Showing posts sorted by relevance for query EE-9. Sort by date Show all posts
Showing posts sorted by relevance for query EE-9. Sort by date Show all posts

Wednesday, March 26, 2014

(၆၉)နှစ်မြောက် တပ်မတော်နေ့မှ စိတ်ဝင်စားဖွယ်ရာများ

မင်္ဂလာပါခင်ဗျာ....။

အားလုံးနည်းတူ စစ်လက်နက်စိတ်ဝင်စားတဲ့ ကျွှန်တော့်အတွက်တော့ ဒီကနေ့ဟာ ရင်ခုန်စရာအကောင်းဆုံးနှင့် ဂုဏ်အယူရဆုံးသော နေ့တစ်နေ့ပဲဖြစ်ပါတယ်...။ (၆၈)နှစ်မြောက် တပ်မတော်နေ့ကနေစပြီး စစ်လက်နက်များပါဝင်ပြသခဲ့တာဟာ အခုဆိုရင် (၂)တိတိပြည့်မြောက်သွားပြီး ဖြစ်သလို မြန်မာ့တပ်မတော်ရဲ့ လက်နက်စွမ်းရည်များအကြောင်းကိုလည်း ထပ်မံသိခွင့်တဲ့နေ့လည်းဖြစ်ပါတယ်...။ တပ်မတော်နေ့ အောင်ဆန်းစစ်ကြောင်းနှင့် ပါဝင်ချီတက်ခဲ့ကြတဲ့ လက်နက်စနစ်များရဲ့ ပုံများကို ဖော်ပြပေးချင်ပါတယ်...။

ဒီကနေ့ ထုတ်ဖော်ပြသခဲ့တဲ့ လက်နက်စနစ်များကတော့--

၁.Type-59M ပင်မတိုက်ပွဲဝင် တင့်ကားများ
၂.EE-9 Cascavel ခေါ် သံချပ်ကာယာဉ်/အပေါ့စားတင့်များ
၃.PTL-02 ၁၀၅မမအမြောက်သုံး တင့်ဖျက်ယာဉ်များ
၎.SH-1 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ
၅.Type-81 ၁၂၂မမ အတွဲလိုက်ဒုံးပစ်ယာဉ်များ
၆.D-30M2 ၁၂၂မမ ယာဉ်ဆွဲအမြောက်များ
၇.Pechora 2M မြေပြင်မှ ဝေဟင်ပစ်ဒုံးများ
၈.၂၅မမ ယာဉ်တင် လေယာဉ်ပစ်စက်အမြောက်များ
၉.TWL (Smart Hunter Radar) ခေါ် တာတိုကင်းထောက်နှင့် ရှာဖွေရေးရေဒါများ
၁၀.MADV-1 ခေါ် Igla ပခုံထမ်းဒုံးတင်ယာဉ်များ ဘဲဖြစ်ပါတယ်...။

အထက်ပါ စာရင်းများရှိ လက်နက်စနစ်များကို အရင်ကလည်း ဖော်ပြဘူးပြီးမို့ ပုံများသာအဓိကတင်ပြပေးသွားပါ့မယ်...။

Type-59M ပင်မတိုက်ပွဲဝင် တင့်ကားများ

EE-9 Cascavel ခေါ် သံချပ်ကာယာဉ်/အပေါ့စားတင့်များ


PTL-02 ၁၀၅မမအမြောက်သုံး တင့်ဖျက်ယာဉ်များ

SH-1 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ

Type-81 ၁၂၂မမ အတွဲလိုက်ဒုံးပစ်ယာဉ်များ

D-30M2 ၁၂၂မမ ယာဉ်ဆွဲအမြောက်များ

Pechora 2M မြေပြင်မှ ဝေဟင်ပစ်ဒုံးများ

၂၅မမ ယာဉ်တင် လေယာဉ်ပစ်စက်အမြောက်များ

TWL (Smart Hunter Radar) ခေါ် တာတိုကင်းထောက်နှင့် ရှာဖွေရေးရေဒါများ


MADV-1 ခေါ် Igla ပခုံထမ်းဒုံးတင်ယာဉ်များ

ဖော်ပြပါ လက်နက်စနစ်များအကြောင်းကို အတော်များများလည်း သိပြီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်...။ အကြမ်းအားဖြင့် လက်နက်စနစ် (၁၀)မျိုး ပြသခဲ့တာဖြစ်ပြီးတော့ အများစုဟာ ပြည်တွင်းထုတ် နည်းပညာများဖြစ်တာရယ်၊ အချို့လက်နက်စနစ်များကိုပင် ပြည်ပနိုင်ငံများမှ ဝယ်ယူအသုံးပြုနေပြီးဆိုတာ သိရတဲ့အတွက် ကျွှန်တော့်အတွက်တော့ အထူးဂုဏ်ယူဝမ်းသာမိသလို တပ်မတော်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို ပိုမိုယုံကြည်စိတ်ချမှု အမှန်တကယ်ကိုဖြစ်စေခဲ့မိပါတယ်....။

စစ်သည်များရဲ့ ချေမှုန်းရေးရိုင်ဖယ်များနှင့် လေတပ်ပုံများလည်း အလျှင်းသင့်သလို စုစည်းတင်ပြပေးပါဦးမယ်...။

(ပုံအသုံးပြုခွင့်ပြုသည့် ညီ၊အစ်ကိုများအား အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ....။)

