Saturday, December 31, 2011

Myanmar Air Force Y-8D Transport Aircraft





မြန်မာ့တပ်မတော်လေ လေတပ် ဝိုင်-၈ဒီ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးအား အဆင့်မြင့်တင်မှု ပြုလုပ်ရန် တရုပ်နိုင်ငံကူမင်းသို့ ရောက်ရှိနေစဉ်ဖြစ်ပါသည်။လေတပ် တိုက်လေယာဉ်များအဆင့်မြင့်တင်မှုပြုလုပ်နိုင်ပါကလည်း ယခုရှိသော တိုက်စွမ်းရည်ထက်သာလွန်လာမည်ဟု သိရပါသည်။ဘင်္ဂလားဒေ့်နိုင်ငံ၏ အက်ဖ်-၇ တိုက်လေယာဉ်များအား တရုပ်အကူအညီဖြင့် အဆင့်မြင့်တင်မှုများ ပြုလုပ်ထားရာ ခေတ်မှီနည်းပညာများပါဝင်သည်ဟု သိရပါသည်။

Thursday, December 29, 2011

လေတပ် ဝိုင်-၈ဒီ သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီး


မြန်မာ့တပ်မတော်လေ၏ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး ဝိုင်-၈ဒီများကို တရုပ်နိုင်ငံတွင် အဆင့်မြင့်တင်မှုပြုလုပ်ရန်အတွက် ရောက်ရှိနေသည်ဟု သိရပါသည်။ဝိုင်-၈ဒီများကို တရုပ်နိုင်ငံမှပင် ဝယ်ယူထားခြင်းဖြစ်ပြီး ခေတ်မှီနည်းပညာများတပ်ဆင်ရန်ဖြစ်သည်ဟု ဆိုပါသည်။ယခုလ ဒီဇင်ဘာလအတွင်းတွင် ပင်ဖြစ်ပြီး တရုပ်နိုင်ငံ ကူမင်းမြို့ရှိ ဟူဂျာဘာ လေဆိပ်တွင် ဆင်းသက်ခဲ့ပါသည်။ပုံအတော်များများရှိပါသေးတယ် နောက်မှထပ်တင်ပေးပါဦးမယ်ခင်ဗျာ..။

Tuesday, December 27, 2011

တရုတ်ရေတပ်ပါဝါနဲ့ ရေပိုင်နက်ပြဿနာ အပိုင်း-၂

စင်္ကာပူအခြေစိုက် အရှေ့တောင်အာရှလေ့လာရေးဌာန အကြီးအကဲ Ian Stoney ကတော့ “တရုတ်တို့ ယုံကြည်နေသလို မဟုတ်ပါဘူး။ အငြင်းပွားမှုတွေဟာ စစ်အေးကာလနိဂုံးပိုင်းမှာ ရှိနေတဲ့အခြေအနေထက် စာရင် လွန်ခဲ့တဲ့ ၂ လ ၃လ အတွင်းမှာမှ ပိုမိုပြင်းထန်လာတာပါ”လို့ ဆိုပါတယ်။

နောက်ဆုံးထွက်ပေါ်လာသည့် ဂြိုလ်တုဓါတ်ပုံအားတွေ့ရစဉ်

ဂျူလိုင် ၂၀ ရက်မှာ တောင်တရုတ်ပင်လယ်ရေပိုင်နက်အငြင်းပွားမှု ဖြေရှင်းရေး အဖြစ်သဘော လမ်းညွှန်ချက်ကို တရုတ်နဲ့အာဆီယံတို့ပူးတွဲကြေညာခဲ့ပေမဲ့ အရာမထင်သလောက်ဖြစ်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံဟာ ဒေသတွင်းအခြားနိုင်ငံတွေကို ထိန်းချုပ်မထားခဲ့ရင်တော့ ဖြစ်ပေါ်လာမယ့် ပြဿနာအရှုပ်ထဲမှာ တ၀ဲလည်လည် ရစ်ပတ်နေလိမ့်မယ်လို့ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Cui Tiankai က သတိပေးထားပါ တယ်။ ဂျုလိုင်လလယ်ပိုင်းမှာ တရုတ်ရေပိုင်နယ်နိမိတ်အနီး အမေရိကန်တပ်ဖွဲ့တွေရဲ့ စစ်ရေးစောင့်ကြည့် လှုပ်ရှားမှုလုပ်ခဲ့တာ၊ အမေရိကန်၊ဗီယက်နမ်၊ဖိလစ်ပိုင်တပ်ဖွဲ့တို့ ချိန်ခါမဟုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်တာ တွေနဲ့ပတ်သက်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး Chen Bingde က အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Mike Mullen လူသိရှင်ကြား တိုင်တန်းခဲ့ပါတယ်။

Mike Mullen ကတော့ သူ့ရဲ့၎ရက်ကြာ တရုတ်နိုင်ငံအလည်အပတ်ခရီးစဉ် ပြီးတဲ့နောက်မှာ တရုတ်တို့ရဲ့ စစ်ရေးဖြစ်ထွန်းမှုတွေဟာ စိုးရိမ်စရာအတိဖြစ်တယ်လို့သူမယုံကြည်ကြောင်းနဲ့ တောင်တရုတ် ပင်လယ်ပြဿနာ တနည်းနည်းနဲ့အရှိန်မြင့်လာနိုင်တာ၊ ဒီအပေါ်မှာတွက်ကိန်းမှားနိုင်တာ၊ နားလည်မှုလွဲမှားတာ တွေကနေ ယှဉ်ပြိုင်အနေအထားအထိ မြင့်မားလာမှာကိုသာ စိုးရိမ်ပူပန်မိကြောင်း ပြောကြားပါတယ်။

ဒီလိုအခြေအနေအောက်မှာ လေယာဉ်တင်သင်္ဘောသစ်ကြီးကို စတင်အသုံးပြုလိုက်ခြင်းက ပူပူနွေးနွေး စိုးရိမ်မှုတွေကို နှိုးဆွသလိုဖြစ်ရတာပါ။ အဲဒီရေယာဉ်ကြီးကို ယခုထိ အမည်သစ်မပေးရသေးပါ။ သို့သော်လည်း တချို့ပြည်မတရုတ်ကြီးတွေက ၁၇ ရာစုမှာ ထိုင်ဝမ်ကိုအောင်နိုင်ခဲ့သူ တရုတ်သူရဲကောင်းကြီးကိုအစွဲပြုပြီး Shi Lang လို့ အမည်တပ်ခေါ်ဝေါ်နေပါတယ်။ တကယ်လို့ ဒီထက်ပိုပြီး နူးညံ့သိမ်မွေ့တဲ့ အမည်ကိုပေးတယ်ပဲ ထားပါဦး.. ဒေသတွင်းနိုင်ငံတွေအတွက်တော့ တရုတ်တို့ဟာ ပိုင်နက်ရေပြင် စိုးမိုးရေးအတွက် ရေတပ်အင်အား ကို အသဲအသန် ဖြည့်တင်းနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ပါတယ်။

