Saturday, January 26, 2013

ဒုံးလက်နက်များက စကားပြောလာမည်...။

မြန်မာ့တပ်မတော် (ရေ)၏ ရေယာဉ်များဖြည့်တင်းမှု၊တပ်ဆင်လာနိုင်မှုနှင့် စွမ်းရည်ထက်မြက်လာခြင်းစသည့် အကြောင်းများကြောင့် မိမိတို့ အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း ရေယာဉ်များအပြိုင်အဆိုင်တပ်ဆင်လာကြသည်ကို
 လေ့လာသိရှိရပါသည်..။

ထို့အပြင် အခုတလောတွေ့ရသည့် ဘင်္ဂလားဆိုက်မှ လုပ်ယူထားသည့် ဗီဒီယိုဖိုင်ထဲတွင် တပ်မတော် (ရေ)အား နှိမ်ကာ တင်ပြထားသည်ကိုတွေ့ရပြီး သူတို့ရေတပ်၏ မရှိသည့် ရေငုပ်သင်္ဘောများ၊ဖရီးဂိတ်များအား ဖော်ပြကာနှိုင်းယှဉ်ခြင်းများပြုလုပ်ကာ မီဒီယာဘက်မှယှဉ်ပြိုင်လာသည်ကိုတွေ့ရပါသည်....။

မြန်မာ့တပ်မတော် (ရေ)၏ ခေတ်မှီစစ်ရေယာဉ်ပိုင်ဆိုင်မှုသည် ဒေသတွင်းနိုင်ငံများအကြားတွင် အမြင့်ဆုံးအခြေအနေရှိပါသည်....။ ၅စီးရီးစစ်ရေယာဉ်များ၊ ပြည်တွင်းထုတ် ဖရီးဂိတ်ကြီးများ၊ ကိုယ်ပျောက်နည်းပညာသုံးရေယာဉ်ကြီးများအပါအဝင် ကမ်းထိုးယာဉ်များနှင့် ရှပ်ပြေးယာဉ်များအထိ မိမိတို့ရေတပ်မှ တပ်ဆင်ထုတ်လုပ်နိုင်ချိန်တွင် ဘင်္ဂလားရေတပ်သည် တပ်မတော် (ရေ)အား ယှဉ်ပြိုင်နိုင်စေရန် ရည်ရွှယ်ကာ တရုပ်ရေတပ်မှ ဖရီးဂိတ် ပုံစံ-၀၅၃h၂ ၂စင်း နှင့် အခြားဖရီးဂိတ်များ၊ ရေယာဉ်သစ်များစွာကို ဝယ်ယူခဲ့ပြီးဖြစ်ပါသည်.....။

ဒုံးပျံ ၈ စင်းတပ်ဆင်ထားပြီးဖြစ်သည့် အောင်ဇေယျဖရီးဂိတ်စစ်ရေယာဉ်

ယနေ့ခေတ်၊ယနေ့အချိန်အခါတွင် ရေယာဉ်များသည် ဟိုးအရင်ခေတ်များကဲ့သို့ အမြောက်ချင်း၊ လှမ်းပစ်ဖောက်ခွဲရသော ခေတ်မဟုတ်တော့ပေ....။ မိမိတို့၏ တပ်ဆင်ထားသော ဒုံးစနစ်များ၊ရေဒါစနစ်များနှင့် ခေတ်မှီ အာရုံခံစနစ်များ၊ရန်သူ့ဒုံးများအား လှည့်စားလမ်းလွှဲစေနိုင်သည့်စနစ်များအားဖြင့် အဓိကတိုက်ပွဲဝင်လာကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့တပ်မတော် (ရေ)ရှိ စစ်ရေယာဉ်များတွင် ပဲ့ထိန်းဒုံးစနစ်များအား အဓိကအားဖြည့် ဖြည့်တင်းလာသည်ကိုလည်း တွေ့ရပါသည်....။

တပ်မတော်(ရေ)ရှိ ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်များ

ဖရီးဂိတ် စစ်ရေယာဉ်များ
အောင်ဇေယျ (F11)........................... Kh-35E× ၈စင်း
မဟာဗန္ဓုလ (F21)............................. စီ-၈၀၂ × ၈စင်း
မဟာသီဟ သူရ (F23)....................... စီ-၈၀၂ × ၈စင်း

