Thursday, April 20, 2017

မြန်မာ့တပ်မတော်ထုတ် လက်နက်ငယ်များ



မြန်မာ့တပ်မတော် ဂုဏ်ပြုဇတ်လမ်း "ပြည်ထောင်စုသစ္စာ" ဇာတ်ဝင်ခန်းများတွင်တွေ့ရသည့် စစ်လက်နက်များအား ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါသည်… အချက်လက်အမှားယွင်းပါက ဝေဖန်ထောက်ပြနိုင်ပါသည်… 

ဇာတ်လမ်းတွင်တွေ့ရသည့် စစ်လက်နက်များမှာ မြန်မာ့တပ်မတော်ထုတ် စစ်လက်နက်များဖြစ်ပြီး လက်နက်ငယ်များ လက်နက်ကြီးများ ကျည်ကာဝတ်စုံ ကျည်ကာဦးထုပ် အပြင် ပြည်ပမှဝယ်ယူခဲ့သည့် ၁၀၅မမအမြောက်ပြောင်းတပ် တင့်ချေမှုန်းရေးယာဉ်စသည်ဖြင့် စုံစုံလင်လင် လေ့လာနိုင်မည် ဖြစ်ပါသည်…

 MA-1 5.56mm Assault Rifle


MA-2 5.56mm LMG


MA-3 5.56mmCarbine

MA-4 5.56mm with 40mm Launcher

MA-7 60mm Mortar
 

MA-10 40mm RPG

MAS Mk.II Sniper Rifle


105mm Tank Killer


ကျည်ကာဦးထုပ်

ကျည်ကာ ဝတ်စုံ

 ချပ်ဝတ်တန်ဆာ
မြန်မာပြည်တဝှမ်းငြိမ်းချမ်းစေရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွှက်သော မြန်မာ့တပ်မတော်သားများနဲ့အတူ တပ်မတော် စစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့များအား ဂုဏ်ပြုတင်ပြပေးလိုက်ပါသည်….

KoMM

Tuesday, March 28, 2017

၇၂နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ Myanmar Armed Forces Day 2017


၇၂နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ရေးပြပွဲတွင်ပါဝင်ခဲ့သော စစ်လက်နက်အချို့အား ရှာဖွေတင်ပြပေးလိုက်ပါသည်…။ အဆိုပါ စစ်လက်နက်များ၏ အချက်လက်အတော်များများ ဖော်ပြခဲ့ဖူးပြီးဖြစ်သော်ကြောင့် ယခုပိုစ့်တွင် အမည်နဲ့ပုံတွဲ၍သာ တင်ပြပေးပါတော့မည်…

 
ပါဝင်သော စစ်လက်နက်အသစ်များ--

ယန္တရားစစ်ကြောင်း - အင်းလေးအမျိုးစား စစ်သုံးဂျစ်ကားများ  အလတ်စားတင့်ယာဉ်များ  တင့်ဖျက် ချေမှုန်းရေးယာဉ်များ 

T-72S ပင်မတိုက်ပွဲဝင်တင့်ကား (ရုရှားထုတ်)
 
Type-59M (မူလတရုပ်ထုတ်အား ပြည်တွင်းတွင် အဆင့်မြှင့်တင်ထား)

PTL-02 (MAT-3) တင့်ဖျက်ချေမှုန်းရေ တိုက်ယာဉ်

Innlay Multipurpose Vehicle အင်းလေး ဘက်စုံသုံးယာဉ်
 
WZ531 (XJZ92 ARV) သံချပ်ကာပြင်ဆင်ရေးယာဉ်
 

အမြောက်တပ်ဖွဲ့စစ်ကြောင်း - ယာဉ်တင်အမြောက်ကြီးများ အတွဲလိုက်ပစ် ဒုံးယာဉ်များ မိုးလေဝသတိုင်းတာရေး ရေဒါယာဉ်များ ဟောင်ဝစ်ဇာအမြောက်များ

MAM-02 240mm MLRS အတွဲလိုက်ပစ်ဒုံးတင်ယာဉ် (ပြည်တွင်းထုတ်)
 
SH-1 155mm ဟောင်ဝစ်ဇာအမြောက်ကြီးများ
 
Soltam M485P 155mm ဟောင်ဝစ်ဇာအမြောက်ကြီးများ

702D Radar အမြောက်တပ်ဖွဲ့သုံး ရာသီဥတုတိုင်းတာရေး ရေဒါစနစ်
 

လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့စစ်ကြောင်း- လေကြောင်းရန် တာလတ်ပစ်ဒုံးယာဉ်များ၊ ရေဒါယာဉ်များ ၊  တာတိုပစ်ဒုံးပစ်ခတ်ရေးယာဉ်များ 

MADV-1 Igla-S (နောင်ရိုးဂျစ်ပေါ်တွင် လေကာဒုံးတပ်ဆင်သည်)
 

MADV-3 Igla-S (Miltruck ပေါ်တွင် တပ်ဆင်ထားသော လေကာဒုံး)
 
KS-1M (ပြည်တွင်းတွင်ပင် ထုတ်လုပ်သော လေကာဒုံးဖြစ်မည်ဟု ယူဆရ)
 
Kvadart-M (ရုရှား၏ BUK-M1 စနစ်ဖြင့် စွမ်းဆောင်ရည်တူညီသော ဘီလာရုစ်နိုင်ငံထုတ် လေကာဒုံး)

မြန်မာ့တပ်မတော်ထုတ် Milturck မော်တော်ယာဉ်များပါဝင်သည့် ယာဉ်တင်စစ်ရေးပြအဖွဲ့- ရေသယ်ယာဉ်များ၊ ဆီသယ်ယာဉ်များ ၊ မီးသတ်ယာဉ်များ
ရှေ့တန်းပြင်ဆင်ရေးယာဉ် (ပြည်တွင်းထုတ် ပြင်ဆင်ရေးယာဉ်များဖြစ်ပြီး တင့် နဲ့ သံချပ်ကာယာဉ်များ အရေးပေါ်ပြုပြင်ထိန်းသိမ်းနိုင်စေရန် ရည်ရွှယ်ပါသည်.. ဖော်ပြပါပုံ၏ အနောက်ဘက်ကယာဉ်တွင် ကရိန်းတပ်ဆင်ထားကာ VN-24ဟု ခေါ်ဆိုကြောင်း သိရပါသည်)
 
ဆီသယ်ယာဉ်
ရေသယ်ယာဉ်
မီးသတ်ယာဉ် (တပ်မတော်ထုတ် Miltruck Heavy Duty Truck အခြေခံပြည်တွင်းထုတ် မီးသတ်ယာဉ်)

(ဖော်ပြပေးနိုင်ခြင်းမရှိသေးသော ပြည်တွင်းထုတ် စစ်ကားများအား ပုံရရှိသည့်အချိန်တွင် ထပ်မံတင်ပေးပါ့မည်)
ရှေ့တန်းခွဲစိတ်ကုသရေးယာဉ်
 

တပ်မတော်နေ့ဆိုင်ရာပုံအချို့
 



သတင်း နဲ့ ဓါတ်ပုံများအား ရေစာပါသော သတင်းဌါနများမှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်..။

ဆက်လက်ကြိုးစားပါ့မည်
KoMM