Thursday, January 30, 2014

ဘင်္ဂလားရေတပ်ဝယ်ယူမည့် Type-056 စစ်ရေယာဉ်

မြန်မာ့အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် နယ်နိမိတ်ဆက်စပ်နေသည့် အိန္ဒိယ၊တရုပ်စသည့် အင်အားကြီးနိုင်ငံများအပါဝင် မိမိတို့နိုင်ငံအနေဖြင့် သတိထားရမည့် ယိုးဒယားနှင့် ဘင်္ဂလားဒေ့်ရေတပ်တို့၏ ရေတပ်အင်အားတိုးချဲ့မှုကို လေ့လာကြည့်မိပြန်ပါတယ်...။ အရင်ကလည်း အတော်များများတင်ပေးပြီးဖြစ်လို့ ဒီတစ်ခါတော့ တလောကရေတပ်ချင်း ထိတွေ့မှုရှိခဲ့သည့် ဘင်္ဂလားရေတပ်အကြောင်း တစ်ခုဖော်ပြပေးလိုက်ပါ့မယ်...။

ဘင်္ဂလားရေတပ်အနေနှင့် စစ်ရေယာဉ်များတိုးချဲ့မှုကို အပြင်းအထန်ကြိုးပမ်းနေတယ်ဆိုတာ သိသာလှပါတယ်...။ အဆိုပါတိုးချဲ့မှုများအနက် ထူးထူးခြားခြားကတော့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ရေယာဉ်ဟောင်းကြီး ၁စီး၊ အင်္ဂလန်ရေတပ်၏ ကော်ဗတ်အဟောင် ၂စီး၊တရုပ်ရေတပ်မှ Durjoy Class အမြန်ရေယာဉ် ၂စီး၊ Type-053H2 ဖရီးဂိတ်အဟောင်း ၂စီး နှင့် ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ် အသစ် ၂စီးတို့ ဝယ်ယူမှုဖြစ်ပါတယ်...။ ပုံစံ-၀၅၆ ကော်ဗတ်ကလွှဲလို့ ကျန်တဲ့စစ်ရေယာဉ်တွေကတော့ ဘင်္ဂလားရေတပ်အနေနှင့် လက်ခံရရှိပြီးဖြစ်ပါတယ်...။ အဲ့တော့ ဘင်္ဂလားရေတပ်အတွက် တည်ဆောက်နေဆဲ ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ်ကို လေ့လာကြည့်ကြရအောင်ပါ...။

ပုံစံ-၀၅၆ ကိုယ်ပျောက်နည်းပညာသုံး ကော်ဗတ်ဟာ တရုပ်နိုင်ငံမှ တည်ဆောက်ခဲ့တဲ့ စစ်ရေယာဉ်များဖြစ်ပြီး ပုံစံ-၀၃၇ ရေယာဉ်များနေရာမှာ အစားထိုးရန်ဖို့အတွက်  ရည်ရွှယ်တည်ဆောက်ခဲ့တဲ့
 ရေယာဉ်အမျိုးစားဖြစ်ပါတယ်...။ တန်ချိန် ၁၄၀၀ရှိပြီး မီတာ(၉၀)အရှည်ရှိတဲ့ အဆိုပါရေယာဉ်များဟာ အမြန်နှုန်း ရေမိုင်(၂၈)နှုန်းနှင့်မောင်းနှင်နိုင်ပါတယ်..။ အင်ဂျင်ပိုင်းမှာကတော့ CODAD ဒီဇယ်အင်ဂျင် ၂လုံးတပ်ဆင်ထားပါတယ်..။ ကော်ဗတ်စစ်ရေယာဉ်တစ်စင်းအတွက် လုံလောက်တဲ့ စွမ်းရည်ပိုင်ဆိုင်ထားပါတယ်...။

ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ်ရဲ့ လက်နက်စနစ်တွေကတော့-

၁.စီ-၈၀၂ ရေပြင်မှရေပြင်ပစ်ဒုံး............... ၄စင်း
၂.အေကေ-၁၇၆ ၇၆မမ........................ ၁လက်
၃.အက်ဖ်အယ်လ်-၃၀၀၀အန်န် SAM....... ၈စင်း
၎.H/PJ-17 ၃၀မမ အမြေက်ာ................၂ လက်
၅.၁၂.၇မမ စက်သေနတ်...................... ၂လက်
၆.ပုံစံ-၇၂၆ တော်ပီဒို........................... ၆စင်း တို့ဖြစ်ပါတယ်...။

လက်နက်စနစ်ပိုင်းအတွက်တပ်ဆင်ထားတဲ့ ရေဒါစနစ်တွေကတော့-
1.Surface Search Radar
2.Air Search Radar
3.Gun Fire Control
4.Missile Fire Control
5.Navigation
6.Data Link
7.Data System တို့အပြင် ရေငုပ်သင်္ဘောရှာဖွေထောက်လှမ်းရေးအတွက်ကိုတော့ Towed Array Sonar စနစ်အသုံးပြုထားပါတယ်...။

ပင်လယ်ပြင်ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက်လည်း တရုပ်ရေတပ်သုံး Z-9 ရဟတ်ယာဉ်တစ်စီး သယ်ဆောင်နိုင်ပါတယ်...။

တရုပ်တပ်မတော်ထုတ် (ရုရှားမူရင်းထုတ်) အေကေ-၁၇၆မမ ၇၆မမ ရေတပ်သုံးအမြောက်

၃၀မမ ခေတ်မှီအမြောက်စနစ် (ဘင်္ဂလားရေယာဉ်တွင် အဆိုပါအမြောက်စနစ်ပါမပါမသိရသေး)
 အမြာက် စမ်းသပ်ပစ်ခတ်နေစဉ်
 FL-3000N CIWS (တာတို လေကြောင်းရန် ကာကွယ်ရေးဒုံးစနစ်)
 ရေငုပ်သင်္ဘောရှာဖွေရေးသုံး Z-9 ရဟတ်ယာဉ် သယ်ဆောင်ထားစဉ်
 တရုပ် ရေတပ်မတော်ရှိ တပ်တော်ဝင်ပြီး ပုံစံ-၀၅၆ ကိုယ်ပျောက်နည်းပညာသုံး ကော်ဗတ်စစ်ရေယာဉ်များ
သုံးသပ်ချက်။ ။ ပုံစံ-၀၅၆ ကိုယ်ပျောက်နည်းပညာသုံး ကော်ဗတ်စစ်ရေယာဉ်များသည် ၂၀၁၂ခုနှစ်အတွင်းမှ တပ်တော်ဝင်ခဲ့ကြသည့် ရေယာဉ်များဖြစ်ပြီး တရုပ်ရေတပ်၏ အားထားရသော စစ်ရေယာဉ်များဖြစ်ခြင်းကြောင့် ဘင်္ဂလားရေတပ်၏ ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ်များ ပိုင်ဆိုင်လိုမှုသည် ၄င်းတို့ရေတပ်၏ အိုမင်းနေပြီးဖြစ်သော ဖရီဂိတ်များအပါဝင် အမြန်သွားတိုက်ခိုက်ရေးယာဉ်များအား အစားထိုးရန်ဟု ခန့်မှန်းရပါသည်...။ လက်ရှိရေတပ်၏ စစ်သင်္ဘောများတွင် ၄၀ရာခိုင်နှုန်းကသာ စစ်ကစားနိုင်စွမ်းရှိသည်ဟု သိရှိထားရပြီး မြစ်တွင်းလှုပ်ရှား စစ်ကစားနိုင်သည့် ရေယာဉ်ငယ်များသာ ပိုင်ဆိုင်ထားကြပါသည်...။

