Tuesday, November 29, 2011

ရေတပ်စခန်းကာကွယ်ရေး လေယာဉ်ပစ်အမြောက်

အမျိုးအစား-၆၁ ၂၅မမပူးတွဲ လေကြောင်းရန်ကာကွယ်ရေးစက်အမြောက်
မြန်မာ့တပ်မတော်ရေ ရေတပ်သင်္ဘောကျင်းထုတ် ၅စီးရီး အမြန်တိုက်ခိုက်ရေးစစ်ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသော တရုပ်ထုတ် အမျိုးအစား-၆၁ ၂၅မမပူးတွဲပြောင်း လေယာဉ်ပစ်အမြောက်စနစ် လေ့ကျင့်ခန်းပြုလုပ်နေစဉ်ဖြစ်ပါသည်။

(တရုပ်ထုတ်)ရုရှား၏ ဇက်ပီယူ-၂ (အမျိုးအစား-၈၉) ၁၄.၅မမ လေယာဉ်ပစ်စက်သေနတ်
ရေတပ်မှ စစ်မေများ လေကြောင်းရန်ကာကွယ်ရေး စစ်သင်တန်းများတက်ရောက်ခဲ့ကြစဉ်ကဖြစ်ပါသည်။ ၄၀မမဘော်ဖာအမြောက်အား လက်တွေ့ပစ်ခတ်လေ့ကျင့်မှု သင်တန်းဖြစ်ပြီး မိမိရေတပ်စခန်း လေကြောင်းရန်ကာကွယ်ရေး အတွက်အထူးလေ့ကျင့်ထားခြင်းဖြစ်ပါသည်။

၄၀မမ ဘော်ဖာ လေယာဉ်ပစ်အမြောက်ကြီးနှင့် လေ့ကျင့်နေကြစဉ်

အောက်မှာတင်ခဲ့တဲ့ပုံမှာ စစ်ယာဉ်ဟာ အပြာရောင်ဖြစ်ပါတယ် အခုဒီရောင်လေးလည်းလှတယ်နော်...။

Monday, November 28, 2011

ဘော်ဖာယာဉ်တင် လေယာဉ်ပစ်အမြောက်စနစ်

မြန်မာ့ရေတပ် စစ်ရေယာဉ်များ စစ်ရေးလေ့ကျင့်နေကြစဉ်

နိုင်ငံတကာနည်းတူ မြန်မာ့ရေတပ်တွင်လည်း စစ်သည်အမျိုးသမီးများ စစ်မေများအား လက်နက်ငယ် သင်တန်းတစ်ခုတွင် တွေ့ရပုံဖြစ်ပါသည်။

မြန်မာ့တပ်မတော်ရေ ရေတပ်စစ်မေများ ၄၀မမ ဘော်ဖာလေကြောင်းရန်ကာကွယ်ရေး အမြာက်အားလက်တွေ့ပစ်ခတ်မှု လေ့ကျင့်ခန်းပြုလုပ်နေကြစဉ်ဖြစ်ပါသည်။၄၀မမ ဘော်ဖာအမြာက်တင်ထားသော
ယာဉ်သည် အမေရိကန်ထုတ် အမ်၉၀၈ စစ်ယာဉ်ဖြစ်နိုင်ပါသည်။

