Thursday, April 19, 2018

Thunder အပေါ့စားသံချပ်ကာယာဉ်များ



 အစ္စရေး Gaia Automotive Industries မှထုတ်လုပ်တဲ့ အပေါ့စား ၄x၄ သံချပ်ကာ ယာဉ်အမျိုးအစားပါ။ သံချပ်ကာလူသယ်ယာဉ်အဖြစ် အသုံးပြုနိုင်တဲ့အပြင် အကဲကြည့်နှင့် အမိန့်ပေးအဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊ ငြိမ်းချမ်းရေးထိမ်းသိမ်းမည့် အဖွဲ့များအပြင် လူနာတင်ယာဉ်အဖြစ်သာမက ဘက်စုံသုံးနိုင်ဖို့ထုတ်လုပ်ထားပါတယ်။
 
 မောင်းနှင်သူ အပါအဝင် စစ်သည်၁၂ဦးအလေးချိန် ၁.၈တန်အထိ တင်ဆောင်နိုင်ပြီး လမ်းကြမ်းမောင်းနှင်နိုင်ဖို့ ၃၅%အထိအတိမ်းစောင်းခံနိုင်စေခြင်းနှင့် ၄၀ဒီကရီ မတ်စောက်တဲ့ ကုန်းမြင့်တက်နိုင်ခြင်းရှိပါတယ်။ မြင်းကောင်ရေ ၃၀၀အားရှိတဲ့ V8 အင်ဂျင်ကို တပ်ဆင်ထားလို့ ကီလိုမီတာ ၆၀၀ဝန်းကျင်မောင်းနှင်စစ်ဆင်နိုင်ပါတယ်။ အင်ဂျင်ခန်း၊ ယာဉ်မောင်းခန်းနဲ့ လိုက်ပါမယ့် စစ်သည်များအတွက် ပတ်လည်လုံခြုံမှု အကအကွယ်ပေးထားနိုင်ပေမယ့် အပေါ့စားသံချပ်ကာအကွယ်သာ ပါရှိတာမို့ မိုင်းဒဏ်ကိုတော့ STANAG 4569 စံရဲ့ Level I အဆင့်သာ ခံနိုင်ပါတယ်။
လေကာမှန် ပြူတင်းတံခါးနဲ့ နောက်ထွက်ပေါက်တွေကို ထပ်ပိုးအကာအကွယ်တပ်ဆင်ခြင်း မရှိချိန်မှာ Level II နဲ့ ထပ်ပိုးသံချပ်ကာ တပ်ဆင်ထားချိန်မှာ level III အကာအကွယ်ပေးနိုင်ပါတယ်။ အလွယ်မှတ်သားဖို့ဆိုရင်တော့ ၇.၆၂ မီလီမီတာ ကျည်များရဲ့ တိုက်ရိုက်ထိမှန်မှုနဲ့ လက်ပစ်ဗုံး၊ လူသတ်နင်းမိုင်းများ ဒဏ်ကိုခံနိုင်ပါတယ်။ တာယာတွေဟာ လက်နက်ငယ်နဲ့ မိုင်းစဒဏ်ထိမှန်ခံရပြီးချိန်မှာ နောက်ထပ်ကီလိုမီတာ ၅၀အထိ ဆက်လက်အလုပ်လုပ်နေနိုင်ပါတယ်။ မူလတာယာမဟုတ်တဲ့ အခြားတာယာများလဲ အစားထိုးတပ်ဆင်နိုင်ပါတယ်။ 
 
