ကျွန်တော်တို့ဆီက
Mig တွေနဲ့ ပက်သက်လို့ ဝယ်ရခြင်းကို ဖေါပြီးတော့၊ ခု ပထမဝယ်တဲ့ မော်ဒယ် B
စီးရီးတွေနဲ့ ဒုတိယဝယ်တဲ့ SE တွေကို သန်း ၅၀၀ နီးပါးနဲ့ တစ်ခါဝယ်
၁၀စင်းနီးပါးဝယ်ယူတာ ဖြစ်ပါတယ်။ Mig29 တွေဟာ တာတိုနဲ့ တာလတ်ပစ်တွေကို
သယ်နိုင်ပြီး ဝေဟင်ချင်းမှာ လုံးထွေးတိုက်ခိုက်ဖို့ ကောင်းတဲ့ လေယာဉ်တွေပါ။SE တွေဟာ B တွေထက် ရေဒါတွေ၊ အီလက်ထောနစ်တွေ၊ တာဝေးပျံနိုင်တာတွေ
ကောင်းပေမယ့် မြေပြင်နဲ့ရေပြင်ကိုတော့ ရော့ကတ်တွေသုံးပြီးသာ
မျက်မြင်ပစ်ခတ်နိုင်တာမို့ ထူးခြားလာတဲ့ မျိုးဆက်တစ်ခု
မဟုတ်ဘူးလို့ဆိုလို့ရမယ်ထင်ပါတယ်။ တစ်ပြိုင်တည်း ဝေဟင်ပစ်မှတ် ၁၀ခုကို ရှာနိုင်ပြီး တစ်ချိန်တည်း ၂ခုကို ချိန်ရွယ်တိုက်ခိုက်နိုင်ပါတယ်။
B တွေရဲ့ ကိုယ်ထည်ဟာ မော်ဒယ်နံပတ် ၉.၁၂ ဖြစ်ပြီး S တွေရဲ့ ကိုယ်ထည်က ၉.၁၃
ဖြစ်ပါတယ်။ hardpoints ၆ခု ဗိုက်အောက်တစ်ခု၊ ဆီတိုင်ကီကလွဲလို့
ထူးထူးခြားခြား ကွဲပြားတာ မဟုတ်တဲ့အတွက် SE တွေမှာ တပ်ဆင်သလို B တွေမှာ
လိုက်တပ်ဆင်လို့ရပါတယ်။ SE တွေကို SM အဆင့်ဖြစ်တဲ့ လေဆာပဲ့ထိန်းဗုံးစနစ်တွေ
တပ်ဆင် မြင့်တင်နိုင်ပါတယ်။ သို့မှသာ ဘက်စုံသုံးဆိုတဲ့
အဆင့်ရောက်မှာဖြစ်ပြီး၊ သည်မှာတင် အဆင့်မြင်တင်မှု ရပ်ဆိုင်းပီဖြစ်ပါတယ်။
သင်္ဘောပစ်ဒုံးတပ်ဆင်နိုင်တယ်လို့
မတွေ့ရပါဘူး။ ဒါပေမယ့် ဝေဟင် ကြားဖြတ်တိုက်ခိုက်တာမှာတော့ မြေပြင်နဲ့
ဝေဟင် အမိန့်ပေးယာဉ်တွေနဲ့ တွဲဖက်ပြီး စစ်ဗျူဟာ ခင်းနိုင်တဲ့ အနေထားကို
ရရှိမှာဖြစ်ပါတယ်။ အကာကွယ် ကင်းမဲ့လုနီးနီး မြေပြင်ကိုလဲ
စစ်ဆင်နိုင်စွမ်းရှိလာမှာဖြစ်ပါတယ်။ အီလက်ထောနစ် စစ်ဆင်ရေးနဲ့ ထိုးဖေါက်တိုက်ခိုက်ခြင်းကိုတော့
ဆောင်ရွက်နိုင်ချေ နဲပါတယ်။ ဒါအတွက် SMT လို့ အဆင့်မြင့်တင်ပေမယ့်
ကိုယ်ထည်နဲ့ စနစ်တွေကြောင့် ဆင်ဖိုးထက် ချွန်းဖိုးကြီးပါတယ်။
လက်နှက်သယ်နိုင်မှုဟာ တောင်ပံအောက် ၆ခုသာ ပါတာမို့ ဘက်စုံဆိုတာထက် ဆိုင်ရာ
စစ်ဆင်ရေးအလိုက် သီးခြားရွေးချယ် တပ်ဆင်ရမှာဖြစ်ပါတယ်။