မြန်မာ့ရေတပ် စစ်မေများ၏ ၄၀မမအမြောက်အား ပစ်ခတ်စမ်းသပ်နေမှုကို တွေ့ရပါသည်။ကမ်းရိုးတန်ရှည်းလျားသော မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ် မဖြန့်ကျက်ထားနိုင်မည် ယခုကဲ့သို့သော ယာဉ်တင်လေယာဉ်ပစ်အမြောက်များသည် အလွန်အသုံးတည့်မည် ဖြစ်ပါသည်။ရွေ့ပြောင်းမှုလွယ်ကူခြင်း၊ယာဉ်တင်စနစ် ဖြစ်သည့်အတွက် အမြောက်အတွက်သီးသန့် အမြောက်ဆွဲယာဉ်မလိုတော့ဘဲ လျင်မြန်စွာ တပ်ချထားနိုင်ခြင်းစသည့် အကျိုးများရရှိစေမည် ဖြစ်ပါသည်..။၄၀မမ ဘော်ဖာများသာမကဘဲ လက်ရှိအသုံးပြုနေသော လေယာဉ်ပစ်အမြောက်အချို့ အား ယာဉ်တင်အမြောက်စနစ် အဖြစ်ပြောင်းလဲအသုံးပြုခြင်းဖြင့် ပိုမိုအကျိုးရှိနိုင်ပါသည်။မြန်မာတပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်များတွင်
လေယာဉ်ပစ်အမြောက်များ၊ပုခုံးထမ်းဒုံးကျည်များ အလုံအလောက်ရှိနေပြီဖြစ်ရာ အချို့ ကိုယာဉ်တင်စနစ်ပြောင်းလဲသင့်ပါသည်။အရင်ကလည်း ကျွှန်တော်တင်ဘူးပါတယ် လေကြောင်းရန်ကာကွယ်ရေး အမြောက်စနစ်ပုံအချို့ ကို အကြောင်းအမျိုးမျိုးကြောင့် ပြန်ဖြုတ်ထားလိုက်ပါတယ်..။
(အခုလို အားလုံးသိခွင့်ရအောင် ပုံတွေအမြဲပို့ပေးတဲ့ ကိုဗညားကို အားလုံးကိုယ်စား အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ...။ပုံရဲ့ဆိုက်ကို အများကြီးလျှော့ထားပါတယ်... :D)

Sunday, November 27, 2011

မြန်မာ့ရေတပ်မတော် စစ်ရေးလေ့ကျင့်မှုများ


ရေတပ် စစ်သည်များ အားတွေ့ရစဉ်

၅၆၀ အမြန်တိုက်ခိုက်ရေးယာဉ်ပေါ်မှာ စစ်သည်များ စစ်ရေးလေ့ကျင့်နေကြစဉ်ဖြစ်ပါသည်။မြန်မာနိုင်ငံတွင် ၅၅၁-၅၇၀ အထိ စစ်လက်နက်မျိုးစုံ၊သင်္ဘောဖျက်ဒုံးမျိုးစုံ တပ်ဆင်ထားသော အမြန်တိုက်ခိုက်ရေးယာဉ်များအား ပြည်တွင်းမှာပင် တပ်ဆင်ထုတ်လုပ်နိုင်နေပြီလို့ သိရပါတယ်..။ဒေသတွင်းနိုင်ငံတိုင်းရဲ့ ရေတပ်စစ်ရေယာဉ်များအား ယှဉ်ပြိုင်ချေမှုန်းနိုင်တဲ့ အဆင့်တစ်ခုကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်..။မြန်မာ့ရေတပ်ကို ယှဉ်နိုင်ဖို့အတွက် ရေတပ်ကို အကြီးအကျယ်ချဲ့ နေတာကတော့ ဘင်္ဂလားဒေ့်ပါဘဲ တရုပ်ဆီကနေ ဖရီးဂိတ်ကြီးတွေမှာထားပြီး လက်ရှိ အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်တွေကိုလည်း အဆင့်မြင့်တင်မှုတွေ လုပ်နေကြပါတယ်..။ကမ်းရိုးတန်းရှည်လျားတဲ့ မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံတွေမှာ ရေပြင်ပိုင်နက်ကို ကာကွယ်နိုင်မယ့် ခေတ်မှီရေတပ်ကြီး တည်ဆောက်နေတာဟာ ဒေသတွင်းခြိမ်းခြောက်မှုလို့ ယူဆလို့မရပါဘူး...။လက်ရှိအခြေအနေထက်တောင်မှာ ထပ်မံတိုးချဲ့ ဖို့လိုပါသေးတယ် ဒေသတွင်းနိုင်ငံတွေရဲ့ ရေတပ်ကိုအမြဲလေ့လာထားသင့်ပါတယ်.. အထူးသဖြင့် ရေတပ်ချင်းယှဉ်ပြိုင်မှု အသွင်နှင့် ဆက်ဆံနေတဲ့ ဘင်္ဂလားဒေ့်ရေတပ်ကို အထူးသတိထားဖို့လိုအပ်ပါတယ်ခင်ဗျာ..။