F21 Missile Frigate
F23 Missile Frigate

အပေါ့စားဖရီးဂိတ်/ကော်ဗတ် စစ်ရေယာဉ်များ

အနော်ရထာ......................... စီ-၈၀၂ × ၄စင်း
ဘုရင့်နောင်...........................စီ-၈၀၂ × ၄ စင်း

Anawratha Light Frigate (C-802×4)

Bayint Naung Light Frigate (C-802×4)
 
အမြန်တိုက်ခိုက်ရေးယာဉ်များ

ဟောင်ဇင်အမျိုးအစား (၁ဂျီ)......... စီ-၈၀၁အေ × ၄စင်း (ရေယာဉ် ၆ စင်းအတွက် ၄×၆=၂၄စင်း)

Type-037-IG Houxin Class FACM (C-801A×4)

၅စီးရီးရေယာဉ်............................စီ-၈၀၁အေ × ၂စင်း (ရေယာဉ် ၁၀ စင်းအတွက် ၂×၁၀=၂၀စင်း)

5 Series FACM (C-801×2)
 
ကိုယ်ပျောက်နည်းပညာသုံး ရေယာဉ် (၄၉၁)..... စီ-၈၀၁အေ × ၄စင်း
Stealth FACM (C-801A×4)


အပေါ်ကစာရင်းတွေအရဆိုရင်တော့ တပ်မတော် (ရေ)ဆီမှာ ပဲ့ထိန်းဒုံး (၃)မျိုးနှင့် လက်ရှိတပ်ဆင်မှုအရ ဒုံး (၇၂)စင်းအပြင် အသင့်အနေအထားအဖြင့် တပ်ဆင်ထားသည့် ဒုံးများထက် ၂-၃ဆမျှ ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်....။ ထို့ပြင် မိမိတို့ရေတပ်၏ တရုပ်ဆီမှ ဝယ်ယူထားသည့် F21၊F23 စစ်ရေယာဉ်များရှိ ဒုံးစနစ်များလည်း ရှိသေးရာ အဆိုပါဒုံးစနစ်များအားလည်း ၅စီးရီး ရေယာဉ်များပေါ်တွင် တပ်ဆင်ပေးနိုင်မည်ဟု ယူဆရပါသည်....။ထို့ပြင် ကမ်းရိုးတန်း ကာကွယ်ရေးဒုံးစနစ်အသစ်များလည်း ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်....။ (တည်နေရာများ ဖော်ပြခွင့်မရှိပါ...။

တတိယမြောက် ၁၀၈မီတာ ဖရီးဂိတ်စစ်ရေယာဉ်ကြီး တည်ဆောက်မှု မြင်ကွင်း
Third Missile Frigate


မိမိတို့ ရေတပ်၏ ရေချပြီး လက်နက်တပ်ဆင်မှုအပိုင်းပြုလုပ်နေဆဲဖြစ်သည့် ကျန်စစ်သား စစ်ရေယာဉ်ပေါ်တွင် တပ်ဆင်မည့် ဒုံးစနစ်များအား ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါ...။ တည်ဆောက်ဆဲ တတိယဖရီးဂိတ်ကြီးပေါ်တွင်လည်း ပဲ့ထိန်းဒုံး ၈စင်းတပ်ဆင်မည်ဖြစ်ရာ ရေတပ်၏ ဒုံးလက်နက်ပိုင်ဆိုင်မှုကို မိမိတို့ဘာသာ စာဖတ်သူတို့ ခန့်မှန်းနိုင်မည်ဖြစ်ပါသည်....။