MiG-35 တိုက်လေယာဉ်၏ အချက်လက်များ
ကိုယ်ထည်မော်ဒယ်နံပတ် ၉.၁၅ နဲ့ Mig33 လို့ ထင်ခဲ့ကြတဲ့ hardpoints
၈ခုပါတဲ့ ကိုယ်ထည်နဲ့ အဆင်မြင့် အီလက်ထောနစ်စစ်ပွဲတွေနဲ့
မြေပြင်ညွန်ကြားချက်၊ ဂျိုတုလမ်းညွန်နဲ့ ပေါင်းစပ် စစ်ဆင်နိုင်ဖို့
အဆင့်မြင့်ထုတ်လုပ်တာကတော့ Mနဲ့ M2 ပါ။ M2 က ၂ယောက်မောင်းပါ။
လေဆာပဲ့ထိန်းတွေ၊ သင်္ဘောပစ်ဒုံးတွေသာမက၊ အဆင့်မြင့်ရေဒါတွေကိုပါ
တပ်ဆင်တဲ့အတွက် ပဉ္စမမျိုးဆက် ကိုယ်ပျောက်တွေကိုပါ
ရှာဖွေခြေမှုန်းနိုင်ပါတယ်။ မြင်ကွင်းအလွန် ပစ်မှတ်တွေကို
ဝေဟင်ကွပ်ကဲမှုနဲ့သာမက မြေပြင်လမ်းညွန်ထိန်းချုပ်မှုနဲ့ပါ စစ်ဆင်နိုင်ပါတယ်။ အီလက်ထောနစ်နဲ့ ရေဒါခွင်းဒုံးတွေကို ပစ်ခတ်နိုင်တဲ့အတွက် ရန်သူကို ထိုးဖေါက်တိုက်ခိုက်စစ်ဆင်နိုင်ပါတယ်။ သို့သော် တာဝေးပျံသန်းနိုင်မှုအားနဲပါတယ်။
ကိုယ်ထည်က B နဲ့ဆင်တူပေမယ့် တပ်ဆင် စနစ်တွေများစွာကွာခြားပါတယ်။
တောင်ပံအောက် ၈ခုထိပါလာတာမို့ လက်နှက်ကို မြေပြင်ဝေဟင်
စုံလင်အောင်သယ်နိုင်ပြီး လမ်းညွန်ကွပ်ကဲမှုနဲ့ ဘက်စုံစစ်ဆင်နိုင်ပါတယ်။
အဲဒီကနေ OVT၊ အဲကနေ Mig35 ရယ်လို့ ထုတ်လုပ်လိုက်တာကတော့
ပဉ္စမမျိုးဆက်တွေကို တိုက်ခိုက်ဖို့အပြင်၊ ကိုယ့်ရဲ့ ရေဒါမိနိုင်ချေ
ထောင့်ချိုးတွေကိုပါ သိသိသာသာလျော့ချထားတာမို့ ပျံသန်းပုံ
နည်းစနစ်ကိုလိုက်ပြီး ရန်သူကို လှည့်စားအကြောင်ရိုက်နိုင်ပါတယ်။
fly by wire စနစ်ကို အဆင့်မြင့်ထည့်သွင်းထားပြီး၊ ကိုယ်တိုင် ဝေဟင်
မြေပြင်ကွပ်ကဲမှုနဲ့ ကင်းလွတ်ရာမှာ ဘက်စုံကို စစ်ဆင်နိုင်အောင်
စီမံထားပါတယ်။ တာတို ရန်သူ့နောက်ပိုင်းနယ်မြေကို
နက်နက်ရှိုင်း၂ထိုးဖေါက်နိုင်ပါတယ်။ M နဲ့ကွာခြားချက်က အဆင်မြင့် ဆက်သွယ်ရေးကွန်ယက်တွေနဲ့ အလွယ်တကူချိတ်ဆက်တိုက်ပွဲဝင်နိုင်ပြီး၊ ပဉ္စမျိုးဆက်တွေကို ရင်ဆိုင်ဖို့ သေချာပြင်ဆင်ထားပုံပါပဲ။
အဲဒီကနေ OVT၊ အဲကနေ Mig35 ရယ်လို့ ထုတ်လုပ်လိုက်တာကတော့ ပဉ္စမမျိုးဆက်တွေကို တိုက်ခိုက်ဖို့အပြင်၊ ကိုယ့်ရဲ့ ရေဒါမိနိုင်ချေ ထောင့်ချိုးတွေကိုပါ သိသိသာသာလျော့ချထားတာမို့ ပျံသန်းပုံ နည်းစနစ်ကိုလိုက်ပြီး ရန်သူကို လှည့်စားအကြောင်ရိုက်နိုင်ပါတယ်
