SA-16 လို့ခေါ်တဲ့ Igla-1 ကို ၁၉၈၁ခုနှစ်မှာ စတင်ထုတ်လုပ်ပြီး SA-7 SA14 တို့ရဲ့ အောင်မြင်လှတဲ့ ပုံစံအတိုင်းကို အသံထက်မြန်ပြီး အမြင့်မှာပျံတဲ့ တိုက်လေယာဉ်တွေ အတွက်ပါ ပစ်ခတ်နိုင်အောင် ထုတ်လုပ်ခဲ့ပါတယ်။ ရှေ့ကလိုပဲ fire and forget စနစ်ဖြစ်ပြီး အနီအောက်ရောင်ခြည်နဲ့ အပူခြေရာခံစနစ်သုံး ပဲဖြစ်ပါတယ်။ သူ့မှာ ပိုပါလာတာက ရန်သူနဲ့ မိမိ လေယာဉ်တွေ ကောင်းကင်မှာ ရှုပ်ထွေးလျင်ပင် ပစ်ခတ်နိုင်အောင် စီစဉ်ထားတာပါ။ မိမိလေယာဉ်တွေရဲ့ အချက်ပြစနစ်တပ်ဆင်ထားသမျှကို အလိုလိုရှောင်ဖယ်ပြီး ရန်သူ့လေယာဉ်ကို ရှာဖွေတိုက်ခိုက်နိုင်မှာပါ။ သူရဲ့ ပြည်ပတင်ပို့ အမျိုးအစားက Igla1E ဖြစ်ပြီး ရန်သူမိမိခွဲခြားတဲ့ စနစ်မပါရှိပါဘူး။
ရုရှားတပ်မတော်၏ တာတိုပစ်ဒုံးစနစ်
နောက် ၂နှစ်အကြာမှာ SA-18 လို့သိကြတဲ့ Igla ကိုတော့ SA-16ရဲ့အားသားချက်တွေ အတိုင်းကို ပိုမိုမြန်မြန်နဲ့ ပိုမိုဝေးဝေး သွားနိုင်အောင် ထုတ်လုပ်လိုက်ပြီး၊ ရန်သူ့လေယာဉ်ရဲ့ flare တွေ Jamming တွေကို အတိုင်းတာတစ်ခုအထိ တန်ပြန်နိုင်လာပါတယ်။ဒါအပြင် ရှေ့မော်ဒယ်တွေမှာ မပါရှိခဲ့တဲ့ မျက်နှာချင်းဆိုင်ကနေ ပျံသန်းလာပြီး အနီးကပ်မှာ ရှောင်တိမ်းသွားမယ့် ရန်သူ့လေယာဉ်တွေအတွက် အကွာအကွေးတွက်ချက် ပေါက်ကွဲမယ့် စနစ်တစ်ခုကိုလဲ ထည့်သွင်းထားတယ်လို့ ယူဆကြပါတယ်။ SA16 ရဲ့ရှေ့မော်ဒယ်တွေဟာ လေယာဉ်ကို ဘေးတိုက်သို့မဟုတ် နောက်ကနေ ပစ်ခတ်မှ စိတ်ချရမယ့် စနစ်တွေဖြစ်ပြီးတော့ (ရန်သူ့လေယာဉ်ဟာ ပစ်မှတ်ကို တိုက်ခိုက်ပြီးချိန်မှ တိုက်ခိုက်နိုင်တဲ့စနစ်) SA16 မှာတော့(ကြိုတင်ခြေမှုန်းလို့ရတ
စစ်ရေယာဉ်များပေါ်တွင် အသုံးပြုနိုင်ရန် တီထွင်ထားသည့် စနစ်သစ်
တပ်မတော် (ရေ) ၏ အမြန်တိုက်ခိုက်ရေးယာဉ် ၅၆၁
နောက်ဆုံးSA-24ခေါ်တဲ့ IglaS အမျိုးအစားကတော့ ရာသီဥတုမရွေး လေယာဉ်မရွေး၊ အခြေအနေမရွေး ပစ်ခတ်နိုင်ပြီး တာတိုရေဒါစနစ်ပါ ထည့်သွင်းထားတယ်လို့ ယူဆရတဲ့ ပိုမိုပေါက်ကွဲအားပြင်းထန်တဲ့ ထိပ်ဖူးတပ်ဆင်ထားပြီး လူနဲ့သာမက အလိုလျောက် ချိန်ရွယ်ပစ်ခတ်စနစ်တွေ ယာဉ်၊သင်္ဘောနဲ့ ရဟတ်ယာဉ်နဲ့ ဒုံးကာကွယ်ရေးလိုအပ်တဲ့နေရာတွေအ