စစ်ရေးသုတေသီတွေကတော့ လေယာဉ်တင်သင်္ဘောသစ်ကြီးဟာ တရုတ်ရေတပ်ကို ထူးထူးခြားခြား ပြောင်းလဲသစ်လွင်စေမှာ မဟုတ်တာကို သတိပြုမိကြပါတယ်။ ပြောရရင် ၂၆ နှစ်တာတစ်စစီပျက်ယွင်းနေတဲ့ သင်္ဘောအိုကြီးကို ပြန်လည်မွမ်းမံဖာထေးထားတာမို့ ဒီသင်္ဘောကြီးဟာ ရေပြင်မှာ အပြည့်အ၀ တိုက်ပွဲဝင်နိုင်ဖို့ ၅ နှစ်လောက် အချိန်ယူရနိုင်တယ် ဒါတောင်မှ လေ့ကျင့်ရေးအတွက်သာ အသုံးတည့်နိုင်တာမျိုးဖြစ်နိုင်တယ် လို့ အမေရိကန် စစ်ရေးကျွမ်းကျင်သူနဲ့ စင်္ကာပူရှိ S.Rajaratnam School of international Studies အဆင့်မြင့် အရာရှိ Richart Bitzinger က ဆိုပါတယ်။ ရေယာဉ်စမ်းသပ်မောင်းနှင်တဲ့အခါ တရုတ် လေသူရဲတွေဟာ ရွေ့လျားနေတဲ့ သင်္ဘောကုန်းပတ်ပေါ် လေယာဉ်အတက်အဆင်း လေ့ကျင့်ရမှာဖြစ်ပြီး ရေတပ်သားတွေဟာလည်း သူတို့မတွေ့ကြုံဘူးသေးသော ရှုပ်ထွေးဆန်းပြားတဲ့ ရေယာဉ်စနစ်တွေကို ကိုင်တွယ်မောင်းနှင်ကြရတော့မှာပါ။ သို့သော်လည်း အမေရိကန်ရေတပ်ကောလိပ် တွဲဘက်ပါမောက္ခ Andrew Erickson ပြောတာက “ကြင်စဦးဇနီးမောင်နှံအတွက် အိမ်သစ်လေးတစ်လုံးလိုတယ်။ တက်သစ်စ အင်အားကြီး နိုင်ငံတစ်ခုအတွက်လည်း လေယာဉ်တင်သင်္ဘောတစ်စီးတော့ ရှိဖို့လိုအပ်တယ်ဗျ။ ဆိုတော့ သူတို့ ဒီရေယာဉ် ကြီးကို တနေရာရာမှ သုံးကိုသုံးရမှာပဲ။” လို့ပြောပါတယ်။

လေယာဉ်တင်သင်္ဘောကြီးအား စမ်းသပ်မောင်းနှင်နေစဉ်

တရုတ်ရေတပ်က Varyag ကို ကိုင်တွယ်မောင်းနှင်ဖို့ လုပ်ဆောင်နေချိန်မှာပဲ သူတို့ကိုယ်တိုင် လေယာဉ်တင်စစ်သင်္ဘော ၄ စီးလောက်ထုတ်လုပ်နိုင်ဖို့လည်း ကြိုးစားနေတယ်လို့ သုံးသပ်သူတွေက ယုံကြည် ထားပါတယ်။ ခု Dalian လွန်းကျင်မှာ ရေယာဉ်ဟောင်းတွေမွမ်းမံပြင်ဆင်နေတဲ့ ကိစ္စဟာ တရုတ်တို့အတွက် ကြီးမားတဲ့အရေးပါမှုဖြစ်နေပါတယ်။ “ဒါဟာ တရုတ်တွေ ရှိရင်းစွဲအခြေအနေက ရုန်းထွက်ဖို့ အာရုံပြင်းပြနေတဲ့ အညွှန်းသင်္ကေတပဲ ဖြစ်ပါတယ်” လို့ Bitzinger က ဆိုပါတယ်။

အမေရိကန်စစ်ရေးအသုံးစရိတ်က တရုတ်တို့ထက် ၆ဆရှိတာမို့ အချိန်အတိုင်းအတာတစ်ခုထိတော့ အာရှမှာ အမေရိကန် စစ်ရေးလွှမ်းမိုးမှုဆက်ရှိနေအုံးမှာပါ။ အမေရိကန်ရဲ့ ပထမဆုံး လေယာဉ်တင်စစ်သင်္ဘော ကို ၁၉၃၄ မှာ တပ်တော်ဝင်လုပ်ခဲ့တာဖြစ်ပြီး ခုချိန်မှာ နျူကလီးယား ပါဝါသုံး ထိပ်တန်း လေယာဉ်တင်သင်္ဘော ၁၁ စီးရှိထားပါပြီ။ အဲဒီရေယာဉ်တစ်စီးချင်းမှာ တိုက်လေယာဉ် ၈၀ ကျော်တင်ဆောင်နိုင်ပြီး တစ်မိနစ်အတွင်း အကြိမ်များစွာ ဆင်းတက်ပျံသန်းနိုင်တဲ့ စွမ်းအားလည်းရှိပါတယ်။ ရေငုပ်သင်္ဘောတွေ၊ ဒုံးပျံတင်ဆောင် ခရူဇာ ရေယာဉ်တွေ၊ဖျက်သင်္ဘောတွေ၊ ထောက်ပံ့ရေးရေယာဉ်တွေနဲ့စုဖွဲ့ ပူးပေါင်း စစ်ဆင်နိုင်တဲ့ Nimitz ရေယာဉ် အုပ်ဟာ ကမ္ဘာ့ရှေ့ပြေးအကျဆုံး တိုက်ခိုက်ရေးအင်အားဖြစ်ပြီး တရုတ်စစ်အင်အားကို ဆယ်စုနှစ်ချီ အကျောပေး ထားနိုင်ပါသေးတယ်။

“အမေရိကန်နဲ့တရုတ်ကို တန်းတူအချိုးချ နှိုင်းယှဉ်မှုမပြုလုပ်ထိုက်ပါဘူး၊ တရုတ်နဲ့အမေရိကန်ဟာ ကမ္ဘာအနှံ့ထိပ်တိုက်ရင်ဆိုင်တွေ့တဲ့ အခြေအနေလည်းမရှိပါဘူး”လို့ Erickson ကပြောပါတယ်။ တရုတ် စစ်အင်အားဖွံ့ဖြိုးမှုဟာ လုံးဝလွတ်လပ်ရေးရဖို့ ကြိုးပမ်းအားထုတ်နေတဲ့ ထိုင်ဝမ်အပေါ် ပိတ်ဆို့ဟန့်တား ဖို့နဲ့ ထိုင်ဝမ်နဲ့ ပြဿနာတက်ချိန်မှာ အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးအကူအညီမပေးနိုင်အောင် လမ်းကြောင်း ဖြတ်တောက်ထားနိုင်ရေးကို အာရုံထားပြင်ဆင်တာလို့ သုံးသပ်ရပါတယ်တဲ့။ ယခုလေယာဉ်တင်သင်္ဘော အပါအ၀င် ရေပြင်တာဝေးပစ်ဒုံးလက်နက်စနစ်ထားရှိ ပြင်ဆင်မှုဟာ Mile Mullen ရဲ့ တရုတ်ပြည်ခရီးစဉ် အတွင်း ဗိုလ်ချုပ်ကြီး Chen ဖွင့်ဟပြောဆိုတဲ့အတိုင်း ဒေသတွင်း ဟန်ပြခြိမ်းခြောက်ရေးအနေအထားသာ ရှိတာပါ။ ၂၀၀၈ အတွင်း ထိုင်ဝမ်မှာ တရုတ်ပြည်မနဲ့အလွန်းသင့်သူ Ma Ying-jeou သမ္မတအဖြစ်အရွေးခံရတဲ့ နောက်ပိုင်း ထိုင်ဝမ်ရေလက်ကြား စစ်ရေးတင်းမာမှု လျော့ကျနေတာကိုလည်း သတိပြုကြည့်နိုင်ပါတယ်။

တရုပ်တို့ မျှော်မှန်းထားသည့် လေယာဉ်တင်သင်္ဘော

“လွန်ခဲ့တဲ့နှစ်တွေအတွင်း မြောက်ပိုင်းနဲ့အရှေ့ပိုင်းတရုတ်ပင်လယ်မှာရှိတဲ့ ရေတပ်အင်အားနဲ့စာရင် တောင်တရုတ်ပင်လယ်က ရေတပ်ကို အာရုံစိုက်ပံ့ပိုးပေးနေတဲ့အပြင် စစ်သည်အင်အား၊ ကင်းလှည့်ရေယာဉ် တွေနဲ့ ရေငုပ်သင်္ဘောတွေ ဖြည့်တင်းဖြန့်ကျက်ထားတာကို တွေ့ရပါတယ်” လို့ နိုင်ငံတကာပဋိပက္ခဖြေရှင်းရေး အဖွဲ့ရဲ့ အရှေ့မြောက်အာရှဒေသသုတေသန ညွှန်ကြားရေးမှူး Kleine Ahlbrandt က ဆိုပါတယ်။ လေယာဉ် တင်သင်္ဘောသစ်ကြီးကိုလည်း အဲဒီနေရာကို စေလွှတ်တာဝန်ပေးလိမ့်မယ်လို့ သူက မျှော်လင့်ပါတယ်။ အမေရိကန် စစ်တပ်အရာရှိတွေကတော့ လေယာဉ်တင်သင်္ဘော Varyag ကို နည်းပညာဒိတ်အောက်နေတဲ့ သင်္ဘောအိုကြီး၊ ရေပြင်မှာ ပစ်မလွဲပစ်မှတ်တစ်ခုအဖြစ် ခပ်နှိမ်နှိမ်လေး ပြက်ရယ်ပြုပါတယ်။ သို့ပေမယ့် အာဆီယံနိုင်ငံတွေကတော့ အဲဒီလိုမတွက်နိုင်ပါဘူး။