မြန်မာ့ရေတပ် အထူးတပ်ဖွဲ့ဝင်များ နှင့် ရေတပ်သင်္ဘောကျင်းကြီး

ဟိန်းဇဲတပ်နယ်ရှိ ရေတပ်စစ်သည်များအား တွေ့ရစဉ်

မြန်မာနိုင်ငံရေတပ် ရေတပ်သင်္ဘောကျင်းဌါနချုပ်အားတွေ့ရစဉ်

ရေတပ်သင်္ဘောကျင်းတွေမှာ ဖရီးဂိတ်ကြီးများကို တည်ဆောက်ခဲ့ပြီး ဆက်လက်တည်ဆောက်နေဆဲဖြစ်ပါတယ်.. ၁၀၈မီတာရှိတဲ့ အောင်ဇေယျ ဖရီးဂိတ်ကြီးကို တည်ဆောက်နိုင်ခဲ့တာဟာ မြန်မာ့ရေတပ်သင်္ဘောကျင်းရဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်... မြန်မာ့ရေတပ် စစ်ရေယာဉ်ထဲတွင် အကြီးဆုံးဖြစ်ပြီး ဒေသတွင်းနိုင်ငံများကပင် စိတ်ဝင်တစား လေ့လာရသော အောင်ဇေယျ စစ်ရေယာဉ်ကြီးအပြင် နောက်ထပ် ဖရီးဂိတ်ကြီး ၂စင်း တည်ဆောက်နေပြီး (တချို့မှ ရေချပြီးဟု ပြောကြသည်) တရုပ်နိုင်ငံမှာ ဝယ်ယူကာ လက်ရှိအချိန်တွင် အဆင့်မြင့်တင်မှုကြီးများ လုပ်ဆောင်နေသော ဖရီးဂိတ်၂စင်းနှင့် ဆိုရင် မြန်မာနိုင်ငံမှာ ခေတ်မှီဖရီးဂိတ်ကြီး ၄စင်း ရှိလာမှာဖြစ်ပါတယ်ခင်ဗျာ...။ပုံမှာပါတဲ့ ဖရီးဂိတ်စစ်ရေယာဉ်ဟာ အောင်ဇေယျကြီးလား နောက်တစ်စင်းလားဆိုတာ သိတဲ့သူတွေများ ပြောပြပေးကြပါဦးဗျာ..။
မြန်မာ့ရေတပ်စစ်သည်တစ်ဦး ရေငုပ်လေ့ကျင့်ခန်းမပြုလုပ်မှီ

Thursday, November 24, 2011

ဘင်္ဂလားဒေ့်၏ တာတိုပစ်လေကြောင်းရန် ကာကွယ်ရေးစနစ်

အက်ဖ်-၈၀ နှင့် အမျိုးအစား၈၀ ပင်မတိုက်ပွဲဝင်တင့်ကား

အခုတလော အတော်လေးစိတ်ဝင်စားစရာ အချက်တချို့ ကြားမိပါတယ် ဘယ်လောက်သေချာမယ်ဆိုတာကတော့ မသိရသေးပင်မဲ့ ဓါတ်ပုံတွေနှင့် ထွက်လာတော့ ယုံကြည်ရပါတယ် အဲဒါကတော့ ဘင်္ဂလားဒေ့်လေကြောင်းရန်ကာကွယ်ရေးတပ်မှာ တရုပ်၏ခေတ်မှီ တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ရှိနေခြင်း ပါဘဲ....။
တရုပ်တပ် ဒုံးစနစ် စမ်းသပ်ပစ်ခတ်နေစဉ်



