Thursday, November 24, 2011

ဘင်္ဂလားဒေ့်၏ တာတိုပစ်လေကြောင်းရန် ကာကွယ်ရေးစနစ်

အက်ဖ်-၈၀ နှင့် အမျိုးအစား၈၀ ပင်မတိုက်ပွဲဝင်တင့်ကား

အခုတလော အတော်လေးစိတ်ဝင်စားစရာ အချက်တချို့ ကြားမိပါတယ် ဘယ်လောက်သေချာမယ်ဆိုတာကတော့ မသိရသေးပင်မဲ့ ဓါတ်ပုံတွေနှင့် ထွက်လာတော့ ယုံကြည်ရပါတယ် အဲဒါကတော့ ဘင်္ဂလားဒေ့်လေကြောင်းရန်ကာကွယ်ရေးတပ်မှာ တရုပ်၏ခေတ်မှီ တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ရှိနေခြင်း ပါဘဲ....။
တရုပ်တပ် ဒုံးစနစ် စမ်းသပ်ပစ်ခတ်နေစဉ်



ဘယ်အချိန်ကတည်းက ဝယ်ယူထားပြီး ဘယ်လိုမျိုးဖွဲ့စည်းတပ်ချထားလည်း
ဆိုတာမသိရသေးပင်မဲ့ တွေ့ခဲ့ကြရတဲ့နေရာကတော့ စစ်တကောင်းအတွင်းမှာလို့ သိရပါတယ် ပြောရရင်တော့ မြန်မာနိုင်ငံနှင့် သိပ်မဝေးတဲ့စခန်းတစ်ခုမှာ ဖြစ်နိုင်ပါတယ်..။ ၂၀၀၈-၀၉ မြန်မာ-ဘင်္ဂလားဒေ့် ရေပြင်ပိုင်နက်ဖြစ်စဉ်ကတည်းက တပ်ချထားတာလားဆိုတာမသိရသေးပင်မဲ့ ဒီလိုခေတ်မှီလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို မြန်မာနှင့်မဝေးတဲ့ ဒေသမှာတပ်ချထားခြင်းအားဖြင့်
မြန်မာ့လေတပ်၏ ဝေဟင်စိုးမိုးမှုကို တန်ပြန်တိုက်ခိုက်နိုင်စေရန် ရည်ရွှယ်ပါတယ်
..။၁၉၇၉-၈၀ ဝန်းကျင်ကတည်းက ထုတ်လုပ်မှု စတင်ခဲ့ပင်မဲ့ ကာလအတော်ကြာမှ တရုပ်စစ်တပ်မှာ အသုံးပြုတယ်လို့သိရပါတယ်...။ ဘင်္ဂလားဒေ့်ရဲ့ ဒုံးစနစ်ဟာ ၈၀ လား ၉၀ စနစ်လားဆိုတာအသိအကျမသိရသေးပင်မဲ့ ဘင်္ဂလားဒေ့်၏ အားအထားရဆုံးစနစ်ဖြစ်နိုင်ပါတယ်..။ BUK M1 တာလတ်ပစ် စနစ်တွေကို စိတ်ဝင်စားမှုလည်းရှိခဲ့ကြပါတယ်။ မြေပြင်အခြေဆိုက်ဒုံးစနစ်ရှိလာခဲ့ရင်လည်း ဒါဟာသိပ်တော့ မဆန်းပါဘူး ဘာလို့လည်းဆိုရင် သူတို့ရေတပ် ဖရီးဂိတ်တစ်စင်းပေါ်မှာလည်း အက်ဖ်အမ်-၈၀ ရေတပ်သုံး လေကြောင်းရန်ကာကွယ်ရေးစနစ် ဒုံး၈စင်းပါ စနစ်ကို တပ်ဆင်ထားခဲ့ကြပြီးလို့ ဖြစ်ပါတယ်..။
ဘင်္ဂလားဒေ့်၏ အက်ဖ်အမ်-၉၀ စနစ် (photoshop လားတော့မသိဘူး :D)