သံတမန်ရေး မျက်နှာစာမှာလည်း တရုတ်အစိုးရက အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်။ ထိုင်ဝမ်ကို လက်နက်ရောင်းတဲ့ကိစ္စနဲ့ အမေရိကန်ကို စစ်ရေးအဆက်အဆံဖြတ်တောက်ထားရာက သမ္မတ Hu Jintao ရဲ့ ၂၀၁၀ နှောင်းပိုင်း အိမ်ဖြူတော် ခရီးစဉ်ပြင်ဆင်နေချိန်မှာ ဆက်ဆံရေးပြန်လည်စတင်ခဲ့ပါတယ်။ စစ်အေးကာလတုန်းက ရေပြင်အရေးကိစ္စတွေမှာ နျူကလီးယားစစ်လက်နက်မသုံးစွဲဖို့ ပင်လယ်ပြင်ကာကွယ် စောင့် ရှောက်ရေးစည်းမျဉ်းကို အမေရိကန်-ဆိုဗီယက်ယူနီယံတို့ သဘောတူညီခဲ့ပါတယ်။ တရုတ်နဲ့အမေရိကန် အကြား ဘာသဘောတူညီချက်မှ ရေရေရာရာ မရှိသေး။

သြစတေးလျ အခြေစိုက် Lowy Institute for International Policy ရဲ့ မကြာသေးမီကထုတ်ပြန်ချက် ထဲမှာ ပစိဖိတ်အနောက်ပိုင်းပင်လယ်တွင်းဖြစ်ပွားတဲ့ ရေတပ်ချင်းထိတွေ့မှုဖြစ်စဉ် တစ်ဒါဇင်ကျော်ကို ပြုစုဖော်ပြ ထားပါတယ်။ အဲဒီဖြစ်စဉ်တွေမှာ ပါဝင်တဲ့အင်အားစုများအကြား ထိရောက်တဲ့ပြောဆိုဆက်ဆံမှုတွေ၊ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်လောက်တဲ့ပြုမူဆောင်ရွက်ချက်တွေ မရှိရင်တော့ တိုးပွားလာတဲ့ရေတပ်လှုပ်ရှား မှုတွေဟာ ရန်စောင်တဲ့အနေအထားကို ရောက်သွားလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။ အထူးသဖြင့် ပဲ့ကိုင် အင်အားစုတွေဖြစ်တဲ့ တရုတ်နဲ့အမေရိကန်၊ဂျပန်၊အိန္ဒိယ တပ်ဖွဲ့တွေအကြားထိတွေ့မှုဟာ စိုးရိမ်စရာဖြစ်လာနိုင် တယ်လို့ ဆိုပါတယ်။ အရေးအခင်းမှာ ပါဝင်တဲ့နိုင်ငံတွေ များလာတာနဲ့အမျှ တင်းမာမှုအခြေအနေဟာ လက်နက်ကိုင်ထိပ်တိုက်တွေ့မှု၊သံတမန်ရေးအကျပ်အတည်း(သို့) လက်နက်ကိုင်ပဋိပက္ခအထိ ဖြစ်လာမယ့် အလားအလာရှိနေတာပါ။

ခုထိတော့ Varyag နားနေပြင်ဆင်ရာ Dalian လွန်းကျင်းတ၀ိုက် မြင်ကွင်းအခြေအနေကြည့်ရတာ စစ်ရိပ်စစ်ငွေ့ မတွေ့ရသေးပါ။ စတိုးဆိုင်လေးရယ်၊ ကလပ်လေးတစ်ခုရယ် ပုံမှန်ဖောက်သည်တွေနဲ့ အေးဆေး တည်ငြိမ်လျက်ပါပဲ။ လွန်းကျင်းလုပ်သားတွေရဲ့ စိတ်ကူးထဲမှာ ကမ္ဘာ့လူဦးရေးအများဆုံး တိုင်းပြည်တစ်ခု အနေနဲ့ ပင်လယ်ပြင်စိုးမိုးရေးမှာ သူနဲ့ထိုက်တန်တဲ့ကဏ္ဍတစ်ခုရရှိဖို့ အချိန်တန်ပါပြီဆိုတဲ့ အတွေးလောက်ပဲ ရှိနေမှာပါ။

အဲဒီဒေသခံတွေကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သံချေးအထပ်ထပ်နဲ့ သင်္ဘောအိုကြီးတစ်စီး သူတို့ဒေသဆီ ဆွဲယူလာတဲ့မြင်ကွင်းကို အမှတ်ရနေမိလေရဲ့။ “ဒီသင်္ဘောကြီးက ယူကရိန်းတွေ မလိုချင်လို့ ပစ်ထားတဲ့ အမှိုက်တုံးကြီး၊ လူဦးရေ သန်း ၁၃၀၀ ရှိတဲ့တရုတ်ပြည်ကာကွယ်ရေးကို ဒါလောက်နဲ့ ဘယ်လို ထိရောက်မတုန်း၊ ဒါမျိုးတွေ အများကြီး အများကြီး လိုအပ်နေသေးတာဗျ” လွန်းကျင်းအနီးအနားမှာရှိတဲ့ လုပ်သား တစ်ဦးက ရွဲ့တဲ့တဲ့ပြောလိုက်ပါတယ်။ ခုချိန်မှာ အဲဒီသင်္ဘောကြီးနဲ့ တခြားနိုင်ငံတွေကို ခြောက်လှန့် ပစ်ဖို့ စိတ်ကူးကို သူကပြက်ရယ်ပြုတာပါ။

တရုတ်ပြည်ကို ကမ္ဘာကမော့ကြည့်စေလိုတဲ့ မဟာဗျူဟာမြောက် တွေးခေါ်ချက်အရတော့ အလံတင် ရေယာဉ် Varyag လောက်နဲ့ ချင်ခြင်းပြေနိုင်စရာ မဟုတ်သေးပါ။

မူရင်း- Time, August 22,2011 ပါ Troubled Waters by Austin Ramzy/Dalian ကို ဆီလျှော်အောင် ပြန်ဆိုပါသည်။

နေမင်းသူ

၂၇ ဒီဇင်ဘာ ၂၀၁၁

(ဘာသာပြန်ဆောင်းပါ အရှည်ကြီးအား စိတ်ရှည်စွာဖြင့် အားလုံးသိခွင့်ရအောင် ပြန်လည်ဝေဌပေးတဲ့အတွက် အားလုံးကိုစား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ...။)

တရုတ်ရေတပ်ပါဝါနဲ့ ရေပိုင်နက်ပြဿနာ အပိုင်း-၁

(အခုလိုအားလုံးသိအောင် ဒီဆိုက်လေးမှာ ဖော်ပြခွင့်ပေးတဲ့အတွက် ကိုနေမင်းသူကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...)

