း သိပြီးဖြစ်ပါလိမ့်မယ်....။ အိမ်နီးချင်း အာစီယံ နိုင်ငံ (အထူးသဖြင့် ယိုးဒယား၊မလေးရှား၊စင်ကာပူ) တွေရဲ့ လေတပ်ကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာကတော့ လက်ရှိအနေအထားမှာ သိပ်မလွယ်သေးတဲ့ အချိန်ဖြစ်နိုင်ပင်မဲ့ မြန်မာ့ရေပြင်ပိုင်နက် အငြင်းပွှားမှုဖြစ်ထားပြီး လေတပ်ချင်းယှဉ်ပြိုင်နိုင်တယ်လို့ ကြေညာထားတဲ့ ဘင်္ဂလားဒေ့်လေတပ်ကိုတော့ ကောင်းကောင်းပညာပေးနိုင်ပြီးဆိုတာ သေချာတဲ့အချက်ပါ....။

ဘင်္ဂလားဒေ့်လေတပ်တွင် အမ်အိုင်ဂျီ-၂၉ (၈)စင်းသာရှိပြီး နောက်ထပ်ဝယ်ယူရန် ပြင်ဆင်နေသည်ဟု သိရပါသည်။ မြန်မာ့လေတပ်တွင်မှု လက်ရှိတွင် အစီးရေ (၃၀) ရှိမည်ဟု ယူဆရပါသည်။

မြန်မာ့တပ်မတော် (လေ)ရှိ တိုက်လေယာဉ်များတွင် တရုပ်ထုတ် ဝေဟင်မှဝေဟင်ပစ် ဒုံးလက်နက်များအပြင် ရှုရှားနိုင်ငံထုတ် ဒုံးလက်နက်များလည်း အသုံးပြုတပ်ဆင်ထားရာ တရုပ်ထုတ် ပီအယ်-၂၊၅၊၇ တာတိုပစ်များအသုံးပြုသည်ဟု သိရပါသည်။ ရုရှားထုတ်များအဖြစ် အာ-၇၃ တာတိုပစ်ဒုံးလက်နက် နှင့် တာလတ်ပစ် အတွက် အာ-၂၇ နှင့် အာ-၇၇ ဒုံးလက်နက်များအသုံးပြုသည်ဟု သိရပါသည်။

ဝေဟင်မှဝေဟင် တာတိုပစ် ဒုံးလက်နက် (နမူနာပုံ)


မြန်မာ့လေတပ်ရှိ လေတပ်၏ အမောင်းသင်ဂျက်လေယာဉ်


ဘင်္ဂလားဒေ့်လေတပ်၏ အမောင်းသင်ဂျက်လေယာဉ်


တိုက်လေယာဉ်ရဲ့ အမျိုးစားတွေကို အတိအကျ မဖော်ပြပေးနိုင်ပင်မဲ့ အမောင်းသင်တိုက်လေယာဉ်တွေကို အကြမ်းဖျည်းအားဖြင့် UB လို့သတ်မှတ်ထားပြီး တိုက်ခိုက်ရေးယာဉ်များအဖြစ် B နှင့် SE အမျိုးအစားများ အသုံးပြုတယ်လို့ သိရပါတယ်...။ လေတပ်မှ နောက်ဆုံးဝယ်ယူထားသည့် မစ် တိုက်လေယာဉ်များတွင် ပစ်မှတ် (၄) ခုအား တပြိုင်နက်တည်း ချိန်ရွှယ်ပစ်ခတ်နိုင်သော ခေတ်မှီစနစ်များပါဝင်တယ်လို့ သိရပါတယ်....။
(အရင်ပုံတွေကို တတ်နိုင်သလောက်ပြန်ပြုင်ထားပါတယ်ခင်ဗျာ.... အမှားပါရင် ထောက်ပြပေးကြပါရန်...။)