ဘင်္ဂလားဒေ့်ရေတပ် ဖရီးဂိတ်ပေါ်တွင် တွေ့ရသည့် အက်ဖ်အမ်-၈၀ စနစ်

မြေပြင်အခြေဆိုက်ယာဉ်ပေါ်မှာကတော့ ဒုံး၎စင်းသာ တပ်ဆင်နိုင်ပါတယ်..။ နောက်ပိုင်းတွေ့ရတဲ့ အချက်အလက်တွေအရ အက်ဖ်အမ်-၉၀ စနစ်ဖြစ်ပါတယ်...။ နောက်ပိုင်းမှာ ဘင်္ဂလားဒေ့်ရဲ့ တပ်မတော်နေ့ စစ်ရေးပြပွဲတွေမှာ ထုတ်ပြနိုင်ပါတယ်...။မြေပြင်တပ် အထောက်အကူပေး လေကြောင်းရန်ကာ စနစ်ဖြစ်တဲ့ စနစ်တွေအပါအဝင် စစ်လက်နက်တွေကို ထုတ်ဖော်ပြသခြင်းဟာ ဘင်္ဂလားဒေ့်ရဲ့ စိတ်ဓါတ်စစ်ဆင်ရေး တစ်ရပ်လည်းဖြစ်ပါတယ်..။ မြန်မာ့တပ်မတော်နေ့တွေမှာလည်း စစ်လက်နက်တွေ၊တင့်ကားကြီးတွေ ၊လေကြောင်းရန်ကာကွယ်ရေး ဒုံးစနစ်တွေ စသည့် ခေတ်မှီလက်နက်ကြီးများကို ထုတ်ပြသင့်ပါတယ်..။

HQ-၇ ၏ အချက်အလက်တချို့

တာဝေးပစ်ခတ်နိုင်မှု........၅၀၀-၈၆၀၀ မီတာ (hq-၇၊အက်ဖ်အမ်-၈၀)၊၇၀၀-၁၅,၀၀၀ မီတာ( အက်ဖ်အမ်-၉၀)
အမြန်နှုန်း..... ၂.၃ဆ (အသံထက်) (၇၅၀မီတာ၊၁စက္ကန့်)
ရေဒါ၏ ခြေရာခံနိုင်စွမ်း....၁၇-၁၈.၄ ကီလိုမီတာ (အက်ဖ်အမ်-၈၀)၊၂၀-၂၅ ကီလိုမီတာ (အပ်ဖ်အေ-၉၀)

အက်ဖ်အမ်-၈၀ လေကြောင်းရန်ကာကွယ်ရေးစနစ်

အက်ဖ်-၉၀ တာတိုပစ်လေကြောင်းရန်ကာကွယ်ရေး ဒုံးပစ်ယာဉ်

အက်ဖ်အမ်-၉၀ ထောက်လှမ်းရေးရေဒါယာဉ်

နောက်ဆက်တွဲ သတင်းတစ်ပုဒ်အရ ဘင်္ဂလားဒေ့်စစ်တပ်ဟာ ကမ်းထိုးစစ်ဆင်ရေး၊ကမ်းတက်စစ်ဆင်ရေး စစ်ရေးလေ့ကျင့်ခန်းကြီးတွေ လုပ်ဆောင်နေကြပါတယ်..။

9 comments:

  1. FM 80 and 90 series are based on earlier French Crotal missles which uses E/F band radar so if we have russian 418K, there shouldn't be any problem. Also, we may need israeli assistance for ECM technology and tactics. Moreover, we need to possess anti radiation misslies. No matter how good the equipment is, the scenerio will depend on pilot. Yesterday at MAF pilot course ceremoney I saw MIG 29s (prb. SEs) and MI 35s so we can say MAF is in much better position than 10 years ago.

    ReplyDelete
  2. I think Zeus and Smiley are tourist-guides.Ha Ha Just Kidding and respecting to you

    ReplyDelete
  3. Bangladesh buy 16 F-7BGI jet fighters from china and will get next year. Those fighters still out match our mig 29s.

