S-300P သို့မဟုတ်
SA-10 လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ ၁၉၈၀ ပြည့်နှစ်များမှာ ထွက်ပေါ်လာတဲ့ ဒုံးပျံစနစ်တစ်ခုဖြစ်ပြီး
P အမျိုးအစားဟာ S-300 မျိုးခွဲ ၃ခုထဲက မြေပြင်သုံး မြို့ပြကာကွယ်ရေး စနစ် အမျိုးအစားဖြစ်ပါတယ်။
S-300 PT အမျိုးအစားအဖြစ် မော်စကိုမြို့ ကာကွယ်ရေး အစိတ်အပိုင်းအဖြစ် စတင် အသုံးပြုခဲ့ကြပါတယ်။
S-300 PT စနစ်တစ်ခုမှာ 36D6 စောင့်ကြည့်ရေး ရေဒါတစ်ခု၊ Senezh-M1E အမိန့်ပေးယာဉ်တစ်စင်း
သို့မဟုတ် ၂စင်း၊ 30N6 ပစ်ခတ်မှု လမ်းညွန် ရေဒါစနစ် တစ်ခု သို့မဟုတ် ၂ခု၊ 76N6 အနိမ့်ပျံ
ထောက်လှမ်းရေးနှင့် ပစ်မှတ်စောင့်ကြည့်ရေး ရေဒါ စနစ်တစ်ခုတို့ ပါဝင်ပြီး 5P851 အမျိုးအစား
ဆွဲယာဉ်ဖြင့် တွဲဖက်ထားသော ဒုံးပျံ ၄ခုစီပါဝင်သော ဒုံးပစ်စဉ် ၆ခုမှ ၁၂ခုထိ ပါဝင်မှာဖြစ်ပါတယ်။
လေကြောင်းရန်နဲ့ တိုက်ချင်းပစ် ဒုံးပျံ ကာကွယ်ရေး အစီစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့
S-300PT စနစ်ဟာ ရေဒါ အသုံးပြုနိုင်မှု အပေါ်ကို လိုက်လို့ ကီလိုမီတာ ၂၅၀နဲ့
၁၂၀ကြားမှာ ပစ်မှတ်ပေါင်း ၁၀၀ခန့်ကို ရှာဖွေ ခြေရာခံနိုင်ပြီး ၃စက္ကန့် အတွင်းမှာ ချိန်ရွယ်ပစ်ခတ်နိုင်ပါတယ်။
သက်ဆိုင်ရာ ဒုံးပစ်စဉ်များရဲ့ ၇၅ကီလိုမီတာ ပတ်လည် အတွင်းမှာ တပြိုင်နက် ပစ်မှတ် ၁၂ခုကို
ထိမ်းကြောင်း ပစ်ခတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သည်စနစ်ရဲ့ အားနည်းချက်ဟာ ပစ်ခတ်ရန် ပြင်ဆင်ရချိန်ဖြစ်ပြီး
ရွေ့လျားစနစ်တစ်ခုဖြစ်ပေမယ့် ဆွဲယာဉ်ကိုသာ အသုံးပြုထားတာကြောင့် အချိန် ၁နာရီခန့်ယူရပြီး
ပစ်ပြီးတာနဲ့ ချက်ချင်းရွေ့လျားနိုင်ဖို့၊ ရွေ့လျားနေရာကနေ အမြန်နေရာယူ ပစ်ခတ်နိုင်ဖို့
မဖြစ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် မီတာ ၅၀၀ထက် အနိမ့်ပျံသန်းလာမယ့် မြန်နုန်းမြင့် ပစ်မှတ်တွေကို
ပစ်ခတ်ရန် အခက်အခဲရှိပါတယ်။
S-300-PM/PS |
ဒါ့ကြောင့် ၁၉၈၅ခုနှစ်မှာတော့ S-300PM/PS အမျိုးအစားများအဖြစ်
အဆင့်မြင့်တင်ခဲ့ပြီး MAZ-7910 ဒုံးပစ်စင်ပါ အကြီးစားသယ်ပို့ယာဉ်များကို အသုံးပြုခဲ့ပါတယ်။
မူလမှာ ယာဉ်တစ်စင်းကို ဒုံးကျည် ၂စင်းသာ သယ်ယူနိုင်အောင် စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ
ဒုံးကျည်၎စင်း သယ်ဆောင်စေခဲ့ပါတယ်။ semi-active radar homing 5V55R missiles အသစ်များကို
ပြောင်းလဲ တပ်ဆင်ခဲ့တဲ့ အတွက် ၂၅မီတာ အမြင့်မှသည် မီတာ ၃သောင်းအထိ ပစ်ခတ်နိုင်သလို