အမိုးပေါ်မှာ အရေးပေါ်ထွက်ပေါက်အဖြစ် အပေါက်တစ်ပေါက်ပါရှိပြီး လက်နက်တပ်ဆင်နိုင်ပါတယ်။ ယာဉ်ရဲ့ တံခါးတွေမှာ လက်နတ်ပစ်ပေါက်တွေပါရှိပြီး အမိုးပေါ်ရှိ လက်နက်တပ်ဆင်ရာနေရာမှာ အတွင်းကနေ ထိမ်းချုပ်ပစ်ခတ်နိုင်တဲ့ Remote control weapon station အမျိုးမျိုးတပ်ဆင်ထားနိုင်ပါတယ်။ ယာဉ်ရဲ့ ရှေ့နဲ့နောက် မြင်ကွင်းတွေအတွက် နေ့ရောညပါ အသုံးပြုနိုင်တဲ့ ကင်မရာ ထောက်ပံ့ပေးထားတာမို့ ညအချိန်မီးအသုံးမပြုပဲ မောင်နှင်နိုင်စွမ်းရှိပါတယ်။ ယာဉ်ရဲ့ အတွင်းပိုင်းလိုက်ပါသူနဲ့ တပ်ဆင်မယ့် ကိရိယာတွေအတွက် လုံခြုံမှုအပြင် သက်တောင့်သက်သာရှိမှု မျှတတဲ့ အပူချိန်ရရှိစေဖို့ လေအေးပေးစနစ်တပ်ဆင်ထားပါတယ်။
 
 ဇီဝ၊ဓါတုနဲ့ ဓါတ်ရောင်ခြည် တိုက်ခိုက်ခံရမှုတွေ ကြုံလာတဲ့အခါ အကာအကွယ်ပေးနိုင်ဖို့ ဖိအားပေး အကာကွယ်စနစ်တပ်ဆင်ထားနိုင်ပါတယ်။ ကားရဲ့အရှေ့မှာ အတားအဆီးတွေတွန်းဖယ်နိုင်ဖို့ ဒိုဇာကဲ့သို့ ပစ္စည်းတွေတပ်ဆင်နိုင်ဖို့နဲ့ အမိန့်ပေးယာဉ်၊ ကင်းထောက်ယာဉ်၊ အီလက်ထောနစ်တန်ပြန်စစ်ဆင်ရေးယာဉ်၊ လူနာတင်ယာဉ်အဖြစ်လဲ အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ 
 
ယာဉ်ရဲ့ အမြင့်၊ ဗျက်နဲ့ ပေါ့ပါးမှုတွေဟာ လေကြောင်းဖြင့် အလွယ်တကူပို့ဆောင်နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဘက်စုံသုံး အပေါ့စား ကင်းထောက် သံချပ်ကာလူသယ်ယာဉ်တမျိုး ဖြစ်နေပါတယ်။ Amir - Mine Protected Armored Vehicle များနဲ့ များစွာဆင်တူပေမယ့် Amir လိုတော့ မိုင်းဒဏ်ခံနိုင်မှာ မဟုတ်ပါဘူး။ ကျန်းမာချမ်းသာကြပါစေ။

Friday, April 13, 2018

Hwasong-14 ICBM (သို့) ​မြောက်​ကိုးရီးယား၏ ဓားတစ်​လက်


မြောက်​ကိုးရီးယားတို့အ​နေဖြင့်​ ဆိုဗီယက်​​ခေတ်​​ကောင်းစဉ်​ ကွန်​မြူနစ်​နိုင်​ငံများအား စီးပွှား​ရေး စစ်​​ရေးအကူအညီများ ​ထောက်​ပံ့​ရေး အစီစဉ်​အရ ထိုအချိန်​က အလယ်​လတ်​အတန်းစားရှိ​သော ဒုံးပျံနည်းပညာများအား ရှိခဲ့ပါသည်​။ အတွဲလိုက်​ဒုံးနည်းပညာများ တာတိုတာလတ်​ ဗျုဟာ​မြောက်​ဒုံးနည်းပညာများရရှိခဲ့​သော ​မြောက်​ကိုးရီယားအ​နေဖြင့်​ စီးပွှား​ရေး​ကောင်းမွန်​​သော ၁၉၇၀ခုနှစ်​များသည်​ အဘက်​ဘက်​က တိုးတက်​​သော အချိန်​လည်းဖြစ်​ခဲ့ပါသည်​။ ၄င်းတို့၏ နည်းပညာဖွံ့ဖြိုးတိုးတက်​မှုများသည်​လည်း ထိုအချိန်​မှ စတင်​လာခဲ့သည်​ဟု ဆိုနိုင်​ပါသည်​။
 