မြန်မာ့တပ်မတော် (ရေ)အနေဖြင့် ဘင်္ဂလားရေတပ်၏ ရေတပ်တိုးချဲ့မှုကို အမြဲလေ့လာစောင့်ကြည့်နေသကဲ့သို့ ယိုးဒယားရေတပ်၏
 ရေတပ်တိုးချဲ့မှုကိုလည်း စောင့်ကြည့်လျက်ရှိပါသည်...။ ယိုးဒယားရေတပ်သည်လည်း မကြာမှီ တရုပ်ရေတပ်ဆီမှ ပုံစံ-၀၅၄ ဖရီးဂိတ်ကြီးများ ပိုင်ဆိုင်ထားဖို့ရှိပါသေးသည်....။ သီးသန့်အတည်ပြုချက် မရရှိသေးပါ...။ မြန်မာ့တပ်မတော် (ရေ)အနေဖြင့်လည်း နောင်ဖြစ်လာနိုင်မည့် အရေးများအတွက် အစီအစဉ်များရှိပြီးဖြစ်ရာ ဖရီးဂိတ် ဂစင်း၊ကော်ဗတ် ၃စင်းနှင့် အမြန်တိုက်ခိုက်ရေးယာဉ်အသစ်များ ကမ်းထိုးယာဉ်၊ထောက်ပို့ရေးယာဉ်ကြီးများတည်ဆောက်လျက်ရှိပါသည်....။ မိမိတို့ ရေတပ်အနေဖြင့် ပတ်ဝန်းကျင် ရေတပ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိပါက ယခင်ကအဖြစ်ပျက်များကဲ့သို့ပင် မိမိပိုင်နက်များအား ကျူးကျော်စော်ကားမှုများအား ဆက်လက်ခံနေရဦးမည်ဖြစ်ပေသည်....။

ပြောင်းလဲလာသော နိုင်ငံအရေးနှင့် အတူ ပြည်ပရင်းနှီးမြုပ်နှံမှုများ ပိုမိုများပြားလာမည်ဖြစ်ရာ ကမ်းလွန်ရေနံလုပ်ကွက်များကဲ့သို့သော ပင်လယ်ပြင်ပိုင်နက်များအား ကာကွယ်ရန်အတွက်လည်း ပိုမိုခေတ်မှီ ထက်မြက်သည့် စွမ်းဆောင်ရည်မြင့်မားသော ဖရီးဂိတ်များ၊ရေယာဉ်ကြီးများပိုင်ဆိုင်ထားနိုင်ကာမှ မိမိတို့ ရေပြင်ပိုင်နက်အတွက် ပြီးပြည့်စုံလာမည်ဖြစ်ပါသည်.....။... ပြီးပြည့်စုံသည့် ကာကွယ်ရေးစနစ်ပိုင်ဆိုင်နိုင်မှသာလျှင် မိမိတို့တိုင်းပြည်၏ ဝေဟင်၊ရေပြင်နှင့် မြေပြင်ပိုင်နက်များကို ကာကွယ်ပေးနိုင်မည်ဖြစ်ပါတော့သည်....။

(ဒီအပတ်အတွက်တော့ မိမိလေ့လာမိသလောက်လေးကို တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ....။ ဒီထက်ပိုပြည့်စုံတဲ့ သုံးသပ်ချက်များ၊စိတ်ဝင်စားဖွယ်ရာများနှင့် မြန်မာ့တပ်မတော်၏ စိတ်ဝင်စားဖွယ်၊ဂုဏ်ယူဖွယ်ရာများကို ဆက်လက်ဖော်ပြပေးပါဦးမည်ခင်ဗျာ....။ ကိုmm)

Friday, January 18, 2013

သတိထား လေ့လာနိုင်စေရန်အတွက်

အားလုံးမင်္ဂလာပါခင်ဗျာ.... အသစ်မတင်ဖြစ်တာတောင် အတော်ကြာသွားခဲ့ပါပြီ.... ဒီနေ့အတွက်တော့ ကျွှန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ကာကွယ်ရေးမြင့်တင့်မှုအပိုင်းလေးတွေ လေ့လာမိသလောက်ပြန်ပြီး ဝေမျှပေးပါ့မယ်.....။