မြန်မာ့တပ်မတော် (လေ)ရှိ မစ်-၂၉ အက်စ်အီး တိုက်လေယာဉ်
B တစ်စင်းဟာ ဒေါ်လာ ၁၅-၁၉သန်းလောက်ရှိပြီး တစ်ပတ်ရစ်တွေ ဝယ်ခဲ့တာကြောင့် ကုန်ကျစား၇ိတ်နဲပေမယ့် အဆင့်မြင့်တင်စားရိတ်ကြီးပါတယ်။
SE တစ်စင်းက ခန့်မှုန်း ၂၀ဝန်းကျင်ရှိနိုင်ပါတယ်။ M တစ်စင်းဟာ ဒေါ်လာသန်း
၃၀-၃၅ ခန့်ရှိပါတယ်။ 35 ကတော့ ၃၅ကနေ ၄၀ဝန်းကျင်ဖြစ်နိုင်ပါတယ်။
အပိုပစ္စည်းနဲ့ အခြားအရာတွေကို ထည့်တွက်လိုက်ရင် လေတပ်ဘတ်ဂျက် သန်း ၂၀၀
အတွက် M သို့မဟုတ် 35 ၄စင်းခန့်ဝယ်ယူနိုင်ပါတယ်။ ဈေးချိုသလို လက်ရှိ SE
တွေကိုလဲ SM အဆင့်မြင့်ဖို့ သဘောတူခဲ့နိုင်ပါတယ်။ အဟောင်းကို အဆင့်မြင့်တာ
မြန်ဆန်သက်သာသော်လည်း ယခုအချိန်ဟာ မျိုးဆက်တစ်ဆင့် တက်ဖို့ လိုအပ်နေပါပြီ။
မစ်-၃၅ တိုက်လေယာဉ်တစ်စီးအား တွေ့ရစဉ်
မစ်-၃၅ တိုက်လေယာဉ်တစ်စီးအား တွေ့ရစဉ်
Mig 35 got better long range Radar, more pay load.
ReplyDeletethanks for the post!!!
ReplyDeleteMIG-35 တွေကို ၂ အုပ်စာလောက်တော့အနည်းဆုံးဝယ်ယူထားသင့်ပါတယ်
ReplyDeleteယခုခရီးစဉ်မှာတော့ဝယ်ယူမူတွေလုပ်လာနိုင်တယ်လို့ ကျွန်တော်အနေနဲ့ ခမ့်မှန်းမိပါတယ်
တကယ်လဲဖြစ်ပါစေလို့ အထပ်ထပ်ဆုတောင်းမိပါတယ် ခေတ်မှီတဲ့လေတပ်ကြီးတခုပိုင်ဆိုင်ချင်တာ
ရင်ထဲကစေတနာပါ တကယ်ဖြစ်စေချင်ပါတယ် ရုရှားကနေပြန်ရောက်လာရင် ကြားမိတဲ့သတင်းလေး
တွေကိုပြောပြပေးပါအုံးလို့ တောင်းဆိုပါတယ် ကို mm ရေ
ကို MM post အသစ်လေးတွေကို တင်နိုင်သလောက်လေးများများတင်ပေးပါနော်
ReplyDeleteစောင့်ရတာလည်ပင်းတောင်ရှည်တယ် မဖတ်ရရင်လဲမနေနိုင်လို့ ပါ
ကျေးဇူးပါ ကို MM
ကျွန်တော်မသိတာလေး မေးမလို့ ခင်ဗျာ.....ဒီလိုဗျာ....ခု mig 35မှာ တောက်ပံအောက်မှာ
ReplyDeleteဒုံး 8စင်းတပ်ထားတာတွေ့ ရပါတယ်..အဲတော့ လက်နက် reload လုပ်တဲ့ အခါ
ဒုံး တစင်း ပစ်ပြီးသွားလို့ နောက် တစ်စင်း ထပ်ထွက်လာတာမျိုးရှိလားခင်ဗျာ..