အားလုံးကိုလေးစားလျှက်-
KoMM

Thursday, May 15, 2014

မြန်မာ့တပ်မတော် အပေါ့စားတိုက်ပွဲဝင်တင့်နှင့် သံချပ်ကာတိုက်ယာဉ်များ

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး မကြာမှီ ၁၉၅၀ခုနှစ်တွင် ဖွဲ့စည်းခဲ့သော တပ်မတော်သံချပ်ကာတပ်ဖွဲ့သည် နိုင်ငံတော်၍ အချုပ်အချာအာဏာကို ကာကွယ်ပေးခဲ့သည့် အဓိကကျသောတပ်ဖွဲ့တစ်ခုဖြစ်ပါသည်။ အဆိုပါကာလများက သံချပ်ကာတပ်ဖွဲ့တွင် လုံလောက်သော တိုက်ယာဉ်များ ပိုင်ဆိုင်နိုင်ခြင်းမရှိခဲ့ပဲ ဒုတိယကမ္ဘာစစ်လက်ကျန် တင့်များ၊သံချပ်ကာယာဉ်များကိုသာ အဓိကထားကာ ဖွဲ့စည်းခဲ့ရခြင်းဖြစ်သည်။

လေ့လာသူများအဆိုအရ မြန်မာနိုင်ငံ၏ မြေပြင်အနေအထားသည့် ပင်မတိုက်ပွဲဝင်တင့်များ၏ စစ်လှုပ်ရှားကစားနိုင်မှုထက် အပေါ့စားတင့်များ၊ခြေလျင်တင်တိုက်ယာဉ်များနှင့် သံချပ်ကာယာဉ်များအတွက် ပိုမို၍သင့်တော်သည်ဟု သိရပါသည်။ ထို့ကြောင့်လည်း တပ်မတော်သည် ပင်မတိုက်ပွဲဝင်တင့်များအပြင် အပေါ့စားတင့်စွမ်းရည်ရှိသည့် တိုက်ယာဉ်များအား ဖြည့်ဆည်းခဲ့ကြသည်။ ၁၉၉၀ခုနှစ်နှောင်းပိုင်းမှာစတင်၍ သိသိသာသာ တိုးချဲ့ခဲ့သည်ကိုတွေ့ရပီး ထိုအချိန်မတိုင်မှီက တပ်မတော်တွင် စွမ်းဆောင်ရည်ပြည့်ဝသော တိုက်ယာဉ်များရှားပါးခဲ့ကာ လူသယ်သံချပ်ကာယာဉ်များ၊ခြေလျင်တင်တိုက်ယာဉ်များကို မိမိတို့ပြည်တွင်းမှပင် ထုတ်လုပ်ခဲ့ကြပါသည်။

တပ်မတော်၏ သံချပ်ကာနှင့်တင့်တပ်ရင်းများ တိုးချဲ့နိုင်ခဲ့သည် ၁၉၉၅ခုနှစ်များတွင်တော့ တပ်မတော်သည် ဒေသတွင်းအိမ်နီးချင်းနိုင်ငံများအကြားတွင် စစ်ဆင်ရေးစွမ်းရည်ပြည့်ဝသော သံချပ်ကာနှင့် တင့်တပ်ရင်းများကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့သို့သော စွမ်းဆောင်ရည်မြှင့်သည့် တိုက်ယာဉ်များကို တရုပ်နိုင်ငံ၊ရုရှားနိုင်ငံနှင့် ပြင်သစ်ထုတ်ယာဉ်များ၊ဘရာဇီး စသည့် ပြည်ပနိုင်ငံများမှ ဝယ်ယူခဲ့ရပါသည်။ အပေါ့စားတင့်နှင့် သံချပ်ကာယာဉ်များကို အလေးပေးဖော်ပြပေးသွားမည်ဖြစ်ပြီး ပုံစံ-၆၉ အပေါ့စားတင် Type-69-II LBT နှင့် အီးအီး-၉ EE-9 Cascavel တိုက်ယာဉ်များအကြောင်း ဖော်ပြပေးသွားပါမည်။

ပုံစံ-၆၉-II အပေါ့စားတိုက်ပွဲဝင်တင့်များကို တရုပ်နိုင်ငံမှာ လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ တင့်၏ အားသာချက်များအဖြစ် တန်ချိန် ၃၆.၈တန်ခန့်သာရှိခြင်း တင့်အမြောက်အား ၁၀၀မမအမြောက်တပ်ဆင်ထားခြင်း FCS စနစ်အသစ်အား တပ်ဆင်ထားခြင်း စသည်ဖြင့် အကြမ်းဖျင်းသတ်မှတ်ထားကြပါသည်။ ပုံစံ-၆၉ တင့်များအနေဖြင့် တပ်မတော်၏ အားထားရသော အပေါ့စားတိုက်ပွဲဝင်တင့်များဖြစ်ပြီး ယခုအချိန်တွင်မှု လေ့ကျင့်ရေးတင့်နှင့် အရန်တင့်များအဖြစ်သာ အသုံးပြုလျက်ရှိပါသည်။