ကမ်းရိုးတန်းရှည်လျှားလှတဲ့ မြန်မာ့ပင်လယ်ပင်မှာ တပ်မတော် (ရေ)အနေနှင့် အရင် ၁၉၉၉ခုနှစ်များအတွင်းက ယိုးဒယားရေတပ်နှင့် ထိတွေ့မှု၊ ၂၀၀၈-၁၀ခုနှစ်များအတွင်း ဘင်္ဂလားရေတပ်နှင့်ထိတွေ့မှုများ ရှိခဲ့ပါတယ်.....။ အနီးစပ်ဆုံး ဘင်္ဂလားရေတပ်နှင့် ထိတွေ့မှုကို လေ့လာကြည့်မယ်ဆိုရင် ဘင်္ဂလားရေတပ်ဟာ အဲဒီအချိန်က အားကိုးစရာဆိုလို့ ဖရီးဂိတ် ၂ စင်းသာရှိပြီး တပ်မတော် (ရေ)မှာတော့ ဖရီးဂိတ် (၁)စင်းနှင့် ပဲ့ထိန်းဒုံးတပ် ရေယာဉ် (၁၀)စင်းကျော်ပါဝင်ခဲ့ပါတယ်....။

 အဆိုပါတင်းမာမှုပြီးနောက် ဘင်္ဂလားရေတပ်ရဲ့ အင်အားတိုးချဲ့မှုဟာလည်း စိုးရိမ်စရာကောင်းလောက်အောင်း မြင့်မားခဲ့ပါတယ်... ကော်ဗတ်ရေယာဉ် (၂)စင်း၊ဖရီးဂိတ် (၂-၃)စင်း၊ဒုံးတပ်ရေယာဉ် (၂-၃)စင်း၊တိုက်ရေယာဉ်အချို့နှင့် စုစုပေါင်း အစင်း (၂၀)နီးပါးဖြည့်တင်းခဲ့ကြပါတယ်.....။ နောက်ထပ်ခြေလှမ်းတစ်ရပ်အဖြစ်လည်း ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ ကြိုးပမ်းနေကြပါတယ်....။ လေတပ်အနေဖြင့်လည်း တာတိုပစ်လေကာစနစ်များ၊တိုက်လေယာဉ်အသစ်များ၊ ရဟတ်ယာဉ်များနှင့် ကြည်းတပ်အတွက် အမြှောက်၊တင့်အသစ်များ၊တင့်ဖျက်ဒုံးများစသည်ဖြင့် ထပ်မံအားဖြည့်ခဲ့ကြပြန်ပါတယ်......။

အခုနောက်ဆုံးအနေနှင့်ကတော့ ရုရှားနိုင်ငံဆီမှ ဒေါ်လာ (၁) ဘီလီယံတန်ဖိုးရှိ လက်နက်များဝယ်ယူရေးဘဲဖြစ်ပါတယ်....။ အစက သန်းပေါင်း (၈၅၀)လို့ သိရပင်မဲ့ ထပ်တိုးပြီးဝယ်ယူမဲ့ အခြေအနေဖြစ်ပါတယ်....။ ဘက်စုံသုံးတိုက်လေယာဉ်များဝယ်ယူဖို့လည်း ကြိုးပမ်းနေကြပါတယ်.....။

မြန်မာ့တပ်မတော် အနေနှင့်လည်း နိုင်ငံတကာစစ်တပ်များနည်းတူ ခေတ်မှီတပ်မတော်ဖြစ်စေရန် ကြိုးပမ်းလျက်ရှိတယ်ဆိုတာတွေ့ကြရမှာ ဖြစ်ပါတယ်......။ ရေတပ် စစ်သင်္ဘောအသစ်များ၊ရေချခြင်း၊တပ်တော်ဝင်ခြင်း များအပြင် ဆောက်လုပ်ဆဲရေယာဉ်များကိုလည်း ကျွှန်တော်တို့ လေ့လာခွင့်ရခဲ့ပြီဖြစ်ပါတယ်.....။ ကမ်းထိုးရေယာဉ်များမှသည် ကိုယ်ပျောက်နည်းပညာသုံး စစ်ရေယာဉ်များအထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်......။

မြန်မာ့တပ်မတော် (ရေ)မှ လက်နက်တပ်ဆင်မှုအပိုင်းများ ဆောင်ရွက်နေသော ကျန်စစ်သားဖရီးဂိတ် စစ်ရေယာဉ်ကြီး၏ ဂရပ်ဖစ်ပုံတစ်ခု


