
မြန်မာ့တပ်မတော် ကြည်း၊ရေ၊လေ တပ်ပေါင်းစုံ စစ်ရေးလေ့ကျင့်ခဲ့စဉ်ကဖြစ်သည်။
ပုံထဲတွင်-၅၅ စီးရီး အမြန်တိုက်ခိုက်ရေးယာဉ် ၄စီး၊ကမ်းထိုးရေယာဉ် ၂စီး၊အေ-၅စီ မြေပြင်ပစ်ကူပေး တိုက်လေယာဉ် ၁စီး၊ အမျိုးအစား-၅၉ဒီ တင့်ကား ၃စီး နှင့် ကမ်းထိုးစစ်ဆင်နေသော စစ်သည်များကို တွေ့ရပါသည်။

မြန်မာ့တပ်မတော် တင့်ကားတပ်များတွင် အဓိက အသုံးပြုနေသော အမျိုးအစား-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားများ ဖြစ်သည်။

၅၅၇ အမြန်တိုက်ခိုက်ရေးယာဉ် ပေါ်မှ စစ်သည်များ လက်တွေ့ပစ်ခတ်မှု လေ့ကျင့်ခန်းပြုလုပ်နေကြစဉ် ဖြစ်သည်..။
ပုံထဲမှာ- ဇက်ပီယူ-၄ ၁၄.၅မမ ၄ပြောင်းပါ လေယာဉ်ပစ် စက်သေနတ် ၂လက်၊ အေကေ-၂၃၀ ၃၀မမ စက်သေနတ်ကြီး ၁လက် တပ်ဆင်ထားပါတယ်..။
ပုံတွေ အတော်များများရထားပါတယ်..ပေးပို့ပေးတဲ့ ကျွှန်တော်သူငယ်ချင်းကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ...။
No comments:
Post a Comment