Thursday, December 22, 2011

အမြောက်တပ်၏ ၁၀၅မမ အမြောက်လက်နက်များ

မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့ဝင်များအား အမ်၁၀၁ ၁၀၅မမ အမြောက်ကြီးများဖြင့် လက်တွေ့ပစ်ခတ်မှု လေ့ကျင့်ခန်းဆောင်ရွက်နေစဉ် တွေ့ရခြင်းဖြစ်ပါသည်။

မြန်မာ့တပ်မတော် အမြောက်တပ်ရင်းများတွင် ၁၀၅မမ အမြောက်များသည် ပင်မအမြောက်စနစ်အဖြစ် အသုံးပြုနေဆဲဖြစ်ပြီး အမေရိကန်ထုတ်၊အိန္ဒိယထုတ်၊ဆားဘီးယားထုတ်နှင့် စင်ကာပူထုတ်
(ဝယ်ယူသည့်နိုင်ငံတချို့ ရှိပါသေးသည် နာမည်များမသိပါ) ၁၀၅မမများအသုံးပြုသည်ဟု သိရပါသည်။
အမ်-၁၀၁ ၁၀၅မမ အမြောက်စနစ်

မြန်မာနိုင်ငံ၏ ပြည်ပကျုးကျော်မှုခံခဲ့ရသော တိုက်ပွဲကြီးများတွင် အဆုံးအဖြတ်ပေးနိုင်ခဲ့သော ၁၀၅မမ အမြောက်ကြီးများကို မဟာဗျုဟာမြောက် ရဟတ်ယာဉ်ဖြင့် သယ်ဆောင်၍ ရှေ့ တန်းတပ်မတော်စခန်းများတွင် အသုံးပြုခဲ့ကြသည်။အမြောက်၏ ထိရောက်မှုပစ်အားသည် ၇မိုင်ထိ သက်ရောက်ပြီး အသုံးပြုသည့် ကျည်အလိုက်အပြောင်းအလဲရှိပါသည်။
၁၀၅မမ အမြောက်အား ရဟတ်ယာဉ်ဖြင့် အရွေ့အပြောင်းလုပ်နေစဉ်

ဆိုဗီယက်ထုတ် ZiS-၃ ၇၆မမ အမြောက်

မြန်မာ့တပ်မတော်အမြောက်တပ်တွင် အသုံးပြုသော ၇၆မမ အမြောက် (အမ်၁၉၄၂)အား ယခင်ဆိုဗီယက်နိုင်ငံမှ လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး သယ်ဆောင်မှုလွယ်ကူခြင်း၊ ပစ်ခတ်မှုစနစ်အားကောင်းခြင်းစသည့် အချက်များကြောင့် တပ်မတော်တွင် ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး အဆင့်မြင့်တင်မှုများ ပြုလုပ်ကာ ဆက်လက်အသုံးပြုမည်ဟု သိရပါသည်။အမ်-၁၉၄၂ အမြောက်၏ ထိရောက်မှုအကွာအဝေးမှာ ၁၃.၂၉ ကီလိုမီတာ (၈.၂၅မိုင်) ရှိပြီး အသုံးပြုသည့် ကျည်အလိုက်အပြောင်းအလဲရှိသည်။

မြန်မာ့တပ်မတော်ထုတ် ယာဉ်တင်အမြောက် (Self-Propelled Howitzer) များရှိသည်ဟု သိရပါသည် သို့သော် ကျွှန်တော်အနေဖြင့် ယခုအချိန်တွင် ဖော်ပြနိုင်ခြင်းမရှိသေးပါ။

(ပုံတွေကို အမြဲပို့ပေးတဲ့ ကိုဗညားကို ကျွှန်တော်တို့ရဲ့ ဆိုက်လေး ၂နှစ်ပြည့်မှာ ကျေးဇူးတင်ကြောင်း အထူးပြောကြားလိုပါတယ်ခင်ဗျာ..။)

No comments:

Post a Comment