Friday, November 11, 2011

မြန်မာ့တပ်မတော်ထုတ် MAV စီးရီး သံချပ်ကာယာဉ်များ

မြန်မာ့တပ်မတော်ထုတ် စက်သေနတ်တင် စစ်ယာဉ်

မြန်မာ့တပ်မတော်ထုတ် ဒုတိယမျိုးဆက် MAV (Myanmar Armour Vehicle) အမျိုးအစား သံချပ်ကာယာဉ်များဖြစ်သော
MAV-1 သံချပ်ကာယာဉ်သည် မာဇဒါဂျစ်အား အခြေခံထားကာ သံအလုံပိတ်ထားသော သံချပ်ကာတိုက်ခိုက်ရေးယာဉ်ဖြစ်ပြီး ၁၉၉၀ခုနှစ်များအတွင်းက ထုတ်လုပ်တပ်ဆင်ခဲ့ပါသည်။တပ်ဆင်ထားသည့် ပင်မလက်နက်စနစ်မှာ ၁၂.၇မမ (၀.၅) စက်သေနတ်ကြီးအားတပ်ဆင်ထားပါသည်။
MAV-2 သံချပ်ကာယာဉ်မှာ ဖော်စစ်ယာဉ်အား သံချပ်ကာအုပ်ထားသော သံချပ်ကာလူသယ်ယာဉ်ဖြစ်သည်။MAV-1 နှင့် MAV-2 သံချပ်ကာယာဉ်များကို ယခုအထိ ဆက်လက်အသုံးပြုနေဆဲဖြစ်ပါသည်။
BAAC စီးရီး သံချပ်ကာယာဉ်

MAV သံချပ်ကာယာဉ်များအား အဆင့်မြင့်တင်မှုအနေဖြင့် ၇၅မမ နောက်ပွင့်ရိုင်ဖယ်များအားတပ်ဆင်ထားပြီး အဆင်မပြေမှုများလည်း ရှိနေဆဲဖြစ်သည်။ ထို့အပြင် လန်ခရူဇာအား သံချပ်ကာအုပ်ထားသော ယာဉ်များလည်းရှိပါသေးသည်။လူကြီးများ စီးဖို့ထားသည်ဟု သိရပါသည်။
ပထမမျိုးဆက်ဖြစ်သော BAAC-85 နှင့် BAAC-87 သံချပ်ကာယာဉ်များသည်လည်း အသုံးပြုဆဲဖြစ်ပါသည်။
မြန်မာ့တပ်မတော်ထုတ် သံချပ်ကာယာဉ်

(ဒီလောက်ဘဲသိထားပါတယ်ခင်ဗျာ သိရင်ပြန်လည် ဝေဌပေးကြပါခင်ဗျာ..။)

1 comment:

  1. သိတာပေါ့၊ ကြံစည်တုတ်လုပ်သူကသူငယ်ချင်းဘဲ၊ ၁၉၈၈ ကNissan Patrol နဲ့စလုပ်တာပါ။ သဘောကလွယ်ပါတယ်၊ MS သံပြားေတွကိုစောင်းပြီးတပ်တယ်၊ နောက်တထပ်ကပောင်းပြန်စောင်းတယ်၊နောက်တထပ်ကအဲဒါပြောင်းပြန်ေစောင်းပြန်တယ်၊ ကျီဆံယာရင် ေကွ့ကောက်သွားနေရလို့ အရှိန်ကုန်ပြီးအထဲမရောက်တော့ဘူး၊ အခုခောတ်ေတော့ ဒုံးကျီဆို၀င်သွားမှာပါ။

    ReplyDelete