တပ်မတော် (ရေ)မှ အင်အားတိုးချဲ့ဖြည့်တင်းမှုသတင်းများကို ကျေနပ်နေရင်းတွေ့လိုက်ရတဲ့ သတင်းကတော့ ယိုးဒယားရေတပ်ရဲ့ ရေယာဉ်များအကြောင်းဘဲဖြစ်ပါတယ်.....။ ယိုးဒယားရေတပ်ဟာဆိုရင် အသေးစားလေယာဉ်တင် သင်္ဘော (ရဟတ်ယာဉ်တင်) တစ်စင်းပိုင်ဆိုင်ထားတဲ့ ရေတပ်ဖြစ်ပါတယ်..... လက်ရှိအသုံးပြုနေတဲ့ ဖရီးဂိတ်များဟာလည်း အနောက်နိုင်ငံထုတ်များအပြင် တရုပ်ရေတပ်ဆီမှ မှာယူထားသော ရေယာဉ်များလည်း ပိုင်ဆိုင်ထားကြပါတယ်....။ အခုမကြာသေးခင်သတင်းတစ်ပုဒ်မှာတွေ့ရပါတယ်..... "ယိုးဒယားရေတပ်အတွက် အမေရိကန်ရေတပ်မှ အသုံးပြုပြီး ဖရီးဂိတ်များ ပေးအပ်"ဆိုတဲ့သတင်းဘဲဖြစ်ပါတယ်.....။

 ယိုးဒယားရေတပ်၏ စစ်ရေယာဉ် နရစွမ်

ဒါဟာစိတ်ဝင်စားစရာကောင်းသလို စောင့်ကြည့်သင့်တဲ့ သတင်းတစ်ပုဒ်ပါ.... မိမိတို့ရေယာဉ်တိုးချဲ့မှုများနှင့် ပတ်သက်လို့ တန်ပြန်အားဖြည့်မှုတစ်ခုလေလား...ဆိုတာကတော့ ယိုးဒယားတွေကိုယ်တိုင်ဘဲ သိပါလိမ့်မယ်......။ ခေတ်မှီဖရီးဂိတ်ရေယာဉ် (၂)စင်းထပ်မံ ပိုင်ဆိုင်လာတော့မဲ့ ယိုးဒယားရေတပ်ဟာ လက်ရှိအချိန်မှာ ပြဿနာမရှိပင်မဲ့ မိမိတို့အနေနှင့် သတိထားရမဲ့အချက်ဖြစ်ပါတယ်.....။ ရေယာဉ်တွေရလာမယ်၊ ပြီးတော့ ရှိရင်းစွဲ ရေယာဉ်တွေအတွက် ဒုံးလက်နက်အသစ်တွေထပ်ရမယ်.... ဒီအချက်တွေဟာ စိတ်ဝင်စားစရာအချက်တွေပါ။

အမေရိကန်ရေတပ်မှ လက်ခဲ့ရရှိထားကြသည့် စစ်ရေယာဉ် (၂)စင်းအား တွေ့ရစဉ်

 USS RENTZ(FFG-46)


USS VANDEGRIFT(FFG-48)



"....အမေရိကန်ရေတပ်မှ ထိုင်းရေတပ်သို့ Oliver Hazard Perry (OHP) Class ၊ ပဲ့ထိန်းဒုံးပျံတင် Frigate စစ်ရေယာဉ်နှစ်စီး USS RENTZ(FFG-46) နှင့်USS VANDEGRIFT(FFG-48) အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် Grant အစီအစဉ်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

