Thursday, February 11, 2016

MZKT6922 ယာဉ်များအကြောင်း



MZKT6992 ယာဉ်တွေဟာ off-road လေကြောင်းရန် ကာကွယ်ရေးသုံး ယာဉ်တွေအဖြစ် ဘီလာရုစ်ကုမ္မနီ ဖြစ်တဲ့ MZKT (Minskiy Zavod Kolyosnikh Tyagachev / Minsk Wheeled Tractor Factory - formerly MAZ) ကထုတ်လုပ်တာဖြစ်ပါတယ်။ ရုရှားလက်နက် ထုတ်လုပ်ရေး ကုမ္မနီ Almaz-Antey ကထုတ်လုပ်တဲ့ SA15 အမျိုးစားတွေကို ဘီးတပ်ယာဉ်ပေါ် တင်ထားနိုင်တဲ့ အမျိုးစားတွေဖြစ်တဲ့ Tor M2/M2E နဲ့ SA17 အမျိုးအစားတွေကို ဘီးတပ်ယာဉ်ပေါ် တင်ထားနိုင်တဲ့ အမျိုးအစားတွေ ဖြစ်တဲ့ BukM1/ M2 တွေအတွက် အဓိက ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ 
TorM1 on MZKT6992 prototype

MZKT6922 ယာဉ်တွေဟာ လမ်းကြမ်းသုံး စနစ်တွေ ဖြစ်ပြီး ၆x၆ ယာဉ်တွေပါ။ ရေဒါဖျက်ဗုံးတွေ ဒုံးကျည်တွေ၊ ကလက်စတာလို ဗုံးတွဲတွေနဲ့ လက်နက်ကြီးကျည်စ၊ လက်နက်ငယ်ဒဏ်တွေကို ကာကွယ်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ အပူအအေးလွန်ကဲတဲ့ အခြေအနေကို ခံနိုင်အောင် တည်ဆောက်ထားတာမို့ အပေါ်က လေကြောင်းရန် စနစ်တွေရဲ့ အဓိက ယာဉ်တွေဖြစ်ပြီး အခြား သော စနစ်တွေရဲ့ ဆက်သွယ်ရေးယာဉ်တွေ၊ အမိန့်ပေးယာဉ်တွေ အဖြစ်လဲ အသုံးပြုကြပါတယ်။
central tyre inflation systems (CTIS) ကို အသုံးပြုထားတာမို့ ဘီးတွေဟာ ထိခိုက်မှုဒဏ်ခံနိုင်လို့ တိုက်ရိုက်ကျည်ထိမှန် ပြီးရင်တောင် ကီလိုမီတာ၂၀ကျော် ကနေ ၄၀ထိ အမျိုးအစားလိုက် မောင်းနှင်နေနိုင်ပါတယ်။ 

ကနဦးပုံစံ

   ကနဦး ပုံစံတွေမှာ အရှေ့လေကာမှန်၂ချပ်နဲ့ ခေါင်းတိုတိုပုံစံကို ထုတ်လုပ်ခဲ့ပေမယ့် အော်တိုဂီယာစနစ်တွေနဲ့ ခေတ်မီဒစ်ဂျစ်တယ် စနစ်တွေပါဝင်တဲ့ ပုံစံတွေမှာတော့ ရှေ့လေကာမှန် ၃ချပ်အပြင် ချိတ်ဆွဲနိုင်တဲ့ သံမဏိကြိုးစနစ်တွေနဲ့ ဖြစ်ပါတယ်။
6922 ရဲ့ ကနဦးပုံစံဟာ Tor စနစ်တပ်ဆင်ဖို့ ဖြစ်တာမို့ လက်နက်စနစ် လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ ယာဉ်ရဲ့ အပေါ်ပိုင်းမှာ ဘာအဖုအထစ်မှ မရှိစေတဲ့ မျက်နှာပြင်ကို ရယူထားပါတယ်။ ဒါ့အပြင် လက်နက်ရဲ့ တွန်းကန်မှုကို ခံနိုင်ရည်ရှိစေဖို့ စနစ်ဟောင်းဖြစ်တဲ့ ဟိုက်ဒရောလစ်စနစ်သုံး အပိုဒေါက်တိုင်တွေကို ထည့်သွင်းထားတာမို့ ရှေ့ဘီးရဲ့ နောက်ဘက်ကပ်ရပ်နဲ့ နောက်ဘီး၂လုံးရဲ့ နောက်ဘက်မှာ တွေ့မြင်နိုင် ပါတယ်။ ယာဉ်မောင်းခန်းကို အပူအအေးထိန်းညှိပေးတဲ့ အဲယားကွန်းစနစ် တွေကို ယာဉ်မောင်းခန်းရဲ့ နောက်ဘက်ဘေး တစ်ဖက်စီမှာ တွေ့နိုင်ပါတယ်။ 
69221 for BukM1/2