ထို့ကြောင့် လစ်ဟာနေသည့် စစ်ဆင်ရေးစွမ်းရည်အား ဖြည့်တင်းရာတွင် ပုံစံ-၀၅၆ရေယာဉ်များ ဖြည့်တင်းခဲ့ကြခြင်းဖြစ်ပါသည်..။ အင်္ဂလန်နှင့်အမေရိကန်ရေတပ်မှ ရရှိထားသည့် ရေယာဉ်များမှာလည်း အလွန်အိုဟောင်းနေကြပြီဖြစ်ရာ အလွန်ဆုံးသုံးရမှ ၁၀-၁၅နှစ်ဟု သိရပြီး ထိုထက်ပင် ပိုမိုဆိုးရွားနိုင်ပါသည်...။ ပုံစံ-၀၅၃H၁ ဖရီဂိတ် (၁)စင်း ပိုင်ဆိုင်ထားသည့် ဘင်္ဂလားရေတပ်သည် တလောလေးကမှ ပုံစံ-၀၅၃H၂ ဖရီဂိတ် (၂)စင်းဖြည့်တင်းထားပြီး SY-2 များအစား စီ-၈၀၂အေ ရေပြင်မှရေပြင်ပစ် ဒုံးများတပ်ဆင်ထားပါသည်...။ အဓိကအားနည်းချက်အနေဖြင့် ခေတ်သစ် စစ်ပွဲများတွင် အဓိကအရေးပါလာသည့် သင်္ဘောဖျက်ဒုံးတပ် တိုက်လေယာဉ်များ ရှာဖွေထောက်လှမ်းနိုင်စွမ်း နည်းပါးမှုဖြစ်ပါသည်...။

(စကားချပ်။ ။ မိမိတို့ ရေတပ်၏လေတပ်ဖွဲ့ကို မကြာမှီ ဖွဲ့စည်းသွားမည်ဖြစ်ပြီး တရုပ်လေတပ်၏ C-802A သင်္ဘောဖျက်ဒုံးများ တပ်ဆင်နိုင်သည့် နာမည်ကျော် JH-7A များ ဝယ်ယူမည်ဖြစ်ရာ ဘင်္ဂလားရေတပ်၏ ရေယာဉ်စုများအတွက် အိမ်မက်ဆိုးများ ဖြစ်နေစေဦးမည် ဖြစ်ပါသည်။)

သို့သော် ပုံစံ-၀၅၆ ရေယာဉ်တွင် အားသားချက်များလည်း ရှိနေပါသည်။ ကိုယ်ပျောက်နည်းပညာအသုံးပြုထားခြင်း၊ FL-3000N ကဲ့သို့သော် တာတိုလေကာစနစ်တပ်ဆင်ထားခြင်း ၃၀မမ နည်းပညာမြှင့်စက်အမြောက်တပ်ဆင်ထားခြင်း စသည်သို့သည် တပ်မတော်(ရေ)၏ ပြည်တွင်းတည်ဆောက်ခဲ့သည့် ၄၉၁ ကိုယ်ပျောက် အမြန်တိုက်ခိုက်ရေးယာဉ်များနှင့် နှိုင်းယှဉ်နိုင်ပါသည်..။

မိမိတို့ရေတပ်အပေါ်တွင် မည်သည့်အကျိုး သက်ရောက်နိုင်ပါမည်နည်းဟု ဆိုရလျှင် သိသာလှသည့် သက်ရောက်မှုရှိမည်မဟုတ်ပါ။ မကြာမှီတပ်တော်ဝင်တော့မည့် ကျန်စစ်သား ကိုယ်ပျောက်နည်းပညာသုံး ဖရီဂိတ်ကြီး တပ်တော်ဝင်ခြင်းအပါဝင် ၇၉မီတာရှိ ကိုယ်ပျောက် ကော်ဗတ်စစ်ရေယာဉ်များနှင့် F13 ကိုယ်ပျောက် ဖရီးဂိတ်များ ရေချခြင်းအခမ်းအနားပြုလုပ်တော့မည်ဖြစ်ရာ လာမည့် ၃-၄အတွင်း တပ်မတော်(ရေ)သည် ဒေသတွင်းနိုင်ငံများအကြား အင်အားတောင့်တင်းသော ရေတပ်မတော်ကြီးတစ်ရပ် ပိုင်ဆိုင်နိုင်လာတော့မည် ဖြစ်ပါသည်...။

အချူပ်အားဖြင့်ဆိုရသော် ဘင်္ဂလားရေတပ်၏ ရေယာဉ်တိုးချဲ့မှုသည် တပ်မတော်(ရေ)အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်မဟုတ်သေးစေကာမှု မကြာမှီအချိန်အတွင်းတွင် တပ်မတော်(ရေ)သည်လည်း ပြည်ပမှ ဖရီဂိတ်ရေယာဉ်များအပါအဝင် လိုအပ်သည့် ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ်များ၊တိုက်လေယာဉ်များ ဝယ်ယူမှုကို အချိန်မကြန့်ကြာစေဘဲ အမြန်ဖြည့်တင်းသင့်နေပြီဖြစ်ပါသည်...။

အားလုံးကို အစဉ်လေးစားလျှက်-
ကိုmm

Thursday, January 23, 2014

မြန်မာ့တပ်မတော်ထုတ် ခေတ်မှီသံချပ်ကာယာဉ်များအကြောင်း

 မင်္ဂလာပါခင်ဗျာ...။

ပိုစ့်မတင်ဖြစ်တာလည်း နည်းနည်းကြာနေလို့ စောင့်နေကြတဲ့ ညီ၊အစ်ကိုတွေကို ဒီနေ့တော့ တပ်မတော်ထုတ် သံချပ်ကာယာဉ်(အပေါ့စား)၊ကင်းလှည့်ယာဉ်တွေနှင့် မိတ်ဆက်ပေးချင်ပါတယ်...။ မြန်မာ့တပ်မတော်မှာ ဟိုးအရင်ခုနှစ်များဆီကနေစတင်ပြီး BAAC စီးရီး ကင်းလှည့်သံချပ်ကာယာဉ်တွေကို ပြည်တွင်းမှာဘဲတပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်...။ အမှန်တိုင်းဝန်ခံရမယ်ဆိုရင် အဆိုပါ၈၀ခုနှစ်များက ထုတ်လုပ်ခဲ့တယ် သံချပ်ကာကင်းလှည့်ယာဉ်များဟာ အသင့်ရှိပြီး စစ်သုံးယာဉ်များကို သံချပ်ကာအုပ်ထားတဲ့ ကင်းလှည့်ယာဉ်များသာ ဖြစ်ခဲ့ကြပါတယ်...။ သို့သော် တပ်မတော်သံချပ်ကာတပ်ရဲ့ လိုအပ်နေတဲ့ တိုက်စစ်စွမ်းရည်ကိုတော့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ခဲ့ကြပါတယ်...။

မြန်မာ့တပ်မတော်ဟာ ရှိရင်းစွဲလက်နက်စနစ်များကို သုတေသနပြုလေ့လာရင်း ပို၍ပို၍ ကောင်းမွန်တဲ့စနစ်များအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်...။ သိသာတဲ့အချက်ကတော့ ယခင် BAAC သံချပ်ကာကင်းလှည့်ယာဉ်များကို အခြေပြုတီထွင်ထုတ်လုပ်ခဲ့တဲ့ MAV စီးရီး သံချပ်ကာကင်းလှည့်ယာဉ်များဘဲဖြစ်ပါတယ်...။ MAVလို့အတိုကောက်ခေါ်ဝေါ်တဲ့ Myanmar Armoured Vehicle (MAV) သံချပ်ကာကင်းလှည့်ယာဉ်များကို ရရှိထားသည့် ပုံများအရဆိုရင် မျိုးကွဲ(၄)မျိုးတွေ့ရနိုင်ပါတယ်...။ အဆိုပါ(၄)မျိုးစလုံးကို ပုံများနှင့်တကွဖော်ပြပေးလိုက်ပါတယ်...။

MAV-1 Scout Car (ကင်းထောက်ယာဉ်)

