မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ)တပ်များ၊ တပ်ပေါင်းစုံများတွင် အသုံးပြုသောစစ်လက်နက်များအား ဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆိုဝင်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။ ကာကွယ်ရေးဆိုင်ရာ လက်နက်များကိုသာ ဖော်ပြသည်ဖြစ်၍ မည့်သည့် နိုင်ငံရေး၊မူဝါဒရေးရာစသည့် အချက်များနှင့် လုံးဝမသက်ဆိုင်ပါ..။ ကျေးဇူးတင်ပါသည်။ ဘလော့ဒ်ဂါ ကိုMM
Thursday, October 13, 2011
တရုပ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သစ်
တရုပ်၏နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်စနစ်သစ် ဖြစ်သည်။HQ-၁၆ ဟုခေါ်ဆိုထားပြီး HQ-၇ နှင့် HQ-၉ တို့၏ နည်းပညာများကို
ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။
ံHQ-၉ တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် (ရုရှား၏ အက်စ်-၃၀၀ စနစ်)
ယခုထိစမ်းသပ်မှုများအရ မြန်နှုန်းနှေး၍ အနိမ့်ပျံပစ်မှတ်ကို စမ်းသပ်ပစ်ခတ်ခဲ့ရာ ကီလိုမီတာ ၅၀ အရောက်တွင် ပစ်မှတ်ကို တိကျစွာဖျက်ဆီးနိုင်ခဲ့သည်။ တရုပ်၏ ယခုထုပ်လုပ်သောစနစ်သည် အမေရိကန်၏ တိုမာဟော့ကဲ့သို့သော ချေမှုန်းရေဒုံးပျံများကို ကြားဖျက်တားဆီးနိုင်ရန် အထူးထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ပေကျင်းအခြေဆိုက် ကာကွယ်ရေးဆိုင်ရာ မဂ္ဂဇင်းတွင် ဖော်ပြထားပါသည်..။
ဝေဖန်သူတချို့ က ရုရှား၏ သင်္ဘောဖျက်ဒုံးစနစ်များအား ပုံတူကူးထားသည်ဟုလည်း ဆိုကြသည်။
စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့စဉ်က...
Subscribe to:
Post Comments (Atom)
တရုတ်ကတော့ပုံတူကူးတာတော်တယ်
ReplyDelete