6922 ရဲ့ နောက်ထပ် ပုံစံတမျိုး ဖြစ်တဲ့ 69221 ကို Tor M2 စနစ်တွေနဲ့ Buk M2 စနစ်တွေ အတွက် ထုတ်လုပ်ခဲ့တာပါ။ လက်နက်ရဲ့ တွန်းကန်မှု ခံနိုင်စေဖို့ ဟိုက်ဒရောလစ် ဒေါက်တိုင် စနစ်တွေ အပြင် ယာဉ်ရဲ့ ဘီးတွေကို လိုသလို နိမ့်နိုင်မြင့်နိုင်တဲ့ (hydropneumatic suspension) စနစ်ထည့်သွင်းထားတာမို့ လမ်းအခြေအနေကို လိုက်ပြီး ၁ပေခန့် အနိမ့်အမြင့်ပြုလုပ်နိုင်ပါတယ်။

BukM2E system

Buk M1 တွေ အတွက် ထုတ်လုပ်တဲ့ စနစ်မှာတော့ လေကာမှန်တွေ အပြင်က နောက်ထပ် သံမဏိ အကာတစ်ထပ် ထပ်မံ ဖုံးအုပ်ထားလို့ ရအောင် ထည့်သွင်းထားပါတယ်။ Buk M1 စနစ်တစ်ခုလုံးစာ အတွက် အမိန့်ပေးယာဉ်အမျိုးအစား၊ ခဲယမ်းထောက်ပံရေးယာဉ် အမျိုးအစား၊ ဒုံးပစ်ယာဉ်အမျိုးအစား၊ ရေဒါယာဉ်အမျိုးအစား၊ ပစ်မှတ်ရှာယာဉ် အမျိုးအစား စသဖြင့် ထုတ်လုပ်ထားပြီး အားလုံးဟာ 69221 မျိုးခွဲတွေ ဖြစ်ကြပါတယ်။
69222

နောက်ထပ် 6922ရဲ့ မျိုးခွဲတစ်ခုကတော့ 69222 ဖြစ်ပြီး 9K33 Osa 1T / SA-8 Gecko တွေရဲ့ BAZ5937 တွေကို အစားထိုးနိုင်ဖို့ ထုတ်လုပ်ခဲ့ပါတယ်။ 
BAZ5937
ထူးခြားစွာ ကွဲလွဲချက်ကတော့ ယာဉ်ရဲ့ နောက်ဘက်ညာခြမ်းမှာ ယခင်မျိုးခွဲတွေကို အိတ်ဇောပေါက်ကို တွေ့ရှာ မဟုတ်ပဲ အပေါ်ဘက်ကို ဒေါက်လိုက်ထွက်နေတဲ့ အအေးပေးစနစ်တစ်ခုကို မြင်ရနိုင်ပါတယ်။ 
ယာဉ်မောင်းခန်းရဲ့ လေအေးပေး စနစ်တွေဟာလဲ ယာဉ်မောင်းခန်း အပေါ်မှာ ရှိနေတာမို့ မျက်နာပြင်အညီ ယူထားတဲ့ ယခင်မျိုးခွဲတွေနဲ့ သိသာစွာ ကွဲပြားပါတယ်။ လေကာ မှန်၂ချပ်သုံး အမျိုးအစားဟောင်းတွေနဲ့ လေကာမှန်၃ချပ်တပ်ထားတဲ့ အမျိုးအစား တချို့မှာ ဟိုက်ဒရောလစ်စနစ်သုံး ပြင်ပဒေါက်တိုင် နေရာ အချို့ မြင်တွေ့ရပေမယ့် ၂၀၁၀ နောက်ပိုင်း အမျိုးအစားတွေမှာ ဘီးတွေကို နိမ့်နိုင်မြင့်နိုင်တဲ့ စနစ်ကိုသာ အသုံးပြုထားတာကို မြင်တွေ့ရပါတယ်။
2010 နောက်ပိုင်းပုံစံ

