မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ)တပ်များ၊ တပ်ပေါင်းစုံများတွင် အသုံးပြုသောစစ်လက်နက်များအား ဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆိုဝင်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။ ကာကွယ်ရေးဆိုင်ရာ လက်နက်များကိုသာ ဖော်ပြသည်ဖြစ်၍ မည့်သည့် နိုင်ငံရေး၊မူဝါဒရေးရာစသည့် အချက်များနှင့် လုံးဝမသက်ဆိုင်ပါ..။ ကျေးဇူးတင်ပါသည်။ ဘလော့ဒ်ဂါ ကိုMM
Friday, March 9, 2012
မြန်မာ့တပ်မတော် (ရေ) ၏ စစ်ရေယာဉ်ကြီးများ
ပဲ့ထိန်းဒုံးတပ်ဆင်ထားသော မဟာဗန္ဓုလ F21 ဖရီးဂိတ်ကြီး
ပဲ့ထိန်းဒုံးတပ်ဆင်ထားသော မဟာသီဟသူရ F23 ဖရီးဂိတ်ကြီး
တရုပ်နိုင်ငံမှ မကြာမှီလွှဲပြောင်း လက်ခံရရှိတော့မည့် ပဲ့ထိန်းဒုံးပါ ဖရီးဂိတ်များဖြစ်ပါတယ်...။
မြန်မာ့တပ်မတော် (ရေ)ရှိ ဖရီးဂိတ်စစ်ရေယာဉ်များ၏ အမည်များမှာ--
F11..............အောင်ဇေယျ (ပြည်တွင်းထုတ်)
F21..............မဟာဗန္ဓုလ (တရုပ်ထုတ်)
F22.............ကျန်စစ်သား (ပြည်တွင်းထုတ်)
F23............. မဟာသီဟသူရ (တရုပ်ထုတ်) တို့ဖြစ်ပြီး ဆက်လက်၍ အသစ်တည်ဆောက်မှုများ ပြုလုပ်နေဆဲဟု သိရပါသည်။
မြန်မာ့တပ်မတော် (ရေ)၏ အမိရေပြင်အား အကာအကွယ်ပေးရေး၊ ပိုင်နက်နယ်မြေလုံခြုံရေးအတွက် သိသိသာသာ စွမ်းရည်တိုးတက်လာစေမည်မှာ အမှန်ပင်ဖြစ်ပါသည်....။
သတိထားရမည့်အချက်မှာ မြန်မာ့တပ်မတော် (ရေ)၏ ရေယာဉ်ဖြည့်တင်းမှုနည်းတူ မကြာမှီမှာ ဘင်္ဂလားရေတပ်ကလည်း တိုးချဲ့မှုလုပ်တော့မှာဖြစ်ပါတယ် ဒါကြောင့်မိမိတို့အနေနှင့်လည်း သတိထားပြီးစောင့်ကြည့်ရမှာ ဖြစ်ပါတယ်....။
အခုတလော ပုံတွေ အတော်များများ ဆက်တိုက်ရလာတယ်ပါတယ်.... ဒီနေ့တော့ အောင်ဇေယျ သင်္ဘောဖျက် ပဲ့ထိန်းဒုံးတပ် အောင်ဇေယျကြီးရဲ့ ပုံတွေ သူငယ်ချင်းတွေဆီကနေ တဆင့်ရထားပါတယ်....။