ဘယ်အချိန်ကတည်းက ဝယ်ယူထားပြီး ဘယ်လိုမျိုးဖွဲ့စည်းတပ်ချထားလည်း
ဆိုတာမသိရသေးပင်မဲ့ တွေ့ခဲ့ကြရတဲ့နေရာကတော့ စစ်တကောင်းအတွင်းမှာလို့ သိရပါတယ် ပြောရရင်တော့ မြန်မာနိုင်ငံနှင့် သိပ်မဝေးတဲ့စခန်းတစ်ခုမှာ ဖြစ်နိုင်ပါတယ်..။ ၂၀၀၈-၀၉ မြန်မာ-ဘင်္ဂလားဒေ့် ရေပြင်ပိုင်နက်ဖြစ်စဉ်ကတည်းက တပ်ချထားတာလားဆိုတာမသိရသေးပင်မဲ့ ဒီလိုခေတ်မှီလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို မြန်မာနှင့်မဝေးတဲ့ ဒေသမှာတပ်ချထားခြင်းအားဖြင့်
မြန်မာ့လေတပ်၏ ဝေဟင်စိုးမိုးမှုကို တန်ပြန်တိုက်ခိုက်နိုင်စေရန် ရည်ရွှယ်ပါတယ်
..။၁၉၇၉-၈၀ ဝန်းကျင်ကတည်းက ထုတ်လုပ်မှု စတင်ခဲ့ပင်မဲ့ ကာလအတော်ကြာမှ တရုပ်စစ်တပ်မှာ အသုံးပြုတယ်လို့သိရပါတယ်...။ ဘင်္ဂလားဒေ့်ရဲ့ ဒုံးစနစ်ဟာ ၈၀ လား ၉၀ စနစ်လားဆိုတာအသိအကျမသိရသေးပင်မဲ့ ဘင်္ဂလားဒေ့်၏ အားအထားရဆုံးစနစ်ဖြစ်နိုင်ပါတယ်..။ BUK M1 တာလတ်ပစ် စနစ်တွေကို စိတ်ဝင်စားမှုလည်းရှိခဲ့ကြပါတယ်။ မြေပြင်အခြေဆိုက်ဒုံးစနစ်ရှိလာခဲ့ရင်လည်း ဒါဟာသိပ်တော့ မဆန်းပါဘူး ဘာလို့လည်းဆိုရင် သူတို့ရေတပ် ဖရီးဂိတ်တစ်စင်းပေါ်မှာလည်း အက်ဖ်အမ်-၈၀ ရေတပ်သုံး လေကြောင်းရန်ကာကွယ်ရေးစနစ် ဒုံး၈စင်းပါ စနစ်ကို တပ်ဆင်ထားခဲ့ကြပြီးလို့ ဖြစ်ပါတယ်..။
ဘင်္ဂလားဒေ့်၏ အက်ဖ်အမ်-၉၀ စနစ် (photoshop လားတော့မသိဘူး :D)

ဘင်္ဂလားဒေ့်ရေတပ် ဖရီးဂိတ်ပေါ်တွင် တွေ့ရသည့် အက်ဖ်အမ်-၈၀ စနစ်

မြေပြင်အခြေဆိုက်ယာဉ်ပေါ်မှာကတော့ ဒုံး၎စင်းသာ တပ်ဆင်နိုင်ပါတယ်..။ နောက်ပိုင်းတွေ့ရတဲ့ အချက်အလက်တွေအရ အက်ဖ်အမ်-၉၀ စနစ်ဖြစ်ပါတယ်...။ နောက်ပိုင်းမှာ ဘင်္ဂလားဒေ့်ရဲ့ တပ်မတော်နေ့ စစ်ရေးပြပွဲတွေမှာ ထုတ်ပြနိုင်ပါတယ်...။မြေပြင်တပ် အထောက်အကူပေး လေကြောင်းရန်ကာ စနစ်ဖြစ်တဲ့ စနစ်တွေအပါအဝင် စစ်လက်နက်တွေကို ထုတ်ဖော်ပြသခြင်းဟာ ဘင်္ဂလားဒေ့်ရဲ့ စိတ်ဓါတ်စစ်ဆင်ရေး တစ်ရပ်လည်းဖြစ်ပါတယ်..။ မြန်မာ့တပ်မတော်နေ့တွေမှာလည်း စစ်လက်နက်တွေ၊တင့်ကားကြီးတွေ ၊လေကြောင်းရန်ကာကွယ်ရေး ဒုံးစနစ်တွေ စသည့် ခေတ်မှီလက်နက်ကြီးများကို ထုတ်ပြသင့်ပါတယ်..။