Varyag အမည်ရတဲ့ လေယာဉ်တင်စစ်သင်္ဘောကြီးကို ပင်လယ်နက်ဒေသ
ရှိ Mykolaiv လွန်းကျင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုခေတ်က နောက်ဆုံးတပ်တော်ဝင်လုပ်ခဲ့တဲ့ စစ်ရေယာဉ်တွေ ထဲမှာ တစ်စီးအပါအ၀င်ဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ၁၉၉၂ မှာ အသုံးမပြုဘဲ ချောင်ထိုးထားခဲ့ပါတယ်။ ၁၉၉၈ မှာ တရုတ်ရေတပ်မတော်နဲ့ ဆက်နွယ်မှုရှိတဲ့ Macau အခြေစိုက် တရုတ်ကုမ္ပဏီ တစ်ခုက အဲဒီပြုပြင်ဆဲရေယာဉ်ကြီးကို ယူကရိန်းအစိုးရထံမှ ၀ယ်ယူလိုက်ပါတယ်။ သူတို့သတင်းလွှင့်ထားတာ ကတော့ အဲဒီရေယာဉ်ကြီးကို
ပြန်လည်ပြုပြင်မွမ်းမံပြီး လောင်းကစားရုံတွေပါဝင်တဲ့ ရေပေါ်အပျော်စီး သင်္ဘောကြီးအဖြစ် အသုံးပြုဖို့ပါတဲ့။

တူရကီအာဏာပိုင်တွေက မီတာ ၃၀၀ ရှည်လျားပြီး သံချေးအထပ်ထပ်တက်နေတဲ့ စက်မပါ၊ လက်နက်ဗလာ၊ ရေကြောင်းပြကိရယာတွေလည်းမရှိ အဲဒီသင်္ဘောအိုအခွံကြီးကို Bosphorus ရေလက်ကြား ကနေ ဖြတ်ဆွဲသွားရ မှာကို စိုးရိမ်ကြောင့်ကြဖြစ်နေပါတယ်။ ဒါကြောင့်လည်း ခရီးစဉ်ကို ၃ နှစ်နောက် ဆုတ်လိုက်ကာ ၂၀၀၁ ခုနှစ် အတွင်း ရေလက်ကြားမှာ ရေကြောင်းအသွားအလာပါးချိန်ကိုရွေးပြီး ဖြတ်ဆွဲဖို့ သဘောတူခဲ့ပါတယ်။

Macau မှာရှိတဲ့ဆိပ်ကမ်းက Varyag ဆိုက်ကပ်နိုင်တဲ့ရေအနက်မရှိတာမို့ တရုတ်ဆိပ်ကမ်းမြို့တော် Dalian အထိသယ်ဆောင်ခဲ့ရပါတယ်။ အဲဒီမှာပဲ အနာဂတ် ဆူပါပါဝါ တရုတ်ပြည်အတွက် ပထမဦးဆုံး လေယာဉ်တင်စစ်သင်္ဘောအဖြစ် ဖြည်းဖြည်းချင်းအသွင်ပြောင်းပေးခဲ့တာပါ။ ခုတော့ တစ်ကျော့ပြန်ဝင်လာတဲ့ Varyag အတွက် ကမ္ဘာကြီးမှာသောကရတက်မအေး ဖြစ်နေရပါပြီ။ လွန်ခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က Varyag ရဲ့ ပင်လယ်ပြင်စမ်းသပ်မောင်းနှင်ခရီးကို Dalian ဆိပ်ကမ်းကနေစတင်ခဲ့ပါတယ်။ ဇိမ်ခံအပျော်စီးသင်္ဘောအဖြစ် အသံလွှင့်ထားပြီး အချိန်ယူပြင်ဆင်ခဲ့တဲ့ ရေယာဉ်ကြီးဟာ တရုတ်ရေတပ်စွမ်းအားအတွက် အဆင့်မြင့်ပါဝါနဲ့ အားဖြည့်ပေးတော့မှာ ဖြစ်ကြောင်းပေါ်လွင်ထင်ရှားနေပါပြီ။

လေယာဉ်တင်သင်္ဘောကြီးအား ယူကရိန်းနိုင်ငံမှ သယ်ဆောင်လာစဉ်

တရုတ်ရေတပ်ခေတ်မီရေး လုပ်ဆောင်နေချိန်၊ ၂၀၀၀ ပြည့်နှစ်ကပြီး ကာကွယ်ရေးအသုံးစရိတ်ကို နှစ်စဉ် ၁၅ ရာခိုင်နှုန်း မှန်မှန်တိုးမြှင့် သုံးစွဲနေချိန်၊ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ ရေပြင်အငြင်းပွားမှုမှာ ဆယ်စုနှစ် ၁ ခု ကြာ တရုတ်တို့အသာစီးအနေအထား ရှိနေပြီးနောက် ပိုမိုရန်လိုတဲ့ သဘောထားနဲ့ ရပ်တည်လာချိန်၊ တရုတ်ရေတပ် အင်အားချဲ့ထွင်မှုနဲ့ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွေအပေါ် တကမ္ဘာလုံးက မျက်လုံးဒေါက် ထောက် အာရုံစိုက်နေချိန်မှာ ဒီလေယာဉ်တင်စစ်သင်္ဘောကြီးကို စတင်အသုံးပြုလိုက်တာပါ။

လေယာဉ်တင်သင်္ဘောကြီးအား ပြည်တွင်းတွင် တည်ဆောက်နေစဉ်

အငြင်းပွားရေပိုင်နက်ကိစ္စမှာ အောင်မြင်မှုရရင် အဖိုးတန်စွမ်းအင်တွေ ပိုင်ဆိုင်မှုရနိုင်တာရယ်၊ ဒေသ တွင်းမှာ အမေရိကန်သြဇာလွှမ်းလာတာကို အန်တုချင်တာရယ်၊ တရုတ်တို့ရဲ့ ရှိနေမြဲ အမျိုးသားရေး မာန်မာန ကြောင့်ရယ်၊ နောင်နှစ်မှာပြုလုပ်တော့မယ့် တရုတ်ခေါင်းဆောင်မှု အပြောင်းအလဲအပေါ် ရတက်မအေးတာရယ် စတာတွေက တရုတ်အစိုးရအနေနဲ့ ခပ်ကြမ်းကြမ်းနည်းဗျူဟာသုံးဖို့ တွန်းအားတွေဖြစ်ပါတယ်။

“တရုတ်တွေရဲ့သဘောထားဟာ ကိုယ့်ကိုယ်ကိုယ်အလွန်အမင်း ယုံကြည်တဲ့ စရိုက်သဘာဝအရ အခြေတည်လာတာ ဖြစ်ပုံရတယ်” လို့ Wollogong တက္ကသိုလ်ရဲ့ Australian National Centre for Ocean Resources and Security လေ့လာရေးဌာန ညွှန်ကြားရေးမှူး Clive Schofieid က ဆိုပါတယ်။

ရေပိုင်နက်အငြင်းပွားမှုနဲ့ပတ်သက်ပြီး တရုတ်ရဲ့အိမ်နီးချင်း ဂျပန်၊ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က သူတို့သဘောထားတွေကို ခပ်တင်းတင်းပဲ တုန့်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်က အရှေ့တရုတ်ပင်လယ်အတွင်း ဂျပန်ပိုင် Senkaku ကျွန်းနဲ့ တရုတ်ပိုင် Diaoyu ကျွန်းတွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံအခြေအတင်ဖြစ်ခဲ့ပြီး အဲဒီကျွန်းတွေနားမှာ တရုတ်ငါးဖမ်းသင်္ဘောကပ္ပတိန်တစ်ဦးကို ဂျပန်အာဏာပိုင်တွေဖမ်းလိုက်တော့ တရုတ်က လွှတ်ပေးဖို့အော်ကြီးဟစ်ကျယ် တောင်းဆိုပါတယ်။ ရက်သတ္တ ၂ ပတ်အကြာ အဲဒီကပ္ပတိန် ပြန်လွှတ်လာချိန်မှာ သူရဲကောင်း တစ်ဦးပမာကြိုဆိုတာခံရပါတယ်။

အခုနှစ်စောစောပိုင်းမှာ တရုတ်ရေတပ်သင်္ဘောတွေ နိုင်ငံတကာရေပိုင်နက်ထဲကနေ Okinawa ကျွန်းနားကပ်ပြီး ဖြတ်မောင်းသွားတော့လည်း ဂျပန်တွေ မခံချိမခံသာ ဖြစ်ခဲ့ရပါတယ်။ ခုနောက်ဆုံး ဂျပန်အစိုးရ ထုတ်ပြန်လိုက်တဲ့ အမျိုးသားကာကွယ်ရေးကြေငြာစာတမ်းမှာ “တရုတ်စစ်တပ်ခေတ်မီရေးလုပ်ဆောင်နေတာ၊ အာရှရေပိုင်နက်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ တိုးတက်လုပ်ဆောင်လာတာတွေဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတယ်” လို့ ဖော်ပြထားပါတယ်။