MAV-1 SCဟာဆိုရင် အရင် BAAC စီးရီးသံချပ်ကာကင်းလှည့်ယာဉ်တွေအပေါ်အခြေခံထားတယ်ဆိုတာ သိသာပါတယ်...။ ထူးခြားချက်အနေဖြင့် အဆိုပါသံချပ်ကာကင်းလှည့်ယာဉ်ဟာ အရင် BAAC စီးရီးများကဲ့သို့ ရှိရင်းစွဲစစ်ယာဉ်များကို သံချပ်ကာအုပ်ထားခြင်းမဟုတ်တော့ဘဲ စနစ်တစ်ခုလုံးကို သံချပ်ကာယာဉ်အဖြစ် ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ခြင်းဘဲဖြစ်ပါတယ်...။ ဒါဟာ မြန်မာ့တပ်မတော်ရဲ့ ခေတ်မှီသံချပ်ကာယာဉ်များ တည်ဆောက်မှု အစလို့လည်း သတ်မှတ်နိုင်ပါတယ်...။ တပ်ဆင်ထားတဲ့လက်နက်စနစ်ကို ပုံအရပြောရမယ်ဆိုရင် ၁၂.၇မမ စက်ကြီးတပ်ဆင်ထားပါတယ်...။ ပစ်ခတ်ထိန်းချုပ်မှုစနစ်ကိုတော့ မသိရပါဘူး...။ သံချပ်ကာယာဉ်အနေဖြင့် တန်ချိန် (၃.၇၅)တန်ရှိပါတယ်...။

MAV-2 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)

MAV စီးရီးရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ကတော့ BAACစီးရီးများကနေ အတော်လေးခွဲထွက်လာခဲ့ပါပြီ။ ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ဆိုတဲ့အတိုင်း စစ်သည်များအနေဖြင့်လည်း လိုက်ပါတိုက်ပွဲဝင်နိုင်စွမ်းရှိလာပြီးတော့ လက်နက်စနစ်ကိုလည်း ၂၀မမ စက်အမြောက်အပြင် ၇.၆၂မမ စက်ကလေးနှင့် အားဖြည့်ထားပါတယ်...။ တန်ချိန်(၉)တန်ရှိပါတယ်...။ ပိုပြီးတိကျတဲ့ အချက်လက်တွေတော့ မရရှိသေးပါဘူး...။

MAV-3 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)

MAV-3 သံချပ်ကာယာဉ်ကတော့ MAV-2 နှင့်အနည်းငယ်သာ ကွဲပြားတဲ့တိုက်ယာဉ်ပါ...။ ထူးခြားချက်ကတော့ အင်ဂျင်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာပြီးတော့ ပစ်အားကိုမြှင့်ထားတယ်လို့ သိရပါတယ်...။ကျန်တဲ့ထူးခြားချက်တော့ ကျွှန်တော်မတွေ့မိပါဘူး...။ (ညီ၊အစ်ကိုတွေအနေနှင့် ဝင်ထောက်ပြပေးနိုင်ပါတယ်...။)

MAV-4 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)

 တိုက်ယာဉ်အဖွဲ့သား (၄)ယောက်နှင့် ၀.၅စက်သေနတ်နှစ်လက်တွဲ တပ်ဆင်ထားတဲ့ MAV-4 ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ဟာဆိုရင် တန်ချိန်(၆.၇၇)တန်ရှိပြီး ထုတ်လုပ်မှုအစီးရေ ပမာဏမများဘူးလို့ သိရပါတယ်...။

မြန်မာ့တပ်မတော်ရဲ့ သံချပ်ကာထုတ်လုပ်ရေး စီမံကိန်းများအနက် MAV စီးရီးတွေအနေနှင့် သိရသလောက်ကိုဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်...။ နောက်ထပ်ဖော်ပြပေးမယ့် မျိုးဆက်သစ်ခေတ်မှီ သံချပ်ကာကင်းလှည့်ယာဉ်တစ်မျိုးကတော့ အပေါ့စားသံချပ်ကာကင်းထောက်ယာဉ်များလို့ သတ်မှတ်နိုင်တဲ့ ULARV စီးရီးများဘဲဖြစ်ပါတယ်...။ တကယ်တော့ ဒီစီးရီးသံချပ်ကာယာဉ်တွေဟာ အရင်ထုတ်လုပ်ခဲ့ဘူးသမျှသော သံချပ်ကာယာဉ်များနှင့်စာရင် လုံးဝကိုကွဲပြားသွားတဲ့ ဒီဇိုင်းနှင့်စနစ်များဘဲဖြစ်ပါတယ်...။ အနည်းငယ်အကျယ်ချဲ့လေ့လာကြည့်ရအောင်-

ULARV-1

ULARV-1 သံချပ်ကာကင်းထောက်ယာဉ်ကို မြန်မာ့တပ်မတော်ကဘဲ ဒီဇိုင်းဆွဲတီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ ၁၄.၅မမ စက်ကြီးကိုတပ်ဆင်ထားပါတယ်...။ ယာဉ်ရဲ့ ကြံခိုင်မှုဟာ အားရစရာကောင်းလှပြီး ရုရှားတပ်မတော်သုံး Tigr သံချပ်ကာကင်းထောက်ယာဉ်များကဲ့သို့ပင် စွမ်းဆောင်ရည်ရှိပါတယ်...။ အပေါ့စားကင်းထောက်ယာဉ်လို့ သတ်မှတ်ထားပင်မယ့် ၁၄.၅မမ စက်သေနတ်ရဲ့ ထိရောက်မှုအားဟာ တဖက်ရန်သူကို အကောင်းဆုံးချေမှုန်းနိုင်စွမ်းရှိနေပါတယ်...။ ဂုဏ်ယူဖွယ်ရာနောက်တစ်ချက်ကတော့ တပ်ဆင်ထားတဲ့ စက်သေနတ်များကို ယာဉ်အတွင်းကနေ ထိန်းချုပ်ပစ်ခတ်နိုင်စွမ်းရှိပြီးတော့ ထိရောက်တဲ့စနစ်ဖြစ်ကြောင်း စမ်းသပ်မှုများအရ သိရှိရပါတယ်...။ လျင်မြန်စွာစစ်ကစားလှုပ်ရှားမယ့် တိုက်ယာဉ်အမျိုးစားတစ်စင်းဘဲ ဖြစ်ပါတယ်...။

လေကြောင်းရန်အတွက်လည်း Igla ကဲ့သို့သော တာတိုထိရောက်မှုအားကောင်းသည့် လေကာစနစ် တပ်ဆင်ထားနိုင်မှုကိုကြည့်မယ်ဆိုရင် ULARV-1 တိုက်ယာဉ်များရဲ့ စွမ်းဆောင်မှုကို ခန့်မှန်းနိုင်ကြမယ်ထင်ပါတယ်...။ တပ်မတော်ရဲ့ အနာဂတ် စီမံကိန်းများအနက်တစ်ခုဖြစ်တဲ့ စစ်ယာဉ်တန်းများ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည်ကို ဖြည့်ဆည်းပေးနိုင်မယ့် တိုက်ယာဉ်များလည်းဖြစ်ပါတယ်...။

လေကြောင်းရန် ကာကွယ်ရေးသုံး Igla တာတိုပစ်ဒုံးလက်နက်တပ် ULARV-1

ULARV-2

ULARV-2 ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ကိုတော့ ၁၄.၅မမ စက်ကြီးအပြင် Igla ကဲ့သို့သော တာတိုပစ် လေကြောင်းရန် ကာကွယ်ရေးလက်နက်စနစ်များကိုလည်း ပူးတွဲ တပ်ဆင်ထားနိုင်ပါတယ်...။ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းများအတွက်လည်း လိုအပ်ချက်အရ Igla တာတိုပစ် ဒုံးများတပ်ဆင်ပေးနိုင်ပါတယ်...။ အတည်ပြုလို့မရသေးတဲ့ သတင်းများအရဆိုရင် ကွန်ပြူတာ ထိန်းချုပ်ရေးစနစ်များပါ တပ်ဆင်ထားပြီး သံချပ်ကာတပ်ရင်းများရဲ့ အားထားရတဲ့ တိုက်ယာဉ်များအဖြစ် နေရာယူလာမယ့် အမျိုးစားလို့ သိရပါတယ်...။

