
မြောက်ကိုးရီးပြည်သူ့ တပ်မတော်၏ မဟာဗျုဟာမြောက်ဒုံးပျံတပ်ဖွဲ့အား အမြောက်တပ်ညွှန်ကြားရေးဌါနချုပ် အေဂျီဘီဟု အမည်ပေးထားပြီး စကပ်ဒ်မှ ဆင့်ပွားကာ ပြည်တွင်းတွင် တည်ဆောက်ကာ တာဝေးနှင့်ဝန်လေးသယ်ဆောင်နိုင်မှု တိကျမှုတို့ ပြောင်းလဲသွားသော ဒုံးပျံအမျိုးမျိုးကို အဓိကလက်နက် အဖြစ်ထားရှိသည်။ဟွာဆုန်-၅ နှင့် ဟွာဆုန်-၆ ဒုံးပျံတို့မှာ မြေပြင်တွင် ရွှေ့ပြောင်းပစ်ခတ်နိုင်ပြီး ရိုဒွန်-၂ နှင့် တေပိုဒွန်-၁ ဒုံးပျံတို့မှာ ပစ်စင်ခုံများလိုအပ်သည်။
မြောက်ကိုးရီးယား၏ လက်ရှိ တိုက်ချင်းပစ်ဒုံးပျံမှာ တေပိုဒွန်-၂ ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် စမ်းသပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ယင်းဒုံးပျံ၏ ရောက်ရှိနိုင်သည့် ခန့်မှန်းခြေ အကွာအဝေးမှာ ကီလိုမီတာ ၆၀၀၀ သို့မဟုတ် ထိုထက်ပိုနိုင်ပါသည်။ထိုကြောင့် အာရှနှင့် ပစိဖိတ်သမုဒ္ဒရာ၏ နေရာများစွာကို လက်လှမ်းမီသည့် အပြင် အမေရိကန်ပြည်ထောင်စု အာလာစကာပြည်နယ်သို့ပင် ရောက်ရှိနိုင်သည်။
လက်ရှိဖြန့်ကျက်ထားသည့် ဒုံးပျံများ၏ တာဝေးသွားနိုင်မှုမှာ ကီလိုမီတာ ၂၀၀၀ ဖြစ်ကာ အဓိက လွှတ်တင်ရာနေရာများမှာ အရှေ့ဘက် ကမ်းခြေရှိ မူဆူဒန်ရီနှင့် ပုန်ဒွန်ရီတို့ဖြစ်သည်။
ဟွာဆုန်-၆ တာတိုပစ်ဒုံးပျံ


ဟွာဆုန်-၅ တာတိုပစ်ဒုံးပျံ

တေပိုဒွန် တာဝေးပစ်ဒုံးပျံ

မြန်မာနိုင်ငံမှာ SCUD ဒုံး ထုတ်ဖို့ဆိုတဲ့အရာက ဖြစ်နိုင်ပါ့မလား။
ReplyDeleteဖြစ်နိုင်ပါတယ်။အရှေ့အလယ်ပိုင်းနိုင်ငံတွေကလည်း ဒီဒုံးပျံတွေကိုထုတ်နေကြပါတယ်။မြောက်ကိုးရီးယားနည်းပညာနှင့် ထုတ်လုပ်နေကြတာပါ။အခက်ခဲတွေရှိပင်မဲ့ တချိန်ချိန်မှာတော့ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ဒီလိုဒုံးပျံတွေကို ထုတ်လုပ်နိုင်မှသာလျင် ဒေသတွင်းနိုင်ငံတွေကို စစ်ရေးအရတုန့်ပြန်နိုင်ပါမယ်။စစ်ဆိုတာ ဘယ်အချိန်ဖြစ်မယ်ဆိုတာကြိုပြောလို့မရပါဘူး ဖြစ်လာခဲ့ရင် အဆင်သင့်ရှိဖို့လိုအပ်ပါတယ်။
ReplyDelete