အကွာအဝေးအားဖြင့်လဲ ကီလိုမီတာ ၁၀၀ကျော် အထိ ပစ်ခတ်နိုင်ပါတယ်။ ၁၉၉၀ ဝန်းကျင်မှာ အများဆုံးထုတ်လုပ်ခဲ့သော
အမျိုးအစားလဲဖြစ်ပါတယ်။ တိုက်ချင်းပစ် ဒုံးပျံများသာမက ခရုစ်ဒုံးပျံများနဲ့ ထောက်လှမ်းရေးအမြင့်ပျံ
လေယာဉ်များအထိ ပစ်ခတ်နိုင်အောင် ကောင်းမွန်ပါတယ်။ ဒါ့အပြင် အုပ်ဖွဲ့ပျံသန်းလာနိုင်တဲ့
လေကြောင်း အင်အားကြီး ထိုးစစ်များအတွက် အသေးစား နူကလိယျထိပ်ဖူးများ တပ်ဆင်ပစ်ခတ်နိုင်အောင်
ပြင်ဆင်ထားခဲ့ကြပါတယ်။
၁၉၉၀နောက်ပိုင်း
ပြည်ပနိုင်ငံများကို S-300PMU SA-10f များအဖြစ် တင်ပို့ရာမှာတော့ ဝယ်သူစိတ်ကြိုက် ဖြစ်စေဖို့နဲ့
စစ်ကစားမှု လွယ်ကူစေဖို့ လမ်းကြမ်းမောင်းနှင်နိုင်တဲ့ 5P85D/S ဒုံးပစ်စင် ယာဉ်များနဲ့
ပြောင်းလဲပေးခဲ့ပါတယ်။ အမြောက်အများထုတ်လုပ်ထားတဲ့ 5V55R ဒုံးပျံများကို တွဲဖက် ရောင်းချခဲ့ပြီး
ဈေးနူန်းမြင့် ဝယ်သူများအတွက် S-300PMU စနစ်ကို ၁၉၉၅ခုနှစ်မှာ 64N6 ရှာဖွေရေးရေဒါ၊
ပစ်မှတ် ၃၀ကျော်ထိ ပစ်ခတ်ပေးနိုင်တဲ့ 30N6-1 ပစ်ခတ်မှု ရေဒါ၊ 48N6 ဒုံးပျံများနဲ့ အဆင့်မြင့်တင်ပေးခဲ့ပြီး
ကီလိုမီတာ ၃၀၀နီးပါးထိ ထောက်လှမ်းနိုင်ကာ အကွာအဝေး ကီလိုမီတာ ၁၅၀အတွင်းမှာ ပစ်မှတ်ပေါင်း
၃၀လောက်ကို တပြိုင်နက် ထိမ်းကြောင်းပစ်ခတ်ပေးနိုင်ပြီး ဒုံးပျံမဟုတ်သော ပစ်မှတ်များအတွက်
တိကျမှုဟာ ၇၀%ကျော် ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လှုပ်ရှားစစ်ကစားမှု ကောင်းမွန်လာခြင်းကြောင့်
မြို့ပြသာမက ရှေ့တန်းထိပါ တာဝန်ထမ်းဆောင် လာနိုင်သော စနစ်ဖြစ်ခဲ့ပါတယ်။ အမိန့်ပေးယာဉ်များကို
Baikal-1E များနဲ့ အစားထိုးခဲ့ကြပါတယ်။
၁၉၉၉ ခုနှစ်မှာတော့
ပဉ္စမမျိုးဆက် တိုက်လေယာဉ်များနဲ့ အဆင့်မြင့်မောင်းသူမဲ့များ ဒုံးပျံများနဲ့ အီလက်ထောနစ်
စစ်ပွဲ စနစ်သစ်များအတွက် S-300PMU-1 SA-20 ကို စတင်မိတ်ဆက်ခဲ့ပြီး၊ မြို့တွင်းသာမက
မည်သည့်နေရာ မည်သည့်ရာသီဥတု မဆို တာဝန်ထမ်းဆောင်နိုင်တဲ့ စနစ်များနဲ့ ပြောင်းလဲ အဆင့်မြင့်ခဲ့ပါတယ်။
ကီလိုမီတာ ၃၀၀ကျော်အထိ ပဉ္စမမျိုးဆက်များနဲ့ သေးငယ်သော မောင်းသူမဲ့များ ခရုစ်ဒုံးပျံကို
တိကျစွာထောက်လှမ်းပေးနိုင်သော 64N6E ထောက်လှမ်းရေး ရေဒါ။ ပစ်မှတ် ၂၄ခုကို တစ်ပြိုင်တည်း
ချိန်ရွယ်ပစ်ခတ် လမ်းညွှန်ပေးနိုင်သော 30N6E-1 ပစ်မှတ်ထိမ်းကြောင်းရေး ရေဒါ၊ ဒုံးပစ်စဉ်
၁၂ခုအထိ ချိတ်ဆက် အမိန့်ပေးနိုင်သော 83M6E အမိန့်ပေးယာဉ်တို့ အပါအဝင် ဒုံးစနစ်များကိုလဲ