HQ-၇ ၏ အချက်အလက်တချို့

တာဝေးပစ်ခတ်နိုင်မှု........၅၀၀-၈၆၀၀ မီတာ (hq-၇၊အက်ဖ်အမ်-၈၀)၊၇၀၀-၁၅,၀၀၀ မီတာ( အက်ဖ်အမ်-၉၀)
အမြန်နှုန်း..... ၂.၃ဆ (အသံထက်) (၇၅၀မီတာ၊၁စက္ကန့်)
ရေဒါ၏ ခြေရာခံနိုင်စွမ်း....၁၇-၁၈.၄ ကီလိုမီတာ (အက်ဖ်အမ်-၈၀)၊၂၀-၂၅ ကီလိုမီတာ (အပ်ဖ်အေ-၉၀)

အက်ဖ်အမ်-၈၀ လေကြောင်းရန်ကာကွယ်ရေးစနစ်

အက်ဖ်-၉၀ တာတိုပစ်လေကြောင်းရန်ကာကွယ်ရေး ဒုံးပစ်ယာဉ်

အက်ဖ်အမ်-၉၀ ထောက်လှမ်းရေးရေဒါယာဉ်

နောက်ဆက်တွဲ သတင်းတစ်ပုဒ်အရ ဘင်္ဂလားဒေ့်စစ်တပ်ဟာ ကမ်းထိုးစစ်ဆင်ရေး၊ကမ်းတက်စစ်ဆင်ရေး စစ်ရေးလေ့ကျင့်ခန်းကြီးတွေ လုပ်ဆောင်နေကြပါတယ်..။

Wednesday, November 23, 2011

လေတပ် အမ်အိုင်-၁၇ ရဟတ်ယာဉ်ကြီး

မြန်မာ့တပ်မတော်လေ လေတပ်ရဟတ်ယာဉ် အမ်အိုင်-၁၇ ကြီးများ

မြန်မာ့တပ်မတော်လေရှိ အမ်အိုင်-၁၇ ရဟတ်ယာဉ်ကြီးများအား ရှေ့တန်းစစ်မျက်နှာ စစ်စခန်းတစ်ခုတွင် တွေ့ရစဉ် ဖြစ်ပါသည်။

Sunday, November 20, 2011

၅၅၁ အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်

မြန်မာ့တပ်မတော်ရေ ရေတပ်သင်္ဘောကျင်းမှာ ၂.၁.၁၉၉၆ ခုနှစ်တွင် ပထမဆုံးသော ၄၅မီတာရှိ အမြန်တိုက်ခိုက်ရေးယာဉ် ၅၅၁ကို ထုတ်လုပ်ခဲ့ပြီး ဒုတိယအစင်း ၅၅၂ ကို ၄.၁.၁၉၉၆ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။တန်ချိန် ၂၁၃တန်ခန့် ရှိနိုင်ပါသည်။ထို့အပြင် ဖေဖဝါရီလအတွင်းတွင် အရှည် ၂၇ပေရှိတည့် စစ်ရေယာဉ် ၁၄စင်းထုတ်လုပ်ခဲ့သည်။ထို့နောက် ၇၇မီတာရှိသည့် ကော်ဗတ်စစ်ရေယာဉ်များကို ထုတ်လုပ်ခဲ့ပါသည်။
၅၅၁ အမြန်တိုက်ခိုက်ရေး