 အောက်ခံ ယာဉ်အမျိုးအစား အနေနဲ့ 69222 ကို 9K33 Osa နဲ့ အဆင့်မြင့်တင်ထားတဲ့ T38 Stilet ၂ခုစလုံးမှာ အသုံးပြုထားပေမယ့် ၂၀၁၀ ရှေ့ပိုင်းထုတ်ပုံစံလား ၂၀၁၀နောက်ပိုင်းထုတ် ပုံစံလားဆိုတာ ပြင်ပဟိုက်ဒရောလစ် စနစ်ကိုသာ ကြည့်ပြီး ခွဲခြားနိုင်ပါတယ်။ 69222 အားလုံးဟာ ဒီဇယ်သုံးစနစ်တွေဖြစ်ပြီး မြင်းကောင်ရေ ၄၂၀ရှိ ၈လုံးထိုး YaMZ-7513.10-04 အင်ဂျင်ကို အသုံးပြုထားပါတယ်။ လက်နက်ကုမ္မနီရဲ့ သုတေသနဆိုင်ရာ ပြောကြားချက်တေါအရ သည်ဒီဇယ်အင်ဂျင်တွေဟာ Gas စနစ်တွေထက် ဆီစားရော အင်ဂျင်အပူထုတ်လွှတ်မှုပါ အများကြီးသက်သာတာမို့ ဝေဟင်ကနေ အပူရှာစနစ်သုံး ရှာဖွေချေမှုန်းမယ့် လေယာဉ်တွေအထွက် ရှာဖွေဖို့ ခက်ခဲစေမယ် ဆိုပါတယ်။ ဒါ့အပြင် အင်ဂျင်ခန်းအတွက် အအေးပေးစက် သပ်သပ်ပါရှိတာမို့ အပူရှာစနစ်ကို လျင်မြန်စွာ ပုန်းကွယ်နိုင်ပါတယ်။
မတူညီသော ပုံစံအသစ်တမျိုး

Saturday, February 6, 2016

F-11 နှင့် C-802 သင်္ဘောဖျက်ဒုံးအား ကာကွယ်ခြင်း (စ-ဆုံး)



ဆောင်းပါးရှင်၏ အမှာ။    ။
((( ကျနော် နားလည်သလောက် ရေးထားတဲ့ article ဖြစ်ပါတယ်။ ကိန်းဂဏန်း အချက်အလက်များဟာ စာရွက်စာတမ်းနဲ့ အင်တာနက်မှ မှီခိုထားတာဖြစ်ခြင်းကြောင့် အတိအကျ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် F-11 မှာသုံးတဲ့ လက်နက်စနစ်များကို မူရင်း original manufacturer ရဲ့ data sheet ကနေ ယူတာရှိသလို web based အရ ယူရတာလဲရှိပါတယ်။ မြန်မာရေတပ်သုံး မျိုးကွဲများဟာ မူရင်း လက်နက်စနစ်နဲ့ ကွာခြားတာလဲ ရှိကောင်းရှိနိုင်ပါတယ်။ Sketch တစ်ခုကို ပေးချင်တဲ့ စိတ်နဲ့ ရေးထားတာပါ။ ကျေးဇူးတင်လျက်)))


          ပထမဆုံး AShM Defence ရဲ့ အဆင့်များကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါမှပဲ နားလည်ရ လွယ်ကူသွားမယ်လို့ ထင်မိပါတယ်။
သင်္ဘောဖျက်ဒုံးကို ထောက်လှမ်းနိုင်တဲ့ စနစ် ၃ ခုရှိပါတယ်။
၁။ Airborne Early Warning Systems (AEWs)
     AEW ဟာ E-2, Ka-31, Seaking အစရှိတဲ့ လေကြောင်း ကြိုတင်သတိပေး ရေဒါစနစ်များပဲဖြစ်ပါတယ်။ ဒီစနစ်ကို သုံးနိုင်တဲ့ ရေတပ်ဟာ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ရပါတယ်။ ဒါကြောင့် ဒီစနစ်ကို အသေးစိတ်မရေးတော့ပါ။ 

