Saturday, November 12, 2011

SU-47 ရွှေလင်းယုန် ဂျက်တိုက်လေယာဉ်


Sukhoi Aviation Coporation ကထုတ်လုပ်သည့် အသံထက်မြန်သည့် ဂျက်တိုက်လေယာဉ်၏ ထူးခြားမှုများမှာ ရှေ့ဘက်သို့ယိုင်ထားသော တောင်ပံများပါရှိခြင်းဖြစ်သည်။ မူလက S-37 အဖြစ်သိရှိရသည့် ယင်းလေယာဉ်ကို ၂၀၀၂ခုနှစ်တွင် SU-47 ဟူ၍ ပြန်လည်ပုံစံထုတ်ခဲ့ပြီး ခေတ်ရှေ့ပြေး စမ်းသပ်လေယာဉ်အဖြစ် ပါဝင်ထည့်သွင်းပစ္စည်း အစိတ်အပိုင်းများ ခေတ်မှီဆုံးပျံသန်းရေး ထိန်းချုပ်မှုစနစ်များ ထည့်သွင်းထားသည်။လေယာဉ်တွင် ရှေ့ဘက်သို့ယိုင်ထားသည့် တောင်ပံများတပ်ဆင်ခဲ့ရာ အလွန်ကောင်းမွန်းသည့် နည်းဗျုဟာလှုပ်ရှားမှုများကို ပြုလုပ်နိုင်ပြီး ၄၅ဒီဂရီသို့မဟုတ် ထိုထက်ပို၍ ကွေ့ပတ်တိုက်ခိုက်နိုင်သည်။
SU-35 ၂စင်းနှင့် အတူတွေ့ရသည့် SU-47 တိုက်လေယာဉ်

ရှေ့သို့ယိုင်ထားသည့် အတောင်ပံများ၏ စွမ်းရည်မှာ သာမန်ပုံစံ အတောင်ပံများထက်ပင့်တင်အားကောင်းခြင်း ၊ကွေးညွှတ်မှုနည်းပါခြင်း၊ လှည့်ပတ်၍တိုက်ခိုက်မှုများပြုလုပ်ရာတွင် တောင်ပံ၏ ထန်းချုပ်မှုကို ကောင်းစွာရရှိသည်။ သို့သော်ရှေ့သို့ယိုင်ထားသည့် တောင်ပံတွင် လှည့်လိမ်မှုအကျိုးသက်ရောက်သည့်အခါ သာမန်ပစ္စည်းများဖြင့် တည်ဆောက်ထားသည့် လေယာဉ်ဆိုပါက အတောင်ကိုဆွဲဖြုတ်လိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။လက်ရှိအခြေအနေတွင် လေယာဉ်၏အတောင်ပုံစံကို ခံနိုင်ရည်ရှိသည့် ပါဝင်ပစ္စည်းများကို သုံးစွဲတည်ဆောက်ထားသည်။

ပုံစံထုတ်လုပ်ပုံ
ယခင်းကြီးမားသည့် ဆူခွိုင်းတိုက်လေယာဉ်များကဲ့သို့ ဆင်တူရိုးမား အတိုင်းအတာများထားရှိရာ SU-47 ၏ ရှေ့ပိုင်းကိုယ်ထည်ကို SU-35 ၏ပုံစံအတိုငးထားရှိခြင်းတို့အပြင် SU-27 လေယာဉ်များ၏ အဆင်းကိရိယာများကို အသုံးပြုထားသည်။လေယာဉ်တွင် ရေဒါထောက်လှမ်းမှုကို စုပ်ယူနိုင်သည့် ပစ္စည်းများကို ထည့်သွင်းတညတောက်ထာူသည့်အပြင် အတွင်းတွင် လက်နက်များထားရှိရန် နေရာနှင့်ခေတ်မှီရေဒါတပ်ဆင်ရန် နေရာများချန်လှပ်ထားသည်။
SU-27 တိုက်လေယာဉ်များ

အလားတူ အမေရိကန်တို့ စမ်းသပ်တည်ဆောက်ခဲ့သည့် Grumman Company ၏ X-29 လေယာဉ်နှင့် ခြံငုံ၍ထားသော သဘောတရားများတူညီးသော်လည်း SU-47က နှစ်ဆခန့်ကြီးမား၍ တိုက်လေယာဉ်ပို၍ ပီသသည်။
အမေရိကန်ထုတ် X-29 တိုက်လေယာဉ်

SU-47၏ တည်တောက်မှုတွင် စိတ်ဝင်စားဖွယ် တစ်ခုမှာ အပြီးတည်ဆောက်မှု ကိုယ်ထည်နှသ်ခုမှာ အလျားမတူညီဘဲ ထားရှိခြင်းဖြစ်သည်။လက်ဝဲဘက်ရှိတိုသော ကိုယ်ထည်တွင် နောက်ပိုင်းသို့ လှည့်ထားသည့် ရေဒါတပ်ဆင်ထားပြီး ပို၍ ရှည်သော ကိုယ်ထည်တွင် အရှန်သတ်သည့် လေထီးထည့်သွင်းထားခြင်းဖြစ်သည်။
SU-35 တိုက်လေယာဉ်များ