မကြာတော့သော အချိန်မှာ မြန်မာပိုင် ရေပိုင်နက်ကို ဘင်္ဂလားမှ မတရားတောင်းဆိုမှုအတွက် နိုင်ငံတကာခုံးရုံးကနေ စီရင်ချက်ချရမှာ ဖြစ်ပါတော့တယ်....။
မြန်မာ့ရေပြင်ပိုင်နက်အတွင်းမှာ ဘင်္ဂလားဒေ့်ရေတပ်ရဲ့ ဖရီးဂိတ်တွေ ကျုးကျော်ဝင်ရောက်မှု ၂၀၀၉ခုနှစ်တွေအတွင်းမှာ ရှိခဲ့တယ်လို့ သိရပါတယ်....။
တပ်မတော် (ရေ)မှ ထုတ်လုပ်ခဲ့သည့် အောင်ဇေယျ ဖရီးဂိတ်ကြီးအား အနော်ရထား ကော်ဗတ်နှင့်အတူ တွေ့ရစဉ် ဖြစ်ပါသည်။
အနော်ရထား ပဲ့ထိန်းဒုံးပါ ကော်ဗတ် စစ်ရေယာဉ်ကြီး
ဟောင်ဇင် အမျိုးအစား ပဲ့ထိန်းဒုံးပါ တိုက်ခိုက်ရေးအမြန်ယာဉ်များ
၄၅မီတာရှိသည့် တိုက်ခိုက်ရေးအမြန်ယာဉ်များ
အထက်ပါပုံမှာတွေ့ရတဲ့ အတိုင်းဆိုရင် ဒီဘက်ကို မျက်နှာမူတဲ့ စစ်ရေယာဉ်တွေဟ ၅၅၁ နှင့် ၅၅၂ ဖြစ်ပြီး ကျန်တဲ့ စစ်ရေယာဉ်တွေကတော့ အသစ်ထုတ် ၅၆၂ နှင့် ၅၆၁ စစ်ရေယာဉ်တွေ ဖြစ်ပါတယ်... နောက်ဆုံးသိရသလောက်ကတော့ မြန်မာ့တပ်မတော် (ရေ)ရှိ ပြည်တွင်းထုတ် ၅စီးရီး တိုက်ခိုက်ရေးအမြန်ယာဉ်များကို ၅၅၁ မှ ၅၇၀ အထိ အစီးရေ ၂၀ စင်းအား အမျိုးအစားကွဲပြားသည့် လက်နက်များတပ်ဆင်ထားသည်ဟု သိရပါသည်။
(အခုလိုပုံတွေကို ပို့ပေးကြတဲ့ အတွက် အထူးကျေးဇူးတင်ကြောင်း အားလုံးကိုယ်စား ပြောပါရစေခင်ဗျာ...။)
(ကော်မန့်တွေရရင် လေတပ်ပုံတွေရမယ်လို့ သူငယ်ချင်းတစ်ယောက်က မေးလ်ထဲမှာ ပြောလာပါတယ်... အားလုံးရဲ့ သဘောပါဘဲဗျာ.... :D )
ပုံတွေပြန်တင်ပြီး....။
Subscribe to:
Post Comments (Atom)
မြန်မာ နဲ့  ကုလားတွေနဲ့ ဆော်ကြရင်တော့ကြည့်ကောင်းပြီဟေ့..မြန်မာ တွေကွာ..နိုင်ငံ ကြီး နှစ်နိုင်ငံကြားမှာနေလာတာကွ..ကိုက ကျူးကျော်ပြီးနိုင်လာတာချည်းပဲ..သူများလာ ကျူးကျော်ရင်လည်း.သေအောင် ပြန်တွယ်လွတ်လိုက်တာချည်းပဲ..ခု တခါများ ချဖြစ်ရင်တော့လား မြန်မာ့သွေးပြရသေးတာပေါ့ကွာ.