ဒါမမဟုတ် အဲဒီ ဒုံး ရှစ်စင်း က အကုန်ပဲလား.. f 22 မှာ ဆို ဒုံးတွေက ရင်အုံအောက်
မှာဖွက်ထားတာမျိုးဗျ .ပြီးတော့  တစ်ခါ ဒုံးတစ်စင်းပစ်ပြီးတိုင်း နောက် တစ်စင်း
က reload ချက်ချင်းဖြစ်တာတွေ့ ရတယ်.. mig 22 က တောင်ပံထဲမှာ ပဲ ဒုံးအပို
တွေထားတာ လား သို့ မဟုတ် reload စနစ် မရှိတာလား သိချင်လို့ ပါခင်ဗျာ
ပို့စ် အသစ်တွေများများတင်ပေးပါအကို ဖတ်ရတာ အားမရလို့ပါ
ReplyDeleteကာချုပ် ရုရှားသွားတာဖတ်လိုက်ရတယ် ပြန်လာရင် အကျိုးအကြောင်းလေး သိချင်ပါတယ်
ReplyDeleteWiki ထဲမှာ ဒီလိုဖော်ပြထားတယ်ဗျ ဟုတ်သလား မဟုတ်လားတော့မသိဘူး
ReplyDeleteMyanmar is also in the process of buying Su 30 from Russia. During his recent visit to Naypyitaw, Russian Defence Minister agreed to supply at least 24 Su 30s to Myanmar Air Force.[citation needed] Myanmar Parliament has already passed a defence budget that allow 1.4 bn $ for buying new weapons and armaments.
ပို့အသစ်လေးတင်ပါဦးဗျို့
Deleteတပ်မတော်ကို ခေတ်မှီစေချင်တယ်ဗျာ။ ကျွန်တော်တို့မှာက တယုတ်၊ ကုလား၊ ယိုးဒယားတို့နဲ့ တချိန်ချိန်မှာ ငြိနိုင်တယ်လေ။ စစ်သည်တွေကို ထပ်မတိုးဘဲ ရှိပြီးသားကိုသာ အရည်အသွေးရှိအောင် လုပ်စေချင်တယ်။ ပြည်တွင်းက ငပွေးတွေကိုလဲ ဆုံးမပေးရမယ်။ ကျွန်တော်ကတော့ ဘက်စုံပြည့်စုံတဲ့ တပ်မသုံးခုလောက် အဆင်သင့် ရှိနေစေချငိတယ်။
ReplyDeleteထိုင်းကိုအမြဲစောင့်ကြည့်ဖို့လိုတယ်လေဒါကြောင့်f16 ကိုအမှီလိုက်နိုင်မှဖြစ်မယ်
ReplyDeleteတစ်ခုလောက်သိချင်လို့ပါ Mig 35 နဲ့ su 35 နဲ့ဘယ်ဟာကပိုကောင်းတာလဲ
ReplyDeleteစီးချင်းထိုးရင်mig35နိုင် တယ်
ReplyDeleteမြန်မာမှာF16ရှိတယ်မယုံရင်စုံသမ်းကြည့်
ReplyDeleteဦးတေဇ မြန်မာ့အတွက် နူ ထိပ်ဖူး ဝယ်ပေးပါလာဗျာ
ReplyDeleteမြန်မာ သာစေချင်တယ်ဗျာ
မှားရင် နားလည်ပေးပါ ank