ပုံစံ-၆၉ အပေါ့စားတင့်၏ အချက်လက်အချို့-

တိုက်ယာဉ်အဖွဲ့................ ၄ယောက်
ပင်မလက်နက်စနစ်........... ၁၀၀မမအမြောက်
ဒုတိယလက်နက်စနစ်........ ၂×၇.၆၂ စက်လတ်နှင့် ၁၂.၇မမ လေယာဉ်ပစ် စက်သေနတ်
တင့်ကျည်အမျိုးစားများ........ HEAT, HE, APDS နှင့် APFSDS 
အခြားစနစ်...................... မီးခိုးဗုံးကာစနစ်၊ ညတိုက်ပွဲဝင်စနစ်သစ်
အင်ဂျင်.......................... မြင်းကောင်ရေ ၅၈၀အားရှိသည့် ဒီဇယ်အင်ဂျင်
စစ်ဆင်နိုင်မှုအကွာအဝေး... ၄၄၀ကီလိုမီတာ
မြန်နှုန်း (ကီလိုမီတာ)........ ၁နာရီ ၅၀ကီလိုမီတာနှုန်း ဖြင့်မောင်းနှင်စစ်ဆင်နိုင်ခြင်း စသည်တို့ဖြစ်သည်။

အတည်မပြုနိုင်သော သတင်းများအရ မြန်မာ-ယိုးဒယား နယ်စပ်တိုက်ပွဲများဖြစ်ခဲ့သည့် ၂၀၀၁ခုနှစ်အတွင်းတွင် တပ်မတော်၏ ပုံစံ-၆၉-II တင့်များအနေဖြင့် ယိုးဒယား၏ အမ်၆၀အေ၁တင့်များအား ရင်ဆိုင်ရန် နယ်စပ်ဒေသများတွင် အသင့်ရှိခဲ့သည်ဟု သိရပါသည်။ အဆိုပါ နယ်စပ်တိုက်ပွဲများနှောင်းပိုင်းတွင် ယိုးဒယားစစ်တပ်မှလည်း ပုံစံ-၆၉တင့်များအား တရုပ်စစ်တပ်မှ ဝယ်ယူခဲ့ပြီး မြန်မာ့တပ်မတော်အား အမျိုးစားတူ တင့်များဖြင့် ရင်ဆိုင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့်စစ်တပ်တွင်လည်း ပုံစံ-၆၉တင့်များအား ပင်မတိုက်ပွဲဝင်တင့်အဖြစ် သတ်မှတ်ကာ ယခုတိုင် အသုံးပြုလျက်ရှိပါသည်။

ပုံစံ-၆၉-IIတင့်များနှင့် EE9 တိုက်ယာဉ်တို့ သံချပ်ကာဆိုင်ရာ လေ့ကျင့်ခန်းများ ဆောင်ရွှက်နေကြစဉ်


 EE9 Cascavel ဟု လူသိများသည့် သံချပ်ကာတိုက်ယာဉ်များကို ဘရာဇီးနိုင်ငံမှ ထုတ်လုပ်ခဲ့ပြီး ၆×၆ဘီးမောင်းစနစ်ဖြစ်ကာ တိုက်ယာဉ်အဖွဲ့သား ၃ယောက်ဖြင့် ဖွဲ့စည်းထားပါသည်။ မူလထုတ်လုပ်သည့် တိုက်ယာဉ်များတွင် ၃၇မမစက်အမြောက်တပ်ဆင်ထားသော်လည်း ပြည်ပတင်ပို့သည့် တိုက်ယာဉ်အမျိုးစားတွင်မှု ပြင်သစ်တပ်မတော်သုံး AML-90 သံချပ်ကာယာဉ်များတွင် တပ်ဆင်ထားသည့် ၃၆၀ဒီဂရီလှည့်ပတ် ပစ်ခတ်နိုင်သော ၉၀မမအမြောက်ပြောင်းအား တပ်ဆင်ပေးထားပါသည်။

တပ်မတော်၏ EE9 တိုက်ယာဉ်များအနေဖြင့် ဝန်ပေါ့ပါးခြင်း၊ ၉၀မမအမြောက်ပြောင်းအား တပ်ဆင်ထားခြင်းစသည့် အားသာချက်များအပြင် အဆင့်မြှင့်တင်ထားသော အမျိုးစားများဖြစ်ရာ အားထားရသော တိုက်ယာဉ်တစ်မျိုးအဖြစ် ယခုထိတာဝန်ထမ်းဆောင်လျှက်ရှိပါသည်။

EE9 Cascavel တိုက်ယာဉ်၏ အချက်လက်အချို့-

တိုက်ယာဉ်အဖွဲ့................ ၃ယောက်
ပင်မလက်နက်စနစ်........... ၉၀မမအမြောက် (၄၄တောင့်)
ဒုတိယလက်နက်စနစ်........ ၂×၇.၆၂ စက်လတ်နှင့် ၁၂.၇မမ လေယာဉ်ပစ် စက်သေနတ်
အခြားစနစ်...................... ၂×၃ မီးခိုးဗုံးကာစနစ်
အင်ဂျင်.......................... မြင်းကောင်ရေ ၂၁၂အားရှိသည့် ဒီဇယ်အင်ဂျင်
စစ်ဆင်နိုင်မှုအကွာအဝေး... ၈၈၀ကီလိုမီတာ
မြန်နှုန်း (ကီလိုမီတာ)........ ၁နာရီ ၁၀၀ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ပါသည်။