ကီလိုမီတာ ၄၀ခန့်အထိသာ တာတိုပစ်ခတ်နိုင်သော 9M96E-1 နှင့် ကီလိုမီတာ ၁၂၀ထိ ပစ်ခတ်နိုင်သော
9M96E-2 တို့ဖြင့် ပြောင်းလဲ တပ်ဆင်ပေးခဲ့ပါတယ်။
ပစ်ခတ်မှု ရေဒါစနစ်များမှာ ၃၀ကျော်ကနေ ၂၄ခုအထိသာ
ထိမ်းကျောင်းပေးနိုင်အောင် လျော့နဲခဲ့ပြီး၊ ဒုံးပျံများရဲ့ တာဝေးပစ်ခတ်မှုဟာလဲ လျော့နဲခဲ့ပါတယ်။
သို့သော်လည်း S-300PMU-1 စနစ်ဟာ မတူညီသော စနစ်များနဲ့ တပြိုင်တည်း တိုက်ခိုက်လာမှုကို
တန်ပြန်ဆောင်ရွက်နိုင်အောင် တည်ဆောက်ထားတာဖြစ်ပြီး တာဝေးနဲ့ တာလတ် ဒုံးပျံကို ပေါင်းစပ်ထားခြင်းကြောင့်
တိုက်ခိုက်ပစ်ခတ်လာသော ပဲ့ထိမ်းဒုံးများ၊ ဗုံးများကို တာတိုဒုံးပျံများဖြင့် ကာကွယ်ထားစဉ်မှာပဲ
လာရောက်တိုက်ခိုက်သော လေယာဉ်၊ တိုက်ချင်းပစ်ဒုံးပျံများနဲ့ သူတို့ကို ထိမ်းကြောင်းလမ်းညွန်ပေးတဲ့
အမိန့်ပေး လေယာဉ် စသည်တို့ကို တပြိုင်တည်း တန်ပြန် တိုက်ခိုက် နိုင်မှာဖြစ်ပါတယ်။ အမိန့်ပေးယာဉ်နဲ့
ပစ်မှတ်ရှာ ရေဒါတို့ဟာ ပစ်မှတ် ၂၄ခုကိုသာ လမ်းညွှန်ပစ်ခတ်ပေးနိုင်မှာဖြစ်ပေမယ့် ဒါဟာ
ရေဒါစနစ် ၁ခုတည်းသာ အသုံးပြုတာဖြစ်ပြီး ရေဒါစနစ် ၂ခုမှသည် ၃ခုအထိ တပြိုင်တည်း တွဲဖက်
အသုံးပြုနိုင်တာကြောင့် စနစ်တစ်ခုလုံးဟာ အမျိုးစားမတူ ဒုံးကျည် ၂မျိုး ဒုံးကျည်၂လုံးစီ
သယ်ဆောင်ထားမယ့် ဒုံးပစ်စင်ပေါင်း ၃၆ခု ကို တပြိုင်တည်း ထိမ်းချုပ်နိုင်မှာဖြစ်ပါတယ်။
ဒုံးပစ်စင် တစ်ခုစီဟာ သာမာန် အခြေအနေမှာ ဒုံးကျည် ၂လုံးစီသာ ပစ်ခတ်ရန် လိုတာမို့ အမိန့်ပေး
စနစ် ၂ခုသို့မဟုတ် ၃ခုတည်းက တစ်ခုခုကို အတိုက်ခိုက် ခံရစဉ်မှာပင် အခြား အမိန့်ပေးစနစ်ရဲ့
လစ်လပ်နေတဲ့ ၁၂နေရာကနေ ထိမ်းကျောင်း ပစ်ခတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အနိမ့်ပျံနဲ့
ပစ်မှတ်စောင့်ကြည့်ရေး ရေဒါ 76N6 ဟာ မောင်းသူမဲ့များနဲ့ အနိမ့်ပျံ ခရုစ်ဒုံးပျံများ
ရဟတ်ယာဉ်များကိုပါ စောင့်ကြည့်ပေးထားနိုင်ပြီး အခြားသော လေကြောင်းရန် ကာကွယ်ရေးများကို
အထောက်ကူပေးနိုင်ပါတယ်။ ဒုံးပျံများဟာ လှုပ်ရှားမှု မြန်ဆန်လွယ်ကူပြီး တစ်စိတ်တစ်ပိုင်းရေဒါ
လမ်းညွှန်မှုနဲ့ ပစ်မှတ်အနီးပျံသန်းကာ ပစ်မှတ်အနီးမှာတော့ ကိုယ်ပိုင် ရေဒါလမ်းညွှန်မှုနဲ့တကွ
အခြားသော (TV ဒါမှမဟုတ် အနီအောက်ရောင်ခြည် လမ်းညွှန်စနစ်) ပါ တွဲဖက်ထားတာမို့ ဘယ်လိုမှ
ရှောင်လွှဲဖို့ မလွယ်တဲ့ ဒုံးကျည် အမျိုးစားတွေ ဖြစ်ပါတယ်။
S-300
