ကျွန်တော်တို့ဆီက
Mig တွေနဲ့ ပက်သက်လို့ ဝယ်ရခြင်းကို ဖေါပြီးတော့၊ ခု ပထမဝယ်တဲ့ မော်ဒယ် B
စီးရီးတွေနဲ့ ဒုတိယဝယ်တဲ့ SE တွေကို သန်း ၅၀၀ နီးပါးနဲ့ တစ်ခါဝယ်
၁၀စင်းနီးပါးဝယ်ယူတာ ဖြစ်ပါတယ်။ Mig29 တွေဟာ တာတိုနဲ့ တာလတ်ပစ်တွေကို
သယ်နိုင်ပြီး ဝေဟင်ချင်းမှာ လုံးထွေးတိုက်ခိုက်ဖို့ ကောင်းတဲ့ လေယာဉ်တွေပါ။SE တွေဟာ B တွေထက် ရေဒါတွေ၊ အီလက်ထောနစ်တွေ၊ တာဝေးပျံနိုင်တာတွေ
ကောင်းပေမယ့် မြေပြင်နဲ့ရေပြင်ကိုတော့ ရော့ကတ်တွေသုံးပြီးသာ
မျက်မြင်ပစ်ခတ်နိုင်တာမို့ ထူးခြားလာတဲ့ မျိုးဆက်တစ်ခု
မဟုတ်ဘူးလို့ဆိုလို့ရမယ်ထင်ပါတယ်။ တစ်ပြိုင်တည်း ဝေဟင်ပစ်မှတ် ၁၀ခုကို ရှာနိုင်ပြီး တစ်ချိန်တည်း ၂ခုကို ချိန်ရွယ်တိုက်ခိုက်နိုင်ပါတယ်။
B တွေရဲ့ ကိုယ်ထည်ဟာ မော်ဒယ်နံပတ် ၉.၁၂ ဖြစ်ပြီး S တွေရဲ့ ကိုယ်ထည်က ၉.၁၃
ဖြစ်ပါတယ်။ hardpoints ၆ခု ဗိုက်အောက်တစ်ခု၊ ဆီတိုင်ကီကလွဲလို့
ထူးထူးခြားခြား ကွဲပြားတာ မဟုတ်တဲ့အတွက် SE တွေမှာ တပ်ဆင်သလို B တွေမှာ
လိုက်တပ်ဆင်လို့ရပါတယ်။ SE တွေကို SM အဆင့်ဖြစ်တဲ့ လေဆာပဲ့ထိန်းဗုံးစနစ်တွေ
တပ်ဆင် မြင့်တင်နိုင်ပါတယ်။ သို့မှသာ ဘက်စုံသုံးဆိုတဲ့
အဆင့်ရောက်မှာဖြစ်ပြီး၊ သည်မှာတင် အဆင့်မြင်တင်မှု ရပ်ဆိုင်းပီဖြစ်ပါတယ်။
သင်္ဘောပစ်ဒုံးတပ်ဆင်နိုင်တယ်လို့
မတွေ့ရပါဘူး။ ဒါပေမယ့် ဝေဟင် ကြားဖြတ်တိုက်ခိုက်တာမှာတော့ မြေပြင်နဲ့
ဝေဟင် အမိန့်ပေးယာဉ်တွေနဲ့ တွဲဖက်ပြီး စစ်ဗျူဟာ ခင်းနိုင်တဲ့ အနေထားကို
ရရှိမှာဖြစ်ပါတယ်။ အကာကွယ် ကင်းမဲ့လုနီးနီး မြေပြင်ကိုလဲ
စစ်ဆင်နိုင်စွမ်းရှိလာမှာဖြစ်ပါ တယ်။ အီလက်ထောနစ် စစ်ဆင်ရေးနဲ့ ထိုးဖေါက်တိုက်ခိုက်ခြင်းကိုတော့ 
ဆောင်ရွက်နိုင်ချေ နဲပါတယ်။ ဒါအတွက် SMT လို့ အဆင့်မြင့်တင်ပေမယ့်
ကိုယ်ထည်နဲ့ စနစ်တွေကြောင့် ဆင်ဖိုးထက် ချွန်းဖိုးကြီးပါတယ်။
လက်နှက်သယ်နိုင်မှုဟာ တောင်ပံအောက် ၆ခုသာ ပါတာမို့ ဘက်စုံဆိုတာထက် ဆိုင်ရာ
စစ်ဆင်ရေးအလိုက် သီးခြားရွေးချယ် တပ်ဆင်ရမှာဖြစ်ပါတယ်။
မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ)တပ်များ၊ တပ်ပေါင်းစုံများတွင် အသုံးပြုသောစစ်လက်နက်များအား ဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆိုဝင်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။ ကာကွယ်ရေးဆိုင်ရာ လက်နက်များကိုသာ ဖော်ပြသည်ဖြစ်၍ မည့်သည့် နိုင်ငံရေး၊မူဝါဒရေးရာစသည့် အချက်များနှင့် လုံးဝမသက်ဆိုင်ပါ..။ ကျေးဇူးတင်ပါသည်။ ဘလော့ဒ်ဂါ ကိုMM
Friday, June 28, 2013
MiG-35သည် တပ်မတော်(လေ) ၏ မျိုးဆက်သစ် တိုက်လေယာဉ်ဖြစ်လာနိုင်မည်လော..
(အခုတလော သတင်းကြီးနေသည့် တပ်မတော်(လေ)၏ မျိုးဆက်သစ် တိုက်လေယာဉ်ဖြစ်လာနိုင်မည်လော ဟူသော MiG-35 တိုက်လေယာဉ်အား ဆောင်းပါးရှင်မှ ကြိုတင် စိတ်ကူးရင်ခုန်ကြည့်ခြင်းဖြစ်ပါသည်...။ ဖော်ပြခွင့်ပြုသည့်အတွက် ကျွှန်တော်တို့အဖွဲ့မှ ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ....။ တပ်မတော်(လေ)အနေဖြင့် ဝယ်ယူမည်၊မဝယ်ယူမည်ကို မသိရသေးသော်လည်း ဗဟုသုတရရှိနိုင်စေမည့် ဆောင်းပါးဖြစ်ပါသည်...။)
များ
ကျွန်တော်တို့ဆီက
Mig တွေနဲ့ ပက်သက်လို့ ဝယ်ရခြင်းကို ဖေါပြီးတော့၊ ခု ပထမဝယ်တဲ့ မော်ဒယ် B
စီးရီးတွေနဲ့ ဒုတိယဝယ်တဲ့ SE တွေကို သန်း ၅၀၀ နီးပါးနဲ့ တစ်ခါဝယ်
၁၀စင်းနီးပါးဝယ်ယူတာ ဖြစ်ပါတယ်။ Mig29 တွေဟာ တာတိုနဲ့ တာလတ်ပစ်တွေကို
သယ်နိုင်ပြီး ဝေဟင်ချင်းမှာ လုံးထွေးတိုက်ခိုက်ဖို့ ကောင်းတဲ့ လေယာဉ်တွေပါ။
များ
Subscribe to:
Posts (Atom)






