Sunday, January 10, 2016

တပ်မတော်ထုတ် CIWS-N ရေတပ်သုံးမြန်နှုန်းမြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်


တပ်မတော် (ရေ)အကြောင်း စိတ်ဝင်စားတဲ့ ညီ၊အစ်ကိုတွေအတွက် ကျနော်လေ့လာထားတဲ့ လက်နက်စနစ်အကြောင်းအနည်းငယ် ဖော်ပြပေးသွားပါ့မယ်…။
 

အောင်ဇေယျ ပဲ့ထိန်းဒုံးတပ်ဖရီးဂိတ်အပေါ်မှာ ပထမဆုံးမြင်ရတဲ့ လက်နက်စနစ်ဖြစ်ပြီးတော့ နောက်ပိုင်းစစ်ရေယာဉ် အတော်များများမှ တပ်ဆင်ဖို့ သင့်တော်တဲ့ လက်နက်စနစ်ကတော့ ၁၄.၅မမ ၆ပြောင်းတွဲ မြန်နှုန်းမြင့် (CIWS- Close-In Weapon System) စက်ကြီးပဲဖြစ်ပါတယ်…။၁၄.၅မမ ၆ပြောင်းတွဲ မြန်နှုန်းမြင့် လက်နက်စနစ်ကို အတိုကောက်အားဖြင့် DI CIWS လို့ပဲ မှတ်ထားကြပါဦးစို့..




DI CIWS စနစ်ကို တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်ခဲ့ပါတယ်… ပြည်ပနိုင်ငံတစ်ခုနဲ့အတူ ဒီဇိုင်းရေးဆွဲခဲ့ကြတဲ့ အဲ့လက်နက်စနစ်ကိုတော့ ၂၀၀၅ခုနှစ်ဝန်းကျင်ကတည်းက တီထွင်အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်…။ DI CIWS စနစ်ကို အကြမ်းဖျင်းအားဖြင့် လေကြောင်းရန် ကာကွယ်ရေးတပ်သုံး ယာဉ်တွဲလက်နက်စနစ် ၊ ယာဉ်တင်လက်နက်စနစ် နဲ့ သင်္ဘောပေါ်တပ်ဆင်နိုင်တဲ့စနစ်ဆိုပီး ၃မျိုး သတ်မှတ် ထုတ်လုပ်ထားပါတယ်…။ သင်္ဘောတင် DI CIWS ကိုတော့ အတော်များများလည်း မြင်ဖူးနေကြမှာပါ..။ မမြင်ဖူးသေးတဲ့ ညီ၊အစ်ကိုတွေအတွက် ပုံလေးတွေတင်ပေးသွားပ့ါမယ်…။ (ရေတပ် သီချင်းများမှ ရယူထားပါသည်။)
အဆိုပါ DI CIWS-N ကိုတော့ ၃၆၀ ဒီဂရီလှည့်နိုင်တဲ့ အထိုင်တပ်ဆင်ပေးထားနိုင်ပါတယ်…။ ထူးခြားချက်ကတော့ လက်နက်စနစ်ကို လူလိုက်ပါပစ်ခတ်နိုင်သလို လက်နက်ထိန်းချုပ်မှုအခန်းကနေလည်း အမိန့်ပေးပစ်ခတ်နိုင်ပါတယ်…။ ကမ္ဘာ့ရေတပ်မတော်များသုံး CIWS စနစ်များလိုပဲ အနီးကပ်ချည်းကပ်လာတဲ့ ရန်သူ့လေယာဉ်များ ၊ ခရုစ်ဒုံးပျံများကို ချေမှုန်းနိုင်စွမ်းရှိပီး ပီးခဲ့သော ရေတပ်လေ့ကျင့်ခန်းများအတွင်းကလည်း မောင်းသူမဲ့လေယာဉ် (ပစ်မှတ်အတု)ကို ပစ်ခတ်ချေမှုန်းနိုင်ခဲ့ပါတယ်…။ လက်နက်စနစ်ရဲ့ ထိရောက်မှု အကွာအဝေးနဲ့ အသေးစိတ်အချက်လက်များကိုတော့ နိုင်ငံသားတယောက်အနေနဲ့ ထိန်းသိမ်းသွားရမှာမို့ စာဖတ်သူ ညီ၊အစ်ကိုတို့အနေနဲ့ သည်းခံပေးနိုင်ဖို့ မျှော်လင့်ပါတယ်..။