၂။ Shipboard Radar Systems
     သင်္ဘောပေါ်မှာ တပ်ဆင်ထားတဲ့ Air search radar များကို အသုံးပြုပြီး ထောက်လှမ်းတာ ဖြစ်ပါတယ်။ တပ်ဆင်ထားတဲ့ ရေဒါရဲ့ စွမ်းရည်ပေါ် မူတည်ပြီး ထောက်လှမ်းနိုင်တဲ့ အကွာအဝေး၊ အရေအတွက်နဲ့ တိကျမှု ကွာခြားတယ်။ Harpoonလို ဦးစိုက် ထိုးဆင်းလာတဲ့ AShM တွေ ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀ ကီလို လောက်က ပျံလာတာဖြစ်လို့ အတော်ဝေးဝေးက (50~100 km) ထောက်လှမ်းနိုင်ပေမယ့် Exocet, C-802 လို Sea-skimming AshM တွေကတော့ 3~5m လောက်က ကပ်ပျံတာမို့ အများအားဖြင့် 30km လောက်မှသာ ထောက်လှမ်းနိုင်ပါတယ်။ Medium altitude (500m) လောက်က လာတဲ့ AShM တွေလည်းရှိတယ်။
ဒါ့အပြင် radar ကို သင်္ဘောရဲ့ ခပ်မြင့်မြင့်မှာ တပ်နိုင်လေလေ detection range ပိုများလေလေ ဆိုတာ သိထားစေချင်ပါတယ်။
Mechanically scanning and rotated (10~20 rpm) , Electronically scanning and rotated (40~60 rpm), နဲ့ 4 Panneled Electronically scanned 360° surveillance ဆိုပြီး (၃) မျိုးရှိရာမှာ Mechically scanned ဟာ စွမ်းဆောင်ရည် အနိမ့်ဆုံးဖြစ်ပြီး ကျန်၂ ခုထက် ထောက်လှမ်းမှု၊ အမျိုးအစားခွဲမှုနဲ့ စောင့်ကြည့်မှုမှာ ပိုမို အချိန်ကြန့်ကြာပါတယ်။ 

၃။ Shipboard Infra-red and optronic sensors
CIWS တွေပါ ပါဝင်တဲ့ IRST+ UV+OPTICAL tracking စနစ်တွေဖြစ်ပါတယ်။ AShM Defence ရဲ့ နောက်ဆုံး အလွှာဖြစ်သလို နောက်ဆုံးခံစစ်မှုးတွေဖြစ်ပါတယ်။ အင်မတန်တိကျပြီး Jammed ခံထားရတဲ့အချိန်မှာတောင် ထောက်လှမ်းနိုင်ပေမယ့် CIWS တွေရဲ့ ထိရောက်မှုဟာ 4km သာရှိလို့ တာဝေးကာကွယ်မှုမပေးနိုင်ပါဘူး။
AShM တစ်စင်းကိုပစ်ချမယ်ဆိုရင် ဒီအဆင့်အတိုင်းသွားပါတယ်။
1.Detection
2.Tracking
3. Shooting

-Using long range SAM
-Using medium range SAM
-Using short range SAM
-Using medium caliber gun
-Using small caliber gun with a high rate of fire
-Electronic jamming and countermeasure
-Passive countermeasures like chaff and flares


ဒုတိယအနေနဲ့ C-802 အကြောင်း အရင်တင်ပြချင်ပါတယ်။ C-802 ဟာ subsonic sea skimming AShM တစ်မျိုးဖြစ်ပါတယ်။ Sea surface အထက် 5~10 meter လောက်ကနေ 0.9 mach (~308 m/s) နဲ့ ပျံသန်းမှာဖြစ်ပါတယ်။ Active radar homing + IR (or Anti-radiation, Optic စတဲ့) Combined duel seeker warhead ပါတဲ့အပြင် ECM ကိုအတော်ခံနိုင်ရည်ရှိတဲ့ ဒုံးပျံအမျိုးအစားအဖြစ် အသိအမှတ်ပြုခံထားရတယ်။


F-11 ကို C-802 6 လုံးပါတဲ့ Missile Salvo တစ်ခုနဲ့ အပစ်ခံရတယ်ဆိုကြပါစို့ ( F-11 ကို stand alone အနေနဲ့ စဉ်းစားထားတာဖြစ်ပါတယ်။ Fleet layered AD ကို နောက်အပိုင်းမှ စဉ်းစားကြရအောင်ပါ)

1. F-11 မှာတပ်ဆင်ထားတဲ့ ရေဒါဟာ Bharat RW-08 (Lincenced Thales LW-08) Air Search and Surveillance radar ဖြစ်ပါတယ်။ Missile sized targets ကို km 100 မှာဖမ်းမိနိုင်ပေမယ့် Sea-skimming ဒုံးပျံတွေကိုတော့ ~30 km လောက်မှပဲ ဖမ်းမိနိုင်ပါတယ်။ RW-08 ဟာ RPM 15 ပဲရှိတဲ့ Mechanically scanned and rotated radar ဖြစ်လို့ tracking မှာ အချိန် ပိုမိုကြန့်ကြာတာကို အပိုင်း (၁) မှာ ဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။ Missile speed ဟာ ~300 m/s မို့ စတင်ထောက်လှမ်းမိချိန်မှာ သင်္ဘောအတွက် ပစ်ချဖို့ reaction time ~ 100 seconds ပဲရတော့မှာဖြစ်ပါတယ်။