PMU-2 စနစ်များကိုတော့ ၂၀၀၀ပြည့်နှစ် ဝန်းကျင်များမှာ ထုတ်ဖေါ်ပြသခဲ့ပြီး၊ ကီလိုမီတာ
၂၀၀ထိ ပစ်ခတ်နိုင်တဲ့ 48N6E2 ဒုံးပျံများပြောင်းလဲ တပ်ဆင်ခဲ့ပါတယ်။ အမိန့်ပေးယာဉ်စနစ်ကို
ထည့်သွင်းထားသော်လည်း အမိန့်ပေးယာဉ် မလိုပဲ ပစ်စင်တင်ယာဉ်များမှ တိုက်ရိုက် ချိတ်ဆက်
ချိန်၇ွယ် ပစ်ခတ်ပေးနိုင်သည့် စနစ်ပါတဲ့ 5P85SE2 ယာဉ်များကို အသုံးပြုထားပါတယ်။ ဒါ့အပြင်
အနိမ့်ပျံ ထောက်လှမ်းရေးရေဒါ 76N6 ရေဒါနဲ့ တွဲဖက်လို့ 96L6E ဘက်စုံသုံးရေဒါကိုပါ တွဲဖက်
အသုံးပြုထားပါတယ်။ စနစ်တစ်ခုမှ အနည်းဆုံး ဒုံးပစ်စဉ် ၁၂ခုထိပါဝင်ပြီး ၃၆ခုထိ ချိတ်ဆက်နိုင်သလို
မတူညီသော လေကြောင်းရန် ကာကွယ်ရေးစနစ်များနဲ့လဲ တပြိုင်တည်း ချိတ်ဆက် နိုင်ပါတယ်။
S-400 system |
S-300 PMU-3 ကိုတော့ PMU-1 နဲ့အတူ ထုတ်လုပ်ခဲ့ပြီး S-400 SA-21 အဖြစ်လူသိများပါတယ်။
ကီလိုမီတာ ၄၀၀ခန့်အထိ ပစ်ခတ်နိုင်ပါတယ်။ ရေဒါပျောက်တိုက်လေယာဉ်များအတွက် အထူးသီးသန့်ထုတ်လုပ်ထားပြီး
အာကာသအလွှာထိ ပစ်ခတ်နိုင်တဲ့ စနစ်တစ်ခုလဲဖြစ်ပါတယ်။
S-300V |
အခြားသော S-300 အမျိုးအစားများဟာ S-300V အမျိုးအစား စစ်မြေပြင်သုံး စနစ်ဖြစ်ပြီး အမြင့်ပျံ
ပစ်မှတ်များနဲ့ ဒုံးပျံများ အာကာသအလွှာ လုံခြုံရေးအတွက် အဓိကအသုံးပြုပါတယ်။ ချိန်းတပ်ယာဉ်ဖြင့်
သယ်ဆောင်ပစ်ခတ်နိုင်တဲ့ လမ်းကြမ်းသုံး စနစ်ဖြစ်ပြီး ထိခိုက်မှုဒဏ် ခံနိုင်ဖို့တည်ဆောက်ထားပါတယ်။
S-300F အမျိုးအစားများဟာ ရေတပ်သုံး အမျိုးအစားများဖြစ်ပြီး အမိန့်ပေးစနစ်များ၊ လမ်းညွှန်စနစ်များ
မပါတဲ့ ပင်လယ်ပြင်နဲ့ ကိုက်ညီအောင် ဒုံးပျံရဲ့ ရေဒါစနစ်ကို အဆင့်မြင့်တင်ထားပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
ကြည့်ရတာ ဝယ်တာမယ်ပေါ့နော်...ဒီကောင်ကြီး ရှိရင်တော့ ဘေးနားက နိုင်ငံတွေကိုတော့ အေးဆေးပဲ
ReplyDeleteမြန်မာမှာရှိလားကို mmရေ။
ReplyDeleteရှိစေချင်တယ်..။ ဗီယက်နမ်မှာ တောင် ရှိသေးတာ ပဲ........ တို့ဆီလည်း မ၀ယ်ဘဲတော့ မနေလောက်ပါဘူး နော...။
ReplyDeleteဗဟုသုတရပါသည်။ ဆောင်းပါးများကိုလည်း ဖတ်ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။
ReplyDeleteInteresting presentation. Probably MDW quoted or used Wikipedia source, but some Wikipedia sources are not exact and some are unreliable. In some cases, even in an only one article, many contradictory and controversial facts are presented.