နည်းဗျူဟာလှုပ်ရှားနိုင်စွမ်းရှိမှု
SU-47 သည့် အသံထက်မြန်သောနှုန်းဖြင့် ပျံသန်းလျက်ရှိစဉ် သွက်လက်လျှင်မြန်စွာဖြင့် လှုပ်ရှားနိုင်ပြီး လျှင်မြန်စွာ ပြောင်းလဲနိုင်သည်။နည်းဗျူဟာမြောက်လှုပ်ရှားနိုင်မှု စွမ်းရည်ကိုလည်း ထိန်းသိမ်းထားနိုင်သည်။ အမြင့်တွင်ပျံသန်းလျက်ရှိသော SU-47 သည် အသံထက် ၂.၃၄ဆမျှ အများဆုံးအလျင်ဖြင့် လှည့်ပတ်နိုင်မှု ပြုလုပ်နိုင်ခြင်း၊လက်နက်ပစ်လွတ်ရာတွင် ထားရှိရမည့် အမြန်နှုန်းများလိုအပ်သလို ထားရှိနိုင်ခြင်းများမာ တိုက်ပွဲတွင် အသာစီးရရေးအတွက် အရေးပါသည့် အချက်များမှတ်ကျောက်များဖြစ်သည်။ SU-47 က အများဆုံးလှည့်ပတ် တိုက်ခိုက်ချိန်များ၌ပင် တည်ငြိမ်မှုနှင့် ထိန်းချုပ်နိုင်မှုများ ထိန်းသိမ်းထားနိုင်မှုက နည်းဗျုဟာလှုပ်ရှားမှု အလွန်အဆင့်မြင့်မားကြောင်းကို ပြသလျက်ရှိသည်။ အနီးကပ်တိုက်လိုက်ခြင်း နှင့် တာလတ်နှင့် တာဝေးတိုက်လိုက်ခြင်းများတွင် ပစ်မှတ်အစဉ်လိုက် အများအပြားကို လေထုအတွင်း မတူညီသည့် အစိတ်အပိုင်းများနှင့် ကြုံတွေ့ ရနိုင်ရာ အများဆုံးလှည့်ပတ် တိုက်ခိုက်နိုင်မှုသည် အရေးပါသော စွမ်းရည်တစ်ရပ်ဖြစ်သည်။လျင်မြန်စွာလည်ပတ်နိုင်မှုနှုန်းမြင့်မားသည့် SU-47 မှ လေယာဉ်မှူးသည် လေယာဉ်ကို လျင်မြန်စွာ နောက်ထပ်ပစ်မှတ်တစ်ခုကို ပစ်ခတ်နိုင်သည်။
SU-35 ဘက်စုံသုံးတိုက်လေယာဉ်

ထူးခြားသည့်တောင်ပံများ
ရှေ့ဘက်သို့ ယိုင်လျက်ရှိသော တောင်ပံများသည် သာမန်မဟုတ်ဘဲ ထူးခြားသည့် အချက်ဖြစ်ပေရာ SU-47 အားအမည်ပြောင်ဖြင့် "တစ္ဆေ" "လော့ဂွ" စသည့်ဖြင့် ခေါ်ဝေါ်ကြသည်။ မတင်အား ပို၍ကောင်းသည့် စီးချင်းတိုက်ရာတွင် လှုပ်ရှားမှုများ စွမ်းရည်မြင့်မားသည့် အသံထက်မြန်သောနှုန်းဖြင့် ပို၍တာဝေးသွားရောကနိုင်သည်။ အနှေးပျံသန်းနိုင်မှုရှိပြီး အဆင်းနှင့် အတက်အတွက်ပို၍ တိုတောင်းသော ပြေးလမ်းအကွာအဝေးဖြင့် လုပ်ဆောင်နိုင်သည်။ တောင်ပံပြားများကို ၉၀ရာခိုင်နှုန်းခန့် ပေါင်းစပ်ပစ္စည်းများဖြင့် တည်ဆောက်ထားရာ စွမ်းအားနှင့် ခံနိုင်ရည်ရှိ၍ တိုးတက်လာသည်။ လေယာဉ်၏ မူလလုပ်ဆောင်မှု အမြန်နှုန်းဖြစ်သော်လည်း အင်ဂျင်နီယာပိုင်းဆိုင်ရာ ပြုပြင်မှုများဖြင့် ထိုကန့်သတ်ချက်ထက် သာလွန်၍ မြန်အောင်ပျံသန်းနိုင်သော်လည်း ထိုအမြန်နှုန်းကို ဖော်ပြခြင်းမရှိပေ။
ရုရှားလေတပ်အနေဖြင့်မှု ယခုအခါတွင် ပို၍ စွမ်းဆောင်ရည်မြင့်မားသော PAK FA ကိုယ်ပျောက်တိုက်လေယာဉ်များဖြင့် အစားထိုး တပ်ဆင်မည်ဖြစ်ရာ SU-47 တိုက်လေယာဉ်များကို ဆက်လက်ထုတ်လုပ်တော့မည် မဟုတ်ပေ လက်ရှအချိန်တင် အစီးရေ ၂စင်းသာ ထုတ်လုပ်ထားသည်ဟု သိရပါသည်။

1 comment: