Saturday, November 5, 2011

၅၅၅ အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်၏ လက်နက်စနစ်များ


အပေါ်မှာတွေ့ရတဲ့ လက်နက်က အေကေ-၂၃၀ ၃၀မမ ရေတပ်စက်အမြောက်ပါ (အောက်တွင် နမူနှာပုံ)

တရုပ်မှ ရုရှား၏ zpu-2 ကို ပုံစံယူထားသော ၁၄.၅မမ လေကြောင်းရန်ကာကွယ်ရေးစက်အမြောက်များ


မြန်မာ့တပ်မတော်ရေရှိ ၅၅၅ အမြန်တိုက်ခိုက်ရေးယာဉ်ပေါ်တွင် တပ်ဆင်ထားသော စစ်လက်နက်အချို့ ဖြစ်ပါသည်။ မြန်မာ့တပ်မတော်တွင် ၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များကို ၅၅၁နှင့် ၅၅၂ကိုထုတ်လုပ်ပြီးနောက်တွင် ၅၅၃ကို ဒီဇိုင်းပုံစံ အနည်းငယ်ပြောင်းကာ ထုတ်လုပ်ခဲ့ပါသည်။ တရုပ်နိုင်ငံမှ စစ်လက်နက်များကို မှာယူတပ်ဆင်ထားခြင်းဖြစ်ပြီး နောက်ပိုင်းထုတ်လုပ်သော စစ်ရေယာဉ်များပေါ်တွင် အန္ဒိယထုတ် စစ်လက်နက်စနစ်များတပ်ဆင်လာပါသည်။

လေ့လာလိုသူများအတွက်
တပ်မတော်ရေထုတ် ပထမဦးဆုံးသော ၅စီးရီးအမြန်တိုက်ခိုက်ရေယာဉ်၏ ဒီဇိုင်း

နောက်ပိုင်းထုတ်လုပ်သော စစ်ရေယာဉ်၏ ဒီဇိုင်းပုံ

ဒီစစ်ရေယာဉ် ဒီဇိုင်းတွေကို လေ့လာကြည့်မယ်ဆိုရင် အပေါ်က ၅၅၁တွင် ရေပြင်ပစ်ဒုံးများ တပ်ဆင်ရန် မဖြစ်နိုင်ပါ..။နေရာအကျယ်အဝန်း ပြဿနာရှိလာပါမည်။အောက်ကတွေ့ရသော ၅၅၈တွင်မှု လိုအပ်လာပါက စီ-၈၀၂ ကဲ့သို့သော ရေပြင်မှရေပြင်ပစ်ဒုံးများ တပ်ဆင်ထားနိုင်ပါသည်...။လက်ရှိတွင် Gun Class အဖြစ်ထားရှိထားပါသည်။ စစ်ရေယာဉ်များပေါ်တွင် အက်စ်အေ-၁၆၊၁၈ မြေပြင်မှဝေဟင်ပစ်ဒုံးများ တဖက်တချက်ဆီတွင် ၂လုံးစီ စုစုပေါင်း ဒုံး၎စင်းတပ်ဆင်ထားသင့်ပါသည်။ လေယာဉ်ပစ်စက်သေနတ်များ၏ ထိရောက်မှုထက်ပို၍ စွမ်းဆောင်နိုင်မည် ဖြစ်ပါသည်။

No comments:

Post a Comment