ပင်လယ်ပြင်သို့ စမ်းသပ်မောင်းနှင်နေစဉ်

တောင်တရုတ်ပင်လယ်ဟာ စတုရန်းကီလိုမီတာ ၃ သန်းရှိပြီး၊ ကျွန်းငယ်လေးတွေ မှိုလိုပေါက် ယှက်နွယ်တည်ရှိနေတာပါ။ အဲဒီဒေသ ရေပြင်နေရာ အများစုမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေ ရှိတယ်ဆိုတာ ကြောင့် ရေပြင်ဧရိယာအများစုကို သူပိုင်တယ်လို့ ပြောတဲ့တရုတ်နိုင်ငံနဲ့ ရေပိုင်နက်အရအခိုင်အမာ သက်သေ ထူနေတဲ့ အာရှနိုင်ငံအချို့အကြား ရေပြင်ပိုင်စိုးရေး အငြင်းပွားမှုတွေ ပိုမိုများပြားလာတာပါ။

ပြီးခဲ့တဲ့ ဆောင်းဦးကာလမှစပြီး တရုတ်ရေတပ်က ဖိလစ်ပိုင်ဆာဗေးရေယာဉ်တွေနဲ့ ငါးဖမ်း ရေယာဉ်တွေကို ၆ကြိမ်လောက် အနှောက်အယှက်ပြုခဲ့တာကြောင့် ဖိလစ်ပိုင်က အဲဒီဒေသကို သူပိုင်အနောက် ပိုင်းရေပိုင်နက်အဖြစ်မှတ်ရလိမ့်မယ်လို့ ကြေညာပြီး ဒုတိယကမ္ဘာစစ်ကျန် ဖိလစ်ပိုင် ဖရီဂိတ်စစ်ရေယာဉ် Rajah Humabon ကို ကင်းလှည့်စေလွှတ်ထားပါတယ်။ ဗီယက်နမ်ကလည်း ဒီနှစ်နွေမှာ တရုတ်စစ်သင်္ဘောတွေက ဗီယက်နမ် ရေနံလုပ်ငန်းပိုင် ဆာဗေးရေယာဉ်တွေရဲ့ ကေဘယ်ကြိုးတွေကို နှစ်ကြိမ်ဖြတ်တောက်ပစ်တယ်လို့ စွပ်စွဲကာ ဒီအတိုင်းဆိုရင် ဗီယက်နမ်နိုင်ငံရဲ့ စစ်မှုမထမ်းမနေရဥပဒေပြန်အသက်သွင်းပြီး ဇွန်လမှာ ပစ်ခတ်မှု လေ့ကျင့်ခန်းတွေလုပ်ဆောင်ဖို့ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ တရုတ်တို့ဘက်ကတော့ သုံးရက်တာ စစ်ရေးလေ့ကျင့်မှုနဲ့ တုန့်ပြန်လိုက်ပါတယ်။

အာရှရေပြင်တင်းမာမှုမှာ အမေရိကန်လည်း တစ်နွယ်ငင်တစ်စင်ပါ ဖြစ်လာတယ်။ မနှစ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကနေ အမေရိကန်အမျိုးသားအကျိုးစီးပွားအတွက် တောင်တရုတ် ပင်လယ်ပြင်မှာ ရေကြောင်းလွတ်လပ်မှုရှိဖို့လိုကြောင်း ပြောလိုက်ပြီး ရေပြင်အငြင်းပွားမှုညှိနှိုင်းဖိုအမေရိကန် စေ့စပ်ဖျန်ဖြေရေးအဖွဲ့ စေလွှတ်ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ တရုတ်တို့ကတော့ ဒီကိစ္စဟာ အိမ်နီးချင်း နိုင်ငံတွေ အကြားဖြေရှင်းရမှာသာဖြစ်ပြီး အမေရိကန်က အမှတ်ဝင်ယူဖို့ကြိုးစားတယ်ဆိုပြီး ဒေါသတကြီး တုန့်ပြန်လိုက်ပါတယ်။ ဒေသတွင်းအငြင်းပွားမှုဟာ အမေရိကန်ပါဝင်ပတ်သက်မှု ကြီးထွားလာအောင် အားပေး သလိုဖြစ် နေတယ်လို့သဘောပေါက်နေတာကြောင့် တရုတ်ဘက်က ဒီပြဿနာမှ ရန်လိုမှုနည်းပါတဲ့နည်းကို သုံးလိမ့်မယ် လို့ သုတေသီအချို့က တွက်ပါတယ်။

Monday, December 26, 2011

တိုးတက်ဆန်းသစ်လာသော လက်ဖြောင့်ပစ်ရိုယ်ဖယ်များ -၁

AS-50 လက်ဖြောင့်ပစ်သေနတ်


လက်ဖြောင့်ပစ်ရိုင်ဖယ် (Sniper)ဟူသည်

လက်ဖြောင့်ရိုင်ဖယ်ကို Sniper ဟုခေါ်သည်။စနိုက်ပါဟူသော ဝေါဟာရမှာ ၁၉ရာစုနှောင်းပိုင်းကာလက အိန္ဒိယရှိ ဗြိတိသျှအရာရှိများသည် စနိုက်ပါခေါ်ဌက်တစ်မျိုး (ဗိုလ်စားဌက်)ဟုလည်းခေါ်သည့် ဌက်များကို ချောင်းမြောင်းပစ်ခတ်ရာမှာ ထိုဌက်အားပစ်ခတ်သူကို စနိုက်ပါဟုခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် လက်အလွန်ဖြောင့်သူကို စနိုက်ပါဟုခေါ်ဆိုခြင်းဖြစ်သည်။ယနေ့ ကာလစစ်မြေပြင်တွင်ဖြစ်စေ၊အကြမ်းဖက်နိမ်နင်းရာတွင်ဖြစ်စေ လက်နက်ကိုင်လူဆိုးတစ်ဦးဦးကို ဖြစ်စေ၊ မိမိတပ်ဖွဲ့ဝင်များအား ဒုက္ခပေးနေသည့် ရန်သူစက်သေနတ်ကိုင်တစ်ဦးကို ဖြစ်စေ၊လူတစ်ယောက် ကျည်တစ်တောင့်ဖြင့် သုတ်တင်နိုင်ရန် လက်ဖြောင့်ပစ်သေနတ်သမားတစ်ဦး၏ အခန်းမှာ အရေးပါလှသည်။ထို့ကြောင့် မျက်မှောက်ခေတ်ကာလတွင် တပ်မတော်အသီးသီးသည် လက်ဖြောင့်ပစ်စစ်သည်များကို ဂရုတစိုက် လေ့ကျင့်ပေးလျက်ရှိသည်။အကြောင်းမှု စစ်ရေးလုံခြုံရေး တာဝန်ထမ်းဆောင်နေကြရသည့် တပ်ဖွဲ့ဝင်များသည် နေရာအတော်များများကို ထိရောက်စွာအသုံးပြုပါက အကျိုးအမြတ်များစွာ ရရှိခြင်းကြောင့်ဖြစ်သည်။

လက်ဖြောင့်သေနတ်များ ခေတ်မှီရန်လိုအပ်ခြင်း

ယနေ့အမေရိကန်တို့ ရင်ဆိုင်တိုက်ပွဲဝင်နေသော အာဖဂန်စစ်မြေပြင်များတွင် တပ်ဖွဲ့များသာမက တာလီဘန်တို့ကပါ လက်ဖြောင့်ပစ်စစ်သည်များကို အသုံးပြုလျက်ရှိကြသည်။ သို့သော်လည်း လက်ရှိအသုံးပြုနေသည့် လက်ဖြောင့်သေနတ်များမှာ သမားရိုးကျ အသုံးပြုနေသည့် လက်ဖြောင့်သေနတ်များနှင့် နေတိုးစံပြု ၅.၅၆မမ ကျည်၊ ၇.၆၂မမ ကျည်များကိုသာ အသုံးပြုလျက်ရှိကြပြီး မီတာ-၃၀၀၊၄၀၀ မှ မီတာ ၈၀၀၊၁၀၀၀ အတွင်းပစ်မှတ်များကိုသာ ထိမှန်နိုင်သည့် လက်နက်များဖြစ်သည်ဟု သိရသည်။ ယင်းသို့ဖြစ်ရသည်မှာ လွန်ခဲ့သည့် ၄/၅နှစ်ခန့်မှစ၍ လက်ဖြောင့်ပစ် သေနတ်များ၏ နည်းပညာကို ပြန်လည်ဆန်းစစ်တီထွင်ရန် အာရုံမစိုက်နိုင်ခဲ့၍ ဖြစ်ကြောင်း၊ လက်ဖြောင့်ပစ်သေနတ်သမားများ၏ ထိရောက်မှုမှာ အကန့်အသတ်ရှိနေကြောင်း ထို့ကြောင့် လက်ဖြောင့်ပစ်သေနတ်များထုတ်လုပ်ရာတွင် နာမည်ကြီးသည့် ဘားရက်လက်နက်ထုတ်လုပ်ရေးအား လက်ဖြောင့်ပစ်သေနတ်များ နည်းပညာဆန်းသစ်တီထွင်ရေးအတွက် ငွေကြေးတိုးမြင့်သုံးစွဲရန် One-shot Wonders: Sniper System ခေါင်းစဉ်ဖြင့် ရေးသားနိုးဆော်ခဲ့ကြသည်။