တပ်မတော်သံချပ်ကာတပ်ဖွဲ့အနေဖြင့် လေ့ကျင့်ရေးသည် စစ်ဆင်ရေးဆိုသကဲ့သို့ပင် သံချပ်ကာတပ်ဖွဲ့ဆိုင်ရာ လေ့ကျင့်ခန်းများအမြဲမပြတ်ဆောင်ရွှက်လျှက်ရှိပါသည်။ခေတ်မီ ပင်မတိုက်ပွဲဝင်တင့်များ၊ သံချပ်ကာတိုက်ယာဉ်များနှင့်  စွမ်းဆောင်ရည်ပြည့်ဝသော တပ်ဖွဲ့ဝင်များပိုင်ဆိုင်ထားသော မြန်မာ့တပ်မတော်ကြီးသည် ဒေသတွင်းတပ်မတော်များ၏ တင့်နှင့်သံချပ်ကာတပ်ဖွဲ့များအကြားတွင် လေးစားစံထားရသော တပ်ဖွဲ့ကြီးအဖြစ် ရပ်တည်လျှက်ရှိနေပါတော့သည်...။ 

တပ်မတော်၏ သံချပ်ကာတိုက်ယာဉ်များအနက် မိမိလေ့လာမိသည့် တိုက်ယာဉ်များအကြောင်းအား ဆက်လက်ဖော်ပြပေးသွားပါဦးမည်။ အချက်လက်အမှားများရှိပါက ကျွန်တော့်၏ လေ့လာမှုအားနည်းချက်များသာလျင်ဖြစ်ပြီး ဝေဖန်ထောက်ပြပေးနိုင်ပါသည်ခင်ဗျာ...။ :)

Monday, June 6, 2011

EE-9 Cascavel


မြန်မာ့တပ်မတော် သံချပ်ကာတပ်များတွင် အသုံးပြုနေသော စစ်ယာဉ်ဖြစ်ပါသည်။အစ္စရေးနိုင်ငံမှ ရရှိခဲ့ပြီ အစီးရေ ခန့်မှန်းချေ ၂၃၀-၂၅၀ အထိ မြန်မာ့ သံချပ်ကာတပ်များတွင် အသုံးပြုလျက်ရှိပါသည်။မှတ်ချက်(အမျိုးအစားတူ စစ်ယာဉ်သာဖြစ်ပါသည်)

Thursday, June 12, 2014

မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း အပိုင်း-၁

(ကိုရဲမိုး၏ တပ်မတော် စစ်လက်နက်ဖြည့်တင်းမှုဆိုင်ရာ ပိုစ့်အား ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ ဖော်ပြခွင့်ပေးသည့် ကိုရဲမိုးအား ကျေးဇူး အထူးတင်ရှိကြောင်းပါ..။) 

၂၂ နှစ်တာ ကာလအတွင်း တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား…


 ဒီမေးခွန်းမှာ ပထမဆုံးစပြီးရှင်းပြရမယ့် အချက်ကတော့ ၁၉၈၈ ခုနှစ် မတိုင်မီ တပ်မတော်ရဲ့ အခြေအနေနဲ့ 
၂၀၁၀ နောက်ပိုင်း တပ်မတော်ရဲ့ အခြေအနေပဲ ဖြစ်ပါတယ်…

၁၉၈၈ ခုနှစ် မတိုင်မီက တပ်မတော် ရဲ့ အင်အားဟာ တိုက်ခိုက်ရေး တပ်မ ၈ခု နဲ့  တပ်ဖွဲ့ ဝင် ၂သိန်း မပြည့်တပြည့်သာ ရှိခဲ့ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင်တော့ ကြည်းတပ်မှာ ၁၈၄,၀၂၉ ယောက်၊
ရတပ်မှာ ၈,၀၆၅ ယောက် နဲ့  လေတပ်မှာ ၆, ၅၈၇ ယောက် တို့ ဖြစ်ပါတယ်..။တပ်ဆင်ထားတဲ့ လက်နက်၊ စစ်ယာဉ်တွေဟာလဲ ဒုတိယ ကမ္ဘာစစ် က သုံးခဲ့တဲ့  လက်နက်အမျိုးအစား အများစု နဲ့  ၁၉၆၀ နှစ်ဦးပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ လက်နက်အမျိုးအစား တစ်ချို့ သာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး စနစ် နဲ့ ထောက်ပံ့ ပို့ ဆောင်မှု စနစ်တွေဟာ အရွယ်အစားသေးငယ်တဲ့  စစ်ဆင်ရေး မျိုးတွေကိုသာ

 ထောက်ပံ့ နိုင်စွမ်းရှိပြီး ရေတပ်ဟာ မြစ်တွင်း နဲ့ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင် ပါတယ်...။ လေတပ်ဟာ လဲ မြေပြင်တပ်ဖွဲ့ များကို သာ အထောက်အပံ့ ပေးနိုင်စွမ်းရှိပြီး အင်အားနည်းပါးလွန်းလှပါတယ်...။

ဒါပေမယ့် ၁၉၉၀ ခုနှစ် နှစ်ဦးမှာတော့ ခေတ်သစ် တပ်မတော် တစ်ခုရဲ့  အနာဂတ်ဟာ စတင် ပုံလောင်း သွန်းဆစ်လို့  ခံရပြီ ဖြစ်ပါတယ်..။ တပ်မတော် အနေနဲ့  ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာကတော့ ကာကွယ်ရေး သိပံ္ပ နဲ့  နည်းပညာ ဆိုင်ရာ အဆောက်အအုံတွေ ဖြစ်ပါတယ်..။