          Hwasong Series ဒုံးများအား လိုအပ်​ချက်​အ​ပေါ်မူတည်​၍ ထုတ်​လုပ်​ခဲ့ကြပြီး တာတို တာလတ်​ နဲ့ တာ​ဝေးထိုး​ဖောက်​စစ်​ဆင်​​ရေး မဟာဗျုဟာ​မြောက်​ဒုံးလက်​နက်​များ ပိုင်​ဆိုင်​ထားပါသည်​။ Hwasong series ဒုံးပျံများထဲမှ Hwasong-10 Musudan နဲ့ Hwasong-13 ဒုံးများသည်​ နာမည်​​ကျော်​ဒုံးပျံများဖြစ်​ကြကာ ပြည်​ပသို့ တင်​ပို့​သောဒုံးလက်​နက်​များထဲတွင်​မှု ဆိုဗီယက်​ ဒုံးလက်​နက်​တိုက်​၏ နာမည်​​ကျော်​ Scud အမျိုးစားဒုံးများကို ပြုပြင်​မွန်းမံထား​သော Hwasong-5/6/9 များသည်​ အထူးလူသိများပါသည်​။ အ​ရှေ့အလယ်​ပိုင်း စစ်​ပွဲမျးအတွင်းတွင်​လည်း ​မြောက်​ကိုးရီးယားတို့၏ ဒုံးလက်​နက်​များပါဝင်​ တိုက်​ပွဲဝင်​ခဲ့ဖူးပြီး အာရှနိုင်​ငံတချို့သို့လည်း Hwasong-6/9 ဒုံးများ တင်​ပို့ခဲ့ဖွယ်​ရှိပါသည်​။

ယခုပိုစ့်​တွင်​မူ Hwasong-14 မဟာဗျုဟာ​မြောက်​ ဒုံးစနစ်​အ​ကြောင်း အကြမ်းဖျင်း​ဖော်​ပြသွားပါမည်​။ Hwasong-14 တာ​ဝေးပစ်​ဒုံးပျံအား မူလက Hwasong-13 ဒုံးပျံများ အဆင့်​မြင့်​တင်​မှုအဖြစ်​ ​ဖော်​ပြခဲ့ပါသည်​။ Hwasong-13 ဒုံးပျံများသည်​ အ​မေရိကတိုက်​အထိ ​တိုက်​ခိုက်​နိုင်​​စေရန်​ ဒီဇိုင်းထုတ်​တည်​​ဆောက်​ထား​သော်​​ကြောင့်​လည်း နာမည်​​ကျော်​ ဒုံးပျံများဖြစ်​လာခဲ့ပါသည်​။ Hwasong-13 သည်​ အ​မေရိက၏ ​အထူး​စောင့်​ကြည့်​ ဒုံးစနစ်​တစ်​ခုထဲတွင်​ အပါဝင်​ဖြစ်​ပြီး ၄င်းအား အဆင့်​မြင့်​တင်​ထား​သော Hwasong-14 မှာ ပိုမို​ကောင်းမွန်​ဖွယ်​ရှိပါသည်​။ ၂၀၁၅ခုနှစ်​တွင်​ ပထမဆုံးအကြိမ်​ ထုတ်​​ဖော်​ပြသခဲ့​သော ဒုံးစနစ်​ဖြစ်​ကာ နိုင်​ငံတကာပညာရှင်​များအ​နေဖြင့်​ ဒုံး၏ ဖွဲ့စည်းတည်​​ဆောက်​ပုံအား ကာလအတန်​ကြာ ​မေးခွန်းထုတ်​ခဲ့ကြပါသည်​။