တစ်ခု ထည့်ပြောစရာရှိတာကတော့ F-11 မှာ ထပ်မံတပ်ဆင်ထားတဲ့ Type-362 X-band 3D surveillance radar ပဲဖြစ်ပါတယ်။ 30rpm mechanically rotated ဖြစ်ပြီး 2 sq meter size target တွေကို ၄၂ ကီလိုလောက်ကနေ ဖမ်းမိနိုင်တယ် လို့ဆိုထားတဲ့အတွက် ဝင်လာတဲ့ ဒုံးပျံကို ပိုမိုတိကျစွာ ထောက်လှမ်းနိုင်မယ်လို့ ယူဆရတယ်။ ( AShM တွေဟာ radar cross section အကြမ်းဖြင်း 1 sq meter ပဲရှိတဲ့အတွက် type-362 radar အနေနဲ့ ခန့်မှန်းချေ 20km အတွင်းရောက်မှပဲ ပိုပြီးတိတိကျကျ ထောက်လှမ်းနိုင်မယ်လို့ ယူဆဖွယ်ရာရှိတယ်)


2. F-11 မှာတပ်ဆင်ထားတဲ့ SAM ဟာ IGLA ရေတပ်သုံး version ဖြစ်ပါတယ်။ မျိုးကွဲများစွာထဲက ဘယ်မျိုးကွဲကို သုံးထားလဲ မသိရတာကြောင့် နောက်ဆုံးထုတ် 9K338 မျိုးကွဲနဲ့ပဲ စံပြုစဉ်းစားရအောင်ပါ။ 9K338 မျိုးကွဲဟာ max firing range 6km ရှိပါတယ်။ တနည်းအားဖြင့် 30km ကနေ 6km အထိရောက်မလာမချင်း ဘာမှလုပ်မရဘဲ ထိုင်ကြည့်နေရမယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။ 6km အတွင်း ရောက်လာချိန်မှာတော့ reaction time 20 second ပဲရပါတော့တယ်။ ( max firing range 16km ရှိတဲ့ oto melara 76mm gun ကိုတော့ အနည်းငယ် အားကိုးနိုင်စရာရှိပါတယ်။ အရမ်းကြီးတော့မဟုတ်)

F-11 မှာ တပ်ဆင်ထားတဲ့ IGLA torrent ဟာ missle 6 လုံးကိုပဲ ready to launch ထည့်သွင်းထားနိုင်ပါတယ်။ ရေတပ် လက်နက်ပညာရှင်တွေ အဆိုအရ Naval Short range SAM တွေဟာ AShM တစ်စင်းကို ဖျက်ချဖို့ Missile 4 လုံးပစ်ဖို့လိုပါတယ်တဲ့။ ဒီတော့ C-802 ၂ စင်းစာ 9K338 6 လုံးပစ်ပြီးတာနဲ့ torrent ဟာ reload လုပ်ရတော့မယ့် အဓိပ္ပါယ်ပါ။ AShM တစ်စင်းကို Missile 3 လုံးနဲ့ပဲ ပစ်ချနိုင်လိုက်တယ် ဆိုပါစို့။ နောက်ထပ် ကျန်တဲ့ C-802 ၄ စင်းရန်ကနေ ကာကွယ်ဖို့ တာဝန်ကို CIWS နဲ့ ECM စနစ်တွေကနေ လက်ကမ်းယူရပါတော့မယ်။ (တကယ်လို့သာ Mid range SAM တပ်ဆင်နိုင်ရင် Air defence အတော်တိုးတက်လာမှာဖြစ်တယ်ဆိုတာ ပြောစရာမလိုလောက်အောင် ရှင်းသွားပြီလို့ ယူဆပါတယ်)