AI MK.13 လက်ဖြောင့်ပစ်သေနတ်

၎င်းက မြို့သိမ်းတိုက်ပွဲများတွင် လက်ရှိလက်ဖြောင့်ပစ် သေနတ်များ၏ ထိရောက်မှုအကွာအဝေးမှာ မီတာ၁၂၀၀ခန့်ထိ ဖြစ်ကြောင်းလည်း ထောက်ပြထားသည်။ဗြိတိသျှကာကွယ်ရေးဝန်ကြီးဌါနကလည်း အလှမ်းဝေးသည့် ပစ်မှတ်များကို ချေမှုန်းနိုင်သည့် (Long-Range Precision Anti-Structure, LRPAS) ကနေဒါနိုင်ငံလုပ် လက်ဖြောင့်ပစ်သေနတ်များနှင့် အေအိုင်ကုမ္ပဏီ (Accuraiy International)ထုတ် AS-50 ပြောင်းအချင်း ၀.၅ (ပွိုင့်ဖိုက်)သေနတ်များကို အသုံးပြုမှုရှိခဲ့ရာ အောင်မြင်မှုရှိကြောင်း၊သို့သော် အဆိုပါသေနတ်များအား နွေရာသီ ရာသီဥတုပူပြင်းချိန်တွင်လည်း ထိရောက်မှုရှိစေရန် လိုအပ်သည့်နည်းပညာ စမ်းသပ်ရန်နှင့် သေနတ်၏ ထိရောက်မှုအကွာအဝေးမှာလည်း အနည်းဆုံး ၂၀၀၀အထိ မရွှေ့ပြောင်းနိုင်သည့် ပစ်မှတ်များ (ဥပမာ-ရန်သူ့ဆက်သွယ်ရေး ရေဒါစက်၊မော်တော်ယာဉ်နှင့် ရပ်နားထားသည့် လေယာဉ်များ)ကို ချေမှုန်းနိုင်ရန် လိုအပ်ကြောင်းထုတ်ဖော် ပြောကြားသည်။ AS 50 လက်ဖြောင့်ရိုင်ဖယ်ကို အမေရိကန် ရေတပ်နေဗီဆီးလ်စစ်သည်များအတွက် ၂၀၀၇ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ ယခုအခါအဆိုပါ လက်နက်များနေရာတွင် အမေရိကန်အထူးတပ်ဖွဲ့ (Special Operation Command) များသည် လက်ဖြောင့်ပစ်သေနတ်အမျိုးအစားသစ်တစ်မျိုးကို အသုံးပြုမည်ဟု သိရသည်။
အသုံးပြုမည့်လက်နက်မှာ ၇.၆၂မမ (၀.၃၀)ကျည်ဖြင့် ပစ်ခတ်ရသော ရီမင်တန်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီလုပ် M-24,M-40, AI MK-13 တို့ကို အသုံးပြူသွားမည်ဟုသိရသည်။

M-24 လက်ဖြောင့်ပစ်သေနတ်


နည်းပညာအဆင့်မြင့်ထားသည့် M-24 လက်ဖြောင့်ရိုင်ဖယ်ကို ၂၀၁၀ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။ ၎င်းသေနတ်သည် မီတာ ၃၀၀မှ ၁၅၀၀အထိ ပစ်ခတ်နိုင်ပြီး ကျည်စု (Minute of angle)မှာ ၁.၀ဖြစ်သည်ဟု သိရသည်။

M-40 လက်ဖြောင့်ပစ်သေနတ်


ဆက်လက်ဖော်ပြရန် ကျန်ပါသေးသည်ခင်ဗျာ..။

လေတပ် အမ်အိုင်-၁၇ ရဟတ်ယာဉ်ကြီး


တပ်မတော်လေ အမ်အိုင်-၁၇ ရဟတ်ယာဉ်ဖြင့် ရှေ့တန်းရောက်ရဲဘော်များအတွက် ရိက္ခာများ လာရောက်ချပေးနေစဉ် ဖြစ်ပါသည်။

Thursday, December 22, 2011

အမြောက်တပ်၏ ၁၀၅မမ အမြောက်လက်နက်များ

မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့ဝင်များအား အမ်၁၀၁ ၁၀၅မမ အမြောက်ကြီးများဖြင့် လက်တွေ့ပစ်ခတ်မှု လေ့ကျင့်ခန်းဆောင်ရွက်နေစဉ် တွေ့ရခြင်းဖြစ်ပါသည်။

မြန်မာ့တပ်မတော် အမြောက်တပ်ရင်းများတွင် ၁၀၅မမ အမြောက်များသည် ပင်မအမြောက်စနစ်အဖြစ် အသုံးပြုနေဆဲဖြစ်ပြီး အမေရိကန်ထုတ်၊အိန္ဒိယထုတ်၊ဆားဘီးယားထုတ်နှင့် စင်ကာပူထုတ်
(ဝယ်ယူသည့်နိုင်ငံတချို့ ရှိပါသေးသည် နာမည်များမသိပါ) ၁၀၅မမများအသုံးပြုသည်ဟု သိရပါသည်။
အမ်-၁၀၁ ၁၀၅မမ အမြောက်စနစ်

မြန်မာနိုင်ငံ၏ ပြည်ပကျုးကျော်မှုခံခဲ့ရသော တိုက်ပွဲကြီးများတွင် အဆုံးအဖြတ်ပေးနိုင်ခဲ့သော ၁၀၅မမ အမြောက်ကြီးများကို မဟာဗျုဟာမြောက် ရဟတ်ယာဉ်ဖြင့် သယ်ဆောင်၍ ရှေ့ တန်းတပ်မတော်စခန်းများတွင် အသုံးပြုခဲ့ကြသည်။အမြောက်၏ ထိရောက်မှုပစ်အားသည် ၇မိုင်ထိ သက်ရောက်ပြီး အသုံးပြုသည့် ကျည်အလိုက်အပြောင်းအလဲရှိပါသည်။
၁၀၅မမ အမြောက်အား ရဟတ်ယာဉ်ဖြင့် အရွေ့အပြောင်းလုပ်နေစဉ်

ဆိုဗီယက်ထုတ် ZiS-၃ ၇၆မမ အမြောက်

မြန်မာ့တပ်မတော်အမြောက်တပ်တွင် အသုံးပြုသော ၇၆မမ အမြောက် (အမ်၁၉၄၂)အား ယခင်ဆိုဗီယက်နိုင်ငံမှ လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး သယ်ဆောင်မှုလွယ်ကူခြင်း၊ ပစ်ခတ်မှုစနစ်အားကောင်းခြင်းစသည့် အချက်များကြောင့် တပ်မတော်တွင် ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး အဆင့်မြင့်တင်မှုများ ပြုလုပ်ကာ ဆက်လက်အသုံးပြုမည်ဟု သိရပါသည်။အမ်-၁၉၄၂ အမြောက်၏ ထိရောက်မှုအကွာအဝေးမှာ ၁၃.၂၉ ကီလိုမီတာ (၈.၂၅မိုင်) ရှိပြီး အသုံးပြုသည့် ကျည်အလိုက်အပြောင်းအလဲရှိသည်။