Friday, November 18, 2011

Nora B-52 Self-propelled Howitzer


မြန်မာ့တပ်မတော်နည်းတူ ဘင်္ဂလားဒေ့်တပ်မှာလည်း နိုရာ ဘီ-၅၂တွေကို တပ်ဆင်နိုင်ဖို့ ဆွေးနွေးမှုတွေရှိနေတယ်လို့ သိရပါတယ်... တကယ်သာဖြစ်ခဲ့ရင် စိတ်ဝင်စားစရာကောင်းပါတယ်...။ မြန်မာ့တပ်မတော်အမြောက်တပ်များအနေနှင့် ယာဉ်တင်အမြောက်စနစ်တွေ ၂၀၀၉ နှောင်းပိုင်းမှာ သိသိသာသာ တိုးတက်လာတယ်လို့ သိရပါတယ်..။ တရုပ်တပ်ဆီမှ ဝယ်ယူထားတဲ့ ယာဉ်တင်အမြောက်စနစ်အသစ်တွေလည်း ရှိနေတယ်လို့သိရပါတယ်.. မြန်မာ့တပ်မတော်အမြောက်တပ်အနေနှင့် လက်ရှိ Soltam ၁၅၅မမတွေကို အစ္စရေး၏ ATMOS 2000 ယာဉ်တင်အမြောက်များကဲ့သို့ အဆင့်မြင့်တင်မှု ပြုလုပ်သင့်ပါတယ်... ပြည်ပနိုင်ငံတစ်ခုရဲ့ အကူအညီနှင့်လည်း ၁၃၀မမတွေကို အဆင့်မြင့်တင်မှု လုပ်မယ်ဆိုရင် ဖြစ်နိုင်တယ်လို့ မြင်မိပါတယ်ခင်ဗျာ..။
Nora B-52 155mm SPG

ATMOS 2000 155mm ယာဉ်တင်အမြောက်စနစ်

Thursday, November 17, 2011

စစ်ရေးလေ့ကျင့်နေသည့် ဘင်္ဂလားဒေ့်

ဘင်္ဂလားဒေ့်၏ လေကြောင်းရန်ကာကွယ်ရေးအမြာက်များ


တီ-၅၅ တင့်ကား

ဖရီးဂိတ် (တောင်ကိုးရီးယားထုတ်)

အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များ (၁၂စင်းရှိသည်ဟု သိရပါသည်။)

အခုတလော အပြင်းအထန်စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေကြပါတယ် မြန်မာနယ်စပ် အနီးမှာလည်း စစ်ရေးလေ့ကျင့်မှုတွေရှိနေတယ်လို့ သိရပါတယ်..။မြန်မာနယ်စပ်တလျှောက်မှာလည်း ကွန်ကရစ်ဘန်ကာတွေ ဆောက်နေပါတယ်.. လက်နက်ကြီးပစ်ကွင်းတွေ ဖော်နေတယ်လို့ သိရပါတယ်..။မြန်မာ့တပ်မတော်အနေနှင့်လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်ပါတယ်... နယ်စပ်လုံခြုံမှုရှိစေဖို့ အရေးကြီးပါတယ်..။
မြန်မာ့တပ်မတော်မှ နိုရာ-ဘီ-၅၂ ၁၅၂မမ ယာဉ်တင်အမြောက်တွေ တပ်ဆင်ထားပါတယ်.. အခုဆိုရင် ဘင်္ဂလားဒေ့်ဘက်မှလည်း စိတ်ဝင်စားမှုတွေရှိနေပြီး ရုရှားကိုလည်း စစ်ပညာတော်သင်တွေ စေလွတ်ဖို့ စိတ်ဝင်စားနေကြကြောင်းသိရပါတယ်..။တရုပ်ဆီမှ PLZ-45 တွေဝယ်ယူမယ်လို့လည်း ပြောထားတာရှိနေပါတယ်..။ လေကြောင်းရန်ကာကွယ်ရေးတပ်တွေကို တိုးချဲ့နိုင်ဖို့ မြေပြင်မှဝေဟင်ပစ် ပုခုံးထမ်းဒုံးတွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေကြပါတယ်..။

ဘင်္ဂလားဒေ့်၏ ပင်မတိုက်ပွဲဝင်တင့်ကားတွေကို အဆင့်မြင့်တင်မှု
အမျိုးအစား-၅၉ တင့်တွေကို ၅၉ဂျီ အဖြစ် အမျိုးအစား-၉၆၏ ပင်မအမြောက်ပြောင်းများကို ပြောင်းလဲတပ်ဆင်ခြင်း (၁၀၀မမပြောင်း မှ ၁၂၅မမပြောင်း) ပစ်မှတ်ပြစနစ်သစ်များတပ်ဆင်ခြင်း၊ တင့်ကား၏ သံချပ်ကာ/မိုင်းကာပြားများအား တပ်ဆင်ခြင်း(ERA)၊