ULARV-3 

ဒီကနေ့တင်ပြပေးမယ့်အထဲမှာတော့ ညီ၊အစ်ကိုတို့အတွက် ထူးထူးခြားခြားအဖြစ် ULARV-3 သံချပ်ကာအကြောင်းကိုလည်း အနည်းငယ်ဖော်ပြပေးပါ့မယ်...။ အရင်ထုတ်လုပ်ခဲ့တဲ့ တိုက်ယာဉ်များနှင့် ကွဲပြားစွာထုတ်လုပ်ထားတဲ့ ULARV-3 သံချပ်ကာယဉ်များကို မြန်မာ့တပ်မတော်မှ ဒီဇိုင်းဆွဲထုတ်လုပ်ထားတာဖြစ်ပြီးတော့ ထူးခြားချက်အနေနှင့် ပြည်ပနည်းပညာတစ်ချို့ကို ပူးပေါင်းတပ်ဆင်ထားခြင်းဖြစ်ပါတယ်...။ ၃၆၀ဒီဂရီလှည့်ပတ် ပစ်ခတ်နိုင်တဲ့ ၃၀မမလက်နက်စနစ်ကိုတော့ ပြည်ပနိုင်ငံတစ်ခုဆီကနေ နည်းပညာဝယ်ယူကာ ပြည်တွင်းမှာဘဲ တပ်ဆင်ထုတ်လုပ်ခဲ့ပြီး ခေတ်မှီနည်းပညာများ ထည့်သွင်းထားပါတယ်...။ ယာဉ်ရဲ့အတွင်းပိုင်းစနစ်ကို အထူးပြုလုပ်ထားပြီးတော့ တစ်ချိန်ချိန်မှာ ပြည်ပနိုင်ငံများကိုပင်
 ရောင်းချပေးနိုင်တဲ့စနစ်တွေပါဝင်ပါတယ်...။ ယခုပုံမှာတွေ့ရတဲ့ သံချပ်ကာယာဉ်ဟာဆိုရင် စမ်းသပ်ဆဲအဆင့်သာရှိပြီးတော့ အပြီးသတ်ထုတ်လုပ်မှုပြုလုပ်ပြီး ဖြစ်ပါတယ်..။ သံချပ်ကာယာဉ်များရဲ့ တိုက်စစ်စွမ်းရည်ကိုလည်း မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့
 ခြေလျင်၊တင့်နှင့်သံချပ်ကာ လေ့ကျင့်မှုတစ်ခုအတွင်းမှာ စမ်းသပ်ခဲ့ပြီး အားရဖွယ်တွေ့ရှိခဲ့ရပါတယ်...။

ကျွှန်တော်အနေနှင့် အမှတ်မမှားဘူးဆိုရင် ပထမဆုံးသော တပ်မတော်ထုတ် ၆×၆ ဘီးတပ် သံချပ်ကာယာဉ်အမျိုးစားဘဲဖြစ်ပါတယ်...။ မျိုးကွဲများရှိသည့်အနက် အချို့တိုက်ယာဉ်များကိုတော့ အမိန့်ပေးယာဉ်အဖြစ်အသုံးပြုတာကိုလည်း တွေ့ရပါတယ်...။

အထက်မှာဖော်ပြပေးခဲ့တဲ့ သံချပ်ကာတိုက်ယာဉ်များဟာ ပြည်တွင်းတွင်ပင် ဒီိဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ သံချပ်ကာယာဉ်များဖြစ်ပြီးတော့ ယူကရိန်း၏ ကမ္ဘာကျော် BTR-3U နှင့် MT-LBMsh ကဲ့သို့သော သံချပ်ကာနှင့်အပေါ့စားတင့်များကိုပင် တပ်မတော်အနေဖြင့် ထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်...။

နောက်ဆုံးတစ်ခုကတော့ အလွန်ထူးခြားတဲ့ သတင်းတစ်ခုပါဘဲ...။ မြန်မာ့တပ်မတော် အကြီးစားစက်ရုံတွေကို အရင်က ကျွှန်တော်တို့ ဒီလိုမြင်တွေ့ရမယ်လို့ မျှော်လင့်မထားခဲ့မိတာ အမှန်ဘဲဖြစ်ပါတယ်...။ မြဝတီသတင်းကနေ ထုတ်လွှင့်ခဲ့တဲ့ သတင်းတစ်ခုဖြစ်ပါတယ်...။ မြန်မာ့တပ်မတော်အတွက် အရေးကြီးလှတဲ့ စစ်ယာဉ်များထုတ်လုပ်မှုပါ...။ ပြည်တွင်းထုတ် ၁၂၂မမအတွဲလိုက်ပစ် ဒုံးပစ်စင်များအဖြစ် သော်လည်းကောင်း၊ အမြောက်ဆွဲယာဉ်များအဖြစ် သော်လည်းကောင်း အသုံးပြုနိုင်မည့် Heavy Duty Military Truckများ ထုတ်လုပ်မှုအား မြင်တွေ့ရစဉ်ဖြစ်ပါသည်...။


(အထက်ပါ ဖော်ပြထားသော သံချပ်ကာယာဉ်များ၏ အချက်လက်မှားများရှိပါက ကျွှန်တော့်၏ အမှားသာလျင်ဖြစ်ပြီးတော့ မိတ်ဆွေတို့အနေဖြင့် ကော်မန့်မှတစ်ဆင့်သော်လည်းကောင်း ထောက်ပြပေးနိုင်ပါတယ်ခင်ဗျာ...။)

သတင်းဓါတ်ပုံ- မြဝတီ သတင်းဌါန

Thursday, January 16, 2014

J-10နှင့် Mig-29SEတို့အား နှိုင်းယှဉ်လေ့လာခြင်း

 မြန်မာ့တပ်မတော်(လေ)ဆိုင်ရာ သတင်းများအကြား အထူးစိတ်ဝင်စားနေကြသည့် သင့်တော်မည့် မျိုးဆက်သစ် ဘက်စုံသုံးတိုက်လေယာဉ်များအကြောင်းကို သုံးသပ်ချက်၊နှိုင်းယှဉ်ချက်များဖြင့် ပြည့်ပြည့်စုံစုံပြန်လည်၍ ဖော်ပြခွင့်ပေးသော ကိုSkyကို ကျွှန်တော်အနေဖြင့် စာဖတ်သူ ညီ၊အစ်ကိုများ ကိုယ်စားကျေးဇူးတင်ရှိကြောင်း ဒီနေရာလေးကနေ ပြောကြားလိုပါတယ်...။ အနာဂါတ် တပ်မတော်(လေ)အတွက် စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ သုံးသပ်ချက်တွေကို လေ့လာကြည့်ကြပါဦးခင်ဗျာ... :)

 တပ်မတော်(လေ)အတွက် မကြာမီ အနားပေးတော့မည့် လေယာဉ်များကို အစားထိုးရာတွင် သင့်တော်မည့်လေယာဉ်များထဲမှ ကုန်ကျစရိတ်သက်သာပြီး အဆင့်မြင့်နည်းပညာ အသုံးပြုထားသော တိုက်လေယာဉ်တစ်မျိုးဖြစ်သော J-10 multirole fighterကို ဖော်ပြလိုက်ပါသည်။ထိုလေယာဉ်သည် အလတ်စားတိုက်လေယာဉ် ဖြစ်နေသောကြောင့် တပ်မတော်(လေ)မှ Mig-29တိုက်လေယာဉ်နှင့် အတန်းအစား တူညီနေပါသည်။ ထိုလေယာဉ်နှစ်စီးရဲ့ အားနည်းချက်၊အားသာချက်များကို မည်သည့်ရည်ရွယ်ချက်မျှ မပါဝင်ပဲ ဖော်ပြပေးလိုက်ပါသည်။

J-10 multirole fighter(မျိုးဆက်သတ်မှတ်ချက် 4+ generation)

 
 J-10တိုက်လေယာဉ်သည် တစ်ယောက်မောင်း ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး တရုပ်ပြည်သူ့သမ္မတလွတ်မြောက်ရေး လေတပ်မတော်(PLAAF)၏ ပင်မကျောရိုး တိုက်လေယာဉ်ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုမှထုပ်လုပ်သော Mig-29/Su-27နှင့် အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သော F-16/F-15တို့နှင့် တန်းတူ ယှဉ်ပြိုင်နိုင်ရေးကို ရည်ရွယ်ကာ ထုတ်လုပ်ထားသော စတုတ္ထမျိုးဆက် ဘက်စုံသုံးတိုက်လေယာဉ်ဖြစ်သည်။ထိုတိုက်လေယာဉ်ကို ၁၉၈၈ခုနှစ် ဇန်နဝါရီလတွင် စီမံကိန်းအမှတ် ၁၀(project 10)ဟု အမည်ပေးထားသော J-10တိုက်လေယာဉ် စီမံကိန်းကို စတင်အကောင်အထည်ဖော်ရန် အမှတ်(၆၀၁)သုတေသနဌာန ကို တာဝန်ပေးအပ်ခဲ့သည်။ပထမအကြိမ်စမ်းသပ်ပျံသန်းမူကို ၁၉၉၈ မတ်၂၃တွင် စတင်ပျံသန်းနိုင်ခဲ့သည်။