ReplyDeleteF-21-23 မှာဆင်ထားတဲ့ ဒုံးတွေကိုပါ သိရရင်ကောင်းမယ်ဗျို့ 802-A အောက်တော့ မနိမ့်လောက်ပါဘူးနော်..ခုတွေ့ရတဲ့ ဟာတွေကတော့ အရင်အဟောင်းတွေပဲ။ ဖြုတ်လဲပါဗျို့
ReplyDelete562 မှာ SSM တွေတပ်ဆင်ထားတယ်လို့ ထင်ပါတယ်။ ပုံကိုကြည့် ပြီးပြောတာပါ။
ReplyDeleteKo Mg Han ပြောသလို F-21,F-23 တွေမှာ SSM က C-802A လောက်တော့ဖြစ်သင့် ပါတယ်။ အခုတွေ့ ရတဲ့  SY-1 လောက်နဲ့ အလုပ်မဖြစ်ပါဘူး။
လွှဲတောင် ပေးတော့မှာဆိုတော့ မလဲဖြစ်တော့ဘူးနဲ့တူပါတယ်ဗျာ။ ရေ/ချုပ်တောင် တရုတ်သွားပြီပဲ။ လဲရင်ဘယ်လောက်ကြာမလဲ၊ အနည်းဆုံး၊ လက်နက်၊ ပြစ်မှတ်ရှာရေဒါ၊ လမ်းညွှန်ရေဒါ အဲဒါတွေအကုန်လဲရမှာဆိုတော့ တစ်လနှစ်လက အနည်းဆုံးပဲထင်တယ်။ ဒီကဆရာတွေလည်းဟိုရောက်နေပြီဆိုတော့ မဖြစ်လောက်တော့ဘူးထင်တယ်။
ReplyDeletea mhan a tine pyaw ya yin thate tot arr ma ya buu byar . a` d 2 sin a sar shi te` 77 sries tway, 55 tway ,47 tway ko upgrade lope pe missile kg kg tat nine yin po p effective pyit mal htin tal.pe tot JH-7 tway mhar anti-ship missile tway tat nine yin taw taw kg mal. AungZayYa mhar use me` helicopter mhar lal Penguin lo light anti-ship missile tway tat nine yin sit ka sar ya tar taw taw kg twar mal htin tal . my opinion par . (sorry for burglish . i can't type myanmar)
ReplyDeleteအခု ဝယ်လိုက်တာတွေက Type 053H1 Frigate တွေပါ ။ ဘင်္ဂလားဒေ့ရ် က ဝယ်ဖို့ လုပ်နေတာက Type 053H 2 Frigate တွေပါ ။ တပ်ဆင်ထားတဲ့ စနစ်ချင်း တော်တော် ကွာပါတယ် ။ Type 053H 2 Frigate က ပိုကောင်းပါတယ် ။ တော်တော်ကွာတာပါ။ အဆင့်မြင့်တင် မှု့ လုပ်မလား တော့ မသိ ဘူး ။ နားလည်တဲ့သူရှိရင် ပြောကြပါအုံး ။
ReplyDeleteI am not an expert. I only know from what I read from the internet.
ReplyDeleteType 053H1s are clearly out of date with 1970's technology. We will have to spend a lot of money even to match them.
We will have 2 more Frigates in our inventory with these oldies but only as numbers. Not as capability. Not as something that will strike fear to our 'friends'. We need to go for QUALITY not QUANTITY.
I cannot understand the point of buying old, obsolete weapons of poor quality. If you buy new weapons, you have to pay a lot more money but you get what you paid for - new technology = new weapons = better capabilities with no additional/hidden maintenance costs. With old weapons there are extra costs - break downs, repairs, upgrades etc. It will end up costing more than a new unit.
For example - just like buying a 20 year old car vs. buying a 3 year old car.
I am not an expert. I want us to see us procuring weapons that will make our neighbours respect us - not looking down on us like they would like to do. (that means the best option for us - from Russia, Israel and whoever we want to buy weapons from. Not restricted to one country's charity).
I love my country and I said the above (with MYO CHIT SATE) because I want to see us having a modern and powerful defence force that does not need to be in awe of our neighbours and their armed forces.
I read about a lot of negative feedbacks reported by Bangladesh (Type 053H1), Egyptian (Type 053H1)and Royal Thai Navies (Type 053Ts based on Type 053H2) about various issues with stabilizers, generators, guns and even damage control systems. I do hope that Myanmar Navy procurement team is aware of these negative feedbacks and tested and checked these systems thoroughly for the sake of myanmar navy officers and seamen.
ReplyDeleteF11 နောက် ဒုတိယ ဖရီးဂီတ်ကို ရေချပြီးမပြီးလေး သိချင်ပါတယ်၊ တတိယ ဖရီးဂိတ်ကိုလဲ တည်ဆောက်နေဆဲဖြစ်ပါတယ်၊ GA plan မှာတော့ 108M(III) ဆိုပြီးပါပါတယ်၊ နောက်တစ်ခုက 77m (no. 773 ) လဲတည်ဆောက်နေဆဲလို့ထင်ပါတယ်၊
ReplyDeleteI just read in Thai News that F21 and F23 are paying a courtesy visit to Viet Nam for 2 days starting from 12 March. Photos are also available on this website.
ReplyDeletehttp://www.manager.co.th/IndoChina/ViewNews.aspx?NewsID=9550000032332
ကျေးဇူးပါဗျာ.. ဓါတ်ပုံတွေအရဆိုရင် ဒုံးစနစ်က မူလအတိုင်းပဲပေါ့...
Deletemy fri navy thilawa engineer said second frigate must be finished at Feb 2012 but a little delay...second and third frigate are stealth frigate design.....5series FAC will be constructed to total 30....one covertte will also be built.....engine price of Aung Zay Ya is 11 million dollars
ReplyDeleteThis comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
DeleteGA plan တွေအရဆိုရင် ဒုတိယ နဲ့ တတိယ ဖရီးဂိတ်တွေဟာ Stealth Design စစ်စစ်လို့ပြောလို့မရသေးဘူးဗျ၊ F11 နဲ့ ဒဇိုင်း ယှဉ်ကြည့်လိုက်မယ်ဆိုရင် .. ဒုတိယ ဖရီးဂိတ်မှာ ကုန်ပါတ်ပေါ်တည်ဆောက်မှု့ (တတိယ ဖရီးဂိတ်မှာလဲ ပိုပြီးပြည့်စုံလာတယ်လို ယူဆ ရတယ် ပိုင်းတွေပိုပြီးရှင်းလင်းသွားတယ်ဗျ၊ Angle ချိုးထားပုံတွေအရလဲ ရဒါပြန်မှု့ နည်းသွားနိုင်တယ်၊ Stealth ဒဇိုင်းဖြစ်ဖို့ကတော့ သင်္ဘောဆောက်ရာမှာသုံးတဲ့Material တွေ ကိုလဲ radar absorbent material(RAM) ပြောင်းဖို့လိုလိမ့်မယ်ဗျ.. နောက်တစ်ခုက propulsion system မှာ water Jet ကို တွဲသုံးလိုက်တယ်ဆိုရင် sonar detect သိသိသာသာလျှော့သွားနိုင်တယ်၊ တကယ်လို့ La Fayette class frigate တွေကို 2.75 Generation လို့သတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဒုတိယ ဖရီးဂိတ်နဲ့ တတိယဖရီးဂိတ်ကို 2.5 လောက်တော့ ကျွန်တော်သတ်မှတ်ပေးချင်တယ်၊ RAM တွေသုံးမသုံး တော့ မသိဘူးပေါ့ဗျာ .. Design အရပြောမယ်ဆိုရင် အနည်းငယ် နိမ့်နေတာရယ် ကြောင့်ပါ.. La Fayette class frigate တွေမှာ propulsion system ကို ဒီဇယ်အင်ဂျင်ပဲသုံးထားပါသေးတယ်၊ India ရဲ့ Shivalik class frigate တွေကြတော့ Diesel engine တွေအပြင် Turbine တွေကိုလဲတွဲသုံးထားတယ် Water Jet နည်းပညာကိုထည့်သုံးထားပုံမရဘူး .. တောက်အာဖရိကရဲ့ Valour class frigate တွေကြတော့ Water Jet ကိုထည့်သုံးထားတယ် (Sonar detection ) လျှော့သွားတာပေါ့ဗျ.. ကျွန်တော်လေ့လာမိသလောက်ပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဖရီးဂိတ်တွေ တစ်စီးထက်တစ်စီး နည်းပညာပိုမြင့်လာတာတော့ အမှန်ပဲဗျ.. အားရစရာပါ၊ ဓါတ်ပုံတွေ ထွက်လာတော့မှာ တ၀ကြီးခံစားပြစ်ဦးမယ် :)
DeleteF11 နဲ့ 2nd and 3rd Frigate မှာ ကွာတာလေး တစ်ခုထပ်တွေ့လို့ဗျ... ရဟတ်ယဉ်အတွက် Hanger ပါဝင်လာပါတယ် ( F11 မှာ Hanger မပါ ပါဘူး)
Delete၀မ်းသာလိုက်တာ ကို prophecy ရယ်၊ အခုတစ်လော မကောင်းသတင်းချည်းပဲ ကြားကြားနေရလို့ စိတ်ညစ်နေတာ။ အခုမှပဲ နေသာသွားတယ်ဗျာ။ ပြောပြခွင့်။ ဖတ်ခွင့်ရတာတွေအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ReplyDelete