အမျိုးအစား-၆၉ တင့်တွေကို ၆၉ အမ်ကေ၂ ဂျီ အဆင့်အဖြစ် မြင့်တင်ပြီး ERA များတပ်ဆင်ကာ ညကြည့်မှန်ပြောင်းစနစ်များတပ်ဆင်ခြင်း၊အာရုံခံစနစ်များတပ်ဆင်ခြင်း၊အင်ဂျင်အသစ်လဲခြင်း(ယူကရိန်းမှ မှာယူသည်ဟုသိရပါသည်။)ပြောင်းအသစ်လဲခြင်း (၁၀၅မမပြောင်းမှ ၁၂၀မမပြောင်း) စသည့်တို့အပြင် ခေတ်မှီစနစ်များ တပ်ဆင်ထားပါသည်။
အမျိုးအစား-၅၉ ပင်မတိုက်ပွဲဝင်တင့်ကားပေါ်တွင် ပုခုံးထမ်းဒုံးပစ်လောင်ချာများနှင့် တွေ့ရစဉ်

အမျိုးအစား-၆၉ အမ်ကေ.၂ဂျီ ပင်မတိုက်ပွဲဝင်တင့်ကား ERAများ မတပ်ဆင်ထားခင်က..

အမျိုးအစား-၆၉ တင့်အား ERAများ တပ်ဆင်ထားပြီး တွေ့ရစဉ်..

Wednesday, November 16, 2011

Oerlikon ၃၅မမ ၂ပြောင်းတွဲ လေကြောင်းရန်ကာကွယ်ရေး စက်အမြောက်

စင်ကာပူတပ်သုံး

မလေးတပ်သုံး


တရုပ်တပ်သုံး

အီရန်တပ်သုံး


ထိုင်ဝမ်တပ်သုံး

Oerlikon ၃၅မမ ၂ပြောင်းတွဲ လေကြောင်းရန်ကာကွယ်ရေး စက်အမြောက်များဖြစ်ပါသည်။ လက်ရှိအချိန်မှာ တရုပ်နှင့် အီရန်ကထုတ်လုပ်နေပါပြီ တရုပ်နိုင်ငံမှ မရရင်တောင် အီရန်ကနေရဖို့များပါတယ်..။လက်ရှိအချိန်တွင် အသုံးပြုနေဆဲဖြစ်သည့် ဇက်ပီယူ-၄ ၁၄.၅မမ x ၄ပြောင်းတွဲများ၊ ဇက်ယူ-၂၃-၂ ၂၃မမx ၂ပြောင်းတွဲများထက်ပိုမိ ထိရောက်နိုင်ပါသည်။အနိမ့်ပျံ ရဟတ်ယာဉ်ကဲ့သို့သော ပစ်မှတ်များအား ကောင်းစွာ ချေမှုန်းနိုင်ပါမည်။ Oerlikon ၃၅မမ လေယာဉ်ပစ်စက်အမြောက်အား အဆင့်မြင့်တင်မှု အဖြစ် အဆင့်ဆင့်ထုတ်လုပ်ပါသည်။
အချက်လက်တချို့
ထုတ်လုပ်သည့်နိုင်ငံ...ဆွတ်ဇလန်နိုင်ငံ (မူလအစ)
ထိရောက်မှုအကွာအဝေး.....မီတာ၄၀၀၀ (ပေ၁၃၀၀၀)
အမြန်နှုန်း........၁မိနစ်တွင် ၅၅၀ကျည် (တစ်ပြောင်းစီတွင်ဖြစ်သည်။)

Saturday, November 12, 2011

SU-35 ဘက်စုံသုံးတိုက်လေယာဉ်










ပုံလေးတွေလှလို့ တင်ထားပါတယ် နည်းနည်းကြာနေပါပြီဗျာ SU-35 ဘက်စုံသုံးတိုက်လေယာဉ်ကြီးတွေပါ..။