တပ်မတော်ထုတ် လက်နက်ငယ်များ
၁၉၉၀ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသအချို့ က တပ်မတော် ကာကွယ်ရေးပစ္စည်း စက်ရုံတွေဟာ တပ်မတော်ရဲ့ လက်ရှိ အသုံးပြုနေတဲ့ အနောက်ဂျာမဏီ ဖက်စပ် ၇.၆၂ မီလီမီတာ ကျည်သုံး
G3 မောင်းပြန်ရိုင်ဖယ်တွေ ကို အစား ထိုး နိုင်ဖို့ အတွက် ၅.၅၆ မီလီမီတာ ကျည်သုံး မောင်းပြန်ရိုင်ဖယ် အသစ်တစ်မျိုး နဲ့ ခြေလျှင်တပ်သုံး လက်နက်မျိုးစုံတို့ ကို အကြီးအကျယ် စတင် စမ်းသပ်နေကြပါတယ်..။
လက်နက်ပုံစံ အသစ်တွေဟာ ၁၉၉၅ နှစ်ဦးမှာ စတင် ထုတ်လုပ်တဲ့ အဆင့်ကို ရောက်ရှိလာပြီး
၁၉၉၈ ခုနှစ် ၀န်းကျင်မှာတော့ တပ်မတော် တစ်ခုလုံးက တိုက်ခိုက်ရေးတပ်မတွေကို စတင် လှဲလှယ်တပ်ဆင် ပါတော့တယ်..။ အဲဒီ လက်နက်တွေကတော့ တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ 
MA series မောင်းပြန်ရိုင်ဖယ်များ၊ စက်သေနတ်များ ၊ မော်တာများ ၊လောင်ချာများ ၊ မိုင်းများ အစရှိတဲ့ လက်နက်တွေပဲ ဖြစ်ပါတယ်...။


တပ်မတော်ထုတ် ပုခုံးထမ်းလောင်ချာ
 
တင့်နှင့် သံချပ်ကာတပ်ဆိုင်ရာ
အလားတူ ၁၉၉၀ ခုနှစ် နှစ်ဦးပိုင်းမှာပဲ တပ်မတော် ရဲ့  သံချပ်ကာတပ်ဖွဲ့ တွေဟာ ခေတ်မီတိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို စတင် လက်ခံရရှိပါတယ်။ ပြည်ပ ကာကွယ်ရေးဆိုင်ရာ ၀က်ဘ်ဆိုဒ်တွေရဲ့ အဆိုအရ ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ မြန်မာ့တပ်မတော် ဟာ-

T-72S ပင်မ တိုက်ပွဲဝင် တင့် ၁၃၉ စီး …. ( ယူကရိန်း ၊ ရုရှား )
Type-59D ပင်မ တိုက်ပွဲဝင် တင့် ၂၈၀ စီး + …. ( တရုတ် )
Type-69 II ပင်မ တိုက်ပွဲဝင် တင့် ၁၉၀ စီး + … ( တရုတ် )
Type-80 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
Type-85 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
T-55 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( အိန္ဒိယ )
Type-63 အပေါ့စား တင့် ၁၅၀ စီး + ….. ( တရုတ် )
BTR-3U IFV သံချပ်ကာ တိုက်ယာဉ် ၁၀၀၀ စီး + ….
( ယူကရိန်း နှင့် ဖက်စပ် ပြည်တွင်းတွင် ထုတ်လုပ်သည် )



T-72S ပင်မတိုက်ပွဲဝင်တင့်ကား

 Type-63 အပေါ့စားတင့်ကား


Type-85 APC သံချပ်ကာ လူသယ်ယာဉ် ၂၅၀ စီး …. ( တရုတ် )
Type-90 APC သံချပ်ကာ လူသယ်ယာဉ် ၂၄၀ စီး …. ( တရုတ် )
EE-9 Cascavel AFV သံချပ်ကာတိုက်ယာဉ် ၁၄၀ စီး … ( ဘရာဇီး )
AML-90 Armoured Cars ( ×× ) စီး … ( တောင်အာဖရိက )
72 MAV -1 IFV သံချပ်ကာ တိုက်ယာဉ် ( ×× ) ( ပြည်တွင်းထုတ် ) ...
တို့ ကို လက်ခံ ရရှိခဲ့ တယ်လို့  ဆိုပါတယ်...။


အမြောက်နှင့် ဒုံးတပ်ဖွဲ့ဆိုင်ရာ
ဒါပေမယ့် အကြီးမားဆုံး ပြောင်းလဲသွားတာကတော့ အမြောက်တပ်ဖွဲ့  ပဲဖြစ်ပါတယ်။ အမြောက်တပ်ဖွဲ့ ဟာ
၁၉၉၀ နှစ်ဦးပိုင်းက စတင်ပြီး ၁၅၅ မမ နဲ့  ၁၂၂ မမ ဟောင်ဝဇ်ဇာ အမြောက်များ အပါအ၀င် MLRS အတွဲလိုက် ဒုံးပစ် စနစ်များ၊ ရာပေါင်းများစွာ ရှိတဲ့  အမြောက် ၊ စိန်ပြောင်းများကို စတင် တပ်ဆင် အဆင့်မြှင့်တင် လာပါတယ်..။ အဲဒီထဲမှာ အစ္စရေး ၊ တရုတ် ၊ ရုရှား နဲ့  မြောက်ကိုရီးယား နိုင်ငံထုတ် လက်နက်တွေ အဓိက ပါဝင်တယ်လို့ လဲ ဆိုပါတယ်...။