DI CIWS-N အနေနဲ့ ရုရှားတပ်မတော်သုံး AK-630 ၃၀မမ ၆ပြောင်းတွဲ မြန်နှုန်းမြင့်အမြောက်များလိုပဲ ထပ်တူတဲ့ စွမ်းဆောင်ရည်များပိုင်ဆိုင်ထားတာမို့ အရည်အသွေးပိုင်းမှာ စိုးရိမ်စရာမရှိပါဘူး..။ ရရှိထားသော အချက်လက်များအချို့အရ ရေတပ်ရဲ့ စစ်လက်နက်များ အထူးသဖြင့် အမြောက်စနစ်များကို အဆင့်မြင့်တင်မှုများပြုလုပ်နေပါတယ်…။ အမြောက်များနဲ့တွဲဘက်အသုံးပြုရတဲ့ ရေဒါစနစ်များကို ပြည်တွင်းမှပင် ထုတ်လုပ်နိုင်ခဲ့ခြင်းကလည်း အားရစရာပါ…။ နေပြည်တော် စစ်သမိုင်းပြတိုက်မှာပြသထားတဲ့ လက်နက်ထိန်းချုပ်စနစ် (ပြည်တွင်းထုတ်) များကို လေ့လာကြည့်မယ်ဆိုရင် အမြောက်စနစ်များသာမက ဒုံးများကိုပင် ထိန်းချုပ်နိုင်တဲ့နည်းပညာများ မြန်မာ့ရေတပ်မတော်အနေနဲ့ အပြည့်အဝပိုင်ဆိုင်လာပြီဖြစ်ပါတယ်….။

 နောက်ဆုံးအနေနဲ့ ဂုဏ်ယူစရာကတော့ ရေတပ်အနေနဲ့ ယခင်အသုံးပြုခဲ့တဲ့ အမြောက်များ (ခေတ်မမီတော့သော) နေရာမှာ အစားထိုးအသုံးပြုသွားတော့မှာ ဖြစ်ပြီး စွမ်းဆောင်ရည်ပိုမိုမြင့်မားသော စနစ်များတပ်ဆင်သွားတော့မှာဖြစ်ပါတယ်..။ ထို့ပြင် မြေပြင်လေကြောင်းရန်ကာကွယ်ရေး အမြောက်တပ်ဖွဲ့တိုင်းကို တပ်ဆင်ပေးနိုင်တော့မှာ ဖြစ်ကာ အလိုအလျောက်ထိန်းချုပ်မှုစနစ်အဖြစ် တပ်မတော်ရဲ့ အင်အားတစ်ရပ်အဖြစ် ထွက်ပေါ်လာတော့မှာဖြစ်ကြောင်း မိမိလေ့လာထားသလောက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်….။

ပါဝင်ဆွေးနွေးလိုတဲ့ ညီ၊အစ်ကိုများကိုလည်း ဖိတ်ခေါ်ပါတယ်..။ စစ်လက်နက်ဆိုင်ရာသတင်းများ၊ ဆောင်းပါးများလည်း ပေးပို့နိုင်ပါတယ်...။

KoMM

Wednesday, January 6, 2016

F12 KyanSitThar Guided Missile Stealth Frigate


မြန်မာ့တပ်မတော် (ရေ) ရဲ့ မကြာသေးခင်ကမှ တပ်တော်ဝင်ထားတဲ့ စစ်ရေယာဉ် ကျန်စစ်သား ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်ရဲ့ ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်…


မြန်မာ့ရေတပ်အနေနဲ့ ၂၀၀၉ခုနှစ်နှောင်းပိုင်းမှစတင်ကာ စစ်ရေယာဉ်အသစ်များ ဝယ်ယူခြင်း၊ ပြည်တွင်းတွင်ပင် တည်ဆောက်ခြင်းများ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွှက်ခဲ့ကြပါတယ်…။ ၅စီး၇ီးလို့ လူသိများတဲ့ ၅၅၁မှသည် ၅၇၀ အထိသော အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များ၊ ကိုယ်ပျောက်နည်းပညာသုံး ၄၉၁၊၄၉၂ အမြန်သွားတိုက်ခိုက်ရေးယာဉ်များ၊ ၇၇စီးရီးမှ ၇၇၃ကဲ့သို့သော ကိုယ်ပျောက်နည်းပညာသုံး ရေယာဉ်များ၊ များပြားလှစွာသော ကမ်းထိုးရေယာဉ်များ၊ မြစ်တွင်းသွား OPV စစ်ရေယာဉ်များ ၊ ဆရာရှမ်းကဲ့သို့သော ပင်လယ်ပြင် ရေယာဉ်ပြင်ဆင်ရေးယာဉ်များ နဲ့အတူ ရေတပ်ရဲ့ ဂုဏ်ယူဖွယ်ရာ စစ်ရေယာဉ်ကြီးများဖြစ်တဲ့ F11 အောင်ဇေယျ ၊ F12 ကျန်စစ်သား ကိုယ်ပျောက်ဖရီးဂိတ် စစ်ရေယာဉ် နှင့် F14 ပင်လယ်ပြင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ဖရီးဂိတ်စစ်ရေယာဉ်ကြီးများကို ပိုင်ဆိုင်နိုင်လာခဲ့ပြီ ဖြစ်ပါတယ်….။

ကျန်စစ်သား ပဲ့ထိန်းဒုံးတပ် ကိုယ်ပျောက်ဖရီးဂိတ် စစ်ရေယာဉ်ကြီး 

 အဆိုပါ စစ်ရေယာဉ်များအနက် စိတ်ဝင်စားမှုအများဆုံးရထားတဲ့ ကျန်စစ်သားဖရီးဂိတ်ဟာဆိုရင် ရေတပ်ရဲ့ ပထမဆုံးသော ကိုယ်ပျောက်နည်းပညာသုံး ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်ကြီးဖြစ်ပြီးတော့ တပ်ဆင်ထားတဲ့ လက်နက်စနစ်များဟာလည်း အလွန်အဆင့်မြင့်တာကိုတွေ့ရပါတယ်….။ 

လက်နက်စနစ်အချို့ကိုဖော်ပြပေးပါ့မယ်…

ပင်မလက်နက်စနစ်…… ၇၆မမ အမြောက်
အခြားလက်နက်စနစ်များ…..
 အေကေ၆၃၀ မြန်နှုန်းမြင့်အမြောက် x ၃လက်
 Igla-S တာတိုလေကြောင်းရန် ကာကွယ်ရေးဒုံးစနစ်
C-802A သင်္ဘောဖျက် ဒုံး ၈ စင်း
ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဗုံးစနစ်များ
ရေငုပ်သင်္ဘောဖျက် ပေါက်ကွဲအားပြင်း ဗုံးများ
Flare စနစ်များ
အီလက်ထရောနစ် စနစ်များ
တာဝေးထောက်လှမ်းနိုင်သော ရေဒါစနစ်ကြီး
ပင်လယ်ပြင် ကင်းလှည့် မောင်းသူမဲ့ စပိဘုတ် ၁ စင်း
ရေတပ်သုံး စစ်ရဟတ်ယာဉ် ၁ စင်း နဲ့အတူ လျို့ဝှက်ထားသော စနစ်များ ပါဝင်ပါတယ်…။

၇၆မမ ဘက်စုံသုံး အမြောက်ဖြင့် လေ့ကျင့်ခြင်း
 
 C-802A x 4 ရေပြင်မှရေပြင်ပစ် ပဲ့ထိန်းဒုံးများ
 
 ရေငုပ်သင်္ဘောဖျက် ဗုံးများ ပစ်ခတ်ခြင်း
Flare ပစ်ခတ်ခြင်း
 
 မောင်းသူမဲ့ ရေယာဉ်ငယ် နဲ့ ပေါက်ကွဲအားပြင်း ရေငုပ်သင်္ဘောဖျက်ဗုံး
 
ယူရိုကော်ပတာ ရဟတ်ယာဉ်ဖြင့် လေ့ကျင့်ခြင်း
 
 
ကျန်စစ်သား စစ်ရေယာဉ်ရဲ့ ထူးခြားချက်ကတော့ ပထမဆုံးသော ကိုယ်ပျောက်ဖရီးဂိတ်ဖြစ်သကဲ့သို့ ပင်လယ်ပြင် ကင်းလှည့်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွှက်နိုင်ခြင်း၊ ရန်သူ့ရေငုပ်သင်္ဘောများ ရှာဖွေဖျက်ဆီးခြင်းစသည့် အစွမ်းများပိုင်ဆိုင်ထားတဲ့ အနောက်နိုင်ငံထုတ် ရဟတ်ယာဉ်တစ်စီး တင်ဆောင်ကာ တာဝန်ထမ်းဆောင်လာခြင်း ဖြစ်ပါတယ်….။ ရေတပ်အနေနဲ့ အရင်က အင်းစီးရီး ရေယာဉ်များအပေါ် အမ်အိုင်-၂ အပေါ့စားရဟတ်ယာဉ်များ တင်ဆောင်နိုင်ခဲ့သော်လည်း ယနေ့ခေတ်အနေနဲ့ အဆိုပါ ရဟတ်ယာဉ်များဟာ အဆင်မပြေမှုများရှိလာခဲ့ပါတယ်…။


အပိုင်း-၂ ဆက်ရန်

မရေးတာ အတော်ကြာသွားလို့ စာဖတ်ပရိတ်သတ်ကို တောင်းပန်ပါတယ်…။ စာပြန်ရေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်..
KoMM