Hwasong-14 သည်​ Hwasong-13 ထက်​ အလျားပိုတိုကာ လုံးပတ်​ပိုမိုကျယ်​ဝန်း​သော ဒီဇိုင်းရှိပါသည်​။ အကွားအ​ဝေးအားဖြင့်​ ၉၉၀၀ကီလိုမီတာအထိ ပစ်​ခတ်​နိုင်​ပြီး နူးကလီးယားထိပ်​ဖူးသယ်​​ဆောင်​နိုင်​​သော အဆိုပါဒုံးအား ​မြောက်​ကိုးရီးယားအ​နေဖြင့်​ စမ်းသပ်​မှုများ ပြုလုပ်​ခဲ့ဖွယ်​ရှိပြီး ​အောင်​မြင်​ခြင်းမရှိဟု ယူဆရနိုင်​ပါသည်​။ အဘယ်​​ကြောင့်​ဆို​သော်​ ထိုဒုံးပျံများသည်​ ​နှောင်းပိုင်းကာလ စစ်​​ရေးပြပွဲများတွင်​ ပါဝင်​လာခြင်းမရှိခဲ့​တော့ပဲ အဆိုပါဒုံးအမည်​ဖြစ်​​သော Hwasong-14 ဒုံးအား ပုံစံအသစ်​ဖြင့်​ မြင်​​တွေ့လာကြရ​တော့သည်​။ ထို့​ကြောင့်​ ယခင်​က ပြသခဲူ့း​သော ​ခေါင်းတို Hwasong-14 ဒုံးစီမံကိန်းကာ ရပ်​ဆိုင်းကာ ၄င်းထက်​ပိုမို ​ခေတ်​မီ​သော ဒုံးနည်းပညာအသစ်​ဖြစ်​​သော ဒုံးပျံအား ပိုမိုအာရုံစိုက်​ခဲ့ကြပုံရှိပါသည်​။ နာမည်​တူ အသစ်​​ဖော်​ပြ​သော ဒုံးစနစ်တွင်​မူ အခြား​သော ဒုံးပျံများကဲ့သို့ ထိပ်​ဖူးချွန်​ပုံစံအား ပြန်​လည်​အသုံးပြုးထားပြီး ၂၀၁၈ခုနှစ်​အ​စောပိုင်း စစ်​​ရေးပြပွဲတွင်​ တရုပ်​နိုင်​ငံ Sino မှ ထုတ်​လုပ်​​သော ယာဉ်​ဆွဲဒုံးသယ်​ယာဉ်​​အ​ပေါ်တွင်​ တပ်​ဆင်ပြသခဲ့ကြပါသည်​။

ထိုတို့ပြသချိန်​တွင်​လည်း နိုင်​ငံတကာဒုံးကျွမ်းကျင်​ပညာရှင်​များမှ ဒုံးအတုဖြစ်​မည်​ဟု ​ကောက်​ချက်​ချသုံးသပ်​မှုများရှိခဲ့​သော်​လည်း ​မြောက်​ကိုးရီးယားတို့သည်​ အဆိုပါဒုံးအား ၂ကြိမ်​တိတိ ပစ်​ခတ်​စမ်းသပ်ပြခဲ့ကာ ၂ကြိမ်​စလုံးပင်​ ​အောင်​​အောင်​မြင်​မြင်​ဖြင့်​ သတ်​မှတ်​လုပ်​​ဆောင်​ချက်​များအတိုင်း လပ်​​ဆောင်​နိုင်​ခဲ့ပါသည်​။
Hwasong-14 ဒုံးပျံသည်​ အဆင့်​၂ဆင့်​နည်းပညာ အသုံးပြုထားကာ ဒုံးအား တာ​ဝေးပိုမိုပို့​ဆောင်​နိုင်​​စေရန်​ ထုတ်​လုပ်​ထားပါသည်​။ အစိုင်​ခဲ​လောင်​စာအသုံးပြု​သော ဒုံးစနစ်​ဖြစ်​ပြီး ဒုံးအလျားမှာ ၁၈မှ၂၀မီတာအတွင်းရှည်​လျားနိုင်​ပါသည်​။

Hwasong-14 တွင်​အသုံးပြု​သော ပထမအဆ်င့်​ဒုံးအင်​ဂျင်​မှာ ရုရှား၏ R-36 ICBM တွင်​အသုံးပြု​သောအင်​ဂျင်​အမျိုးအစားဖြစ်​နိုင်​ပြီး ယူကရိန်းနိုင်​ငံထုတ်​ဖြစ်​သည်​ဟု ယူဆကြပါသည်​။ သို့​သော်​မည်​သို့မည်​ပုံဖြင့်​ ​မြောက်​ကိုးရီးယားတို့သည်​ အဆိုပါဒုံးအင်​ဂျင်​နည်းပညာအား ရရှိခဲ့သည်​ကို တိကျစွာ မ​ဖော်​ထုတ်​နိုင်​​သေးပဲရှိသည်​။ တရုပ်​ ရုရှားနဲ့ ယူကရိန်း စသည့်​နိုင်​ငံများမှ ရရှိခဲ့သည်​ဟု လက်​ခံထားကြသည်​။
ဒုတိယအဆင့်​ဒုံးအင်​ဂျင်​မှာမူ ဆိုဗီယက်​​ခေတ်​ R-27 SLBM ဒုံးအင်​ဂျင်​အား အသုံးပြုထားပါသည်​။ Hwasong-14 ICBM သည်
အကွာ​ဝေးအားဖြင့်​ ကီလိုမီတာ ၁၁ ၀၀၀ အထိပစ်​ခတ်​နိုင်​စွမ်းရှိလာကာ ထိုအကွာအ​ဝေးသည်​ အ​မေရိကတိုက်​အား ပစ်​ခတ်​နိုင်​သည့်​ အကွာအ​ဝေးဖြစ်​သည်​။

Hwasong-14 ဒုံးပျံအား တရုပ်​နိင်​ငံထုတ်​ WS51200 ဒုံးသယ်​ယာဉ်​​ပေါ်တွင်​ တင်​​ဆောင်​ကာ အ​ရေး​ပေါ်အချိန်​တွင်​ပင်​ ယာဉ်​​ပေါ်မှ ​ဒုံးအား ပစ်​ခတ်​နိုင်​​စေရန်​ပြုပြင်​ထား​ကြောင်း​တွေ့ရပါသည်​။ ဒုံးအား ပစ်​ယာဉ်​​ပေါ်တွင်​ သယ်​​တောင်​နိုင်​ခြင်း​ကြောင့်​ မိမိဒုံးတပ်​ဖွဲ့အား အလစ်​ငိုက်​မဖမ်းမိခင်​ ​ရွေ့​ပြောင်းနိုင်​ခြင်း မိမိဘက်​မှ ပစ်​ခတ်​မှုအပြီး တန်​ပြန်​ပစ်​ခတ်​မှုများ ရန်​သူမှ မပြုလုပ်​နိုင်​မီ အချိန်​မီထွက်​ခွာ​စေနိုင်​ခြင်း စသည့်​အကျိုးများရရှိ​စေပါသည်​။ ထို့အပြင်​ ​မြောက်​ကိုးရီးယားအ​နေဖြင့်​ ၄င်း၏ ဒုံးလက်​နက်​များအား ​မြေ​အောက်​လှိုဏ်​ဂူများအတွင်း ထည့်​သွင်းထား​လေ့ရှိရာ ရန်​သူအ​နေဖြင့်​ အလွယ်​တကူတိုက်​ခိုက်​မှုမျိုးလည်း ကြုံ​တွေ့နိုင်​မည်​မဟုတ်​ပါ။ သို့​​သော်​ ဒုံးတင်​ယာဉ်​များသည်​ အ​သေတပ်​ဆင်​ထား​သော ဒုံးပစ်​ပြွန်​များထက်​ ထိန်းသိမ်းစရိတ်​များပြား​သော ပြသနာတစ်​ခု​တော့ရှိ​နေဆဲဖြစ်​သည်​။
Komm