၁၅၅မမ ဟောင်ဝစ်ဇာအမြောက်ကြီး
 
၁၂၂မမ အတွဲလိုက် ဒုံးပစ်ယာဉ်

အမြောက်တပ်ဖွဲ့  ရဲ့ အောက်မှာ ဒုံးတပ်ရင်းများ စတင်ဖွဲ့ စည်းလာပြီး ပြည်ပ စစ်လက်နက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ချို့ ရဲ့ အဆိုအရ ယိုးဒယား-မြန်မာ နယ်စပ်တင်းမာမှု ပြသနာအပြီး ၂၀၀၃ နဲ့  ၂၀၀၄ ခုနှစ် ၀န်းကျင်လောက်မှာ ဒီ ဒုံးတပ်ရင်းတွေဟာ တရုတ်နိုင်ငံ လုပ် M11 တာတိုပစ် ဒုံးပျံ တွေနဲ့ မြောက်ကိုရီးယားလုပ် Hwasong အမျိုးအစား စကဒ်ဒုံးပျံတွေကို အများအပြား စတင် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား သတင်းဌာန ရဲ့ ၂၀၀၆ ခုနှစ် သတင်းထုတ်ပြန်ချက်အရ 
တပ်မတော်အစိုးရဟာ ၂၀၀၂ ခုနှစ် မေလမှာ Daewoo ကော်ပရေးရှင်း နဲ့  အမေရိကန်ဒေါ်လာ ၁၃၃.၈ သန်းတန် ဒုံးပျံ နည်းပညာဆိုင်ရာ စစ်လက်နက် ကန်ထရိုက်တစ်ခု ကို လက်မှတ် ရေးထိုးခဲ့တယ်လို့ လဲ သိရပါတယ်..။

၂၀၀၄ခုနှစ် နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ( CPMIEC ) ကနေ အဆင့်မြှင့်တင်ထားတဲ့  တာတိုပစ် ဒုံးပျံ
M11 ( DF 11 A ) နဲ့  M9 ( DF 15 ) ( အရေအတွက် မသိရ ) တို့ ကို လက်ခံရရှိခဲ့ပြီး
DF 11 A ဟာ 500kg ဒုံးထိပ်ဖူးတစ်ခု နဲ့ ကီလိုမီတာ ၅၀၀ - ၇၀၀ အကွာအဝေးကို ပစ်ခတ်နိုင်ကာ
DF 15 ဟာ ကီလိုမီတာ ၆၀၀ အကွာကို ပစ်ခတ်နိုင်စွမ်း ရှိပါတယ်..။ ဒီ ဒုံးပျံတွေအားလုံးဟာ ယာဉ်တင် အမျိုးအစားတွေဖြစ်ပြီး လွယ်ကူစွာ ရွှေ့ ပြောင်း သယ်ယူနိုင်တာမို့  အချိန်တို အတွင်း တစ်နိုင်ငံလုံးမှာ
တပ်ဖြန့်  နေရာချထားနိုင်တယ်လို့  ဆိုပါတယ်...။



လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ
၁၉၈၈ ခုနှစ် ၀န်းကျင်က မြန်မာ့တပ်မတော် ဟာ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ ဆိုလို့  မင်္ဂလာဒုံ လေဆိပ် အနီးမှာ ထားရှိတဲ့  တပ်ခွဲတစ်ခွဲ သာ ပိုင်ဆိုင်ပါတယ်။ ဒီ တပ်ခွဲဟာလဲ ၄၀ မမ ဘိုဖာ အမြောက်၊ ၃.၇ မမ MK3A ယာဉ်ဆွဲ လေယာဉ်ပစ် အမြောက် နဲ့ ၂၀ မမ M 38 လေယာဉ်ပစ်အမြောက်
အနည်းငယ်ကိုသာ ပိုင်ဆိုင်ပြီး အနိမ့်ပျံလာတဲ့  လေယာဉ်တစ်ချို့ ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်..။
လက်ရှိအချိန်မှာ ပြန်ပြောရင်တော့ မြန်မာ့ တပ်မတော်ရဲ့ ၁၉၈၈ ခုနှစ်က လေကြောင်းရန်ကာကွယ်ရေး တပ်ခွဲလေးဟာ စစ်သမိုင်း ပြတိုက်ကို ရောက်ရှိနေခဲ့ပါပြီ..။