J-10တိုက်လေယာဉ်အား ယခင် J-8 တိုက်လေယာဉ်ကို စမ်းသပ် အဆင့်မြင့်ထားသော J-9တိုက်လေယာဉ် ပေါ်တွင်အခြေခံခဲ့သည်။စတင်ကြိုးစားထုတ်လုပ်စဉ်က တရုပ်လေတပ်(PLAAF)သည်ယခင်ရှေးရိုးစွဲ အယူအဆဖြစ်သော 4generation တိုက်လေယာဉ်များကို ယှဉ်ပြိုင်နိုင်မည့် ကြားဖြတ်တိုက်လေယာဉ်အဖြစ် ထုတ်လုပ်ရန်သာ ရည်ရွယ်ထားသည်။အစ္စရေးလေတပ်၏ Lavi တိုက်လေယာဉ်စီမံကိန်းသည် စမ်းသပ်လေယာဉ် အဆင့်တွင်သာ အမေရီကန်တို့၏ တားဆီးမူကြောင့် ရပ်တန့်သွားခဲ့ရသည်။ထိုLaviတိုက်လေယာဉ်သည် အမေရီကန်တို့၏ F-16ကို ကောင်းစွာယှဉ်နိုင်မည့် aerodynamic ဒီဇိုင်းများဖြစ်နေသောကြောင့် ပိတ်ပင်တားဆီးခဲ့သည်(ထိုအချိန်က အမေရီကန်၏ ခေတ်ရှေ့အပြေးဆုံးတိုင်လေယာဉ်မှာ F-16ဖြစ်သည်)။ထိုကြောင့် Laviတိုက်လေယာဉ်စီမံကိန်းသည် ဒီဇိုင်းခြင်းနီးစပ်သော Project-10ရှိရာ တရုပ်လေတပ်ဆီသို့ ရောက်ရှိသွားကြောင်းနိုင်ငံတကာ ပညာရှင်များက ဆိုပါသည်။ထို့အပြင် J-10လေယာဉ် ဒီဇိုင်းသည် အရွယ်အစားအနည်းငယ်နှင့် ဒီဇိုင်း အနည်းငယ်ပြောင်းရုံမှ အပ ကျန်အရာများ အာလုံးသည် Laviတိုက်လေယာဉ်ဖြင့် ဆင်တူနေသည်။ထို့အပြင် တစ်စီးထဲသော Lavi တိုက်လေယာဉ် စမ်းသပ်လေယာဉ်မှာလည်း Chengdu လေယာဉ်စက်ရုံတွင် တွေ့ရှိခဲ့ကြောင်း လေယာဉ်ထုပ်လုပ်ရေးတွင် အစ္စရေးကုမ္ပဏီ တချို့ပါဝင်ခဲ့ကြောင်းသိရှိရသည်။ရုရှားတို့မှ ထိုလေယာဉ်အား aerodynamicပိုင်းဆိုင်ရာ အကြံပြုလေ့လာခြင်း J-10တိုက်လေယာဉ်ပုံစံငယ်များကို ရုရှားနိုင်ငံ၏ wind tunnel testing ပြုလုပ်ပေးပြီး J-10တိုက်လေယာဉ်တွင် တပ်ဆင်ထားသော AL-31FN 

အင်ဂျင်များရောင်းချပေးခြင်း အင်ဂျင်ပေါင်းစပ်တပ်ဆင်နိုင်ရေး စသည်တို့ကို ကူညီပေးခဲ့သည်။


J-10 တိုက်လေယာဉ်နှင့် အစ္စရေး၏ Lavi တိုက်လေယာဉ်

J-10တိုက်လေယာဉ်ကို တရုပ်လေတပ်မတော်တွင် ၂၀၀၁ခုနှစ်ခန့်မှ စတင်အသုံးပြုခဲ့ပြီး ၂၀၀၆ခုနှစ်မှ နိုင်ငံတကာသို့ ထုပ်ဖော်ပြသခဲ့သည်။ J-10တိုက်လေယာဉ်ကို ပါကစ္စတန်သို့ FC-20အနေဖြင့် ၂၀၀၆ခုနှစ် ဧပြီလတွင် စတင်ထုတ်ဖော်ပြသခဲ့သည်။ ၂၀၀၉ခုနှစ်တွင် J-10B(FC-20B)တိုက်လေယာဉ် ၃၆စီးဝယ်ယူရန် ပါကစ္စတန်ဖြင့် သဘောတူညီမူရရှိခဲ့ပါသည်။သို့သော် ပါကစ္စတန်၏ လက်ရှိစီးပွားရေးအခြေအနေအရ မည်သည့်လက်နက်မဆို ဝယ်ယူရန်ခက်ခဲနေသေးကြောင်း ပါကစ္စတန် လေတပ်မှ ၂၀၁၃ အောက်တိုဘာလက ထုတ်ဖော်ပြောကြားခဲ့သည်။

J-10B တိုက်လေယာဉ်

J-10Bသည် တရုပ်နိုင်ငံတွင် လက်ရှိအသုံးပြုနေသော J-10Aအား အဆင့်မြင့်တင်ထားခြင်းဖြစ်သည်။J-10Sတွင် AL-31FNအင်ဂျင် အသုံးပြုရာမှ J-10Bတွင် ပြည်တွင်းထုပ် WS-10အင်ဂျင်ကို ပြောင်းလဲတပ်ဆင်ခဲ့သည်။သို့သော် ထိုအင်ဂျင်၏ စွမ်းဆောင်နိုင်မူမှာ မေးခွန်းထုတ်ဖွယ်မြောက်မြားစွာ ကျန်ရှိနေသေးသည်။J-10Bတွင် ရေဒါလှိုင်းထုပ်လွှတ်ခြင်းမရှိပဲ အာရုခံနိုင်သော passive ရေဒါ (သို့မဟုတ်)ရုရှားတို့၏ အနီအောက်ရောင်ခြည်အာရုံခံစနစ် IRST(infered search and track)ကို တပ်ဆင်ထားပြီး AESAရေဒါကို ပြောင်းလဲတပ်ဆင်ထားသည်။အီလက်ထရောနစ်စစ်ဆင်ရေး စနစ်ကိုလည်း မြင့်တင်ထားပါသည်။J-10Bသည် 4++generation အဆင့်သို့ ရောက်ရှိပါသည်။

ထိုJ-10Bကို ပါကစ္စတမ် ဗင်နီဇွဲလား ပီရှုး အာဂျင်တီနား မလေးရှား အင်ဒိုနီးရှားနှင့် မြန်မာတို့မှ ဝယ်ယူရန် စိတ်ဝင်စားလျှက်ရှိသည်။

Mig-29 multirole fighter(မျိုးဆက်သတ်မှတ်ချက် 4+ generation)

Mig-29တိုက်လေယာဉ်ကို Mikoyan and Gurvich ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ပြီး ရုရှား၏ အအောင်မြင်ဆုံးတိုက်လေယာဉ်တစ်မျိုးလည်း ဖြစ်သည်။၁၉၈၀ခုနှစ် အကျော်တွင် နာမည်ကျော် F-16များကို ယှဉ်ပြိုင်ရန် ဆိုဗီယက်လေတပ်မှ ထုတ်လုပ်ခဲ့ပြီး ၁၉၈၆ခုနှစ် ပိုလန်နိုင်ငံတွင် တရားဝင် ထုတ်ဖော်ပြသခဲ့သည်။ထိုတိုက်လေယာဉ်၏ ထူးခြားသော လေယာဉ် ဒီဇိုင်းတည်ဆောက်ပုံအရ အဆင့်လွန်လှုပ်ရှားစစ်ကစားမူ (super maneouver)ကို ရွေ့လျားနိုင်သော အင်ဂျင်(thrust vectoring engine)ကို အသုံးမပြုပဲလုပ်ဆောင်နိုင်သော လေယာဉ်အမျိုးအစား အနည်းစုထဲက ပထမဦးဆုံးသော တိုက်လေယာဉ်ဖြစ်ပါသည်။Mig-29တိုက်လေယာဉ်ကြောင့် အဆင့်လွန်လှုပ်ရှားစစ်ကစားမူ(super maneouver)ဆိုသော ဝေါဟာရမှာ ပေါ်ပေါက်လာခဲ့သည်။