မြန်မာ့တပ်မတော်ထုတ် ယာဉ်တင်အမြောက် (Self-Propelled Howitzer) များရှိသည်ဟု သိရပါသည် သို့သော် ကျွှန်တော်အနေဖြင့် ယခုအချိန်တွင် ဖော်ပြနိုင်ခြင်းမရှိသေးပါ။

(ပုံတွေကို အမြဲပို့ပေးတဲ့ ကိုဗညားကို ကျွှန်တော်တို့ရဲ့ ဆိုက်လေး ၂နှစ်ပြည့်မှာ ကျေးဇူးတင်ကြောင်း အထူးပြောကြားလိုပါတယ်ခင်ဗျာ..။)

Wednesday, December 21, 2011

M-48 76mm Mountain Gun





မြန်မာ့တပ်မတော်သည် ယူဂိုဆလားဗီးယားနိုင်ငံမှ ၁၉၈၀ခုနှစ်ဝန်းကျင်တွင် အမ်-၄၈၇၆မမ
တောင်ပေါ်ပစ်အမြောက်များ ဝယ်ယူခဲ့ပြီး အမှတ်(၄) လေကြောင်းချီတပ်မတွင် တပ်ဆင်အသုံးပြုခဲ့ပါသည်။ မြန်မာ့တပ်မတော်တွင် အမ်-၄၈ အမြောက်အလက် (၁၀၀) နီးပါးရှိသည်။

အမ်-၄၈ ၇၆မမ တောင်ပေါ်ပစ်အမြောက်၏ အချက်အလက်တချို့

အမြောက်ပြောင်း.........၇၆မမ
ထိရောက်မှုအကွာအဝေး....... ၄မိုင်ခွဲ (အသုံးပြုသည့် ကျည်အလိုက်အပြောင်းအလဲရှိသည်)
စစ်သည်...၅ ယောက်

Tuesday, December 20, 2011

ဘင်္ဂလားဒေ့်၏ စစ်ရေးပြပွဲ

ဘင်္ဂးလားဒေ့်၏ တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်

အမျိုးအစား-၆၉ အမ်အေ ၂ဂျီ ပင်မတိုက်ပွဲဝင်တင့်ကားများ

Monday, December 19, 2011

အမြောက်တပ်ဖွဲ့များအကြောင်း ဆွေးနွေးပေးကြပါရန်...



မြန်မာ့တပ်မတော် အမြောက်တပ် ဗဟိုကင်းတစ်ခုအား အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှုးမှ စစ်ဆေးနေစဉ်ဖြစ်ပါသည်။
တပ်မတော်အမြောက်တပ်ဖွဲ့များအကြောင်း နီးစပ်ရာလေ့လာမိသူများအားလုံး ဝင်ရေးပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ..။ နောက်ပိုင်းတွင်တပ်မတော်ရှိ အမြောက်လက်နက်ကြီးများအား ဖော်ပြပေးပါဦးမည်ခင်ဗျာ..။

Thursday, December 15, 2011

အာရှ-ပစိဖိတ်ဒေသတွင်းရှိ ရေတပ်ရေငုပ်သင်္ဘောများ



ရေတပ်ဆိုင်ရာ မဟာဗျူဟာနှင့် သမိုင်းပညာရှင် ဂေါ့ဖရီတီးသ်၏ ထုတ်ဝေခဲ့သော အာရှဒေသရှိ ရေတပ်အင်အားချိန်စက်မှု စာတမ်းတွင် အာရှ-ပစိဖိတ်ဒေသတွင် ရေငုပ်သင်္ဘောတည်ဆောက်မှုနှင့် ဝယ်ယူမှုများ သိသာစွာများပြားလာခဲ့ကြောင်း သိသာစွာဖော်ပြထားပါသည်။အာရှပစိဖိတ်ရေပြင်တွင် နောက်လာမည့် ဆယ်စုနှစ်နှစ်ခုခန့်အတွင်း စုစုပေါင်း ရေငုပ်သင်္ဘောများအရေအတွက်က တိုးတက်များပြားလာမည်ဟု မျှော်လင့်ရရာ အထူးသဖြင့် နိုင်ငံငယ်များတွင်သေးငယ်၍ တိတ်ဆိတ်ငြိမ်သက်သော ရေငုပ်သင်္ဘောများမှာ အင်အားညီမျှစေသည့် အရားများအဖြစ်ရှုမြင်လျက်ရှိကြောင်း ၎င်းကရေးသားခဲ့သည်။

တောင်ကိုးရီးယာနိုင်ငံက အရွယ်အလတ်စားသင်္ဘောများ ခြောက်စင်းထပ်မံဝယ်ယူရန်ရှိပြီး ပိုမို၍စွမ်းဆောင်ရည်ပြည့်ဝသော ကေအက်စ်အက်စ် ၃ပုံစုံတစ်စင်းကို တည်ဆောက်ရန် စီမံလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံက ပရောဂျက် ၆၃၆ ကီလို အတန်းစား ရေငုပ်သင်္ဘော ၆စင်းကို ရုရှားနိုင်ငံမှာ ဝယ်ယူရန် အမှာစာပေးပြီးဖြစ်သည်။စင်ကာပူက အေအိုင်ပီ စနစ်ဖြင့် ပြုပြင်တပ်ဆင်ထားသည့် Vastergotland အမျိုးအစား ခေတ်မှီရေငုပ်သင်္ဘောနှစ်စင်းကို ဆွီဒင်နိုင်ငံမှ ဝယ်ယူခဲ့သည်။ အင်ဒိုနီးရှား၊မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကလည်း ရေငုပ်သင်္ဘောများ ထုတ်လုပ်ဝယ်ယူခြင်း သိုမဟုတ် ပိုမိုကောင်းမွန်စေရန်ပြုပြင်ခြင်း တို့လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

စင်ကာပူရေတပ်၏ ရေငုပ်သင်္ဘော

ရေတပ်အတွက် လုပ်ကိုင်လျက်ရှိသော အလွန်တော်သည့် ရေကြောင်းဆိုင်ရာ မဟာဗျူဟာပညာရှင်တစ်ဦးအား အာရှ-ပစိဖိတ်တွင် ဖြစ်ပွားလျက်ရှိသည့် ရေငုပ်သင်္ဘောထားရှိရေးအား လုပ်ဆောင်မှုအပေါ်မေးမြန်းခဲ့ရာ ၎င်းက မကြာမှီကာလက ဖြစ်ပေါ်ခဲ့သော တောင်ကိုးရီးယား ကော်ဗတ်စစ်ရေယာဉ် ချိုနန်နှစ်မြုပ်ခဲ့မှုက အနာဂါတ်ရေတပ်စစ်ပွဲ နည်းဗျုဟာမှာ ရေအောက်မှနေ၍ ဒုံးပျံဖြင့်ပစ်ခတ်ရန်ဖြစ်ပြီး ရေပေါ်တွင်နေပြီး ဒုံးပျံဖြင့် အပစ်ခတ်ခံရရေးမဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။အန္ဒိယနိုင်ငံက တောင်ကိုးရီးယား၏ အဖြစ်အပျက်ကို သင်ခန်းစာတစ်ခုရခဲ့ပုံပေါ်ကာ အိန္ဒိယရေတပ်အတွက် အသေးစားရေငုပ်သင်္ဘောများကို မကြာမှီက မှာကြားခဲ့ပါသည်။

မလေးရှားရေတပ်၏ ရေငုပ်သင်္ဘော

Kilo အမျိုးအစားရေငုပ်သင်္ဘော၏ အချက်အလက်တချို့

တန်ချိန်-၂၃၀၀-၂၃၅၀
အကျယ်အဝန်း......၇၀x၉.၉x၆.၂ မီတာ
အမြန်နှုန်း....၁၀-၁၂ (ရေမျက်နှာပြင်)၊ ၁၇-၂၅ နှောစ့် (ရေအောက်တွင်)
အင်ဂျင်အမျိုးအစား.....ဒီဇယ်အင်ဂျင်
အများဆုံးရေအောက်ငုပ်နိုင်စွမ်း.... ၃၀၀ မီတာ (၂၄၀-၂၅၀မီတာ စစ်ဆင်ရေးအတွက်)
ပင်လယ်ပြင်တာဝန် ထမ်းဆောင်နိုင်ချိန်....၄၅ရက်

ကီလိုအတန်းအစားရေငုပ်သင်္ဘော၏ ဖြတ်ပိုင်းပုံ

တပ်ဆင်လက်နက်များ....
လေကြောင်းရန်ကာ--- ၈ x အက်စ်အေ-အန်-၈ သို့မဟုတ် အက်စ်အေ-အန်-၁၀ မြေပြင်မှဝေဟင်ပစ် ပုခုံးထမ်းဒုံးစနစ် (ပြည်ပတင်ပို့သော ရေငုပ်သင်္ဘောများတွင် တပ်ဆင်ထားခြင်း မရှိပါ)
တော်ပီဒို.... ၆ x ၅၃၃မမ တော်ပီဒိုပြောင်းမှ ၁၈ x ၅၃-၆၅ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး (သို့) TEST 71/76 ရေငုပ်သင်္ဘောဖျက် တော်ပီဒိုများကို တပ်ဆင်နိုင်ပါသည်။

စစ်သည်....၅၂ယောက်

ရေငုပ်သင်္ဘော၏ တစ်စင်းတန်ဖိုး.... ၂၀၀-၂၅၀ သန်း (အမေရိကန်ဒေါ်လာ)

Tuesday, December 13, 2011

စိတ်ဝင်စားရင် ဝင်ဆွေးနွေးပေးပါ



အခုမြင်နေရတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အဦးတွေထဲမှာ ဘာတွေရှိနေပါလဲခင်ဗျာ..။ နေရာဒေသသိတဲ့သူတွေရှိရင် ပြောပေးကြပါဦးဗျာ...။ နိုင်ငံတော်ကာကွယ်ရေး စစ်ပစ္စည်းကြီးတွေပါ..။

Friday, December 9, 2011

New 35mm SPAAG Firing Test

တရုပ်တပ်မတော်ထုတ် ပီဂျီဇက်-၂၀၀၀ ၃၅မမ ယာဉ်တင်လေကြောင်းရန်ကာကွယ်ရေးစနစ်အား စမ်းသပ်ပစ်ခတ်နေစဉ်ဖြစ်ပါသည်။ တရုပ်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးယာဉ်တင်စနစ် ဖြစ်သော အမျိုးအစား-၉၅ နှင့်ခပ်ဆင်ဆင် ရှိသော်လည်း ဂျာမနီနိုင်ငံထုတ် Gepard လေကြောင်းရန်ကာကွယ်ရေးယာဉ်တင်စနစ်အား ပုံတူယူထားသည်ဟု သိရပါသည်။




ပီဂျီဇက်-၂၀၀၀၏ ပစ်မှတ်ပြရေဒါစနစ်

မူလ ဂျာမနီထုတ် Gepard စနစ်ဖြစ်သည်

တရုပ်၏ ပုံတူပြုထားသော စနစ်ဖြစ်သည်

ပီဂျီဇက်-၂၀၀၀
ထိရောက်မှု အကွာအဝေး....... မီတာ ၄၀၀၀
ကျည်ပစ်ခတ်နှုန်း...... ၁မိနစ်တွင် ကျည် ၅၅၀ (တစ်ပြောင်းစီမှ ဖြစ်သည်)

ဒီစနစ်အကြောင်းကတော့ များများစားစားရှာမရသေးပါဘူး တွေ့ရသလောက်ကတော့ မြေပြင်မှဝေဟင်ပစ်ဒုံးတွေ တပ်ဆင်မထားကြောင်းတွေ့ရပါတယ် ဂျာမနီကလည်းတပ်ဆင်မထားပါဘူး..။ပြီးတော့ အမြောက်ယာဉ်အတွက် သီးသန့်ရေဒါယာဉ် ထားပါတယ်...။ အမြောက်ယာဉ်ရှိရေဒါထက် ပို၍ထိရောက်မည်ဖြစ်ေ
သ်ာလည်း စနစ်တစ်ခုရွေ့ ပါက အပိုအလုပ်တစ်ခုဖြစ်သွားမည်ဖြစ်ပါသည်။
ခြေလျင်တပ်များအား လေကြောင်းရန်အကာကွယ်ပေးမည့်စနစ်များ ဖြစ်သောကြောင့် ရွေ့ ပြောင်းမှုလွယ်ကူရေးမှာ အရေးအပါဆုံးဖြစ်လာနိုင်ပါသည်။ထို့ပြင် ရန်သူ့တိုက်ခိုက်ရေးရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုကို ကာကွယ်ရန်လုံလောက်သည့် ၃၅မမ စက်သေနတ်ကြီးများ တပ်ဆင်ထားသော်လည်း ဒုံးစနစ်များ မတပ်ဆင်ထားခြင်းက အားနည်းချက်တစ်ခုအဖြစ် မြင်နိုင်ပါသည်။နောက်ပိုင်းတွင် တပ်ဆ
င်လာမည်ဟုလည်း သိရပြီး အစောပိုင်းကာလက ထုတ်လုပ်ခဲ့သော အမျိုးအစား-၉၅ များတွင်ပင် ဒုံးစနစ်တပ်ဆင်ထားပါသည်။မြန်မာ့ လေကြောင်းရန်ကာကွယ်ရေးတပ်များမှ တဆင့်သိရသလောက်တွင် မိမိတို့ လက်ရှိအသုံးပြုနေသော Tunguska M1 များသည် ပို၍ပင်သာလွန်ကောင်းမွန်နေပြီး ထိရောက်မှုတွင်လည်း ပိုမိုစိတ်ချရသည်ဟု သိရပါသည်။

မြန်မာပြည်တွင်းရှိ တပ်စခန်းတစ်ခု ဖြစ်ပါတယ် အထဲမှာရှိတာတွေကတော့... :D ...

မသိပါဘူးခင်ဗျာ ဟင်းဟင်းဟင်း..။

မြန်မာ့တပ်မတော်သုံး Tunguska M1 လေကြောင်းရန်ကာကွယ်ရေးယာဉ် (အမျိုးအစားတူ) ဖြစ်ပါသည်။

မြန်မာပြည်သုံး လေကြောင်းရန်ကာကွယ်ရေး ခေတ်မှီ ဒုံးစနစ်အတော်များများအား ယူကရိန်းနိုင်ငံမှ ဝယ်ယူတပ်ဆင်ခဲ့သည်ဟု သိရပါသည်။

Wednesday, December 7, 2011

ဘင်္ဂလားဒေ့်၏ စစ်ရေယာဉ် အဆင့်မြင့်တင်မှု

ဘင်္ဂလားဒေ့်ရေတပ် ပီ-၇၁၂ အမြန်တိုက်ခိုက်ရေးယာဉ်အား အဆင့်မြင့်တင်မှု ပြုလုပ်ပြီး တွေ့ရစဉ်ဖြစ်ပါသည်။




အော်လီကွန် ၃၀မမ ပူးတွဲ လေယာဉ်ပစ် စက်အမြောက် ဖြစ်ပါသည်။


အဆင့်မြင့်တင်မှု ပြုလုပ်နေစဉ် သင်္ဘောကျင်းတွင်တွေ့ရစဉ်ဖြစ်ပါသည်။

အဆင့်မြင့်တင်မှု ပြုလုပ်ပြီး ဘင်္ဂလားဒေ့် တပ်မတော်နေ့တွင် တွေ့ရစဉ်ဖြစ်သည်။

ဘင်္ဂလားဒေ့်-တရုပ်ပူးတွဲထုတ် ဖြစ်ပြီး တရုပ်ရေတပ်၏ HuangFeng အမြန်တိုက်ခိုက်ရေးယာဉ် (ဒုံးတင်)ယာဉ်အား ပုံစံယူထားခြင်းဖြစ်ကာ ယခုအခါတွင် အဆင့်မြင့်တင်မှု ပြုလုပ်သည့် အနေဖြင့် မူလတပ်ဆင်ထားသော အမျိုးအစား-၆၁ ၂၅မမ ပူးတွဲ လေယာဉ်ပစ်အမြောက်ကို ဖယ်ကာ အော်လီကွန် ၃၀မမ လေယာဉ်ပစ်အမြောက်အား ပြောင်းလဲတပ်ဆင်ထားခြင်းဖြစ်ပါသည်။