
အောင်ဇေယျ ဖရီးဂိတ် ပေါ်တွင် စီ-၈၀၂ ရေပြင် မှ ရေပြင်ပစ် ဒုံးကျည်တပ်ဆင်ပြီးတွေ့ရစဉ်ဖြစ်ပါသည်။

စီ-၈၀၂ ရေပြင် မှ ရေပြင်ပစ် ဒုံးပျံ ၄စင်းတပ်ဆင် ထားကြောင်းတွေ့ရပြီး လက်နက်စနစ် အတော်များများ တပ်ဆင်ထားကြောင်းတွေ့ရပါသည်။ရေဒါစနစ်မှာ မှု အပြည့်အဝတပ်ဆင်ထားခြင်းမတွေ့ရသေးပေ။ယခုအချိန်တွင်မှု လက်နက်စနစ်များ၊ရေဒါစနစ်များ အပြည့်အစုံ တပ်ဆင်ပြီးဖြစ်ကာ စစ်ဆင်ရေးအတွက် အပြည့်အဝ တာဝန်ထမ်းဆောင်နေပြီဖြစ်ပါသည်။

နောက်ထပ်စိတ်ဝင်စားစရာ ကောင်းသော အချက်မှာ အပေါ်ပုံတွင် ပါရှိသည့် အတိုင်း စစ်ရေယာဉ်ကြီးတစ်ခုကို တည်ဆောက်နေကြောင်းတွေ့ရပါသည်။မည်သည့်အမျိုးအစားဖြစ်ကြောင်းသေချာစွာ မသိရသေးပါ ၇၇စီးရီး ကော်ဗတ်များသော်လည်းကောင်း၊အပ်ဖ် စီးရီး ဖရီးဂိတ် အသစ်တစင်းပင် လည်းကောင်းဖြစ်နိုင်ပါသည်။ဖရီးဂိတ် အသစ်တစင်းဖြစ်ခဲ့ပါမှု မြန်မာ့ ရေတပ်မတော် အတွက် ဝမ်းမြောက်စရာပင်ဖြစ်ပါသည်။၇၇စီးရီးများ ဖြစ်ခဲ့ပါလျှင် ၇၇၄ ဖြစ်လာမည်ဖြစ်ပြီး ခေတ်မှီ ကော်ဗတ် တိုက်ရေယာဉ် ပိုင်ဆိုင်မှုမှာ ၄စီးမြောက်ဖြစ်လာမည်ဖြစ်ပါသည်။မည်သို့သော တိုက်ရေယာဉ်ဖြစ်စေကာမှု မြန်မာ့ တပ်မတော်ရေ အတွက် စစ်ဆင်ရေးပမာဏ ကျယ်ပြန့်လာမည်ဖြစ်ပါသည်။
No comments:
Post a Comment