Sunday, December 2, 2012

မြန်မာ့တပ်မတော်၏ MT-LB သံချပ်ကာယာဉ်

မြန်မာ့တပ်မတော်ရှိ သံချပ်ကာယာဉ် MT-LB များအကြောင်းကို လေ့လာမိသလောက်ရေးခဲ့ဘူးပါတယ်... ဒီနေ့တော့ ထပ်တွေ့တာလေးရေးချင်ပါသေးတယ်ခင်ဗျာ....။

Shkval စနစ်တပ်ထားသည့် BMP-1 သံချပ်ကာယာဉ်


တပ်မတော်ရှိ MT-LB သံချပ်ကာယာဉ်များကို ယူကရိန်းနိုင်ငံမှ လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သံချပ်ကာတပ်ရင်းများသို့ ခွဲဝေပေးထားသည်ဟု သိရပါသည်....။ အဆိုပါသံချပ်ကာယာဉ်များသည် ဆိုဗီယက်ခေတ်ကာလများက ပုံစံထုတ်ခဲ့ခြင်းဖြစ်ပြီး ထိုမှတဆင့် အကြီးစားအဆင့်မြှင့်တင်မှုကို ယူကရိန်းနိုင်ငံသည် ၂၀၀၀ခုနှစ်နှောင်းပိုင်းကာလများတွင် ပြုလုပ်ခဲ့သည်ဟု သတင်းများအရသိရပါသည်....။

MT-LB သံချပ်ကာယာဉ်များသည် အကောင်ပင်သေးသော်လည်း အဆိပ်ပြင်းသည့်မြွေကဲ့သို့ပင် အစွမ်းထက်လှပါသည်....။ တပ်ဆင်ထားသော လက်နက်ကိရိယာများသည် ယခင်ထုတ်လုပ်ခဲ့သည့် သံချပ်ကာယာဉ်များနှင့် နှိုင်းယှဉ်လျှင် အင်မတန်မှခေတ်မှီနေသည်ကို တွေ့ရမည်ဖြစ်ပါသည်.....။ တိုက်ယာဉ်၏ အခြားသော အစိတ်အပိုင်းများအား ဖော်ပြခဲ့ဘူးပြီးဖြစ်ရာ ယခုအခါတွင် တိုက်ယာဉ်၏ စက်သေနတ်ကြီးအကြောင်း ရေးပြချင်ပါသည်....။

မြန်မာ့တပ်မတော်၏ MT-LB သံချပ်ကာယာဉ်ကို MT-LBMSh ဟု အကြမ်းအားဖြင့် သိရပြီး (လွဲချော်မှုရှိနိုင်) သံချပ်ကာယာဉ်၏ အမြောက်စနစ်အား ယူကရိန်းနိုင်ငံထုတ် Shkval အမြောက် (ဆုံလည်) စနစ်အား အသုံးပြုထားပြီး ၃၀မမ အော်တို စနစ်ဖြစ်ကာ ၇.၆၂မမ စစ်သေနတ်၊ ၃၀မမ ဗုံးလောင်ချာ နှင့် တင့်ဖျက်ဒုံးပစ်စင်များ ပါဝင်ပါသည်...။ ၃၀မမ စက်အမြောက်အတွက် ကျည် ၂၂၅၊ ၇.၆၂မမ စက်သေနတ်အတွက် ၂၅၀၀ ကျည် နှင့် ၃၀မမ ဗုံးပစ်လောင်ချာအတွက် ၂၉ကျည် ပါဝင်ထည့်သွင်းထားသည်...။

Shkval သံချပ်ကာ ဆုံလည်အမြောက်စနစ်



တပ်ဆင်ထားသည့် လက်နက်စနစ်များ

၃၀မမ အော်တိုစက်အမြောက်........ZTM-1
တင့်ဖျက်ဒုံးစနစ်........................... Konkurs, Fagot or Barrier
၃၀မမ ဗုံးပစ်လောင်ချာစနစ်........... AG-17
၇.၆၂မမ စစ်သေနတ်....................KT-7.62 (PKT)
၈၁မမ မီးခိုးဗုံးပစ်လောင်ချာ...........902V စနစ်စသည်ဖြင့် နောက်ဆုံးပေါ်နည်းပညာများ  ပေါင်းစပ်ထားသည်...။



 မြန်မာ့တပ်မတော်သုံး MT-LB သံချပ်ကာယာဉ်များအား အားရဖွယ်တွေ့ရစဉ်
 Shkval စနစ်တပ်ထားသည့် BMP-1 သံချပ်ကာယာဉ်

လိုင်းမကောင်းဘူးဗျို့.... နောက်မှဆက်ရေးပါ့မယ်... :)