တပ်မတော်ထုတ် ပုခုံးထမ်း ဒုံးပစ်လောင်ချာများ
လက်ရှိ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ဟာ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး ရဲ့ ကွပ်ကဲမှုအောက်မှာ လေကြောင်းရန် ကာကွယ်ရေးဇုန်ကြီး ၆ခု လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပေါင်း ၃၀ ကျော် နဲ့ ဖွဲ့ စည်းထားပြီး ဖြစ်နေပါပြီ..။ တပ်မတော် အစိုးရ တက်လာပြီးတဲ့  နောက်ပိုင်း ပထမဆုံး စတင်ဝယ်ယူခဲ့တဲ့ လက်နက်ဟာ စကာင်္ပူနိုင်ငံမှ တစ်ဆင့်  ၀ယ်ယူခဲ့တဲ့  ယူကေ နိုင်ငံထုတ် Blood Hound MK 2 မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေဖြစ်ပါတယ်။
အဲဒီနောက် အမြောက်အများ ထပ်မံဝယ်ယူခဲ့တာကတော့ တရုတ်နိုင်ငံလုပ် HN 5A အနီအောက်ရောင်ခြည်သုံး ပုခုံးထမ်း ဒုံးပျံတွေ ဖြစ်ပါတယ်..။ ဒီ ဒုံးပျံတွေဟာ အနီအောက်ရောင်ခြည်သုံး ပစ်မှတ်ရှာဖွေ စနစ် ပါဝင်ပြီး အမြင့်မီတာ ၃၀၀၀ ၊ အကွာအဝေး မီတာ ၃၀၀၀ အကွာကို လူ နှစ်ဦးတည်းနဲ့  ပစ်ခတ်နိုင်စွမ်းရှိပါတယ်..။


Tunguska SPAAG (Self-Propelled Anit-Aircraft Gun)
၂၀၀၁ ခုနှစ် Janes ကာကွယ်ရေး စာစောင်ရဲ့ ဖော်ပြချက်အရ တပ်မတော်ဟာ ဘူလ်ဂေးရီးယား နိုင်ငံကနေ
SA-16 Gimlet ( Igla - 1E ) ပုခုံးထမ်း လေယာဉ်ပစ်ဒုံးတွေ အများအပြား ၀ယ်ယူခဲ့ပါတယ်..။ 

ဒီ ဒုံးပျံတွေဟာ အမေရိကန် နိုင်ငံလုပ် Stinger ပုခုံးထမ်း ဒုံးပျံတွေ နဲ့  အလားသဏ္ဍန်တူပြီး အမြင့်မီတာ ၃၅၀၀ က ပျံသန်းလာတဲ့  လေယာဉ်ကို မီတာ ၅၂၀၀ အကွာအဝေးကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။
၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ထပ်မံဖြည့်တင်းလာတာကတော့ ရုရှား နဲ့  အရှေ့ ဥရောပ နိုင်ငံတွေက လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေပဲ ဖြစ်ပါတယ်..။ ဒီလက်နက်တွေထဲမှာ ရေဒါနဲ့  ပစ်ခတ်နိုင်တဲ့  Tunguska ( SA – 19 ) လို လက်နက်တွေပါဝင်လာပြီး လက်ရှိ ရုရှား နဲ့  အရှေ့ ဥပရောပ နိုင်ငံတွေမှာ ဖြန့် ချထားတဲ့  လေကြောင်းရန် ကာကွယ်ရေးလက်နက် အမျိုးအစားတွေ ဖြစ်ပါတယ်...။
တစ်ခါ ၂၀၀၀ ခုနှစ်အတွင်းမှာပဲ ယူကရိန်း နိုင်ငံက 36D6 လေကြောင်းရန်ကာကွယ်ရေး ရေဒါ စနစ်တွေ ရောက်ရှိလာခဲ့ပြီး တစ်ချို့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ မြန်မာနိုင်ငံမှာ ရုရှားလုပ် P37 နဲ့ 
1L – 117 ရေဒါ အမျိုးအစားတွေကို တပ်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်..။



Pechora 2M တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေးဒုံးတင်ယာဉ်

၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့  ရုရှား ချစ်ကြည်ရေး ခရီးစဉ်အပြီးမှာတော့ တပ်မတော် ဟာ
ရုရှား ရဲ့ လက်ရှိ အသုံးပြုနေတဲ့  SA – 15 ( Tor M1 ) နဲ့ SA – 17 ( BUK M1 – 2 ) လို လက်နက်မျိုးတွေ စတင်ရရှိလာပါတယ်...။ ဒီလက်နက်တွေဟာ ခေတ်မီတာဝေးပစ် အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေးလက်နက် တွေ ဖြစ်ပြီး SA – 17 ဟာ အမြင့်မီတာ ၁၅၀၀၀ ကနေ ပျံသန်းလာတဲ့  ပစ်မှတ်ကို
၄၅ ကီလိုမီတာ အကွာကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။ လက်ရှိ အခြေအနေမှာတော့ မြန်မာ့ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ ခေတ်မီ SAM ဒုံးပျံ တွေဖြစ်တဲ့ 
SA 2 ,SA-5,SA 6 ,SA 15 ,SA 17 ,SA 18 , SA 19 နှင့် Pechora 2M လို လက်နက်မျိုးတွေ အများအပြား ပိုင်ဆိုင်ထားပြီလို့ သိရပါတယ်..။ ဒါဟာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့တဲ့  ၁.၁၀.၁၉၆၆ ကနေ 

၃၁ ၃.၁၉၆၉ အတွင်း မြန်မာ့ လေပိုင်နက်ထဲကို အမျိုးအမည်မသိ လေယာဉ် ၁၀၀ ကျော် ဖြတ်သန်းဝင်ရောက်ခဲ့မှုကို လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ့  သမိုင်းကို ပြည်ဖုံးကား ချလိုက်တာလဲ ဖြစ်ပါတယ်...။