OHP Frigate များသည် ၁၉၇၀ ခုနှစ်ခန့်တွင် ဒုတိယကမ္ဘာစစ်နှောင်းပိုင်း Destroyer များ၏ နေရာတွင် အစားထိုးရန် စတင်ပေါ်ပေါက်ခဲ့သည်။ကနဦးတွင် ကမ်းတက်စစ်ဆင်ရေး၊ထောက်ပံ့ပို့ဆောင်ရေး နှင့် အရပ်ဘက် ကုန်သွယ် ရေယာဉ်များ ရေငုပ်သင်္ဘောရန်ကာကွယ်ရေး အတွက် ရည်ရွယ်ခဲ့ပြီး နောက်ပိုင်းတွင်
ရေပြင်စစ်ဆင်ရေး တာဝန်တပ်ဖွဲ့နှင့် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးတပ်ဖွဲ့တို့၏ အစိတ်အပိုင်းအဖြစ် အသုံးပြုခဲ့ကြသည်။ အမေရိကန်နိုင်ငံတွင် ၅၅ စီး တည်ဆောက်ခဲ့ပြီး U.S Navy တွင် ၅၁ စီး၊Australian Navy တွင် ၄ စီး အသုံးပြုခဲ့သည်။ထို့ပြင် နောက်ပိုင်း၌ Taiwan တွင် ၈ စီး၊Spainတွင် ၆ စီး၊Australia တွင် ၂ စီး ထပ်မံတည်ဆောက်၍ သက်ဆိုင်ရာ ရေတပ်များတွင် အသုံးပြုခဲ့ကြသည်။U.S Navy ၏ အချို့ OHP Frigate များကို Bahrain၊Egypt၊Poland၊ Pakistan၊ Turkey နိုင်ငံ ရေတပ်များသို့ ရောင်းချခြင်း( သို့မဟုတ်) လွှဲပြောင်းပေးခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။..." မြန်မာရေတပ် (စိတ်ဝင်စားသူများ) ပေ့ခ်ျတွင် ဖော်ပြထားချက်ဖြစ်ပါသည်......။



မိမိတို့နိုင်ငံ၏ ပတ်ဝန်းကျင်ရှိ နိုင်ငံများ၏ စစ်အင်အားတိုးချဲ့မှုများအား သတိထားလေ့လာမိစေရန် ရည်ရွှယ်ပါသည်....။

(ကျွှန်တော် စက်မှ မြန်မာလို့ ရိုက်မရဖြစ်နေတယ်ဗျို့.... ဇော်ဂျီကီးဘုတ်လေးရှိရင် တင်ပေးကြပါဦးဗျာ.... သူများဆီက သုံးရတော့ သိပ်အဆင်မပြေဘူးပေါ့ဗျာ....။ :D )

Thursday, January 3, 2013

တပ်မတော် (လေ)ရှိ တိုက်ခိုက်ရေးယာဉ်များ

အခုတလော မြန်မာ့တပ်မတော် (လေ) နှင့် ပတ်သက်တဲ့သတင်းတွေ အင်တာနက်သတင်းတွေမှာ အတော်များများဖတ်ဖြစ်ကြမယ်ထင်ပါတယ်....။ ကျွှန်တော့်အနေနှင့်လည်း စိတ်ဝင်စားလို့ လေ့လာကြည့်တော့ ပျက်ကြတယ်ဆိုတဲ့သတင်းကို အတည်ပြုလို့မရခဲ့ပါဘူး....။ ပျက်ကြတယ်ဆိုတာထက် ပိုပြီးသေချာတာကတော့ လေတပ်လေယာဉ်တွေအကုန် အကောင်းပတိအတိုင်းရှိပါတယ်လို့ သိရပါသည်....။

ဘာဘဲဖြစ်ဖြစ် တပ်မတော် (လေ)အကြောင်းလေးထပ်သိချင်ကြမယ်လို့ မျှော်လင့်လို့ ဒီနေ့ ဝေဟင်ချစ်သူ စာမျက်နှာက ပုံတွေနှင့် ဖော်ပြပေးချင်ပါတယ်ခင်ဗျာ.....။

အမေရိကန်တပ်တွေအနေနှင့် မြောက်ဗီယက်နမ်က ကွန်မြူနစ်တွေကို တိုက်ထုတ်ခဲ့ချိန်မှ အဓိကအားထား အသုံးပြုခဲ့တဲ့ Bell ရဟတ်ယာဉ်အမျိုးစားတွေပါ....။
 နောက်ပိုင်းမှ မြန်မာ့တပ်မတော်ကိုလည်း ပေးအပ်ခဲ့ပါတယ်....။

ဘဲလ်-၂၀၅ ရဟတ်ယာဉ်
ဘဲလ်-၂၀၆ ရဟတ်ယာဉ်
 W-3 Sokol အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များ

 မြန်မာ့တပ်မတော် (လေ)မှ ယခုမြင်တွေ့ရတဲ့ ရဟတ်ယာဉ်များကို အကန့်သတ်နှင့် (သို့) အသုံးပြုမှု ရပ်ဆိုင်းထားပြီးလို့ သိရပါတယ်....။