2. F-11 ပေါ်က AK-630 ဟာ အတော် ယုံကြည်စိတ်ချနိုင်တဲ့ CIWS စနစ်တစ်ခုဖြစ်ပါတယ်။ စုစုပေါင်း ၄ လက်တပ်ထားတာဖြစ်လို့ မနည်းဘူး လို့လဲ ဆိုနို်င်ပါတယ်။ ဒါပေမယ့် effective range က 4km ပဲရှိတဲ့အတွက် စတင်ပစ်ခတ် ဟန့်တားချိန်မှာ reaction time 13 second ပဲရှိပါတော့တယ်။ တကယ်လို့များ AK-630 ၄ လက်ဟာ C-802 ၂ စင်းအထိ ပစ်ချနိုင်ခဲ့တယ် ထားပါဦး။ ကျန်တဲ့ ၂ စင်းဟာ သင်္ဘောပေါ်က Flare, Chaff, Jammers စတဲ့ EW နဲ့ ECM စနစ်တွေပေါ်ရဲ့ ခေါင်းပေါ် လုံးလုံးလျားလျား တာဝန်ကျလာပါတော့မယ်။
ဒီ ၁၃ စက္ကန့်အတွင်းမှာ သင်္ဘောပေါ်က Flare နဲ့ Chaff တွေကို timing မှန်ကန်စွာ ပစ်ခတ်နိုင်မှု။ သင်္ဘောပေါ်က စက်အမြောက်နဲ့ အတွဲလိုက်ပစ် စက်သေနတ် gunner တွေရဲ့ အရည်အချင်းနဲ့ သင်္ဘောကို Missile trajectory ကနေ signature နည်းအောင် ဘယ်လို maneuver လုပ်မလဲဆိုတဲ့ ကျွမ်းကျင်မှုက ကျန်တဲ့ C-802 ဒုံးပျံ ၂ စင်း သင်္ဘောကို ထိမှန်ခြင်းရှိမရှိဆိုတာကို ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။
ဒီတော့ ဒုံးပျံ ၆ လုံးပါတဲ့ C-802 Salvo တစ်ခုဟာ F-11 အတွက် တကယ်ကို Mirginal situation ဖြစ်ပါတယ်။
ဒီထက်ပိုပြီး စွမ်းရည်တက်လာအောင် ဘယ်လို လက်နက်စနစ်တွေက စွမ်းဆောင်ပေးနိုင်မလဲ?
ဒါမှမဟုတ် FAC တွေ ဝန်းရံပေးထားရင်ရော Fleet Layered Defence ဟာ ဘယ်လောက်ထိ ပိုမိုအစွမ်းထက်လာမလဲ?
F-11 ရဲ့ counterpart ဖြစ်တဲ့ နရဲစွမ် class ffg တွေ၊ ဘန်ဂါဘန်ဒူး class ffg တွေဆိုရင်ရော ဘယ်လို ရှိနိုင်မလ? 


 C-802 ၆စင်းပါတဲ့ Salvo ဟာ ကျနော်တို့ အတွက် တကယ်ခက်ခဲတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
ဒီအပိုင်းမှာတော့ ပထမဦးဆုံး Fleet AD ကိုစဉ်းစားကြည့်ရအောင်ပါ။ (773 နဲ့ 771,772 Light frigate တွေကို ခဏဖယ်ထားပြီး FAC တွေချည်းပဲ စဉ်းစားကြည့်ရအောင်ပါ)
ကျနော်တို့ ရေတပ်မှာ လက်ရှိ FAC အစီးရေ အတော်များများ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ အစီးရေ ၁၂ စီးထက်မနည်း C-802 တပ်ဆင်ထားပြီး IGLA, AK-630 စတဲ့ Short range AD ကိုပြည့်စုံစွာ တပ်ဆင်ပါရှိပါတယ်။ Chaff, flare, ECM စတဲ့ အီလက်ထရောနစ် စစ်ဆင်ရေးစနစ်တွေပြည့်စုံစွာတပ်ဆင်ထားတာတွေ့ရပါတယ်။


ဒီတော့ FAC တစ်စီးဟာ AD role မှာ အကြမ်းဖျင်း 6km ပတ်လည် ဧရိယာတစ်ခုကို တာဝန်ယူနိုင်တယ် လို့ ဆိုနိုင်ပါတယ်။ fleet တစ်ခုတည်းက FAC ၈စီးဟာ အရပ်ရှစ်မျက်နှာပတ်လည် 6km စီရှိတဲ့ AD layer တစ်ခုကို ဖန်တီးပေးနိုင်တာတွေ့ရပါတယ်။ IR+OPTRONIC+FCR ပါဝင်တဲ့ multi-sensor ဖြစ်တာမို့ အင်မတန်တိကျတဲ့ ပစ်အားကို ရရှိမှာ အသေအချာပါပဲ။ ဒါ့အပြင် တိုက်ခိုက်ရေး တာဝန်မှာလည်း FAC တစ်စီးကို C-802 ၄စင်းစီ တပ်ဆင်ထားတာမို့ ၈စီးစာ C-802 ၃၂ စင်း ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။ FAC တွေဟာ ကိုယ်ပိုင် C-802 Fire control radar တွေ တပ်ဆင်ထားတာမို့ ပိုမိုစိတ်ချသေချာတဲ့ ပစ်အားလည်းဖြစ်ပါတယ်။ (အီရန်နဲ့ မြောက်ကိုရီးယားရေတပ်သုံးအချို့ FAC မျိုးကွဲတွေဟာ AShM ကို ပစ်စင်ပဲပါပြီး FCR မပါတဲ့အတွက် midcourse upadate မလုပ်နိုင်တာတွေရှိပါတယ်)