ReplyDeleteWikipedia source is hard to believe that PMU-3 namely S-400 was introduced concurrently with outdated PMU-1 introduced in 1993, and out dated S-300 PMU-1 in 1999, use latest 9M96E and 9M96E2 missile. Probably it may be mock up or prototype of Triumph. Famous APA analyst’s numerous articles never expressed about PMU-1 in conjunction with 9M96 missiles.
PMU-1 was first introduced in 1993, used only long range 48N6 missile which at that time firstly replaced old 5V55R missiles from the PT/PS series.PMU-1 never used 9M96E andE2 missiles. According to many web source, it has no multi layer defense capability.
P series are designed by Almaz for the dual purpose of primary role Air defense and as a secondary role ballistic defense.
9M96E and E2 missiles are latest modification only used in S-400 system to effectively compete US MIM-104 Patriot Advanced Capability-3 ERINT interceptor missile.
S-300 V, and its upgraded versions, VM, and Antey-2500 which concurrently modified with PMU-2, are solely dedicated for Ballistic defense designed by Antey before the two company merged as Almaz-Antey. Russia never used V series. Probably Vietnam was only one customer for V series.
Many analysts said PMU-2 Favorit system’s target acquisitions radar, engagement and fire control systems are more sophisticated than Antey’s V series.
After PMU-2, more advanced version to compete American MIM-104 Patriot PAC-3 system, Almaz modified ultra long range S-400 which much more longer range than PAC-3 in endoatmosphere with new missiles 40N6, 48N6E3 (upgraded from Favorit’s 48N6E2) and 9M96E andE2. Russia didn’t use temporarily modified version PMU-2 Favorit in its military because of their latest modified version more capable S-400 system. Favorit was just an export version. S-400 system specially designed to defeat not only for ultra long range stealth bomber like B-2, highly capable SEAD and Air superiority Stealth fighter F-22, high value assets of enemy C4ISTAR, AWACS and AEW&C aircrafts and other ISR platforms, but also to engage MRBM and possibly IRBM in inner space, endo-atmosphere with its 40N6 missile. Russia never disclosed its new 40N6 missile’s capability.
S-350E Vityez is the latest invention to replace the old and out dated S-300P model series late 70’s model P,PT, 80 era PS, PM, 1990 era PMU-1 in Russian inventory, and eventually it will replace all Buk system in Mid Range air defense role, and Vityez shares many nature of Triumph and designed to be compatible with currently deployed S-400 system. It means Vityez can be assumed as a miniature design or supporting sub system of SA-21 Growler.
Using 40km range 9M96E in S-400 system is the broader Russian strategy of combined ABM and point defense system capable of defeating PGM attack including AGM-88 HARM and follow-on defense suppression weapons.
Its modification raised up S-400 system as an ultra long range engagement capable system by using 215 nm (400km) range 40N6 missiles and 130nm (245 km) range 48N6E3 DM ( Dal’na ya _ very long range) missile and filling the mid range gap by using 120km range 9M96E2 missiles, and more than that plus 9M96E as a system self defense capability.
In late 2013, every one can see in many web sources, Russia showed the first S-350E Vityez system which use only 9M96 series missiles, 40km range 9M96E, 70km range 9M96E1 ( some source said), and 120km range 9M96E2 missiles. This Vityez system will eventually replace variety of all old model S-300P series including PMU-1 and mid range Buk missile system in the coming future. It means that Vityez system also is a combined system of Mid Range AD system + extended point defense role.
No more Buk for Myanmar.
Bravo! Vityez for Myanmar. Put the Buk into the rubbish can.
ReplyDelete