ရေတပ်ဆိုင်ရာ

 ၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ့ ရေတပ်ဟာ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင်တဲ့ 
အင်အားသေးငယ်တဲ့ ရေတပ်တစ်ခု ဖြစ်ပါတယ် ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့
အခြေအနေဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားပါပြီ..။ ၁၉၉၀ ခုနှစ်မှာ တပ်မတော် ရေ ကို ပထမဆုံး ရောက်ရှိလာတာကတော့ ရေမိုင် ၃၀ အထိ မောင်းနှင်နိုင်တဲ့  PB 90 အမျိုးအစား ကမ်းခြေစောင့် စစ်ရေယာဉ် ( UMS 424 ,UMS 425, UMS 426 ) တွေ ဖြစ်ပါတယ်...။

ဒုတိယထပ် ရောက်လာတာကတော့ ၅၉ မီတာအရှည် Hainan အမျိုးအစား Type 037

 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ဆယ်စီး ပါ။ ၁၉၉၁ ဇန်န၀ါရီလမှာ ပထမ အသုတ် စစ်ရေယာဉ် ၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၃ မေလ မှာ တော့ ဒုတိယအသုတ် စစ်ရေယာဉ် ၄ စီး ( UMS 441 – UMS 450 ) တို့ ကိုလက်ခံ ရရှိခဲ့ပါတယ်....။ ၁၉၉၄ ခုနှစ် မတ်လမှာ တပ်မတော် အစိုးရဟာ 
၆၃ မီတာအရှည်ရှိတဲ့  Houxin အမျိုးအစား ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် ၆ စီး ( UMS 471 – UMS 476 ) ကို ၀ယ်ယူဖို့  တရုတ်နိုင်ငံ နဲ့  စာချုပ်ချုပ်ဆိုခဲ့ပါတယ်..။ဒီ သင်္ဘောတွေကို ၁၉၉၅ , ၁၉၉၆ နဲ့  ၁၉၉၇ ခုနှစ်တွေမှာ တပ်မတော်ရေ က လက်ခံရရှိခဲ့ ပြီး တပ်မတော်ရေ ရဲ့ ပထမဆုံး YJ -1 ( C 801 ) သင်္ဘောဖျက် ပဲ့ထိန်း ခရုစ် ဒုံးပျံတပ်ဆင်ထားတဲ့  စစ်သင်္ဘောတွေ ဖြစ်လာပါတယ်...။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ်

ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်
 ၁၉၉၅ ခုနှစ်မှာတော့ တပ်မတော် ရေတပ်သဘောင်္ကျင်း နဲ့ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွေဟာ
တရုတ် နည်းပညာ အထောက်အပံ့ တွေကို အမြောက်အများ ရရှိလို့ နေခဲ့ပါပြီ...။ အဲဒီ ၁၉၉၀ ကနေ
၂၀၀၆ ခုနှစ် ကာလအတွင်း မှာတော့ တပ်မတော်ရေတပ် သင်္ဘောကျင်းဟာ ၅၀မီတာ အရှည်ရှိတဲ့ အမြန်ကင်းလှည့်ရေယာဉ် ၆စီး ( UMS 551 – UMS 556 ) ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး ရေယာဉ် ၄စီး ( UMS 557 – UMS 560 ) ၂၇ ပေ အရှည်ရှိတဲ့ မြစ်တွင်း ကင်းလှည့်ရေယာဉ် ၁၄စီး ( ငမန်း ၁ - ငမန်း ၁၄ ) နဲ့  အခြားအထောက်အကူပြု စစ်ရေယာဉ် အများအပြားကို တည်ဆောက် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်...။


တပ်မတော်ထုတ် ၅စီးရီး ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်

 ရေတပ်သင်္ဘောကျင်း ရဲ့  အကြီးစား သင်္ဘောတည်ဆောက်ရေး ပရိုဂရမ်တွေဟာ ၂၀၀၀ ပြည့်နှစ်မှာ
အင်ပြည့်အားပြည့် စတင်ပါတယ်...။ ၇၇ မီတာ အရှည်ရှိတဲ့  ကော်ဗက် စစ်ရေယာဉ် ( UMS 771 – UMS 772 ) နှစ်စီးကို တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ဖရီးဂိတ် စစ်သင်္ဘောတွေကို
စတင်ထုတ်လုပ်နိုင်တဲ့  အဆင့်ကို ရောက်ရှိလာပါတယ်..။


 ကော်ဗတ်အဆင့်မှ အပေါ့စား ဖရီဂိတ်သို့ အဆင့်မြှင့်တင်ထားသည့် စစ်ရေယာဉ်
လက်ရှိအနေအထားမှာတော့ တပ်မတော် ရေ ဟာ ဒုံးပျံတင် ဖရီးဂိတ် နဲ့ ကောဗက် စစ်ရေယာဉ်များ
အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ကမ်းခြေစောင့် ကင်းလှည့် စစ်ရေယာဉ်များ ကမ်းတက်ရေယာဉ်များ
မိုင်းရှင်း ရေယာဉ်များနဲ့  သယ်ယူပို့ ဆောင်ရေး ရေယာဉ် အမြောက်အများကို ပိုင်ဆိုင်တဲ့  ခေတ်မီ ရေတပ် တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်...။

အေပိုင်း-၂ ဆက်ရန်