    ReplyDelete
  4. FM-၉၀တွေ ဘင်္ဂလားဒေ့်မှာ ရှိနေခြင်းဟာ အဓိကလေကြောင်းထိုးစစ်ကို တန်ပြန်ဖို့ဆိုတာကတော့ အသေအချာပေါ့လေ ဒါပင်မဲ့တိုက်လေယာဉ်တွေကို ပစ်ချနိုင်ပါမလား.. အရင်ကတော့ အမေရိကန်တိုက်လေယာဉ်တွေကို ပစ်ချခဲ့ဘူးတဲ့ သာဓကရှိခဲ့ပါတယ်..။တရုပ်ကလည်း နည်းပညာ အပြည့်အဝပေးမယ်လို့တော့ မထင်ပါဘူး..။အနိမ့်ပျံ၍ မြန်နှုန်းနည်းတဲ့ ရဟတ်ယာဉ်တွေကိုတော့ ပစ်ချနိုင်လိမ့်မယ်ထင်ပါတယ်..။ဒီလိုဆိုရင် ကျွှန်တော်တို့ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို အဆင့်မြင့်နည်းပညာတွေ ထပ်မံတပ်ဆင်ပေးဖို့လိုမယ် ထင်ပါတယ်..။ရုရှားရဲ့ ၄၁၈ကေ စနစ်တွေသာ တိုက်လေယာဉ်တိုင်းမှာတပ်ဆင်ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ...။ ပြီးတော့ လေတပ်ရဲ့ အက်ဖ်-၇တွေကိုလည်း အဆင့်မြင့်တင်မှုကြီးတွေ လုပ်သင့်ပါတယ် ဘင်္ဂလားလေတပ်အနေနှင့်လည်း အက်ဖ်-၇တွေဟာ လေတပ်ရဲ့ အဓိကကျောရိုးဖြစ်နေဆဲမို့ အဆင့်မြင့်တင်မှုလုပ်နေတယ်လို့မြင်ပါတယ်.. ဘင်္ဂလားဒေ့်ရဲ့ အက်ဖ်-၇ ရန်ကုန်နား ပျံသန်းပြခဲ့တယ်ဆိုပင်မဲ့ ဘင်္ဂလားဒေ့် လေတပ်စခန်းအပေါ်မှာ မြန်မာ့လေတပ်က တိုက်လေယာဉ်ပျံသန်းပြခဲ့တာကတော့ သူတို့လည်း ဘာမှမတတ်နိုင်ခဲ့ကြပါဘူး..။မြန်မာ့လေတပ်မှာတော့ အမ်အိုင်ဂျီ-၂၉တွေက အဓိကကျောရိုးဖြစ်လာမယ်ထင်ပါတယ်... လေတပ် အက်ဖ်-၇တွေကို အက်ဖ်-၁၆ကဲ့သို့ ဒီဂျစ်တယ်စနစ်တွေ တပ်ဆင်နိုင်တယ်လို့ ရိုးမေးနီးယားလေတပ်က ဆိုပါတယ် သူတို့အနေနှင့်လည်း Lancer ဆိုပြီးတော့ အဆင့်မြင့်တင်မှုလုပ်ခဲ့ဘူးပါတယ်..။လေတပ် အက်ဖ်-၇တွေကို အဆင့်မြင့်တင်မှုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ Elbit-Aerostar နှင့်လုပ်ခဲ့ကြပါတယ်..။တိုက်လေယာဉ်တွေ အဆင့်မြင့်တင်ဖို့ လိုအပ်နေပါပြီခင်ဗျာ..။

    ReplyDelete
  5. I agree with Ko MM on upgrading F-7 with Elbit or Lancer or BIS packages. Although they can't be air superiority fighters they can provide air and ground support. Also, upgrade will enhance their lifespan. Accoring Wiki. we still have 25 F-7s flying. Can anyone confirm that Tatmadaw Lay has upgraded F-7 with Elbit? What I heard was they didn't because F-7 electronics could shut down if they run into possible confrontation with US.
    It is really a time to upgrade the F-7 or replace them with MIG 35s or SU 30s if possible. If they are not upgraded I believe they are still using the old PL-2 and PL-5 AAMs. If China is really our friend they should give us PL-9.
    It is also noted that A-5 will be replaced by Xian JH-7, which I believe it is copied from Tornado fighter. We should also get Yak-130s. They can be quite useful in COIN or for close air support. A-5 airframes are so frail that they should retire soon.

    ReplyDelete
  6. မင်းတို့  တိုင်းပြည်က ဆင်းရဲသားတွေထမင်းလုပ် ပုတ်ထုတ်ပီး မတရားခိုးထားတဲ့ငွေတွေနဲ့  တည်ဆောက်ထားတဲ့ စစ်တပ်က ဒီအိမ်နီးချင်း စောက်ကုလားတပ်ကို မယှဉ်နိုင်ရင်တော့/ တိုင်းပြည်အမွဲခံပြီးပေးဆပ်ထားရတဲ့ အရှေ့ တောင်အာရှမှာ အင်ဒိုနီးရှားပီးရင် အကြီးမားဆုံး စစ်တပ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဖြုတ်လိုက်တော့..

    ReplyDelete
  7. ဖိုးတရုတ်ဆိုက်မှာဖတ်ရတဲ့ မြန်မာစစ်တပ်သုံးလက်နက်တွေကတော့ အကောင်းတစ်ခုမှရေးမထားတာတွေ့ရပါတယ် စိတ်မချမ်းသာစရာပဲ..။

    ReplyDelete
  8. လေတပ်ရဲ့ F-7 တွေကို အကုန်လုံး Su-35 နဲ့အစားထိုးသင့်ပါတယ်။

    ReplyDelete
  9. ဘာပဲပြောပြော စောက်ကုလားတွေ ကြောက်သွားအောင် Su 30 အစီး ၃၀ လောက်ဝယ်ထားလိုက်ရင် ကုလားတွေ အသေလန့်သွားမှာ သေချာတယ်။ တို့နိုင်ငံလည်း စီးပွားရေးကောင်းလာတော့ မှာမို့ ၀ယ်နိုင်တော့မှာပါ။ နောက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ရေငုပ်သဘောင်္တွေ ရှိသင့်ပါတယ်။ ကို mm အနေနဲ့ သိရင် ကျွန်တော်တို့နိုင်ငံ ရေငုပ် ၀ယ်ဖို့ အစီအစဉ်ရှိမရှိ တင်ပေး ပါအုံး၊ ကျေးဇူးပါ၊

    ReplyDelete