ဖေါ်ပြထားသလိုပဲ FAC တွေဟာ နည်းဗျဟာအရ အင်မတန်တန်ဖိုးရှိတဲ့ စစ်ရေယာဉ်တွေဖြစ်ပါတယ်။ low threat enviroment တွေမှာလည်း အစုလိုက် Hit and Run လုပ်နိုင်ပါတယ်။ ပြသနာက ကျနော်တို့ဟာ FAC+ FRIGATE ရေယာဉ်စုနဲ့ ကမ်းဝေးစစ်ဆင်ရေး ဆင်နွဲဖို့ မလွယ်ကူတာပဲဖြစ်ပါတယ်။ သေးငယ်တဲ့ FAC တွေရဲ့ endurance limit အရ ကျနော်တို့ အနေနဲ့ ကိုယ်ပိုင် EEZ လိုင်းကိုကျော်ပြီးစစ်ဆင်ဖို့ မလွယ်ကူပါ။ 

နောက် အကြောင်းအရာတစ်ခုအဖြစ် ယိုးဒယားရေတပ်သုံး နရဲစွမ် အတန်းစား ဖရီဂိတ်တွေနဲ့ ဘင်္ဂလားရေတပ်သုံး ဘန်ဂါဘန်ဒူး အတန်းစား ဖရီဂိတ်တွေကို F-11 နဲ့ ယှဉ်ထိုးကြည့်ရအောင်ပါ။
၁။ နရဲစွမ် ဖရီဂိတ်တွေရော ဘန်ဂါဘန်ဒူးရောဟာ ပင်မရေဒါအဖြစ် F-11 နည်းတူ thales LW-08 ရေဒါကိုပဲသုံးထားပါတယ်။
ဒါပေမယ့် နရဲစွမ်ဟာ Saab Graffe AMD 3D အမျိုးစား X-band surveillance radar ကိုအားဖြည့်တပ်ဆင်ထားတာတွေ့ရပါတယ်။ သက်တမ်းဝက် အဆင့်မြှင့်ခြင်းအဖြစ် တပ်ဆင်ထားတဲ့ ၄င်းရေဒါဟာ အင်မတန် တိကျကောင်းမွန်တဲ့ ရေဒါအမျိုးအစားဖြစ်ပြီး US သုံး LCS များမှာပါ တပ်ဆင်လေ့ရှိတဲ့ အမျိုးစားဖြစ်ပါတယ်။ Saab 9LV mk4 combat management စနစ်နဲ့ထိန်းကျောင်းပြီး ထိုင်းလေတပ်သုံး Erieye AEW လေယာဉ်နဲ့ datalink ချိတ်ဆက်ထားတဲ့ ၄င်းရေဒါစနစ်ဟာ AShM တွေကို ကီလို ၅၀ ကျော်လောက်ကနေ ထောက်လှမ်းနိုင်ပြီး ပစ်မှတ်အချက်အလက်ကို ဂရစ်ပင် တိုက်လေယာဉ်တွေဆီ တိုက်ရိုက်ပေးပို့နိုင်ကာ ပစ်ချဖျက်စီးပစ်နိုင်ပါတယ်။ ( ဒါဟာ 270 km အတွင်းက LW-08 ရေဒါမှာပေါ်သမျှ ရန်သူစစ်ရေယာဉ်အားလုံးရဲ့ အချက်အလက်ကို ဂရစ်ပင်တွေဆီ တိုက်ရိုက်ပေးပို့နိုင်ပြီး လေယာဉ်ပေါ်ကနေ AShM နဲ့ လှမ်းပစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်လဲဖြစ်ပါတယ်။ )