 Mi-2 အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်
Mi-၂ ရဟတ်ယာဉ်တွေကိုတော့ အခုချိန်ထိ တပ်မတော် (လေ)မှ အသုံးပြုနေဆဲဖြစ်ပါတယ်....။ ရုရှားနိုင်ငံမှ ပညာရှင်များနှင့် ပူးတွဲကာ အဆင့်မြှင့်တင်မှု ပြုလုပ်ပြီးဖြစ်ပါတယ်.....။

Mi-17 အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်
ကိုဝေဟင်ဆီကနေ သိရသလောက်ကတော့ ဒီဘက်ဆုံးက ရဟတ်ယာဉ်က Mi-17-V5 လို့ သိရပါတယ်....။ လေ့လာမိတဲ့သူတွေအနေနှင့် အကျယ်ချဲ့ပြောပေးကြပါဦးဗျာ.....။

  အမောင်းသင်နှင့် အပေါ့စားတိုက်ခိုက်ရေး တိုက်လေယာဉ် ဂျီ-၄ များ
 မြေပြင်ပစ်ကူပေး တိုက်ခိုက်ရေး တိုက်လေယာဉ် A-5C
  ကျွှန်တော်တို့အနေနှင့် အစတုန်းက အေ-၅ တိုက်လေယာဉ်တွေဟာ သက်တမ်းကုန်ဆုံးခါနီးနေလို့ အနားပေးမယ်လို့ သိခဲ့ရပင်မဲ့ အခုအခါမှာတော့ အဆိုပါ တိုက်လေယာဉ်များကို အဆင့်မြှင့်တင်မှုပြုလုပ်ပြီး ခေတ်မှီနည်းပညာများပေါင်းစပ်တပ်ဆင်ထားပြီးဖြစ်ရာ အသစ်တစ်စင်းထက်ပင် ပိုမိုစွမ်းရည်ထက်မြက်လာသည်ဟု သိရပါသည်....။

 ကြားဖြတ်တိုက်လေယာဉ်အုပ် F-7 ၂ကေ တိုက်လေယာဉ်များ
အက်ဖ်-၇ တိုက်လေယာဉ်ကတော့ သူ့ခေတ်သူ့အခါတုန်းက အင်မတန်အစွမ်းထက်တဲ့ တိုက်လေယာဉ်အမျိုးအစားဖြစ်ပါတယ်...။ ကမ္ဘာ့လေတပ်အတော်များများမှာ သူ့ရဲ့ ပထမဆုံးပုံတူယူထားတဲ့ မစ်-၂၁ တိုက်လေယာဉ်တွေကို အခုထိအသုံးပြုနေဆဲဆိုတာ လေ့လာမိမယ်ဆိုရင် အဆိုပါတိုက်လေယာဉ်များရဲ့ စွမ်းဆောင်ရည်ကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်......။

မြန်မာ့တပ်မတော် (လေ)ရဲ့ ပင်မကျောရိုးဖြစ်လာသည့် မစ်-၂၉ တိုက်လေယာဉ်များ
မြန်မာ့တပ်မတော် (လေ)သည် ပြောင်းလဲလျက်ရှိသော နည်းပညာများ၊တိုးတက်ပြောင်းလဲမှုများကို အမှီလိုက်ကာ လေတပ်တိုက်လေယာဉ်များအား အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သည့် တိုက်လေယာဉ်များအား ဝယ်ယူဖြည့်တင်းခြင်း၊ ကာကွယ်ရေးစွမ်းရည်မြင့်တက်လာစေရန် ရည်ရွှယ်ကာ ဝေဟင်ပျံသန်းလေ့ကျင့်ခြင်းစသည့် အချက်များအား အမြဲလုပ်ဆောင်လျက်ရှိရာ ယခုအခါတွင် လေတပ်တွင် ယခင်ရှိရင်းစွဲတိုက်လေယာဉ်အမျိုးအစားထက် အဆင့်မြှုင့်မားသော မစ်-၂၉ SE များအားလည်း ဝယ်ယူဖြည့်တင်းခဲ့ပြီးဖြစ်ပါသည်.....။

ကိုးကား- ဝေဟင်ချစ်သူ စာမျက်နှာ