 Peru လေတပ်၏ MiG-29SE တိုက်လေယာဉ်
Mig-29 တိုက်လေယာဉ်၏ မြွေဟောက်တစ်ကောင်ကဲ့သို့ လေယာဉ်အား ပါးပြင်းထောင်ကာ လေထဲတွင် အရှိန်အား zeroအထိ ရုတ်တရပ် လျော့ချကာ နောက်မှ
 ပြစ်ခတ်ရန်ပါလာသော လေယာဉ်အား ကျော်တက်သွားစေပြီး မြွေဟောက်တစ်ကောင်ကဲ့သို့ ပါးပြင်ထောင်ရာမှ ရုတ်တရပ်ထိုးသုတ်သော ပုံစံဆင်တူသောကြောင့် cobra manoeuverဟု ထင်ရှားပါသည်။ထို cobra manoeuverမှာ Mig-29တိုက်လေယာဉ်၏အမှတ်အသားပင်ဖြစ်သည်။ယနေ့အချိန်ထိ cobra maneouverကဲ့သို့ အဆင့်လွန်လှုပ်ရှားစစ်ကစားမူ (super manoeuver)အားလုပ်ဆောင်နိုင်သော လေယာဉ်အနည်းငယ်သာရှိသေးပါသည်။Super manoeuver စွမ်းဆောင်နိုင်သော လေယာဉ်များ အနီးကပ်စီးချင်းထိုးရာတွင် မည်သည့်လေယာဉ်မှ ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။Super manoeuverရရှိသော တိုက်လေယာဉ်များမှာ Mig-29/Mig-35, Su-27 series,F-22 တို့သာဖြစ်သည်။
MiG-29 တိုက်လေယာဉ်၏ နာမည်ကျော် Cobra Manoeuver သရုပ်ပြပုံ
 

Mig-29အစောပိုင်းမျိုးဆက်သည် ဘက်စုံသုံးမဆန်ပဲ လေကြောင်းအရေးသာမူတိုက်လေယာဉ်အဖြစ်သာ အသုံးပြုကျသည်။နောက်ပိုင်းမျိုးကွဲများတွင် တိကျလမ်းညွန်စနစ်ဖြင့် မြေပြင်သို့ တိုက်ခိုက်ခြင်းစနစ်များ တပ်ဆင်လာခဲ့သည်။Mig-29တိုက်လေယာဉ်တွင် လက်နက်တပ်ဆင်နိုင်သော နေရာ ၇ခုပါရှိပြီး မျိုးကွဲ အလိုက် လက်နက်တပ်ဆင်နိုင်မူ ကွာခြားပါသည်။

ကမ္ဘာပေါ်တွင် F-16၏ပြိုင်ဘက်အဖြစ် Mig-29မှာ ထင်ရှားပါသည်။Mig-29နှင့် အဓိက ပြိုင်ဖက် F-16တိုက်လေယာဉ်တို့ ထိပ်တိုက်တွေ့ဆုံမူအဖြစ် ၁၉၉၉ အိန္နိယ-ပါကစ္စတန် ကက်ရှမီးယား အရေးအခင်းတွင် လေဆာလမ်းညွန်ဒုံးများ ပြစ်ခတ်ရန် Mirage-2000-5တိုက်လေယာဉ်များ၏ အစောင့်လိုက် တိုက်လေယာဉ်အဖြစ် Mig-29များက လိုက်ပါခဲ့ပြီး ပါကစ္စတန်၏ F-16 block-25များဖြင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး Mig-29မှ lock in ပြုလုပ်နိုင်ခဲ့ပြီး ပြစ်ခတ်တိုက်ခိုက်မူတော့ မရှိခဲ့ပေ။

J-10နှင့် Mig-29SEတို့အား နှိုင်းယှဉ်လေ့လာခြင်း

J-10တိုက်လေယာဉ်အား တပ်မတော်လေတွင် အသုံးပြုနေသည့် F-7နေရာတွင် အစားထိုးမည်ဆိုပါက ထိုလေယာဉ်နှင့် အတန်းအစားတူ Mig-29နှင့် နှိုင်းယှဉ်လေ့လာသင့်သည်ဟု ယူဆမိပါသည်။

-J-10တိုက်လေယာဉ်တွင် တပ်ဆင်ထားသော လေကြောင်းအီလက်ထရောနစ် နည်းပညာများသည် Mig-29 SEထက်ပိုမို အဆင့်မြင့်ကြောင်းတွေ့ရှိရပါသည်။Mig-29 နောက်ဆုံးပေါ်မျိုးကွဲ Mig-29SMTနှင့်သာ အဆင့်တူပေသည်။J-10B အမျိုးအစားမှာ Mig-29၏ အဆင့်အမြင့်ဆုံး Mig-29 UPG/M/M2 ဖြင့်သာ တူညီပါသည်။

-J-10တိုက်လေယာဉ်၏ လှုပ်ရှားစစ်ကစားနိုင်မူ စွမ်းပကားမှာ Mig-29တိုက်လေယာဉ်ကို လုံးဝမမှီကြောင်းတွေ့ရှိရသည်။ထို့အပြင် တဖက်ရန်သူအား တုန်လှုပ်ခြောက်ခြားစေမူမှာ များစွာ ကွာခြားကြောင်းတွေ့ရှိရပါသည်။

-J-10တိုက်လေယာဉ်သည် လက်နက်တပ်ဆင်နိုင်သော နေရာနှင့် လက်နက်သယ်ဆောက်နိုင်မူမှာ Mig-29SEထက် ပိုမိုကောင်းမွန်ကြောင်းတွေ့ရှိရပါသည်။Mig-29၏နောက်ဆုံးမျိုးဆက် UPG/M/M2နှင့်သာ တူညီကြောင်း တွေ့ရှိရပါသည်။

-J-10တိုက်လေယာဉ်ကော Mig-29SEတိုက်လေယာဉ်ပါ အီလက်ထရောနစ်စစ်ဆင်ရေးပြုလုပ်နိုင်ပြီး ရေဒါပုံရိပ်လျော့ချနိုင်မူမှာ J-10Bမှာပိုမိုသာလွန်ပြီး J-10Bနှင့် Migနောက်ဆုံးမျိုးဆက်မှာ တူညီနေပါသည်။Mig-29UPGကို india airforceမှ F-35နှင့် F-15SEကဲ့သို့ တပိုင်းတစ ကိုယ်ပျောက်နိုင်စွမ်းရှိအောင်ဆောင်ရွက်လျှက်ရှိသည်။


MiG-35 ဘက်စုံသုံးတိုက်လေယာဉ်
-J-10နှင့် Mig-29SE၏ ဈေးနှုန်းမှာ အတူတူနီးပါးဖြစ်သည်။ခန့်မှန်း ဒေါ်လာသန်း ၃၀မှ ၄၀အကြားတွင်သာရှိသည်။Mig-29SE၏ လက်ရှိဈေးနှုန်းမှာ ဒေါ်လာသန်း၄၀ ပါတ်ဝန်းကျင်ဖြစ်ပြီး J-10မှာ ဒေါ်လာ၃၅သန်းခန့်သာရှိသည်။J-10၏လက်ရှိဈေးနှုန်းမှာ Mig-29Bနှင့် အနည်းငယ်သာ ကွာဟမူရှိသည်။J-10Bမှာ ဒေါ်လာ၅၅သန်းခန့်ရှိပြီး Mig-29SMT/M/M2နှင့် ဈေးအတူနီးပါးခန့်ရှိသည်။Mig-29M/M2မှာ ဈေးနှုန်းပိုမိုမြင့်မားနိုင်သည်။

-J-10တိုက်လေယာဉ်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုပ်နိုင်ငံမှ ဖြစ်သောကြောင့် အပိုပစ္စည်း ရှိမူမှာ ပိုမို လွယ်ကူလျှင်မြန်ကြောင်းတွေ့ရှိရသည်။