အမ်အိုင်-၈ ရဟတ်ယာဉ်ပေါ်တွင်တပ်ဆင်ထားပုံ
ခွန်ဆာလက်နှက်ချစဉ်က ရရှိတဲ့စနစ်တွေက အမေရိကန်ရဲ့ FIM-43 Redeye စနစ်နဲ့အပြိုင်ဖြစ်ခဲ့တဲ့ SA-7 တရုတ်ထုတ် HN-5 အမျိုးအစားတွေဖြစ်ပါတယ်။ HN-5နဲ့ SA-7 SA14 စနစ်များကို ပိုင်ဆိုင်ထားပြီးသား နိုင်ငံများကလဲ(ရုရှားအပါအဝင်) ၎င်းစနစ်များကို အဆင့်မြင့်တင်ခဲ့ရာမှာ HN-5က Aမှ C အထိရှိပြီး၊ ကျန်စနစ်များလဲ အထိုက်အလျောက် အဆင့်မြင့်တင်ထားကြပြီးဖြစ်ပါတယ
ကျန်းမာချမ်းသာကြပါစေ။ ကျနော်မောင်ဟန်ပါ။
koMM post အသစ်တင်တာကျဲသွားတယ်နော် အကိုတင်မယ့်ပိုစ့်တွေကိုစောင့်ဖတ်နေတာဗျာ များများတင်ပေးပါ ကျေးဇူးတင်ပါတယ်ဗျာ
ReplyDeleteko mm ကfacebookဘက်လိုင်းပြောင်းသွားပြီထင်နေတာ facebookရောblog ပါလုပ်ပါ
ReplyDeleteတခါတခါဖတ်ဖို့စောင့်လိုက် ရတာဗျာ။မကြာမကြာလေးအသစ်တင်ပေးပါဗျာ
ReplyDeleteတင်ပေးပါ့မယ်ဗျာ အလုပ်အရမ်းရှုပ်နေလို့ပါ... FB က အဓိကမဟုတ်ပါဘူးဗျာ...။ ခဏတော့ သည်းခံပေးကြပါဦးခင်ဗျာ...။ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ရေဒါတွေကို အလျှင်းသင့်ရင် ဖော်ပြပေးပါမယ့်....။
ReplyDeleteကိုMMရေခုတလောကိုကိုMMကိုဝေဖန်ထာတာတွေပျံ့ နေတယ်ဗျအစုံပါပဲဆိုဒ်တွေက တပ်မတော်အကြောင်းပြောဆိုသူမှန်သမျှလိုက်ဝေဖန်နေကြတယ်ဗျာ........ဒါပေမဲ့ မပူပါနဲ့ ဗျအပေါ်ကအကိုတို့ ကျွန်တော်တိုလိုလူတွေရှိတယ်ဗျစိတ်ဝင်စားတဲသူတွေ့ လေ။နောက်ပိုင်းပို့ စ်အသစ်တွေများများတင်ပေးပါဗျာ။ လေကြောင်းရန်ကိုကာကွယ်တဲ့စနစ်လေးတွေကိုများများလေတင်ပေးပါဗျာ လေးစားလျှက်
ReplyDeleteကို MMရေ submarine craf တွေအကြောင်းလဲ ရေးတင်ပါဦးဗျာ.. မိမိတပ်မှာရှိနေပြီလို့လဲ ကြားနေရတော့ ပိုစိတ်ဝင်စားမိလို့ပါ...။
ReplyDeleteဟုတ်တယ် submarine craf ကရှိသင့်တယ်
ReplyDelete