၂။ Shipboard Air defence စနစ်တွေကိုကြည့်ကြရအောင်
ဘန်ဂါဘန်ဒူးမှာ FM-90 Short range SAM တပ်ဆင်ထားပါတယ်။ တရုတ်ရေတပ်စစ်ရေယာဉ်တွေမှာ အသုံးများတဲ့စနစ်ဖြစ်ပြီး ပစ်မှတ်တွေကို ၁၅ ကီလိုအကွာအဝေးအထိ တိုက်ခိုက်နိုင်ပါတယ်။ ဒုံးပျံ ၈င်းစာ ready to fire ပစ်ခတ်နိုင်တယ်။ ဒါ့အပြင် shoulder-launched MANPAD တွေပါ ထပ်တိုးထောက်ပံ့ထားတာတွေ့ရတယ်။
နရဲစွမ်မှာတော့ Mid range SAM ဖြစ်တဲ့ ESSM ( Evolved Sea Sparrow Missile) ကိုတပ်ဆင်ထားပါတယ်။ ကီလို ၅၀ ထိ ပစ်ခတ်နိုင်တဲ့ ဒုံးပျံဖြစ်ပြီးတော့ Giraffe AMB 3D နဲ့တွဲလိုက်တဲ့အခါ အင်မတန်တိကျတဲ့ SAM စနစ်ဖြစ်လာတယ်။ Mk-41 vls စနစ်နဲ့တပ်ဆင်ထားပြီး ready to fire ဒုံးပျံ ၈ စင်း vls နဲ့ ထည့်ထားပါတယ်။ (Quad pack အနေနဲ့ မတပ်ထားတာမို့ ၈ လုံးထည်းပါ။ quad pack မှာဆို ၃၂ ထိ ဆန့်ပါတယ်။ နေရာ ကန့်သတ်ချက်ကြောင့်ဖြစ်မယ်လို့ယူဆမိတယ်)။ MANPAD လည်း ထပ်တိုးအားဖြည့်ပေးထားနိုင်တယ်လို့ ယူဆမိပါတယ်။
၎။ CIWS ပိုင်းမှာကြည့်မယ်ဆိုရင် ဘန်ဂါဘန်ဒူးမှာတော့ Otobreda 40mm CIWS လေးလက် တပ်ဆင်ထားပါတယ်။ နရဲစွမ်မှာတော့ CIWS တပ်ဆင်ထားခြင်းမရှိပါဘူး။ 30mm MSI-DSL DS30MR automated gun နှစ်လက်နဲ့ Mk-45 mod-2 naval gun ကိုတော့ အားကိုးရနိုင်ပါတယ်။
နောက်ဆုံး တင်ပြချက်အနေနဲ့ကတော့ တကယ်လို့များ F-11 မှာ Mid range SAM တပ်ဆင်ခဲ့မယ်ဆိုရင် ကျနော်တို့ ရွေးချယ်သင့်တဲ့စနစ်ကို ဖေါ်ပြချင်ပါတယ်။ (ဝါသနာရှင်တွေ အချင်းချင်း တင်ပြတာပါ။ ရေတပ်ပညာရှင်တွေ ကပိုသိမှာပါ။ ကျနော်က အကောင်းဆုံးထင်တဲ့ စနစ်ကို ပြောရုံပါ)


Naval AD စနစ်ကိုရွေးရာမှာ အချက် ၄ ချက်နဲ့စဉ်းစားထားပါတယ်။

1. Range 2.Method of guidence 3.No. of ready to fire missiles 4. Weight of system ဖြစ်ပါတယ်။
အိန္ဒိယ ရေတပ်သုံး Shtil-1 စနစ်ဖြစ်ပါတယ်။ (Naval BUK missile system)
Range - 45 km
Guidence - Active homing ( Isreal barak-8 နဲ့ လုပ်ဆောင်ပုံတူတယ်။ missile မှာ ကိုယ်ပိုင် active seeker နဲ့ မို့ fire and forget ပါ။ ပစ်လိုက်ပြီးတာနဲ့ သင်္ဘောတစ်စီးလုံး jam ခံရရင်တောင် missile က သူ့ seeker နဲ့သူ ပစ်မှတ်ကို ရှာဖွေ ဖျက်စီးပစ်မှာပါ။)
No. of ready to fire - 12 လုံးကနေ 36 လုံးထိ vls တပ်လို့ရပါတယ်။
ဒီလောက်ဆို ညီအကိုတော်များ စဉ်းစားငြင်းခုံစရာ အတော်ရပြီလို့ ထင်ပါတယ်။ အချိန်ယူဖတ်ရှုတာကျေးဇူးတင်ပါတယ်။
Red Patriot
03.02.2016