-J-10တိုက်လေယာဉ်တွင် အင်ဂျင်တစ်လုံးသာ တပ်ဆင်ထားသောကြောင့် ယုံကြည်စိတ်ချရမူအားနည်းသည်။အထူးသဖြင့် J-10Bတွင် တပ်ဆင်ထားသော WS-10 အင်ဂျင်မှာ ယုံကြည်စိတ်ချရမူမှာ မေးခွန်းထုတ်ဖွယ်ရှိပါသည်။Mig-29တွင်တပ်ဆင်ထားသော RD-33အင်ဂျင်သည် ယုံကြည် စိတ်ချရသော အင်ဂျင်ဖြစ်ပြီး နှစ်ပေါင်း ၃၀ကျော် အသုံးခံပြခဲ့သည်။အင်ဂျင်သက်တမ်းတွင် J-10၏ AL-31FNသည် ပိုမိုပြီး WS-10သည် RD-33ထက် သက်တမ်းလျော့နည်းနိုင်သည်။



မြန်မာ့တပ်မတော်(လေ)၏ MIG-29B ကြားဖြတ်တိုက်လေယာဉ်
-Mig-29တိုက်လေယာဉ်ဟာ ယိုးဒယားနိုင်ငံ၏ gripenတိုက်လေယာဉ်များကဲ့သို့ အမြန်လမ်းမကြီးများတွင် တက်/ဆင်းနိုင်ရုံမျှမက ညီညာပြန့်ပြူးသော မြေကြီးကွင်း မြက်ခင်းပြင်ကွင်းများတွင်ပါ တက်/ဆင်းနိုင်သော ဂုဏ်သတ္တိမှာ အခြားသော တိုက်လေယာဉ်များထက်သာလွန်သော အချက်ပင်ဖြစ်သည်။ကွင်းအလျား ပေ၄၀၀၀ အကျယ်၇၅ပေရှိရုံနှင့် တက်/ဆင်းနိုင်သော ကွင်းတိုတက်ဆင်းနိုင်စွမ်းရှိပြီး လေယာဉ်ဘီးများ၏ အကြမ်းခံနိုင်မူမှာ အထူးပင်ကောင်းမွန်သည်။ထို့အပြင် လေယာဉ် လေဝင်ပေါက်များမှာ ဂဲ/အမှိုက် စသော အင်ဂျင်ကို ပြသာနာပေးသော ထိခိုက်မူမျိုးကို ရှောင်ကျဉ်နိုင်ရန် လေဝင်ပေါက်တံခါးများကို အပိတ်/အဖွင့်ပြုလုပ်နိုင်သော စနစ်ပါဝင်သည်။J-10တိုက်လေယာဉ်တွင် ကွင်းကြမ်းတက်/ဆင်းနိုင်ခြင်း လုံးဝမရှိပေ။

ရေဒါနှင့် စစ်ဆင်မူတွင် Mig-29SEနှင့် J-10Aတို့မှာ ကွာခြားချက်နည်းသော်လည်း J-10Bတွင် တပ်ဆင်ထားသော KLJ-10A AESAရေဒါသည် Mig-29M/M2,Mig-35တို့နှင့် သာအတန်းအစားတူညီပါသည်။

-မြေပြင်တိုက်ခိုက်မူတွင် J-10တိုက်လေယာဉ်သည် Mig-29SEထက်ပိုမို ထိရောက်စွာ တိုက်ခိုက်နိုင်ပါသည်။Mig-29၏ နောက်ပိုင်းမျိုးကွဲများဖြစ်သည်လည်း မြေပြင်ပြစ်မှတ်များကို ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သည်။

-Mig-29သည် စိတ်ချယုံကြည်ရမူ အပိုင်းတွင် ပိုမိုသာလွန်ပြီး ကမ္ဘာနိုင်ငံပေါင်း ၂၆နိုင်ငံရှိလေတပ်များတွင် အသုံးပြုနေပြီး J-10သည်လက်ရှိ တရုပ်နှင့် ပါကစ္စတန် နှစ်နိုင်ငံသာ ရှိသည်။Mig-29တွင် ကောင်းမွန်သော မှတ်တမ်းများရှိနေပြီး J-10လေယာဉ်မှာတော့ နိုင်ငံတကာနှင့် အထိအတွေ့နည်းနေသေးသည်။

တိုက်လေယာဉ်နှစ်မျိုး၏ အချက်အလက်များ နှိုင်းယှဉ်ချက်


Mig-29SE၏အခြေခံအချက်အလက်များ

(၁)အတန်းအစား-အလတ်စားတိုက်လေယာဥ
(၂)လုပ်ငန်းတာဝန်-ဘက်စုံသုံး/လေကြောင်းအရေးသာမူ
(၃)တိုက်လေယာဉ်မျိုးဆက်-4 generation
(၄)ထုတ်လုပ်သည့် စက်ရုံ-Mikoyan and Gurvich(Russia aircraft coporation)
(၅)ထုတ်လုပ်သည့်နိုင်ငံ-ရုရှား
(၆)စတင်အသုံးပြုသောခုနှစ်-၁၉၈၃
(၇)ထုတ်လုပ်ပြီးအရည်အတွက်-၁၆၀၀စီးကျော်
(၈)လက်ရှိအသုံးပြုနေသော နိုင်ငံ-၂၆နိုင်ငံ
(၉)အင်ဂျင်အမျိုးအစား-RD-33 turbo fan (၂)လုံး
(၁၀)အင်ဂျင်တွန်းကန်အား-49.4kN Dry,81.4kN A/B
(၁၁)တွန်းကန်အားအချိုး-1.01
(၁၂)အပိုဆီတိုင်ကီ-ဝမ်းဗိုက်အောက်(၁)လုံး တောင်ပံအောက်(၂)လုံး
(၁၃)ဝေဟင်ဆီဖြည့်စနစ်-တပ်ဆင်နိုင်သည်
(၁၄)လေသူရဲ-၁ဦး
(၁၅)အရေးပေါ်ခုံထွက်မူ ထိုင်ခုံ-K-36DM zero/zero
(၁၆)ပျံသန်ရေးထိန်းကျောင်းမူ စနစ်-convertional with autopilot
(၁၇)ခန့်မှန်းတန်ဖိုး-ဒေါ်လာသန်း(၄၀)ခန့်
(၁၈)အများဆုံး ပျံတက်နိုင်သော အလေးချိန်-၁၆.၈တန်
(၁၉)အဝေးဆုံးပျံသန်းနိုင်သောခရီး-၁၅၀၀ကီလိုမီတာ(အပိုဆီတိုင်ကီမပါ)/၂၉၀၀ကီလိုမီတာ(အပိုဆီတိုင်ကီပါ)
(၂၀)စစ်ဆင်နိုင်သော အကွာအဝေး-၅၅၀ကီလိုမီတာ
(၂၁)အများဆုံးပျံသန်းနှုန်း-အသံထက်၂.၃ဆ
အများဆုံးပျံနိုင်သည့်အမြင့်-၁၇၇၅၀မီတာ
(၂၂)စစ်ကစားနိုင်စွမ်း-ကမ္ဘာမြေဆွဲအား၉ဆ

J-10လေယာဉ်စွမ်းပကား
(၁)အတန်းအစား-အလတ်အစားတိုက်လေယာဉ်
(၂)လုပ်ငန်းတာဝန်-ဘက်စုံသုံးတိုက်လေယာဉ်
(၃)တိုက်လေယာဉ်မျိုးဆက်-4+generation
(၄)ထုတ်လုပ်သည့်စက်ရုံ-Chengdu aircraft coporation
(၅)ထုတ်လုပ်သည့်နိုင်ငံ-တရုပ်
(၆)စတင်အသုံးပြုသောနှစ်-၂၀၀၃ခုနှစ်
(၇)ထုပ်လုပ်ပြီးရေအတွက်-၁၀၀စီးကျော
(၈)အသုံးပြုသောနိုင်ငံ-တရုပ်/ပါကစ္စတန်
(၉)အင်ဂျင်အအမျိုးအစား-AL-31FN(or)WS-10A turbofan အင်ဂျင်(၁)လုံး
(၁၀)အင်ဂျင်တွန်းကန်အား-79.43kN Dry,122.5kN A/B with AL-31FN(or)89.17kN Dry,132kN A/B with WS-10A
(၁၁)တွန်းကန်အားအချိုး-0.89
(၁၂)အပိုဆီတိုင်ကီ-ဝမ်းဗိုက်အောက်(၁)လုံး တောင်ပံအောက်(၂)လုံး
(၁၃)ဝေဟင်ဆီဖြည့်စနစ်-ရှိ
(၁၄)လေသူရဲ-၁ဦး
(၁၅)အရေးပေါ်ခုန်ထွက်ထိုင်ခုံ-TY-6 zero/zero
(၁၆)ပျံသန်းမူထိန်းသိမ်းရေးစနစ်-Quadruplex Digital FBW
(၁၇)ခန့်မှန်းတန်ဖိုး-ဒေါ်လာ ၃၅သန်း(J-10A)/ဒေါ်လာ၅၅သန်း(J-10B)
(၁၈)အများဆုံးပျံတက်နိုင်သော အလေးချိန်-၁၉.၂၇၇တန်
(၁၉)အများဆုံးပျံသန်းနိုင်သောခရီး-၁၈၅၀ကီလိုမီတာ
(၂၀)စစ်ဆင်နိုင်သော အကွာအဝေး-၅၅၀ကီလိုမီတာ
(၂၁)အများဆုံးပျံသန်းနှုန်း-အသံထက်၁.၉ဆ
(၂၂)အများဆုံးပျံတက်နိုင်သည့်အမြင့်-၁၈၀၀၀မီတာ
စစ်ကစားနိုင်စွမ်း-ကမ္ဘာမြေဆွဲအား၉ဆ

သုံးသပ်ချက်

Mig-29တိုက်လေယာဉ်သည် လက်ရှိတပ်မတော်လေတွင် အသုံးပြုနေပြီး လက်ရှိတာဝန်ထမ်းဆောင်နေသော F-7/A-5တိုက်လေယာဉ်များနေရာတွင် J-10တိုက်လေယာဉ်များ အစားထိုးနိုင်သည်။ကုန်ကျစရိတ် သက်သာပြီး ထိရောက်သော မျိုးဆက်မြင့်တိုက်လေယာဉ်ဖြစ်သည်။ရေဒါနှင့် အီလက်ထရောနစ်ဆိုင်ရာ အဆင့်အတန်းမြင့်မားပြီး တရုပ်လေတပ်မတော်၏ ပင်မတိုက်ပွဲဝင် ကျောရိုးလေယာဉ်ဖြစ်သောကြောင့် ကြာရှည်စွာ အသုံးပြုနိုင်မူတွင် ကောင်းမွန်ပါသည်။သို့သော် တပ်မတော်လေတွင် အတန်းအစားတူသော Mig-29တိုက်လေယာဉ်ရှိနေပြီး သူ၏ စိတ်ချယုံကြည်ရမူနှင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာတွင် မေးခွန်းထုပ်စရာဖြစ်သည်။Mig-29တိုက်လေယာဉ်၏ စွမ်းင်ေမူများမှာ ၁၉၉၁ခုနှစ်တွင် အရှေဂျာမနီမှ Mig-29တိုက်လေယာဉ်နှင့် အမေရိကန်မှ F-16တို့ စီချင်းထိုးရာ Mig-29က ၁၀၀%အပြည့် ပြစ်ချပြနိုင်ခဲ့သည်။india နှင့် အမေရိကန်ပူးပေါင်းဆောင်ရါက်ခဲ့သော Red flag(cope india)လေ့ကျင့်ခန်းတွင် အမေရိကန်မှ F-15/F-16များသည် အိန္နိယ၏ Su-30MKI Mig-29 တို့၏ပြစ်ချမူပေါင်းများစွာ အကြိမ်ကြိမ် lock in ပြုလုပ်ခြင်းခံခဲ့ရသည်။ကမ္ဘာအကောင်းဆုံးဆိုသော လေသူရဲများ အရှက်ကွဲခဲ့ပြီး အနိုင်ရှိရေး အကြီးအကျယ် ဖိအားပေးခံခဲ့ရသလို အိန္နိယ၏ လေသူရဲများကလည်း အများအပြား အနိုင်ရရှိမူကြောင့် ရှုံးနိမ့်လာလျှင် အကြီးအကျယ် အရှက်ခွဲခံရသည်အထိ အမေရိကန်တို့ Migနှင့် Suတို့အပေါ်ကျဆုံးခဲ့သည်။


အမေရိကန် လေသူရဲများကလည်း အကယ်၍သာ ထို Mig-29နှင့် Suများကိုသာ ရုရှားလေသူရဲများက မောင်းနှင်ပါက ထိုထက်အခြေအနေဆိုးနိုင်ကြောင်း အမေရိကန်တို့ အနေဖြင့် ထိုထက်ကောင်းသော နည်းလမ်းများကို စဉ်းစားရန် လိုအပ်ကြောင်းထုပ်ဖော်ပြောကြားသည်အထိ Mig-29၏ စွမ်းဆောင်ရည်မှာ ကောင်းမွန်ခဲ့သည်။ထို cope india လေ့ကျင့်ခန်းတွင် အိန္နိယမှ ၉၀%ကျော် အနိုင်ရှိခဲ့သည်။ပင်လယ်ကွေ့စစ်ပွဲ အပါအဝင် တကယ့်စစ်မြေပြင်တွင် Mig-29သည် အမေရိကန်၏ F-15က ချေမှုန်းမူကို ခံရသော်လည်း အဓိက ပြသာနာမှာ Mig-29မောင်းနှင်သောလေသူရဲများ၏ ကျွမ်းကျင်မူ အားနည်းခြင်း လေကြောင်းစိုးမိုးမူကို အမေရိကန်ဘက်မှ တဖက်သတ်ရနေခြင်း အီလက်ထရောနစ် အထောက်အပံပေးနိုင်မူ အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။J-10တိုက်လေယာဉ်မှာ SU-30တိုက်လေယာဉ်များကို ပြည်တွင်းလေ့ကျင့်ခန်းများတွင် အကြိမ်ကြိမ်အနိုင်ရှိသော်လည်း တရုပ်လေသူရဲ အချင်းချင်းသာ လေ့ကျင့်မူ ဖြစ်ပြီး အိန္နိယ ရုရှားစသော လေသူရဲများဖြင့် ယှဉ်ပြိုင်ခြင်း မဟုတ်သောကြောင့် ရလာဒ်မှာ မှန်ကန်ရန်ခက်ခဲသည်။

J-10တိုက်လေယာဉ်များမှာ ယခုလက်ရှိတပ်မတော်လေတွင် အသုံးပြုနေသော Mig-29နှင့် ကွာဟချက်နည်းသော်လည်း အီလက်ထရောနစ်ပိုင်းကောင်းမွန်ခြင်း တရုပ်၏ ကျောရိုးတိုက်လေယာဉ်ဖြစ်သောကြောင့် ထပ်မံအဆင့်မြင့်တင်မူများပြုလုပ်နိုင်သောကြောင့် အဆင့်အတန်းမြင့်တိုက်လေယာဉ် အဖြစ်ရပ်တည်နေနိုင်ပါသည်။J-10Bတိုက်လေယာဉ်သည် သြဇာကြီးမားသော Janesဂျာနယ်၏ top ten တိုက်လေယာဉ်စာရင်းတွင် နံပါတ်(၁၀)အနေဖြင့် ကမ္ဘာ့ ထိပ်တန်းတိုက်လေယာဉ် အဖြစ်ရပ်တည်နိုင်သည်အထိ အဆင့်အတန်းမြင့်လာသည်။သို့သော် Mig-29၏ တဖက်လေသူရဲများအပေါ် လွှမ်းမိုးခြောက်လန့်ပြီး အိမ်မက်ဆိုးများ မက်စေနိုင်မူမှာ ဆက်လက်တည်မြဲနေမည် ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

အကိုးအကား
-နိုင်ငံတကာ လေတပ်သတင်းလွှာ
-jane's All the world aircraft
-Aisa defence journal's Rise of china dragon or PLAAF's J-10 Multirole fighter
-wiki